← Chapters

အခန်း (၃၈၆)

Vol. 26 Ch. 386

အခန်း (၃၈၆)

Vol. 26 Ch. 386

ထိုအဆင့်များအား ကောင်းကင်ဘုရင်တစ်ယောက်အနေနှင့် အလွယ်တကူ သတ်နိုင်စွမ်းရှိပေသည်။

၎င်းတို့က သိပ်ပြီးအရေးမပါလှပေ။

ထိုအချိန်တွင် ရွှေနန်းတော်၀င်ပေါက်မှ လူငယ်က ထပ်မံ၍ စကားပြောလိုက်၏။

သူ၏ ‌စကားသံက အလွန်တည်ငြိမ်နေပြီ ရန်နန်ရှင်းနှင့် ယုရန်တို့ ဒေါသထွက်နေမှုအား အလုံးစုံလျစ်လျူရှုထားခဲ့သည်။

“ ကျုပ်ဆရာက ရှေးဟောင်းဘုရင်တော့မဟုတ်ဘူး.. ဒါပေမယ့် သူတံခါးပိတ်ကျင့်ကြံနေချိန်မှာ နှောက်ယှက်ခွင့်မပြုနိုင်ဘူး…”

“ ကျုပ် ထပ်ပြောမယ်… ခင်ဗျားတို့ အခုချက်ချင်းထွက်သွားရင် အစောပိုင်း‌ခင်ဗျားတို့ကြောင့် အနှောက်အယှက်ဖြစ်ခဲ့တာတွေကို ကျုပ်ဆရာက စိတ်ထဲ မထားဘဲ ခွင့်လွှတ်ပေးလိမ့်မယ်…”

ရုတ်တရက် ထိုလူငယ်၏ လေသံက အေးစက်သွားပြီး

“ အဲ့လိုမှမဟုတ်ရင် ဒီနေရာမှာ တစ်ခါတည်း မြေမြှုပ်ခံရမယ်…”

“ ဟားဟားဟား… အရင်ဆုံးမင်းကိုသတ်မယ်ကွ.. ပြီးမှ မင်းဆရာကို တောင်းပန်လိုက်မယ်…”

ယုရန်အော်ပြောလိုက်ပြီး သူ့ထံမှ အရှိန်အဝါများ ပတ်၀န်းကျင်သို့ ပျံ့နှံ့သွား၏။

သို့သော် သူဘာမှမလုပ်ရသေးမီ

မိုးကုတ်စက်ဝိုင်းအစွန်းတစ်နေရာမှ ရွှေရောင်အလင်းတန်းတစ်ခုက လေထုအားထိုးခွင်းကာ ကောင်းကင်အား ဖြတ်သန်းလျက် ရွှေနန်းတော်ရှိရာသို့ ရောက်လာခဲ့သည်။

ထို့နောက် ၎င်းမှ မိုးခြိမ်းသံအလား အသံကျယ်ကြီး‌ထွက်ပေါ်လာ၏။

“ အင်ပါယာ အမိန်ပြန်တမ်း ပို့လိုက်တယ်.. လျှို့ဝှက်ဘုရင်.. ကျေးဇူးပြုပြီး နဂါးဒေသကို လာခဲ့ပါ…”

[ ရွှမ်ယီကို တောင်ပိုင်းတိုက်ကြီးက လူတွေပေးထားတဲ့ ဘွဲ့နာမည်ပါ။ လျှို့ဝှက်ဆန်းကျယ်တဲ့အတွက် ]

ကောင်းကင်ထက်ရှိ တိမ်တိုက်များအကြား အမိန့်စာက ကောင်းကင်ဘုံကိုးခုလုံးအား ထွန်းလင်းစေနိုင်သည့် ရွှေရောင်အလင်းများဖြင့် ဖြာထွက်နေခဲ့သည်။

