လင်းရီ၏ အစီအစဉ်သစ်
Vol. 119 Ch. 1785
နှစ်ယောက်မှာ အများစောင့်ကြည့်နေသည့် မျက်ဝန်းများအောက်တွင်ပဲ စားစရာရှိသည်အား ရဲရဲတင်းတင်း စားသောက်နေခဲ့ကြ၏။
“ ခေါင်းဆောင် .. ကျုပ်တို့ရဲ့ နောက်ထပ် အစီအစဉ်က ဘာကြီးလဲ ….” စားနေရင်းဖြင့် ကျိုးလျန် မေးမြန်းလိုက်၏။
“ သံရုံးရဲ့ ဆင်ဂနယ်က ဖြတ်တောက်ခံထားရတယ်ဆိုတော့ သူတို့နဲ့ ဆက်သွယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး …”
“ ဒါပေမယ့် ငါတို့ လက်လျော့လိုက်လို့တော့ မရဘူး …” လင်းရီ ပြောလိုက်ပြီး “ စားပြီးရင် အခြေချဖို့ တစ်နေရာရှာမယ်… ပြီးရင် အနီးနားမှာ ဆက်သွယ်ရေး ပစ္စည်းတွေ တွေ့လိုတွေ့ငြား ရှာကြည့်ကြတာပေါ့ … သံရုံးကို ဆက်သွယ်လို့ မရဘူးဆိုရင်တောင် နိုင်ငံဆီ ဆက်သွယ်လို့ရတယ်… ဒါပေမယ့် တွေ့မတွေ့ကတော့ ကံတရားပဲ…”
နိုင်ငံခြားရှိ အခြေအနေများက ပြည်တွင်းနှင့် မတူညီချေ။
ဟွာရှတွင် လူတိုင်းနီးပါးက ဖုန်းကိုင်နိုင်ကြပြီး ယခုလို နွမ်းပါးသူများ စုဝေးသည့် ရပ်ကွက်တွင်တော့ ကွာခြာား၏။ ဆေးရွက်ကြီးက ခိုင်မာသည့် ငွေကြေး ဖြစ်နေသည့် နေရာ၌ ဆဲလ်ဖုန်းတစ်လုံး ကိုင်နိုင်သည့်လူအား ရှာတွေ့ရန်က အမှန်ပင် မလွယ်ကူချေ။
ထို့ကြောင့် ကံစမ်းကြည့်ရုံသာ တတ်နိုင်တော့၏။
“ ဟမ် … ခေါင်းဆောင် … မြန်မြန်စားလေ … စားပြီးရင် အလုပ်လုပ်ဖို့ ရှိသေးတယ်…”
ကျိုးလျန်မှ ပေါင်မုန့်စားနေရင်း ပလုတ်ပလောင်းဖြင့် ပြောလိုက်သည်။
“ ငါ ဗိုက်မကောင်းဘူး … လောလောဆယ် မစားသေးဘူး ..” လင်းရီ ပြောလိုက်သည်။
“ ကျုပ်လည်းပြီးတော့မှာ .. ဒီပေါင်မုန့် စားပြီးရင် ပြီးပြီ …”
ကျိုးလျန်မှ ခပ်သွက်သွက် ကျုံးလိုက်ပြီး လင်းရီမှာ ပစ္စည်းများအား သိမ်းဆည်းရင်း အချိန်မရွေး ထွက်ခွာရန် အဆင်သင့် ဖြစ်နေသည်။
ယခုလို နေရာမျိုး၌ ကွန်းခိုရန် တစ်နေရာ ရှာတွေ့ရန်က ခက်ခဲမည်လို့ သူ မထင်ပေ။
“ တစ်စိတ်လောက် …”
နှစ်ယောက် ထွက်ခွာတော့မည့် အချိန်မှာပဲ လူအုပ်ကြီးထံမှ အသံတစ်သံ ထွက်လာသည်ကို ကြားလိုက်ရသည်။
သူတို့ လှမ်းကြည့်လိုက်တော့ လူဆယ်ယောက်ကျော်က သူတို့ ရှိသည့် နေရာသို့ ဦးတည်ရောက်လာနေသည်။ လင်းရီ တစ်ချက်ကြည့်လိုက်ပြီး သူ့ရှေ့ရှိ ထိုလူများက လူမိုက်ဆန်ဆန် ဝတ်စားထားသည်ကို မြင်တွေ့လိုက်ရသည်။
