ကျုံးဝေ့တပ်ဖွဲ့အား ပြောင်တင်းတင်း အရှက်ခွဲခြင်း
Vol. 119 Ch. 1778
“ ချီးပဲ .. ဒီလူတွေ ဘယ်က ထွက်လာကြတာ …”
မောင်းနေသည့် ကျိုးလျန်မှ အလန့်တကြား ကျိန်ဆဲလိုက်မိပြီး “ ဒီကောင်တွေ ဘယ်နှယောက်တောင် ခေါ်လာလဲ မသိဘူး …”
ကျိုးလျန်သည် စတီယာရင်ဘီးအား တရကြမ်း လည်ပတ်လိုက်ပြီး တစ်ချိန်တည်းတွင် သူတို့အား ပစ်ခတ်နေသည့် လူကို မြင်တွေ့သွားခဲ့သည်။
ထိုစဉ် အမိုးမဲ့ ကုန်တင်ကား နှစ်စင်းမှ သူ့ရှေ့သို့ ထွက်ပေါ်လာပြီး အထဲတွင် ရှိနေသည့် လူများအားလုံးမှ ၎င်းတို့ထံ သေနတ်များအား ချိန်ရွယ်ထားခဲ့ကြသည်။
ရှေ့တွင် ရှိသည့် လမ်းမှာ ပိတ်ဆို့ခြင်း ခံလိုက်ရချေပြီ။ ထွက်ပြေးလွတ်မြောက်ဖို့ဆိုသည်မှာ မဖြစ်နိုင်တော့ချေ။
ကျိုးလျန် အကြံတစ်ခု ရလာပြီး ဈေးအနီးနားရှိ လမ်းကျဉ်းလေးထံသို့ ဦးတည်လိုက်၏။
သေနတ်ပစ်ခတ်သံများကြောင့် လမ်းတစ်လျှောက်လုံး လူရှင်းနေသည်။ သို့သော် ၎င်းတို့၏ ကုန်ပစ္စည်းနှင့် တွန်းလှည်းတို့ကတော့ ကျန်နေရစ်ဆဲပင်။
အဆိုပါ အတားအဆီးတို့က လွတ်မြောက်သည့် ဖြစ်စဉ်ကို အနည်းငယ် နှောင့်နှေးသွားစေသည်။
ဘန်း ဘန်း ဘန်း ဘန်း …
လန်ခရူဇာ ကား၏ ကားမှန်များ တစ်ချက်ပြီး တစ်ချက် ကွဲအက်လာကာ အစိပ်စိပ် အမြွှာမြွှာ ဖြစ်သွားခဲ့ပြီး လိမ္မော်ရောင် အလင်းတန်းတို့က ဦးခေါင်းထက်၌ ပျံဝဲလို့နေသည်။ လင်းရီနှင့် ကျိုးလျန်တို့ နှစ်ယောက်လုံး ချွေးစေးများ ပြိုက်ကုန်ကြ၏။ သူတို့တွေသည် သေမင်းနှင့် လက်တမ်းကမ်းအလိုလောက်သာ ဝေးကွာခဲ့ကြလေသည်။
ဘန်း ဘန်း ဘန်း …
အခါအခွင့်သင့်သည်ကို မြင်တော့ လင်းရီမှ တန်ပြန်တိုက်ခိုက်ကာ ကျိုးလျန်အတွက် အခွင့်အရေး တစ်ခု ဖန်တီးပေးနိုင်ရန် ကြိုးပမ်းလိုက်သည်။ မဟုတ်ပါက သူတို့ ထွက်ပြေးလွတ်မြောက်နိုင်ချေက အတော်လေး နည်းပါးသွားနိုင်သည်။
“ စောက်ရမ်း စိတ်လှုပ်ရှားဖို့ကောင်းတယ်…”
ကျိုးလျန်၏ အခြေအနေကို မြင်တော့ လင်းရီ စိတ်သက်သာ ရသွားခဲ့၏။
ကျုံးဝေ့တပ်ဖွဲ့ထဲသို့ ဝင်ရောက်ပြီးသည့်နောက် ၎င်းတို့သည် မည်သည့် မစ်ရှင်တွင်မျှ ပါဝင်ခဲ့ဖူးခြင်း မရှိဘဲ လိုအပ်သည့် စစ်ရေး လေ့ကျင့်မှုနှင့် ထရိန်နင်တစ်ချို့ကိုသာ လိုက်နာခဲ့ရသည်။
သို့သော် ယခုလို အချိန်မျိုး၌ပင် အကြောက်အရွံ့ကင်းပြီး သူရဲကောင်းဆန်သည့် ဘက်ခြမ်းကို ပြသနိုင်သဖြင့် ဤလူသည်လည်း ရိုးစင်းသည့်လူ တစ်ယောက် မဟုတ်သည်မှာ သေချာလေသည်။ လင်းရီ သကောင့်သားအား အကဲဖြတ်မှားယွင်းခဲ့သည်။
“ မင်း နောင်တမရဘူးလား …”
သေနတ်ဖြင့် တရစပ် ပစ်ခတ်ရင်း လင်းရီသည် ကျယ်လောင်စွာ ရယ်မောလျက် မေးမြန်းလိုက်၏။
“ အမှန်ဆို အိမ်က ပိုက်ဆံ ဇိမ်လေးနဲ့ ထိုင်ဖြုန်းနေရမှာကို ဘာလို့ ဒီလာမိတာလဲ ဟုတ်တယ်မလား ….”
