← Chapters

စိတ်ဝိညာဉ်သုံးခု၊ အစိတ်အပိုင်းခုနစ်ခု

Vol. 127 Ch. 1747

စိတ်ဝိညာဉ်သုံးခု၊ အစိတ်အပိုင်းခုနစ်ခု

Vol. 127 Ch. 1747

“အဲ့တိုက်ပွဲကို ငါ ကိုယ်တိုင်တော့ မမြင်ခဲ့ရဘူး။ အရာအားလုံးကို ငါ့ညီမရဲ့ မှတ်ဉာဏ်ကနေ သိခဲ့တာ။ လျန်တောက်ဖေဟာ တကယ်ပဲ အစွမ်းထက်လှတယ်။ သူဟာ ဗိုလ်ချုပ်လေးယောက်နဲ့ တာအိုခုနစ်ခုကလန်ရဲ့ တပည့်များစွာကို အေးအေးဆေးဆေး တိုက်ခိုက်ခဲ့တယ်…”

“သာလွန်ခွန်အားနဲ့ သူဟာ သူတို့အားလုံးကို ဒဏ်ရာ အပြင်းအထန် ရစေခဲ့တယ်။ ပြီးတော့ အဲ့အချိန်ဟာ ငါ့ညီမနဲ့ ကိုယ်လုပ်တော်တွေက ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူကို ပုန်ကန်ပြီး လျန်တောက်ဖေနဲ့အတူတူ တိုက်ခိုက်ခဲ့ကြတယ်…”

“အဲ့လိုပရမ်းပတာ ဖြစ်နေခဲ့တဲ့ အချိန်မှာ လျန်တောက်ဖေဟာ အားလုံးကို ကျော်ဖြတ် ပျံသန်းလာပြီး ခုနစ်ရောင်စုံ တံခါးပိတ်ကျင့်ကြံနေတဲ့ နေရာဆီ သွားရောက်ခဲ့တယ်။ သူက ခုနစ်ရောင်စုံကို အတင်းအကြပ် ထွက်လာစေပြီး သူနဲ့ တိုက်ခိုက်စေတယ်…”

“အဲ့တိုက်ပွဲဟာ အရမ်းပြင်းထန်ခဲ့တယ်။ ခုနစ်ရောင်စုံဟာ ဒဏ်ရာရထားပြီး ဖြစ်တယ်။ ဒါ့ကြောင့် သူဟာ မယှဉ်နိုင်ခဲ့ဘူး။ သူက လှိုဏ်ဂူလောကထဲမှာ သိုလှောင်ထားတဲ့ ကောင်းကင်ဘုံတာအိုကို ဆင့်ခေါ်ခဲ့ပြီး ၎င်းရဲ့ ဝါးမြိုခြင်းစွမ်းအင်ကို အသုံးပြုပြီး လျန်တောက်ဖေကို ရင်ဆိုင်ခဲ့တာပဲ…”

“အဆုံးသပ်မှာ လျန်တောက်ဖေဟာ ဒဏ်ရာအပြင်းအထန် ရခဲ့ပြီး ကောင်းကင်ဘုံတာအိုရဲ့ ဝါးမြိုခြင်း ခံခဲ့ရတယ်။ အဲ့ဒီနောက် သူ ဘယ်လိုဖြစ်သွားလဲတော့ မသိရတော့ဘူး။ ဒါပေမဲ့ သူ့ရဲ့ အင်မောတယ်ကောင်းကင်ဘုံခန္ဓာကိုယ်ကြောင့် သူ မသေနိုင်ဘူး။ ဒါ့ကြောင့် သူဟာ ဒီလှိုဏ်ဂူလောကထဲမှာ ရှိနေတုန်းပဲ နေမှာ…”

“အဲ့လိုပဲ ကောင်းကင်ဘုံတာအိုဟာ ဒဏ်ရာအပြင်းအထန် ရခဲ့ပြီး သေဆုံးသွားခဲ့တယ်။ ၎င်းရဲ့ မရေမတွက်နိုင်တဲ့ သွေးစက်တွေဟာ ဒီလှိုဏ်ဂူလောကအနှံ့ ပြန့်ကြဲပြီး တဖြည်းဖြည်း လွင့်ပါး ပျောက်ကွယ်သွားခဲ့တယ်။ ဒါပေမဲ့ ဒီလှိုဏ်ဂူလောကမှာ သက်ရှိတွေ ဆက်လက် မွေးဖွားနေတယ်ဆိုတဲ့ အချက်ကို ကြည့်ရင် ဒီကောင်းကင်ဘုံတာအိုဟာ အမှန်တကယ် သေသွားခဲ့တာ မဟုတ်ဘူးလို့ ပြောနိုင်တယ်…”

“ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ ခန္ဓာကိုယ်ဟာ ပျက်စီးသွားခဲ့ပြီး အဓိကစိတ်ဝိညာဉ်သုံးခုအဖြစ် ကွဲထွက်သွားခဲ့တယ်။ သူတို့ထဲက တစ်ယောက်မှာ သူ့ရဲ့ မန္တာန်နဲ့ တာအိုတွေ ပါဝင်ပြီး အခု ဒီသင်္ဘောအပြင်ဘက်က ခုနစ်ရောင်စုံတာအိုသခင် ဖြစ်လာခဲ့တာပဲ…”

“နောက်တစ်ယောက်ကတော့ သူ့ရဲ့ နားလည်မှုနဲ့ အနှစ်သာရတွေ ပိုင်ဆိုင်ခဲ့တယ်။ သူဟာ ကြီးမားတဲ့ တိုက်ပွဲပြီးတဲ့နောက် လွတ်မြောက်လာခဲ့ပြီး အတွင်းနယ်မြေမှာ တည်ရှိတယ်…”

“နောက်ဆုံးစိတ်ဝိညာဉ်မှာတော့ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ မှတ်ဉာဏ်တွေ ပါဝင်တယ်။ အဲ့မှတ်ဉာဏ်တွေထဲမှာ ကောင်းကင်ဘုံတာအိုကို ဘယ်လို ဆင့်ခေါ်မလဲဆိုတာရယ်၊ သူ အပိုင်းအစရှိကနေ ရခဲ့တဲ့ လျှို့ဝှက်ချက်ကို ဖွက်ထားတဲ့ နေရာလည်း ပါဝင်တယ်…”

“နောက်ဆုံးစိတ်ဝိညာဉ်မှာက အနှစ်သာရတွေ၊ မန္တာန်တွေ မပိုင်ဆိုင်ထားဘူး။ ခုချိန်ထိ အဲ့နောက်ဆုံးစိတ်ဝိညာဉ် ဘယ်နေရာမှာလဲဆိုတာ ဘယ်သူမှ မသိကြသေးဘူး။ သူဟာ ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်ချင်ဖြစ်မယ်။ သေမျိုးတစ်ယော်ကလည်း ဖြစ်နိုင်တယ်။ သားရဲတစ်ကောင်လည်း ဖြစ်နိုင်တယ်။ မရေမတွက်နိုင်တဲ့ ပြန်လည်မွေးဖွားခြင်းတွေကြောင့် သူဟာ သူ့ကိုယ်သူ ဘယ်သူလဲဆိုတာပါ မေ့သွားတာ ဖြစ်နိုင်တယ်။ သူ့မှတ်ဉာဏ်တွေ မနိုးထလာသေးတာပါ ဖြစ်နိုင်တယ်…”

“မန္တာန်တွေကို အမွေဆက်ခံခဲ့တဲ့ စိတ်ဝိညာဉ်ဟာ အခုအပြင်ဘက်မှာ ရှိနေတဲ့ ခုနစ်ရောင်စုံတာအိုသခင်ပဲ။ သူဟာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ စိတ်ဝိညာဉ်သုံးခုထဲမှာ အစွမ်းထက်ဆုံးလည်း ဟုတ်တယ်။ သူဟာ ကိုယ်လုပ်တော်တွေကို သူ့အတွက် အလုပ်လုပ်ပေးဖို့ အတင်းအကြပ် လုပ်နိုင်ခဲ့တယ်။ သူဟာ လျန်တောက်ဖေရဲ့ အစေခံကိုပါ ခေါ်ပြီး သူ့လက်အောက်မှာ ခိုင်းစေခဲ့တယ်။ အဲ့နောက်မှာ သူဟာ ပြင်ပနယ်မြေကို သေချာစီမံခဲ့တာပဲ။ သူဟာ တတိယမြောက်စိတ်ဝိညာဉ်ကို ရှာဖွေနေတာလည်း နှစ်ပေါင်းများစွာ ကြာနေခဲ့ပြီ…”

“သူဟာ တဖြည်းဖြည်းနဲ့ သူ့ကိုယ်ပိုင် စိတ်ဆန္ဒ ရရှိလာခဲ့တယ်။ သူဟာ တတိယမြောက်စိတ်ဝိညာဉ်ကို ရှာဖွေပြီး ၎င်းကို ဝါးမြိုပြီးရင် အနှစ်သာရတွေိကို အမွေဆက်ခံရထားတဲ့ ဒုတိယမြောက်စိတ်ဝိညာဉ်ကို ဝါးမြိုလိမ့်မယ်။ အဲ့ဒီနောက် သူဟာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူသစ် ဖြစ်လာလိမ့်မယ်…”

