← Chapters

လင်းရီ၏ အကြံအစည်

Vol. 119 Ch. 1775

လင်းရီ၏ အကြံအစည်

Vol. 119 Ch. 1775

လင်းရီ၏ အမိန့်က သူတို့နှစ်ယောက်လုံးကို စိတ်ကသောင်းကနင်း ဖြစ်သွားစေသည်။

ဆိုလိုသည်မှာ ယခုမှစတင်၍ လင်းရီသည် ဤမစ်ရှင်တွင် သူမတို့အား ကူညီပေးနိုင်တော့မည် မဟုတ်ပေ။ မိမိတို့ ကိုယ်ဘာသာကိုယ် ကြိုးစား ရုန်းကန်ရတော့မည် ဖြစ်၏။

“ နားလည်ပါပြီ …”

ထိုအချိန်တွင် မာဟရာသည် အခြား အိတ်တစ်လုံးကိုပါ ဓားအသေးလေးဖြင့် ဖောက်ထုတ်လိုက်ရာ အထဲတွင် ရှိနေသည့် ပစ္စည်းက ယခင် တစ်ခုနှင့် အတူတူပဲ ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။

လက်ထဲတွင် အလေးချိန်အား ချိန်ဆကြည့်လိုက်ရင်း မာဟရာ သူ့ဘာသူ ရေရွတ်မိလိုက်၏။

“ ဒါတွေက ဘာတွေလဲ … သတ္တုရိုင်းတွေလား …”

ကမ္ဘာ့လူဦးရေ၏ ၉၉ ရာခိုင်နှုန်းမှာ ဘက်စ်သတ္တုရိုင်းက မည်သည့်အရာများ ဖြစ်သည်ကို မသိရှိကြချေ။

အင်မတန် နည်းပါးသည့် လူတစ်အုပ်စုသာလျှင် ထိုအရာက မည်သည်ဖြစ်သည်ကို နားလည်ထားခဲံကြသည်။

မာဟရာကဲ့သို့ သာမန် အလုပ်သမားများကို မဆိုထားနှင့်။ ချန်ချင်ဖုန်းသည်ပင် ဤအရာအား သာမန် သတ္တုတုံးတစ်ခုဟုသာ စိတ်ထဲ၌ တွေးမြင်နေမိသည်။

သို့သော် သူ နားမလည်နိုင်ခဲ့သည့်အရာကား … အဘယ်ကြောင့် ဥက္ကဌလင်းသည် ထိုကဲ့သို့သော အရာအား ကုန်များအတွင်း သိုဝှက်ထားခဲ့သည်ကို သူ့အား ကြိုတင် မပြောပြခဲ့ရသနည်း။

“ ဒီ သတ္တုရိုင်း နှစ်တုံးက ငါ အပြင်ဘက်ကနေ စုဆောင်းသိမ်းဆည်းတဲ့ထဲ ထည့်ဖို့ ဆိုပြီး ယူလာတဲ့ ဥစ္စာတွေလေ…”

လင်းရီသည် မာဟရာအား ရွှင်ပြစွာ ပြုံးပြ၍ ပြောလိုက်သည်။

ယခုတော့ လင်းရီသည် အခြေအနေတစ်ရပ်လုံး၏ ဇာတ်လမ်းကျောရိုးကို နားလည်သွားခဲ့ပြီ ဖြစ်သည်။ တူးမြောင်းအာဏာပိုင်တို့က ဤ သတ္တုရိုင်းများအကြောင်း မသိခဲ့မည်မှာ ကျိန်းသေပေါက်ပင်။ မဟုတ်ပါက ယခုကဲ့သို့ မထုံတက်သေး အမူအရာဖြင့် ကြာမြင့်စွာ အချိန်ဆွဲနေခဲ့မှာ မဟုတ်ပါချေ။

