← Chapters

ဝက်ဝံနက်ကြီးလည်း ကြောက်တတ်တယ်

Vol. 13 Ch. 171

ဝက်ဝံနက်ကြီးလည်း ကြောက်တတ်တယ်

Vol. 13 Ch. 171

မှောင်မိုက်၍ အဆုံးသတ်မဲ့သော ချောက်ကမ်းပါးများ၊ ဓားဖြင့်ဖြတ်၍ ပုဆိန်ဖြင့်ထွင်းထားသကဲ့သို့ ချွန်ထက်မက်စောက်နေသော တောင်တန်းများသည် ကွေ့ကောက်၍ ထည်ဝါခန့်ညားလှ၏။

သို့သော် အတွင်းဘက်သို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားပါက မျက်စိပင်ကန်းစေလောက်မည့် ပို၍ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းများကို တွေ့ကြုံရမည်ဖြစ်သည်။ ကြောက်တတ်သူတစ်ဦးအနေဖြင့် ပထမဆုံးအကြိမ် မြင်တွေ့ရလျှင်တော့ ဆီးဝမ်းများပင် ထွက်ကျကာ မြေပြင်ပေါ်သို့ လဲကျပြီး ပါးစပ်မှ အမြှုပ်တစီစီထွက်လာနိုင်ဖွယ်ရှိသည်။

ထိုနေရာ၏ နှစ်ဖက်စလုံးတွင် အရိုးစုများပုံနေပြီး အလယ်ပိုင်းကို လူ့အရေခွံဖြင့် ပြုလုပ်ထားသော ကော်ဇောများဖြင့် ဖုံးအုပ်ထားသည်။ ရွှံ့နွံများတွင် လူ့အသွေးအသားတို့ ရောနှောနေပြီး သွေးစွန်းနေသော လူ့ကြွက်သားများကို သစ်ပင်ပင်စည်များထက် ပြောင်းပြန်ချိတ်ဆွဲထားသောကြောင့် လေတိုက်တိုင်း ယိမ်းထိုးလျက်ရှိသည်။

လေထုထဲတွင် စူးရှသော သွေးနံ့များဖြင့် ပြည့်နှက်နေသည်။ အပြင်ဘက်မှ လှပသော နွေဦးရာသီရှုခင်းများနှင့် နှိုင်းယှဉ်ပါက ဤနေရာသည် အလင်းမဖောက်နိုင်သော ငရဲခန်းတစ်ခုသဖွယ်ပင်။

လမ်းတစ်လျှောက်လုံးတွင် နတ်ဆိုးငယ်လေးများ၏ ပုံရိပ်များကို နေရာအနှံ့အပြား တွေ့မြင်ရပြီး ပတ်ဝန်းကျင်တစ်ခုလုံး နတ်ဆိုးစွမ်းအင်များ လွှမ်းမိုးနေသည်။

သို့သော် အထူးဆန်းဆုံးအချက်မှာ ဆန်းကြယ်သောပုံသဏ္ဍာန်ရှိ ဤနတ်ဆိုးအဖွဲ့သည် လူသူတော်သင်္ကန်းအမျိုးမျိုးကို ဝတ်ဆင်ထားပြီး လက်ကောက်ဝတ်တွင် ပုတီးများ ဆင်မြန်းထားကာ ဝိဇ္ဇာသူတော်စင်များ၏ အမူအရာကို အလေးအနက်ထား၍ အတုယူနေကြခြင်းဖြစ်သည်။ တွေ့ဆုံနှုတ်ဆက်ကြသောအခါ အော်မီထော်ဖောဟူ၍ပင် ရွတ်ဆိုကာ ရိုးရာစကားပုံအချို့ကိုပင် စကားပြောရာ၌ ထည့်ထည့်ပြောတတ်ကြသေး၏။

