← Chapters

ဖန်ရှန်မင်

Vol. 127 Ch. 1746

ဖန်ရှန်မင်

Vol. 127 Ch. 1746

ဖန်ရှန်လု၏မျက်နှာမှာ သေလောက်အောင် ဖြူရောနေ၏။ သူမက ဝမ်လင်း၏အမေးကို မတုန့်ပြန်ပေ။ သူမက ကြိုးစားထိုင်ချလိုက်ပြီးနောက် သူမ၏ဒူးနှစ်ဖက်ပေါ်သို့ လက်နှစ်ဖက်တင်သည်။ သူမက မျက်လုံးမှိတ်၍ စတင်ကျင့်ကြံလေ၏။

သူမ၏ခန္ဓာကိုယ်ထံမှ ခုနစ်ရောင်စုံအလင်း တဖျတ်ဖျတ် လင်းလက်ကာ သူမ၏မျက်ခုံးနှစ်ခုကြားရှိ ထိုအလင်းမှာ အလွန်အမင်း တောက်ပလေသည်။ တဖြည်းဖြည်းဖြင့် သူမ၏မျက်ခုံးနှစ်ခုကြားတွင် ဝိုးတဝါးဝဲကတော့တစ်ခု ပေါ်လာ၏။ ယင်းဝဲကတော့ထံမှ ခုနစ်ရောင်စုံအလင်းသာမက အေးစက်စက်စွမ်းအင်တစ်ခုပါ ယှဉ်တွဲထွက်ပေါ်လာသည်။

ထိုအအေးစွမ်းအင်က သည်ကြီးမားသောသင်္ဘောထဲ၌ ပေါ်လာသည့်အခါ သင်္ဘောကုန်းပတ်သည် အေးခဲ၍ အဖြူရောင်မြူများ ပြန့်ကြဲသည်။ ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

သို့ပေမည့် ထိုအခိုက်တွင် ဖန်ရှန်လု၏မျက်နှာမှာ ရုတ်တရက် နီမြန်းလာပြီး သူမက သွေးအန်ထုတ်လိုက်သည်။ ထိုသွေးတို့က ရေခဲစက်များအဖြစ်သို့ ပြောင်းကာ ကုန်းပတ်ပေါ်သို့ ပြန့်ကြဲသွားသည်။

သိပ်မကြာခင်တွင် သူမ၏မျက်ခုံးနှစ်ခုကြားမှ ဝဲကတော့သည် ကြီးမားလာကာ စတင်လှည့်ပတ်သည်။ ဝမ်လင်း၏မျက်လုံးက တောက်ပနေ၏။ သူက ထိုဝဲကတော့အတွင်း၌ မျက်နှာတစ်ခု ပေါ်လာသည်ကို မြင်သည်။

ထိုမျက်နှာမှာ ဖန်ရှန်လု၏မျက်နှာနှင့် ချွတ်ဆွတ်နီးပါးတူကာ အလွန်လှ၍ ဆွဲဆောင်မှုအပြည့်ရှိသောမျက်နှာပင်။

ယင်းမျက်နှာ ပေါ်လာသည်နှင့် ဖန်ရှန်လုထံမှ နာကျင်ဟန် အမူအရာ ဖြစ်ပေါ်ကာ သူမ၏မျက်နှာပေါ်ရှိ သွေးကြောများ ဖောင်းကြွလာ၏။ သူမက မျက်လုံးဖွင့်လာသည်။ သူမ၏မျက်ခုံးနှစ်ခုကြားရှိ ဝဲကတော့သည် ပျက်စီးသွားသည်။ ဝဲကတော့က သူမ၏ဦးခေါင်းထဲ ပြန်ဝင်ရောက်လာ ၎င်းပေါ်ရှိ လှပသောမျက်နှာမှာလည်း ပျောက်ကွယ်သွားသည်။

ဖန်ရှန်လုထံမှ နာနာကျင်ကျင်အော်သံ ထွက်ပေါ်လာပြီးနောက် သူမက သွေးအန်ပြန်သည်။ သူမ၏လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေကာ ထပ်မံ၍ စတင် ကျင့်ကြံသည်။

