← Chapters

အခန်း (၃၇၆)

Vol. 26 Ch. 376

အခန်း (၃၇၆)

Vol. 26 Ch. 376

ကြန့်ကြာသွားတဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်ခင်ဗျာ။

၎င်းပျံ့နှံ့လာသော အရှိန်အဟုန်က အလွန်လျှင်မြန်ပြီး ရှေးဟောင်းစစ်မြေပြင်မှ ကီလိုမီတာ (၁) သိန်းအား ခရမ်းရောင် လျှပ်စီးမိုးတိမ်များဖြင့် ဖုံးလွှမ်းသွားလေသည်။

ထို ခရမ်းရောင်လျှပ်စီးများ၏ ဗဟို၌ မြေအောက်နန်းတော်တစ်ခုရှိနေသည်။

ထိုမြေအောက်နန်းတော်သို့ မိုးကြိုး (၈၁) စင်းကျဆင်းပြီးနောက် ၎င်းအတွင်းမှ ပုံရိပ်တစ်ခု ကောင်းကင်ထက်သို့ ထွက်ပေါ်လာ၏။

“ ငါ လီချင်းယန်… ဒီနေ့မှာ အင်ပါယာအဆင့် အတိဒုက္ခကို ဖြတ်ကျော်ခဲ့ပြီးပြီ… ငါ့ရဲ့ ဘွဲ့က မိုးကြိုး အင်ပါယာပဲ….”

မိုးကြိုးအင်ပါယာ၏ အသံက ပတ်ဝန်းကျင်တစ်ခွင်လုံးသို့ ပဲ့တင်ထပ်ကာ ပျံ့နှံ့သွားခဲ့သည်။

တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးသို့ ပျံ့နှံ့ရောက်ရှိသွားခြင်းဖြစ်၏။

ထိုအခါ တောင်ပိုင်းတိုက်ကြီးတစ်ခုလုံး အလွန်ထိတ်လန့်သွားခဲ့ရသည်။

အဆုံးမဲ့ပင်လယ်စစ်ပွဲမစတင်မီတွင် တောင်ပိုင်းတိုက်ကြီးမှ လူသားမျိုးနွယ်၌ အင်ပါယာအဆင့်ကျင့်ကြံသူ (၄) ယောက်ရှိခဲ့ကာ တိုက်ပွဲတွင် အင်ပါယာတစ်ယောက်ကျဆုံးသွားခဲ့ပြီး လက်ရှိတွင် အင်ပါယာ (၃) ပါးသာ ကျန်ရစ်ခဲ့သည်။

၎င်းတို့သည်လည်း အပြင်းအထန်သို့မဟုတ် အသေးအမွှားဒဏ်ရာများရရှိခဲ့ကြပြီး ပြင်ပသို့ ထွက်ပေါ်လာခဲသည်။

ယခုတွင် တောင်ပိုင်းတိုက်ကြီး၌ အင်ပါယာအသစ်‌တစ်ယောက် ပေါ်ထွန်းလာပြီဖြစ်၏။ သို့သော် ကံဆိုးစွာနှင့် ထိုသတင်းက တောင်ပိုင်းတိုက်ကြီးမှ လူများအတွက် ဂုဏ်ယူစရာတစ်ခုတော့မဟုတ်ခဲ့ချေ။

ရှေးဟောင်းမဟာမိတ်၌ ပါဝင်ခဲ့သော အင်အားစုတစ်ချို့က မိုးကြိုးအင်ပါယာအား ဂုဏ်ပြုရန်နှင့်သတင်းပေးရန်အတွက် ရှေးဟောင်းစစ်မြေပြင်သို့ အပြေးအလွှား သွားရောက်ခဲ့ကြသည်။

သို့သော် ကံမကောင်းစွာနှင့် သူတို့ စိတ်ကူးထားခဲ့သော ဆုလဒ်များမရရှိခဲ့ကြချေ။

ထိုအစား လျှပ်စီးကြောင်းတစ်ခုက ရောက်ရှိလာသူတိုင်းကို ပြာအဖြစ်ပြောင်းလဲသွားစေခဲ့သည်။

