← Chapters

အခန်း (၃၈၇)

Vol. 26 Ch. 387

အခန်း (၃၈၇)

Vol. 26 Ch. 387

ပင်းယုလည်း လူသားဘုရင်အဆင့်၌ ရှိစဉ်က ဟွမ်ဂျီဆုဒြာအား အကန့်အသတ်ထိ မကျင့်ကြံနိုင်ခဲ့ပေ။

သူမ ပြောစကားအရ စိတ်ဝိညာဉ်ဒြပ်စင် (၃၂)ခုအထိသာ တည်ဆောက်နိုင်ခဲ့ပြီး နောက်ပိုင်းတွင် ဆက်လက်မတိုးတက်တော့သည့်အတွက် ကောင်းကင်ဘုရင်အဆင့်သို့ ချိုးဖျက်ခဲ့ရသည်။

သို့သော် ရွှမ်ယီအနေဖြင့် နတ်ဘုရားအရင်းအမြစ်သာ လုံလုံလောက်လောက်ရှိနေသ၍ စိတ်ဝိညာဉ်ဒြပ်စင်(၃၂)ခုက သူ၏ ကန့်သန်ချက်မဟုတ်သေးကြောင်း ခံစားမိနေ၏။

“ နတ်ဘုရားအရင်းအမြစ် ကုန်သွားပြီ…”

ဗလာဖြစ်နေသော သိုလှောင်လက်စွပ်အားကြည့်လိုက်ရင် ရွှမ်ယီ သက်ပြင်းချလိုက်မိသည်။

ယခင် စနစ်ထံမှရရှိခဲ့သော နတ်ဘုရားအရင်းအမြစ်များ ၊ ရှေးဟောင်းမဟာမိတ်အား ရှင်းလင်းခဲ့ရာမှ ရရှိခဲ့သော နတ်ဘုရားအရင်းအမြစ်များအားလုံး သူ အသုံးပြုခဲ့ပြီးဖြစ်၏။

နတ်ဘုရားအရင်းအမြစ် ဂျင်(၁၂၀၀၀၀)ကျော်က သုံးလအတွင်း ကုန်သွားခဲ့သည်။ သို့သော် သူက ကောင်းကင်ဘုရင်အဆင့်သို့ မချိုးဖျက်နိုင်သေးချေ။

ဤသတင်းသာ ပြင်ပကမ္ဘာ၌ ပျံ့နှံ့သွားပါက တုန်လှုပ်ဖွယ်သတင်းတစ်ခုဖြစ်သွားမည်မှာ မလွဲဧကန်ပင်။

“ အင်း.. စနစ်ကလည်း အရံတာ၀န်လေးဘာလေးတောင် ထုတ်မပေးဘူး…”

ရွှမ်ယီ ခေါင်းယမ်းမိလိုက်၏။

မကြာခင် တောင်ပိုင်းတိုက်ကြီးမှ ထွက်သွားမှဖြစ်တော့မည်။

ရွှမ်ယီ တွေးတောနေစဉ် ကျန်းချန်ရောက်လာခဲ့၏။

ရောက်လာသည်နှင့် ရွှမ်ယီအား ဦးညွှတ်လိုက်ပြီး

“ ဆရာ… အပြင်က လူတွေကို မောင်းထုတ်လိုက်ပါပြီ… ပြီးတော့ အင်ပါယာ အမိန့်ပြန်တမ်းရောက်လာပါတယ်… ဆရာ့ကို တောင်ပိုင်းတိုက်ကြီး ပြိုင်ပွဲအတွက် ဆွေးနွေးပွဲ တက်ရောက်ဖို့ ဖိတ်ကြားတာပါ….”

‌ဆွေးနွေးပွဲလား…?

