← Chapters

ကန်ချက်

Vol. 13 Ch. 178

ကန်ချက်

Vol. 13 Ch. 178

"ဗောဓိသတ္တ မဟာသတ္တ သတ္တဝါအားလုံးသည် မိမိတို့စိတ်အလိုလောဘကို ဤသို့သော နည်းလမ်းဖြင့် နှိမ်နင်းသင့်သည်။ သတ္တဝါအမျိုးမျိုးတို့သည် ဥမှ ဖြစ်စေ၊ သားအိမ်မှ ဖြစ်စေ၊ စိုထိုင်းမှုမှ ဖြစ်စေ၊ ပြောင်းလဲခြင်းမှ ဖြစ်စေ၊ ရုပ်ရှိသည်ဖြစ်စေ၊ ရုပ်မရှိသည်ဖြစ်စေ၊ အတွေးအမြင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကြားနေရာတွင်ရှိသည်ဖြစ်စေ၊ ဒီနိမ့်ကျသူသည် ထိုသူအားလုံးကို ခြွင်းချန်ခြင်းမရှိ နိဗ္ဗာန်သို့ ဝင်ရောက်ချုပ်ငြိမ်းစေမည်။ ဤသို့ဖြင့် အတိုင်းမသိ၊ ရေတွက်မရနိုင်သော၊ အဆုံးမဲ့သော သတ္တဝါတို့ ချုပ်ငြိမ်းသွားသော်လည်း တကယ်တမ်းတွင် မည်သည့်သတ္တဝါမျိုးနွယ်မှ မျိုးသုဥ်းပျောက်ကွယ်သွားမည်မဟုတ်။ အဘယ်ကြောင့်နည်း? သုဘုတိ၊ ဗောဓိသတ္တတွင် ကိုယ်ပိုင်အမှတ်အသား၊ ပုဂ္ဂိုလ်၊ သတ္တဝါ၊ သက်တမ်း စသည်တို့ ရှိနေပါက ထိုသူသည် ဗောဓိသတ္တ မဟုတ်ပေ..."

အိုဟောင်းသော အသံသည် ငြိမ်းချမ်းတည်ငြိမ်မှု အပြည့်ဖြင့် လူတိုင်း၏ နှလုံးသားများထဲသို့ ဆက်တိုက်စီးဝင် ပဲ့တင်ထပ်နေပြီး တစ်ဦးစီတိုင်းက စိတ်ဝင်တစား နာကြားနေကြသည်။ ၎င်းတို့၏ စိတ်ဝိညာဉ်များပင် ထိုတရားဟောသံဖြင့် စင်ကြယ်သွားသကဲ့သို့ ခံစားရ၏။

ဝေးလံခေါင်ပါးမှ လာရောက်ကြသော ဈာန်ကျင့်ကြံသူ အများအပြားသည် စကားတစ်လုံးတစ်လေပင် လွတ်သွားမည်စိုးလှသဖြင့် နားကိုကားနေအောင်စွင့်ကာ သေချာစွာ နာကြားနေကြသည်။

"ဗုဒ္ဓဘုရားသည် မေတ္တာကရုဏာကြီးမားလှသည်~" ပထမမင်းသားနှင့် ဒုတိယမင်းသားတို့သည်လည်း ရိုသေလေးစားစွာ ရွတ်ဆိုကြသည်။

မင်းသမီးမင်ယွဲ့သည်လည်း လက်အုပ်ချီကာ ရိုသေကိုင်းရှိုင်းသော မျက်နှာအမူအရာဖြင့် ရှိနေသည်။

ရုတ်တရက်။

အပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာသည်။

မင်းသမီးမင်ယွဲ့ ဆူညံသံလာရာသို့ လှည့်ကြည့်လိုက်ရာ သူမ၏ လှပသော မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။

ပုံရိပ်အချို့သည် ဘုရားကျောင်းတော်ရှေ့သို့ ခုန်တက်လာကြပြီး ထောင်ပေါင်းများစွာသော လှေကားထစ်များကို တစ်ဆင့်မကျန်နင်းရမည့် စည်းကမ်းကိုလည်း လုံးဝဂရုမစိုက်ကြပေ။

ဦးဆောင်လာသူမှာ ငွေရောင်ဆံပင်များဖြင့် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ဖြစ်၏။ ချောမောပြတ်သားသော မျက်နှာသွင်ပြင်၊ ဓားသွားကဲ့သို့ ထက်မြက်သော မျက်ခုံးများနှင့် ကြယ်ပွင့်များကဲ့သို့ တောက်ပသော မျက်လုံးများ ပိုင်ဆိုင်ထားပြီး နှုတ်ခမ်းထောင့်တွင် ခပ်လှောင်လှောင်အပြုံးတစ်ခုက ကပ်ပါလာသည်။

ထိုသူသည် ဝိဇ္ဇာသူတော်စင်၏ သန့်ရှင်းစင်ကြယ်သော နယ်မြေကို တစ်စိုးတစ်စိမှ လေးစားမှု မရှိသည်အား အတိုင်းသား တွေ့မြင်နိုင်သည်။

တရားနာကြားရန်လာသူနှင့်မတူ၊ ပြဿနာလာရှာသူနှင့် ပိုတူနေသလိုလို!