တစ်ချက်မျှကြည့်လိုက်လျှင်ပင် စိမ်းသက်၍ကြောက်မက်ဖွယ်ကောင်းသော ပတ်ဝန်းကျင်နှင့် သင်္ကန်းဝတ် ထူးထူးဆန်းဆန်းဝိဇ္ဇာလူသူတော်စင်တို့ ပေါင်းစပ်လိုက်သောအခါ လူတို့အား ကြီးမားသော စိတ်မသက်မသာဖြစ်မှုကို ပေးစွမ်းကာ နှလုံးသားအောက်ခြေမှ လှိုက်တက်လာသော ကြောက်ရွံ့မှုကို ခံစားရစေသည်။

ထိုနေရာမှာ လေပေါ်တောင်ဖြစ်၏။

တောင်ကြားချိုင့်ဝှမ်းအတွင်း၌။

ဖြူဖျော့ဖျော့ လူ့ဦးခေါင်းခွံများက တောင်ငယ်လေးတစ်ခုသဖွယ် ပုံထပ်နေသည်။ ဧရာမ ဝက်ဝံနက်ကြီးတစ်ကောင်က ထိုဦးခေါင်းပုံပေါ်တွင် လူသားတစ်ဦးကဲ့သို့ အကျအနတင်ပျဥ်ခွေထိုင်လျက်ရှိပြီး နဖူးတွင် ရွှေရောင်ခေါင်းစည်းပတ်ထားသည်။ ၎င်း၏ မဲမှောင်သော အမွေးများမှာ တောက်ပပြောင်လက်နေပြီး ကြီးမားသော အနီရောင်တောက်တောက်သင်္ကန်းကို ဝတ်ဆင်ထားကာ မျက်လုံးများကို မှေးမှိတ်ထားသည်မှာ ဝါရင့်လက်ဟောင်းဝိဇ္ဇာသူတော်စင်တစ်ပါး တရားဘာဝနာစီးဖြန်းနေသကဲ့သို့ပင်။

၎င်း၏ပတ်ပတ်လည်တွင် အမွှေးနံ့သာခုံများ ချထားပြီး မီးခိုးငွေ့များက အထက်ကောင်းကင်သို့ ကွေးညွှတ်တက်နေသည်။ အရိုးစုပတ်လည်ဝိုင်းသော ပတ်ဝန်းကျင်နှင့် ပေါင်းစပ်လိုက်သောအခါ သဟဇာတမဖြစ်စွာပင် ထူးဆန်းသည့် ခံစားမှုကို ပေးစွမ်းသည်။

"တောင်သခင်၊ သခင်ရဲ့ ညွှန်ကြားချက်အရ တပည့်တွေဟာ တိုင်းပြည်အသီးသီးကို စည်းရုံးဖို့ သွားနှင့်ပြီးပါပြီ။ ငါးရက်အလိုမှာကျရောက်မယ့် မွေးနေ့ပွဲမှာ ယောက်ျားလေး မိန်းကလေးငယ် ၆၆,၆၆၆ ယောက်ကို အမီစုဆောင်းနိုင်လိမ့်မယ်လို့ ထင်ပါတယ်။"

ငါးရောင်ခြယ် အမွေးဝတ်ရုံဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခု ပေါ်လာသည်။ ၎င်း၏ နဖူးတွင် ကြက်မွေးအနည်းငယ်ဖြင့် ချွန်ထက်သော ငှက်နှုတ်သီးတစ်ခုလည်း ပါရှိကာ လက်များကို ရိုသေလေးစားစွာ ယှက်ထားလျက် လျှောက်တင်လိုက်၏။

