ဝါဒတောင်မူလအစ ၊ ကောင်းကင်ဘုံနန်းတော်၏သတင်း
Vol. 15 Ch. 207
ဖခင်ဖြစ်သူနှင့် ပေါ့ပေါ့ပါးပါး စကားစမြည်ပြောစဉ်က ရန်တိဆိုခဲ့သည်မှာ သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် ဝါဒတောင်တွင် အနိုင်မယူနိုင်သူဆို၍ ဆရာဖြစ်သူယွမ်ကျန်းဖုန်းနှင့် ထိုအဘိုးအို ရှင်းတုန်းဖင်းသာရှိသည်ဟု ဆိုခဲ့ဖူးသည်။
အဘိုးအို ရှင်းတုန်းဖင်းက သိုင်းကျမ်းစာကြည့်တိုက် ပထမအဆင့်ထိပ်တန်းအကြီအးကဲဖြစ်ပြီး ယခင်က ဂိုဏ်းချုပ်နေရာအတွက် ယွမ်ကျန်းဖုန်းနှင့် ယှဉ်ပြိုင်ခဲ့ဖူးသည်။
အချိန်အတန်ကြာအောင် ကျင့်ကြံခဲ့ပြီးနောက် မိုးအောက်မြေပြင်တွင်ရှိသော သိုင်းဆရာသခင်များတွင် ရန်တိ မယှဉ်နိုင်သူမှာ ယွမ်ကျန်းဖုန်းပြီးလျှင် ရှင်းတုန်းဖင်းတစ်ယောက်သာရှိကြောင်း နားလည်ခဲ့ရသည်။
ဂိုဏ်းချုပ်နေရာ ယှဉ်ပြိုင်ရာတွင် ယွမ်ကျန်းဖုန်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ရှင်းတုန်းဖင်းသည် ပြင်ပလောကသို့ မထွက်ခွာတော့ဘဲ ဝါဒတောင်တောင်တွင်သာ အမြဲလိုလို ကျင့်ကြံနေခဲ့သည်။ ထိုကြောင့် လက်ရှိ အစွန်းရောက်ရှစ်ပါးကမ္ဘာမှ လူငယ်မျိုးဆက်များ သူ့ကိုတည်ရှိသူ အလွန်နည်းပါးနေပြီ ဖြစ်သည်။
ဝါဒတောင်မှ လူငယ်မျိုးဆက်များပင်လျှင် သိုင်းကျမ်းစာကြည့်တိုက်၏ ထိပ်တန်းအကြီးအကဲဖြစ်သူ အကြီးအကဲ’ရှင်း’ သည် ဂိုဏ်းချုပ်ယွမ်ကျန်းဖုန်းနှင့် မျိုးဆက်တစ်ဆက်တည်းဖြစ်ပြီး ဝါရင့်အကြီးအကဲတစ်ယောက်အဖြစ်သာ သိရှိထားသည်။ အကြီးအကဲ’ရှင်း’ တကယ်တမ်း မည်သူမည်ဝါဖြစ်သည်ကို သိရှိသူ နည်းပါးကြသည်။
သို့ပေသိ အကြီးအကဲ’ရှင်း’၏ နောက်ခံအင်အားကြောင့် လက်ရှိဂိုဏ်းထဲတွင် အလွန်လေးစားခံရပြီး အခြားသူများလက်လှမ်းမမီနိုင်သည့် သတင်းအချက်အလက်များကိ စုံစမ်းရာတွင် အလွန်တော်သူလည်း ဖြစ်၏။
ဥပမာဆိုရသော် ဝါဒတောင်တွင် အစွန်းရောက်ရှစ်ပါး သိုင်းပညာ (၈)ရပ်လုံးကို ကျွမ်းကျင်ပိုင်နိုင်သော ပုဂ္ဂိုလ် (၄)ယောက်ရှိသည်။ ထို (၄)ယောက်ထဲတွင် ရန်ကျောက်ကဲ၏ဖခင် ရန်တိလည်း ပါဝင်သည်။
ကျန် (၃)ယောက်ကတော့ ဂိုဏ်းချုပ်ဖြစ်သူ ယွမ်ကျန်းဖုန်း ၊ ဒုတိယဆရာဦးလေး ‘ဖန်ကျွင်း’နှင့် ယခု ရန်ကျောက်ကဲရှေ့တွင် ရှိနေသည့် ဆရာဘိုးဘိုး’ရှင်းတုန်းဖင်း’ တို့ပင် ဖြစ်သည်။
