← Chapters

ကမ္ဘာဦးအစ ဖရိုဖရဲ ချီစွမ်းအင်

Vol. 116 Ch. 1518

ကမ္ဘာဦးအစ ဖရိုဖရဲ ချီစွမ်းအင်

Vol. 116 Ch. 1518

တတိယမြောက် ဖရိုဖရဲမြစ်သို့ ရောက်လာသည့်အခါ ချင်မူမှာ သူ၏လောကသစ်ပင် ပိုမို၍ ကြီးထွားလာပြန်သည်ကို ခံစားလိုက်ရသည်။ ဤလောကသစ်ပင်ကား မဟာပျက်စီးခြင်းကပ်ဘေးမှ ဖရိုဖရဲချီတို့အား စုပ်ယူကာ ၎င်းကိုယ်၎င်း အားဖြည့်နိုင်ပေသည်။ အလွန်တရာ ထူးဆန်းချေ၏။

ချင်မူအနေဖြင့် ကျောက်စိမ်းမြို့တော်အဆင့်သို့ မဝင်ရောက်ခဲ့သေးသော်လည်း သူ၏မှော်စွမ်းအင် သိပ်သည်အားကောင်းလာကြောင်း ခံစားလိုက်ရသေးသည်။ တိုးတက်လာနှုန်းက သိပ်မမြန်သော်လည်း သိုင်းအခြေခံသည်ပင် အမှန်တကယ် မြင့်တက်နေခြင်း ဖြစ်သည်။

‘ကျောက်စိမ်းမြို့တော်အဆင့်.... ကျောက်စိမ်းမြို့တော်အဆင့်... အဲဒါက မရှိမဖြစ် အရေးပါတဲ့ အဆင့်တစ်ဆင့် ဟုတ်ပါ့မလား’

သူ့မှာ အတွေးစျာန်ယဉ်ကြောထဲ နစ်မျောသွားတော့သည်။

ချင်မူသည် အကျဉ်းထောင်ကိုးထပ်စင်မြင့်အဆင့်ကို ရောက်လာပြီးနောက် ရှေ့ဆက်လှမ်းလိုလျှင် ကျောက်စိမ်းမြို့တော်သို့ ဝင်ရောက်ရပေလိမ့်မည်။ ကျောက်စိမ်းမြို့တော်သို့ ဝင်မှသာ နတ်ကောင်းကင်ခန်းမကို ဖော်ဆောင်၍ ဧကရာဇ်ပလ္လင်အား တည်ဆောက်ကာ ကောင်းကင်နတ်ဘုံအဆင့်သို့ တက်လှမ်းနိုင်မည်။

သူ၏ကျင့်စဉ်စနစ်က သမားရိုးကျ ကျင့်စဉ်စနစ်နှင့် မတူကွဲပြားသည့်အလျောက် သူ၏သိုင်းအဆင့်တွင် ကောင်းကင်မုခ်ဝလေးခုအဆင့်၊ ကောင်းကင်ပင်လယ်အဆင့်နှင့် အကျဉ်းထောင်ကိုးထပ်စင်မြင့်အဆင့် ဟူ၍ အဆင့်သုံးဆင့် ပိုနေသည်။

သမားရိုးကျ ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်အရ တွက်ကြည့်လျှင် သူကား နတ်ကောင်းကင်ခန်းမအဆင့်နှင့် ဧကရာဇ်ပလ္လင်အဆင့်အကြား၌ ခန့်မှန်းခြေ ရှိသည်။

သို့ရာတွင် ကျောက်စိမ်းမြို့တော်နှင့်ပတ်သက်၍ သဲသဲကွဲကွဲ မသိရသေးသောကြောင့် မကျင့်ကြံသေးရန် ဆုံးဖြတ်ထားခဲ့ရာ ချင်မူ့အတွက် သိုင်းအဆင့် မြှင့်တင်ရန် အခက်တွေ့လာသည်။ ယခုမူ လောကသစ်ပင်ကြောင့် သူ၏မှော်စွမ်းအင်များ တိုးပွားလာပြီး သိုင်းအခြေခံလည်း မြင့်တက်တော့မည့် အရိပ်အယောင် ပြသနေ၏။ ထို့ကြောင့် ကျောက်စိမ်းမြို့တော်အဆင့်၊ နတ်ကောင်းကင်ခန်းမအဆင့်နှင့် ဧကရာဇ်ပလ္လင်အဆင့်အပြင် ... အခြားသော အဆင့်များ ရှိလောက်သေးသည်။