“ စောက်ရမ်း နောင်တရမိတာပေါ့ …” ကျိုးလျန် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး “ ပုံမှန်ဆို ကျုပ်ကပဲ သူများကို ပစ်တာ … ဘယ်သူက ဒါမျိုး လာလုပ်ရဲလဲ …
ချီးပဲ … ပြန်ရောက်လို့ကတော့ ရေချိုးစင်တာ တစ်ခု ရှာပြီး သုံးရက်လောက်ကို အနှိပ်ခံပစ်ဦးမယ်…”
“ ငါ စိုက်ပေးမယ်…”
ကျိုးလျန် ရယ်မောလိုက်ပြီး “ ခေါင်းဆောင် … သေချာလေးထိုင် … ရှေ့မှာ U ကွေ့တစ်ခုရှိတယ်… ပြုတ်ကျနေခဲ့ဦးမယ်နော်….”
“ မောင်းမှာသာ မောင်းစမ်းပါ … ငါ နောက်ကနေ ကာပစ်ပေးထားမယ်… ငါ့ဖို့ စိတ်မပူနဲ့ ..”
“ အိုကေ …”
ကျိုးလျန်သည် လီဗာပေါ်သို့ နင်း၍ စတီယာရင်ဘီးအား ညာဘက်သို့ တရကြမ်းရစ်လိုက်၏။ ပြီးပြည့်စုံလုနီးပါး ထောင့်တစ်ခုသို့ ရောက်သည့်အချိန်၌ ကားအား သုံးမီတာသာလျှင် ကျယ်ဝန်းသည့် လမ်းကျဉ်းလေးထဲသို့ ဦးတည်လိုက်လေသည်။
ထိုအခိုက်အတန့်တွင် ၎င်းတို့နောက်၌ ကားငါးစီးမှာ တရပြင်း လိုက်ပါလာနေလျက် ရှိပြီး ကျည်ဆံတို့က မကုန်နိုင် မခမ်းနိုင်ဖြစ်စွာဖြင့် လင်းရီတို့ထံ ပျံသန်း ရောက်လာရှိလာနေသည်။
ကာပစ်ပေးနေရင်း လင်းရီစိတ်ထဲ၌ ထွက်ပြေးလွတ်မြောက်နိုင်ရန်အတွက် ပြီးပြည့်စုံသည့် အစီအစဉ်တစ်ခုကိုလည်း ရှာဖွေနေလျက် ရှိ၏။
“ ချီးပဲ … ရှေ့မှာ ကားတစ်စင်း ပိတ်နေတယ်…” ကျိုးလျန် ကျိန်ဆဲလိုက်သည်။
လင်းရီ လှည့်ကြည့်လာခဲ့ပြီး လမ်းဘေးတွင် ထိုးရပ်ထားသည့် ချက်ဗလက် ကားအဟောင်းစီးကို မြင်တွေ့သွားခဲ့၏။
“ အခွင့်အရေး ရောက်လာပြီ …” လင်းရီ စိတ်လှုပ်ရှားသည့် လေသံဖြင့် ပြောလိုက်ပြီး “ အရှိန်ကို အပြည့်တင်လိုက် …”
“ အိုကေ ….”
