← Chapters

သံသယ တိမ်ရိပ်

Vol. 119 Ch. 1772

သံသယ တိမ်ရိပ်

Vol. 119 Ch. 1772

“ ဟင် …”

လျိုဟုန်၏ စကားက လင်းရီအား ချက်ချင်း နိုးကြားသွားစေသည်။

“ သူတို့တွေ ဘက်စ်သတ္တုရိုင်း တွေ့ထားလို့လား …”

“ အခြေအနေက မရှင်းလင်းသေးဘူး …” လျိုဟုန် ပြောလိုက်ပြီး “ ငါ အကြီးအကဲလုဆီက ကြားတာ မင်း အသင်း ၁ ကို ကုမ္ပဏီ ကိစ္စတွေ ကိုင်တွယ်ဖို့ ပနားမား ခေါ်သွားတယ်ဆို … လူခွဲပြီး အဲ့က အခြေအနေကို စောင့်ကြည့်ခိုင်းလိုက် .. တကယ်လို့ အကူအညီလိုမယ်ထင်ရင် ငါ့ဆီ ကြိုပြီး အကြောင်းကြားထား … နင်ချဲ့နဲ့ ချိုးယွီလော့ကို ပို့ပေးမယ်…”

“ အဲ့တာအပြင်ကို တခြား ဘာသတင်းမှ မရှိဘူးလား …” လင်းရီ ပြေလိုက်ပြီး “ ကျုံးဝေ့တပ်ဖွဲ့မှာ ရှင်းလင်းတဲ့ ပစ်မှတ် … ဒါမှမဟုတ် သံသယဝင်မိတဲ့ အရာတစ်ခုခု မရှိဘူးလား …”

“ ဘာမှ မရှိဘူး …” လျိုဟုန် အသံနက်ကြီးဖြင့် ပြောလိုက်ပြီး “ လူတစ်အုပ်စုကြီးက ပနားမားဘက်ကို ဦးတည်လာနေတယ်ဆိုတာပဲ ငါတို့ သိထားတယ်… သူတို့ ဘာတွေ လုပ်မယ်ဆိုတာတော့ ငါတို့လည်း မခန့်မှန်းနိုင်ဘူး …”

“ အဲ့တာက သတ္တုရိုင်း ကိစ္စကြောင့်မဟုတ်ဘဲ တခြား ကိစ္စကြောင့်လည်း ဖြစ်နိုင်တာပဲလေ…”

“ အဲ့လို ဖြစ်နိုင်ချေတော့ ရှိတယ်…” လျိုဟုန် ပြောလိုက်ပြီး “ ဒါပေမယ့် ဒီတစ်ကြိမ် လှုပ်ရှားလာတဲ့ ပြင်ပ အဖွဲ့အင်အားစုတွေက တော်တော်ကို များတာကြောင့်မို့ ငါတို့ဘက်ကလည်း အတန်အသင့် ပြင်ဆင်မှုတွေ လုပ်ထားရမှာပဲ …”

“ နားလည်ပြီ…”

လျိုဟုန်နှင့် ဖုန်းပြောပြီးနောက် လင်းရီ ဆက် အိပ်မပျော်တော့ချေ။

ဤသို့သောသတင်းမျိုးကို သူ အနည်းငယ် မျှော်လင့်မထားခဲ့မိပါချေ။

ကျုံးဝေ့တပ်ဖွဲ့မှ ပေးပို့လာသည့် သတင်းဖြစ်သဖြင့် ဤသတင်းက မမှားယွင်းနိုင်ပေ။ ထို့ကြောင့် ပနားမားတွင် အကြောင်းထူး တစ်ခုခုတော့ ရှိကို ရှိရမည် ဖြစ်၏။

သို့သော် လက်ရှိ ပနားမားက ငြိမ်သက်နေလွန်းလှပြီး သံသယ ဝင်ဖို့ကောင်းသည့် မည်သည့် ကိစ္စမျှ ရှိမနေချေ။ သို့ဆိုလျှင် ထိုလူများက မည်သို့သော ရည်ရွယ်ချက်များဖြင့် ဤနေရာသို့ ရောက်လာနေကြသနည်း။