‘မဟုတ်မှ...ထိုက်တာအိုတွေနဲ့ ပတ်သက်နေမလား’

သူက သိုင်းအခြေခံ မြင့်တက်လာနေသည့် အကြောင်းရင်းအတွက် အဖြေရှာနေသည်။ ‘ငါသာ ထိုက်တာအိုငါးပါးအဆင့်ကို တည်ထောင်နိုင်လိုက်ရင် အင်မတန် ကြီးမြတ်တဲ့ ကောင်းမှုကြီး ဖြစ်သွားတော့မှာပဲ’

ချင်မူသည် ထိုက်တာအိုငါးပါးအား အဆင့်တစ်ဆင့်အဖြစ် တည်ထောင်ချင်သော်လည်း သူ တစ်လျှောက်လုံး ကျင့်ကြံထားခဲ့သော ထိုက်တာအိုငါးပါးသည် မြင်သည့်အရာကို ရှုမှတ်၍ ဆက်လက်ဆင်ခြင်သုံးသပ်ခြင်းဖြင့် ဆန်းကြယ်နက်နဲသည့် သဘောတရားများအား နားလည်လာပြီး ကောင်းကင်နတ်သိုင်းများ ဖော်ဆောင်နိုင်ရုံသာ ဖြစ်ခဲ့၏။

ကောင်းကင်နတ်သိုင်းများ ဖန်တီးနိုင်ပြီး မဟာတာအိုအပေါ် နားလည်ရုံလောက်နှင့် အဆင့်တစ်ဆင့်ဟု မခေါ်နိုင်သေးပေ။ ကျင့်စဉ်တစ်မျိုးအနေသာ ရှိသေးသည်။

သိုင်းအဆင့်တစ်ဆင့် ဖြစ်တည်လာရန် ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာကို ဖွင့်လှစ်သကဲ့သို့ သို့မဟုတ် ကောင်းကင်နတ်ဘုံကို ဖွင့်လှစ်ပေးသကဲ့သို့ လုပ်ဆောင်ရန် လိုအပ်၏။

ယင်းအတွက် စံသတ်မှတ်ချက်များ ပြဌာန်းရမည်။

နဂါးဟန်ခေတ်အစောပိုင်းက ကောင်းကင်ရတနာခုနစ်ပါးကို ဖွင့်လှစ်၍ အခြေခံသိုင်းအဆင့် ခုနစ်ဆင့် တည်ထောင်ခဲ့သော ကောင်းကင်နတ်အရှင်ခုနစ်ပါးစလုံးသည် ထိုသိုင်းအဆင့်တစ်ဆင့်စီအတွက် စံသတ်မှတ်ချက်များ ပြဌာန်းခဲ့၏။ ထို့ကြောင့်ပင် သူတို့အား ကောင်းကင်နတ်အရှင်များဟု ချီးကျူးခေါ်ဆိုကြခြင်း ဖြစ်သည်။

ကောင်းကင်နတ်အရှင်ယွီက ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာအတွက် စံသတ်မှတ်ချက်များ ထုတ်ပြန်သည်။ ကောင်းကင်နတ်အရှင်ဟောင်က ဓာတ်ကြီးငါးပါးကောင်းကင်ရတနာအတွက်လည်း ထုတ်ပြန်ခဲ့သည် ... အစရှိသဖြင့် ကျန်ကောင်းကင်နတ်အရှင်များလည်း အလားတူပင်။

ကောင်းကင်နန်းဆောင်စနစ်တွင်လည်း အဆင့်တစ်ဆင့်စီအတွက် စံသတ်မှတ်ချက်များ ရှိသဖြင့် လက်ဆင့်ကမ်းဖြန့်ဝေပေးရန် လွယ်ကူသည်။

ချင်မူသည်လည်း ယင်းကဲ့သို့ အဆင့်တစ်ဆင့် တည်ထောင်နိုင်ရန် မျှော်လင့်လျက် သူ၏ ကောင်းကင်ရတနာထဲ၌ ကျောက်တုံးတွင်းငါးတွင်း ဖွင့်လှစ်ထားခဲ့၏။