ပတ်၀န်းကျင်မှုလူတိုင်း ထိတ်လန့်အံ့ဩနေကြပြီး အနည်းငယ်မျှ လှုပ်ရှားဝံ့ခြင်းမရှိကြတော့ချေ။

အင်ပါယာ အမိန့်ပြန်တမ်း…

တောင်ပိုင်းတိုက်ကြီးတွင် အင်ပါယာအဆင်ကျင့်ကြံသူ (၃)ဦးရှိပြီး ၎င်းတို့က မည်သူမှ မထိပါးဝံ့သော တည်ရှိမှုများလည်း ဖြစ်ပေသည်။

ပုံမှန်အားဖြင့် ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူများအား စုဝေးစေလိုပါက တပည့်များမှ တစ်ဆင့် အကြောင်းကြားလေ့ရှိ၏။

အင်ပါယာအဆင့်သို့ ချိုးဖျက်တော့မည့်လူ ၊ အနာဂါတ်တွင် ချိုးဖျက်နိုင်မည့်လူများကို လေးစားမှုပြုသည့်အနေဖြင့် ဤကဲ့သို့ အင်ပါယာ အမိန့်ပြန်တမ်း ပို့လွှတ်ကာ အကြောင်းကြားတတ်သည်။

ယခု ဤနေရာ၌ ရွှေရောင် အင်ပါယာ အမိန့်ပြန်တမ်း ပေါ်လာ၏။ ဆိုလိုသည်မှာ ရွှေနန်းတော်အတွင်းဤ အင်ပါယာအဆင့်သို့ရောက်မည့်လူ ရှိရမည်။

ရွှေနန်းတော် ပတ်၀န်းကျင်မှ ကောင်းကင်ဘုရင်များ၏ မျက်၀န်းထဲ၌ ထိတ်လန့်တုန်လှုပ်မှုများ ဖြတ်ပြေးသွား၏။

အင်ပါယာအမိန့်ပြန်တမ်းက နှစ်တစ်ထောင်တွင် တစ်ကြိမ်ထွက်ပေါ်လာရန်ပင် အလွန်ခဲယဉ်းလွန်းသည်။

အဆုံးမဲ့ပင်လယ် တိုက်ပွဲတုန်းကတောင် ယခုကဲ့သို့ အင်ပါယာအမိန့်ပြန်တမ်းအသုံးပြုခဲ့ခြင်းမရှိချေ။ ရိုးရိုးရှင်းရှင်း အင်အားစုကြီးများအား စုစည်းကာ တိုက်ခိုက်ရန် ညွှန်ကြားခဲ့၏။

တောင်ပိုင်းတိုက်ကြီးတွင် အင်ပါယာတစ်၀က်အဆင့် ကျင့်ကြံသူများ မရှိခြင်းမဟုတ်ပေ။ အင်ပါယာတစ်၀က်အဆင့် ကျင့်ကြံသူများစွာရှိ၏။

သို့သော် ၎င်းတို့အားလုံးနီးပါး ပါရမီအကန့်အသတ်သို့ရောက်နေပြီဖြစ်ပြီး အင်ပါယာအဆင့်သို့ချိုးဖျက်ရန် မျှော်လင့်ချက်မရှိတော့ပေ။

ယခုအချိန်တွင် အင်ပါယာအဆင့်ကျင့်ကြံသူများပင် အလေးထားရသူ မည်သူရှိမည်နည်း..?

လျှို့ဝှက်ဘုရင်…?

ပတ်၀န်းကျင်မှ လူများအနေဖြင့် ရုတ်တရက် မှင်သက်သွားကြသော်လည်း ယခုတွင် ပြန်လည်သတိ၀င်လာကြပြီဖြစ်သည်။

လူတိုင်း ရွှေနန်းတော်ရှိရာသို့ ထိတ်လန့်စွာ ကြည့်လိုက်ကြ၏။

တောင်ပိုင်းတိုက်ကြီးတွင် လျှို့ဝှက်ဘုရင် ဆိုသူ မည်မျှရှိနိုင်မည်နည်း..?

