ခုနစ်ရောင်စုံ ရောက်ရှိလာခြင်း
Vol. 127 Ch. 1745
သူတို့နှစ်ယောက်အောက်ရှိ ခြင်္သေ့သားရဲသည် တုန်ယင်ကာ ကြောက်လန့်ဟန် ဖြစ်ပေါ်သည်။ ၎င်းက တုန်ယင်လျက် ရှေ့သွားနေရာကနေ အမှန်တကယ် ရပ်တန့်သွားသည်။
ထိုသားရဲနောက်တွင် ခုနစ်ရောင်စုံအလင်း တောက်ပလာ၏။ တစ်စုံတစ်ယောက်က သည်ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ခုနစ်ရောင်စုံအလင်းကို ထိုးထွက်စေလိုက်သည့်အလား။
ဝမ်လင်း၏မျက်လုံး သူငယ်အိမ် ကြုံ့သွားလေ၏။ သူက တုံ့ဆိုင်းခြင်းမရှိ ရှေ့သို့ လှမ်း၏။ ဖျတ်ခနဲ သူက ရှေ့သို့ မြန်ဆန်စွာ ရွှေ့လျားသည်။ ဖန်ရှန်လုသည်လည်း အတူတူပင်။ သူမက ဝမ်လင်းနောက်တွင် လိပ်ပြာတစ်ကောင်ကဲ့သို့ လှပစွာ လှုပ်ရှားသည်။
သူမ ထွက်ပြေးနေရင်း ခြင်္သေ့သားရဲထံ လက်ဝေ့ယမ်းလိုက်၏။ သားရဲက မာန်ဟိန်းသံ ပြုကာ ရူးသွပ်သွားသည့်နှယ် ခုနစ်ရောင်စုံအလင်းထံ တိုးဝင်သွားသည်။
ဖန်ရှန်လု၏မျက်လုံးမှာ တောက်ပသွားပြီး သူမက ခပ်တိုးတိုး ရေရွတ်သည်။ “သွေးစတေးခြင်း…”
သူမ ထိုသို့ ပြောလိုက်သည်နှင့် ခြင်္သေ့က သွေးရောင်လွှမ်းကာ သွေးမြူအဖြစ်သို့ ပေါက်ကွဲသွားသည်။ ထို့နောက် ၎င်းသွေးမြူက အဘက်ဘက်သို့ ပျံ့နှံ့၏။ အရပ်မျက်နှာအစုံမှ စူးရှရှ ဟိန်းအော်သံများ ထွက်ပေါ်လာသည်။ ကြမ်းကြုတ်သောသားရဲများ၏ အော်ရာက ဒီနေရာသို့ တရကြမ်း ဦးတည်လာကြ၏။
ဝမ်လင်းက အမြန်ဆုံးအရှိန်ကို အသုံးပြုကာ ဆက်သွားနေ၏။ ရံဖန်ရံခါ သူက လောကနှင့် ပေါင်းစပ်ပြီး ပိုမြန်ဆန်စွာ လှုပ်ရှားသည်။
“ဒီကို…” ဖန်ရှန်လုက ဝမ်လင်းထက် အနည်းငယ် ပိုမြန်၏။ သူမ၏ကျင့်ကြံမှုအဆင့်က မြင့်မားလှ၏။ သူမက ဒဏ်ရာရထားသော်လည်း သည်နှစ်များစွာအတွင်း ဒဏ်ရာတော်တော်များများကို ဖိနှိပ်ထားနိုင်ခဲ့၏။
သူမက ဖျတ်ခနဲ ဝမ်လင်းကို ကျော်တက်ကာ ရှေ့မှ ဦးဆောင်သည်။ သူမက တန်းတန်းမတ်မတ် သွားခြင်း မဟုတ်ဘဲ တခြားဦးတည်ဘက်သို့ ပြောင်း၏။ ဝမ်လင်းကလည်း သူမနောက်သို့ တုံ့နှေးခြင်းမရှိ လိုက်ပါလာသည်။