“အလားတူပဲ အတွင်းနယ်မြေထဲက ဒုတိယမြောက်စိတ်ဝိညာဉ်ဟာလည်း တတိယမြောက်စိတ်ဝိညာဉ်ကို ရှာဖွေနေခဲ့တာ။ သူတို့နှစ်ယောက်ထဲက တတိယမြောက်စိတ်ဝိညာဉ်ကို အရင်ရတဲ့သူဟာ အနိုင်ရသူ ဖြစ်လာလိမ့်မယ်…”

“တတိယမြောက်စိတ်ဝိညာဉ်မှာ မှတ်ဉာဏ်တွေ ပါဝင်တဲ့အတွက်ကြောင့် ဒီတတိယမြောက်စိတ်ဝိညာဉ်ကို ပေါင်းစပ်ခြင်းမရှိဘဲနဲ့ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ဝါးမြိုဖို့ မဖြစ်နိုင်ဘူး။ ဒါ့ကြောင့် ခုနစ်ရောင်စုံတာအိုသခင်နဲ့ ဒုတိယစိတ်ဝိညာဉ်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် မဝါးမြိုနိုင်ကြဘူး…” “သူတို့သာမက ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ ပြန့်ကြဲသွားတဲ့ တခြားအစိတ်အပိုင်းတွေဟာလည်း တစ်ခုနဲ့တစ်ခု မဝါးမြိုနိုင်ကြဘူး…”

“ခုနစ်ရောင်စုံအုပ်စိုးသူ သေသွားခဲ့တဲ့အချိန်တုန်းက အဓိကစိတ်ဝိညာဉ်သုံးခုအပြင် အစိတ်အပိုင်းခုနစ်ခုလည်း ရှိသေးတယ်။ ဒီအစိတ်အပိုင်းတွေဟာ နှစ်ပေါင်းများစွာ သံသရာစက်ဝန်းတွေ ဖြတ်သန်းပြီးတဲ့နောက် အဆင့်အတန်းပုံရိပ်အသီးသီး ဖြစ်လာကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ စိတ်ဝိညာဉ်တွေကိုတော့ ခုနစ်ရောင်စုံက ပိုင်ဆိုင်တယ်…”

“ခုနစ်ရောင်စုံတာအိုသခင်နဲ့ ဒုတိယမြောက်စိတ်ဝိညာဉ်တို့ဟာ ဒီအစိတ်အပိုင်းခုနစ်ခုကို လစ်လျူရှုထားကြတယ်။ သူတို့က ဒီအစိတ်အပိုင်းခုနစ်ခုကို ရှာတွေ့နိုင်ခဲ့ရင်တောင် မဝါးမြိုနိုင်တဲ့အတွက် သူတို့ဘာသာ ကျင့်ကြံခွင့် ပြုထားကြတယ်။ သူတို့နှစ်ယောက်က တတိယမြောက်စိတ်ဝိညာဉ်ကို ရှာတွေ့ပြီး တခြားတစ်ယောက်ကို ဝါးမြိုပြီးတဲ့အခါကျမှ ကျန်တဲ့ အစိတ်အပိုင်းခုနစ်ခုဟာ သူတို့ရှိ ပြန်ရောက်လာပြီး ပြီးပြည့်စုံတဲ့ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ တဖန် ပြန်ဖြစ်လာလိမ့်မယ်…”

“ဒါဟာ ဒီလှိုဏ်ဂူလောကရဲ့ လျှို့ဝှက်ချက်အကုန်အစင်ပဲ ဖြစ်တယ်…”

ဝမ်လင်း၏စိတ်ထဲ၌ လှိုင်းထန်နေ၏။ အစောပိုင်းတုန်းက ဝမ်လင်းသည် ထိုအမျိုးသမီး အင်မောတယ်ကောင်းကင်ဘုံနယ်မြေနှင့် ပတ်သတ်၍ ပြောခဲ့စဉ်က သူသည် တည်ငြိမ်စွာ ရှိနေနိုင်သေးသည်။ သို့သော် အရာအားလုံးကို ကြားလိုက်ရပြီးနောက် သူက အသက်ဝဝရှိုက်သွင်းမိလိုက်၏။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိကာ သူ၏အမူအရာမှာ မြန်ဆန်စွာ ပြောင်းလဲနေသည်။

နောက်ဆုံးတွင်တော့ သူသည် တတိယသူက မည်သည့်အရာဖြစ်သည်ကို သိလာခဲ့ပေပြီ။

နောက်ဆုံးတွင်တော့ သူသည် ခုနစ်ရောင်စုံတာအိုသခင်နှင့် သူ ရရှိခဲ့သော ခုနစ်ရောင်စုံရုပ်တုတို့မှာ ကွဲပြားသည်ကို သိရှိခဲပေပြီ။

