← Chapters

ဝါးတီး

Vol. 13 Ch. 176

ဝါးတီး

Vol. 13 Ch. 176

"မှိုဟင်းရည် ရပြီ ~" ပုရှောင်ရှီးသည် တက်ကြွသော ခြေလှမ်းဖြင့် တတောက်တောက်လျှောက်လာပြီး ပြင်ဆင်ပြီးသား မှိုဟင်းရည်ကို ကိုင်ဆောင်လာသည်။

ဟင်းရည်သည် မွှေးကြိုင်သင်းပျံ့နေပြီး မျက်နှာပြင်တွင် ရွှေရောင်ဖျော့ဖျော့ တောက်ပနေသည်။ ထိုအလင်းရောင်မှာ တစ်ခါတစ်ရံ စုစည်းလာပြီး တစ်ခါတစ်ရံ ကွဲကွာပြန့်ကားသွားကာ အလွန်နက်နဲသည့်သဘောကို ဆောင်၏။

လီဝူကျယ်က ဦးဆုံး ဟင်းရည်တစ်ပန်းကန်ခပ်ပြီးနောက် ကောက်ယူကာ တဂွတ်ဂွတ် သောက်ချလိုက်သည်။

"အား ~"

လီဝူကျဲ ပန်းကန်ကို ချပြီး ခေါင်းကို မြှောက်ကာ ညည်းတွားလိုက်သည်။ ခန္ဓာကိုယ် ပေါ့ပါးသွက်လက်ပြီး ပီတိဖြစ်ခြင်းကို ခံစားလိုက်ရလေသည်။

လူတိုင်းက သူ့ကို ထူးထူးဆန်းဆန်း ဝိုင်းကြည့်နေကြ၏။ မင်း ကြမ်းကြမ်းတမ်းတမ်း ယောကျ်ားကြီးတစ်ယောက်ဖြစ်ပြီး ဘာလို့ ဒီလောက် ဒရာမာဆန်နေရတာလဲ။

လီဝူကျယ် သတိပြန်ဝင်လာပြီး သူနည်းနည်းအမူပိုသွားကြောင်း သဘောပေါက်လိုက်သည်။ သူ ချောင်းအနည်းငယ်ဟန့်ကာ အရှက်ပြေရှင်းပြလိုက်သည်။ "တကယ် အရသာရှိတာနော်! ကျွန်တော် တမင်အပိုလုပ်နေတာမဟုတ်ဘူး"

"မင်းဆရာက မင်းကို ယုံတယ်!" ယဲ့ကျွင်းလင်လည်း တစ်ပန်းကန်ကုန်သွားပြီး လီဝူကျယ်အပိုမလုပ်ကြောင်း သိလိုက်ရ၏။ ဒီမှိုဟင်းရည်က တကယ်ကို အရသာရှိတာပဲ!

ဟုန်ချန်ယဲ့က ပန်းကန်ကို ဖြည်းညှင်းစွာ ပြန်ချလိုက်ပြီး စိတ်လှုပ်ရှားသွားသည်။ ဒီမှိုဟင်းရည်တစ်ပန်းကန် သောက်ပြီးသည့်အချိန်တွင် မသေမျိုးဘိုးဘေးကြီးတစ်ပါး ဖြစ်ခဲ့သည့်အချိန်များကို ပြန်လည်အောက်မေ့တမ်းတစေသည်။

တစ်လုံးတည်းသောမှတ်ချက်သည်ကား ပကတိပြည့်စုံခြင်း ဟူ၍ပင်!

"ရှုရှုလည်း အရသာရှိတယ် ထင်တယ် ~" ပုရှောင်ရှီးက သူ့လက်ရာသူ နှစ်ခြိုက်စွာ မြည်းစမ်းနေပြီး ကိုယ်ကို မထိန်းနိုင်ဘဲ ဝိုင်းကြီးပတ်ပတ်လည်ကကာ ပျော်ရွှင်မှုကို ခံစားနေသည်။

လူတိုင်း မှိုဟင်းရည်၏ အရသာတွင် အရှုံးပေးဒူးထောက်လိုက်ရလေပြီ။

"နောက်ထပ် တစ်ပန်းကန်!"

"ကျွန်တော်လည်း လိုချင်တယ်!"