ရွှမ်ယီ၏ မျက်၀န်းများ တောက်ပသွားလေသည်။

ဤကိစ္စနှင့်ပတ်သက်ပြီး ယခုမှ ပထမဆုံး ကြားဖူးသည်ခြင်းမဟုတ်ပေ။

မူလဒေသ၌ ရှေးဟောင်းမဟာမိတ်မှ မြင့်မြတ်အရှင်သခင်ဆိုသူအား သတ်ခဲ့ပြီးနောက် ကျောင်းကျီက သူ့အား စကားအနည်းငယ်ပြောခဲ့သည်။

အဆုံးမဲ့ပင်လယ်စစ်ပွဲ၌ အင်ပါယာ(၄)ယောက်ထဲမှ တစ်ယောက် ကျဆုံးခဲ့၏။

ကျန်(၃)ယောက်လည်း အနည်းနဲ့အများဆိုသလို ဒဏ်ရာများရခဲ့ကြသည်။

၎င်းတို့အထဲတွင် မူလဒေသ၌ လီချင်းယန်နှင့် တိုက်ခိုက်ခဲ့သည့် အင်ပါယာကုယွမ် ( စိတ်ဝိညာဉ်အင်ပါယာ ) သူက အနည်းငယ်အဆင်ပြေသေး၏။

ကျန်နှစ်ယောက်လုံး ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ပြီး ထိုအထဲမှ တစ်ယောက်၏ ဒဏ်ရာက အလွန်ဆိုးရွားသည်။

ကောင်းကင်ဓားအင်ပါယာ၏ အင်ပါယာအခြေခံအုတ်မြစ်က ပျက်စီးသွားပြီဖြစ်ပြီး ဆက်လက်ရှင်သန်နိုင်ရန် သက်တမ်းသိပ်မကျန်တော့ပေ။

ထို့အပြင် သူက ကျန်အင်ပါယာနှစ်ယောက်နှင့်မတူဘဲ ကိုယ်ပိုင် ဂိုဏ်း ၊ မိသားစု စသည်ဖြင့် မရှိသော တစ်ကိုယ်တော် ကျင့်ကြံသူဖြစ်၏။

သူက ‌ဓားပညာရပ်တစ်ခုအား ကိုယ်တိုင်ဖန်တီးခဲ့ပြီး ၎င်းအားကျင့်ကြံမည်ဆိုပါက အင်ပါယာအဆင့်သို့ ရောက်နိုင်ချေရှိသည်။

ရွှမ်ယီပေါ်မလာခင် ‌ကောင်းကင်ဓားဘုရင်က တောင်ပိုင်းတိုက်ကြီး၌ အသန်မာဆုံးသော ဓားကျင့်ကြံသူဖြစ်၏။

သူနားလည်ထားခဲ့သော ဓားကိုးစင်း ဓားရည်ရွယ်ချက်က အဆင့်(၃)အထွတ်အထိပ်သို့ရောက်နေပြီဖြစ်သည်။

ထိုသို့သော ကျင့်ကြံသူက အမွေအနှစ်ထားခဲ့မည်ဆိုလျှင် လူသားဘုရင်များ မဆိုထားနှင့် ကောင်းကင်ဘုရင်များသာမက အင်ပါယာတစ်၀က်အဆင့် ကျင့်ကြံသူများပင် အလုအယက်တိုက်ခိုက်ကြပေလိမ့်မည်။

ဤစကားများအား ကျောင်းကျီပြောခဲ့စဉ် ၎င်းက ဖြစ်လာနိုင်ချေရှိသော မှန်းဆချက်တစ်ခုသာဖြစ်ပြီး အရမ်းအလေးအနက်မထားရန် ပြောခဲ့သေး၏။

ယခု ထိုကိစ္စအား စတင်အကောင်အထည်ဖော်နေခြင်း ဖြစ်နိုင်သည်။

ရွှမ်ယီ တစ်ခဏမျှစဉ်းစားလိုက်ပြီနောက် ခေါင်းညိတ်လိုက်ကာ

“ ကောင်းပြီ… ဟိုကို အခြေအနေကြည့်ဖို့ ခဏသွားရမယ်…”

ကျန်းချန် ခေါင်းညိတ်ကာ ‘ဟုတ်ကဲ့’ ဟုပြောလိုက်၏။

ထို့နောက် ရွှမ်ယီက ကျန်းချန်အား နောက်တစ်ကြိမ် ထပ်ကြည့်လိုက်ပြီး

“ မင်း မွေးရပ်မြေကို ခဏပြန်ချင်တယ်ဆို..? ဘာကိစ္စရှိလို့များလဲ…”