သို့သော် ထိုအခိုက်တွင် သူတို့နှစ်ယောက်ရှိ လေဟာနယ်ထံမှ အေးစက်စက်နှာခေါင်းရှုံ့သံ ထွက်ပေါ်လာ၏။ ပြင်းထန်သောဖိအားနှင့် တုန်ခါလှိုင်းက ၎င်းနှာခေါင်းရှုံ့သံထံမှ ထွက်ပေါ်လာ၏။
ဝမ်လင်းနှင့် ဖန်ရှန်လုတို့နောက်တွင် ကြမ်းကြုတ်သောသားရဲ ရာချီရှိနေ၏။ ယင်းတို့မှာ သွေးမြူ၏ စွဲညှို့ခြင်း ခံထားရခြင်းပင်။ သို့သော် အေးစက်စက်နှာခေါင်းရှုံ့သံ ပဲ့တင်ထပ်လာသည့်အခါ ထိုသားရဲများသည် ဗလုံးဗထွေးအော်ဟစ်လိုက်ရပြီး ပြင်းထန်သောအားတစ်ခုကြောင့် လွင့်စင်ထွက်သွားသည်။
တုန်ခါလှိုင်း ပျံ့နှံ့လာစဉ် သားရဲရာချီသည် ပေါက်ကွဲထွက်ကုန်သည်။
ထိုသားရဲများ ပေါက်ကွဲသေဆုံးကုန်စဉ် ခုနစ်ရောင်စုံအလင်းက ထွင်းဖောက်လာ၏။ ခုနစ်ရောင်စုံတာအိုသခင်က လက်နောက်ပစ်လျက် တည်ငြိမ်စွာ လှမ်းလျှောက်ထွက်လာသည်။
“ဝမ်လင်း…ငါ့ကို လီကောင်းရဲ့လေးနဲ့မြား ပြန်ပေး…” သူ၏စကားမှာ ဖြေးနှေး၏။ သို့သော် ထိုစကားများ ဝမ်လင်း၏နားထဲ ဝင်ရောက်လာစဉ် ဝမ်လင်း၏စိတ်မှာ တုန်ယင်ရ၏။ သူ၏ခန္ဓာကိုယ်ပါ တုန်ယင်ရ၏။ သူက သွေးအန်လိုက်ရသည်။
ဖန်ရှန်လုက ဝမ်လင်း၏လက်ကို လှမ်းဆွဲသည်။ သူမ၏မျက်နှာမှာ ဖြူရောနေလျက် သူမက ဝမ်လင်းကို ရှေ့သို့ ပူပန်တကြီး တွန်းထုတ်လိုက်၏။
“ငါ နင့်ကို မှတ်မိပြီ။ နင်က ပထမမြောက်ကိုယ်လုပ်တော်ပဲ။ ဒီအရှင်ကိုတွေ့တဲ့နောက် နင်က ဘာကြောင့် ထွက်ပြေးနေရတာလဲ…” ဖန်ရှန်လုထံ ခုနစ်ရောင်စုံတာအိုသခင်၏အကြည့်က ကျရောက်လာ၏။ သူက ညာဘက်အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ သူ၏ရှေ့၌ မီးငှက်အရိပ်ကိုးခု ပေါ်လာ၏။
ထိုမီးငှက်ကိုးကောင်မှာ ဟင်္သာငှက်များ မဟုတ်ပေ။ သို့သော် ၎င်းတို့ထံမှ ပေးစွမ်းနေသော အပူရှိန်မှာ ဟင်္သာငှက် ယှဉ်နိုင်သော အရာ မဟုတ်ပေ။ ထို့အပြင် သည်မီးငှက်ကိုးကောင်ထံမှ ဂြိုဟ်စိတ်ဝိညာဉ်များ၏ အရိပ်အမြွက် ရှိနေ၏။
တကယ်တော့ ၎င်းတို့သည် မီးငှက်များ မဟုတ်ပေ။ ယင်းတို့မှာ ခုနစ်ရောင်စုံတာအိုသခင် သန့်စင်ထားသော ဒီလှိုဏ်ဂူလောကမှ ရှားမှရှား လောင်ကျွမ်းနေသောဂြိုဟ်ကိုးလုံး ဖြစ်၏။ ပို၍ တိတိပပဆိုရသော် နေကိုးစင်း ဖြစ်၏။