‘လောကသစ်ပင်က ဖရိုဖရဲမြစ်ထဲ ဖရိုဖရဲချီတွေကို စားသုံးပြီး ကျောက်တုံးတွင်းငါးတွင်းကနေ ဆင့်ကဲပြောင်းလဲလာခဲ့တာပဲ’

ချင်မူက လောကသစ်ပင် ဖရိုဖရဲချီများအား စားသုံးနေသည်ကို အသေအချာ အကဲခတ်လိုက်သည်။ စားသုံးခံလိုက်ရသည့် ဖရိုဖရဲချီသည် ထိုက်ယီတာအိုကို ကိုယ်စားပြု‌သော ဖရိုဖရဲကျောက်တုံးတွင်းမှ ဦးစွာ စီးဆင်းလာပြီးနောက် ... ဖရိုဖရဲအခြေအနေမှ ကမ္ဘာဦးအစမူလအခြေအနေသို့ ပြောင်းလဲသွားကာ အံ့အားသင့်ဖွယ်ရာ ကမ္ဘာဦးအစ မူလစွမ်းအင် ဖြစ်လာသည်။

ထို့နောက် ယင်းကမ္ဘာဦးအစ မူလစွမ်းအင်က ဖရိုဖရဲကျောက်တုံးတွင်းမှ ထွက်ကာ ထိုက်ချူကျောက်တုံးတွင်းဆီ စီးဆင်းသွားပြီးနောက် ထိုက်ချူအခြေအနေသို့ ပြောင်း၍ ထိုက်ချူမွေးရာပါမူလချီစွမ်းအင် ဖြစ်လာသည်။

ထိုက်ချူမွေးရာပါမူလချီစွမ်းအင်သည် ထိုက်ရှီကျောက်တုံးတွင်းကို ဆက်လက်ဖြတ်သန်းရင်း ထိုက်ချူအခြေအနေမှ ထိုက်ရှီအခြေအနေသို့ ပြောင်းလဲသွားပြီး ထိုက်ရှီချီစွမ်းအင် ဖြစ်လာသည်။ ထိုက်ရှီက ဤအခွင့်အရေးကို အမိအရဖမ်းဆုပ်ကာ အကျိုးအမြတ်များ ရသွားသည်။ သူ ပို၍ပင် အစွမ်းထက်လာကြောင်း ချင်မူ ခံစားလိုက်ရလေသည်။

ဤသို့ဖြင့် ထိုက်ရှီချီစွမ်းအင်က ထိုက်ကျိကျောက်တုံးတွင်းထဲ ဝင်ရောက်၍ ထိုက်ကျိချီစွမ်းအင်အဖြစ် ပြောင်းလဲသွား၏။

ချင်မူက အာရုံအပြည့်အဝ စူးစိုက်ထားရာမှ တစ်စုံတစ်ခုကို သတိရသွားပြီး ဝေစွေ့ဖုန်း ပေးခဲ့သော ကောင်းကင်မြေပြင်ကြေးမုံနှစ်ချပ် ထုတ်လိုက်သည်။ ဤကြေးမုံနှစ်ချပ်အတွင်း၌ ဝေစွေ့ဖုန်း မီလော့နန်းတော်မှ ကူးယူလာခဲ့သော တာအိုသင်္ကေတအမှတ်အသား ကိန်းဝပ်နေသည်မဟုတ်လော။

ကျောက်စိမ်းမြို့တော်သို့ လာခဲ့ရာလမ်းတွင် ချင်မူသည် ၎င်းတို့ကို အသေးစိတ် လေ့လာခဲ့သော်လည်း များများစားစား အကျိုးမထူးခဲ့ပေ။

ယခုတွင် ထိုက်ငါးပါးအဆင့်ကို ကြံစည်နေစဉ် ထူးဆန်းသော ချီစွမ်းအင်ငါးမျိုးက ဤကြေးမုံနှစ်ချပ်ထဲရှိ တာအိုသင်္ကေတအမှတ်အသားများတွင် ကိန်းအောင်းနေသည့် ချီစွမ်းအင်နှင့် အတော်လေး ဆင်သလို ခံစားမိလိုက်၏။

