← Chapters

ရူးသွပ်ခြင်းလား

Vol. 016 Ch. 1535

ရူးသွပ်ခြင်းလား

Vol. 016 Ch. 1535

သိမြင်နားလည်ခြင်းသစ်ပင်၏ရှေ့မှ လူတိုင်း၏မျက်လုံးမှာ ရီဖူရှင်းထံသို့ ရောက်နေ၏။

ပိုင်ရှုနှင့် လီစွမ်းတို့ ရှုံးနိမ့်ပြီးနောက်တွင် သူ့အား သည်နည်းအတိုင်း လွှတ်ပေးထားပါက ယနေ့ သည်နေရာတွင် ရှိနေသော ထိပ်သီးပါရမီရှင်များသည် နောင်တွင် ခေါင်းမော့နိုင်တော့မည်မဟုတ်တော့ပေ။

ရီဖူရှင်းက ထိုစကားများကို ထုတ်ပြောလိုက်ကတည်းက သိမြင်နားလည်ခြင်းသစ်ပင်သို့ ရောက်လာရန် အခွင့်အရေးမရှိတော့။

အပေါ်သို့ တစ်လှမ်းချင်းတက်လာသော ပုံရိပ်အား ကြည့်ကာ မမြင်ရသော အားလှိုင်းများသည် အပေါ်မှ နေ၍ ရီဖူရှင်းထံသို့ ကျဆင်းလာခဲ့၏။ အကယ်၍ ရီဖူရှင်းသာ အပေါ်ကို အတင်းတက်လာပါက သူတို့အားလုံး လက်တွဲတိုက်ခိုက်တော့မည့်သဘောရှိသည်။

ချန်းဖုန်းမိသားစုမှ ချန်းဖုန်းလဲ့၊ ကောင်းကင်နှစ်မြုတ်ကလန်မှ ချန်ကျန်းနှင့် ရွှေရောင်နတ်ပြည်ထောင်မှ ကိုက်ရှီတို့အားလုံး စတင်၍ စွမ်းအားများကို ထုတ်လွှတ်ကြသည်။

သံသယကင်းစင်ခြင်းအဆင့်မှ ကျင့်ကြံသူတစ်ဦး၊ သူသည် အရှင်ထိုက်ရွှမ်၏ပညာရပ်များကို ဆက်ခံလျှင်ပင် အဘယ်အရေးနည်း။ နတ်ဘုရားတို့ပျောက်ဆုံးခြင်းသံစဉ်နှင့် တစ်ဒင်္ဂဓားတို့သည် ထိုက်ရွှမ်တောင်၏ရတနာများဖြစ်လျှင်ပင် အဘယ်အရေးနည်း။ သူတို့သည်လည်း နက်ရှိုင်းသော မိသားစုနောက်ခံများကို ပိုင်ဆိုင်ကာ ပညာရပ်များမှာ မနိမ့်ကျပေ။

လက်ရှိမျိုးဆက်၏အတော်ဆုံးပါရမီရှင်အဖြစ် သမုတ်ခံရသော ကိုက်ရှီသည် ဤနေရာ၌ ရပ်နေရာ သူ့အနေဖြင့် ရီဖူရှင်း၏လွှမ်းမိုးမှုကို မည်သို့ လက်ခံမည်နည်း။

ယခုတွင် ကိုက်ရှီသည်လည်း ရီဖူရှင်းမှာ အရှင်ထိုက်ရွှမ်၏တပည့်ဖြစ်ကြောင်း ယုံကြည်နေပြီဖြစ်သည်။

ထို့အပြင် အရှင်ထိုက်ရွှမ်ရွေးချယ်ခဲ့သူကား အမှန်ပင် သူ့ကို စိတ်မပျက်စေခဲ့ပေ။ ဂီတတွင်ဖြစ်စေ၊ ဓားပညာတွင်ဖြစ်စေ ရှန်ကျင်းကား ထူးချွန်လွန်းပေသည်။

ကြယ်တာရာများလင်းလက်လာခဲ့ကာ မဟာလမ်းစဉ်၏မြေသားဓာတ်များသည် ကျောက်ဆောင်များအဖြစ် ရီဖူရှင်းအနီးတွင် ဖြစ်ပေါ်လာသည်။ ကျောက်ဆောင်များပေါ်မှ ထူးဆန်းသင်္ကေတများသည် ရီဖူရှင်းထံသို့ ဖိနှိပ်လာကြ၏။