၎င်းတို့ပုံစံကြည့်ရသည်မှာ သူတို့ကိုယ်သူတို့ လူမိုက်ကြီးများ ဖြစ်ကြောင်း အခြားသူက မသိမှာကို စိုးရွံ့နေဟန်ဖြင့် ကောက်ကျစ်သည့် မျက်နှာထား၊ အင်္ကျီအရောင်တောက်တောက်များကို ဝတ်ဆင်ထားကြသည်။
သို့သော် လင်းရီ စိတ်ထဲတွင်တော့ ထိုလူများ၏ အင်္ကျီကို ကြည့်ရင်း အတော်လေး ချမ်းသာမည့် လူများ ဖြစ်မည်ဟု ယူဆမိလိုက်၏။
ထိုလူများ ရောက်လာသည်ကို မြင်တော့ လင်းရီတို့နား စီးကရက် လာတောင်းသောက်သည့် လူများမှာ အခြားနေရာသို့ အလျင်အမြန် ထွက်ပြေးသွားခဲ့ကြ၏။
ဒါဇင်ချီသည့် လူအုပ်စုကြီးမှာ လင်းရီတို့ နှစ်ယောက်ရှေ့တွင် ရပ်တန့်လိုက်သည်။
“ ဟွာရှန့် … မင်းကို ဘယ်ကောင်က ဒီနေရာ လွှတ်လိုက်တာ …”
ပြောလိုက်သူက ခေါင်းတုံးပြောင်ပြောင်နှင့် ကမ်းခြေဝတ် ရောင်စုံအင်္ကျီဝမ်းဆက်နှင့် ဖြစ်၏။ လည်ပင်းတွင် အချိန်မရွေး ငွေပေါ်နိုင်မည့် ရွှေလည်ဆွဲကြီးကလည်း ထင်းလို့နေသည်။
ထိုလူက လင်းရီအား သူ့အောက် နိမ့်ပါးသည့် လက်အောက်ငယ်သားပမာ ကြည့်ရှု ဆက်ဆံနေလျက် ရှိသည်။
သူ့နာမည်က ဘက်စ်ဆို ဖြစ်ပြီး ဤရပ်ကွက်ထဲ၌ အတော်လေး ဩဇာကြီးသူ တစ်ယောက်ပင်။ သူ့ သူဌေးက မက်စ်ဆာ ဖြစ်ပြီး ဤ ဆင်းရဲသား ရပ်ကွက်၏ ဆရာကြီး ဖြစ်၏။
ဤနေရာက အတော်လေး ချွတ်ခြုံကျသော်လည်း မက်စ်ဆာမှာ ဆူလန် ခရိုင်ရှိ အရင်းအမြစ်များ၏ ၇၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားနိုင်ကာ ဤနေရာသို့ ဝင်ရောက်လာသည့် လူမှန်သမျှ သူ့လက်ခုပ်ထဲမှ မလွတ်မြောက်နိုင်ချေ။
“ ဒါက မင်းအိမ်မှ မဟုတ်တာ … ငါတို့ လာလည်လို့ မရဘူးလား …”
“ ဒါပေါ့ … ဒါပေမယ့် အရင်ဆုံး မင်းတို့ရဲ့ ပစ္စည်း တစ်ဝက်ကိုပေးမှ ဒီမှာ ပေးနေနိုင်မယ်…”
ကျိုးလျန်သည် နောက်ဆုံးကျန်သည့် ပေါင်မုန့် အပိုင်းအစကို ပါးစပ်ထဲ သွပ်ထည့်လိုက်ပြီး ရေတစ်ငုံမော့လိုက်၏။
“ ငါ့မှာ ပိုက်ဆံ တစ်ပြားမှာတော့ မရှိဘူး .. အသက်တစ်ချောင်းပဲ ရှိတယ်… အဆင်ပြေသလိုတာ လုပ်လိုက် …”