နောက်ဆုံးတွင်တော့ သူ့သိုလှောင်နေရာလွတ်ထဲ၌ ရှိနေသော ငွေရောင်အမျိုးသမီး ပြောခဲ့သော သူမ တံခါးကို မဖွင့်လှစ်ခဲ့ဟူသည့် စကား၏ အဓိပ္ပာယ်ကို သိလာခဲ့ပေပြီ။ ထိုတံခါးမှာ ဒီလှိုဏ်ဂူလောကသို့ ဝင်ရောက်နိုင်မည့် တံခါးပင် ဖြစ်ရပေမည်။

တစ်စုံတစ်ယောက်က သည်တံခါးကို ဖွင့်လှစ်ခဲ့ခြင်း မဟုတ်လောက်ပေ။ သို့သော် သူ့ရှေ့ရှိ ထိုအမျိုးသမီးက အရူးကို တံခါးအား မည်သို့မည်ပုံ ဖွင့်လှစ်ရမည်ဟု အရူး(လျန်တောက်ဖေ)ကို ပြောပြခဲ့ခြင်းပင်။

သူ မတွဲစပ်မိသော တခြားအရာများလည်း ရှိနေနိုင်သေး၏။ သို့သော် ဝမ်လင်းက ၎င်းအခြင်းအရာတို့ကို သူကိုယ်တိုင် မြင်ခဲ့ရခြင်း မဟုတ်ပေ။ ထို့ကြောင့် သူက ထိုအမျိုးသမီး ပြောခဲ့သော အကြောင်းအရာပေါ် အခြေခံ၍ ဖြစ်ပျက်ခဲ့သည်ကို စိတ်ကူးကြည့်ခဲ့ခြင်းသာ။

အချက်အလက်များက အနည်းငယ် ကွဲလွဲနေတာ ဖြစ်နေနိုင်၏။ သို့သော် သူ စိတ်ကူးကြည့်သလို အမှန်တကယ် ဖြစ်ပျက်ခဲ့သည်ဟု ယူဆနိုင်ပေသည်။

“စိတ်ဝိညာဉ်သုံးခု၊ အစိတ်အပိုင်းခုနစ်ခု။ ဒီတော့ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူဟာ စိတ်ဝိညာဉ်သုံးခုနဲ့ အစိတ်အပိုင်းခုနစ်ခုအဖြစ် ပြောင်းလဲခဲ့တာပေါ့။ အုပ်စိုးသူကလည်း တစ္ဆေအိုကြီးကျန့်နဲ့ တိမ်ပင်လယ်မှာ တွေ့ခဲ့တဲ့အချိန်တုန်းက မင်းဟာ သေသင့်ခဲ့တာလို့ ပြောခဲ့ဖူးသေးတယ်။ အုပ်စိုးသူရဲ့ တုန်လှုပ်မှုဟာ ဟန်ဆောင်ခဲ့တဲ့ပုံ မပေါ်ဘူး…” “ဒါ့အပြင် တောက်ပသောလေဟာနယ်ရဲ့ ခုနစ်ရောင်စုံနယ်မြေထဲမှ ငါ စီနီယာအစ်ကို ချင်းရွှေကို သွားကယ်တင်ခဲ့တုန်းက ခုနစ်ရောင်စုံတာအိုသခင် ပေါ်လာခဲ့သေးတယ်။ သူက တစ္ဆေအိုကြီးကျန့်ကို လေးစားတဲ့ပုံ ပေါ်တယ်…”

“သူ ပြောခဲ့တာက တစ္ဆေအိုကြီးကျန့်ဟာ ကွဲပြားတယ်တဲ့။ ဒီတော့ တစ္ဆေအိုကြီးကျန့်ဟာ ဒုတိယမြောက်စိတ်ဝိညာဉ် ဖြစ်နိုင်လား…”

“အဲ့လိုဆိုရင်တော့ သူဟာ ခုနစ်ရောင်စုံတာအိုသခင်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်တဲ့ အရည်အချင်း ရှိလိမ့်မယ်။ ဒါမှမဟုတ် တစ္ဆေအိုကြီးကျန့်ရဲ့ ကိုယ်တွင်းမှာ တခြားစိတ်ဝိညာဉ်တစ်ခု ရှိနေတာများလား။ အဲ့စိတ်ဝိညာဉ်ဟာ ဒုတိယမြောက်စိတ်ဝိညာဉ် ဖြစ်ရမယ်…”

