← Chapters

အခန်း (၃၈၅)

Vol. 26 Ch. 385

အခန်း (၃၈၅)

Vol. 26 Ch. 385

မူလဘုရင်အဆင့်အဆင့်ဇယားမှ ပါရမီရှင် (၁၀)ယောက်လုံးရှိနေခဲ့ပြီး အဆင့်ဇယား၌ မပါ၀င်သော လျှို့ဝှက် ပါရမီရှင်များလည်း ရောက်ရှိနေကြချေပြီ။

“ အခု သူတို့အားလုံး ဒီမှာဆုံတွေ့ကြပြီ.. မကြာခင် ကြီးကျယ်ခမ်းနားတဲ့တိုက်ပွဲကြီး ဖြစ်လာတော့မယ်…”

ကျင့်ကြံသူအများအပြား အချင်းချင်း ဆက်သွယ်လိုက်ကြပြီး မရေမတွက်နိုင်သော လူများ တိုက်ပွဲအား ကြည့်ရန် ရွှေနန်းတော်သို့ အပြေးအလွှားရောက်လာခဲ့ကြသည်။

သူတို့ရောက်လာချိန်တွင် တော်တော်လေး မှင်သက်သွားခဲ့ကြ၏။

ရွှေနန်းတော်ကြီးရှေ့၌ ကြီးကျယ်ခမ်းနားသော တိုက်ပွဲကွင်းပြင်ကြီးတစ်ခု တည်ဆောက်ထားသည်အား မြင်လိုက်ရသောကြောင့်ပင်။

ပါရမီရှင်များကမူ မကြာမီ စတင်တော့မည့် တိုက်ပွဲအတွက် ပြင်ဆင်ပြီး ကွင်းထဲ၌ ရပ်နေကြချေပြီ။

ထိုအချိန်တွင် ရုတ်တရက် ရွှေနန်းတော်အတွင်းမှ မိုးခြိမ်းသံအလား အသံကျယ်ကြီးတစ်ခု မြည်ဟည်းလာ၏။

ထို့နောက် အလုံပိတ်ထားသော ရွှေနန်းတော်၏ ပင်မတံခါးကြီးပွင့်လာလျှင် လူတိုင်း ထိတ်လန့်အံ့ဩသွားကြသည်။

အားလုံး ထိုနေရာသို့ လှမ်းကြည့်လိုက်ကြ၏။

“ ရှေးဟောင်းကျင့်ကြံသူတွေ ထွက်လာပြီလား…?”

ထိုရွှေနန်းတော် ထွက်ပေါ်လာသည်မှာ လ၀က်ခန့်ရှိပြီဖြစ်သော်လည်း အတွင်းမှ မည်သည့် ရှေးဟောင်းကျင့်ကြံသူမှ ထွက်ပေါ်လာခဲ့ခြင်းမရှိချေ။

၎င်းက အလွန်ထူးဆန်းနေပြီး ရွှေနန်းတော်ကြီးအတွင်း၌ ပြိုင်ဘက်ကင်း အမွေအနှစ်ရှိနေသူဟု လူအများအား ထင်မှတ်သွားစေသည့် အဓိကအချက်ဖြစ်သည်။

သို့သော် ယခုတွင် ရွှေနန်းတော်ကြီး၏ ပင်မတံခါးကြီး ပွင့်လာချေပြီ။

တိုက်ပွဲအတွက် ပြင်ဆင်နေသည့် ပါရမီရှင်များ၏ မျက်လုံးအကြည့်များ တံခါးရှိရာသို့ တစ်ပြိုင်နက် ကျရောက်သွားလေသည်။

“ ရှေးဟောင်းကျင့်ကြံသူတွေ ၊ အမွေအနှစ်တွေ ရှိရှိမရှိ အဲ့အထဲမှာရှိတဲ့ ဥပဒေသစွမ်းအားတွေက အရမ်းသိပ်သည်းလွန်းတယ်… ငါတို့ ရန်အင်ပါယာက ရွှေနန်းတော်ကို အရယူဖို့ ဆုံးဖြတ်ထားပြီးသား…”

