← Chapters

အတိတ်တုန်းက သဘောတူညီမှု

Vol. 126 Ch. 1744

အတိတ်တုန်းက သဘောတူညီမှု

Vol. 126 Ch. 1744

ခုနစ်ရောင်စုံအလင်း လင်းလက်လာသည့်အခါ နောက်ဆုတ်သွားသော အုပ်စိုးသူသည် ရုတ်တရက် ရပ်တန့်သွား၏။ သူက ခုနစ်ရောင်စုံအလင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်၏။ သူ၏အမူအရာမှာ ခါးသီးဟန် ပေါက်နေသည်။

အသက်ကယ်ရတနာကြောင့် ရှင်သန်နိုင်ရုံမျှ ဖြစ်ခဲ့သော ခုနစ်ယောက်မြောက်ကိုယ်လုပ်တော်လည်း ရှိနေသေး၏။ သူမကလည်း ခုနစ်ရောင်စုံအလင်းထံ စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။

“တကယ်ပဲ သူ ရောက်လာခဲ့တယ်…”  ဝမ်လင်းသည် မျက်မှောင်ကြုတ်သွားသည်။ တုံ့နှေးမနေဘဲ ဝမ်လင်းက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်၏။ သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်လိုက်ရာ သူ့လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခု ပေါ်လာသည်။

သူက ထိုကျောက်စိမ်းပြားကို ခွဲခြေပစ်လိုက်သည်။ လက်သီးဆုပ်ခန့် တွင်းနက်တစ်ခုသည် ကျောက်စိမ်းပြားနေရာတွင် ချက်ခြင်း ပေါ်လာသည်။

ထိုတွင်းနက်က တုန်လှုပ်ဖွယ်စုပ်အားတစ်ခုကို ပေးစွမ်းလျက် ဝမ်လင်း၏ခန္ဓာကိုယ်ကို ခြုံလွှမ်းသော တစ္ဆေအလင်းကို ထုတ်လွှတ်သည်။ ၎င်းက သူ့ကို တွင်းနက်ထဲသို့ ဆွဲသွင်းလေတော့မည် ဖြစ်သည်။

အကွာအဝေးတစ်ခု၌ ခုနစ်ရောင်စုံအလင်း ပေါ်လာသော နေရာ၌ ပုံရိပ်ယောင်ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း လှမ်းလျှောက်ထွက်လာသည်။ ထိုပုံရိပ်သည် ဝတ်ရုံဖြင့် သက်လတ်ပိုင်းလူတစ်ယောက်ပင်။ သူသည် တည်ငြိမ်စွာ ထွက်ပေါ်လာခြင်းပင်။ သို့သော် သူသည် ဝမ်လင်း ကျောက်စိမ်းပြားကို ခွဲခြေလိုက်သောနေရာ၌ ပေါ်လာသော တွင်းနက်ကို မြင်သည့်အခါ သူ၏မျက်လုံးထဲ၌ ဆန်းကြယ်သောအလင်းတစ်ခု ဖြတ်ပြေးသွားသည်။

“မင်းက ဒီနည်းလမ်းကို သုံးပြီး ထွက်သွားချင်တာလား။ မဖြစ်နိုင်ဘူး…”

ခုနစ်ရောင်စုံတာအိုသခင်က ဝမ်လင်းထံ လက်ညွှန်၍ ပြောလိုက်၏။

သူ့လက်ညွှန်ချက်ကြောင့် ခုနစ်ရောင်စုံအလင်းသည် ရုတ်တရက် တောက်ပသွားကာ သူ့လက်ချောင်း၌ စုဝေးသည်။ ခုနစ်ရောင်စုံမုန်တိုင်းတစ်ခု ပေါ်လာကာ ဝမ်လင်းထံ တိုးဝင်လာသည်။

အနှီမုန်တိုင်းသည် မြန်လွန်းသဖြင့် ဝမ်လင်းနား ချက်ခြင်း ရောက်လာသည်။ ၎င်းက ဝမ်လင်းနှင့် ခုနစ်လက်မအတွင်းသို့ ရောက်လာ၏။

