← Chapters

အခန်း (၃၇၉)

Vol. 26 Ch. 379

အခန်း (၃၇၉)

Vol. 26 Ch. 379

သူက အင်ပါယာအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုဓါးရည်ရွယ်ချက်၏ အဆင့်ကို ပြောနိုင်စွမ်းရှိသည်။

“ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ မင်းရဲ့ ဓါးရည်ရွယ်ချက်စွမ်းအားက ဘယ်လောက်ကြာကြာ ခုခံနိုင်မှာလည်း…”

မိုးကြိုးအင်ပါယာ လီချင်းယန်က အမြင်ကပ်စရာကောင်းစွာ ပြောလိုက်၏။

သို့သော် အထွတ်အထိပ် အဆင့် (၅) ဓါးရည်ရွယ်ချက်စွမ်းအားက အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသည်။

ဓါးတာအိုကို ကျင့်ကြံသော အင်ပါယာအဆင့် ကျင့်ကြံသူများစွာရှိခဲ့ဖူး၏။

၎င်းတို့ ဘဝတစ်လျောက်လုံးတွင် အမြင့်ဆုံးရောက်ရှိနိုင်သည်က ဓါးရည်ရွယ်ချက် အဆင့် (၃) သာဖြစ်ပြီး လူအနည်းငယ်သာ ဓါးရည်ရွယ်ချက် အဆင့် (၄) သို့ ရောက်ရှိနိုင်ခဲ့ကြသည်။

ဓါးရည်ရွယ်ချက် အဆင့် (၄) သို့ရောက်ရှိနိုင်သူများမှာ ဖီးနစ်အတောင် နှင့် ချီလင်ဦးချို အလားရှားပါးလွန်းလှ၏။

သူ့ရှေ့မှ ထိုလူငယ်လေးက ယခုမှ လူသားဘုရင်တစ်ယောက်သာဖြစ်သေးသည်။ အထွတ်အထိပ် အဆင့်(၅)ဓားရည်ရွယ်ချက်ကို နားလည်ထားပြီဖြစ်၏။

သို့သော် သူက ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး အထွတ်အထိပ်အဆင့် (၅) ဓါးရည်ရွယ်ချက်ကို နားလည်ထားလျှင်ပင် မိုးကြိုးအင်ပါယာ၏ စွမ်းအားရှေ့၌ အချည်းနှီးမျှသာ ဖြစ်ပေလိမ့်မည်။

အစောပိုင်းက မိုးကြိုးလက်ဝါးတိုက်ခိုက်မှုက သာမန်ကာလျှံကာ လှုပ်ရှားမှုတစ်ခုသာဖြစ်၏။

“ ထိန်းချုပ်ပြီးတိုက်ခိုက်နေစရာမလိုပါဘူး… ခင်ဗျားရဲ့ စွမ်းအားကို ကျုပ်မြင်ချင်တယ်…”

ရွှမ်ယီ၏ နှုတ်ခမ်းထောင့်က အနည်းငယ်တွန့်ကွေးသွားပြီး ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်၏။

“ ခင်များက ကျုပ်ရဲ့ မရီဒန်တွေနဲ့စိတ်ဝိညာဉ်အမြစ်ကို ဖျက်ဆီးပြီးတော့ ခင်များရှေ့မှာ ဒူးထောက်တောင်းပန်‌စေချင်တယ်ပေါ့…”

စကားဆုံးသည်နှင့် ရွှမ်ယီက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ဖန်ဂျီဓါးထံမှ စူးရှသော ဓါးအော်သံများထွက်ပေါ်လာခဲ့သည်။ ထို့နောက် ဓါးရည်ရွယ်ချက်စွမ်းအားက ကောင်းကင်အား နှစ်ခြမ်းပိုင်းဖြတ်လုမတတ် မြင့်တက်လာခဲ့၏။

…

ရွှမ်ယီ၏ စကားသံက မူလဒေသတစ်ခုလုံးအား တုန်ခါသွားစေခဲ့သည်။

“ ဒီမှာ လီချင်းယန်.. ကျုပ်လည်း ခင်ဗျားကို တစ်ခုပြောပါရစေ…”