သူက မီလော့နန်းတော်၏ တာအိုသင်္ကေတအမှတ်အသားများနှင့် ဂရုတစိုက် ယှဉ်ကြည့်လိုက်သည်။ တာအိုသင်္ကေတအမှတ်အသားတို့တွင် ပါဝင်သော သဘောတရားတို့က အင်မတန်မှ နက်နဲလွန်းလှသည်။ သို့သော် ထိုက်ငါးပါး၏ ကမ္ဘာဦးအစ ဖရိုဖရဲချီစွမ်းအင်အား နမူနာအဖြစ် သဘောထား၍ စဉ်းစားကြည့်သည့်အခါ သဘောတားတချို့အား တစတစ နားလည်လာ၏။

သူက သူ၏ကိုယ်ပိုင်ချီစွမ်းအင်သုံးကာ တာအိုသင်္ကေတအမှတ်အသားများအနက် အနိမ့်ဆုံးအလွှာရှိ အမှတ်အသားတို့အား ဖွဲ့တည်ကြည့်သည်။ သို့သော် မအောင်မြင်ပေ။

‘ဒီတာအိုသင်္ကေတအမှတ်အသားတွေမှာ ပါတဲ့ ချီစွမ်းအင်က ကမ္ဘာဦးအစ ဖရိုဖရဲချီစွမ်းအင်တွေနဲ့ ဆင်သလိုပဲ...’

ချင်မူ ရုတ်တရက် မှင်သက်သွားသည်။ ကမ္ဘာဦးအစ ဖရိုဖရဲချီက ထိုက်ယီ၏ ကျောက်တုံးတွင်းနှင့် သက်ဆိုင်သည် မဟုတ်ပါလော။

သို့ဆိုလျှင် မီလော့နန်းတော်အရှင်သခင်၏ ချီစွမ်းအင်က ကမ္ဘာဦးအစ ဖရိုဖရဲချီစွမ်းအင်ပင် ဖြစ်သည်။ ဆိုလိုသည်က.... သူသည် ထိုက်ယီ ဖြစ်နိုင်၏။ ပထမဦးဆုံး စကြဝဠာခေတ်၏ ထိုက်ယီ ဖြစ်နိုင်၏။

‘ငါတော့ လျှောက်တွေးနေမိပြီ ထင်တယ်’

ချင်မူမှာ ခေါင်းယမ်းလိုက်သည်။ ကမ္ဘာဦးအစ ဖရိုဖရဲချီက ထိုက်ယီကျောက်တုံးတွင်းမှ ချီတစ်မျိုး ဖြစ်သည်။ သို့သော် အခြားသူများလည်း ကျင့်ကြံနိုင်ကောင်း ကျင့်ကြံနိုင်လောက်မည် ... ထိုက်ယီနှင့် မဆိုင်လောက်ပေ။

“ထိုက်တာအိုငါးပါးကို အဆင့်အဖြစ် ဖန်တီးနိုင်ရင် အဲဒီအတွက် ကျင့်စဉ်နည်းလမ်းက ... ချီစွမ်းအင်အသွင်ငါးပါးကျင့်စဉ် ဖြစ်လာမယ်”

သူက တွေးမိသည့်အတိုင်း လုပ်ကြည့်သည်။ ချက်ချင်းလက်ငင်းပင် သူ၏ ချီစွမ်းအင်ကို ထိုက်ကျိချီစွမ်းအင်အဖြစ် ပြောင်းလဲကြည့်၏။

“ထိုက်ငါးပါးက... ချီစွမ်းအင်အဆင့်ငါးဆင့်ပဲ... ကျောက်စိမ်းမြို့တော်အဆင့်က သိပ်စိတ်မချရမှတော့ ငါ့ချီစွမ်းအင်ကို ထိုက်ကျိချီစွမ်းအင်အဖြစ် ပြောင်းလဲပြီးမှ ထိုက်ကျိချီစွမ်းအင်ကို ထိုက်စုချီစွမ်းအင်အဖြစ် ပြောင်းလဲရမယ်.... တစ်ဆင့်ပြီးမှ တစ်ဆင့် ဆင့်ကဲပြောင်းကြည့်ပြီးရင်... အဲဒါကို ကမ္ဘာဦးအစ ဖရိုဖရဲချီစွမ်းအင် ဖြစ်လာစေလိုက်မယ်... ငါ ဒီအဆင့်ငါးဆင့်ကို အောင်မြင်သွားရင်တော့ တာအိုရဖို့ အင်မတန် လွယ်ကူသွားပြီ”