“ အမှိုက်တစ်စု… မင်းတို့က ငါ့ရဲ့ ရှေးဟောင်းမဟာမိတ်အဖွဲ့ကို အရှက်ရစေခဲ့တယ်…”

မိုးကြိုးအင်ပါယာထွက်ပေါ်လာသည်နှင့် တပြိုင်နက် တောင်ပိုင်းတိုက်ကြီးအား အသိပေးရန် ရက်စက်သော နည်းလမ်းများ စတင်အသုံးပြုခဲ့သည်။

သို့သော် ၎င်းက အစသာရှိသေး၏။

“ သူတော်စင်ဒေသ ၊ ကောင်းကင်ဒေသ နဲ့ မူလဒေသ စောင့်နေကြစမ်း… အားလုံးကို ငါ သွေးနဲ့ဆေးကြောပစ်မယ်…”

ထိုအသံက တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားပြန်သည်။ ၎င်းက အင်ပါယာအဆင့် ကျင့်ကြံသူများပိုင်ဆိုင်သည့် ထူးခြားသော စွမ်းရည်တစ်မျိုးဖြစ်၏။

ထိုအဆင့်တွင် လျှို့ဝှက်ရတနာများအား အသုံးမပြုပဲ ၎င်းတို့၏ စကားသံအား တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးကို ကြားစေနိုင်စွမ်းရှိသည်။

မိုးကြိုးအင်ပါယာ၏ ရာဇသံက တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးသို့ ရောက်သွားပြီးနောက် ကျင့်ကြံသူများအားလုံးကို အလွန်အမင်းထိတ်လန့်သွားစေခဲ့သည်။

ရွှမ်ယီနှင့် ရှေးဟောင်းမဟာမိတ်တို့ကြား တိုက်ပွဲတွင် မပါဝင်ခဲ့သော ထိုဒေသကြီး (၃) ခုမှ အင်အားစုများ စတင်ထွက်ခွာသွားကြ၏။

သူတို့အနေဖြင့် မိုးကြိုးအင်ပါယာ လီချင်းယန် ၏ ညှာတာမှုကို လောင်းကြေးမထပ်ဝံ့ပေ။ သူ၏ ရှေးဟောင်းမဟာမိတ်အဖွဲ့မှ အသက်ရှင်ကျန်ရစ်သူများကိုပင် သတ်ဖြတ်ခဲ့သည့်အတွက် သူတို့ကဲ့သို့ အပြင်လူများအပေါ် အသက်ချမ်းသာပေးရန်မှာ အလွန်ခက်ခဲလှသည်။

သို့သော် သူတို့တွင် လွတ်မြောက်နိုင်စွမ်းမရှိခဲ့ချေ။

မူလဒေသ၏ ကောင်းကင်ထက်တွင် မူလဒေသတစ်ခုလုံးအား စွမ်းအင်အလွှာ တစ်ခုဖြင့် ဆီးလ်ခတ်ခံလိုက်ရသည်။ ထိုစွမ်းအင်အလွှာ၌ ထူထပ်သော ခရမ်းရောင်ပုံစံများက အစစ်အမှန်နဂါးများကဲ့သို့ ဖြစ်ပေါ်နေပြီး ကောင်းကင်နှင့်နေကိုပင် ဖုံးအုပ်ထားလေသည်။

စုစုပေါင်း ခရမ်းရောင်တာအိုအမှတ်အသား (၉) ခုရှိနေပြီး မူလဒေသအား ဆီးခတ်ထားကာ ပြင်ပဒေသမှ ကျင့်ကြံသူများ၏ ဝင်ရောက်ခွင့်နှင့် အတွင်းမှ ကျင့်ကြံသူများ၏ ထွက်ခွာခွင့်ကို ပိတ်ဆို့ထားသည်။

ထိုအမှတ်အသား (၉) ခုအား ဖြတ်သန်းကာ ခရမ်းရောင် ရှေးဟောင်းစစ်ရထားတစ်စင်း ဝင်ရောက်လာ၏။ ထိုစစ်ရထားအထက်တွင် နတ်ဘုရား သို့မဟုတ် နတ်ဆိုးပမာ လူတစ်ဦးက မတ်တပ်ရပ်နေခဲ့၏။