ရွှမ်ယီက အနည်းငယ်မျှလေးစားမှုမရှိပဲ နာမည်တိုက်ရိုက်ခေါ်လိုက်၏။

“ ခင်းဗျား အခုချက်ချင်း ခင်ဗျားရဲ့ မရီဒန်တွေ နဲ့ စိတ်ဝိညာဉ်အမြစ်ကို ဖျက်ဆီးပြီး ရှေးဟောင်းမဟာမိတ်အဖွဲ့ကြောင့် ဒုက္ခရောက်ခဲ့တဲ့လူတွေကို ဒီနေရာကနေ ဒူးထောက်တောင်းပန်ပါ…”

“ ဒါဆိုရင် ခင်ဗျားကို သက်တောင့်သက်သာနဲ့ အလွယ်တကူ သေခွင့်ပေးမယ်…”

ရွှမ်ယီ အေးစက်စွာရယ်လိုက်၏။

“ ခွေးကောင်.. မင်း အဲ့လောက်ထိ မောက်မာမလာနဲ့…”

လီချင်းယန် အလွန်ဒေါသထွက်သွား၏။ လက်ရှိအချိန်၌ တောင်းပိုင်းတိုက်ကြီးတစ်ခုလုံးတွင် သူ့အား မလေးမစားဆက်ဆံရဲသူ တစ်ယောက်မှမရှိချေ။

“ သေစမ်း…”

ဂျိန်း..

လီချင်းယန်၏ နောက်ကျဘက်ရှိ စစ်ရထားမှ အသံကျယ်ကြီးထွက်ပေါ်လာ၏။

သူက အပြင်းထန်ဆုံးသော တိုက်ခိုက်မှုအား အသုံးပြုလိုက်ခြင်းဖြစ်ကာ ကောင်းကင်နှင့် မြေပြင်တစ်ခွင် အလွန်ကျယ်လောင်စွာ မြည်ဟည်းသွားလေသည်။

မူလဒေသ၏ ဟိုးအနက်ရှိုင်းဆုံးနေရာသို့ ထိုးဖောက်တော့မည့်အလား ရွှေ ခရမ်းရောင် အလင်းတန်းတစ်ခု ထိုးဆင်းလာ၏။

၎င်း၏ ဦးတည်ရာက ရွှမ်ယီဖြစ်ပေသည်။

သို့သော် ရွှမ်ယီ၏ အမူအရာက အနည်းငယ်မျှ ထိတ်လန့်သွားဟန်မရချေ။

“ ရဲ့ချင်းစုန်…”

အသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။

စကားဆုံးသည်နှင့် ရွှမ်ယီ၏ အနောက်ဘက်မြေပြင်မှနေပြီး ထင်ရှူးပင်ကြီးတစ်ပင် ထွက်ပေါ်လာခဲ့သည်။

ထိုထင်းရှူးပင်က လျင်မြန်စွာ မြင့်တက်လာခဲ့၏။ ၎င်းက တိမ်များအထက်သို့တိုင်အောင် မြင့်တက်သွားပြီး ကောင်းကင်အားထိုးဖောက်သွားသည့်အလားပင်။

လီးချင်ယန် တိုက်ခိုက်ခဲ့ချိန်နှင့် ထင်ရှုးပင်ကြီး ထွက်ပေါ်လာချိန်တို့က အလွန် တိုင်ပင်ကိုက်နေပြီး နှစ်ခု ထိတွေ့သွားရာတွင် လီချင်းယန်၏ စစ်ရထား နောက်သို့ မီတာ(၁၀၀၀) လွင့်စင်သွားခဲ့သည်။

အစိမ်းရောင် ထင်ရှူးပင်ကြီးက ကောင်းကင်သို့တိုင်အောင် မြင့်လားလျက်ရှိပြီး ပင်စည်ရှေ့၌ ထင်းရှူးတုတ်တစ်ချောင်း ကိုင်ထားသည့် အစိမ်းရောင်၀တ်စုံဖြင့် အဘိုးအိုတစ်ဦး ရပ်နေ၏။