ဝမ်လင်းက ထိုအရာများကို တွေ့မြင်သည့်အခါ သူ၏အမူအရာမှာ အတော်လေး အလေးအနက် ဖြစ်လာသည်။ သူက မသေချာသော်လည်း တချို့အရာများကို ဖြတ်မြင်လိုက်သည့်နှယ်။

စဉ်းစားနေရင်း ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ သည်သင်္ဘောတစ်ခုလုံးကို ခြုံလွှမ်းလိုက်သည်။ မကြာမီ သင်္ဘောတစ်ခုလုံးသည် သူ့စိတ်ထဲတွင် ပေါ်လာသည်။

ထိုသင်္ဘောမှာ အလွန်ကြီးမား၏။ ဝမ်လင်းသည်ပင် ၎င်းပေါ်၌ ရှိနေသော အတားအဆီးများမှာ ဆန်းပြားလှသည်ဟု ခံစားမိသည်။ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက် ကြည့်ရှုနေရင်း သူ တွေ့ရှိလိုက်သည်မှာ ဒီသင်္ဘာတစ်ခုလုံးနီးပါးက အတားအဆီးများဖြင့် တည်ဆောက်ထားခြင်းကိုပင်။ ထိုအခါ သူက တုန်လှုပ်သွားရသည်။ သူ၏အောက်ရှိ ကုန်းပတ်သည်ပင် အတားအဆီးများဖြင့် ပြုလုပ်ထားခြင်း ဖြစ်နေသည်။

သို့ဖြစ်၍ ဒီသင်္ဘောကို မဟာအတားအဆီးအစီအရင်တစ်ခုဟု ဆိုနိုင်၏။

ထိုအတားအဆီးများက တစ်လွှာချင်းထပ်နေကာ ချိုးဖျက်နိုင်ရန် အလွန်ခက်ခဲပေမည်။

ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်နေစဉ် ဒီအစီအရင်၏ အမြုတေကို သတိပြုမိသည်။ ၎င်းမှာ သင်္ဘောပေါ်ရှိ တစ္ဆောမျက်နှာဖြင့် ရွက်တိုင်ပင်။ ထိုမျက်နှာမှာ အသက်ဝင်နေသည့်အလား ဝမ်လင်းထံသို့ အကြည့်ရောက်နေ၏။

၎င်းသည် လုံးဝ တိတ်ဆိတ်နေသော်လည်း ဝမ်လင်းက ထိုမျက်နှာ၏ စိုက်ကြည့်ခြင်းကို ခံရသည့်အခါ သူက ကွယ်ဝှက်နေသော ငိုငြီးသံများကို ကြားလိုက်ရသလို သူ့စိတ်ထဲ၌ အော်သံများ ကြားလိုက်ရသလို ဖြစ်မိသည်။

ထိုအသံက သူ့စိတ်ကို ထွင်းဖောက်လာသဖြင့် သူ၏အမူအရာကိုပါ ပြောင်းလဲသွားစေသည်။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် မဆုတ်မိဘဲ မနေနိုင် ဖြစ်ရသည်။

“အချိန်အတားအဆီး၊ သေခြင်းရှင်ခြင်းအတားအဆီး၊ ရှေးစိတ်ဝိညာဉ်အတားအဆီး၊ ပျက်သုဉ်းခြင်းအတားအဆီး။  ဒီသင်္ဘောပေါ်မှာ အဲ့မဟာအတားအဆီးလေးခုလုံး ရှိနေတဲ့အပြင် ငါ လုံးဝ မမြင်ဖူးခဲ့တဲ့ အတားအဆီးတွေပါ ရှိလို့နေတယ်…”

“ဒီအတားအဆီးအားလုံးကို ကျွမ်းကျင်အောင်လုပ်ဖို့ လေ့လာဖို့ အချိန်ရခဲ့ရင် ငါဟာ ငါ့အတားအဆီးအနှစ်သာရရဲ့ အဆင့်ငယ်ပြီးပြည့်စုံမှုကိုတောင် ရောက်သွားနိုင်လောက်တယ်…”  ဝမ်လင်း၏မျက်လုံးထံမှ ထူးဆန်းသောအလင်း လှစ်ဟပေါ်၏။ သူ၏အတားအဆီး အသိပညာမှာ သာမန်ထက်ထူးကဲပေ၏။ သို့သော် ကံမကောင်းစွာဖြင့် သည်လှိုဏ်ဂူလောကရှိ အတားအဆီးအများစုမှာ မပြည့်စုံပေ။ သူက ဒီအတားအဆီးများကို အတင်းအကြပ် ဆင်ခြင်လျှင်ပင် အချိန်များစွာ ဖြုန်းတီးမိရုံသာမက အကျိုးသက်ရောက်မှုပါ သိပ်ရှိလိမ့်မည် မဟုတ်ပေ။