ထက်ရှသော အသံများထွက်ပေါ်လာကာ ရီဖူရှင်းသည် တစ်ဘက်မှ ဖိအားများကို အံတုလျှက် ရှေ့ကို ဆက်သွား၏။

ရီဖူရှင်းက လက်ကို မြှောက်လိုက်လျှင် ချက်ချင်းပင် ပြင်းထန်သော ဓားမုန်တိုင်းတစ်ခုသည် ကျောက်သားကျောက်ဆောင်များအားလုံးကို တိုက်စားသွား၏။

ချင်ကျန်း၏လက်နှစ်ဘက်သည် ထူးဆန်းသော သင်္ကေတတစ်ခုအား ဖန်တီးလိုက်လျှင် ပြင်းထန်သောပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ပိုမိုကြီးမားများပြားသော ကျောက်ဆောင်များသည် နေရာတိုင်း၌ ဖြစ်ပေါ်လာခဲ့ကာ ကမ္ဘာမြေသည် ပြင်းထန်စွာတုန်လှုပ်၏။ ထို့အပြင် မြေဆွဲအားသည် အရာအားလုံးကို ဖိနှိပ်ကာ ရီဖူရှင်းအား လှုပ်ရှားမရအောင် ကြိုးစားကြသည်။

ထိုအချိန်တွင် အားလုံးမြင်ရသည်ကား ရီဖူရှင်းတစ်ယောက် ပိတ်မိတော့မည့်အခြေအနေကိုပင်။

ဘုန်း… ဘုန်း… ဘုန်း…

ရုတ်တရက် စူးရှသော ဓားအလင်းများ ထွက်ပေါ်လာခဲ့ကာ ပတ်ပတ်လည်မှ ကျောက်သားကျောက်ဆောင်များအားလုံးမှာ အမှုန့်များအဖြစ်သို့ တဖန်ပြောင်းလဲသွားပြန်သည်။ အားလုံးက ရီဖူရှင်းအား လှမ်းကြည့်လိုက်လျှင် ဓားတစ်လက်ကို မြင်ကြရသည်။ ဓားသည် တစ်လက်တည်းဖြစ်သော်လည်း ထောင်ပေါင်းများစွာသော ဓားများအလား ထင်မှတ်ရ၏။

“သူလည်း မတားနိုင်ဘူးလား” လူအများအပြားက ရီဖူရှင်း အပေါ်သို့ ဆက်တက်သွားသည်ကို ကြည့်ကာ တီးတိုးမှတ်ချက်ချကြသည်။

ထိုအချိန်တွင်ပင် ကောင်ကင်မှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာ၏။ တခြားသော အရပ်တစ်ခုတွင် ရွှေရောင်ရှေးဟောင်းနတ်ဘုရားတစ်ပါးပေါ်လာ၏။

“ရှေးဟောင်းနတ်ဘုရားကလန်”

အားလုံးက ရွှေရောင်နတ်နိုင်ငံနှင့်ပတ်သက်သော ကောလာဟလများကို ကြားဖူးကြပေသည်။ သူတို့သည် ရှေးဟောင်းနတ်ဘုရားတို့၏မျိုးဆက်များဖြစ်ကြ၏။

ထိုအချိန်တွင် အဆုံးအစမဲ့သော ရွှေရောင်အလင်းတန်းများဖြစ်ပေါ်လာသည်။ နတ်ဘုရားလှံကား ရွှေရောင်ရွှေသားတို့ဖြင့် အတိပြီး၏။ တစ်ချက်ကြည့်ရုံမျှက ကြီးမားသော စွမ်းအားကို တွေ့မြင်နိုင်သည်။ ကိုက်ရှီသည် လေထဲတွင်ရပ်ကာ ရီဖူရှင်းအား ငုံ့ကြည့်၏။

အားလုံးက ကိုက်ရှီသည် လက်ရှိလူများထဲတွင် အသန်မာဆုံးဟု ယူဆထားကြသည်။ နတ်နန်းတော်မှ တပည့်များသည် ထူးချွန်ကြသော်လည်း ကိုက်ရှီကို မှီမည်မထင်။