သည်အခိုက်၌ သူ့လက်ကို ဝေ့ယမ်းလိုက်ရာ မီးငှက်ကိုးကောင်က လောင်ကျွမ်းအလင်းတန်းကိုးခုအဖြစ်သို့ ပြောင်းကာ ဝမ်လင်းနှင့် ဖန်ရှန်လုတို့ထံ တိုးဝင်လာချေသည်။
“နင် ဒါကို တားဆီးပေး…” သည်လိုအန္တရာယ်ကျရောက်လာချိန်၌ ဝမ်လင်းက သူ့ခွန်အားကို ဆက်၍ မလျှိုထားနိုင်တော့ပေ။ သူက မာန်သွင်းလျက် လက်ဝေ့ယမ်း၏။ ဖန်ရှန်လုကလည်း လက်နှေးမနေပေ။ ဝမ်လင်း၏လက်ဝေ့ယမ်းမှာကို အသုံးချကာ သူမက ရှေ့သို့ ခုန်ထွက်လိုက်၏။ သူမ၏လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေသည်။ သူမက သွေးအန်ထုတ်ပြီးနောက် ဝမ်းနည်းစွာ အော်ဟစ်သံ ပြု၏။
“မဟာစိတ်ဝိညာဉ်တာအို၊ စိတ်ဝိညာဉ် ထုတ်ယူခြင်း။ ငါ့စိတ်ဝိညာဉ်ကို စတေးပြီး ဒီနယ်မြေကို ဖြတ်တောက်တဲ့ စိတ်ဝိညာဉ်အသွင် ဖြစ်ပေါ်စေ…” ဖန်ရှန်လုက လက်ဆန့်ထုတ်၏။ သူမ အန်ထုတ်လိုက်သောသွေးက သွေးမြူအဖြစ်ပြောင်းကာ သူမ၏ညာလက်ထံ တိုးဝင်သည်။ မကြာမီတွင် ၎င်းက သွေးနီရောင်ဓားအဖြစ်သို့ ပြောင်းသွားသည်။
ထိုဓားကို ကိုင်၍ ဖန်ရှန်လုက ခေါင်းမော့ကာ တိုးဝင်လာသော မီးငှက်ကိုးကောင်ထံ ခုတ်ပိုင်းချသည်။ ထိုဓားသည် အစိတ်အပိုင်းကိုးခုအဖြစ်သို့ ပျက်စီး၍ ထိုငှက်များကို ပိတ်ဆို့တားဆီးရန် တိုးဝင်သွားသည်။
ထိုအချိန်ကို အသုံးချ၍ ဝမ်လင်းက သူ့ဘယ်လက်ကို ဆန့်ထုတ်ရာ လီကောင်း၏လေး ပေါ်လာ၏။ သူ့ညာလက်ဖြင့် လေးကြိုးကို ဆွဲကာ မာန်သွင်းလိုက်၏။ သူ့နှဖူးထက်တွင် ချွေးပြန်လာသည်။ သူက လေးကို ဆွဲတင်လိုက်စဉ် သူ၏မျက်လုံးတွင်း၌ ရွှေရောင်တောက်ပသည်။
အုပ်စိုးသူ၏ တွက်ချက်မှုက မမှားခဲ့ပေ။ ဝမ်လင်းထံ၌ သည်လေးကို နှစ်ကြိမ်သာ ဆွဲတင်နိုင်တော့သည့် စွမ်းအားသာ ရှိခဲ့ခြင်းပင်။ သို့သော် အုပ်စိုးသူမှာ ဝမ်လင်းထံ၌ နောက်ထပ် ကောင်းကင်ဘုံသွေးစက် ရှိနေသေးသည်ကိုမူ မသိခဲ့ပေ။
ထိုသွေးစက်မှာ ရှုလီကောနှင့် လျှိုကျင်းပြောင်တို့ အရူးထံမှ လှည့်စား၍ ရခဲ့သော သွေးဖြစ်ပြီး နောက်ပိုင်းတွင် ဝမ်လင်းက သိမ်းယူထားခဲ့ခြင်းပင်။ ထိုသွေးစက်၌ စွမ်းအားအများအပြား မရှိသော်လည်း ၎င်းမှာ အုပ်စိုးသူကို အတွက်အချက် မှားသွားစေဖို့ လုံလောက်ခဲ့သည်။