ထို့ပြင် သင်္ဘောပေါ်ရှိ သစ်လုံးများက တစ်ချိန်လုံး မထိတွေ့၊ မကိုင်တွယ်ထားသည့် အနေအထား၌သာ ရှိနေပြီး ကလိကမာ ပြုထားသည်က ဖြစ်နိုင်ချေ အလွန်အင်မတန်ကို နည်းပါး၏။

ပြဿနာက မည်သည့်နေရာကနေ မြစ်ဖျားခံလာခဲ့လဲဆိုတာကို လင်းရီ ယခု ရှင်းလင်းသွားခဲ့ချေပြီ။

သင်္ဘောပေါ်သို့ သစ်လုံးများ မရောက်မီကတည်းကပင် ထိုပစ္စည်းက ရှိနေခဲ့တာ ဖြစ်ရမည်။

“ မင်းတို့ ဟွာရှန့် ကုန်သည်တွေက ပစ္စည်းတွေ စုဆောင်းရတာ ကြိုက်တာကို ငါသိတယ်… ပြီးတော့ ဒီကျောက်တုံး နှစ်ခုကလည်း တော်တော်လေး ကောင်းတယ်…”

မာဟရာ ပြောလိုက်ပြီး “ ဒီ ပစ္စည်းကို မှောင်ခိုပစ္စည်းဆိုပြီးမှတော့ သတ်မှတ်လို့ မရဘူး … ဒါပေမယ့် ငါ့ဘက်က တင်ပြစရာရှိတာကတော့ တင်ပြရမှာပဲ … မင်း ငါတို့နဲ့ လိုက်ခဲ့ပေးဖို့ မျှော်လင့်တယ်.. အဲ့တော့ကျ သင့်တင့်တဲ့ ဒဏ်ကြေးကို တစ်ခါတည်း ဆောင်ပြီး ဖြစ်တာပေ့ါ …”

“ ကောင်းပြီ … ပြဿနာ မရှိဘူး …”

“ ညီကိုတို့ … တခြား သစ်တွေ အခြေအနေရော ဘယ်လိုလဲ … မင်းတို့ တစ်ခုခု ရှာတွေ့သေးလား …”

မာဟရာ တစ်ဖက်သို့လှည့်ပြီး ကျယ်လောင်စွာ မေးမြန်းလိုက်၏။

“ ကျန်တာတွေ အကုန်လိုက်စစ်ပြီးပြီ .. အကုန် အဆင်ပြေတယ်…”

“ အိုကေ …”

မာဟရာ ခေါင်းညိမ့်လိုက်ပြီး လင်းရီထံသို့ လှည့်ကြည့်လိုက်၏။

“ မစ္စတာလင်း … ကုန်တွေကို စစ်ဆေးပြီးပြီ .. ကျေးဇူးပြုပြီး ငါတို့နဲ့ လိုက်ခဲ့ပေးပါ … ဒီကိစ္စ ဖြေရှင်းပြီးရင် သင်္ဘောလည်း ထွက်ခွာလို့ရပြီ….”

“ မသွားခင် ငါ့ဝန်ထမ်းတွေကို စကားနည်းနည်းလောက် ပြောရင် အဆင်ပြေမယ်မလား … ငါ သူတို့ကို ညွှန်ကြားစရာလေး နည်းနည်းလေးရှိလို့ …”

“ ကျိန်းသေပေါက် ပြဿနာ ဘယ်ရှိမှာ .. ရတယ် .. လွတ်လွတ်လပ်လပ်သာလုပ် …”

လင်းရီ ပေးထားသည့် နာရီကောင်းမှုဖြင့် မာဟရာမှာ အတော်လေး ဖော်ရွေနေခဲ့သည်။

လင်းရီသည် လော့ချီနှင့် ကျိုးလျန်ကို ဘေးသို့ ခေါ်သွားပြီး တီးတိုးစကားတစ်ချို့ ပြောလိုက်၏။