ဝမ်လင်း၏စိတ်ထဲမှ အေးစိမ့်မှု ထွက်ပေါ်လာကာ သူ၏တကိုယ်လုံးသို့ ပျံ့နှံ့၏။ အသက်ဘေးအန္တရာယ်တစ်ခု ကျရောက်လာသည့်အလား သူ ခံစားမိသည်။ ထိုမုန်တိုင်း၏အရှိန်အရ ဝမ်လင်းအဖို့ တွင်းနက်ထဲသို့ ဝင်ရောက်နိုင်ဖို့ အချိန် မလုံလောက်တာ ဖြစ်သွားနိုင်သည်။

သို့သော် သူက မထိတ်ပျာသွားပေ။ အရာအားလုံးက သူ၏တွက်ချက်မှုအတွင်း ရှိနေသည့်အလား။ ခုနစ်ရောင်စုံမုန်တိုင်း နီးကပ်လာစဉ် ကျောက်စိမ်းကဲ့သို့ အမျိုးသမီးလက်တစ်ဖက် တွင်းနက်ထဲမှ ဆန့်ထွက်လာ၏။ သူမ၏လက်ချောင်းက တောက်ပကာ အစိမ်းရောင်ကျောက်စိမ်းကွင်းက ထိုမုန်တိုင်းနှင့် ထိပ်တိုက်တွေ့လေ၏။

ခုနစ်ရောင်စုံမုန်တိုင်းသည် ငြိမ်သက်စွာ ပျက်စီးသွားပြီး ခုနစ်ရောင်စုံအခိုးငွေ့အဖြစ်သို့ ပြောင်း၏။ ထိုအခိုးအငွေ့က ကျောက်စိမ်းကဲ့သို့လက်ထံ တူးဆွဝင်ရောက်သည်။

တွင်းနက်ထံမှ ငြီးငြူသံ ထွက်ပေါ်လာ၏။ ကျောက်စိမ်းကဲ့သို့လက်သည် တုန်ယင်ကာ မကြာမီတွင် ချိပ်ဟန်တစ်ခု ပေါ်သည်။ ထိုလက်က ထပ်တူညီသော လက်ခုနစ်ခုအဖြစ်သို့ ကွဲထွက်ကာ တစ်ခုနှင့်တစ်ခုထပ်၍ စက်ဝန်းအသွင် ဖြစ်ပေါ်သည်။ သည်လက်ခုနစ်လက်ထံမှ ခုနစ်ရောင်စုံအလင်းတစ်ခု ထွက်ပေါ်လာ၏။

သည်လက်ခုနစ်လက်သည် မတူညီသော အရောင်များ ရှိကာ ခုနစ်ရောင်စုံလက်ဝါးချက် ဖြစ်ပေါ်၏။ ၎င်းက ဝမ်လင်းကို ကျော်လွန်၍ အကွာအဝေးတစ်ခုရှိ ခုနစ်ရောင်စုံတာအိုသခင်ထံ ဦးတည်ဝင်သွားသည်။

တစ်ချိန်တည်းမှာ ဝမ်လင်းသည် တွင်းနက်၏ ဆွဲငင်ခြင်း ခံရကာ သူသည် ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းမှ ပျောက်ကွယ်သွားတော့သည်။

အဖြစ်အပျက်များသည် မြန်ဆန်လှ၏။

အုပ်စိုးသူက လက်ခုနစ်လက်ကို တွေ့မြင်သည့်အခါ သူ့မျက်လုံးတို့မှာ အရောင်တောက်သွားသည်။

“ဒီတော့ သူမပေါ့…”

ပို၍ တုန်လှုပ်သွားသူမှာ ခုနစ်ယောက်မြောက်ကိုယ်လုပ်တော်ပင်။ သူမ၏မျက်နှာသည် ဖြူရောသွား၏။ သူမက နောက်သို့ အလိုလို ဆုတ်မိပြီး အံ့အားတသင့်ဆိုသည်။ “အမကြီး…သူ မသေသေးဘူး…”