“အတွင်းနဲ့အပြင်နယ်မြေတို့ကြား စစ်ပွဲတွေ ဆက်တိုက် ဖြစ်နေခဲ့တာဟာ တစ္ဆေအိုကြီးကျန့်နဲ့ ခုနစ်ရောင်စုံတာအိုသခင်တို့ကြောင့် ဖြစ်ရမယ်။ သူတို့ဟာ အတောမသပ်နိုင်တဲ့ သတ်ဖြတ်မှုတွေအောက်မှာ တတိယမြောက်စိတ်ဝိညာဉ်ကို ရှာဖွေဖို့ ကြိုးစားနေခဲ့ကြတာပဲ…”

“ဆိုတော့ ဒီတတိယမြောက်စိတ်ဝိညာဉ်ဟာ ဘယ်သူလဲ…”  ဝမ်လင်း၏စိတ်သည် တုန်ယင်နေ၏။ ထိုအမျိုးသမီးထံမှ ကြားခဲ့ရသော စကားများကြောင့် ဝမ်လင်းသည် သူ့စိတ်ထဲရှိ မြူလွှာတို့ကို ဖယ်ရှားပြီး အမှန်တရားကို မြင်နေရလေပြီ။

“အစိတ်အပိုင်းခုနစ်ခုလည်း ရှိသေးတယ်။ အတိတ်တုန်းက တောက်ပသောလေဟာနယ်ရဲ့ ခုနစ်ရောင်စုံနယ်မြေမှာ ခုနစ်ရောင်စုံတာအိုသခင်က ချင်းရွှေကို ကြည့််ခဲ့တဲ့အကြည့်က သူ့ကိုယ်သူ ပြန်ကြည့်သလိုမျိုး ဖြစ်နေတာကို ငါ သတိပြုမိခဲ့တယ်။ အဲ့အချိန်တုန်းကတော့ ဒါဟာ ထူးဆန်းနေတယ်လို့ ငါ ထင်ခဲ့တယ်။ ဒါပေမဲ့ ငါ အဖြေမရခဲ့ဘူး။ ဒါပေမဲ့လည်း ခုချိန်မှာတော့ အဖြေဟာ ထင်ရှားလာခဲ့ပြီ…”

“စီနီယာအစ်ကိုချင်းရွှေဟာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ အစိတ်အပိုင်းခုနစ်ခုထဲက တစ်ခု ဖြစ်လိမ့်မယ်။ သူ့ဘဝဟာ ဆိုးဝါးဆုတ်ပြတ်နေတာ အံ့အားသင့်စရာ မရှိတော့ဘူး။ သူဟာ သတ်ဖြတ်ခြင်းအနှစ်သာရကို ရရှိနိုင်ခဲ့တာ အံ့အားသင့်စရာ မရှိတော့ဘူး။ သူဟာ တတိယအဆင့်ကို ဝင်ရောက်လာချင်းချင်း အစွမ်းထက်နေတာလည်း အံ့အားသင့်စရာ မရှိတော့ဘူး…”

“ဒီအစိတ်အပိုင်းခုနစ်ခုထဲမှာ ငါ သိတာဆိုလို့ ချင်းရွှေပဲ ရှိတယ်။ ကျန်တဲ့ ခြောက်ခုကတော့ ဘယ်သူတွေများလဲ။ ငါ ဝမ်လင်းကလည်း ဒီအစိတ်အပိုင်းတွေက တစ်ခုများ ဖြစ်နေနိုင်လား…”  ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ သူ၏မျက်လုံးထဲတွင် အေးစက်မှု ပေါ်လာသည်။

“ငါ့ပန်းတိုင်ဟာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူကို သတ်ဖို့ပဲ။ သူ့ကို သတ်မှသာ ငါဟာ သူ့အပေါ် အမုန်းတရားကို ဖယ်ရှားနိုင်လိမ့်မယ်။ ငါတို့ရဲ့ ရည်ရွယ်ချက်ဟာ အတူတူပဲ။ ဒါဟာ ငါတို့နှစ်ယောက်လုံးအတွက် အဆင်ပြေစေတယ်…”

“အင်မောတယ်ကောင်းကင်ဘုံနယ်မြေရဲ့ ပြစ်ဒဏ်ကို လျှော့ချပေးဖို့ ငါ ငါ့ဆရာကို တောင်းဆိုပေးမယ်။ အဲ့ဒီခုနစ်ရောင်စုံ သေသွားရင် ပြီးရော။ ငါ တာအိုခုနစ်ခုကလန်ကိုလည်း မလိုချင်ဘူး။ အားလုံး နင့်အပိုင်ပဲ…”

“ဒီလှိုဏ်ဂူလောကရဲ့ တခြားသူတွေကတော့ သူတို့က ဒီနေရာကနေ မထွက်ခွာနိုင်ကြဘူး။ သူတို့ဟာ ပြစ်ဒဏ်အောက်မှာ ရှင်သန်နိုင်ကြမှာ မဟုတ်ဘူး။ ငါ့ဆရာတောင် ဒါကို ကူညီပေးနိုင်မှာ မဟုတ်ဘူး…”