“ မိုးကြိုးအင်ပါယာ လီချင်းယန်…”

ထို ပုံရိပ်က မည်သည့်စကားတစ်ခွန်းမှ မပြောသော်လည်း သူ့ထံမှ သမုဒ္ဒရာကြီးအလား ကျယ်ပြောပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများထွက်ပေါ်နေသည်။

အထွတ်အထိပ်ကောင်းကင်ဘုရင်တစ်ယောက်ပင်လျှင် သူ့ရှေ့ရောက်ပါက ခေါင်းငုံ့ထားမိပေလိမ့်မည်။

မျက်စိတစ်မှိတ်အတွင်း ထိုလူကမည်သူဖြစ်ကြောင်းသိရှိသွားကြ၏။

ရှေးဟောင်းမဟာမိတ်အဖွဲ့ခေါင်းဆောင်း ရှေးဟောင်းအင်ပါယာ လီချင်းယန်…

“ ဖြစ်ခဲ့တဲ့ ကိစ္စတွေအားလုံး မူလဒေသက စတင်ခဲ့တယ်… ဒီလိုဆိုမှတော့ ငါ့ရဲ့သုတ်သင်ရှင်းလင်းမှုကို မူလဒေသနဲ့စတင်ရတာပေါ့…”

ခရမ်းရောင် ရှေးဟောင်းစစ်ရထားပေါ်မှ နေ၍ ထူးမခြားနားဟန်ရသော စကားသံထွက်ပေါ်လာသည်။

ထို့အပြင် ထိုခရမ်းရောင် ရှေးဟောင်းစစ်ရထားအပေါ်၌ ရှေးဟောင်းအက္ခရာ အပိုင်းအစများစွာ ရှိနေခဲ့သည်။

“ဒါက… ပြီးပြည့်စုံတဲ့ တာအို ပစ္စည်းတစ်ခုပဲ… ပြီးပြည့်စုံတဲ့ တာအိုလက်နက်…”

ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်က အလွန်အမင်းစိတ်ဓာတ်ကျစွာဖြင့်ပြောလိုက်၏။

ထို စစ်ရထားတွင် ရှေးဟောင်းအက္ခရာ အပိုင်းအစ (၈၁) ခုရှိနေခဲ့ပြီး ၎င်းတို့အားလုံးပေါင်းစပ်ကာ ပြီးပြည့်စုံသော တာအိုရုန်းတစ်ခုဖြစ်တည်နေသည်။

ထိုရှေးဟောင်းစစ်ရထားထံမှနေ၍ ကောင်းကင်နှင့်မြေကြီးအား အပိုင်းအပိုင်းခွဲပစ်ရန် လုံလောက်သော စွမ်းအင်များထွက်ပေါ်နေသည်။

မိုးကြိုးအင်ပါယာ စွမ်းအားက နဂိုကပင် အလွန်ကြောက်မက်ဖွယ်ကောင်းလှ၏။ သို့ရာတွင် ဤ အဆင့် (၇) ရှေးဟောင်းစစ်ရထားနှင့် ပေါင်းစပ်လိုက်လျှင်မူ…

လူတိုင်းအတိုင်းအဆမဲ့သော စိတ်ပျက်အားငယ်မှုများ ခံစားလိုက်ရသည်။

“ သေကြစမ်း…”

မိုးကြိုးအင်ပါယာ လီချင်းယန် ထံမှ အေးစက်ပြီး ထူးမခြားနားဟန်ရသော အသံက ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့သည်။ ထို့နောက်သူက ခရမ်းရောင် ရှေးဟောင်းစစ်ရထားအား အသက်သွင်းပြီး အလွန်ခန့်ညားထည်ဝါသော အရှိန်အဝါများဖြင့် ရှေ့သို့ မောင်းနှင်လာခဲ့သည်။