ကျိုးလျန် စကားပြောလာသည်ကို မြင်တော့ လင်းရီ ပြုံးလိုက်ပြီး ထိုလူများအား ဘာသာပြန်ပေးလိုက်ကာ ၎င်းအား ဟိတ်ဟန်ထုတ်ရန် အခွင့်အရေး တစ်ခု ဖန်တီးပေးလိုက်သ်ည။
“ မင်းက ပိုက်ဆံ မပေးချင်ဘူးပေါ့ …” ဘက်စ်ဆို၏ အမူအရာမှာ မည်းမှောင်သွားခဲ့ပြီး “ မင်းတို့ ပူးပေါင်းပေးမယ်ဆိုရင် မင်းတို့ ပစ္စည်း တစ်ဝက်ကိုပဲ ယူမယ်… မဟုတ်ဘဲ ငါတို့ ကိုယ်တိုင် လက်ပါရတယ်ဆိုရင် အကုန်ယူမယ်…”
“ ငါလည်း မင်းကို အကြံပေးလိုက်မယ်… ငါတို့က ဟွာရှဆိုတိုင်း အနိုင်ကျင့်လို့ကောင်းပြီ မထင်လိုက်နဲ့ … ဒီမှာ အကုန်လုံးက လူကြီးတွေချည်းပဲ .. ပြီးတော့ မင်းလုပ်ရပ်တိုင်းအတွက် တန်ကြေးပြန်ပေးတတ်ရတာကိုသိ…”
ဘက်စ်ကိုသည် ကျိုးလျန်အား အေးတိအေးစက် မျက်ဝန်းတို့ဖြင့် စိုက်ကြည့်လိုက်၏။
“ ဒီနေရာက မင်းတို့ ဟွာရှထက် ပိုပြီး ပရမ်းပတာဆန်တယ်… ဘယ်ဥပဒေကမှ မင်းတို့ကို မကာကွယ်ပေးနိုင်ဘူး … မင်းတို့ မပူးပေါင်းဘူးဆိုရင် နောက် ဖြစ်လာမယ့်အရာက မင်းတို့ရဲ့ အခု လုပ်ရပ်တွေကို နောင်တရသွားစေလိမ့်မယ်….”
“ ပြောပြီးပြီကိုကွာ … ငါ့မှာ ပိုက်ဆံ တစ်ပြားမှ မရှိဘူး … အသက်တစ်ချောင်းပဲ ရှိတယ်… ဒါပေမယ့် ကြည့်ရတာ အဲ့တာကိုလည်း မင်းတို့ ယူနိုင်မယ့်ပုံ မပေါ်ပါဘူး …”
ဘက်စ်ကို မတုံ့ပြန်ပေ။ သူ့အနောက်ရှိ လက်အောက်ငယ်သားများဘက်သို့ လက်ပြလိုက်ရင်း “ လုပ်တော့ … သူတို့မှာ ရှိတာ အကုန်ယူ … အဝတ်အစားပါ မချန်နဲ့ .. ပြီးရင် ဆူလန်ထဲက မောင်းထုတ်လိုက် .. သူတို့ကို ဒီကနေ မကြိုဆိုဘူး …”
ဘက်စ်ဆို၏ လက်အောက်ငယ်သား နှစ်ယောက်မှ ရှေ့တက်လာပြီး သူတို့၏ ကနေဦး ပစ်မှတ်ကတော့ အချိုးမပြေသည့် ကျိုးလျန်ပင်။
ကျိုးလျန် တုံ့ဆိုင်းနေခြင်း မရှိချေ။ ရှေ့သို့ ခုန်၍ ၎င်းတို့အနက် တစ်ယောက်ကို ရင်ဝ ဆောင့်ကန်ကာ နောက်သို့ လွင့်ထွက်သွားစေသည်။ ထို့နောက် ကျန်တစ်ယောက်၏ ဦးခေါင်းကို ဒူးနှင့်တိုက်ပြီး မျက်နှာအား လက်သီးဖြင့် ထိုးလိုက်၏။
တစ်ဖက်သူမှာ အော်ညည်းသံ ထွက်လာခဲ့ပြီး မြေပြင်တွင် နာကျင်မှုကြောင့် လူးလှိမ့်နေတော့၏။
သို့သော် ကျိုးလျန်မှာ ထိုအတိုင်းမထားဘဲ တစ်ဖက်လူ၏ လည်မျိုသို့ ခြေထောက်ဖြင့် နင်းထားလိုက်၏။ အကယ်၍ နောက်ထပ် အားအနည်းငယ် စိုက်ထုတ်လိုက်မည်ဆိုပါက ဘုရားသခင်နှင့် လက်ဖက်ရည်ဝိုင်း ဆွေးနွေးရန် တိုက်ရိုက်ပို့ပေးလိုက်နိုင်သည်။