လွန်ခဲ့သော နှစ်ရက်ခန့်က ကျင့်ကြံခြင်းအား လက်စသတ်ပြီး မွေးရပ်မြေရှိရာသို့ ခေတ္တပြန်လိုကြောင်း ကျန်းချန် လာရောက်ပြောကြားခဲ့သည်။

ကျန်းချန်က ရွှမ်ယီ၏ မေးခွန်းအား မဖြေမီ ခေတ္တမျှ တိတ်ဆိတ်သွား၏။

သူအဇူရာဒေသ၌ နေခဲ့စဉ် တတိယဓားသခင်၏ တပည့်ဖြစ်ခဲ့ဖူးသည်။

ယခုအချိန်တွင် တတိယဓားသခင်က လျှို့ဝှက်နယ်မြေတစ်ခုအား ရှာဖွေခဲ့ရာ၌ အပြင်းအထန် ဒဏ်ရာရသွားခဲ့ပြီး သေလုမျောပါးဖြစ်နေ၏။

ထို့ကြောင့် ကျန်းချန်အနေဖြင့် သူ၏ လက်ဦးဆရာအား နောက်ဆုံးအကြိမ်အဖြစ် ပြန်သွားကြည့်ချင်နေခဲ့သည်။

သို့သော် သူက ရွှမ်ယီ၏ တပည့်ဖြစ်နေပြီဖြစ်ရာ ထိုစကားများအား ထုတ်ပြောရန် ခက်ခဲနေခဲ့၏။

ရွှမ်ယီက မေးနေပြီဖြစ်ရာ မဖြေ၍မရသောကြောင့် အကြောင်းစုံပြောပြလိုက်၏။

အမှန်တွင် ကျန်းချန် အတွေးလွန်နေခြင်းသာ။

ရွှမ်ယီအနေဖြင့် ထိုကိစ္စများအား အနည်းငယ်မျှ ဂရုမစိုက်ပေ။

ဒေသငယ်လေးများမှ ပါရမီရှင်များက တဖြည်းဖြည်းကြီးပြင်းလာပါက ပိုမိုကျယ်ပြန့် ကြီးမားသော ဒေသများသို့ ရောက်သွားလေ့ရှိသည်။

ထိုအခါ ထိုနေရာ၌ အစွမ်းထက်သော ဆရာများထံ တပည့်ခံလေ့ရှိကြ၏။

ထို့အပြင် သူက ကမ္ဘာကူးပြောင်းလာခဲ့သူဖြစ်သဖြင့် ထိုသို့ကိစ္စများအပေါ် အစွဲအလမ်းသိပ်မရှိပေ။ မိမိ၏ လက်ဦးဆရာအား သွားရောက် ဂါ၀ရပြုခြင်း ၊ ပြုစုပေးခြင်းတို့က အဘယ်မှာလျှင် သစ္စာဖောက်ရာရောက်မည်နည်း။

ထိုအစား ကျန်းချန်၏ သဘောထားက ရွှမ်ယီအား အလွန်စိတ်ကျေနပ်သွားစေခဲ့သည်။

သူက ကျန်းချန်၏ ပုခုံအား အသာအယာပုတ်လိုက်ပြီး ညင်သာစွာ ပြောလိုက်၏။

“ ကြည့်ရတာ တတိယ ဓားသခင်ရဲ့ အခြေအနေက တော်တော်ဆိုးနေပုံပဲ…”

သူ့အနေဖြင့် အဇူရာဒေသ၌ နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့ခြင်းမရှိချေ။

ထိုနေရာနှင့်ပတ်သက်ပြီး အနည်းငယ်ဝေဝါးကာ မရင်းနှီးသလိုပင် ခံစားနေရပြီဖြစ်သော်လည်း ယခု ကျန်းချန်နှင့် စကားပြောနေရင်း အနည်းငယ် လွမ်းသလို ဆွေးသလို ခံစားလိုက်ရ၏။