ဝါဒတောင်၏ ထိပ်တန်းသိုင်းပညာ (၃)ရပ်တွင်တော့ ဖန်ကျွင်းက အဆုံးမဲ့ကောင်းကင်ဓားသိုင်းကို လေ့ကျင့်ခဲ့ပြီး ရန်တိက အတိုင်းအဆမဲ့ကောင်းကင်တစ်ဖက်သွားဓားသိုင်းကို လေ့ကျင့်ခဲ့သည်။ ယွမ်ကျန်းဖုန်းကတော့ သူနှင့်သတော်သည့် သိုင်းပညာဟု ယူဆသော ကောင်းကင်ဝါဒလက်ဝါးသိုင်းနှင့် အတိုင်းအဆမဲ့ကောင်းကင်တစ်ဖက်သွားဓားသိုင်းကို လေ့ကျင့်ခဲ့သည်။
ယွမ်ကျန်းဖုန်းပြီးလျှင် ရှင်းတုန်းဖင်းသည်လည်း ဝါဒတောင် ထိပ်တန်းသိုင်းပညာ (၃)ရပ်တွင် (၂)ရပ်ကို လေ့ကျင့်တတ်ကျွမ်းခဲ့သူတစ်ယောက် ဖြစ်သည်။
သိုင်းပညာများများ လေ့ကျင့်ခြင်းက သိုင်းသမားတစ်ယောက်၏ တိုက်ခိုက်စွမ်းရည် ပိုမိုမြင့်မားလာမည်ဟု မဆိုလိုသော်လည်း ဝါဒတောင်၏ ထိပ်တန်းသိုင်းပညာ (၃)ရပ်ကတော့ လေ့ကျင့်ရ လွယ်ကူသည်မဟုတ်ပေ။ ယွမ်ကျန်းဖုန်းနှင့် ရှင်းတုန်းဖင်းတိုသည့် မှတ်ကျောက်တင်လောက်အောင် အောင်မြင်သူများ ဖြစ်ကြပေသည်။
ပွင့်ပွင့်လင်းလင်း ဝန်မခံကြသည့်တိုင် ဝါဒတောင်သည် အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးတွင် သိုင်းဆရာသခင် သတ်မှတ်ချက် အင်အားအကောင်းဆုံးဖြစ်ကြောင်း နေသူတော်စင်ဂိုဏ်းအပါအဝင် အခြားသော ထိပ်သီးသိုင်းဂိုဏ်းကြီးများက အသိအမှတ်ပြုထားကြသည်။
ရှင်းတုန်းဖင်းကို လူငယ်မျိုးဆက်များက မသိရှိကြသည့်တိုင် ဝါဒတောင်၏ ထိပ်တန်းသိုင်းပညာရှင်တစ်ယောက်ကို အကြီးအကဲမျိုးဆက်များကတော့ မေ့မထားခဲ့ကြပေ။
ကောလဟလများအရဆိုလျှင် ရှင်းတုန်းဖင်းသည် ယွမ်ကျန်းဖုန်းကို ရှုံးနိမ့်ခဲ့ပြီးနောက် စိတ်ပျက်လက်ပျက်ဖြစ်ကာ လမ်းပျောက်သွားသည်ဟု ဆိုကြသည်။ သူ့စိတ်ထဲမှ အတားအဆီးကြောင့် သိုင်းသူတော်စင်အဆင့်တက်ရောက်ရန် ခက်ခဲသွားခဲပြီး သိုင်းဆရာသခင်အဆင့်မှာပင် ရပ်တန့်နေခဲ့သည်။ သို့သော် ရှင်းတုန်းဖင်း၏ သိုင်းစွမ်းသည် ယွမ်ကျန်းဖုန်းထက် များစွာနိ့မ်ကျခြင်း မရှိပေ။
သူသည် သိုင်းကျမ်းစာကြည့်တိုက် စတုတ္ထထပ် ကြမ်းပြင်ထက်တွင် တင်ပျဉ်ခွေထိုင်နေသည်။