ခုနစ်ရောင်စုံတာအိုသခင်သာ တည်ငြိမ်လို့နေ၏။ ခုနစ်ရောင်စုံလက်ဝါးချက် နီးကပ်လာသည့်အခါ သူက လက်ဝေ့ယမ်းလိုက်သည်။ ခုနစ်ရောင်စုံလှိုင်းဂယက်တစ်ခု ပဲ့တင်ထပ်ကာ ထိုလက်ဝါးနှင့် ထိပ်တိုက်တွေ့သည်။

ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ခဏအကြာတွင် အရာအားလုံး ပျောက်ကွယ်သွားလေသည်။

ခုနစ်ရောင်စုံတာအိုသခင်က မျက်လုံးမှိတ်လိုက်၏။ သူ ဘာတွေးနေသည်ကို မသိရပေ။ အချိန်အတန်ကြာပြီးနောက် သူက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာကာ ဝမ်လင်း ပျောက်ကွယ်သွားသောနေရာသို့ ကြည့်၏။ သူ၏မျက်လုံးထဲတွင် အတိတ်ကအရိပ်များ ပြည့်နှက်နေ၏။

ခုနစ်ရောင်စုံ ကျောက်စိမ်းလက်ဝါး။ ငါ ဒီနာမည်ကိုပဲ တွေးမိတယ်။ ကံမကောင်းစွာနဲ့ ငါဟာ ဒီမန္တာန်ကိုပဲ သိပြီး အဖြစ်သနစ်တွေကိုတော့ မသိတော့ဘူး။ ဒါပေမဲ့ ဒါဟာ ငါ့လက်ထဲကနေ လွတ်ဖို့ မလုံလောက်သေးဘူး။ လီကောင်းရဲ့လေးဟာ ၎င်းရဲ့တာဝန် အပြီးသပ်သွားခဲ့ပြီ။ ဒါ့ကြောင့် ဒါကို ပြန်ယူဖို့ အချိန်ကျပြီ…”

ခုနစ်ရောင်စုံတာအိုသခင်က ခေါင်းမော့ကာ ရှေ့သို့ လှမ်း၏။ သူသည် သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။

အုပ်စိုးသူနှင့် ခုနစ်ယောက်မြောက်ကိုယ်လုပ်တော်တို့သာ ဒီနေရာ၌ ကျန်ခဲ့၏။ သူတို့က ထွက်ပေါ်လာသောလက်နှင့် ထိုလက်၏ပိုင်ရှင်၏ အဆင့်အတန်းကြောင့် တုန်လှုပ်နေ၏။

ထိုလက်၏ ပိုင်ရှင်မှာ ကောင်းကင်ဘုံအုပ်စိုးသူ၏ နံပါတ်တစ်(ဝါ)ပထမကိုယ်လုပ်တော်၊ ကောင်းကင်ဘုံအုပ်စိုးသူ၏ တာအိုလက်တွဲဖော်၏ ညီမဖြစ်သူပင်။

တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၌ နတ်ဆိုးကလန် တည်ရှိခဲ့သော ဧရာမအက်ကြောင်းနေရာတစ်ခု ရှိသည်။ ထိုအက်ကြောင်းက မည်သည့်နေရာသို့ ဦးတည်သည်ကို လူအနည်းငယ်သာ သိသည်။ သို့သော် ယင်းအက်ကြောင်းထံမှ ကြမ်းကြုတ်သောသားရဲများစွာသည် မကြာဆိုသလို တရကြမ်း ထွက်ထွက်လာတတ်သည်။

သည်အခိုက်၌ ထိုဟင်းလင်းပြင်အက်ကြောင်းအတွင်းပိုင်း၌ နက်မှောင်ထူးခြားသော ဟင်းလင်းပြင်ထဲမှာ ပေတစ်သောင်းကျော် ရှည်လျားသော သားရဲကြီးတစ်ကောင် ရှိနေသည်။ ကြည့်ရသည်မှာ ထိုသားရဲက ခြင်္သေ့တစ်ကောင်နှင့် တူသော်လည်း ၎င်း၏ဦးခေါင်းထက်တွင် ဂြိုဟ်တစ်ချောင်း ရှိနေသည်။