လင်းရီ၏ အမိန့်အား နာခ့ရင်း ကျိုးလျန်သည် ကားအား အရှိန်မြင့်လိုက်ကာ လန်ခရူဇာ၏ အင်ဂျင်သံသည် ဟိန်းထွက်လာခဲ့၏။
ချက်ဗလက်ကား၏ အမိုးပေါ်သို့ ဖြတ်မောင်းသွားရင်း လန်ခရူဇာသည် မြေပြင်သို့ အထိအခိုက် အပျက်အစီးမရှိ လှပချောမွေ့စွာ ပြန်လည် ဆင်းသက်လာနိုင်ခဲ့သည်။
“ မိုက်ချက်ပဲ … ကျုပ်တော့ ပြန်ရင် လန်ခရူဇာ တစ်စင်းလောက် ဝယ်ဦးမှထင်တယ်…”
“ အာရုံစိုက်ထားဦး … ခုထိ အန္တရာယ်ကင်းသေးတာ မဟုတ်ဘူး ….”
သတိပေးစကားဆိုပြီးသည့်နောက် လင်းရီသည် ချက်ဗလက်ကား၏ fuel tank သို့ ချိန်၍ ဆက်တိုက် ပစ်ခတ်လိုက်၏။
ဓာတ်ဆီများ အပြင်သို့ ယိုစိမ့်ကျလာကာ သတ္တုချင်း ပွတ်တိုက်ရာမှ ကျဆင်းလာသည့် မီးဖွားလေးများဖြင့် မီးတောက်မီးလျှံတို့က ကောင်းကင်သို့တိုင် ထိုးတက်လာလေသည်။
ပိန်းပိန်းထူနေသည့် အနက်ရောင်မီးခိုးငွေ့တို့က မြင်ကွင်းအား နှောင့်ယှက်နေပြီး အနောက်မှလိုက်ပါလာသည့် ကားများအား မီးတောက်တို့ဖြင့် ပိတ်ဆို့ထားကာ ဆက်လက် မလိုက်နိုင်ဘဲ ကျန်နေရစ်ခဲ့၏။
“ ဟားဟား ဖက်ခ် .. အလွင့်ပဲ … ဘယ်သူက အဲ့လို ဖြစ်မယ်လို့ တွေးထားမိမှာ …”
အမှန်တော့ ဤနည်းလမ်းက ပြောင်မြောက်သည့် နည်းဗျူဟာတစ်ခုတော့ မဟုတ်ချေ။ သို့သော် အရေးပေါ် ဖြစ်နေသည့် အချိန်၌ ခေါင်းအေးအေးဖြင့် ယခုလို နည်းလမ်းအား ကြံဆနေနိုင်သည်ကပင် အတော်လေး အထင်ကြီးဖို့ ကောင်းလှပြီ ဖြစ်၏။ ယင်းက ကျိုးလျန်အား အကြီးကြီး အထင်ကြီး လေးစားသွားစေသည်။
အကယ်၍ သူသာ ဆိုပါက ထိုသို့ ပြုနိုင်မည်လောဟု ကိုယ့်ကိုယ်ကို မေးခွန်းထုတ်မိသွားခဲ့၏။
အကယ်၍ လင်းရီသာ ကားထဲ ပါမလာဘူးဆိုပါက ချက်ဗလက်၏ လမ်းပိတ်ထားမှုဖြင့် ကိစ္စချောနေလောက်ချေပြီ။
“ မြေနိုးတစ်သိုက်တွေ …”
လင်းရီသည် ထိုင်ခုံသို့ ပြန်ထိုင်၍ အဆုတ်တွင်းသို့ လေများ အမောတကော ရှူသွင်းလိုက်၏။
ယခုလို အဖြစ်အပျက်မျိုးနှင့် ရင်ဆိုင်ရသည်မှာ သူ့အတွက် ပထမဆုံးအကြိမ်ပင်။ စိုးရိမ်ထိတ်လန့်ခြင်း မရှိပါဘဲ လုံးလုံးလျားလျား တည်ငြိမ်အေးဆေးနေသည်ဆိုပါက မုသားဆိုရာကျလိမ့်မည်။
လင်းရီ သူ့အိတ်ကပ်ထဲ လက်နှိုက်ကြည့်လိုက်ပြီး ဗလာဖြစ်နေသည်ကို သတိထားမိလိုက်၏။
“ ငိုးပဲ .. ငါ့ဖုန်းဘယ်ရောက်သွားခဲ့တာ …”
“ ခုလေးတင် ပြုတ်ကျသွားတာများလား…. “
“ နေမှာ …( အဲ့လိုနေမှာ )”
ကျိုးလျန် သူ့ဖုန်းအား ပစ်ပေးလာပြီး “ ကျုပ်ဟာ အရင်သုံးထားလိုက် …”
လင်းရီ ဖုန်းအား လှမ်းယူလိုက်ပြီး ယွီစီယင်က ဖုန်းမှတ်တမ်း၏ ထိပ်ဆုံး၌ ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။
