← Chapters

အခန်း (၃၈၄)

Vol. 26 Ch. 384

အခန်း (၃၈၄)

Vol. 26 Ch. 384

ထို့အပြင် ရှေးဟောင်းစစ်မြေပြင်မှ အတားအဆီးများ ပျက်ပြယ်သွားခြင်းက တောင်ပိုင်းတိုက်ကြီးမှ ကျင့်ကြံသူများအား ထိုနေရာတွင်လေ့ကျင့်ရန်အတွက် အလွန်ဆွဲဆောင်နိုင်ခဲ့သည်။

မြေအောက်နန်းတော်မှ လွတ်မြောက်လာသည့် ရှေးဟောင်းကျင့်ကြံသူများ၏ စကားများအရ ရှေးဟောင်းစစ်မြေပြင်၌ အလွန်လျှို့ဝှက်ဆန်းကျယ်သော အမွေဆက်ခံရာနေရာတစ်ခုရှိကြောင်း သိရှိခဲ့ရသည်။

၎င်းက ရှေးပဝေဏသီခေတ်မှ တောင်ပိုင်းတိုက်ကြီးရှိ မဟာဂိုဏ်းကြီးများမှ အမြင့်မြတ်ဆုံးသော အမွေဖြစ်ပေသည်။

ထိုအထဲတွင် တာအိုအရှင်သခင်အဆင့် ကျင့်စဉ်နှင့် ပညာရပ်များပင်ရှိနေ၏။

သို့သော် ရှေးဟောင်းကျင့်ကြံသူများပင်လျှင် သူတို့အနေဖြင့် ရှေးဟောင်းစစ်မြေပြင်၌ အချိန်တော်တော်ကြာအောင် ရှာဖွေခဲ့ကြသည့်တိုင် ထိုရှေးဟောင်း အမွေဆက်ခံရာနေရာအား ရှာမတွေ့ခဲ့ကြပေ။

ထိုအမွေဆက်ခံရာနေရာအား ရှာမတွေ့လျှင်ပင် ရှေးဟောင်းစစ်မြေပြင်တွင် ရှိသော သဘာဝဥပဒေသစွမ်းအားများက အလွန်ထင်ရှားစွာ ဖြစ်တည်နေခဲ့သည်။

လက်ရှိ တောင်ပိုင်းတိုက်ကြီးရှိ မျက်မှောက်ခေတ်မှကျင့်ကြံသူများအတွက် ရှေးဟောင်းစစ်မြေပြင်က ကျင့်ကြံရန် အလွန်သင့်တော်သော နေရာဖြစ်၏။

ကျင့်ကြံမှုအရှိန်အဟုန်အား အဓိကမြှင့်တင်ပေးနိုင်သော နေရာမှာ ရှေးဟောင်းကျင့်ကြံသူများ အကျဉ်းကျနေခဲ့သည့် မြေအောက်နန်းတော်များဖြစ်ပေသည်။

သို့သော် မြေအောက်နန်းတော်အရေအတွက်မှာ အကန့်အသတ်နှင့်ရှိပြီး ၎င်းအတွင်းသို့ ဝင်ရောက်ကျင့်ကြံနိုင်သော အရေအတွက်မှာလည်း အကန့်အသတ်နှင့်သာရှိ၏။

မြေအောက်နန်း‌တော်တစ်ခု၌ လူ အယောက် (၂၀) ခန့်သာ ကျင့်ကြံနိုင်သည်။ ထို့အပြင် မြေအောက်နန်းတော်၌ ရှိသော အချိန်စီးဆင်းမှုအား ထိန်းချုပ်နိုင်သည့် အစီအရင်ကြီးအား အသက်ဝင်စေရန်အတွက် နတ်ဘုရားအရင်းအမြစ်များစွာလည်း လိုအပ်သည်။

ဤသို့ဖြင့် ရှေးဟောင်းစစ်မြေပြင်၌ အင်အားစုကြီးများအကြား ပဋိပက္ခများ မကြာခဏ ဖြစ်ပွားလာခဲ့၏။