ရန်နန်ရှင်းက တောက်ပသော မျက်၀န်းများဖြင့် ပြောလိုက်၏။

ကျန် ပါရမီရှင်များလည်း မည့်သည့်စကားမှ မဆိုကြသည့်တိုင် ၎င်းတို့ မျက်လုံးအကြည့်များမှ တစ်ဆင့် ရန်နန်ရှင်းကဲ့သို့ ဆုံးဖြတ်ထားကြောင်း မြင်နိုင်သည်။

၎င်းတို့နှင့် အတူလိုက်ပါလာသော အင်အားစုများမှ ခေါင်းဆောင်များ အကြီးအကဲများကလည်း ရွှေနန်းတော်၀င်ပေါက်သို့ စိုက်ကြည့်နေကြ၏။

ထိုအထဲမှ ထွက်လာတာ မည်သူဖြစ်ပါစေ ရွှေနန်းတော်အား အမိအရသိမ်းပိုက်ရန် ဆုံးဖြတ်ထားကြသည်။

ရှေးဟောင်းဘုရင်များဖြစ်နေလျှင်တောင် ကိစ္စမရှိချေ။

၎င်းတို့သာ စည်းလွတ်ဝါးလွတ် ပြုမူလာပါက…

ဟမ့်..

လွန်ခဲ့သော (၃)လခန့်က ရှေးဟောင်းမဟာမိတ်အဖွဲ့အား ရွှမ်ယီက အမြစ်မှ ဆွဲနှုတ်ခဲ့သည်။

မည်သည့် ရှေးဟောင်းကျင့်ကြသူမှ တောင်ပိုင်းတိုက်ကြီး၌ မမောက်မာဝံ့တော့ချေ။

ထို့အပြင် လက်ရှိအချိန်၌ ရွှမ်ယီ ကိုယ်တိုင်လှုပ်ရှားရန်ပင်မလိုချေ။

သူတို့ အင်အားစုကြီး(၂၇)ခု ဤနေရာ၍ စုရုံးရောက်ရှိနေသည်ဖြစ်ရာ ၎င်းတို့အား အေးဆေး ကိုင်တွယ်နိုင်စွမ်းရှိသည်။

၎င်းတို့သာ ညာဏ်မရှိသော လုပ်ရပ်များ လုပ်လာပါက ဖုန့်မှုန့်များအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

သို့သော် ရွှေနန်းတော်အတွင်းမှ မည်သူ တစ်ဦးတစ်ယောက်မှ မမျှော်လင့်ထားသော ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

“ ဟမ်.. မူလဘုရင်တစ်ယောက်လား…?”

ယုရန် မျက်မှောင်ကြုတ်လိုက်မိ၏။

သူကိုယ်တိုင်က မူလဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း အလွန်တိုက်ခိုက်နိုင်စွမ်း မြင့်မားသူဖြစ်ပေသည်။ လူသားဘုရင်အဆင့် ကျင့်ကြံသူများစွာကို သတ်ခဲ့ဖူး၏။

ထို ထွက်လူသူက ရှေးဟောင်းမူလဘုရင် တစ်ယောက် ဖြစ်သော်ငြား ယုရန်အနေဖြင့် အနည်းငယ်မျှ ထိတ်လန့်သွားခြင်းတော့မရှိပေ။

ယုရန်သာမက ထိုထွက်လာသူတိုင်း မြင်လိုက်ရသူတိုင်း အလွန်အံ့ဩသွားကြ၏။

ထိုမျှ ကြီးကျယ်ခမ်းနားသော နန်းတော်ကြီးအတွင်းမှ ထွက်လာသူက အင်ပါယာတစ်၀က်အဆင့် ကျင့်ကြံသူမဟုတ်လျှင်တောင် အနည်းဆုံး ကောင်းကင်ဘုရင်တစ်ယောက်တော့ ဖြစ်သင့်သည်။

ယခုတွင် မူလဘုရင်တစ်ယောက်ဖြစ်နေခဲ့၏။

“ ဟေး.. မင်းက ဘယ်ခေတ်က ကျင့်ကြံသူလဲ..? ဒီကနေ မြန်မြန်ထွက်သွားတော့… အပြင်လောကမှ မင်းရဲ့ မိသားစု ဒါမှမဟုတ် ဂိုဏ်းရှိသေးလား အမြန်သွားကြည့်ဦး… ဒီမှာ အကြာကြီးအချိန်ဖြုန်းမနေနဲ့…”