သို့သော် ခုချိန်ကမူ မတူပေ။ သည်သင်္ဘောပေါ်ရှိ အတားအဆီးများက ဝမ်လင်းအတွက် လမ်းသစ်တစ်ခု ဖွင့်ပေးခဲ့လေပြီ။ သူသာ ဉာဏ်အလင်း ရကာ ဒီအတားအဆီးများကို ဆင်ခြင်နိုင်ခဲ့ပါက အတားအဆီးအနှစ်သာရ ပေါ်လာဖို့ အခွင့်အရေးတစ်ခုပင် ရကောင်းရနိုင်သည်။

ဝမ်လင်းက ဒီနေရာရှိ အတားအဆီးများကို ခဏတာ လေ့လာပြီးနောက် သင်္ဘောအပြင်ဘက်တွင် တောက်ပသော ခုနစ်ရောင်စုံအလင်း ပေါ်လာပြီး ဒီဧရိယာတစ်ခုလုံးကို လင်းထင်းစေသည်။ ခုနစ်ရောင်စုံတာအိုသခင်က လှမ်းလျှောက်လာလေပြီ။

“ဒီသင်္ဘော…ငါ ဒါကို သိနေသလိုပဲ…”  တာအိုသခင်က သင်္ဘောကို ကြည့်ကာ သူ့စိတ်ထဲ၌ အတိတ်ကို ပြန်မြင်ယောင်မိ၏။ သို့သော် သူ မည်မျှ ကြိုးစားပါစေ သူသည် ဒီသင်္ဘောကို မည်သည့်နေရာတွင် မြင်ခဲ့ဖူးသည်ကို မမှတ်မိနိုင် ဖြစ်ရသည်။

“ငါ မှတ်ဉာဏ်တွေ မရသေးဘူး။ ဒါ့ကြောင့် ငါ တော်တော်များများကို မမှတ်မိနိုင်သေးဘူး…”  ခုနစ်ရောင်စုံတာအိုသခင်က ခဏတာ စဉ်းစားပြီးနောက် ခေါင်းယမ်းလိုက်၏။ ထို့နောက် သူက ညာလက်ကို ဝေ့ယမ်းလိုက်သည်။

ကျယ်လောင်စွာ တုန်ဟည်းသံ ရုတ်တရက် ပဲ့တင်ထပ်၏။

သင်္ဘောကုန်းပတ်မှာ  အပြင်းအထန် တုန်ခါလာပြီး အပြင်ဘက်မှ ခပ်အုပ်အုပ်အသံ ထွက်ပေါ်သည်။ ဝမ်လင်းက အကွာအကွယ်အလွှာများကို ဖြတ်၍ ကြည့်လိုက်၏။ သူက ခုနစ်ရောင်စုံအလင်းများကြား၌ တည်ငြိမ်နေသော တာအိုသခင်ကို တွေ့မြင်လိုက်သည်။

ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်လာပြန်သည်။ ကုန်းပတ်က တုန်ခါနေရင်း အကာအကွယ်အလွှာရှိ အပြင်ဘက်ဆုံးမှာ ပျက်စီးသည်။ ထိုပျက်စီးအားက သင်္ဘောကို နောက်ဘက် ပေရာချီထိ ဆုတ်သွားစေသည်။

“ဒီသင်္ဘောရဲ့ အတားအဆီးတွေဟာ အစွမ်းထက်ပေမယ့်လည်း နှစ်ဆယ်ရာခိုင်နှုန်းသာ အသက်ဝင်သေးတယ်။ ဒီလောက်နဲ့ ခုနစ်ရောင်စုံတာအိုသခင်ကို မတားဆီးနိုင်မျာ ငါ စိုးမိတယ်…”  ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာ၏။ အခုက သေရေးရှင်ရေးအချိန်ပင်။ ခုနစ်ရောင်စုံတာအိုသခင်က အချို့အကြောင်းပြချက်များကြောင့် သူ့ကို သတ်ချင်မှ သတ်ပေလိမ့်မည်။ သို့သော် ဝမ်လင်းက လီကောင်း၏လေးနှင့်မြားကို ထုတ်ယူရတော့မည် ဖြစ်၏။