အင်ပါယာအဆင့်များပင် အလေးအနက်ထားရသူ မည်သူရှိမည်နည်း..?

ရှေးဟောင်းမဟာမိတ်အား အမြစ်မှဆွဲနှုတ်ခဲ့သည့် ရွှမ်ယီမှ တစ်ပါး မည်သူမှ မရှိတော့ချေ။

ယခုအချိန်တွင် ရွှေနန်းတော်ရှေ့မှ လူငယ်အား ခန့်မှန်းရန် သူတို့အတွက် မခက်ခဲတော့ပေ။

အကယ်ဒမီကြီး (၅)ခု ပြိုင်ပွဲ၌ ကျော်ကြားခဲ့သည့် လျှို့ဝှက်ဘုရင်၏တပည့်…

ကျန်းချန်…!

ဂလု..

အားလုံး တိတ်ဆိတ်နေစဉ် တံတွေးမြိုချလိုက်သံတစ်ခု ထွက်ပေါ်လာ၏။

ထိုအခါမှ ပြန်လည် သတိ၀င်လာကြပြီး ကျန်းချန်အား တစ်ယောက်ပြီးတစ်ယောက် အလုအယက်ပြောလိုက်ကြသည်။

“ လျှို့ဝှက်ဘုရင် ဒီမှာ ကျင့်ကြံနေတယ်ဆိုတာ ကျုပ်တို့မသိခဲ့ဘူး… ကျုပ်တို့ကြောင့် စိတ်အနှောက်အယှက် ဖြစ်သွားခဲ့ရင် ခွင့်လွှတ်ဖို့ တောင်းဆိုပါရစေ…”

ကျန်းချန်က ပြသနာအား ရှေ့ဆက်လိုဟန်မရှိသည်ကိုမြင်လျှင် လူတိုင်း ၀မ်းသာသွားကြ၏။

ဤနေရာ၌ အနည်းငယ်မျှ ဆက်မနေဝံ့တော့ဘဲ ကောင်းကင်သို့ပျံတက်ကာ အလျင်အမြန် ထွင်ပြေးကြတော့သည်။

အလွန်မောက်မာကာ ၊ မာနအကြီးဆုံးဖြစ်သော ရန်နန်ရှင်းနှင့် ယုရန်တို့ပင် ချွင်းချက်မရှိချေ။

ရန်နန်းရှင်း၏ နှုတ်ခမ်းဖျားများ တစ်ကြိမ် နှစ်ကြိမ် တုန်ခါသွားပြီးနောက် အံ့ကြိတ်လိုက်ကာ

“ အစောပိုင်း ငါ မင်းအပေါ်မှာ ရိုင်းရိုင်းစိုင်းစိုင်းပြောခဲ့မိတယ်.. အဲ့တာကို ခွင့်လွှတ်ဖို့ တောင်းပန်ပါရစေ…”

သို့သော် ကျန်းချန်က အနည်းငယ်မျှပင် ဂရုမထားဘဲ

“ မင်းတို့အားလုံး ထွက်သွားတော့.. အခုချက်ချင်း ထွက်သွားရင် ဖြစ်ခဲ့တာတွေကို မေ့ထားလိုက်မယ်လို့ အစောကပြောခဲ့ပြီးပြီ…”

ရန်နန်ရှင်း အံကြိတ်မိလိုက်၏။ သူ့အနေဖြင့် တစ်ခုခုထပ်ပြောချင်နေသေးသည်။

သူ့အနေဖြင့် အရှက်ကွဲသွားသလိုခံစားနေရ၏။ ဖြစ်စဉ်အစမှ အဆုံးထိ ရွှမ်ယီ၏ အရိပ်အယောင်ကိုပင် မတွေ့ခဲ့ရချေ။