သို့သော် ရန်ကျောက်ကဲကို ကြည့်နေသည့်မျက်ဝန်းများထဲတွင်တော့ အလေးအနက်ထားကာ ချီးကျူးမှုများဖြင့် ပြည့်နေခဲ့သည်။ အတန်ကြာမှ သူက ခေါင်းတစ်ချက်ညိတ်ရင်း တိုက်ရိုက်ပင် မေးမြန်းလိုက်၏။
“ဝါဒတောင် ထိပ်တန်းသိုင်းပညာ (၃)ရပ်ကို အခုပဲ လေ့ကျင့်ချင်သလား ၊ ဒါမှမဟုတ် သိုင်းဆရာသခင် ဖြစ်လာတဲ့အထိ စောင့်ချင်သလား”
နက်ရှိုင်းချီစွမ်းအားကျင့်စဉ် နောက်ပိုင်းတစ်ဝက်ကတော့ သေချာပေါက် သူ လေ့လာခွင့်ရရှိမည် ဖြစ်သည်။
ရန်ကျောက်ကဲအနေဖြင့် ဝါဒတောင် ထိပ်တန်းသိုင်းပညာ (၃)ရပ်ကိုလည်း လေ့ကျင့်ခွင့်ရမည်မှာ အသေအချာပင် ဖြစ်သည်။ အချိန်ကာလ ရွေးချယ်ရန်သာ လိုအပ်သည်။
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“ကျွန်တော် အခုပဲ ကြိုးစားကြည့်ချင်ပါတယ် ၊ ကျွန်တော် ကောင်းကင်ဝါဒလက်ဝါးသိုင်းကို ရွေးချယ်ချင်ပါတယ်”
ရှင်းတုန်းဖင်းက မည်သည့်မေးခွန်းမှ ထပ်မမေးတော့ဘဲ ခေါင်းတစ်ချက်ညိတ်လိုက်ပြီး မျက်နှာကျက်ဆီသို့ လက်ညှိုးညွှန်ပြလိုက်သည်။
တစ်ချိန်တည်းမှာပင် သိုင်းကျမ်းစာကြည့်တိုက် ၊ စတုတ္ထထပ် မျက်နှာကျက်တစ်ခုလုံး ရုတ်ချည်းလင်းလက်သွားသည်။
အလင်းရောင်ထဲတွင် ပုံရိပ် (၄)ခု ပေါ်လာပြီး အလယ်ဗဟိုတွင် ပုံရိပ်တစ်ခုရှိနေကာ ကျန်ပုံရိပ် (၃)ခုက ထိုပုံရိပ်ကို တြိဂံသဏ္ဌန် ဝန်းရံထားသည်။
သေသေချာချာ ကြည့်လိုက်သည့်အခါ အလယ်ဗဟိုတည့်တည့်မှ ပုံရိပ်သည် ဝါဒတောင်၏ ရှေးအကျဆုံး ကိုယ်ပိုင်သိုင်းပညာတစ်ခုဖြစ်သော နက်ရှိုင်းချီစွမ်းအားကျင့်စဥ် နောက်ပိုင်းတစ်ဝက်ပါရှိသည့် ကျမ်းစာဖြစ်ကြောင်း ရန်ကျောက်ကဲ သိလိုက်သည်။
ထိုစာလိပ်ကို တြိဂံသဏ္ဌန်ဝန်းရံထားသည့် စာလိပ် (၃)လိပ်ထက်တွင် တစ်ဖက်သွားဓား ၊ နှစ်ဖက်သွားဓားနှင့် လက်ဝါးပုံသဏ္ဌန် သင်္ကေတများ ပါရှိ၏။
ရန်ကျောက်ကဲအကြည့်က တစ်ဖက်သွားဓားပေါ်သို့ ကျရောက်သွားသည်။ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း အပြည့်အဝရှိသော လူရွယ်တစ်ယောက် သူ့မျက်စိရှေ့တွင်ပေါ်လာသည်။ ထိုသူက စွမ်းအားမြင့်မားလှပြီး ခမ်းနားထည်ဝါသောအရှိန်အဝါဖြင့် အတိပြီးသည်။
ဟန်ထျန်းပုဂ္ဂိုလ်မြတ် ကျန်းဒေါင်ဂီ။