“ဒါပေမဲ့ ငါ့မှာ တခြားနည်းလမ်းတစ်ခု ရှိနေသေးတယ်။ သူတို့ဟာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေကို ပုံမှန်အားဖြင့် မဝင်ရောက်နိုင်ကြပေမဲ့ သူတို့ဟာ အဲ့နေရာမှာ ပြန်လည်မွေးဖွားနိုင်တယ်။ ပြန်လည်မွေးဖွားခြင်းနည်းလမ်းကို အသုံးပြုပြီး သူတို့ရဲ့ စိတ်ဝိညာဉ်တွေဟာ နင့်နောက်ကနေ လိုက်ပါပြီး အင်မောတယ်ကောင်းကင်ဘုံနယ်မြေကို ဝင်ရောက်နိုင်လိမ့်မယ်။ သူတို့ရဲ့ မှတ်ဉာဏ်တွေ နိုးထလာတဲ့အခါကျမှ နင်ဟာ သူတို့ကို ရှာနိုင်တယ်…”

“ဒါ ငါ တွေးမိတဲ့ အကောင်းဆုံး နည်းလမ်းပဲ…”

ဝမ်လင်းသည် အချိန်အတန်ကြာ ငြိမ်သက်စွာ စဉ်းစားနေ၏။ သူက စဉ်းစားနေလျက် ထိုအမျိုးသမီးထံ မော့ကြည့်လိုက်သည်။

“ငါတို့ အတူတကွ လုပ်ဆောင်မယ်ဆိုရင်တောင် ခုနစ်ရောင်စုံတာအိုသခင်နဲ့ တစ္ဆေအိုကြီးကျန့်တို့ရဲ့ စွမ်းအားကို ငါတို့ မယှဉ်နိုင်ဘူး။ ငါတို့ သူတို့ကို ဘယ်လို သတ်ကြမလဲ…”

ဝမ်လင်း၏စကားကို ကြားသည့်အခါ ထိုအမျိုးသမီးက ရယ်၏။ ထိုအမျိုးသမီးက လှရက်ပြီးသားဟု ပြောနိုင်သည်။ သူမ ရယ်မောလိုက်သည့်အခါ ပန်းတစ်ပွင့် ဖူးပွင့်လာသည့်နှယ် ထင်ရ၏။

“ခုနစ်ရောင်စုံကို သတ်ဖို့ ငါ့မှာ နည်းလမ်းနှစ်ခု ရှိတယ်…”

“ကြီးမားတဲ့စစ်ပွဲအတွင်း ဒီလှိုဏ်ဂူလောကထဲမှာ အပျက်အစီးတွေ ကျန်ခဲ့တာနဲ့ မရေမတွက်နိုင်တဲ့ ချိပ်ပိတ်မှုတွေ ဒီလှိုဏ်ဂူလောကပေါ်မှာ ရှိတဲ့အတွက်ကြောင့် ငါဟာ လူကိုယ်တိုင် ဒီကို မလာရောက်နိုင်ခဲ့ဘူး။ ငါဟာ ငါ့ညီမရဲ့ ခန္ဓာကိုယ်ကို အသုံးပြုပြီး ဒီလှိုဏ်ဂူလောကမှာ ငါ့မူလစိတ်ဝိညာဉ်ကို နည်းနည်းချင်း စုဝေးနိုင်ခဲ့တာ ဖြစ်တယ်…”

“ဒါပေမဲ့ နင်က ခုနစ်ရောင်စုံတာအိုသခင်ပဲ ဖြစ်ဖြစ် ဒုတိယမြောက်စိတ်ဝိညာဉ်ကိုပဲ ဖြစ်ဖြစ် ဒီလှိုဏ်ဂူရဲ့ တံခါးချပ်တည်ရှိတဲ့ လှိုဏ်ဂူဗဟိုချက်မ ရောက်လာအောင် ဖြားယောင်းနိုင်ရင် ငါဟာ ငါ့မူလစိတ်ဝိညာဉ်ကို ပိုစုစည်းနိုင်လိမ့်မယ်။ အဲ့ကျရင် ငါဟာ ငါ့ခွန်အားနဲ့တင် သူတို့နှစ်ယောက်ကို သတ်နိုင်တယ်။ ဒါဟာ ပထမနည်းလမ်းပဲ…”