အချိန်အတန်ကြာလာသည်နှင့်အမျှ တောင်ပိုင်းတိုက်ကြီးမှ မြင့်မြတ်‌နယ်မြေများပင် ထိုတိုက်ပွဲများ၌ ပါဝင်လာခဲ့ကြသည်။

နောက်ဆုံးတွင် မြေအောက်နန်းတော်များအား ကိုယ်စီဝေစုများခွဲနိုင်ခဲ့ကြသည်။

ရှေးဟောင်းစစ်မြေပြင်မှ အလွန်နက်ရှိုင်းသော နေရာတွင် အလွန်ကြီးကျယ်ခမ်းနားသော နန်းတော်ကြီးတစ်ခု ထွက်ပေါ်လာ၏။

၎င်းက ရှေးဟောင်းစစ်မြေပြင်၌ နောက်ဆုံးထွက်ပေါ်လာခဲ့သော မြေအောက်နန်းတော်ဖြစ်ပေသည်။ ထို့အပြင် ၎င်းက ကျန်မြေအောက်နန်းတော်များနှင့်မတူညီပဲ မြေပြင်အထက်သို့ တိုက်ရိုက်ထွက်ပေါ်လာခဲ့သည်။

ရွှေရောင်တာအိုအမှတ်အသားများက နန်းတော်တစ်ခုလုံးအား လွှမ်းခြုံထား၏။

ထိုနန်းတော်အနီး မီတာ (၃၀၀) ဝန်းကျင်သို့ ရောက်သွားပါက ကြီးမြတ်သော တာအို၏ နက်နဲသော တရားသံများကိုပင် ကြားနိုင်ပေသည်။

တစ်ချို့ကောင်းကင်ဘုရင်များက ထိုနန်းတော်ကြီးက ရှေးဟောင်းစစ်မြေပြင်မှ လျှို့ဝှက်ဆန်းကျယ်သော အမွေအနှစ်တည်ရှိရာ နေရာဖြစ်သည်ဟု ကောက်ချက်ချခဲ့ကြ၏။

ဤသို့ဖြင့် ထိုမြေအောက်နန်းတော်အား ပိုင်ဆိုင်မှုကို အတိအကျဆုံးဖြတ်နိုင်ခြင်းမရှိသေးချေ။

မြင့်မြတ်နယ်မြေအများအပြားလည်း ထိုမြေအောက်နန်းတော်အတွက် ယှဉ်ပြိုင်မှုတွင် ပါဝင်ခဲ့ကြသည်။ ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူများစွာလည်း ရောက်လာခဲ့ပြီး တိုက်ပွဲပေါင်းများစွာ ဖြစ်ပွားခဲ့၏။

သို့သော် (၁၀) ရက်အတွင်း ကောင်းကင်ဘုရင်အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး တစ်ချို့ကမူ ရှေးဟောင်းစစ်မြေပြင်မှ ၎င်းတို့အဖွဲ့အား ခေါ်ကာ ပြန်လည်ဆုတ်ခွာသွားကြပြီး တိုက်ပွဲအား ခေတ္တရပ်နား ထားခဲ့ကြသည်။

ထိုအချိန်တွင် အင်အားစုအသစ်တစ်ခု ထိုရွှေနန်းတော်အတွက် တိုက်ပွဲ၌ ပါဝင်ရန် အလျှင်အမြန်ရောက်လာ၏။

ဘုန်း…

ကောင်းကင်ထက်မှ အစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာလေသည်။

၎င်းက ကျောက်စိမ်းရောင် အကြေးခွံများဖြင့် ရေနဂါးတစ်ကောင်ဖြစ်ပြီး အလွန်လှပသော ရွှေရောင် ရှေးဟောင်းစစ်ရထားတစ်စင်းအား ဆွဲကာ ဖြေးဖြေးချင်းဆင်းသက်လာ၏။

ရွှေနန်းတော်ပတ်ဝန်းကျင်မှ အင်အားစုအားလုံးနီးပါး ထိုကျောက်စိမ်းနဂါးအား ကြည့်ကာ မျက်မှောက်ကြုတ်လိုက်မိကြသည်။