“ ဟိုရဲ့ နိုင်ငံခြားသားတွေ ဒီသတင်းကို ကြိုရပြီး ဒီကို ပြေးလာနေတာလို့ ငါ အာရုံရနေတယ်… သူတို့မှာ ရည်ရွယ်ချက်က တစ်ခုတည်း ရှိတယ်.. အဲ့တာ ငါတို့ အခု လက်ထဲမှာ ရှိနေတဲ့ ပစ္စည်းပဲ …”

“ ဒါပေမယ့် ကျုပ် နားမလည်နိုင်တာက .. ဘယ်သူက ဒီပစ္စည်းကို သင်္ဘောထဲ လာထည့်သွားခဲ့တာ …” ကျိုးလျန် မေးမြန်းလိုက်သည်။

“ လုပ်တဲ့ကောင်က ငါတို့ကို လူတွေ အများကြီးရဲ့ ပစ်မှတ်ထား တိုက်ခိုက်တာကို ခံစားစေချင်လို့ပဲ ဖြစ်မယ်…” လင်းရီ သတိထားသည့် လေသံဖြင့် ပြောလိုက်ပြီး “ ဒါပေမယ့် အခုက အဲ့ဒီ အကြောင်း စဉ်းစားနေရမယ့် အချိန်မဟုတ်ဘူး …”

လင်းရီ အသက်ပြင်းပြင်း ရှူသွင်း၍ ဆက်ပြောသည်။

“ ငါ အခု ပြောမယ့် စကားတွေကို နှစ်ယောက်လုံး သေချာနားထောင်ကြ … တစ်ခေါက်ပဲ ပြောမှာ …”

နှစ်ယောက်လုံး လေးနက်သည့် မျက်နှာထားများဖြင့် ခေါင်းညိမ့်ပြလိုက်ကြသည်။

“ ခဏနေ ငါတို့ ထွက်သွားပြီးတာနဲ့ ခေါင်းဆောင်လျိုဆီ ချက်ချင်း ဖုန်းဆက်ပြီး ဒီကိစ္စကို တင်ပြလိုက် …”

“ ဖုန်းခြေရာခံတဲ့ စနစ်ကနေ ငါ့ရဲ့ တည်နေရာကို မင်းတို့ အချိန်နဲ့ တစ်ပြေးညီ စောင့်ကြည့်နေလို့ရတယ်…”

“ တကယ်လို့ အခြေအနေပေးရင် ငါ့ဘက်ကနေပြီး မင်းတို့အတွက် အဆင်ပြေအောင် လမ်းခင်းပေးထားမယ်… ဒါပေမယ့် ငါ့ဖုန်းကို သူတို့ မသိမ်းသွားဘူးလို့တော့ ငါလည်း သေချာမပြောနိုင်ဘူး … ဒါကြောင့်မို့ ငါတို့ ထွက်သွားပြီးရင် လော့ချီက ရုံးချုပ်ကို သတင်းပို့ … ကျိုးလျန်ကတော့ ငါ့ရဲ့ လှုပ်ရှားမှုတွေကို သေချာလေး စောင့်ကြည့်နေရမယ်…”

“ ဟုတ်ကဲ့ …”

“ ဟိုလူတွေ သတင်း ဘယ်လောက်ထိ ရထားလဲ ငါမသိဘူး … သူတို့ဘက်က သတ္တုရိုင်းရဲ့ တည်နေရာကို သိထားတယ်ဆိုတော့ တိုက်ခိုက်မှုတွေ ရှိလာမှာက မလွဲမသွေပဲ …”

“ ငါအခု ပြောတဲ့အတိုင်း ဖြစ်လာခဲ့ရင် မင်းတို့ ဘာမှ ထိန်းထားနေစရာ မလိုဘူး .. တူးမြောင်း စီမံခန့်ခွဲရေးကို တိုက်ခိုက်ပြီး သတ္တုရိုင်းကို ကိုယ့်လက်ထဲ ပြန်အရယူရမယ်.. ကိုယ့်လုံခြုံရေးကိုယ်လည်း ဂရုစိုက်ကြပေါ့ ….”