၎င်း၏ ပုံစံအစစ်အမှန်မှာ ငါးရောင်ခြယ် ကြက်ဘုရင်တစ်ကောင်ဖြစ်သည်။

လေပေါ်တောင်၏ မဟာဝိဇ္ဇာလေးပါးထဲမှ တစ်ပါးလည်းဖြစ်သည်။

ထိုအချိန်တွင် ဝက်ဝံနက်ကြီးသည် ရွှံ့စေးရုပ်တုကဲ့သို့ ငြိမ်သက်စွာရှိနေပြီး ကျောင်းတော်တစ်ခုအတွင်း စံပယ်နေသည့် ဗုဒ္ဓရုပ်တုပမာ အမွှေးနံ့သာပူဇော်မှုများကို ခံယူနေလေသည်။

ငါးရောင်ခြယ် ကြက်ဘုရင်သည် အလိုက်သိစွာဖြင့် သူ့အလိုလို ပြန်ဆုတ်ရန် ပြင်လိုက်သည်။

ရုတ်တရက်။

သံမျှော်စင်တစ်ခုကဲ့သို့ မြင့်မား‌တောင့်တင်းသော အခြားပုံရိပ်တစ်ခု ပေါ်လာသည်။ ၎င်း၏ ဝိဇ္ဇာသူတော်စင်ဝတ်စုံသည် ရင်ဘတ်နေရာတွင် ကျယ်ပြန့်စွာ ပွင့်ဟနေပြီး သန်မာသော ရင်အုံကို ဖော်ပြလျက်ရှိကာ နဖူးတွင် ကောက်ကွေးချွန်ထက်သော နွားချိုများလည်း ပါရှိသည်။ နှာခေါင်းပေါက်များတွင် နှာခေါင်းကွင်းများ တပ်ဆင်ထားပြီး ၎င်း၏အရေပြားမှာ မီးပြင်းပြင်းလောင်ထားသကဲ့သို့ နီရဲလျက်ရှိကာ ဖျက်ဆီး၍မရနိုင်အောင် မာကြော၏။

၎င်း၏ နက်ရှိုင်းသော အသံသည် နွေခေါင်ခေါင်မိုးကြိုးသံကဲ့သို့ ပေါက်ကွဲထွက်လာပြီး မြေပြင်ပေါ်ရှိ သဲကျောက်များကိုပင် တုန်လှုပ်သွားစေသည်။

"တောင်သခင်၊ သတင်းရောက်လာပါပြီ။ လဲ့ရှန်းတိုင်းပြည် ဝူမြို့ကို သွားရောက်တိုက်ခိုက်တဲ့ ဝိဇ္ဇာသူတော်စင်စစ်သည်တွေ အကုန်သုတ်သင်ခံလိုက်ရပါပြီတဲ့။ တိုက်ခိုက်နေကြတုန်း ဧရာမသတ္တဝါကြီးတစ်ကောင် ကောင်းကင်ကနေပေါ်ထွက်လာပြီး ဝိဇ္ဇာသူတော်စင်တွေအားလုံးကို မျိုချပြီး ပျော်ပျော်ကြီးထွက်ခွာသွားတယ်လို့ ဆိုပါတယ်"

၎င်းမှာ မဟာဝိဇ္ဇာလေးပါး၏ ခေါင်းဆောင် ကျွဲရိုင်းဘုရင်ဖြစ်၏။

"အော်မီထော်ဖော~"

ဝက်ဝံနက်ဝိညာဥ်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ ၎င်း၏ မျက်လုံးအိမ်တွင်း အနက်ရှိုင်းဆုံးတစ်နေရာမှ အလင်းတန်းတစ်သွယ် စီးဆင်းကျလာပြီး လူတို့အား တိုက်ရိုက်ကြည့်ရှုရန်ပင် ကြောက်ရွံ့စေသည်။

၎င်းက စိတ်ခံစားချက်ကင်းမဲ့သော‌ အေးစက်စက်လေသံဖြင့် မေးလာသည်။ "ဒီအနောက်ဖျားဒေသမှာ တခြား နတ်ဆိုးသားရဲကြီးတွေ ရှိနေသေးတယ်လို့ ဆိုလိုတာလား။"