ထိုဂြိုဟ်ပေါ်တွင် အမျိုးသမီးတစ်ယောက် ထိုင်နေ၏။ သူမက အလွန်လှပသလို သည်အခိုက်၌ သူမ၏မျက်နှာမှာ ဖြူရောနေသည်။ သူမက ချိပ်ဟန်များကို ဖြစ်ပေါ်စေနေရင်း သူမ၏ရှေ့သို့ လက်ဝေ့ယမ်းသည်။

သူမ၏ရှေ့တွင် ဘေးပတ်လည်ရှိ အမှောင်ထုကို ဝါးမြိုနေသော လက်သီးဆုပ်ခန့်တွင်းနက်တစ်ခု ရှိ၏။ ထိုတွင်းနက်က တုန်ယင်ကာ ချဲ့ကားလာ၏။ ၎င်းသည် ဆယ်ပေထိ ချဲ့ကားလာသည့်အခါ၌ ဝမ်လင်းက လှမ်းထွက်လာသည်။

သူ လှမ်းထွက်လာသည့်အခါ၌ တွင်းနက်သည် အလင်းစက်များအဖြစ်သို့ ပျက်စီးသွားသည်။

“ကျေးဇူးတင်ပါတယ်…” ဝမ်လင်းက နေရာတွင်ထိုင်နေသော အမျိုးသမီးထံ သူ့လက်နှစ်ဆက်ကို ဆုပ်၍ နှုတ်ဆက်သည်။

ထိုအလွန်လှသောအမျိုးသမီးက မျက်လုံးဖွင့်လာ၏။ သူမထံမှ မောပန်းသည့်အရိပ်အယောင် လှစ်ဟပေါ်သည်။ သူမက ဝမ်လင်းကို ကြည့်၏။ အချိန်အတန်ကြာပြီးနောက် သူမက ခေါင်းယမ်းကာ သက်ပြင်းချ၍ ဆိုသည်။

“အတိတ်တုန်းက ငါတို့ ခွဲခွာခဲ့တဲ့အချိန်တုန်းက နင့်ရဲ့ ကျင့်ကြံမှုဟာ နိမ့်ကျသေးတယ်။ နင်က ဒီနေ့လို့ မြင့်မားတဲ့ကျင့်ကြံမှုအဆင့်ထိ ရောက်လာလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး။ နင်ဟာ ငါတို့သဘောတူညီမှုကို မေ့သွားပြီလို့တောင် တွေးထားခဲ့တာ။ ဒါပေမဲ့ ကျောက်စိမ်းပြားကနေ တစ်ဆင့် နင့်ရဲ့ သတင်းစကားကို ငါ ရရှိခဲ့တဲ့အချိန်မှာ နင် မမေ့သေးဘူးဆိုတာ ငါ သိခဲ့တယ်…”

“အရင်တုန်းက ဒီနေရာကနေ ထွက်လို့ရအောင် သင်က ငါ့ကို ကူညီပေးခဲ့တယ်။ ငါ ဒီလိုကိစ္စကို မေ့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း တချို့ကိစ္စတွေကြောင့် ငါ နောက်ကျမှ ရောက်လာခဲ့ရတာ…”   ဝမ်လင်းသည် ပြုံး၍ ပြေးလွှားနေသော ဧရာမခြင်္သေ့သားရဲကို ကြည့်လိုက်၏။ သူက ထိုင်ချရန် ဆုံးဖြတ်လိုက်သည်။

သူက ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေကို ဖျက်စီးရန် လာခဲ့သည့်အချိန်၌ သူ့လွတ်လမ်းကို တွေးထားခဲ့ပြီး ဖြစ်သည်။ ဝမ်လင်းသည် ဒီခရီးစဉ်က မရိုးရှင်းမှန်း သိပေ၏။ သူက မြားနှစ်ကြိမ် ပစ်လွှတ်လိုက်သည်နှင့် အုပ်စိုးသူက လှုပ်ရှားလာခဲ့သည်။ ဝမ်လင်းက အုပ်စိုးသူ တွေးထင်ထားသလို မြားနှစ်ချက်သာ ပစ်နိုင်သည့်စွမ်းအင် ကျန်တော့တာ မဟုတ်သော်လည်း ပြင်ပနယ်မြေမှာ ခုနစ်ရောင်စုံတာအိုသခင်၏ နယ်မြေပင်။ ထိုသူ ပေါ်လာသည်နှင့် ဝမ်လင်းက လွတ်မြောက်ဖို့ ခက်ခဲမည်ကို သိထားသည်။