“ နားလည်ပါပြီ…”

“ ငါ အခု ပြောသွားတာတွေက အဆိုးဆုံး အခြေအနေတွေအတွက်ပဲ … လက်ရှိအတိုင်းဆိုရင်တော့ အခြေအနေက ထိန်းချုပ်နိုင်တဲ့ အတိုင်းအတာထဲမှာပဲ ရှိသေးတယ်… တူးမြောင်းစီမံရေးက လူတွေ ကြည့်ရတာ ဒီပစ္စည်းက ဘာလဲဆိုတာ သိတဲ့ပုံမပေါ်ဘူး … စစ်တပ်ဘက်က မတွေ့သွားသရွေ့ ဖော်ထုတ်ခံရနိုင်ချေက အတော်လေး နည်းတယ်… အဲ့လိုသာဆိုရင်တော့ မဆင်မခြင် မလှုပ်ရှားနဲ့ … လုံးဝ လိုအပ်တဲ့ အခြေအနေအောက်မှာမှ မဟုတ်ရင် သူတို့နဲ့ ရုန်းရင်းဆန်ခက် မဖြစ်စေနဲ့ … မဟုတ်ရင် ငါတို့ရဲ့ အခြေအနေက အလေးမသာဘူး ဖြစ်သွားမယ်…”

ပြောရင်းဖြင့် လင်းရီသည် နှစ်ယောက်အား သေချာ စူးစိုက်ကြည့်လိုက်ပြီး “ ငါ ပြောသွားတာတွေ သေချာ သဘောပေါက်တယ်မလား …”

“ ဟုတ်ကဲ့ ခေါင်းဆောင် …”

“ သံရုံးကိုလည်း မင်းတို့ရဲ့ အထောက်အထားတွေ ဖုံးကွယ်မထားနဲ့တော့ … လာမယ့် မစ်ရှင်မှာ သူတို့ရဲ့ အကူအညီကို လိုတယ်…”

“ ဟုတ်ကဲ့ …”

“ ဒီခုတော့ ဒီလောက်ထိပဲ ငါလည်း စဉ်းစားနိုင်တယ်… နောက်လာမယ့်ဟာတွေကိုတော့ မီးစင်ကြည့်ကကြတာပေါ့ … မင်းတို့နှစ်ယောက်လုံးက တော်ပြီးသားပါ … အရေးပေါ် အခြေအနေ ဖြစ်လာရင် မင်းတို့ဦးနှောက်နဲ့ မင်းတို့စဉ်းစား … စည်းမျဉ်းစည်းကမ်းတွေကို သောက်ရေးလုပ်ပြီး ထည့်တွေးမနေနဲ့ …”

“ ဟုတ်ကဲ့ …”

နှစ်ယောက်လုံး သတိပေးပြီးနောက် လင်းရီသည် မာဟရာထံသို့ လျှောက်လှမ်းလာခဲ့သည်။

“ ညီကို … ငါမင်းနဲ့ ပြောချင်တာလေး ရှိတယ်… ခဏလောက် အဆင်ပြေမလား …”

“ ဒါပေါ့ …”

မာဟရာသည် လင်းရီ၏ ဖိတ်ခေါ်မှုကို လိုလိုလားလား လက်ခံလိုက်သည်။

သူ၏ အမြင်တွင် ဤ သတ္တုရိုင်း နှစ်ခုအား မှောင်ခို၍ ယူဆောင်လာခဲ့လျှင်ပင် ပြဿနာ ကြီးကြီးမားမား မရှိဟူ၍ ယူဆနေခဲ့၏။

နောက်တစ်ချက်ကတော့ သူသည် လင်းရီကဲ့သို့ သူဌေးကြီး တစ်ဦးနှင့် ထိတွေ့ဆက်ဆံရင်း ပိုမို များပြားသည့် အကျိုးအမြတ်များအား ရရှိနိုင်သောကြောင့်ပင်။