ဝမ်လင်းက လီကောင်း၏လေးကို ကောင်းကောင်း မကိုင်တွယ်နိုင်ပေ။ ထိုလေးကို အသုံးပြုရခြင်းက သူ့အတွက် များစွာ ဝန်ပိစေ၏။ ထိုလေးက ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူအားလုံးကိုမူ ဖိနှိပ်နိုင်ပေ၏။ ပို၍ အရေးကြီးသည်မှာ သူက သူ့ဘဝကို တခြားသူများ၏ လက်ထဲသို့ ရောက်ခွင့် မပြုနိုင်ခြင်းပင်။ သူက သူ့ဘဝကို တခြားသူများက အတွေးတစ်ချက်ဖြင့် ထိန်းချုပ်မည်ကို မလိုချင်ပေ။

“သူ့မှာ စွမ်းအားအပြည့်အဝ ရှိနေခဲ့ရင်တောင် ဒီစိတ်ဝိညာဉ်ဖွေရှာသင်္ဘောက သူ့ကို နာရီပေါင်းများစွာ ဟန့်တားထားနိုင်တယ်…”

ထိုအခိုက်၌ ဝမ်လင်း၏နောက်မှ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာ၏။

ဖန်ရှန်လုက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာသည်။

“ဒီအတားအဆီးတွေက နှစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ အသက်ဝင်နေရင်တောင် သူဟာ အတိတ်တုန်းကနဲ့ မတူတော့ဘူး။ ဒါက သူ့ကို သုံးရက်တာ တားဆီးနိုင်တယ်…”

ဖန်ရှန်လုက အေးစက်စက် ပြောလိုက်၏။ သူမက အပြင်ဘက်ရှိ ခုနစ်ရောင်စုံတာအိုသခင်ကို ကြည့်လိုက်၏။ သူမ၏အကြည့်ထဲ၌ အေးစက်မှု အရိပ်အယောင် ပါဝင်နေ၏။ သူမ၏မျက်လုံးထဲ၌ အမုန်းတရားအရိပ်အယောင်လည်း ရှိနေသည်။

ဝမ်လင်းက ထိုအမျိုးသမီးထံ လှည့်ကြည့်၏။ အချိန်အတန်ကြာပြီးနောက် သူက ရုတ်တရက် ပြောလိုက်သည်။ “နင်က ဖန်ရှန်လု မဟုတ်ဘူး…”

ထိုအမျိုးသမီးက သင်္ဘောအပြင်ဘက်မှ သူမ၏အကြည့်ကို ပြန်ရုတ်သိမ်းကာ ဝမ်လင်းကို ကြည့်၏။ ခဏအကြာတွင် သူမ၏မျက်လုံးထဲတွင် လေးစားဟန် အရိပ်အမြွက် ဖြစ်ပေါ်ကာ ခေါင်းညိတ်သည်။

“နင်က တကယ်ပဲ ငါ့ညီမ အတူလက်တွဲ လုပ်ဖို့ ရွေးချယ်ခဲ့တာနဲ့ ထိုက်တန်တယ်။ ငါဟာ တကယ်ပဲ ဖန်ရှန်လု မဟုတ်ဘူး။ ငါဟာ သူ့အမ ဖန်ရှန်မင်ပဲ…”

ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွား၏။ သူက သူမကို သေချာ ကြည့်သည်။ သို့သော် စကားမဆိုပေ။

“နင် ငါ့ညီမရှိကနေ ငါ့ရဲ့ အဆင့်အတန်းကို သိသင့်တယ်။ ငါဟာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ တာအိုလက်တွဲဖော်ပဲ…” ထိုသို့ပြောရင်း သူမ၏ညာလက်ကို ပင့်မြှောက်ကာ ချိပ်ဟန်တစ်ခု ဖြစ်စေသည်။ သူမ၏လက်ထံမှ ခုနစ်ရောင်စုံအလင်း ထွက်ပေါ်လာကာ အပြင်ဘက်ရှိ အကာအကွယ်အရံအတားထံ ပျံသန်းသွားသည်။