ကျိုးလျန်က သူ့လူ နှစ်ယောက်ကို လွယ်လင့်တကူ အမှောက်သိပ်လိုက်နိုင်သည်အား မြင်တော့ ဘက်စ်ဆိုနှင့် ကျန်သူများမှာ မသိစိတ်အလျောက် နောက်ဆုတ်မိသွားခဲ့ကြ၏။
သူတို့ရှေ့ရှိ ဤဟွာရှန့်က တိုက်ရည်ခိုက်ရည် အတော်ကောင်းနေမည်လို့ ထင်မှတ်မထားခဲ့ချေ။
“ အခု ငါတို့ပစ္စည်းတွေ လိုချင်သေးလား …”
ဘက်စ်ဆို၏ လူများမှာ ဆက်တိုက် နောက်ဆုတ်နေပြီး နှစ်ဖက်ကြားကို ငါးမီတာလောက် ခြားပစ်လိုက်သည်။
“ ငါမင်းကို ပြောလိုက်မယ်… ဒါက ဘော့စ် မက်စ်ဆာရဲ့ ပိုင်နက်ပဲ … မင်းတို့ သူ့လူကို တိုက်ခိုက်ဝံ့နေတယ်ဆိုရင် ဘော့စ်က မင်းတို့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး …”
“ ငါတို့ကို သူ့ဆီ ခေါ်သွားပေး … သူ ဘာလုပ်နိုင်လဲ ငါကြည့်စမ်းမယ်…”
ထိုစကားပြောလာသည့်လူက ကျိုးလျန်မဟုတ်ပေ။ လင်းရီ ဖြစ်၏။
“ မပူနဲ့ … မင်းတို့က မသွားချင်ဘူးဆိုရင်တောင် မင်းတို့ကို ဖမ်းဖို့ လူလွှတ်လိုက်ဦးမှာ…” ဘက်စ်ဆို ပြောလိုက်သည်။
“ ဒါဆိုလည်း သွားကြတာပေါ့ .. ဒီနေရာမှာ ဆူဆူညံညံ သိပ်မလုပ်ချင်ဘူး …”
“ သူတို့ကို ခေါ်သွားကြ …”
ဘက်စ်ဆို လက်ဝှေ့ရမ်းလိုက်ပြီး သူ့လူများမှ လင်းရီနှင့် ကျိုးလျန်နောက်တွင် နေရာယူလိုက်ကြသည်။ သို့သော် မည်သူကမျှ ထို့ထက်ပို၍ မလှုပ်ရှားဝံ့ကြပေ။
ကျိုးလျန်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်နေခဲ့ပြီး လင်းရီအနားသို့ တိုးကပ်၍ တီးတိုးမေးလိုက်၏။
“ ခေါင်းဆောင် … အကြံသစ်ရှိလို့လား …”
“ မက်စ်ဆာဆိုတဲ့ကောင်က ဒီရပ်ကွက်ရဲ့ ဆရာကြီး ဖြစ်ရမယ်… ငါတို့သာ သူနဲ့ တွေ့ပြီး သူ့ကို အမှောက်သိပ်လိုက်နိုင်ရင် ဒီမှာ ခြေကုပ်ယူပြီးသား မဖြစ်သွားဘူးလား …” ပြောရင်းဖြင့် ပတ်ဝန်းကျင်အား ကျီးကန်းတောင်မှောက်တစ်ချက်ကြည့်ကာ လေသံတီးတိုးဖြင့် “ ပြီးရင် သူ့ရဲ့ အရင်းအမြစ်တွေကို အသုံးချပြီး သံရုံးကိုပဲ ဖြစ်ဖြစ်၊ နိုင်ငံကိုပဲ ဖြစ်ဖြစ် ဆက်သွယ်မယ်… ပြီးရင် ငါတို့ ကယ်တင်ခံရပြီပဲ …”
လင်းရီ၏ စကားကို ကြားတော့ ကျိုးလျန် ဉာဏ်အလင်းပွင့်သွားခဲ့သည်။