ယဲ့ကျွင်းလင်တို့အုပ်စုသည် မှိုဟင်းရည်ကို အလုအယက် သောက်သုံးကြတော့၏။

"စတုတ္ထညီလေး၊ လာမြည်းကြည့်ဦး!" လီဝူကျယ်က ရက်ရောစွာ လှမ်းခေါ်လိုက်သည်။

"အာ၊ ကျွန်တော်တော့ မသောက်တော့ဘူး" မှိုဘုရင်က သူ့ဟင်းရည်သူပြန်သောက်ဖို့ရာ အလွန်မသက်မသာခံစားရပြီး အတော်ထူးဆန်းသည်ဟုလည်း ထင်မိသည်။

ငါ့ရဲ့ ရေချိုးရေက ဒီလောက်တောင် အရသာရှိတာလား။

တရားမျှတစွာ ပြောရလျှင် မှိုဘုရင်၏ ရှုထောင့်မှ ကြည့်သော် ထိုစွပ်ပြုတ်သောက်ပွဲမှာ ရွံရှာစရာကောင်းလှ၏။

နောက်ဆုံးတွင်။

ဟင်းခွက်အားလုံးပြောင်သည်အထိ သူတို့အကြိတ်အနယ် တီးလိုက်ကြသည်။

လီဝူကျယ်သည် လက်ထဲရှိပန်းကန်းကို အောက်ခြေအထိပြောင်စင်အောင် လျှာဖြင့် အားရပါးရလျက်နေသည်။ အဘယ်ကြောင့်ဆိုသော် ဆရာတူအစ်ကိုကြီးဟုန်ချန်ယဲ့ ပြောခဲ့သည့် မှိုဟင်းရည်ကို များများသောက်လျှင် မသေမျိုးဖြစ်ဖို့ အလားအလာရှိသည်ဟူသော စကားကို သူ မှတ်မိနေသောကြောင့်ပင်။

ယဲ့ကျွင်းလင်သည် သူ၏တတိယတပည့်ကို အလေးအနက်ထားကာ စိုက်ကြည့်နေပြီးနောက် အတည်ပေါက်ဖြင့် နိဂုံးချုပ်မှတ်ချက်တစ်ခုပြုလာသည်။ "ရှောင်လီ၊ မင်းအဲ့လိုလျက်နေတာ ခွေးလေးနဲ့အတော်တူတာပဲ။"

လီဝူကျယ်သည် တောင့်ခနဲဖြစ်သွားပြီးနောက် ခါးသည်းစွာပြုံးကာ ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့ ဆရာသခင်၊ ကျွန်တော် ဒါကို ချီးကျူးတာလို့ မှတ်ယူလိုက်ပါ့မယ်..."

မဟာဝိဇ္ဇာသူတော်စင်ပြည်နယ်၏ ဗဟိုဒေသ။

ကျင့်ထူပြည်ထောင်။

၎င်းသည် မဟာဝိဇ္ဇာသူတော်စင်ပြည်နယ်တွင် အင်အားအကြီးဆုံး တိုင်းပြည်ဖြစ်ပြီး အရှေ့တိုင်းစီရင်စုတစ်ခုလုံး၏ အစွမ်းထက်ဆုံးသော လူသူတော်ကျင့်ကြံသူများလည်း ရှိသည်။

နာမည်ကျော်ကြားသော လေပေါ်ကျောင်းတော်သည်လည်း ထိုပြည်ထောင်အတွင်း၌ တည်ရှိသောကြောင့်ပင်။

ကျင့်ထူပြည်ထောင်၏ တော်ဝင်ဆရာသခင်ကို လေပေါ်ကျောင်းတော်မှ အမြဲတစေရွေးချယ်ပေးပြီး တရားရုံးတွင် ပြောရေးဆိုခွင့် ကြီးကြီးကျယ်ကျယ်ရှိထားက ပြည့်ရှင်ဘုရင်ကပင် သူ့ကို လေးစားစွာ ဆက်ဆံရသည်။

ပြည်သူလူထုကြားတွင် ကြာမြင့်စွာကတည်းက ပျံ့နှံ့နေသော စကားတစ်ခွန်းပင် ရှိသည်။ ကျင့်ထူပြည်ထောင် ပြည်ပျက်မတတ်ပွက်လောရိုက်နေလျှင်တောင်မှ လေပေါ်ကျောင်းတော်၏ဆုံးဖြတ်ချက်ကသာ အဆုံးသတ်လမ်းဖြစ်ပေမည်ဟု။

ယနေ့သည် အထူးနေ့တစ်နေ့ ဖြစ်သည်။

လူစည်ကားသော မင်းနေပြည်တော် သင်္ကန်းဝတ်ရုံအမျိုးမျိုးဖြင့် လူသူတော်များ စုဝေးရောက်ရှိနေကြပြီး ဖုန်မှုန့်များ ဖုံးလွှမ်းနေသော ဖန်ထို့တောင်သို့ ဦးတည်ကာ အလုအယက် သွားလာနေကြသည်။