ချင်မူမှာ စိတ်အားတရှိန်းရှိန်း တက်ကြွနေသည့်အလျောက် သူ၏ချီစွမ်းအင်ကို ထိုက်ကျိကျောက်တုံးတွင်းသို့ ပြန်စီးဆင်းသွားစေသည်။ ထို့နောက် ထိုက်ကျိကျောက်တုံးတွင်းကို လောကသခင်ခန္ဓာအမြုတေသုံးသွယ်ကျင့်စဉ်၏ ချီစွမ်းအင်လှည့်ပတ်စနစ်ထဲ ထည့်သွင်းကြည့်၏။

နတ်အရှင်မချန်းမှာတော့ နောက်မှလိုက်လာနေသည့် ကောင်းကင်နတ်အရှင်ကိုးပါးအား လှေငယ်လေး၏ အမြီးပိုင်းတွင် တစ်ကိုယ်တည်း ခုခံနေရသည်။ ချင်မူနှင့်ယှဉ်လျှင် သူမမှာ အလွန်အလုပ်များနေချေသည်။ ကောင်းကင်နတ်အရှင်ကိုးပါး၏ တိုက်ခိုက်မှုတို့အား အမြဲသတိထားနေသည့်အပြင် မြစ်ထဲမှ ထွက်လာသည့် ထူးထူးဆန်းဆန်းအရာများကိုလည်း ရှင်းထုတ်နေရသေးသည်။

ကံကောင်းထောက်မစွာဖြင့် နတ်ဘုရားစီရင်ရာ ဓားမ၏ စွမ်းအားက ဆန်းပြားနက်နဲသောကြောင့် မြစ်ထဲမှ ထူးထူးဆန်းဆန်းအရာတို့ကို တားဆီးပေးနိုင်သည်။

သို့သော် သူမ၏ကျင့်စဉ်စွမ်းအင် စားသုံးခံရမှုမှာလည်း အလွန်ကြီးမားပေသည်။ ဤအတိုင်း ဆက်သွားနေလျှင် မြစ်တစ်ဖက်ကမ်းသို့ ရောက်သည်အထိ တောင့်မခံနိုင်လောက်ပေ။

‘ကောင်းကင်နတ်အရှင်မူက ငါ့နတ်ဘုရားစီရင်ရာစင်မြင့်ကို လုသွားတယ်... အဲဒါမပါရင် နတ်ဘုရားစီရင်ရာဓားမတွေရဲ့ စွမ်းအားကို အမြင့်ဆုံးအထိ မထုတ်လွှတ်နိုင်ဘူး’

နတ်အရှင်မချန်း၏ မျက်ဝန်းများက လှေဖျား၌ မျက်လုံးပိတ်လျက် ထိုင်နေသော ချင်မူ့အပေါ် ရောက်သွားပြီး တဖျတ်ဖျတ် လက်သွားသည်။ သူ ကျင့်ကြံနေသည်လား၊ တစ်ခုခု လုပ်နေသည်လား သူမ မပြောတတ်သော်လည်း သူ့လက်ထဲတွင် မှန်နှစ်ချပ် ကိုင်ထားကြောင်း မြင်လိုက်ရသည်။ တစ်ချပ်ပေါ်တွင် သူ၏ ဘယ်ပါးပြင် ထင်ဟပ်နေပြီး အခြားတစ်ချပ်ပေါ်တွင်တော့ ညာပါးပြင် ထင်ဟပ်နေလေသည်။

‘ဒီကောင်ကတော့ မိန်းမသာ မဟုတ်တယ်... ငါ့ထက် ပိုအလှကြိုက်တာပဲဟ’

‘ဒါပေမဲ့ မြစ်ကို ဖြတ်ဖို့ ထိုက်ယီရဲ့ တောင်ဝှေး လိုသေးတော့ သူ့ကို သတ်ပစ်လို့ မရသေးဘူး... အရင်ဆုံး သူ့အပေါ် သဘောကောင်းချင်ယောင် ဆောင်ပြီး မြစ်ကို ဖြတ်ရမယ်... မီလော့နန်းတော်ကို ရောက်ရင်ကတော့ ဒီကောင့်ကို အပိုင်းပိုင်း ခုတ်ထစ်ပြီး သတ်ပစ်မယ်... ‌တောင်ဝှေးကိုလည်း လုမယ်... နတ်ဘုရားစီရင်ရာဓားမကိုလည်း ပြန်ယူမယ်’