သို့သော် ရွှမ်ယီ၏ နာမည်က အင်အားစုကြီးတိုင်းအား ထိတ်လန့်သွားစေရန် လုံလောက်သည်။

သူတို့အနေဖြင့် ချက်ချင်းဆုတ်ခွာရန်မှတစ်ပါး ရွေးချယ်စရာမရှိချေ။

အမှန်တွင် ရန်အင်ပါယာက အားနည်းခြင်းအလျင်းမရှိပေ။ ၎င်းတို့နောက်တွင် အစွမ်းထပ် အင်ပါယာတစ်၀က်အဆင့် ကျင့်ကြံသူတစ်ဦးရှိ၏။

သို့သော် ၎င်းက ရွှမ်ယီနှင့် ယှဉ်ပါက ဘာမှမဟုတ်တော့ပေ။

ရွှမ်ယီက သူ့၏ ခွန်အားကို ရှေးဟောင်းမဟာမိတ်အဖွဲ့နှင့် တိုက်ပွဲ၌ အင်ပါယာတစ်၀က်အဆင့်ကျင့်ကြံသူ (၃)ဦး၏ သွေးများနှင့် သက်သေပြခဲ့သည်။

သူ၏ အထွတ်အထိပ် အဆင့်(၅) ဓားရည်ရွယ်ချက်စွမ်းအားဖြင့်ဆိုပါက ကောင်းကင်ဘုရင်အဆင့်သို့ မရောက်သေးလျှင်ပင် အင်ပါယာအဆင့်အောက်၌ ပြိုင်ဘက်ကင်းဟု ခေါ်ဆိုရန် လုံလောက်၏။

ရွှမ်ယီက ရွှေနန်းတော်၌ (၃)လကြာ တံခါးပိတ်ကျင့်ကြံနေခဲ့သည်။

၎င်းကြောင့် ရွှေနန်းတော်က မြေအောက်မှ အပေါ်သို့ ပေါ်ထွက်လာခဲ့ပြီး အင်အားစုကြီးများကိုပင် အထင်လွဲမှားသွားစေခဲ့၏။

ထိုသို့ မြေအောက်နန်းတော်ကိုပင် မြေပေါ်သို့ ထွက်ပေါ်သွားစေခြင်းမှတစ်ဆင့် သူ၏ ကျင့်ကြံမှု မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သိနိုင်သည်။

သူ့အား လျှို့ဝှက် ဘုရင်ဟု ခေါ်ဆိုခြင်းက သိပ်ပြီး မသင့်တော်တော့သလိုပင်။

ထိုအစား လျှို့ဝှက်နက်နဲသော ကောင်းကင်ဘုရင် သို့မဟုတ် လျှို့ဝှက်နက်နဲသော အင်ပါယာဟု ခေါ်ဆိုသင့်နေချေပြီ။

ရွှေနန်းတော်အပြင်၌ လူတိုင်း ရွှမ်ယီအား အထင်ကြီး လေးစား နေကြသော်လည်း နန်းတော်ထဲ၌မူ လူတိုင်းအထင်အမြင်နှင့် ဆန့်ကျင်စွာ

ရွှမ်ယီကမူ ဥပဒေသစွမ်းအား အနက်ရှိုင်းဆုံးသော နေရာ၌ တင်ပလင်ခွေလျက် တည်ငြိမ်စွာထိုင်နေခဲ့သည်။

သူ့ပတ်ပတ်လည်တွင် နတ်ဘုရားအရင်းအမြစ်များ တောင်ပုံရာပုံရှိနေ၏။

သို့သော် အနီးကပ်ကြည့်လိုက်မည်ဆိုလျှင် တစ်ခုနှင့် တစ်ခု ဥပဒေသစွမ်းအား ပါ၀င်မှု ကွဲပြားသော ထိုနတ်ဘုရားအရင်းအမြစ်များအားလုံး ရွှမ်ယီ၏ သန့်စင်ခြင်း ခံထားရပြီးချေပြီ။