သူဖြတ်သန်းသွားရာ နေရာတစ်လျောက် သွေးနှင့်အသားများ ပျံ့လွင့်ကျန်ခဲ့၏။

မျက်စိတစ်မှိတ်အတွင်း မူလဒေသမှ ထွက်ပြေးလာသည့် လူထောင်ပေါင်းများစွာ ရှေးဟောင်းစစ်ရထား၏ ကြိတ်ချေမှုအောက်၌ သေဆုံးသွားခဲ့ရသည်။

“ မိုးကြိုးအင်ပါယာ လီချင်းယန်… ကျေးဇူးပြုပြီး သက်ညှာပါဦး…”

ကောင်းကင်ဘုရင် ကျောင်းဂျီ ငြိမ်မနေနိုင်တော့ပေ။

သူက ပိုင်ဆိုင်ထားသော စိတ်ဝိညာဉ် ရတနာကို အသက်သွင်းလိုက်ပြီး အင်ပါယာအဆင့် ကျင့်ကြံသူ၏ ဖိအားကို အံကြိတ်တွန်းလှန်ကာ တိုးညှင်းစွာ တောင်ပန်လိုက်သည်။

သူ၏ နောက်တွင် ကောင်းကင်ဘုရင် ပိုင်ထန် ၊ ချီ နှင့် မြူခိုးတို့လည်း ရှိနေခဲ့၏။

သို့သော် မိုးကြိုးအင်ပါယာ လီချင်းယန်ကမူ အနည်းငယ်မျှ ဂရုဏာသက်သွားဟန်မရပေ။

“ စိတ်ပူမနေစမ်းပါနဲ့ မင်းတို့လည်း မူလဒေသမှာ ရှိနေကြတယ်ဆိုတော့ လွတ်မြောက်နိုင်မှာမဟုတ်ဘူး… သူတို့လမ်းအတိုင်း လိုက်သွားရမယ်…”

ရှေးဟောင်းစစ်ရထားပေါ်မှ လီချင်းယန်၏ ရေခဲတစ်မျှ အေးစက်သော စကားသံထွက်ပေါ်လာခဲ့သည်။

ထို့နောက် အနီးအတားမှ ဂိုဏ်းတစ်ခုထံသို့ တိုက်ခိုက်မှု တစ်ခုပြုလုပ်လိုက်၏။

ချက်ချင်းထိုဂိုဏ်း၏ တံခါးအပါအဝင် ဂိုဏ်းတစ်ခုလုံး ဖုန်မှုန့်များအဖြစ်ပြောင်းလဲသွားခဲ့သည်။

ဤသည်က အင်ပါယာအဆင့်ကျင့်ကြံသူတစ်ယောက် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းဖော်ပြနေ၏။ ၎င်းတို့၏ စွမ်းအားက ဒေသတစ်ခု၏ ခံနိုင်ရည်ထက်ကျော်လွန်နေပြီဖြစ်သည်။

လျှပ်တပျက်တိုက်ခိုက်မှုတစ်ခုကပင် ဒေသတစ်ခုလုံး တုန်ခါသွားစေနိုင်၏။

သူသာ အစွမ်းကုန်တိုက်ခိုက်လိုက်ပါက ဒေသတစ်ခုလုံးကိုပင် ဖျက်ဆီးနိုင်စွမ်းရှိသည်။ မူလဒေသမှ ကျင့်ကြံသူများအားလုံး အလွန်အမင်းစိတ်ပျက်အားငယ်သွားကြ၏။ ထိုကဲ့သို့ ဖြစ်တည်မှုအား တားဆီးရန် နည်းလမ်းမရှိချေ။ အင်ပါယာအဆင့်ကျင့်ကြံသူတစ်ယောက် ဝင်ရောက်စွက်ဖက်မှသာ ဖြစ်ပေလိမ့်မည်။

သို့သော် အင်ပါယာအဆင့် ကျင့်ကြံသူတစ်ယောက်က ဝင်ရောက်စွန်ဖက်ရန် ဆန္ဒရှိလျှင်ပင် အဆင့် (၇) တာအို လက်နက်အား ပိုင်ဆိုင်ထားသည့် မိုးကြိုးအင်ပါယာ လီချင်းယန်အား အမှန်တကယ် တားဆီးနိုင်ပါ့မည်လော။