အနှစ်ချုပ်ရသော်.. သူတော့ ယနေ့ ပွပေါက်တိုးခြင်းပင်။

မာဟရာ၏ ဦးဆောင်မှုအောက်တွင် သူနှင့် လင်းရီတို့ ထောင့်ကျသည့် တစ်နေရာသို့ ရောက်ရှိလာခဲ့သည်။

သို့သော် မထွက်ခွာမီ လင်းရီမှ ကျိုးလျန်ထံသို့ အကြည့်တစ်ချက် ပေးလိုက်၏။ တစ်ဖက်သူမှာ ချက်ချင်း နားလည်သွားခဲ့ကာ မည်သူမှ သတိမထားမိအောင် တိတ်တဆိတ် လိုက်ပါလာခ့သည်။

သို့သော် နှစ်ဘက်စလုံးက အကွာအဝေးတစ်ချို့တော့ ထိန်းသိမ်းထားဆဲဖြစ်၏။ သို့မှသာ မည်သူကမှ သံသယ မဝင်ဘဲ တစ်ချိန်တည်းတွင် လင်းရီ၏ အခြေအနေအား စောင့်ကြည့်နေနိုင်မှာ ဖြစ်သည်။

ထောင့်တွင် လင်းရီသည် မာဟရာအား အပြုံးလေးဖြင့် “ ဒီပစ္စည်း ငါ့သင်္ဘောထဲမှာ ရှာတွေ့သွားခဲ့တာ မင်းအတွက် အောင်မြင်မှု တစ်ခုလို့ ယူဆလို့ ရတယ်မလား …”

“ ဒါပေါ့ … အထက်က ဆုတစ်ချို့ ချလာမှာတော့ ရှိတယ်… ဒီညတော့ ဘားသွားပြီး စကီ အလန်းလေးတွေနဲ့ ကဲလို့ရပြီ…”

“ ငါ့မှာ မင်းဖို့ ဒီထက်ပိုက်ဆံပိုရပြီး အကျိုးဆောင်မှတ်တွေ ပိုရနိုင်မယ့် နည်းလမ်းရှိတယ်… စိတ်ဝင်စားလား …”

မာဟရာ၏ မျက်လုံး လက်ခနဲ ဖြစ်လာသည်။

“ ဘယ်လိုမျိုးလဲ …”

“ စည်းမျဉ်းစည်းကမ်းတွေ အတိုင်းဆိုရင် သင်္ဘောပေါ်မှာ ရှာတွေ့တဲ့ ပစ္စည်းနှစ်ခုကို စီမံခန့်ခွဲရေး ဗျူရိုဆီ အပ်ရမှာ မလား … ငါမင်းကို တဆင့်ခံထက် ကိုယ်တိုင် ကိုယ်ကျ သီးသန့် သွားအပ်ဖို့ကို အကြံပြုချင်တယ်… အဲ့လိုမှပဲ အကျိုးအမြတ်တွေအကုန်လုံးကို ကိုယ်တစ်ယောက်တည်းက ရမှာ …” လင်းရီ အကြံပြုပေးလိုက်သည်။

မာဟရာ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး ရင်ခုန်နှုန်းတို့ မြန်ဆန်လာသည်။

“ မင်းက ထက်မြက်တဲ့ လူစားမျိုးဆိုတာ ငါသိတယ် မစ္စတာလင်း .. ဒါပေမယ့် မဟုတ်တဲ့ ရည်ရွယ်ချက်တွေ မထားနဲ့ … ငါမင်းကို ကိုယ်တိုင်လိုက်ပို့ရင်တောင် ကားထဲမှာ အတူလိုက်မယ့် အစောင့်တွေက ပါဦးမှာ …”

“ မလုပ်ပါဘူး … ငါက ဒီတိုင်း မင်းကို ကောင်းစားစေချင်ရုံပါပဲ …”

“ အင်း … ပြဿနာတော့ ရှိမယ်မထင်ဘူး … ရတယ်လေ… “

All Chapters