အကယ်၍ သတ္တုရိုင်းက အမှန်တကယ် ပေါ်ပေါက်လာခဲ့လျှင်ပင် မည်သူ့ လက်ထဲ၌ ဖြစ်နိုင်မည်နည်း။

အဆိုပါ မေးခွန်းများအား တွေးတောရင်း၊ ဖြေမိနေရင်း၊ လင်းရီ တစ်ညလုံး အိပ်မပျော်နိုင်ခဲ့ချေ။

အပြင်ဘက်မှ အလင်းရောင် ထွက်လာသည့် အချိန်အထိ လင်းရီ မျက်လုံးမမှိတ်ခဲ့ချေ။ ထိုအချိန်သို့ ရောက်သည့်အခါ၌ ဘေးအနီးတစ်ဝိုက်၌ စီးကရက်တိုတို့ကလည်း ပျံ့ကျဲနေပါသည်။

ဤပရောဂျက်က လင်းရီကို အတော်လေး သံသယ များစေခဲ့သည်။ သို့သော် ယခု သူ့ဘက်ခြမ်းက ပြဿနာအား ဖြေရှင်းလို့ မပြီးသေးခင်မှာပဲ ယခု နိုင်ငံခြားသားများက အပူတပြင်းဖြင့် ဤနေရာသို့ ဦးတည်လာနေကြပြန်သည်။

ပရမ်းပတာ ဖြစ်နေသည့် အခြေအနေက ပို၍ စိတ်ရှုပ်ချင်စရာ ကောင်းအောင် ပြုလုပ်နေကာ သူ့မှာ အေးအေးလူလူ စဉ်းစားနိုင်စွမ်းပင် မရှိတော့ချေ။

“ ကျစ် … ဒီ မြေနိုးတစ်သိုက်နဲ့တော့ …”

လင်းရီ မတ်တပ်ရပ်ပြီး ကိုယ်ညောင်းဆန့်ကာ ရေချိုးခန်းထဲ ဝင်၍ ကိုယ်လက်ဆေးကြောလိုက်၏။

ခဏနေကျရင် သူ အလုပ်လုပ်စရာ ရှိသည်။

မနက် ရှစ်နာရီတွင် လူတိုင်း မျက်နှာသစ် ၊ သွားတိုက်ပြီးကြပြီး ဟိုတယ်၏ စားသောက်ဆိုင်၌ လူစုဝေးကြ၏။

လင်းရီသည် မနေ့ညက လျိုဟုန် ပြောလာခဲ့သည့် အကြောင်းအရာများကို အသင်းထဲရှိ လူရှစ်ယောက်အား ပြန်ပြောပြလိုက်၏။

သတင်းက ရှစ်ယောက်လုံးကို စိတ်လှုပ်ရှားသွားစေသည်။ ဤသည်က သူတို့ ကျုံးဝေ့တပ်ဖွဲ့သို့ ဝင်ရောက်သည့် အချိန်မှစ၍ ပထဆုံး ထမ်းဆောင်ရသည့် မစ်ရှင်ပင်။

“ စွေ့ချန်၊ စီယင် ၊ မင်းတို့ နှစ်ယောက်က ရှောင်ပင်း၊ ချောင်ယွဲ့၊ ယွင်ဟူနဲ့ ကျန်းဖုန်းတို့ကို ခေါ်ပြီး ဒီကိစ္စ စုံစမ်းလိုက် .. တစ်ခုခု လိုအပ်သာ ရှိရင် ခေါင်းဆောင်လျိုဆီ ဖုန်းဆက်လိုက် … သူ့ဘက်က မင်းတို့ကို အပြည့်အဝ ပံ့ပိုးပေးလိမ့်မယ်…” လင်းရီ စားရင်းဖြင့် ပြောလိုက်သည်။

“ ကျန်တဲ့ လော့ချီနဲ့ ကျိုးလျန် ... မင်းတို့ကတော့ ငါနဲ့ လိုက်ခဲ့ကြ …”

“ ဟုတ်ကဲ့ …”