တစီစီအသံ ထွက်ပေါ်လာကာ လီကောင်း၏လေးကို ဆွဲတင်၍ မြားတစ်စင်း ပေါ်လာ၏။ ထိုမြားပေါ်လာသည်နှင့် ဝမ်လင်းက လေးကြိုးကို လွှတ်ချလိုက်သည်။
သည်အခိုက်တွင် မြားသံက ဒီလောကရှိ အသံအားလုံးကို အစားထိုးသွားသည်။ ချက်ခြင်းပင် ထိုမြားက ဖန်ရှန်လုကို ဖြတ်ကျော်သွား၏။ ထိုအခါ သူမ၏ ဆံပင်များသည်ပင် လွင့်ဝဲသွားသည်။
သူမကို ဖျတ်ခနဲ ကျော်လွန်ပြီးနောက် ၎င်းမြားက မီးငှက်ကိုးကောင်နှင့် ထိပ်တိုက်တွေ့သည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ပြင်းထန်သောတုန်ခါလှိုင်း ပျံ့နှံ့သည်။ ဖန်ရှန်လုမှာ တုန်ခါလှိုင်းကြောင့် သွေးအန်လိုက်ရသည်။ ဝမ်လင်းက သူမကို ဆွဲခေါ်ကာ သူတို့နှစ်ယောက်သည် ရလဒ်ကိုပင် ကြည့်မနေဘဲ ချက်ခြင်း ထွက်ခွာသည်။
“ငါ့လှိုဏ်ဂူဟာ ဒီနေရာနဲ့ ကီလိုမီတာလေးသန်းအကွာမှ။ အဲ့မှာဆို အစီအရင်တွေရှိတဲ့အတွက် ငါတို့ အချိန်အချို့တော့ ခုခံနိုင်လိမ့်မယ်…” ဖန်ရှန်လု၏ အသံထွက်ပေါ်လာ၏။ ဝမ်လင်းက စကားတစ်ခွန်းမှ ပြန်မဆိုဘဲ သူမကို ဆွဲခေါ်ကာ သူတို့သည် ပျောက်ကွယ်သွားလေ၏။
သူတို့ ပြန်ပေါ်လာသည့်အခါ၌ ကီလိုမီတာနှစ်သန်းကျော် သွားလာခဲ့ပြီးပင်။ ဝမ်လင်း၏မျက်နှာမှာ ဖြူရောနေလျက် သူက ရှေ့သို့ တရကြမ်း ဆက်သွားနေ၏။
ဝမ်လင်းသည် တစ်စက်လေးမှ မရပ်တန့်ရဲပေ။သို့သော် သူက နတ်ဘုရားအာရုံဖြင့် ဖန်ရှန်လုထံ သတင်းစကားပို့၏။ “သူဟာ ခုနစ်ရောင်စုံ ကောင်းကင်ဘုံအုပ်စိုးသူလား…”
“ဟုတ်လည်း ဟုတ်တယ်။ မဟုတ်လည်း မဟုတ်ဘူး။ သူဟာ…” ဖန်ရှန်လု၏ စကားမဆုံးခင်မှာပင် သူတို့နောက်မှ အသံတစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာ၏။
“ဒီအဘိုးအိုဟာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူဆိုတာ အသေအချာပဲ။ ငါက အစတုန်းကတော့ မင်းကို မသတ်ချင်ခဲ့ဘူး။ လီကောင်းရဲ့ လေးနဲ့မြားကိုပဲ ပြန်ယူချင်ခဲ့တာ။ ငါ မင်းကို နောက်ဆုံးအခွင့်အရေးတစ်ခု ပေးလိုက်မယ်။ အဲ့လေးနဲ့မြားကို ငါ့ရှိ ပေးလိုက်…” အကွာအဝေးတစ်ခုကနေ ခုနစ်ရောင်စုံတာအိုသခင်က လှမ်းထွက်လာ၏။ သူက အစောပိုင်းတုန်းက အတိုင်းပင်။ မြားချက်က သူ့အပေါ် မသက်ရောက်စေခဲ့သည့်အလား။