မီးတိမ်ဂိုဏ်းမှ အကြီးအကဲတစ်ယောက်က ရှေ့တိုးကာ ပြောလိုက်သည်။ စကားပြောနေစဉ် သူ့ထံမှ မီးတောက်များထွက်ပေါ်လာပြီး ကောင်းကင်ထက်သို့ ဖြာထွက်သွား၏။

“ အကြီးအကဲ ကျူးတုတုံပြောတာ အရမ်းအဓိပ္ပါယ်ရှိတယ်… ဒါပေမယ့် သူက မူလဘုရင်အဆင့် ရှေးဟောင်းကျင့်ကြံသူလေး တစ်ယောက်ပဲလေ.. အလွယ်တကူဖယ်ရှားလိုက်လို့ရတာကို ဘာလို့စကားတွေအများကြီးပြောနေပြီး အချိန်ဖြုန်းနေမှာလဲ….”

မီးတိမ်ဂိုဏ်းမှ နောက်ထပ်အကြီးအကဲတစ်ယောက် ရှေ့ထွက်လာပြီး စကားဆုံးသည်နှင့် ၎င်းလက်အား ဝှေ့ယမ်းလိုက်သည်။

မီးတောက်လှိုင်းလုံးများ မြင့်တက်လာပြီး မီးချီလင်ကြီးတစ်ကောင် ဖြစ်ပေါ်လာ၏။

သူက ထို မူလဘုရင်အဆင့်ကျင့်ကြံသူအား ရှေးဟောင်းစစ်မြေပြင်မှ ဖယ်ထုတ်တော့မည်။

သို့သော် ရွှေနန်းတော် တံခါး၀မှ လူငယ်ကမူ အနည်းငယ်မျှ ထိတ်လန့်သွားဟန်မရှိချေ။

သူ၏ လက်အား ဖြည်းညှင်းစွာ လှုပ်ရှားလိုက်လျှင် ဓားအလင်းတစ်ခုက လေထုအား ပိုင်းဖြတ်လျက် ပြေးထွက်လာခဲ့သည်။

ထိုဓားအလင်းက မီးချီလင်အား နှစ်ပိုင်းခွဲသွား၏။

“ ဘယ်က သတ္တိနဲ့ ငါ့ရဲ့ ချီလင်ကို တားဆီးရဲတာလဲ…”

မီးတိမ်ဂိုဏ်းမှ အကြီးအကဲ၏ မျက်၀န်းထဲ၌ ဒေါသများယှက်သန်းလာခဲ့သည်။

ထို့နောက် မီးချီလင်အား နှစ်ပိုင်းဖြတ်ပြီး သူ့ထံသို့ ဆက်လက်၀င်ရောက်လာသည့် ဓားအလင်းအား တားဆီးရန် မှော်ရတနာအများအပြား ထုတ်ယူလိုက်၏။

တစ်ချိန်တည်းတွင် လျှို့ဝှက်ပညာရပ်ကိုလည်း ထုတ်ဖော် အသုံးချလိုက်သေးသည်။

သူ့ ခန္ဓာကိုယ်က မီးခိုးရောင်အလင်းများထွင်ပေါ်လာပြီး မူလနေရာမှ မီတာ(၁၀၀၀)အကွာသို့ ရုတ်ချည်း ရောက်ရှိသွား၏။

သို့သော် ဓားအလင်းက သူအသုံးပြုခဲ့သော အကာအကွယ်မှော်ရတနာများအား အလွယ်တကူ ဖြတ်ကျော်သွားခဲ့သည်။ ထို့အပြင် ၎င်း၏ အရှိန်က အနည်းငယ်မျှ လျော့ကျသွားခဲ့ခြင်းမရှိချေ။

မျက်စိတစ်မှိတ်အတွင်း ထိုအကြီးအကဲရှေ့သို့ရောက်ရှိသွားပြီး ၎င်းခန္ဓာကိုယ်အား နှစ်ခြမ်းခွဲသွားလေသည်။

“ မင်း ဘယ်သူလဲ…မင်းရဲ့ မိသားစု ဒါမှမဟုတ် ဂိုဏ်း ဒုက္ခရောက်မှ မကြောက်ဘူးလား…”