လူတိုင်း အသံနိမ့်ပြီး ပြန်ဖြေလိုက်ကြ၏။

ထမင်း စားသောက်ပြီးနောက် လူတိုင်း အုပ်စု နှစ်ခု ခွဲကာ လင်းရီမှ လော့ချီနှင့် ကျိုးလျန်အား ခေါ်ပြီး ကုမ္ပဏီ ကိစ္စအား ကိုင်တွယ်ရန် ထွက်လာခဲ့သည်။ ကျန်သည့် လူများကတော့ နိုင်ငံရပ်ခြားမှ အင်အားစုများ၏ သတင်းကို စုံစမ်းရန် ထွက်သွားခဲ့ကြသည်။

လင်းရီ သံရုံးသို့ မောင်းထွက်လာ၍ ချန်ချင်ဖုန်းအား ဝင်ခေါ်လိုက်သည်။

လင်းရီ သူ့အရှေ့တွင် အဆင်ပြေပြေနှင့် ထွက်ပေါ်လာသည်ကို မြင်တော့ ချန်ချင်ဖုန်းမှာ တစ်ဘဝစာမျှ ဖြတ်သန်းပြီးသွားသကဲ့သို့ သက်ပြင်းချမိလိုက်၏။

မနေ့တုန်းက လင်းရီသည် ပနားမားအစိုးရ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံလိုက်ရပြီဟူသည့် သတင်းကို ရရှိလိုက်သည့် အချိန်တုန်းက သူ့စိတ်ထဲတွင် လင်းရီ အသက်ရှင်နိုင်မည့် ရာခိုင်နှုန်းမှာ ပါးပါးလေးမျှသာ ရှိပြီး နောက်တစ်နေ့၌ သူ့ရှေ့တွင် ခြေကောင်း၊လက်ကောင်းအတိုင်း ပြန်ပေါ်လာဖို့ကို မမျှော်လင့်ထားခဲ့ပါချေ။

“ ဥက္ကဌလင်း … မင်း အဆင်ပြေတယ်မလား …”

ချန်ချင်ဖုန်း စကားအစ်ကြည့်လိုက်သည်။

“ ကျုပ် ပြေပါတယ်… ဘာလဲ … ခင်များ မျက်လုံးထဲမှာ ကျုပ်က မပြေနေတဲ့ပုံ ပေါက်နေလို့လား …” လင်းရီ အပြုံးလေးဖြင့် ပြန်မေးရင်း လက်ဝှေ့ရမ်းပြကာ “ ကားထဲဝင် .. ဒီနေ့လည်း ခင်များကို အဖော်လိုက်ခဲ့ပေးဖို့ ဒုက္ခပေးရတော့မယ်…”

“ အသေးမွှား ကိစ္စလေးပါ … ကိုယ်ရေးကိုယ်တာ ရင်းနှီးမှုကြောင့်ပဲ ဖြစ်ဖြစ် … အများအတွက်နဲ့ပဲ ဖြစ်ဖြစ် … ဒါက ငါတို့ လုပ်ပေးသင့်တဲ့ ကိစ္စပဲလေ…”

ချန်ချင်ဖုန်းသည် ကားထဲသို့ ဝင်ကာ အနောက်ထိုင်ခုံဘက်ခြမ်းတွင် ဝင်ထိုင်ပြီး စကားအစ်ကြည့်လိုက်၏။

“ ဥက္ကဌလင်း … ဒီမှာက အပြင်လူတွေလည်း မရှိတော့ ငါသိချင်တာက မင်း …….”

“ တကယ်တမ်းကျတော့ သူတို့ကို ဘယ်သူတွေ သတ်သွားလဲက အရေးမကြီးဘူး .. အဓိကကျတာ ပြဿနာက ဖြေရှင်းပြီးသွားပြီ ဆိုတာပဲ … အဲ့တာက ပိုအရေးကြီးတယ်… ခင်များရော ဘယ်လိုထင်လဲ …”

“ အမ်း …… အဟဲဟဲ …..”