သူ၏ မျက်၀န်းများက မိုးသောက်ကြယ်အလား တောက်ပနေသည်။ ၎င်း၏ ပုံစံက သာမန် အဘိုးအိုတစ်ဦး ဟန်ပန်သာရှိသော်လည်း ၎င်းအား မည်သူမှ မလေးမစားပြုဝံ့မည်မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် သူ့လှုပ်ရှားမှုများအား မည်သူမှ မြင်နိုင်စွမ်းမရှိသောကြောင့်ပင်။

၎င်းက ပေါ်လာသည်နှင့် ချက်ချင်း ရွှမ်ယီနောက်သို့ မည်သည့်သဲလွန်စမှ ရှာမရဘဲ နေရာခုန်ကူးသွားသည့်အလား ရောက်သွားခဲ့သည်။

ထို့အပြင် ထင်းရှူးပင်နှင့် လီချင်းယန်၏ တိုက်ခိုက်မှု ထိတွေ့ခဲ့စဉ် လီချင်းယန်ရော စစ်ရထားပါ နောက်သို့ မီတာ(၁၀၀၀)လွင့်စင်သွားခဲ့သောကြောင့်ဖြစ်၏။

ထို ထင်းရှူးပင်ကြီးအား ၎င်းက ထိန်းချုပ်ထားခြင်းမှာ သိသာလှသည်။

“ နောက်ထပ် အင်ပါယာအဆင့် ကျင့်ကြံသူလား…?”

“ တောင်ပိုင်းတိုက်ကြီးမှာ အင်ပါယာအဆင့် နောက်တစ်ယောက် ဘယ်တုန်းက ထွက်ပေါ်လာတာလဲ…?”

“ အဲ့ အဘိုးကြီးက ဘယ်သူလဲ.. ဘာလို့ သူက ရွှမ်ယီ နောက်မှ ရပ်နေတာလဲ.. ကြည့်ရတာ ရွှမ်ယီကို ကာကွယ်ပေးနေပုံဘဲ…”

လူတိုင်း အလွန်အံ့ဩသွားကြ၏။

အားလုံးထဲတွင် အံ့အားအသင့်ဆုံးမှာ ထင်းရှူးပင်ကြောင့် လွင့်စင်သွားခဲ့သည့် လီချင်းယန်ဖြစ်ပေသည်။

သူက နီရဲနေသော မျက်နှာဖြင့် ရှေးဟောင်းစစ်ရထားပေါ်၌ ရပ်နေခဲ့၏။

ထို့နောက် ထင်းရှူးအဘိုးအိုအားကြည့်ပြှီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ ခင်ဗျားက ဘယ်သူလဲ.. ကျုပ်နဲ့ ရန်သူလုပ်မှာ သေချာပြီလား…”

သို့သော် ရဲ့ချင်းစုန်က ၎င်းအား ဂရုမစိုက်ဘဲ ရွှမ်ယီအား ကြည့်လိုက်၏။

…

ရွှမ်ယီအနေဖြင့် ရဲ့ချင်းစုန်အား ဆင့်ခေါ်ရခြင်းမှာ ပင်းယုအား ဆင့်ခေါ်ခဲ့စဉ်တုန်းကနှင့် အလွန်ခြားနားကြောင်း ခံစားမိခဲ့သည်။

ပင်းယုအား ဆင့်ခေါ်ခဲ့စဉ် အထွတ်အထိပ် ကောင်းကင်ဘုရင်အဆင့် ဖိအားကို ခံစားမိခဲ့၏။

ယခု ရဲ့ချင်းစုန်အား ဆင့်ခေါ်လိုက်ရာ ၎င်း ရောက်လာသည်နှင့် ကမ္ဘာကြီး တစ်ခုလုံး တုန်ခါသွားသည်ဟု ရွှမ်ယီခံစားခဲ့ရသည်။