ထို့အဖြေအား မည်သူမှ မသိနိုင်ချေ။ မိုးကြိုးအင်ပါယာ လီချင်းယန်၏ ခွန်အားက အလွန်ကြောက်မက်ဖွယ်ကောင်းလွန်းလှ၏။

သူ၏ ခွန်အားက ကီလိုမီတာ (၁) သိန်း ပတ်ဝန်းကျင်အား ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားစေနိုင်စွမ်းရှိသည်။ ၎င်းက သူတို့ခုခံနိုင်သော အရာမျိုးမဟုတ်ချေ။

ထိုအဆင့်တွင် စိတ်ဝိညာဉ်စွမ်းအင်ပမာဏက အရေးမကြီးတော့ချေ။ ဥပဒေသစွမ်းအားများအပေါ်နားလည်ခြင်းကသာ အက္ခရာကျ၏။

ခရမ်းရောင် ရှေးဟောင်းစစ်ရထားက ရှေ့သို့ ဆက်လက်ချီတက်သွားလေသည်။ သူဖြတ်သန်းသွားရာ လမ်းတစ်လျောက်မှ လူတိုင်း ဖုန်မှုန့်များအဖြစ်ပြောင်းလဲသွား၏။

ရှေးဟောင်းစစ်ရထား၏ ဦးတည်ရာက အဇူရာနဂါးမြို့တော်သို့ ဖြစ်ပေသည်။

သို့သော် ထိုအချိန်တွင် ကောင်းကင်ယံအား ဖြတ်သန်းလျက် ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ထို ရွှေရောင်အလင်းတန်းက အလွန်သေးငယ်လှပြီး ဥက္ကာခဲတစ်ခုအလား ထင်မှတ်ရသည်။ သို့သော် ထိုရွှေရောင်အလင်းတန်းက မိုးကြိုးအင်ပါယာ လီချင်ယန် ကိုယ်တိုင်တည်ဆောက်ထားသည့် အကာအကွယ်ဆီးလ်အား တိုက်ရိုက်ဖြတ်သန်းလာခဲ့သည်။

ထိုအလင်းက မူလဒေသသို့ ဝင်ရောက်လာခဲ့သည်။

“ အဲ့ဒါ အင်ပါယာ သင်္ကေတပဲ…”

ထိုရွှေရောင် အလင်းတန်းအား မြင်လိုက်ရလျှင် ကျောင်းဂျီ၏ မျက်ဝန်းများ တောက်ပသွားပြီး ပျော်ရွှင်မှုများဖြစ်ပေါ်လာသည်။

အင်ပါယာ သင်္ကေတ…

မူလဒေသမှ စိတ်ပျက်အားငယ်နေကြသော ကျင့်ကြံသူများလည်း အလွန်ဝမ်းမြောက်သွားခဲ့ကြ၏။

တိုက်ပွဲအခြေအနေအား ကြည့်ရှုရန်အပြေးလာခဲ့ကြသော တစ်ခြားဒေသမှ ကျင့်ကြံသူများလည်း ထိုရွှေရောင်အလင်းအား မြင်လိုက်လျှင် တုန်လှုပ်သွားခဲ့ကြသည်။

ထိုရွှေရောင်အလင်းက မူလဒေသအတွင်းသို့ ရောက်ရှိပြီးနောက် အုန်း ကနဲပေါက်ကွဲသွား၏။

ထို့နောက် အနည်းငယ်ဖြူလျော်နေသော မျက်နှာဖြင့် အဘိုးအိုတစ်ယောက်ထွက်ပေါ်လာသည်။

“ စိတ်ဝိညာဉ်အင်ပါယာပဲ…”

“ ဟုတ်တယ်… စိတ်ဝိညာဉ်အင်ပါယာ ရောက်လာပြီ…”

စိတ်ဝိညာဉ် အင်ပါယာ ဆိုသူက ယခင်တောင်ပိုင်းတိုက်ကြီး၌ ရှိသော အင်ပါယာအဆင့်ကျင့်ကြံသူ (၃) ယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ ထို့အပြင် သူက အင်ပါယာ (၃) ယောက်ထဲ၌ အငယ်ဆုံးလည်းဖြစ်၏။

All Chapters