သူမ ဤသို့ တွေးနေစဉ်မှာပဲ ဘန်းခနဲ မြည်ဟီးသံကြီး ကြားလိုက်ရဿည်။ ချင်မူကား သူမအရှေ့တွင် ပူဖောင်းတစ်လုံးပမာ ပေါက်ကွဲသွားပြီး အသားအစတို့က ကြောက်မက်ဖွယ်ရာ စွမ်းအင်ပမာ အရပ်လေးမျက်နှာသို့ ပျံ့ထွက်သွားသည်။

နတ်အရှင်မချန်းမှာ ရုတ်တရက်ဖြစ်၍ ကြောင်အသွားလေသည်။ ပေါက်ကွဲမှုကြောင့် သူမ၏မျက်နှာတစ်ခုလုံးတွင်လည်း သွေးတို့ ရွှဲနေ၏။ သူမမှာ တခဏကြာသည်အထိ မှင်သက်နေပြီးနောက်မှ သတိဝင်သွားပြီး သွေးတို့ကို အလျင်အမြန် သုတ်လိုက်သည်။

ဤအခိုက်အတန့်တွင် အချိန်ကား နောက်ပြန်စီးဆင်းသွားသယောင်ပင်။ ပျံ့ကားထွက်သွားသည့် စွမ်းအင်တို့က မြန်ဆန်စွာ ကျုံ့ဝင်သွားပြီး လှေငယ်၏ ဦးဖျား၌ ပြန်စုသွား၏။ လွင့်စင်ထွက်သွားသော အသားအစများလည်း ပြန်လည်စီးဆင်းလာ၏။ ချင်မူသည် မည်သို့မျှ မဖြစ်သွားသည့်အလား၊ စောစောက ပေါက်ကွဲမှုမှာ နတ်အရှင်ချန်း ထင်ယောင်ထင်မှား မြင်သည့်အလား ... အကောင်းအတိုင်း ငုတ်တုတ်ကြီး ထိုင်လျက်ပင်။

မှန်နှစ်ချပ်က သူ့မျက်နှာ၏ တစ်ဖက်တစ်ချက်စီတွင် ပျံဝဲနေဆဲ ဖြစ်ကာ ချင်မူကလည်း မျက်လုံးပိတ်၍ အာရုံစိုက်လျက်ပင်။

နတ်အရှင်မချန်းမှာ ခေါင်းယမ်းလိုက်ပြီး စကားပြောတော့မည့်အချိန် ချင်မူ၏ ရုပ်ခန္ဓာက ရုတ်တရက် ပြင်းပြင်းထန်ထန် ဒွန့်ဒွန့်လူး၍ လိမ်ဖယ်သွားသည်။ သူမ၏အကြည့်အောက်မှာပင် ချင်မူ၏ လည်ပင်းမှ ခေါင်းများ ထွက်လာပြီး မကြာမီ ‌ခေါင်းတစ်ထောင် မိစ္ဆာကောင်ကြီးပမာ ဖြစ်လာ၏။ ထို့နောက် မိစ္ဆာကောင်ကြီးကား ပြန့်ကားပြီး ပေါက်ကွဲကာ ထူးဆန်းစွာ သေဆုံးသွားသည်။

နတ်အရှင်ချန်း မျက်လုံးအပြူးသားဖြင့် ကြည့်နေစဉ်မှာပင် မပြောင်းလဲသော ဒြပ်ထုကောင်းကင်နတ်သိုင်းက ပြန်လည်အသက်ဝင်လာ၏။ ချင်မူက မူလအနေအထားသို့ ပြန်ရောက်သွားသည်။

ဘန်း

ချင်မူသည် ထိုက်ကျိစက်ဝန်းသဏ္ဍာန် အသားလုံးကြီး ဖြစ်သွားပြီး ယင်ချီနှင့် ယန်ချီတို့က သူ့ကို ဝန်းရံလျက် အသားလုံးကြီးအား အပိုင်းပိုင်းအစစ ကြိတ်ခြေနေ၏။