၎င်းက အရံအတားနှင့် ပေါင်းစပ်သွားပြီးနောက် ဒီသင်္ဘောထံမှ အစွမ်းထက်အော်ရာ ထွက်ပေါ်လာကာ အရံအတားသည် ပို၍ အားကောင်းလာသည်။ အရံအတား အပြင်ဘက်မှ တုန်ဟည်းသံများမှာ လုံးဝနီးပါး ပိတ်ဆို့ခြင်း ခံရ၏။ ထိုအသံများက သူတို့နားထဲ ရောက်လာနိုင်ရုံမျှသာ ရှိတော့သည်။

“နင်ဟာ ငါ့ညီမနဲ့ အတူတူ ပူးပေါင်းလုပ်ဆောင်မှတော့ ငါ့အနေနဲ့ နင့်ကို ဘာမှ လျှို့ဝှက်ထားဖို့ မလိုတော့ဘူး။ အတိတ်တုန်းက နေကိုးစင်းထဲက နှစ်စင်းဖြစ်တဲ့ မဟာအင်ပါယာ တောက်ရီနဲ့ ရှေးနိုင်ငံတွေရဲ့ မဟာအင်ပါယာရွှမ်လောတို့ဟာ ငါတို့ တာအိုခုနစ်ခုကလန်နားမှာ ပေါ်လာခဲ့ကြတယ်။ သူတို့ရဲ့ စွမ်းအားဟာ မိုးလောက်ကြီးမားတယ်။ သူတို့ဟာ ရှေးနတ်ဘုရားကုန်းမြေက ပျံသန်းထွက်လာတဲ့ သိုလှောင်အပိုင်းအစတစ်ခုအတွက် တိုက်ခိုက်ခဲ့ကြတယ်…”

“ပုံမှန်ဆို ခုနစ်ရောင်စုံနဲ့ ငါက ဒီကိစ္စမှာ မပါဝင်နိုင်ဘူး။ ဘာအကျိုးအမြတ်မှလည်း ရလိမ့်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဆုံးသပ်မှာ ကံတရားက ငါတို့ကို မျက်နှာသာပေးခဲ့တယ်။ မဟာအင်ပါယာတောက်ရီနဲ့ ရွှမ်လောတို့ဟာ အဲ့အပိုင်းအစ ပျောက်နေတာကို သတိမပြုမိတာ ဘာကြောင့်လဲဆိုတာကို ခုထိ ငါ နားမလည်နိုင် ဖြစ်နေသေးတယ်…”

“အဲ့ ပျောက်နေတဲ့အပိုင်းအစဟာ ခုနစ်ရောင်စုံရဲ့ လက်ထဲ ကျရောက်ခဲ့တယ်။ အဲ့ဒီနောက် ငါဟာ သူ့ရဲ့ စိတ်ရင်းမှန်ကို မြင်ခဲ့ရတာပဲ။ အဲ့အော်ရာကို ဖုံးအုပ်ထားဖို့အတွက်နဲ့ ငါဟာ ငါ့ကျင့်ကြံမှုအဆင့်ကို လက်လွှတ်ပြီး ဒီအပိုင်းအစကို အပြည့်အဝ ဖိနှိပ်ခဲ့ပြီး တာအိုခုနစ်ခုကလန်ကို အမြန် ပြန်ချင်ခဲ့တယ်…”

“ဒါပေမဲ့ ပြန်တဲ့ခရီးစဉ်အတွင်း ခုနစ်ရောင်စုံဟာ ငါ့ကို အလစ်တိုက်ခိုက်ခဲ့တယ်။ သူက အဲ့အပိုင်းအစကို ဖိနှိပ်ဖို့ ငါ့ကျင့်ကြံမှုအပြည့်အဝကိုလည်း ယူဆောင်သိမ်းပိုက်ခဲ့တယ်။ အဲ့ဒီနောက် သူဟာ ငါ့စိတ်ဝိညာဉ်ကို ဖျက်စီးခဲ့တယ်။ ဒါပေမဲ့ သူဟာ အဲ့သတင်း ပျံ့သွားမှာကိုလည်း ကြောက်နေခဲ့တာကြောင့် ငါ့ကို သတ်ချင်ခဲ့တာ…”