သူ၏ မျက်လုံးအား ဖြည်းညှင်းစွာဖွင့်လိုက်လျှင် ရွှေနန်းတော်အတွင်း၌ မိုးခြိမ်းသံကဲ့သို့ အသံများထွက်ပေါ်လာပြီး စိတ်ဝိညာဉ်ဒြပ်စင်ပေါင်းများစွာ ကောင်းကင် ထက်သို့ မြင့်တက်လာခဲ့သည်။

စုစုပေါင်း စိတ်ဝိညာဉ်ဒြပ်စင် (၃၂)ခု ရှိနေပြီး ၎င်းတို့က ကြယ်(၃၂)စင်းအလား တောက်ပနေကာ ထွက်ပေါ်နေသည့် ခမ်းနားသော အရှိန်အဝါများအရ အတွင်း၌ စွမ်းအားများ အဆုံးမရှိဟုပင် ထင်မှတ်ရသည်။

သို့သော် ရွှမ်ယီ၏ မျက်နှာထက်၌ ပျော်ရွှင်မှုအရိပ်အယောင် အနည်းငယ်မျှမရှိချေ။

“ ပင်းယုပြောခဲ့တဲ့ စကားအရဆိုရင်… ဒီကျင့်စဉ်က စိတ်ဝိညာဉ်ဒြပ်စင် (၃၆)ခုအထိ တည်ဆောက်နိုင်တယ်…”

ရွှမ်ယီ တီးတိုး ရေရွတ်လိုက်၏။

“ မိုးကြိုးအတိဒုက္ခ…”

မည်သူမဆို ကောင်းကင်ဘုရင်အဆင့်သို့ ချိုးဖျက်ရာ၌ မိုးကြိုးအတိဒုက္ခအား မလွဲမသွေခံစားရပေမည်။

အတိဒုက္ခကျရောက်နေစဉ်အတွင်း ထိုလူ၏ ခန္ဓာကိုယ်နှင့် မရီဒန်များက အကြီးအကျယ် ပြောင်းလဲမှုများ ကြုံတွေ့ရမည်ဖြစ်သည်။

ကောင်းကင် မိုးကြိုးအတိဒုက္ခမကျရောက်မီ စိတ်ဝိညာဉ်ဒြပ်စင် အရေအတွက်ပိုများများတည်ဆောက်နိုင်ခဲ့လေ အတိဒုက္ခအတွင်း ရရှိသော အကျိူးကျေးဇူးများ ပိုများလေဖြစ်၏။

ထို့ကြောင့် ရွှမ်ယီ‌အနေဖြင့် အဆင့်မချိုးဖျက်မီ စိတ်ဝိညာဉ်ဒြပ်စင်များအား အကန့်အသတ်သို့ တွန်းပို့လိုနေသည်။

သို့သော် လောကကြီး၌ စိတ်ကူးများက အမြဲတစေ လှပနေတတ်သော်လည်း အမှန်တရားကမူ ခါးသီးလှ၏။

ပင်းယုပြောခဲ့သည့်စကားများထဲတွင် ဟွမ်ဂျီဆုဒြာ(ကျင့်စဉ်) အား လေ့ကျင့်ခဲ့သူတိုင်း အကန့်အသတ်အထိ မရောက်နိုင်ခဲ့ကြောင်းလည်း ပါ၀င်သည်။

လူသားဘုရင်အဆင့်၌ စိတ်ဝိညာဉ်ဒြပ်စင် (၃၆)ခု တည်ဆောက်နိုင်ရန်မှာ သီအိုရီတစ်ခုမျှသာဖြစ်၏။

ပင်းယု နေထိုင်ခဲ့သော ကမ္ဘာမှ ဥပဒေသစွမ်းအားများက ဤကမ္ဘာနှင့် ခြားနားသော်လည်း ဟွမ်ဂျီဆုဒြာအား ကျင့်ကြံခြင်းမှာ ကွဲပြားခြင်းမရှိပေ။

All Chapters