“ဒီနည်းလမ်းဟာ ပြီးပြည့်စုံမှုတော့ မရှိဘူး။ ဒါပေမဲ့ ငါ့မှာ ဒုတိယနည်းလမ်းတစ်ခု ရှိသေးတယ်။ အဲ့နည်းလမ်းရဲ့ သော့ချက်ကတော့ တတိယမြောက်စိတ်ဝိညာဉ်ပဲ။ ငါ နင့်ကို မန္တာန်တစ်ခု သင်ပေးလိုက်မယ်။ နင်သာ တတိယစိတ်ဝိညာဉ်ကို ရှာနိုင်ခဲ့ရရင် ၎င်းရဲ့ပေါ်မှာ ဒီမန္တာန်ကို အသုံးပြုလိုက်ရင် ၎င်းရဲ့ တည်ရှိမှုကို လုံးဝ အမြစ်ပျက်သွားစေလိမ့်မယ်…”

“အဲ့အချိန်ကစပြီး နင်ဟာ တတိယမြောက်စိတ်ဝိညာဉ် ဖြစ်လာလိမ့်မယ်။ ဒါဆိုရင် နင်ဟာ ခုနစ်ရောင်စုံတာအိုသခင်နဲ့ ဒုတိယမြောက်စိတ်ဝိညာဉ်တို့ကို ဝါးမြိုနိုင်ဖို့ ငါ နင့်ကို ကူညီပေးနိုင်မယ်။ နင်ဟာ ကျန်တဲ့အပိုင်းအစခုနစ်ခုကိုလည်း စုပ်ယူနိုင်လိမ့်မယ်။ အဲ့ဒီနောက် နင်ဟာ ခုနစ်ရောင်စုံ ဖြစ်လာလိမ့်မယ်…”

“ငါ့ညီမနဲ့ ငါနဲ့ကတော့ နင်နဲ့အတူ ရှိနေပေးမယ်။ သူမဟာ နင်ရဲ့ ကိုယ်လုပ်တော် ဖြစ်လာမယ်။ ငါကတော့ နင့်ရဲ့ တာအိုလက်တွဲဖော ဖြစ်လာမယ်။ အရာအားလုံးဟာ မူလပုံစံအတိုင်း ပြန်ရောက်သွားလိမ့်မယ်…”

“နင့်မှာ တခြားအမျိုးသမီးတစ်ယောက်ယောက် ရှိခဲ့ရင်လည်း သူတို့ဟာ နင့်ရဲ့ ကိုယ်လုပ်တော် ဖြစ်လာနိုင်တယ်။ အင်မောတယ်ကောင်းကင်ဘုံနယ်မြေပေါ်မှာ နင့်အနေနဲ့ သဘောကျတဲ့ အမျိုးသမီးတစ်ယောက်ယောက် ရှိခဲ့ရင် ငါ နင့်အတွက် သူတို့ကို ဖမ်းခေါ်လာပေးမယ်။ ပြီးရင် ငါတို့ အတူတူ ကျင့်ကြံကြမယ်…”

“အတိတ်တုန်းက ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူလိုမျိုးပေါ့။ ငါဟာ သူ့ကို အမျိုးသမီးကျင့်ကြံသူတော်တော်များများ ဖမ်းဆီးပေးခဲ့ဖူးတယ်။ ငါ့ညီမကလွဲလို့ ငါဟာ သူ့ရဲ့ ကျန်တဲ့ ကိုယ်လုပ်တော်တွေထဲက အများစုကို ငါကိုယ်တိုင် ကူရှာပေးခဲ့တာပဲ…”

“ငါ့ဆရာရဲ့ အကူအညီနဲ့ဆို ငါတို့ စုံတွဲကျင့်ကြံလိုက်တာနဲ့ ငါတို့ရဲ့ စိတ်ဝိညာဉ်တွေဟာ ပေါင်းစည်းသွားပြီး ငါတို့ရဲ့ ကျင့်ကြံမှုအဆင့်ဟာ တိုးတက်လာလိမ့်မယ်။ နင် ရှေးနတ်ဘုရားနယ်မြေက အစိတ်အပိုင်းကနေ ရမယ့် ရတနာနဲ့ဆို ငါတို့ဟာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေမှာ လွတ်လွတ်လပ်လပ် စိုးမိုးနိုင်မယ်။ ဒါဟာ ဒီလို လှိုဏ်ဂူလောကလေးထဲမှာထက် အများကြီး ပိုကောင်းမွန်တယ်…”  ထိုအမျိုးသမီးက ဝမ်လင်းထံ ပြုံး၍ ဖြည်းဖြည်းချင်း စကားဆိုသည်။

ဝမ်လင်း၏ စိတ်နှလုံးမှာ တည်ငြိမ်လျက်ပင်။ သူက ထိုအမျိုးသမီးကို ကြည့်၏။ အချို့အကြောင်းပြချက်များကြောင့် သူသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက တွေ့ကြုံခဲ့ဖူးသော တစ်စုံတစ်ရာကို ပြန်တွေးမိသွားသည်။