“ဒါ့အပြင် သူဟာ ဒီအပိုင်းအစကို ဖွင့်လှစ်နိုင်ဖို့ ငါ့ကျင့်ကြံမှုကို အသုံးပြုဖို့လည်း လိုအပ်ခဲ့တယ်။ တကယ်တော့ အဲ့အစိတ်အပိုင်းဟာ ရှေးနတ်ဘုရားကုန်းမြေကနေ ရောက်လာခဲ့တာ။ ဒါ့ကြောင့် ဒီဟာက ဖွင့်လှစ်ဖို့ အလွန်ခက်ခဲလှတယ်…”

“ဒါပေမဲ့ ငါ မသေခဲ့ဘူး။ ငါဟာ မဟာစိတ်ဝိညာဉ်ကလန်ရဲ့ ပင်မတပည့်တစ်ယောက်ပဲ။ ဒါ့ကြောင့် ငါ့စိတ်ဝိညာဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဟာ ငါ့ဆရာရှိမှာ ရှိနေခဲ့တယ်။ ဆရာက မဟာပြန်လည်မွေးဖွားခြင်းမန္တာန်ကို အသုံးပြုပြီး ငါ့ကို မြန်မြန်ဆန်ဆန် ပြန်မွေးဖွားစေခဲ့တယ်…”

“တာအိုခုနစ်ခုကလန်မှာလည်း ငါ့အမိန့်ကို နားထောင်တဲ့ သူတွေ ရှိကြတယ်။ အထူးသဖြင့် ငါ့ညီမပဲ။ ငါဟာ ဆရာရဲ့ မန္တာန်ကို အသုံးပြုပြီး ငါ့ညီမကို အရာအားလုံး ပြောပြနိုင်ခဲ့တယ်။ အဲ့ဒါကြောင့် စစ်ပွဲဟာ စတင်ခဲ့တာပဲ…” ထိုအမျိုးသမီးက အတိတ်ကအကြောင်းကို ဖြည်းဖြည်းချင်း ပြောပြနေ၏။

“သူက ဒီအစိတ်အပိုင်းကို ဖွင့်လှစ်ပြီး အတွင်းက အရာကို အရယူမှာ ငါ သိတယ်။ ဒါ့အပြင် သူက ယဲ့မိုကို ဖြားယောင်းပြီး တာအိုခုနစ်ခုကလန်မှာ ချိပ်ပိတ်ခဲ့တာကိုလည်း ငါ သိထားတယ်။ ဒါပေမဲ့ ငါက သူ့ကို အောင်မြင်ခွင့် ဘယ်ပေးနိုင်ပါ့မလဲ။ ငါဟာ ဒီသတင်းတွေကို ငါ့အလှအပေါ် စိတ်ဝင်စားနေတဲ့ လျန်တောက်ဖေရှိ ပြောပြပြီး သူ့ကို တာအိုခုနစ်ခုကလန်ကို လာရောက်ဖို့ ဖြားယောင်းခဲ့တယ်…”

“ငါ့ညီမနဲ့ ဆက်သွယ်မှုနဲ့ သူ့ရဲ့ ကိုယ်လုပ်တော်အများစုဟာလည်း အညံ့ခံခဲ့ပြီး တာအိုခုနစ်ခုကလန်ရဲ့ တပည့်တွေဟာ နှစ်ပိုင်းကွဲခဲ့ကြတယ်။ ဒါဟာ ဒီလှိုဏ်ဂူလောကရဲ့ အတွင်းနဲ့အပြင်နယ်မြေ ဘယ်လိုဘယ်ပုံ ဖြစ်လာလဲ ဆိုတာပဲ…” ထိုနေရာ၌ သည်အမျိုးသမီးက ဝမ်လင်းကို ကြည့်လိုက်သည်။