“ ငါတို့အခု မာစချီလမ်းမှာ … သံရုံးဆီ ဦးတည်နေတယ်… လက်နက်တွေ ထပ်လိုနေတယ်… မြန်မြန်လေး …”
“ နားလည်ပါပြီ…”
ယွီစီယင်၏ အသံမှာ ကသုတ်ကရက် နိုင်နေပြီး အနောက်တွင် သေနတ်သံများ ကြားနေရသည်ကိုပါ ထောက်ရှုကြည့်မည်ဆိုပါက ၎င်းတို့ဘက်ခြမ်း၌လည်း အခြေအနေမဟန်ကြောင်း သိသာလေသည်။
သူမအား အသိပေးပြီးနောက် လင်းရီသည် လက်ကျန် ကျည်တောင့်များအား ရေတွက်ရင်းဖြင့် အနည်းငယ် ပိုကြာကြာ တောင့်ခံထားနိုင်ဖို့ မျှော်လင့်နေမိသည်။
ယွီစီယင်နှင့် သူမ၏ အသင်းသာ လုံလောက်သည့် လက်နက်အင်အားဖြင့် အချိန်မီ ရောက်လာခဲ့မည်ဆိုပါက လူ အရေအတွက်အားဖြင့် အရေးမသာလျှင်ပင် လုံခြုံသည့် ဧရိယာနှင့် အောင်အောင်မြင်မြင်နှင့် ဆုတ်ခွာနိုင်မည်ဟု သူ ယုံကြည်ချက် ရှိ၏။
ထိုသို့ဆိုသော်လည်းပဲ လင်းရီသည် သူ၏ သတိကိုတော့ လုံးဝ လျှော့ချမထားပေ။ ကျည်ဆံများအား ရေတွက်နေရင်း ပတ်ဝန်းကျင်ကိုလည်း မပြတ်တမ်း စောင့်ကြည့်နေကာ ကျိုးလျန်၏ လုံခြုံရေးအတွက် အပြည့်အ၀ တာဝန်ယူထား၏။
….
ဟွာရှ၊ ရန်ကျင်း ၊ မနက် သုံးနာရီအချိန်တွင် ကျုံးဝေ့ တပ်ဖွဲ့ အဆောက်အဦး ရုံးခန်းတွင်တော့ မီးများ လင်းထိန်နေလျက် ရှိလေသည်။
ကျုံးဝေ့တပ်ဖွဲ့၏ ရာထူးအဆင့်ဆင့် ပုဂ္ဂိုလ်များအားလုံးမှာ တစ်နေရာတည်းတွင် စုဝေးနေကြပြီး လက်ရှိ အခြေအနေအား ဝေဖန်သုံးသပ်နေလျက် ရှိကာ သင့်တင့်လျောက်ပတ်သည့် ဖြေရှင်းနည်းလမ်းတစ်ခုအား ရရှိနိုင်ရန် ကြိုးပမ်းနေလျက် ရှိကြ၏။
ကျုံးဝေ့ တပ်ဖွဲ့၏ အသင်း ၂ နှင့် ၃ ကိုလည်း ပနားမားသို့ တပ်ကူစေလွှတ်ပြီး ဖြစ်သည်။
ထိုအချိန်တွင် တိုက်ခိုက်ရေး အစည်းအဝေးခန်း၏ တံခါး တွန်းပွင့်လာပြီး …
လုံခြုံရေး အစောင့်များ ခြံရံလျက် လုပေချိန်သည် အခန်းတွင်းသို့ ဝင်ရောက်လာခဲ့၏။
အသိပေး အကြောင်းကြားချက်ကို လက်ခံရရှိပြီးနောက် လုပေချိန်သည် ဖုန်းထဲကနေတဆင့် ရိုးရှင်းသည့် စီစဉ်ဆောင်ရွက်မှုများအား အရင်ပြုလုပ်လိုက်သည်။ ထို့နောက် အဝတ်အစားလဲကာ ချက်ချင်း အခြေစိုက်စခန်းသို့ ကိုယ်တိုင်ကိုယ်ကျ ပြေးလာခဲ့၏။
ပနားမား၌ ထိုကဲ့သို့သော ကိစ္စရပ်မျိုး ဖြစ်ပျက်သွားလိမ့်မည်လို့ သူ မျှော်လင့်မထားခဲ့ပါချေ။
လုပေချိန် ရောက်လာသည်ကို မြင်တော့ လူတိုင်းမှ တညီတညွှတ်တည်း အလေးပြုလိုက်ကြ၏။
“ ခေါင်းဆောင် …”
“ အကူတပ်ဖွဲ့တွေ စီစဉ်ပြီးပြီလား …”
“ အသင်း ၂ နဲ့ ၃ ကို သီးသန့်လေယာဉ်နဲ့ စေလွှတ်လိုက်ပါပြီ … ဒီကြားထဲ မှားယွင်းမှုတွေသာ ရှိမလာဘူးဆိုရင် ပနားမားဘက်က လေကြောင်း ထိန်းချုပ် ကန့်သတ်မှုတွေ မလုပ်ခင် ပနားမားထဲ အချိန်မီ ဝင်ရောက်နိုင်လောက်ပါတယ်….”