လင်းရီကို ရင်ထဲအသည်းထဲမှ နေ၍ လှိုက်လှိုက်လဲလဲ လေးစားမိသွားခဲ့သည်။ ခေါင်းဆောင်က ဒီလောက် အသက် ငယ်ငယ်လေးနဲ့ အသင်း ၁ ရဲ့ ခေါင်းဆောင် ဖြစ်လာတာ မဆန်းတော့ပါဘူး … သူ့ဦးနှောက်က သူတို့ထက်ကို ပိုပြီး ထက်မြက်နေလို့ကိုး …
ဆင်းရဲသားရပ်ကွက်က တောင်နှင့် မျက်နှာချင်းဆိုင်တွင် တည်ထားသည်။ တောင်၏ အမြင့်ကို ကြည့်၍ နေထိုင်သူများ၏ အဆင့်အတန်းကို အလွယ်တကူ သိရှိနိုင်သည်။
တစ်စုံတစ်ယောက်က တောင်ထိပ်သို့ ပိုတက်နိုင်လေ အိမ်များ၏ အရည်အသွေးက ပိုကောင်းပြီး မီးအလင်းရောင်တို့ ပိုများ၏။
ဤမှတဆင့် တောင်ထိပ်ဆုံး၌ နေထိုင်ကြသည့် လူများဆိုပါက မည်မျှ ဇိမ်ကျနေလိုက်မလဲဆိုတာကို စိတ်ကူးကြည့်နိုင်လေသည်။
ထို့ပြင် အရေးကြီးဆုံးကတော့ တောင်ထိပ်သို့ တက်သည့် လမ်းတစ်ခုကို ဖောက်လုပ်ထားပြီး အနည်းငယ် ကြမ်းသည်ဆိုသော်လည်း ကားတစ်စင်း မောင်းနှင်ရန်ကတော့ ပြဿနာ မရှိပေ။
တောင်ထိပ် နေရာတွင်တော့ နှစ်ထပ်အဆောက်အဦး တစ်ခု ရှိပြီး အထဲတွင် မီးတို့ လင်းထိန်နေသည်။ အပြင်ဘက်တွင် ရပ်နေရင်း ပန်းမန်တို့၏ သင်းရနံ့ ခပ်ဖျော့ဖျော့ကိုပင် ခံစားနေရ၏။
ခြံဝန်းထဲကို ရောက်တော့ လင်းရီ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။
ခြံက ဘောလုံးကွင်း တစ်ဝက်စာလောက် ကျယ်ပြီး သစ်ပင်ပန်းမန်တို့ဖြင့် ပြည့်နှက်နေသည်။
ထောင့်တစ်ခုတွင် ကားလေးစင်း ထိုးရပ်ထားပြီး သုံးစင်းက မြင်းကောင်ရေအားများသည့် ဒီဇယ်ကားများ ဖြစ်ကာ ကျန်နောက်ဆုံး တစ်ခုကတော့ သောက်ကျိုးနည်း BMW 7 စီးရီးပင်။
ဆူလန် ခရိုင်ကဲ့သို့သော ချွတ်ခြုံကျသည့် နေရာတစ်ခု၌ ဤကဲ့သို့သော အိမ်မျိုးနှင့် ကားလေးစင်း ပိုင်ဆိုင်နိုင်ရန် ထူးခြားသည့် တစ်စုံတစ်ဦး ဖြစ်နေဖို့ လိုအပ်၏။
တစ်ချိန်တည်းတွင် သူသည်ကား ကမ္ဘာ့နေရာဒေသ၏ မည်သည့်နေရာ၌ မဆို လူချမ်းသာ စာရင်း သွင်းခံရဖို့ လုံလောက်နေသည်။
လင်းရီ ပြုံးလိုက်မိသည်။ ကြည့်ရသည်မှာ သူခန့်မှန်းထားသည်များက မှန်ကန်နေသည့်ဟန်ပင်။
ရှေ့ဆက်၍ သူလုပ်ဖို့ လိုအပ်သည်ကား မက်စ်ဆာဆိုသည့် ထိုလူအား အမှောက်သိပ်ရန် နည်းလမ်းရှာဖို့ပင်။
စာစဉ် (၁၁၉) ပြီး၏။