အဆက်မပြတ် တုန်ခါနေခြင်းဖြစ်၏။

၎င်း၏ စွမ်းအားက အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

ရဲ့ချင်းစုန်က သူ့အား လျစ်လျူရှုထားသည်ကိုမြင်လျှင် လီချင်းယန် အလွန်ဒေါပွသွားပြီး

“ ခင်ဗျားက ကိုယ့်ကိုယ်ကို အရမ်းအထင်ကြီးလွန်းနေတာပဲ…”

လီချင်ယန်၏ စကားသံက အလွန်ကျယ်လောင်နေသော်လည်း ယခင်ရောက်လာစတုန်းကနှင့် မတူဘဲ တစ်မူထူးခြားနေ၏။

ဘယ်နေရာက ထူးဆန်းနေကြောင်း ဘယ်သူမှ သတိမထားမိခဲ့ကြချေ။

သို့သော် ကျောင်းကျီကမူ တစ်စုံတစ်ခုအား ရိပ်မိလိုက်၏။ သူက အင်ပါယာတစ်၀က်အဆင့်နားသို့ ချဉ်းကပ်နေပြီဖြစ်ပြီး အင်ပါယာအဆင့်နှင့်ပတ်သက်ပြီး အတန်အသင့် နားလည်ထားသည်။

သူက ထင်းရှူးအဘိုးအိုနှင့် လီချင်းယန်တို့၏ ခွန်အား အတိမ်အနက်ကိုအတိအကျ မသိနိုင်သော်လည်း လီချင်းယန်၏ ကျယ်လောင်သော စကားသံများအောက်၌ ခွန်အား နိမ့်ကျမှုကို ဖုံးကွယ်ထားကြောင်း ခံစားမိခဲ့၏။

ထိုတွေ့ရှိမှုက ကျောင်းကျီ၏ နှလုံးသားအား လှိုင်းထန်သွားစေခဲ့သည်။

“ တောင်းပိုင်းတိုက်ကြီးရဲ့ နံပါတ်(၁) ပါရမီရှင်မှာ ဘယ်လို လျှို့ဝှက်ချက်တွေရှိနေတာလဲ…”

ယခင်တုန်းက ပင်းယု ၊ ယခုတစ်ကြိမ်တွင် ထင်းရှူအဘိုးအို…။

ပထမတစ်ယောက်က အထွတ်အထိပ်ကောင်းကင်ဘုရင်အဆင့်မှ တာအိုစောင့်ရှောက်သူဖြစ်ပြီး အင်ပါယာတစ်၀က်အဆင့်နှင့်ပင် ယှဉ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထား၏။

( Note- တာအိုစောင့်ရှောက်သူ (ခ) တာအိုကာကွယ်သူဆိုတာ အရမ်းအစွမ်းထက်တဲ့ အင်အားစုကြီးတွေ ဂိုဏ်းကြီးတွေမှာ သူတို့ရဲ့ အစွမ်းထက်ဆုံး ပါရမီရှင် တပည့်တွေ အချိန်မတန်ခင် မသေသွားဖို့အတွက် အရိပ်ထဲကနေ လိုက်လံစောင့်ရှောက်ဖို့ စေလွှတ်ထားတာမျိုးကို ဆိုလိုတာပါ )

သူမက ရွှမ်ယီအား အခြေတည်ဝိညာဉ်အဆင့်မှ လူသားဘုရင်အဆင့်သို့ရောက်သည်အထိ ကာကွယ်ပေးခဲ့သည်။

ယခုတစ်ကြိမ်တွင် အင်ပါယာအဆင့် ထင်းရှူးအဘိုးအို ရောက်လာပြန်ချေပြီ။

အကယ်၍ ကျောင်းကျီသာ ရွှမ်ယီက တောင်းပိုင်းတိုက်ကြီး ဇာတိဖြစ်ကြောင်း တိတိကျကျသိမထားခဲ့လျှင်

ကျန် တိုက်ကြီးများရှိ ဂိုဏ်းကြီးတစ်ခုခုမှ နံပါတ်(၁) ပါရမီရှင် ဤနေရာသို့ လေ့ကျင့်ရန် ရောက်လာခြင်းပေလောဟု သံသယ၀င်မိပေလိမ့်မည်။

All Chapters