ထိုကိစ္စက ဝမ်လင်းကို နက်နက်နဲနဲ ခံစားမှု ပေးခဲ့၏။ နှစ်ပေါင်းတစ်ထောင်ကျော်လာခဲ့သော်လည်း သူက ၎င်းကိစ္စကို ခုထိ မမေ့နိုင်သေးပေ။

လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ကျော်က နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ ဝမ်လင်းသည် အုပ်စိုးသူ၏ သမီးဖြစ်သူ တက်တူးကလန်၏ဘိုးဘေးနှင့် တွေ့ဆုံခဲ့ဖူး၏။ သူမက အလွန်ကြောက်မက်ဖွွယ်ပုံ ပေါက်နေပြီး သူမ၏မျက်လုံးများမှာ ထုတ်နှုတ်ခြင်း ခံထားရသည်။ သူမ၏ခန္ဓာကိုယ်မှာလည်း ချင်းလင်၏လှိုဏ်ဂူထဲ၌ ဖိနှိပ်ခြင်း ခံထားရသည်။ သူမ၏မကျေမနပ်မှုက မွန်းစတားဆန်ခဲ့သည်။

ထိုအမျိုးသမီး ချင်းလင် အပေါ် မကျေမနပ်မှုက ခု သူ့ရှေ့ရှိ အမျိုးသမီးနှင့် အတော်လေးတူနေသည်။ ထိုအမျိုးသမီး၏ စကားလုံးများသည် ဗလုံးဗထွေး ဖြစ်ခဲ့သော်လည်း ထိုစဉ်က ဝမ်လင်းသည် သူမကို ယုံကြည်လုနီးပါး ဖြစ်ခဲ့ရသည်။ သို့ပေမည့် သူ ကိုယ်တိုင် ချင်းလင်ထံမှ ကိုယ်တိုင်ကိုယ်ကျ ဖြစ်ပျက်ခဲ့ပုံကို ကြားခဲ့ရသည့်အခါတွင်တော့ သူ့ကို စိတ်ရှုပ်ထွေးစေခဲ့ပေ၏။

သူသည် အတိတ်တုန်းက ထိုကိစ္စ၌ မည်သူကမှန်သနည်းဟု မသိတော့ပေ။

“ငါတို့ သင် ပြောတဲ့ ဒီကိစ္စကို နောက်မှ ပြောကြတာပေါ့။ ခုတော့ အရေးကြီးတဲ့အရာဟာ အပြင်ဘက်က ခုနစ်ရောင်စုံတာအိုသခင်လက်ကနေ လွတ်အောင် ဘယ်လို ရှောင်ရမလဲဆိုတာပဲ…”  ဝမ်လင်းသည် သူမ၏စကားများကို ကြားသည့်အခါ စိတ်ထဲကနေ နှာခေါင်းရှုံ့သည်။ သို့သော် သူက ဉာဏ်များလှသူ ဖြစ်ရာ သူမကို ချက်ခြင်းကြီး မငြင်းဆန်ပေ။ တကယ်တော့ ခုနစ်ရောင်စုံကို သတ်ဖို့ သူတို့၏ပူးပေါင်းလုပ်ဆောင်မှုမှာ လူတိုင်းကို အကျိုးရှိစေနိုင်မည် ဖြစ်၏။

“ခုကိစ္စက မခက်ပါဘူး။ ငါတို့ အတူတူ လက်တွဲမယ်လို့ သွေးကျိန်ဆိုမှု ဖလှယ်လိုက်တာနဲ့ ငါဟာ ဒီသင်္ဘောကို အဆင့်မြင့်တင်ပြီး နင့်ကို လုံခြုံတဲ့နေရာ ပို့ပေးနိုင်တယ်…”

ထိုအမျိုးသမီးက ပြုံး၍ ဆို၏။

“သွေးကျိန်ဆိုမှု…”  ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်းသွား၏။ သူက ရုတ်တရက် နားလည်သွားသည်။ သူမက ဒီနေရာသို့ သူ့ကို ခေါ်ဆောင်လာပြီး ဒီစကားများကို ပြောခဲ့ခြင်းမှာ နက်ရှိုင်းသောအဓိပ္ပာယ်တစ်ခုရှိနေသည်မှာ သိသာနေလေပြီ။

“ဒီကိစ္စဟာ အလျင်လိုစရာ မလိုပါဘူး။ အတိတ်တုန်းက နင် ပြောခဲ့တဲ့ ပလ္လင်က ဘယ်နေရာမှာ ရှိတာလဲ…”

All Chapters