ထို့အတွက်ကြောင့် လွန်ခဲ့သောတစ်နှစ်က အစီအရင်ဘီးပေါ်တွင် သူ့ကျင့်ကြံနေစဉ်က သူသည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ သူနှင့် အချိန်အတန်ကြာ စကားမပြောဖြစ်ခဲ့သော သည်အမျိုးသမီးနှင့် လှမ်းဆက်သွယ်ခဲ့၏။ သူတို့က သဘောတူညီမှုတစ်ခု ပြုလုပ်ခဲ့ကြခြင်းပင်။

ဝမ်လင်းက ထိုအမျိုးသမီး၏အကူအညီကို ရှာခဲ့သည့်အကြောင်းရင်းမှာ သူ သိထားသည့်အကြောင်းအရာများနှင့် သဲလွန်စအမျိုးမျိုးကြောင့် ဖြစ်လေ၏။ ဝမ်လင်းအနေဖြင့် ထိုအမျိုးသမီးမှာ ပျောက်နေသော ပထမကိုယ်လုပ်တော်ဖြစ်မှန်း ကိုးဆယ်ရာခိုင်နှုန်း သေချာနေ၏။

သူတို့ ပထမဆုံးကြိမ် အဆက်အသွယ် ရခဲ့သည့်နောက် ထိုအမျိုးသမီးက သူမကိုယ်သူမ ပထမကိုယ်လုပ်တော်ဖြစ်ကြောင်း ဝန်ခံခဲ့ပေသည်။

လှပသောဒီအမျိုးသမီးက ညင်သာစွာ ပြောလာသည်။ “ ငါဟာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ ပထမကိုယ်လုပ်တော်ပဲ။ ဒီအကြောင်းကို ငါနဲ့နင် ကျောက်စိမ်းပြားက တဆင့် ဆက်သွယ်ခဲ့တုန်းက ငါ ပြောပြခဲ့ပြီးပြီး…။ ငါ့တခြားအဆင့်အတန်းကတော့  ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ တာအိုလက်တွဲဖော် ဖန်ရှန်မင်ရဲ့ ညီမဖြစ်သူ ဖန်ရှန်လုပဲ…”

“နင်က ဒီနေရာဟာ လှိုဏ်ဂူလောကမှန်း သိခဲ့ပြီးမှတော့ နင့်ကို ဘာမှ ကွယ်ဝှက်ထားဖို့ မလိုတော့ဘူး…”

“ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူက နေကိုးစင်းထဲက နှစ်စင်း တိုက်ခိုက်ခဲ့ကြစဉ် ရတနာတစ်ခုရဖို့ ကြိုးစားခဲ့တယ်။ သူက ငါ့အမကို တည်ကြက်အဖြစ် အသုံးပြုခဲ့ပြီး အဲ့ရတနာကို  ရနိုင်မယ့် အခွင့်အရေး ဖန်ခဲ့တယ်။ အဲ့ဒီနောက် သူ ပြန်ရောက်လာခဲ့ပြီး တာအိုခုနစ်ခုကလန်ကို ချိပ်ပိတ်ခဲ့တာပဲ…”

“ငါတို့ ဒီနေရာကို ရောက်လာခဲ့တော့ ငါဟာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေက ဘယ်သူ့ကိုမှ မယုံခဲ့ဘူး။ ငါဟာလည်း ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူကြောင့် ဒဏ်ရာရခဲ့သေးတယ်။ ငါ့ကျင့်ကြံမှုဟာ ခုထိ အပြည့်အဝ ပြန်မကောင်းမွန်သေးဘူး။ နင် ထွက်ပေါ်မလာခင်အချိန်ထိ ငါဟာ ဘယ်သူနဲ့မှ အတူတူ မလုပ်ဆောင်ခဲ့ဖူးဘူး။ ငါတို့ကြားမှာ ဘာပဋိပက္ခမှ  မရှိတဲ့အတွက် ငါတို့ အတူတူလက်တွဲပြီး လုပ်ဆောင်နိုင်လိမ့်မယ်…”