ဝမ်လင်း၏အမူအရာမှာ ပြောင်းလဲမသွားပေ။ သူက အများစုကို ကြိုခန့်မှန်းမိပြီးသား ဖြစ်၏။ ခုချိန်ထိပင် သူက သူမ၏စကားအချို့ကိုသာ ယုံကြည်ပေသည်။ သူမ မပြောပြသွားသော ကိစ္စများလည်း ရှိနေသေး၏။ သူမက အပြည့်အစုံ ပြောပြသည့်ပုံပေါ်သော်လည်း အချို့ကိစ္စရပ်များ ကျန်ရှိနေဆဲပင်။

ငြိမ်သက်စွာ စဉ်းစားနေပြီးနောက် ဝမ်လင်းက ဖြည်းဖြည်းချင် မေးလိုက်၏။ “ရှေးနတ်ဘုရားကုန်းမြေဟာ ဘယ်လို နေရာမျိုးလဲ…”

“အင်မောတယ်ကောင်းကင်ဘုံနယ်မြေမှာ ဆိုရိုးစကားတစ်ခု ရှိတယ်။ အဲ့တာက ရှေးနတ်ဘုရားကုန်းမြေဟာ ကိုးကြိမ်တိုင် ဖွင့်လှစ်လိမ့်မယ်တဲ့။ တစ်ကြိမ် ဖွင့်လှစ်တိုင်းမှာလည်း လူတစ်ယောက်ဟာ ကံကောင်းမှုတစ်ခု ရပြီး မဟာအင်ပါယာ ဖြစ်လာလိမ့်မယ်။ အခုထိဆို ဒီရှေးပဝေသဏိနတ်ဘုရားကုန်းမြေဟာ ကိုးကြိမ်တိုင် ဖွင့်လှစ်ပြီးခဲ့ပြီး တကယ်ပဲ မဟာအင်ပါယာကိုးယောက်(နေကိုးစင်း) ရှိလာခဲ့ပြီ…”

“ဆယ်စင်းမြောက်နေမင်းကတော့ ဆယ်ကြိမ်မြောက် ဖွင့်လှစ်တဲ့အခါကျရင် ပေါ်လာနိုင်တယ်…”

“ရှေးနတ်ဘုရားကုန်းမြေအကြောင်းတော့ ငါ သေချာ မသိဘူး…”

“ဒီခုနစ်ရောင်စုံက အတိတ်တုန်းကနဲ့ မတူတော့ဘူးလို့ နင် ပြောခဲ့တယ်မလား။ အဲ့အတွက် ငါ အဖြေတစ်ခု လိုတယ်…”  ဝမ်လင်း၏မျက်လုံးသည် အရောင်တောက်နေ၏။ သူက သင်္ဘောပတ်လည်ရှိ အကွာအကွယ်ကို တိုက်ခိုက်နေသော ဝိုးတဝါးပုံရိပ်ကို မြင်၏။

ထိုအမျိုးသမီးက အနည်းငယ် စဉ်းစားပြီးနောက် ရုတ်တရက် ပြောလာ၏။ “သူဟာ မပြည့်စုံသေးဘူး…”

“သူ ယဲ့မိုကို သတ်ဖို့ လီကောင်းရဲ့လေးကို ဘယ်လိုရလာခဲ့လဲတော့ ငါ မသိဘူး။ ဒါပေမဲ့ ငါ လျန်တောက်ဖေကို ဒီလှိုဏ်ဂူထဲ ဘယ်လိုချိုးဖျက်ဝင်ရမလဲ ပြောခဲ့တဲ့နောက် ကြမ်းတမ်းလှတဲ့ တိုက်ပွဲ ဖြစ်ခဲ့တာကိုတော့ ငါ သိထားတယ်…”

“ဒီတိုက်ပွဲဟာ ယဲ့မို သေဆုံးပြီး သိပ်မကြာခင်၊ ခုနစ်ရောင်စုံက သူ့ဒဏ်ရာတွေကြောင့် တံခါးပိတ်ကျင့်ကြံနေတဲ့အချိန်၊ အစိတ်အပိုင်းကနေ သူ တစ်ခုခုရဖို့ လေ့လာနေတဲ့အချိန်မှာ ဖြစ်ခဲ့တာပဲ။ အဲ့နောက်ပိုင်းမှာတော့ ငါဟာ ဒီအစိတ်အပိုင်းထဲမှာ ကောင်းကင်ဘုံတာအို ရှိနေတာကို သိရှိခဲ့ရတယ်…”

All Chapters