သူတို့ လှမ်းသော ခြေလှမ်းတိုင်းတွင် လက်များကို ယှက်ကာ ဦးခေါင်းညွှတ်အရိုအသေပြုပြီးမှ ပြန်ထကြသည်။ ထို့နောက် နောက်ထပ် ခြေလှမ်းတစ်လှမ်း လှမ်းကာ ထပ်မံ ဦးခေါင်းညွှတ်ကြသည်။ ထိူလုပ်ရပ်အား မမောနိုင်မပန်းနိုင် ထပ်ခါတလဲလဲ လုပ်ဆောင်နေကြ၏။

ထို့အပြင် သာမန်လူများစွာလည်း နောက်က လိုက်ပါလာပြီး လူသူတော်အဖွဲ့နှင့်အတူ ဖန်ထို့တောင်သို့ လိုက်ပါသွားကာ ရိုးသားစစ်မှန်သော ကိုးကွယ်မှုအား ဖော်ပြလာကြသည်။

ဤသည်မှာ ကျင့်ထူပြည်ထောင်တွင် အလွန်တွေ့ရများသော မြင်ကွင်းဖြစ်သည်။

တောင်ထိပ်တွင် ရှေးဟောင်းဆန် တည်တံ့ထည်ဝါသော ဘုရားကျောင်းတစ်ခု တည်ရှိပြီး ဖြတ်သန်းခဲ့သော သက်တမ်းကြာ‌ညောင်းမှုအား ဖော်ပြလျက်ရှိ၏။

နံ့သာတိုင်များဖြင့် မွှေးကြိုင်သင်းပျံ့နေပြီး ဘုရားဖူးများမှာလည်း အဆုံးမရှိပေ။

"ကျောင်းထိုင်ဝိဇ္ဇာလူသူတော်၊ ယဇ်ပလ္လင်ကို ခဏနေရင် ဖွင့်ပါတော့မယ်။ တပည့်တွေ အဆင်သင့် ဖြစ်ပါပြီ" ဟု လူသူတော်အငယ်လေးတစ်ပါးက လက်များကို ယှက်ကာ လေးစားစွာ ပြောလိုက်သည်။

ဘုရားကျောင်းအတွင်းတွင် ဂျပန်ရိုးရာဖျာတစ်ချပ်ပေါ်၌ ထိုင်နေသော ပိန်လှီသော ပုံရိပ်တစ်ခုရှိကာ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ ၎င်း၏ မျက်လုံးများမှာ ပင်လယ်ရေနက်ကဲ့သို့ နက်ရှိုင်းပြီး လူတို့အား အခြားကမ္ဘာတစ်ခုထဲသို့ နစ်ဝင်သွားသလို ခံစားမိစေ၏။

"ကောင်းပြီ၊ သွားတော့။"

"ဟုတ်ကဲ့။"

ခဏအကြာတွင် ကျောင်းထိုင်ဝိဇ္ဇာလူသူတော် သက်ပြင်းချလိုက်သည် "အင်း၊ ဘယ်သူပါလိမ့်၊ ဒီလူသူတော်အိုကြီးရဲ့ ကျင့်စဥ်တွေကိုတောင် တိုက်ထုတ်နိုင်တာ။"

လွန်ခဲ့သော ရက်အနည်းငယ်က ဝက်ဝံနက်ကြီး၏ ခေါင်းစည်းပေါ်တွင် ချန်ထားခဲ့သော လုံခြုံရေးအမှတ်အသား အသက်ဝင်လာသည်ကို သူ ရုတ်တရက် ခံစားမိပြီးနောက် ဆက်သွယ်မှု ပြတ်တောက်သွားသည်။ ဝက်ဝံနက်ကြီး ဒုက္ခရောက်နေပြီ ဖြစ်ကြောင်း သူ သိလိုက်၏။

"သေးငယ်ခေါင်ခိုက်တဲ့ အနောက်ဖျားဒေသလေးမှာ ဒီလိုလူမျိုး ရှိနေသေးတာလား။ တစ်ခြား တာအိုပြည်နယ်တစ်ခုက တာအိုရောင်းရင်းတစ်ဦး လမ်းကြုံဖြတ်သွားပြီး အဲဒီ မကောင်းဆိုးဝါးကို နှိမ်နင်းခဲ့တာ ဖြစ်နိုင်တယ်။ မဟာဝိဇ္ဇာသူတော်စင်ပြည်နယ်တစ်ခုလုံးမှာ ဒီလူသူတော်အိုကြီးနဲ့ သွယ်ဝိုက်တိုက်ခိုက်နိုင်ဆိုတာ လက်ချိုးရေတွက်လို့တောင်ရတယ်။ တိုက်နိုင်ရင်တောင် နောက်ခံအခြေအနေကိုသိရင် ရှေ့ဆက်တိုးကြမယ့်သူတွေမဟုတ်ဘူး"