“ ဒါက ဘယ်အင်အားစုက မြင့်မြတ်သားတော်များလည်းမသိဘူး… ရထားကို ဆွဲဖို့အတွက်ရေနဂါးတစ်ကောင်ကိုတောင် အသုံးပြုထားတယ်…”

“ အဲ့ဒီ ရေနဂါးရဲ့ အရှိန်အဝါက အရမ်းကြောက်ဖို့ကောင်းတယ်… ဘုရင်အဆင့်ပဲဖြစ်ရမယ်… ပြီးတော့ ဘုရင်အဆင့်သားရဲတွေထဲမှာတောင်မှပဲ ထိပ်တန်းအဆင့်ဖြစ်နိုင်တယ်… သာမန်အင်အားစုတွေမှာ အဲ့ဒီအဆင့်သားရဲတစ်ကောင်ရှိရင် အခြေခံအုတ်မြစ်တစ်ခုဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အခုတော့ ရထားဆွဲဖို့ အသုံးပြုထားရတယ်…”

တစ်ချို့ကျင့်ကြံသူများ ထိတ်လန့်စွာဖြင့် အချင်းချင်းတီးတိုးပြောနေခဲ့ကြသည်။

နောက်ဆုံးတွင် ထိုရှေးဟောင်းစစ်ရထားအထက်မှ ရွှေရောင်ချပ်ဝတ်အားဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်ထွက်ပေါ်လာခဲ့သည်။

ရန်အင်ပါယာမှ တတိယမင်းသား ၊ ရန်နန်ချင်း…

လူအများစု တုန်လှုပ်သွားကြသည်။

ကြီးမြတ်သော ရန်အင်ပါယာက ကောင်းကင်ဘုရင်အဆင့် အင်အားစုတစ်ခုဖြစ်ရုံမျှမက ၎င်းတို့ထံတွင် အင်ပါယာ တစ်ဝက်အဆင့် ဘိုးဘေးတစ်ဦးလည်းရှိသေး၏။

၎င်းတို့က ပျံလွှားဒေသ၌ အကြီးဆုံးသော အင်အားစုဖြစ်ပေသည်။

၎င်းတို့ထံ၌ အင်ပါယာအဆင့်ကျင့်ကြံသူအား ပိုင်ဆိုင်ထားခြင်းမရှိသော်လည်း တောင်ပိုင်းတိုက်ကြီး၌ အလေးစားခံအင်အားစုတစ်ခုဖြစ်၏။

၎င်းက ထိုအင်ပါယာတစ်ဝက်အဆင့်ကျင့်ကြံသူကြောင့်ဖြစ်သည်။ သူက အင်ပါယာအဆင့်သို့မရောက်သေးသော်လည်း သူ၏ အခြေခံအုတ်မြစ်နှင့် စုဆောင်းထားခဲ့သော စိတ်ဝိညာဉ်ယွမ်စွမ်းအင်များက အလွန်ခိုင်မာနေပြီဖြစ်ကာ ထာဝရနတ်ဘုရားစင်မြင့်အား တည်ဆောက်နိုင်လုနီးပါးဖြစ်နေချေပြီ။

သူက အင်ပါယာအဆင့်ကျင့်ကြံသူများ၏ ထူးခြားသော နတ်စွမ်းရည်တစ်ချို့ကိုပင် အသုံးပြုနိုင်နေပြီဖြစ်၏။

သူ၏ ခွန်အားက အထွတ်အထိပ်ကောင်းကင်ဘုရင်အဆင့်ထက် အဆများစွာ မြင့်မားပေသည်။

ထိုရန်နန်ချင်းဆိုသည့် လူငယ်လေးက ရန်အင်ပါယာမှ နံပါတ် (၁) ပါရမီရှင်ဖြစ်ပေသည်။ သူက အသက် (၁၆) နှစ်တွင် မူလဘုရင်အဆင့်သို့ ရောက်ရှိခဲ့ပြီး သူ၏ အတိုက်အခိုက်စွမ်းရည်ကလည်း အလွန်ထူးခြားပေသည်။