ကျန်းချန် ခေါင်းညိတ်ပြသည်ကိုမြင်လျှင် ရွှမ်ယီက အနည်းငယ်စဉ်းစားပြီး ညာလက်အား ဝှေ့ယမ်းလိုက်ရာ အလင်းတစ်ချက် လက်သွားသည်။

ထို့နောက် လက်ထဲ၌ အနီရောင်တောက်တောက် စိတ်ဝိညာဉ်မြက်ပင်တစ်ခု ပေါ်လာ၏။

၎င်း၌ အရွက်(၃)ရွက် ရှိနေခဲ့ပြီး တစ်ရွက်ချင်းစီ၌ ကြယ်များအလား အလင်းစက်လေးများရှိနေပေသည်။

ထိုစိတ်ဝိညာဉ်မြက် ပတ်၀န်းကျင်၌ နူးညံ့သိမ်မွေ့သော အရှိန်အဝါများ ပျံ့လွင့်နေခဲ့ပြီး ၎င်းအောက်တွင် လျှို့ဝှက်ဆန်းကျယ်သော အလင်းတန်းတစ်ခု ရောင်ပြန်ဟပ်ကာ ထွက်ပေါ်နေ၏။

“ ဒါက.. ရွှမ်ယွမ် ကြယ်(၃)ပွင့်မြက်ပဲ…!”

ထိုဆေးပင်အားမြင်လိုက်သည်နှင့် ကျန်းခန်၏ အသက်ရှူသံများ မြန်လာခဲ့သည်။ သူက ရွှမ်ယီ၏ တပည့်တစ်ယောက်အနေဖြင့် ရှားပါးသော ရတနာမျိုးစုံကို မြင်တွေ့ခဲ့ဖူးဖြစ်ကာ အင်ပါယာအဆင့် ကျင့်စဉ်ကိုပင်ကျင့်ကြံနေခဲ့၏။

သို့သော် ယခုအချိန်တွင် ရွှမ်ယွမ် ကြယ် (၃) ပွင့် မြက်ပင်က ကျန်းချန်အတွက် အလွန်အရေးကြီးလှသည်။

၎င်းက အလွန်တရာမှ ရှားပါးသော အသက်ကယ်ဆေးဖြစ်၏။

အရွက်တစ်ရွက်သာ ရှိသော ရွှမ်ယွမ် မြက်ပင်နှင့် အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူအား နောက်ဆုံးထွက်သက်တစ်ရှိုက် မရှူထုတ်သေးမီ ကယ်တင်နိုင်ကာ မရှိုက်ထုတ်မီ ကယ်တင်နိုင်ကာ နှစ်ပေါင်းရာနှင့်ချီ၍ သက်တမ်းတိုးပေးနိုင်စွမ်းရှိသည်။

အရွက်နှစ်ရွက်ပါသော ရွှမ်ယွမ်မြက်ပင်က လူသားဘုရင်အဆင့်အတွက်လည်း အသုံးဝင်၏။

ယခု ရွှမ်ယီ ထုတ်ပေးလိုက်သော ရွှမ်ယွမ် ကြယ် (၃) ပွင့် မြက်ပင်ကမူ လူတစ်ယောက်၏ အသက်ကို ကယ်တင်နိုင်ရုံမျှမက သက်တမ်း နှစ် (၁) ထောင်ကျော်တိုးပေးနိုင်စွမ်းရှိသည်။

ဘုရင်အဆင့် ကျင့်ကြံသူများအကြားတွင် နောက်တစ်ဆင့်သို့ မတက်လှမ်းနိုင်မီ ခြေလှမ်းတစ်ဝက်တွင် ရပ်တန့်နေသူများရှိကြသည်။

၎င်းတို့အောင်မြင်ဖို့အတွက် အဓိကလိုအပ်နေသောအရာက နောက်ထပ် သက်တမ်းနှစ် (၁) ထောင်ဝန်းကျင်ဖြစ်ပေသည်။

ကောင်းကင်ဘုရင်များအနေဖြင့်ပင်လျှင် ထိုအခြေအနေသို့ ရောက်ပါက နှစ် (၁) ထောင်သက်တမ်းတိုးရန်အတွက် ဤဆေးပင်အား အသုံးပြုနိုင်၏။

All Chapters