ကျောင်းထိုင်ဝိဇ္ဇာလူသူတော်က မျက်လုံးများကို အနည်းငယ်မှေးမှိတ်လိုက်ပြီး စဥ်းစားနေသည်။ "ဒီမကောင်းဆိုးဝါးက ဘုရားကျောင်းရဲ့ ပတ်ဝန်းကျင်ကို မခံနိုင်လို့ အပြင်ထွက်ပြီး မကောင်းမှုတွေ လုပ်ခဲ့တာ။ အခု နှိမ်နင်းခံရပြီဆိုတော့ ကံကြမ္မာလို့ပဲ သဘောထားရတော့မယ်။ ဒီကိစ္စကို လုပ်ဆောင်ခဲ့တဲ့သူက ဒီနေရာမှာပဲ ရပ်တန့်မယ်လို့ မျှော်လင့်ပါတယ်။ ရှေ့ဆက်တိုးလာမယ်ဆိုရင် လေပေါ်ကျောင်းတော် အန္တရာယ်ရှိလာနိုင်တယ်။"

သူသည် မကြာသေးမီကပင် စိတ်ထဲ သက်တောင့်သက်သာမရှိသလို ခံစားနေခဲ့ရသည်။

ယခင်က လေပေါ်ကျောင်းတော်မှ ထွက်သွားခဲ့သော လူသူတော်စင်ဝိဇ္ဇာရန်သမ်သည် ဘာကြောင့်မှန်း ရေရေရာရာမသိရပါဘဲ ကျဆုံးသွားခဲ့သည်။ ထိုအချိန်က ဆရာတော်ရန်သမ်၏ သက်တမ်းပြကျောက်စိမ်းတိုင် ကျိုးပဲ့သွားပြီးနောက် လေပေါ်ကျောင်းတော်၏ အဆင့်မြင့်ကိုယ်တော်များကို ကြီးစွာ ထိတ်လန့်တုန်လှုပ်စေခဲ့သော်လည်း သတင်းကို ချက်ချင်း ပိတ်ဆို့ထားနိုင်ခဲ့ပြီး မည်သည့်နေရာကိုမျှ ပေါက်ကြားခြင်း မရှိခဲ့ပေ။

ယခုမူ နယ်ခြားမှ ဘေးဒုက္ခကျော်လွှားခြင်းအဆင့် စွမ်းအားရှင်တစ်ဦးက စတင်လှုပ်ရှားလာခဲ့ပြီး သူ့မျက်နှာကို မထောက်ထားဘဲ ဆန့်ကျင်ရန် ဆုံးဖြတ်ခဲ့သည်။ ဤကိစ္စနှစ်ခုကို ပေါင်းစပ်တွေးတောလိုက်သောအခါ ကျောင်းထိုင်ဝိဇ္ဇာလူသူတော်သည် စိတ်ထဲ ခိုးလိုးခုလုဖြစ်နေရ၏။

"အော်မီထော်ဖော~"

ကျောင်းထိုင်ဝိဇ္ဇာလူသူတော်သည် အလေ့အကျင့်အတိုင်း မဟာဝိဇ္ဇာသူတော်စင်၏နာမကို ရွတ်ဆိုလိုက်ပြီးနောက် ထရပ်ကာ ဖြည်းညှင်းစွာ ထွက်ခွာသွားသည်။

ယနေ့သည် ယဇ်ပလ္လင်ကို ထူထောင်မည့်နေ့ဖြစ်ပြီး အကြိမ်တိုင်းတွင် လူသူတော်ကျင့်ကြံသူများစွာ ဤနေရာသို့ လာရောက်ကြသည်။ ဤကိစ္စကို ပေါ့ပေါ့ဆဆ လုပ်၍မရပေ။ ၎င်းသည် သူ့အတွက်သာမက လေပေါ်ကျောင်းတော်၏ ဂုဏ်သိက္ခာနှင့်ပါ သက်ဆိုင်သည်။

ဦးခေါင်းပေါ်ရှိ နီရဲတောက်လောင်နေသော နေမင်းကို မော့ကြည့်လိုက်သောအခါ ကျောင်းထိုင်ဝိဇ္ဇာလူသူတော်၏ ညာဘက်မျက်ခွံ ရုတ်တရက် ခုန်လှုပ်သွားပြီး သူ၏ ခြေလှမ်းများ အနည်းငယ် တွန့်ဆုတ်သွားကာ အံ့သြတကြီး ရေရွတ်မိသည်။ "ထူးဆန်းလိုက်တာ၊ ဘာလို့ အကြီးကြီးတစ်ခုခုဖြစ်လာတော့မယ်လို့ ခံစားမိနေတာပါလိမ့်"

All Chapters