ထိုအမျိုးသမီးက ညင်သာစွာ ပြောလိုက်သည်။

“နင် လှိုဏ်ဂူလောကရဲ့ ကျင့်ကြံသူတွေကို အင်မောတယ်ကောင်းကင်ဘုံနယ်မြေရှိ ခေါ်သွားချင်တယ်မလား။ ငါ နင့်ကို ကူညီပေးမယ်…”

“အင်မောတယ်ကောင်းကင်ဘုံနယ်မြေဟာ ဆန်းကြယ်တဲ့နေရာတစ်ခုပဲ။ ဒီကုန်းမြေဟာ ကြီးမားလွန်းပြီး စစ်ပွဲတွေကလည်း အဖြစ်များတယ်။ ကလန်အမျိုးမျိုးကြားမှတော့ အနည်းငယ် ငြိမ်းချမ်းမှု ရှိတယ်။ နင် အဲ့ကုန်းမြေမှာ အထိုင်ချချင်ရင် နင့်မှာ ကလန်တစ်ခု ရှိရလိမ့်မယ်…”

“နေရာကောင်းတွေကတော့ တခြားသူတွေ ယူဆောင်သိမ်းပိုက်ထားခဲ့ပြီး ဖြစ်တယ်။ အမှန်ပြောရရင် နင့်ကျင့်ကြံမှုအဆင့်နဲ့ နင်ဟာ ဘယ်ကလန်ကိုမျှ သိမ်းပိုက်နိုင်မှာ မဟုတ်ဘူး။ လှိုဏ်ဂူလောကကတော့ ဒီနေရာရဲ့ အရာအားလုံးဟာ ပုံရိပ်ယောင်တစ်ခုပဲ။ ဒီမှာ ရှိတဲ့ သက်ရှိတိုင်းကတော့ အမှန်တကယ် အတုအယောင် မဟုတ်ဘူးလို့တော့ ပြောနိုင်တယ်…”

“ခေတ်ကာလတွေ တလျှောက်မှာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေအနှံ့က ကလန်အမျိုးမျိုးရဲ့ လှိုဏ်ဂူလောကတွေထဲက ထွက်လာနိုင်တဲ့သူ ရှိတယ်ဆိုတာ သိပ်မကြားခဲ့ဖူးဘူး။ နောက်ကျ ငါ နင့်ကို ဒီအကြောင်းတွေ ပြောပြပေးမယ်…”

ဝမ်လင်းသည် နေရာတွင်ထိုင်၍ သူမ၏စကားများကို နားထောင်ကာ စဉ်းစားနေသည်။

“ဒါပေမဲ့ ဒါဟာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ နင်ဟာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေဆီ သွားတဲ့အခါကျရင် တန်ဖိုးကြီးကြီး ပေးဆပ်ရလိမ့်မယ်။ အင်မောတယ်ကောင်းမြေရဲ့ ဥပေဒသပြစ်ဒဏ်ကိုလည်း တောင့်ခံနိုင်ရလိမ့်မယ်။ ငါ ဒီကိစ္စနဲ့ ပတ်သတ်လို့တော့ နည်းနည်းပဲ ကြားသိဖူးတယ်။ ဒါပေမဲ့ ဒီလှိုဏ်ဂူလောကထဲမှာ နင် ဆန်းကြယ်အတိဒုက္ခကို တက်လှမ်းပြီးရင်တော့ နင့်အတွက် ဒီဥပဒေသပြစ်ဒဏ်ကို ဖြတ်ကျော်ရှင်သန်နိုင်မယ့် အခွင့်အရေး ရှိလာလိမ့်မယ်…”

“ဒါပေမဲ့ ငါ့အနေနဲ့ ဒီကိစ္စမှာလည်း နင့်ကို ကူညီပေးနိုင်ပါတယ်…” ထိုအမျိုးသမီးက ဝမ်လင်းကို ကြည့်၍ ဖြည်းဖြည်းချင်း ပြောနေ၏။