"ဒကာကြီးတို့၊ ခင်ဗျားတို့ စည်းကမ်းကို မလိုက်နာဘူး၊ ကျေးဇူးပြုပြီး ဖန်ထို့တောင်ကနေ မြန်မြန်ပြန်ဆင်းသွားပါ။ ခင်ဗျားတို့ကို ဒီမှာ မကြိုဆိုဘူး!"

လူသူတော်အုပ်စုတစ်စုသည် မျက်နှာမသာမယာဖြင့် လမ်းကို ပိတ်ဆို့လိုက်ကြ၏။ ဦးဆောင်လာသော သက်လတ်ပိုင်း လူသူတော်တစ်ပါးက ခန္ဓာပေါင်းစည်းခြင်းအဆင့်ရှိ ကျင့်ကြံရေးအရှိန်အဝါကို ထုတ်ဖော်ကာ လေသံမာမာဖြင့် သတိပေးသည်။

နှစ်ပေါင်းများစွာအတွင်း စည်းကမ်းမလိုက်နာတဲ့အပြင် ဒီလိုရဲတင်းတဲ့အပြုအမူနဲ့ လူငယ်မျိုး သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ပေ!

"ဘာပြောလိုက်တာလဲ"

"ဒကာကြီး၊ ကိုယ်တော် ပြောတာက..."

ဖြောင်း!

ယဲ့ကျွင်းလင် ထိုသက်လတ်ပိုင်း လူသူတော်ကို ရိုက်ထုတ်လိုက်သည်။ "အရိုက်မခံရသေးတော့ အ‌တော်ကမ်းတက်နေတယ်ပေါ့ ဟုတ်လား!"

"ဆရာတူအစ်ကို ဟွေ့သယ်!" လူသူတော်အုပ်စုတစ်စုလုံး တုန်လှုပ်သွားကြသည်။ လေပေါ်ကျောင်းတော် ကို လာပြီး လူရိုက်ရဲတဲ့ ဒီလို မောက်မာတဲ့အရူးကောင်က ဘယ်နယ်ကကောင်များလဲ?

"သူ့ကို ဖမ်းပြီး ကျောင်းထိုင်ဝိဇ္ဇာလူသူတော်ရှေ့ ပို့လိုက်ကြ!"

လူသူတော်အုပ်စုသည် ဒေါသတကြီး ရှေ့သို့ တိုးလာကြ၏။

"ဒီလောက်ပဲလား" လီဝူကျယ်က လှောင်ပြောင်ရင်း ခြေတစ်လှမ်းလှမ်းလိုက်သည်။ ခါးတွင်ချိတ်ထားသော ဓားရှည်ကောက်ကို ဖျတ်ခနဲ ဆွဲထုတ်လိုက်ရာ ဓားစွမ်းအင်များက အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့သွားပြီး ထက်ရှသောဓားသွားက လက်ခနဲထွက်ပေါ်လာသည်။

"အား..."

လူသူတော်အုပ်စုတစ်စု တမုဟုတ်ချင်း လဲကျသွားကြသည်။ ပါးစပ်ထောင့်များမှ သွေးများ ပန်းထွက်လာပြီး မျက်ဖြူလန်တက်ကာ အသိစိတ်ပျောက်ဆုံးသွားကြလေပြီ။

"အပြင်မှာ ဘာတွေဖြစ်နေတာလဲ!?"

ဆူညံသံများလျှံထွက်လာသဖြင့် ရင်ပြင်တွင် တရားနာနေသော လူအုပ်ကြီးမှာ စူးစမ်းလိုစွာဖြင့် လှည့်ကြည့်လာကြ၏။

ယဲ့ကျွင်းလင် လက်ကို ဆန့်ထုတ်လိုက်ရာ သူ့လက်ဝါးမှ ထိတ်လန့်ဖွယ်ကောင်းသော ဆွဲအားများ ထွက်ပေါ်လာပြီး လေပေါ်ကျောင်းတော်၏ ဆိုင်းဘုတ်ကို အတင်းအကျပ် ဆွဲဖြုတ်လိုက်သည်။