သို့သော် ဝမ်လင်းက သူ့ကို မယုံပေ။ သို့သော် ခုချိန်က စူးစမ်းနေရမည့် အခါ မဟုတ်ပေ။ သည်လူက အမှန်တရားကို ကွယ်ဝှက်ထားချင်ပါက ဝမ်လင်းအနေဖြင့် အမှန်တရားကို ပြောနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
“ထားလိုက်ပါတော့လေ။ မင်းက သေချင်နေမှတော့ ဒီအရှင်က မင်းကို ကူညီပေးရမှာပေါ့…” ခုနစ်ရောင်စုံတာအိုသခင်က သနားသည့်ဟန် လှစ်ဟပြ၏။ သူက ခေါင်းယမ်းကာ ဝမ်လင်းနှင့် ဖန်ရှန်လုတို့ထံ လက်ညွှန်လိုက်သည်။
ထိုလက်ညွှန်ချက်နှင့်အတူ သူ့လက်ချောင်းထိပ်တွင် ခုနစ်ရောင်စုံသလင်းတစ်ခု ပေါ်လာ၏။ ထိုသလင်းက ချက်ခြင်းပင် ဝမ်လင်းနှင့် ဖန်ရှန်လုတို့ထံ တိုးဝင်လာတော့သည်။
၎င်းသလင်းက ချက်ခြင်းပင် နီးကပ်သွားကာ ခုနစ်ရောင်စုံအလင်းအဖြစ် လွင့်ပြယ်ပြီး သူတို့နှစ်ယောက်ကို ဝန်းရံသွားသည်။
ချက်ခြင်းပင် ထိုသလင်းက မြန်ဆန်စွာ ကြုံ့လာ၏။ ဝမ်လင်းသည် ပြင်းထန်စွာ နာကျင်မှုကို ခံစားလိုက်ရကာ သူ့ထံမှ အက်သံများ ထွက်ပေါ်လာ၏။ သူ၏ခန္ဓာကိုယ်ကို ခြေမွပစ်ရန် အဘက်ဘက်မှ ပြင်းထန်သောဖိအားများ ထိုးနှက်သည်။
ဖန်ရှန်လု၏မျက်နှာမှာလည်း ဖြူရောသွား၏။ ဤသို့ အန္တရာယ်အခိုက်အတန့်အတွင်း သူမ၏ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေလိုက်ရာ သူမ၏ရှေ့၌ ခုနစ်ရောင်စုံလက်ဝါး ထပ်မံ ပေါ်လာပြန်သည်။ သူမက သွေးများ ထွေးထုတ်လိုက်ပြီး ၎င်းလက်ဝါးပေါ်သို့ ကျရောက်စေသည်။
“အမကြီး…ငါ့ကို ကူညီပါ…”
သူမ၏အသံမှာ ဗလုံးဗထွေးနိုင်လှသည်။ သည်အခိုက်၌ ကြယ်များသည် တုန်ခါ၍ တပါးနေရာမှ အော်ရာတစ်ခုမှာ မည်သည့်နေရာကမှန်းမသိ ထွက်ပေါ်လာလေ၏။ အင်မောတယ်ကောင်းကင်ဘုံနယ်မြေ၌ နှင်းများ ဖုံးလွှမ်းနေသော ရေခဲပြင်နေရာတစ်ခု ရှိ၏။ ထိုနေရာသည် သက်ရှိအားလုံးကို အေးခဲ သေဆုံးသွားစေနိုင်လောက်သည်။ ကျင့်ကြံသူများသည်ပင် ထိုနေရာ၌ ရှင်သန်ဖို့ ခက်ခဲနိုင်သည်။
ထိုရေခဲပြင်ကုန်းမြေ၌ ရေခဲတောင်တစ်လုံး ရှိနေပြီး ထိုတောင်ထိပ်ပေါ်တွင် အမျိုးသမီးတစ်ယောက် ထိုင်နေသည်။ သူမ၏ပုံပန်းသွင်ပြင်က ဖန်ရှန်လုနှင့် ချွတ်ဆွတ် တူသည်။