ဝါဒတောင်စတင်တည်ထောင်ချိန်မှ အစပြုပြီး ယနေ့အချိန်ထို နံပါတ် (၁) သိုင်းကျင့်ကြံသူတစ်ဘောက်ဖြစ်ကာ မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင်လည်း လောကပမထ သိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်၏။
လူအများကို နှမျောတသဖြစ်စေသည်မှာ ကျန်းဒေါဂီသာ စောစောစီးစီး အသက်မသေဆုံးခဲ့လျှင် ယခုအချိန် မည်မျှ မြင့်မားသောအဆင့်သို့ ရောက်ရှိနေမည်လဲ မည်သူမှ မသိနိုင်ပေ။
ကျန်းဒေါင်ဂီ ဂိုဏ်းချုပ်ဖြစ်ခဲ့သည့် ကာလများသည် ဝါဒတောင်၏ ရွှေခေတ် ဖြစ်ခဲ့သည်။
ကောင်းကင်ဝါဒလက်ဝါးသိုင်းမှာ ကျန်းဒေါင်ဂီမတိုင်ခင်က ဝါဒတောင်ကိုတည်ထောင်ခဲ့သော တည်ထောင်သူဆရာဘိုးဘိုး တီထွင်ခဲ့သောသိုင်းပညာ ဖြစ်သည်။
ထို့နောက် ကျန်းဒေါင်ဂီက အတိုင်းအဆမဲ့ကောင်းကင်တစ်ဖက်သွားဓားသိုင်းကို တီထွင်ခဲ့ပြီး ဝါဒတောင်၏ ထိပ်တန်းသိုင်းပညာတစ်ရပ်အဖြစ် ပါဝင်ခဲ့သည်။
နောက်ထပ်စာလိပ်တစ်ခုထက်တွင် ရေးထွင်းထားသည့် နှစ်ဖက်သွားဓားရှည်ကိုကြည့်လိုက်သည့်အခါ သူ့မျက်လုံးရှေ့တွင် နောက်ထပ်ရုပ်ပုံတစ်ခု ထွက်ပေါ်လာသည်။
ထိုသူ၏သွင်ပြင်က ကျန်းဒေါင်ဂီနှင့် ခပ်ဆင်ဆင်တူသော်လည်း အရာခပ်သိမ်းကို သည်းခံထိန်းသိမ်းနိုင်ပြီး ကမ္ဘာမြေပြင်အလား ငြိမ်သက်တိတ်ဆိတ်နေသည်။
ထိုသူသည်ကား ကျန်းဒေါင်ဂီ၏ ညီအရင်း ၊ ကျန်းဒေါင်ဂီ သေဆုံးပြီးနောက် ဝါဒတောင်၏ ဂိုဏ်းချုပ်ဖြစ်လာသော ကောင်းကင်ခန့်မှန်းသူ ကျန်းရှီလော့ ဖြစ်သည်။
မီးတောက်မိစ္ဆာကမ္ဘာနှင့် အဓိကအဆုံးအဖြတ်ပေးသည့်တိုက်ပွဲကြီး တွေ့ကြုံခံစားခဲ့ရပြီးနောက် ဝါဒတောင်သည် အင်အားအကြီးမားဆုံးမှ အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့သည်။ ဝါဒတောင်၏ အမှောင်ဆုံးအချိန်များတွင် ကျန်းရှီလော့က ဂိုဏ်းချုပ် ဖြစ်လာခဲ့သည်။ သူက တိတ်ဆိတ်ငြိမ်သက်စွာဖြင့်ပင် ဝါဒတောင်ကို အမှောင်ခေတ်မှ အရုဏ်သစ်အလင်းရောင်ကို တွေ့မြင်စေခဲ့၏။
ထို့နောက်တွင်တော့ အစ်ကိုဖြစ်သူ ကျန်းဒေါင်ဂီကဲ့သို့ပင် ကျန်းရှီလော့သည်လည်း မီးတောက်မိစ္ဆာများနှင့်တိုက်ပွဲတွင် သူရဲကောင်းဆန်စွာ အသက်ပေးဆပ်ခဲ့သည်။