ချန်ချင်ဖုန်းသည် နဖူးထက်မှ ချွေးအေးများအား သုတ်လိုက်၏။ လင်းရီက ဤမျှ ပြောလာခဲ့ပြီ ဖြစ်ရာ သူ့ဘက်က အကောင်မမြင်ပါက မိုက်မဲလွန်းရာ ကျသွားပြီ ဖြစ်သည်။

ချန်ချင်ဖုန်း၏ ရင်ဘက်ကြီးမှာ ညှိနှိုင်းဆွေးနွေးသည့် နေ့က အဖြစ်အပျက်များကို ပြန်လည် တွေးတောမိရင်း အဆက်မပြတ် ခုန်ပေါက်နေသည်။

ဥက္ကဌလင်းက အပေါ်ယံကြည့်တော့တာ တကယ့်ကို ညင်သာမယ့် ပုံစံနဲ့ တကယ်ကြီး ဒီလို လုပ်ရပ်မျိုးတွေ လုပ်ဝံ့နေတယ်… သူက တကယ့်ကို ထင်မထားလောက်အောင် ရက်စက်တဲ့ လူစားပဲ …

တစ်နာရီမျှကြာအောင် ကားမောင်းပြိးနောက် သူတို့တွေ ဘိုဘာ ဆိပ်ကမ်းသို့ ဆိုက်ရောက်လာခဲ့ကြသည်။

အချင်းများပြီးသည့်နောက်တွင် လင်းယွင်အုပ်စု၏ ကုန်ပစ္စည်းများအား ဤနေရာသို့ ပို့ဆောင်လာခဲ့၏။

သို့သော် ဟွာရှ အစိုးရ၏ ကြားဝင်နှောင့်ယှက်မှုကြောင့် တူးမြောင်း စီမံခန့်ခွဲရေးအဖွဲ့မှာ ပစ္စည်းများအား မထိရသေးချေ။

ကားက သတ်မှတ်ထားသည့် နေရာသို့ မောင်းနှင်လာပြီး ချန်ချင်ဖုန်းမှာ ဆိပ်ကမ်းရှိ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးရန် တာဝန်ယူ၍ သင်္ဘောပေါ်ရှိ ကုန်ပစ္စည်းတို့အား ရေတွက်ရန် ဟန်ပြင်သည်။

သူတို့ဘက်က တရားဝင် အတည်ပြုချက်ကို ရယူရမည် ဖြစ်သဖြင့် စုံစမ်း စစ်ဆေးမှု မစတင်ခင် ဤသည်က လိုကို လိုအပ်သည့် လုပ်ငန်းစဉ်ပင်။

လင်းရီ ဘေးဘီဝဲယာအား ကြည့်ရှုလိုက်၏။ ဧရာမ ဆိပ်ကမ်းကြီးနှင့် အလှမ်းသိပ်မဝေးသည့် နေရာ၌ သင်္ဘောကျင်းကြီး တစ်ခုလည်း ရှိ၏။

ချန်ချင်ဖုန်း ပြောတာတော့ လင်းယွင်အုပ်စု၏ သင်္ဘောကို ထိုနေရာ၌ ရပ်နားထားသည် ဆိုပင်။

စုံစမ်း စစ်ဆေးမှုကိုလည်း မကြာမီ ထိုနေရာ၌ စီစဉ် ဆောင်ရွက်သွားမှာ ဖြစ်၏။

ဆယ်မိနစ်ခန့်ကြာအောင် ဆွေးနွေး ညှိနှိုင်းပြီးသည့်နောက် ချန်ချင်ဖုန်းသည် ဝန်ထမ်းနှစ်ယောက်အား ခေါ်ဆောင်လာပြီး လင်းယွင်အုပ်စု၏ ကုန်တစ်သုတ်ကို စစ်ဆေးကြည့်ရှုစေသည်။

“ မင်းက လင်းယွင်အုပ်စုရဲ့ ဘော့စ်လား ….”

လင်းရီကို မြင်တော့ ဝန်ထမ်းတစ်ယောက်က မေးမြန်းလိုက်၏။

လင်းရီ နာမည် ကတ်ပြားကို တစ်ချက်ကြည့်လိုက်ပြီး မာဟရာ ဖြစ်သည်ကို သိရှိလိုက်သည်။

“ ငါပဲ .. ဘာကိစ္စလဲ …”

“ လုံခြုံရေး ရုံးမှာ ရှိတဲ့ လူတွေ အကုန် သေကုန်ပြီ … ငါတို့ကတော့ ဒီကိစ္စက မင်းနဲ့ ပတ်သက်ဆက်နွယ်နေမယ်လို့ ခံစားနေရတယ်… မင်းက လူသတ်သမားပဲ …”