ဤအခိုက်၌ သူမက ရုတ်တရက် မျက်လုံးဖွင့်လာကာ သူမ၏မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်လိုက်သည်။
သူမ၏မျက်ခုံးကြားမှ ခုနစ်ရောင်စုံအလင်း ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ လှိုဏ်ဂူလောကအတွင်းရှိ ဖန်ရှန်လု၏မျက်ခုံးနှစ်ခုကြားတွင်လည်း ခုနစ်ရောင်စုံအလင်း ပေါ်လာ၏။ ပြင်ပအားတစ်ခုက သူမ၏ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်လာသည့်အလား သူမအား တုန်ယင်သွားစေသည်။
ထိုစွမ်းအားကို အသုံးချကာ သူမ၏ရှေ့ရှိ ခုနစ်ရောင်စုံလက်ဝါးမှာ ရုတ်ချည်း ချဲ့ကားလာ၏။ ယင်းလက်ဝါးက ပေတစ်သိန်းလောက်ထိ ကြီးမားလာခြင်းပင်။ ထိုအခါ သူမတို့ကို ဝန်းရံထားပြီး ကြုံလာနေသော သလင်းမှာ ရုတ်တရက် ပျက်စီးသွားတော့သည်။
ထို့နောက်တွင် ယင်းလက်ဝါးသည် ခုနစ်ရောင်စုံတာအိုသခင်ထံ တန်းတန်းမတ်မတ် တိုးဝင်သွားလေသည်။
“ငါ့စွမ်းအားအားလုံး အသုံးပြုလိုက်ပြီ။ ငါ့ကို ခေါ်သွားပေးတော့…” ဖန်ရှန်လု၏မျက်လုံးမှာ မှိန်ဖျော့သွား၏။ ဝမ်လင်းက သူမကို တွဲခေါ်လိုက်သည်။ ဖျတ်ခနဲအတွင်း သူတို့က ပျောက်ကွယ်သွားပြီးနောက် ကီလိုမီတာနှစ်သန်းအကွာတွင် ပြန်ပေါ်လာကြသည်။
ဝမ်လင်း၏ရှေ့၌ သေမျိုးမြို့တစ်မြို့စာလောက် ကြီးမားသော ဧရာမသင်္ဘောကြီးတစ်စင်း ရှိနေ၏။ ယင်းမှာ ခရမ်းရောင်အတိပြီး၍ ခမ်းနည်းထည်ဝါလှသည်။ ထိုသင်္ဘောကို အကွာအကွယ်အလွှာလိုက် ဝန်းရံထားပြီး ပြင်းထန်သောဖိအားတစ်ခု ပေးစွမ်းနေသည်။
သင်္ဘောရွက်တိုင်က လေမတိုက်ပါဘဲ လှုပ်ရှားနေကာ ရွက်တိုင်ပေါ်၌ တစ္ဆေဆန်သော မျက်နှာတစ်ခု ရှိနေကာ တုန်လှုပ်ဖွယ်မြင်ကွင်းတစ်ခုကို ဖြစ်ပေါ်နေစေသည်။ ဝမ်လင်းနှင့် ဖန်ရှန်လုတို့က အကွာအကွယ်အလွှာများထံ တရှိန်ထိုး ဝင်လာ၏။ ဖန်ရှန်လု၏ ခန္ဓာကိုယ်က တောက်ပကာ မည်သည့်အကာအကွယ်အလွှာကမှ သူတို့ ဝင်ရောက်လာခြင်းကို တားဆီးခြင်း မပြုပေ။
ဝမ်လင်းက ခြေချလိုက်သည်နှင့် သူသည် ဖန်ရှန်လုကို မေးလိုက်၏။ “သူက ဘယ်သူလဲ…”
ထိုမေးခွန်း သူ့စိတ်ထဲ၌ ရှိနေခဲ့သည်မှာ ကြာမြင့်ခဲ့လေပြီ။