ဘုန်း

ချင်မူကား လှေငယ်၏ ဦးဖျားတွင် ရစ်ခွေနေသော နဂါးတစ်ကောင် ဖြစ်လာပြီး နတ်အရှင်မချန်းဘက်သို့ လှည့်ကာ သွားဖြဲ၍ မာန်ဖီသည်။

အုန်း

သူသည် ကျောက်တောင်တစ်လုံး ဖြစ်သွားပြန်၏။

နတ်အရှင်မချန်းမှာ သူ့စိတ်သူ ပြန်ထိန်းလိုက်ပြီး ဤခွေးသူတောင်းစားလေးအား ကြည့်မနေ‌တော့ရန် ဆုံးဖြတ်လိုက်သည်။

တစ်လကျော် ကြာသည့်အခါ နတ်အရှင်မချန်းသည် မြစ်ကမ်းစပ်ကို လှမ်းမြင်လိုက်ရ၍ သက်ပြင်းချနိုင်သွား၏။ ဤအတောအတွင်း ချင်မူမှာ မရေမတွက်နိုင်အောင် သေခဲ့ပြီးချေပြီ။ ပြီးခဲ့သည့် ရက်အနည်းငယ်က ချင်မူက မသေတော့ဘဲ ခန္ဓာကိုယ် တည်ငြိမ်သွားသဖြင့် နတ်အရှင်မချန်းမှာ အသားမကျ ဖြစ်နေ၏။

“အရှေ့က မီလော့နန်းတော်အရှင်သခင် နေတဲ့ နေရာ ထင်တယ် ဟုတ်တယ်မလား” နတ်အရှင်မချန်းက မောဟိုက်ပင်ပန်းစွာ အသက်ရှူရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “

“မီလော့နန်းတော်အရှင်သခင်က ဆယ့်ခြောက်စင်းမြောက် ဖရိုဖရဲမြစ်ကမ်းမှာ နေတာ ... ဒီမှာ မဟုတ်ဘူး”

တာအိုသစ်သီးထဲက အမျိုးသမီးက ပြောသည်။ “မဟာဧကရာဇ်၊ သူ့ကို တွေ့ချင်ရင် မြစ် ၁၃ စင်း ဖြတ်ရဦးမယ်”

နတ်အရှင်မချန်းမှာ ရှိသမျှ အားအင်များ စုပ်ယူခံလိုက်ရသကဲ့သို့ စိတ်ဓာတ်တွင်တွင် ကျသွားတော့သည်။ သူမတွင် မှော်စွမ်းအင်များစွာ မကျန်တော့ပေ။ အားပြန်ဖြည့်ရန် အနားယူဖို့ လိုသည်။ မဟုတ်လျှင် လာမည့် ဖရိုဖရဲမြစ်အား ဖြတ်နိုင်မည်မဟုတ်။

သို့သော် ကောင်းကင်နတ်အရှင်ကိုးပါးက သူမတို့၏အနောက်မှ ဖြေးဖြေးမှန်မှန် လိုက်လာနေသောကြောင့် နားရန် အချိန်မရပေ။

‘ကောင်းကင်နတ်အရှင်မူက နေ့တိုင်း လှေထပ်ဖျားမှာ ထိုင်ပြီး ဘာမှလည်း မလုပ်ဘူး... သေကြောင်းပဲ ကြံစည်နေတယ်’

‘သူ အားစိုက်မထုတ်ရင်တော့ ... ငါ သူ့အသိစိတ်အလျဉ်နဲ့ သူ့ကို သတ်ပြီး ထိန်းချုပ်မှ ဖြစ်မယ်’

ရုတ်တရက် ချင်မူ၏ ခန္ဓာကိုယ်တွင် ပုံမှန်မဟုတ်သော အပြောင်းအလဲအား တွေ့လိုက်ရ၍ သူမ အံ့အားသင့်သွားသည်။

ဤအပြောင်းအလဲသည် အလွန်ထူးဆန်း၏။ ချင်မူ့ကို ကြည့်နေစဉ် ... သူက ကြယ်တာရာကောင်းကင်ပမာ ကျယ်ပြန့်နေသလို ခံစားလာရသည်။ သူ၏ခန္ဓာကိုယ်ထဲတွင် ယင်ယန်သည် တစ်သောင်းသော တာအိုလမ်းစဉ်တို့အဖြစ် ဆင့်ကဲပြောင်းလဲ၍ သက်ရှိသတ္တါတို့အား မွေးဖွားပေးနေသယောင်ပင်။