ညီအစ်ကိုချင်းဖြစ်သဖြင့် ကိုယ်ရည်ကိုယ်သွေးတူညီသည်မှလွဲပြီး ကျန်းရှီလော့လျှောက်လှမ်းသည့် သိုင်းပညာလမ်းစဉ်သည် ကျန်းဒေါင်ဂီနှင့် လုံးဝမတူကွဲပြားသည်။
သူက ကောင်းကင်ဝါဒလက်ဝါးသိုင်း ၊ အတိုင်းအဆမဲ့ကောင်းကင်တစ်ဖက်သွားဓားသိုင်းတို့နှင့်အပြိုင် အဆုံးမဲ့ကောင်းကင်ဓားသိုင်းကို တီထွင်ခဲ့သူ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် လက်ရှိအစွန်းရောက်ရှစ်ပါးကမ္ဘာ၏ နာမည်ကြီးဓားသိုင်း (၄)ခုအနက် (၃)ခုကိုလည်း တီထွင်ခဲ့သူ ဖြစ်၏။
ဟန်ထျန်းပုဂ္ဂိုလ်မြတ်နှင့် ကောင်းကင်ခန့်မှန်းသူ ညီအစ်ကို (၂)ယောက်သည် အစွန်းရောက်ရှစ်ပါးကမ္ဘာကို အရောင်အသွေးစုံလင်စွာ လွှမ်းမိုးနိုင်စွမ်း ရှိခဲ့သည့်အပြင် ဝါဒတောင်အပေါ်တွင်လည်း နက်ရှိုင်းစွာ လွှမ်းမိုးနိုင်ခဲ့သည်။
သူတို့ သက်ရှိထင်ရှားရှိစဉ် လုပ်ခဲ့သမျှအရာအားလုံးက ဂုဏ်ယူနိုင်စရာကောင်းရုံသာမက သူတို့သေဆုံးသွားစဉ်တွင်လည်း အကြွင်းအကျန်များ၏ တောက်ပမှုသည် ခေတ်အဆက်ဆက် လင်းလက်တောက်ပနေဆဲပင် ဖြစ်သည်။
သူ့ရှေ့မှ ဘိုးဘေးများ၏ အသွင်အပြင်ကို ကြည့်ရင်း ရန်ကျောက်ကဲ ရင်ထဲ ခံစားချက်များဖြင့် ပြည့်နက်လာသည်။
သိူ့သော် သိုင်းပညာလေ့ကျင့်ရန် ရွေးချယ်ရာတွင် ရန်ကျောက်ကဲသည် အချိန်ကြာမြင့်စွာစဉ်းစားပြီး ရွေးချယ်မှု ပြုလုပ်ခဲ့သည်။ သူက အတိုင်းအဆမဲ့ကောင်းကင်တစ်ဖက်သွားဓားကိုလည်း ရွေးချယ်မည်မဟုတ်သလို အဆုံးမဲ့ကောင်းကင်ဓားသိုင်းကိုလည်း ရွေးချယ်မည် မဟုတ်ပေ။ သူက ဝါဒတောင်၏ ရှေးအကျဆုံး သိုင်းပညာတစ်ခုဖြစ်သော ကောင်းကင်ဝါဒလက်ဝါးသိုင်းကိုသာ ရွေးချယ်မည် ဖြစ်သည်။
ဟုတ်ပေ၏။ ဝါဒတောင်၏ ရှေးအကျဆုံး သိုင်းပညာတစ်ရပ်။
ဝါဒတောင်၏ အဓိကအခြေခံသိုင်းပညာရပ်များမှာ နက်ရှိုင်းချီစွမ်းအားကျင့်စဉ်နှင့် ကောင်းကင်ဝါဒလက်ဝါးသိုင်းတို့ ဖြစ်သည်။ နက်ရှိုင်းချီစွမ်းအားကျင့်စဉ်က အတွင်းပိုင်းကျင့်စဉ်ဖြစ်ပြီး ကောင်းကင်ဝါဒလက်ဝါးသိုင်းကတော့ အပြင်ပိုင်းကျင့်စဉ်ဖြစ်သည်။ အခြားသောသိုင်းပညာများသာမက အစွန်းရောက်ရှစ်ပါး သိုင်းပညာ (၈)ရပ်လုံးသည်ပင် ထို သိုင်းပညာ (၂)ရပ်အပေါ်တွင် အုတ်မြစ်အခြေခံထားသည်။