“ငါ နားထောင်နေပါတယ်…” ဝမ်လင်း၏အမူအရာမှာ တည်ငြိမ်နေ၏။ ထိုအမျိုးသမီးက သူ၏ ထိုသို့အမူအရာကို တွေ့မြင်သည့်အခါ မလေးစားမိဘဲ မနေနိုင် ဖြစ်ရသည်။

အနည်းငယ် စဉ်းစားပြီးနောက် ထိုအမျိုးသမီးက ရုတ်တရက် ပြောလာ၏။ “ငါ့အစ်မကြီးဟာ မသေသေးဘူး…”

ဝမ်လင်း၏မျက်လုံးမှာ ကျဉ်းမြောင်းသွား၏။သို့သော် သူက စကားမဆိုပေ။

“သူမဟာ ဒီနေရာမှာတော့ မရှိဘူး။ အင်မောတယ်ကောင်းကင်ဘုံနယ်မြေမှာ ဖြစ်တယ်။ အင်မောတယ်ကောင်းကင်ဘုံနယ်မြေမှာ ကလန်တစ်ခု ရှိဖို့ဆိုတာ အလွန်ခက်ခဲလှတယ်။ ဒါပေမဲ့ နင်ဟာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူကို သတ်နိုင်ခဲ့ရင်တော့ တာအိုခုနစ်ခုကလန်ဟာ နင့်လက်ထဲ ရောက်လိမ့်မယ်။ ငါ့အမကြီးနဲ့ငါက ဒီကလန်ကို မလိုချင်ဘူး။ တကယ်တော့ ငါတို့ဟာ တာအိုခုနစ်ခုကလန်က လူတွေ မဟုတ်ဘူး။ အင်မောတယ်ကောင်းကင်ဘုံနယ်မြေ၊ မဟာစိတ်ဝိညာဉ်ကလန်ရဲ့ ပင်မတပည့်တွေ ဖြစ်ကြတယ်…”

“အတိတ်တုန်းက ငါတို့ဟာ မျက်စိကန်းပြီး ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ နောက်ကို လိုက်ခဲ့မိကြတာပဲ…” ထိုအမျိုးသမီးက အံတင်းတင်းကြိတ်ကာ မကျေမနပ်အမူအရာ ဖြစ်ပေါ်၏။

“နင် တာအိုခုနစ်ခုကလန်ကို ရပြီးတဲ့နောက် နင် ဆက်လက်ကျင့်ကြံဖို့ ဆန္ဒရှိခဲ့တယ်ဆိုရင် ငါတို့ဟာ နင့်ကို မဟာစိတ်ဝိညာဉ်ကလန်နဲ့ မိတ်ဆက်ပေးနိုင်တယ်…”

“နင် အင်မောတယ်ကောင်းကင်ဘုံနယ်မြေကို ဝင်ရောက်တဲ့အခါ ရင်ဆိုင်ရမယ့် ပြစ်ဒဏ်ကိုတော့ ငါ့ဆရာရဲ့ အကူအညီတောင်းခံပေးဖို့ ငါ့အမကို မေးပေးထားမယ်။ ဆရာက နင့်ကို ကြိုဆိုတဲ့အနေနဲ့ ကူညီပေးတယ်ဆိုရင် ပြစ်ဒဏ်ဟာ လျော့ပါးသွားလိမ့်မယ်…”

ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ခဏအကြာတွင် သူသည် ဖြည်းဖြည်းချင်း ပြောလာသည်။

“ငါ့အပြင် ဒီလှိုဏ်ဂူလောကရဲ့ တခြားကျင့်ကြံသူတွေနဲ့ ပတ်သတ်လို့ကရော…”

လှပသောအမျိုးသမီးက ပြန်ဖြေမည့်ဟန် ပြင်စဉ် သူမ၏အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားပြီးနောက် နောက်သို့ လှည့်ကြည့်၏။ တစ်ချိန်တည်းမှာ ဝမ်လင်းကလည်း နောက်သို့ သုန်မှုန်စွာ လှည့်ကြည့်လိုက်လေသည်။

All Chapters