လင်းရီ ဆွံ့အသွားခဲ့ရ၏။

ဒီနိုင်ငံခြားသားတွေရဲ့ အတွေးက တကယ် ထူးဆန်းတာပဲ …

ဒီကောင်က သူ့ကို မျက်နှာချင်းဆိုင်လာပြီး စွပ်စွဲနေတယ်… အတော်လေး စိတ်ဝင်စားဖို့တော့ ကောင်းနေပြီ …

ချန်ချင်ဖုန်းမှာ ရှက်ရွံ့သွားခဲ့၏။ ထို့နောက် ကူကယ်ရာမဲ့နေသည့် အပြုံးလေးအား လှစ်ဟာပြလာသည်။ ဤနေရာ၌ တာဝန်ကျနေသည်မှာ တစ်နှစ်ကျော်လာပြီး ဖြစ်သဖြင့် ဒေသခံများ၏ တည့်တိုးဆန်သည့် အကျင့်စရိုက်ကို နေသားကျနေပြီး ဖြစ်သည်။ ဤလူများက အရိပ်အကဲ နားလည်ကြသည့် လူများ မဟုတ်ကြချေ။

အကယ်၍ ဤကဲ့သို့သော လူစားမျိုးသာ ဟွာရှသို့ ပြောင်းရွေ့လာခဲ့မည်ဆိုပါက သူတို့ ဂူပေါ်ရှိ မြက်ပင်တို့မှာ နှစ်မီတာ အရှည်သို့ ရောက်ရှိနေလောက်ပြီး ဖြစ်၏။

“ လူသတ်သမားက သူကိုယ်တိုင် ဝန်ခံလာခဲ့ပြီးပြီကို မင်းတို့က ဘာလို့ ငါ့ကို သံသယ ရှိနေကြသေးတာ …”

“ ငါတော့ မင်းတို့တွေ အချောင်ဝင်ခံဖို့ လူငှားလိုက်တယ် ထင်တာပဲ … ဒါကြောင့်မို့ မင်းက လုံခြုံရေး ရုံးက လူတွေကို သတ်လိုက်တဲ့လူပဲ ဖြစ်မယ်…” မာဟရာသည် တည်တင်းသည့် မျက်နှာထားဖြင့် ပြောလိုက်ပြီး သူ၏ အမူအရာမှာ လင်းရီအား အတော် မုန်းတီးနေပုံရသည်။

အကယ်၍ သူ့ အလုပ်သဘောကြောင့်သာ မဟုတ်ပါက စုံစမ်းစစ်ဆေးရေးအတွက် ပူးပေါင်းပေးနေမည် မဟုတ်ပါချေ။

လင်းရီ ပြုံးလိုက်ပြီး ဒေါသမထွက်သွားခဲ့ချေ။၊

“ ဆိုတော့ ငါက မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို သတ်လိုက်တဲ့ လူသတ်သမားဆိုပြီး မင်းက အခိုင်အမာ ယုံကြည်နေတယ်ပေါ့ …”

“ အဲ့လိုပဲ …” မာဟရာ ပြတ်သားစွာ ပြောလိုက်၏။ “ ဘာလို့ဆို မင်းမှာ အဲ့လို လုပ်ရလောက်တဲ့ အကြောင်းပြချက်တွေ ရှိတယ်.. မင်း သူများတွေကိုပဲ အရူးလုပ်လို့ ရရင် ရမယ် … ငါတို့ကိုတော့ အရူးလုပ်လို့ မရဘူးဟေ့ကောင် …”

“ သူတို့က ဒီတိုင်း မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုပဲကွာ .. မိသားစုဝင်တွေလည်း မဟုတ်ဘဲနဲ့ … ဒီလောက်ထိ ဒေါသထွက်နေစရာ မလိုပါဘူး …” လင်းရီ သူ၏ ပခုံးအား လေးလေးနက်နက် ပုတ်လိုက်ပြီး “ မဟုတ်ရင် မင်းရော မနက်ဖြန်ကျ နေထွက်တာ မြင်နိုင်ပါ့ဦးမလား ဆိုတာ ဘယ်သူက သိနိုင်မှာလဲ ဟုတ်တယ်မလား ….”

All Chapters