ရန်ကျောက်ကဲ ကောင်းကင်ဝါဒလက်ဝါးသိုင်းကို ရွေးချယ်ရသည်မှာ အကြောင်းရှိသည်။ ထိုလက်ဝါးသိုင်းနောက်ကွယ်တွင် မဟာကပ်ဘေးကြီးမတိုင်ခင်က သလင်းကျောက်စိမ်းအဆက်အနွယ်များ၏အရိပ်အယောင် ပါဝင်နေသောကြောင့် ဖြစ်သည်။
နက်ရှိုင်းချီစွမ်းအားကျင့်စဉ်ကတော့ မဟာကပ်ဘေးမတိုင်ခင်က နက်ရှိုင်းချီအဆက်အနွယ်များနှင့် အနည်းငယ် ဆက်စပ်နေဟန် ရှိသည်။
ဝါဒတောင်၏ တည်ထောင်သူ ဆရာဘိုးဘိုး ချိုးယွမ်သည် မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် အကြွင်းအကျန်များကို တူးဖော်တွေ့ရှိခဲ့ပြီး ထိုအရာများကို ထုတ်ဖော်အသုံးပြုကာ ဝါဒတောင်၏ အစောဆုံးကနဦးသိုင်းပညာများကို တီထွင်ခဲ့ခြင်း ဖြစ်နိုင်သည်။
တည်ထောင်သူဆရာဘိုးဘိုး ချိုးယွမ်သည် နက်ရှိုင်းချီအဆက်အနွယ်ရော ၊ သလင်းကျောက်စိမ်းအဆက်အနွယ်ကိုပါ ပေါင်းစပ်အသုံးချထားသည်ကိုတွေ့ရသည့်အခါ ရန်ကျောက်ကဲ အနည်းငယ် ဆွံ့အအံ့သြရသည်။
သို့သော် ထိုအချက်က အဓိကမဟုတ်ခဲ့ပေ။ အဓိကအချက်မှာ နက်ရှိုင်းချီအဆက်အနွယ်နှင့် သလင်းကျောက်စိမ်းအဆက်အနွယ် အမွေအနှစ်များသည် လောကတစ်ခွင်ပျံ့ကျဲနေသည့်တိုင် တည်ထောင်သူဆရာဘိုးဘိုးက (၇၀) ရာနှုန်းမှ (၈၀) ရာနှုန်းအထိ ပေါင်းစပ်အသုံးပြုထားနိုင်ခဲ့သည်။
ထို့ကြောင့် ရန်ကျောက်ကဲက အလွန်တရာ စိတ်ဝင်စားသွားခြင်းပင်။
ထိုအမွေအနှစ်များသည် မဟာကပ်ဘေးမတိုင်ခင်က ကောင်းကင်ဘုံနန်းတော်မှ ပိုင်ဆိုင်သည့် အရာများဖြစ်လေသည်။ ရန်ကျောက်ကဲ၏ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာသည်လည်း ထို သလင်းကျောက်စိမ်းအဆက်အနွယ်မှ ဆင်းသက်လာခြင်း ဖြစ်သည်။
ရန်ကျောက်ကဲအကြည့်က လက်ဝါးပုံစံသင်္ကေတရေးထိုးထားသည့် စာလိပ်ပေါ်သို့ ကျရောက်သွားသည်။ ထိုအက ပုံသဏ္ဌန်မျှသာဖြစ်သည့်တိုင် ရှေးကျသောခံစားချက်များ ထွက်ပေါ်လျှက်ရှိ၏။
“မဟာကပ်ဘေးကြီးကျရောက်တုန်းက ငါအမှတ်မမှားဘူးဆိုရင် တစ်ကမ္ဘာလုံး တစ်ချိန်တည်း ဒုက္ခရောက်ကြတာပဲ ၊ ကောင်းကင်ဘုံနန်းတော်ကတော့ ရှေ့တန်းကရပ်နေတာဆိုတော့ ပထမဆုံး ထိခိုက်ခံခဲ့ရတယ်”
အတွေးနှင့်အတူ ရန်ကျောက်ကဲမျက်ဝန်းများတွင် အလင်းရောင် ခပ်မှိန်မှန်တစ်ချက် လင်းလက်သွားလေ၏။
***