ထိုဆိုင်းဘုတ်မှာ အဖိုးတန်ရောင်ခြည်များဖြင့် တောက်ပနေပြီး "လေပေါ်ကျောင်းတော်" ဆိုသည့် စာလုံးသုံးလုံးကို ရေးထွင်းထားသည်။ နှစ်ပေါင်းများစွာ သန့်စင်ထားခြင်းနဲ့ ဆရာတော်ကြီးများ၏ ပြုပြင်မွမ်းမံမှုတွေကြောင့် ထိုဆိုင်းဘုတ်ကိုယ်တိုင်ကပင် ဝိညာဉ်လက်နက်အဆင့်ကိုပင် ရောက်ရှိနေခဲ့လေပြီ။

လေပေါ်ကျောင်းတော်၏ မျက်နှာဖုံးမှော်ရတနာတစ်ခုဖြစ်လေရာ မည်သူမျှ လက်လွတ်စပယ်‌ စော်ကားပြုမူရန်မရဲကြသော ပစ္စည်းတစ်ခုဖြစ်၏။

ဟုန်ချန်ယဲ့က ထိုသူ၏လုပ်ရပ်အား စိတ်ဝင်တစားစိုက်ကြည့်နေသည်။ ဒီလူ ဘာလုပ်ဖို့ စီစဉ်နေတာလဲ။

ချက်ချင်းပင် မရေမတွက်နိုင်သော အံ့အားသင့်ဖွယ် အကြည့်များအောက်တွင် ယဲ့ကျွင်းလင်သည် လေပေါ်ကျောင်းတော်၏ ဆိုင်းဘုတ်ကို ခန့်ညားစွာ သယ်ဆောင်ပြီး ကျောင်းဝင်းထဲသို့ ရင်ကော့ဝင်လာခဲ့သည်။ ထို့နောက် လက်မြှောက်၍ လေထဲသို့ ပစ်ထုတ်လိုက်ရာ ဆိုင်းဘုတ်က လှလှလေးကွေ့ဝိုက်လျက် ပျံဝဲသွားသည်။

ထို့နောက် သူသည် သူ့ဘဝဟောင်းက နာမည်ကြီး ကွန်ဖူး စူပါစတားတစ်ဦး၏ ဂန္ထဝင်အမူအရာကို တုပကာ နှာခေါင်းကိုလက်ဖြင့် ဟိုဘက်ဒီဘက်သုတ် ပါးစပ်မှ အသံပြုပြီး လှပသော ကန်ချက်တစ်ခုဖြင့် ဆိုင်းဘုတ်အား နှုတ်ဆက်လိုက်တော့၏။

(Zun Zun - ဘရုစ်စလီဖြစ်ပါလိမ့်မယ်)

(Zeus - မိုဘိုင်းလီးဂျန့်သမားတွေအတွက်ကတော့ သခင်ကြီးချောင်ရဲ့ ကန်ချက်ပေါ့ ဟဲဟဲ)

"ကျား~! ! ဝှထျားးးးးး"

ထိုအချိန်တွင် နှစ်ပေါင်းကြာရှည်အထိ တည်ရှိစံပယ်လာခဲ့သော လေပေါ်ကျောင်းတော်ဟု စာလုံးသုံးလုံး ရေးထွင်းထားသည့် ဆိုင်းဘုတ်ကြီးသည် ဗုန်းခနဲ ပြင်းထန်စွာ ပေါက်ကွဲသွားပြီး အစအနများက နေရာအနှံ့သို့ ပွင့်ထွက်သွားသည်။

ယဲ့ကျွင်းလင်သည် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ လေထဲမှ လှပစွာ ဆင်းသက်လာပြီး ပြိုင်ဘက်ကင်းအရှင်သခင်တစ်ပါးကဲ့သို့ မောက်မာစွာ တစ်ချက်ဝေ့ကြည့်လိုက်သည်။

ထိုအခိုက်အတန့်တွင်။

လူတိုင်း ကျောက်ရုပ်ကဲ့သို့ ရပ်တန့်ကုန်ကြပြီး မျက်နှာအမူအရာများမှာ မြင်လိုက်ရသည်အား မယုံနိုင်ကြသေးဟန် ရှိ၏။

မင်းသမီးမင်ယွဲ့ ၏ လှပသော မျက်လုံးများတွင် တုန်လှုပ်မှု အပြည့်ဖြင့် တီးတိုးရေရွတ်လာသည်။ "ဘုရားရေ၊ ဒီလူက ဘယ်သူလဲ၊ ဘယ်လိုဖြစ်လို့ ဒီလောက်အတင့်ရဲနေရတာလဲ..."

All Chapters