ထို့အပြင်သူက မူလဘုရင်အဆင့်ဇယား၌ နံပါတ် (၅) လည်းဖြစ်၏။

“ ဒီတိုက်ပွဲမှာ ပါဝင်ဖို့အတွက် ရန်အင်ပါယာ ကိုယ်စားပြုအနေနဲ့ ငါရောက်လာပြီ…”

ရန်နန်ချင်း၏ စကားသံတွင် အလွန်မောက်မာဟန်များပြည့်နှက်နေခဲ့ပြီး ဤနေရာမှ ကျင့်ကြံသူအများအပြားအား လျစ်လျုရှုထားခဲ့သည်။ သူ၏အကြည့်များက သူနှင့် အဆင့်တူသော ပါရမီရှင်တစ်ချို့ထံသို့သာ ရောက်ရှိနေခဲ့၏။

“ အချိန်ဖြုန်းမနေနဲ့တော့… စလိုက်ကြစို့…”

အင်အားစုကြီးများအနေဖြင့် တစ်ခုနှင့်တစ်ခု အပြင်းအထန်တိုက်ခိုက်ပါက နှစ်ဖက်လုံးပျက်စီးမှုများ မလွဲမသွေဖြစ်ပေါ်လာပေလိမ့်မည်။

ဤသို့ဖြင့် နောက်ဆုံး‌တွင် ၎င်းတို့ထံမှ နံပါတ် (၁) ပါရမီရှင်များ ၊ အမွေခံများကိုသာ အချင်းချင်း တိုက်ခိုက်ဖို့စေလွှတ်ရန် သဘောတူညီမှု ရရှိခဲ့ကြသည်။

နောက်ဆုံးအောင်နိုင်သော အဖွဲ့က ရွှေနန်းတော်အား ရရှိမည်ဖြစ်သည်။

“ အိုး… မင်းက အရမ်းအလျင်လိုနေတာပဲ… ကြည့်ရတာ ငါရောက်လာမှာစိုးလို့နဲ့တူတယ်…”

ရန်နန်ချင်း၏ စကားဆုံးသည်နှင့် ကောင်းကင်ထက်မှ ထီမထင်ဟန်ရသော စကားသံတစ်ခုထွက်ပေါ်လာခဲ့သည်။

နောက်ထပ် ပါရမီရှင်တစ်ဦးရောက်လာပြီဖြစ်၏။ သို့သော် အသစ်ရောက်ရှိလာသော လူကမူ ရန်နန်ချင်းလောက် မောက်မာဟန်မရချေ။

ထို့အပြင် ၎င်းထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါများက ရန်နန်ရှင်းထက် သာလွန်နေ၏။

“ မူလဘုရင်အဆင့်ဇယားက နောက်ထပ် ပါရမီရှင်တစ်ယောက်…”

ရွှေနန်းတော်၀န်းကျင်မှ လူတိုင်း အံ့ဩသွားကြသည်။

ကောင်းကင်ထက်မှ အနီရောင်၀တ်စုံ၀တ်ဆင်ထားပြီး ကျော၌ ဘူးသီးခြောက်ကြီးတစ်လုံးလွယ်ထား‌သော လူငယ်တစ်ယောက် ဆင်းသက်လာ၏။

ထိုဘူးသီးခြောက်ကြီး၌ အနီရောင် မျဉ်းကြောင်းများရှိနေခဲ့ပြီး ထို မျဉ်းများအတွင်း မီးတောက်များစီးဆင်းနေပေသည်။

၎င်းက မီးတိမ်ဂိုဏ်းမှ မြင့်မြတ်သားတော် ယုရန်ဖြစ်ပြီး မူလဘုရင်အဆင့်ဇယား၌ နံပါတ်(၃) ဖြစ်၏။

ထို့အပြင် ယုရန် ရောက်လာခြင်းက ပတ်၀န်းကျင်အား လှုံ့ဆော်လိုက်ဟန်ရသည်။

အင်အားစုကြီး (၂၇)ခုမှ ၎င်းတို့ ဆက်ခံသူများ ၊ ပါရမီရှင်များ စေလွှတ်လိုက်တော့၏။

ဤသို့ဖြင့် ရွှေနန်းတော်အရှေ့၌ လူများ စုဝေးလာခဲ့သည်။

All Chapters