"ရှိနေစရာအကြောင်းတော့ မရှိဘူး တောင်သခင်။ ကျွန်တော်နဲ့ ဒုတိယ၊ တတိယ၊ စတုတ္ထ ညီအစ်ကိုတွေ ဒီနေရာမှာ နှစ်ထောင်ပေါင်းများစွာ နေလာခဲ့တာ၊ ဒီနေရာအကြောင်း အတွင်းကျကျ အသေးစိတ်သိထားပါတယ်။ သခင်မလာခင်တုန်းက ကျွန်တော်တို့လည်း ကိုယ့်နယ်နဲ့ကိုယ် ဘုရင်တွေဖြစ်ခဲ့ကြပြီး ကျွန်တော်တို့ရဲ့ ကျင့်ကြံဆင့်ကို ကျော်နိုင်တဲ့သူ မရှိခဲ့ဘူး။ ပြီးတော့ တခြား နတ်ဆိုးသားရဲကြီးတွေ ဒီမှာ ပုန်းအောင်းနေတာကိုလည်း မတွေ့မိပါဘူး!" ကျွဲရိုင်းဘုရင်က နှာခေါင်းပေါက်များမှ အဖြူရောင်ထွက်သက်နှစ်သွယ်ကို မှုတ်ထုတ်လိုက်ပြီး လေးနက်စွာ ပြောလာသည်။

"အောက်အီးအီးအွတ်၊ ကျွန်တော်ထင်တယ် ဒါက နယ်ခြားကလာတဲ့နတ်ဆိုးဖြစ်ရမယ်! ကျွန်တော်တို့ ဒေသခံတော့မဟုတ်ဘူး!" ငါးရောင်ခြယ် ကြက်ဘုရင်က အကျင့်အတိုင်း တစ်ချက်တွန်လိုက်ပြီးမှ အလေးအနက် ဝင်ပြောလာသည်။

လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာက မဟာနတ်ဆိုးဘုရင်လေးပါးသည် သူတို့၏ နယ်မြေများကို ခွဲဝေခဲ့ကြပြီး နှစ်ထောင်ပေါင်းများစွာတည်မြဲအောင် ဆက်လက်အုပ်ချုပ်ခဲ့ကြသည်။ ဝက်ဝံနက်ဝိညာဥ် ထွက်ပေါ်လာသော် မဟာနတ်ဆိုးဘုရင်လေးပါးကို စုဆောင်းစည်းရုံးကာ မဟာဝိဇ္ဇာလေးပါးအဖြစ် အမည်တပ်ပြောင်းလဲစေခဲ့သည်။

ဝက်ဝံနက်ဝိညာဥ်က အေးစက်စက် ပြောလိုက်သည်။ "မင်းတို့ ပြောတဲ့အတိုင်း အဲဒီ သတ္တဝါကြီးက နယ်ခြားနတ်ဆိုးဖြစ်နေရင်တောင် ဘာလို့ ဝိဇ္ဇာသူတော်စင်စစ်သည်တွေကိုပဲ တိတိကျကျ ပစ်မှတ်ထားတာလဲ။ တစ်မြို့လုံးက လူတွေကို စိတ်ထင်တိုင်း မျိုမချဘဲနဲ့ ဝိဇ္ဇာသူတော်စင်တွေကို ရွေးစားသွားတာ။ ဒါက ငါ့ရဲ့ လေပေါ်တောင်ကို တိုက်ရိုက်ဆန့်ကျင်နေတာပဲ!"