“ ဟိုက အခြေအနေတွေရော ဘယ်လိုလဲ …”
“ အခြေအနေက အတော်ဆိုးပါတယ်…” လျိုဟုန် အကျည်းတန်သည့် အမူအရာဖြင့် ပြောလိုက်ပြီး “ ဗျူရိုက လူတွေ သူတို့ရဲ့ ကုန်တွေထဲမှာ ဘက်စ် ၁၀ ကီလို ရှာတွေ့သွားတယ်… အဲ့နောက် လင်းရီကို စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်သွားတယ်… အဲ့နောက် ချက်ချင်း တိုက်ခိုက်ခံလိုက်ရပြီး အသင်း ၁ နဲ့ အဆက်အသွယ် ပျက်သွားတာပဲ … ဒါပေမယ့် သူတို့လည်း ဆက်သွယ်နိုင်မယ့် နည်းလမ်းကို ရှာဖွေနေပါတယ်…”
ဤကဲ့သို့ အရေးကြီးသည့် အချိန်အတွင်း၌ လုပေချိန်သည် ခြွင်းချက်မဲ့စွာဖြင့် တည်ငြိမ်နေသည်။
သူ့ရှေ့၌ ဖြစ်ပျက်နေသည့် ကိစ္စရပ်များအားလုံးကို ဆက်နွယ်ကြည့်လိုက်၏။
နိုင်ငံခြားသားများက ပနားမားသို့ တစ်ချိန်တည်းတွင် ပြေးလာနေကြပြီး အကြောင်းအရင်းကတော့ သတင်းအစအန ရရှိခဲ့သောကြောင့်ပင်။ ၎င်းတို့၏ ပစ်မှတ်က လင်းရီလက်ထဲ ရှိနေသည့် ပစ္စည်း ဖြစ်နေမည်မှာ မလွဲဧကန်ပင်။
သို့သော် ဤနေရာတွင် မေးစရာရှိသည်ကား … အဘယ်ကြောင့် ဘက်စ် သတ္တုရိုင်း ၁၀ ကီလိုက လင်းရီ၏ ကာဂို သင်္ဘောထဲ၌ ထွက်ပေါ်လာခဲ့ရသနည်း။
လုပေချိန်၏ မျက်လုံးတို့ မှေးကျဉ်းသွားခဲသည်။
လင်းရီသည်ကား ထိုကဲ့သို့သော ပစ္စည်းများကို လျှို့ဝှက်သယ်ဆောင်နေမည့် လူစားမျိုး မဟုတ်သည်ကို သူ နားလည်သည်။ တစ်စုံတစ်ယောက်က သူ့အား ထောင်ချောက် ဆင်လာသည်မှာ ပိုပြီး ဖြစ်နိုင်ချေများ၏။ မဟုတ်ပါက ထိုမျှ များပြားသည့် ဘက်စ်သတ္တုရိုင်း ပမာဏကြီးမှာ မည်သည့်အကြောင်းကြောင့်နှင့်မျှ အပြင်သို့ ပေါက်ကြားလာစရာ အကြောင်း မရှိပါချေ။
အဆိုပါအတွေးနှင့် လုပေချိန်၏ အမူအရာသည် ပို၍ပင် အကျည်းတန်လာခဲ့တော့၏။
ဤသည်က ကျုံးဝေ့တပ်ဖွဲ့အား ပြောင်တင်းတင်း ဆန့်ကျင်လိုက်ခြင်းပင်။