ဤအပြောင်းအလဲသည် အခြေခံအပြောင်းအလဲဟု ထင်ရ၏။ အပြောင်းအလဲ၏ အရင်းအမြစ်က ချင်မူ၏ ချီစွမ်းအင်ဟု သူမ အာရုံရလိုက်သည်။

“ဒီခွေးသူတောင်းစားလေး ဘာလုပ်နေတာပြန်တုန်း” နတ်အရှင်မချန်းမှာ ဇဝေဇဝါ ဖြစ်လာသည်။

မတူညီသော ချီစွမ်းအင်တို့တွင် မတူညီသော ဓာတ်သတ္တိတို့ ကိန်းအောင်း၏။ ကောင်းကင်နတ်သိုင်းပညာရှင်အဆင့်တွင် ဝိညာဉ်ခန္ဓာက ချီစွမ်းအင်ကို အဆုံးအဖြတ်ပေးသည်။ ဝိညာဉ်ခန္ဓာ မတူလျှင် ချီစွမ်းအင် ဓာတ်သတ္တိလည်း မတူပေ။

နတ်ဘုရားအဆင့်အထိ ကျင့်ကြံပြီး၍ အခြားသော လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများအား ကျင့်ကြံထားလျှင်ပင်... အခရာကျသည့် ချီစွမ်းအင်က ဝိညာဉ်ခန္ဓာ၏ ဓာတ်သတ္တိသာ ဖြစ်နေသေးသည်။

သို့သော် ယခုတွင် ချင်မူ့ ဝိညာဉ်ခန္ဓာ၏ ဓာတ်သတ္တိ ပြောင်းလဲသွားပြီး သူမ တစ်ခါမှ မမြင်ဖူးသော ဝိညာဉ်ခန္ဓာတစ်မျိုး ဖြစ်လာကြောင်း ခံစားလာရသည်။

‘ဒီအရှိန်အဝါက ထိုက်ကျိဝိညာဉ်ခန္ဓာလိုပဲ... ဒီခွေးကောင်လေးက ထိုက်ကျိနတ်ဘုရားနှစ်ပါးရဲ့ တရားမဝင်သားများဖြစ်နေမလား’

နတ်အရှင်မချန်းက မျက်တောင်ပုတ်ခတ်လိုက်ရင်း သူမဘာသာ တွေးလိုက်သည်။ ‘ဒါပေမဲ့ သူတို့နှစ်ယောက်က မွေးလာတာမှ မကြာသေးတာ... ပြီးတော့ မောင်နှမတွေ....’

ချင်မူက မျက်လုံးဖွင့်၍ ညစ်ထေးသော လေငွေ့အား ရှုထုတ်လိုက်သည်။ သူ့မှာ အလွန်တရာ ဝမ်းသာနေလေသည်။ ဤလအတွင်း ထိုက်ငါးပါးအဆင့်၏ လမ်းစကို ရှာတွေ့ခဲ့လေပြီ။

သူ၏ချီစွမ်းအင်ကို ထိုက်ကျိချီစွမ်းအင်ကို ပြောင်းလဲနိုင်မည့် နည်းလမ်းကို ဦးစွာ ရှာတွေ့ထား၏။

‘ငါ ကျောက်စိမ်းမြို့တော်အဆင့်ကို ကျင့်ကြံကြံ၊ မကျင့်ကြံကြံ ... ဘယ်သူမဆိုထက် အားနည်းနေမှာ မဟုတ်ဘူး ... တကယ်တမ်း သူ့ထက်တောင် ပိုသန်မာသေးတယ်’

ဤအခိုက်အတန့်တွင် သူ့အကြည့်သည် ကောင်းကင်နတ်အရှင်ရှောင်၏ ခန္ဓာကိုယ်အပေါ် ကျရောက်သွားပြီး သူ၏အရှိန်အဝါမှာ ချက်ချင်း အားနည်းသွား၏။ ‘ဟုတ်တယ်... ကောင်းကင်နတ်အရှင်ရှောင်လို ဖြစ်တည်မှုမျိုးနဲ့တော့ မယှဉ်နိုင်သေးဘူး’

‘

All Chapters