"ဟုတ်ပါရဲ့၊ ဘယ်လိုတောင် မိုက်ရူးရဲဆန်လိုက်သလဲ! လေပေါ်တောင်ကို တိုက်ရိုက်ရန်စရဲတာ!" ငါးရောင်ခြယ် ကြက်ဘုရင်က ဒေါသတကြီး ပြောသည်။

လေပေါ်တောင်ကို တည်ထောင်ပြီးနောက် အနောက်ဖျားဒေသရှိ နတ်ဆိုးအင်အားစုများကို စုစည်းကာ တိုင်းပြည်အသီးသီးမှ လာရောက်ကြသော လူသူတော်ကျင့်ကြံသူများကိုလည်း စုရုံးထားသောကြောင့် သူတို့အဖွဲ့မှာ အလွန်အခြေခိုင်မာသည်ဟု ဆိုနိုင်၏။ တိုင်းပြည်ပေါင်းသုံးဆယ့်ခြောက်ခု၏ စုပေါင်းမဟာမိတ်တပ်ဖွဲ့များကိုပင် ရင်ဆိုင်နိုင်စွမ်းရှိသည်။

အရေးအကြီးဆုံးမှာ သူတို့ကို ဦးဆောင်သော တောင်သခင်ခေါ် ဝက်ဝံနက်ကြီးက လေပေါ်ကျောင်းတော်၏ ကျောင်းထိုင်ဝိဇ္ဇာလူသူတော်နှင့် ဆက်စပ်မှုအချို့ ရှိနေခြင်းကြောင့်ပင်။ ဒီလိုနောက်ခံကြီးကြီးရှိနေလျှင် သူတော်စင်ပြည်နယ်တစ်ခုလုံးတွင် မည်သူမျှ သူတို့ကို ရန်စရဲမည်မဟုတ်။

ဒါပေမယ့် အခုတော့ သူတို့ကို ရဲရဲတင်းတင်း ရန်စရဲတဲ့ နယ်ခြားနတ်ဆိုးတစ်ကောင် ရှိနေတယ်တဲ့လား?

ဒီနေရာမှာ ဘယ်သူ့လက်သီးက အပြင်းဆုံးလဲဆိုတာ မသိသေးဘူးထင်တယ်။

သို့သော် ထိုအချိန်မှာပဲ အပြင်ဘက်မှ အလောတကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။ "တောင်သခင်! မကောင်းတော့ဘူး! အမည်မသိ နတ်ဆိုးမျိုးနွယ်စုတစ်စုက လေပေါ်တောင်ကို ကျူးကျော်လာနေပါပြီ!"

"မေတ္တာထားပေးပါ”

ဝက်ဝံနက်ကြီး၏ မျက်လုံးများမှ အေးစက်သောအလင်းတစ်ပြက် ထွက်ပေါ်လာပြီး ဖြည်းညှင်းစွာ ပြောသည်။ "မင်းတို့ ငါ့နောက်ကနေ လိုက်ခဲ့ကြ၊ အဝေးကနေ မွေးနေ့ဆုတောင်းဖို့ ရောက်လာတဲ့ ရောင်းရင်းကို ကြိုဆိုလိုက်ကြရအောင်။"

၎င်း၏ တည်ငြိမ်သော စကားများတွင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။

"ဟုတ်ကဲ့၊ တောင်သခင်!" ကျွဲ့ရိုင်းဘုရင်နှင့် ငါးရောင်ခြယ် ကြက်ဘုရင်တို့သည်လည်း တိုက်ပွဲဝင်ရန်အသင့်ဖြစ်နေသော မျက်နှာထားများဖြင့် အနောက်က လိုက်ပါသွားကြလေသည်။

တစ်ချိန်တည်းမှာပင် လေပေါ်တောင်အတွင်း၌ ပွက်လောရိုက်ဆူညံလျက်ရှိ၏။

အဘယ်ကြောင့်ဆိုသော် ဝေးလံသော မိုးကုပ်စက်ဝိုင်းတစ်နေရာတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ပျံ့နှံ့နေပြီး ထိုအမဲစက်လောက်သာ မြင်ရသော သတ္တဝါသည်ကား လျင်မြန်စွာ ကျယ်ပြန့်လာကာ ကြီးမားသော ဖိအားကြီးကို သူတို့ဆီဦးတည်ယူဆောင်လာသောကြောင့်ဖြစ်သည်။

All Chapters