ရန်အင်ပါယာမှ အကြီးအကဲတစ်ယောက်က လေးနက်စွာ စကားဆိုလိုက်၏။

‌ထိုလူငယ်က ဓားတစ်ချက်တည်းဖြင့် အထွတ်အထိပ်လူသားဘုရင်တစ်ယောက်အား သတ်နိုင်စွမ်းရှိသည်။

ထိုသို့သော လူများအား တောင်ပိုင်းတိုက်ကြီး၌ အလွန်တွေ့ရခဲ၏။ ၎င်းတို့က အနာဂါတ်တွင် အနည်းဆုံး ကောင်းကင်ဘုရင်အဆင့်သို့ ရောက်ရှိမည်ဖြစ်ပြီး လျှော့တွက်၍မရချေ။

ဓားကိုင်ထားသော လူငယ်က စကားပြောလိုက်သူအား မော့ကြည့်လိုက်ပြီး

“ ကျုပ်ဆရာ ဒီနေရာမှ တံခါးပိတ်ကျင့်ကြံနေတာ (၃)လရှိပြီ… ခင်ဗျားတို့ ဘာလို့ ဒီရှေ့မှာ တိုက်ပွဲတွေဖြစ်ပြီး အနှောက်အယှက်ပေးနေကြတာလဲ… ပြီးတော့ ဒီနေရာကို ဘယ်သူပိုင်တယ်ဆိုတာ ဆုံးဖြတ်ဖို့အတွက် ကျုပ်ဆရာကိုရော မေးပြီးပြီလား…”

ရန်အင်ပါယာမှ အကြီးအကဲ အံ့အားသင့်သွား၏။

သို့သော် သူဘာမှ မပြောရသေးမီ ရန်နန်ရှင်းက

“ မင်း လိမ်မယ်ဆိုရင်လည်း ယုတ္တိရှိအောင်လိမ်စမ်းပါ… မင်းပြောခဲ့သလိုဆိုရင် မင်းဆရာက ဒီနန်းတော်ထဲမှ ကျင့်ကြံနေတာ (၃)လရှိပြီ ဟုတ်တယ်မှတ်လား… ဒါပေမယ့် ရွှေနန်းတော် ထွက်ပေါ်လာတာ လ၀က်ပဲရှိသေးတယ်လေ…”

“ မင်းရဲ့ဆရာက လွန်ခဲ့တဲ့(၃)လကပဲ ဒီနန်းတော်ကိုရှာတွေ့ပြီး အထဲမှာ ကျင့်ကြံနေတာ ဖြစ်နိုင်ပါ့မလား… ဒါမှမဟုတ် မင်းဆရာရဲ့ ကျင့်ကြံမှုက အရမ်းပြင်းထန်တဲ့အတွက် ရွှေနန်းတော်က မြေပြင်အထက်ကို ထွက်ပေါ်လာတာများလား….?”

ယုရန်ကမူ သူ့ဂိုဏ်းမှ အကြီးအကဲအသတ်ခံခဲ့ရခြင်းအား ဘာမှမဖြစ်သည့်အလား ကြည့်နေခဲ့သည်။

“ ကြည့်ရတာ မင်းရဲ့ဆရာက အင်ပါယာအဆင့်ကိုရောက်နေပြီထင်တယ်… ကျင့်ကြံတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ လှုပ်ခတ်မှုက ကောင်းကင်ဘုရင်တွေထက်တောင် ပိုကြီးတာပဲ… မြေအောက်နန်းတော်တောင် ခံနိုင်ရည်မရှိဘူး…”

ပတ်၀န်းကျင်မှလူများလည်း ဝိုင်း၀န်း လှောင်ပြောင်လိုက်ကြ၏။

ထိုလူငယ် ထုတ်ဖော်ပြသခဲ့သော ဓားရည်ရွယ်ချက်စွမ်းအားက အံ့မခန်းပင်။

သို့သော် ၎င်းက မီးတိမ်ဂိုဏ်းမှ လူ၏ ကျင့်ကြံမှု မလုံလောက်သောကြောင့်သာဖြစ်သည်။

အထွတ်အထိပ် လူသားဘုရင်အဆင့်က ပြင်ပ နယ်မြေများတွင် အလွန်သန်မာသော်လည်း ရှေးဟောင်းစစ်မြေပြင်တွင်မူ အလယ်အလတ်အဆင့်သာရှိ၏။

All Chapters