သူနှင့်ယှဉ်လျှင် ရှီလင်နတ်မြို့မှ လောယို့မင်သည်ပင် မှေးမှိန်ရ၏။

ယခု သူသည်ပင် ရီဖူရှင်းနှင့် တိုက်ခိုက်ရပေတော့မည်။

ရီဖူရှင်းက ချန်ကျန်း၏တိုက်ခိုက်မှုကို ခြေဖျက်ပြီးသည်နှင့် ကိုက်ရှီက စတင်လှုပ်ရှားခဲ့သည်။ ပြိုင်စံရှားနတ်ဘုရားလှံသည် အောက်ကို တန်းတန်းမတ်မတ်ဆင်းသက်လာ၏။ ချက်ချင်းပင် မရေမတွက်နိုင်သော လှံများ အောက်ကို ကျဆင်းလာ၏။

အရာအားလုံးမှာ ပျက်စီးသွားတော့မည့်ဟန်ရှိသည်။ ရွှေရောင်နတ်လှံသည် ရီဖူရှင်းထံသို့ တန်းတန်းမတ်မတ်ဝင်လာ၏။

ထိုအခိုက်တွင် ရီဖူရှင်းသည် အလွန်အားကောင်းသော ဖိအားကို ခံစားရသည်။

လှံချက်ကား ပြင်းထန်လွန်းရာ သူ၏နာမည်နှင့်လိုက်ဖက်ပေသည်။

ရီဖူရှင်း၏ခန္ဓာကိုယ်မှ ပြင်းထန်သော အငွေ့အသက်များထွက်ပေါ်လာခဲ့ကာ လမ်းစဉ်၏အသိများ ဆူပွက်လာခဲ့ပြီး ဓားများပေါ်တွင် လာရောက်စုစည်းကြသည်။ ဓားသည် ရွှေရောင်လှံရှည်ထံသို့ ဦးတည်သွား၏။

ဘုန်း…

ကျယ်လောင်သောအသံနှင့်အတူ မရေမတွက်နိုင်သော ရွှေရောင်အလင်းများသည် ရီဖူရှင်း၏ခန္ဓာကိုယ်သို့ တိုက်ရိုက်ဆင်းသက်လာကြသည်။ ရွှေရောင်အလင်းများ သူ့ခန္ဓာကိုယ်တွင် ရစ်ပတ်သွားကာ သူ့အား အားနည်းစေသည်။

ရီဖူရှင်းကား ပထမဆုံးအကြိမ် နောက်ကို အတော်ဝေးဝေးလွင့်သွားကာ ခြေထောက်ကို ဆောင့်လျှက် ဟန်ချက်ထိန်းလိုက်ရသည်။

“ကိုက်ရှီက တကယ်ပဲ သန်မာတာပဲ” အားလုံးက လေထဲမှ ပြိုင်စံရှား ရွှေရောင်ပုံရိပ်ကို ကြည့်လိုက်ကြသည်။ ရှန်ကျင်းသည်ပင် ထိုအတားအဆီးကို ကျော်ဖြတ်နိုင်ဖွယ်မရှိပေ။

“ဘယ်သူစမ်းကြည့်ချင်သေးလဲ” ကိုက်ရှီက ရီဖူရှင်းအား ငုံ့ကြည့်ကာ မေးသည်။ သူ၏လက်ထဲမှ ရွှေရောင်လှံဖြင့်ဆိုပါက မည်သူ စိန်ခေါ်ရဲဦးမည်နည်း။

ရီဖူရှင်းက မည်သို့ ကြိုးစားရယူမည်ကို သူကြည့်လိုသည်။

ရီဖူရှင်းက အပေါ်ကို မော့ကြည့်သည်။ ကိုက်ရှီကား သူ၏နာမည်နှင့်လိုက်ဖက်ပေသည်။ သူကား အလွန်သန်မာ၏။

“သံသယကင်းစင်ခြင်းအဆင့်ပါပဲ” ကိုက်ရှီက နတ်ဘုရားအလင်းများဖြင့် လေထဲတွင်ရပ်ကာ ရီဖူရှင်းကို ဖိအားပေးလျှက်ပြောသည်။

ချန်ကျင်းသည် သူ၏ကျောက်သားကျောက်ဆောင်များဖြင့် ဆက်လက်တိုက်ခိုက်သလို ကိုက်ရှီကလည်း သူ၏လှံကို တဖန်စေလွှတ်လိုက်၏။

အထက်ကောင်းကင်မှ ထိပ်သီးပါရမီရှင်နှစ်ဦး ပူးပေါင်းတိုက်ခိုက်ခြင်းက ရီဖူရှင်းကို သတ်ဖြတ်လိုသောကြောင့်လား။

သို့သော်လည်း အနည်းဆုံး သူတို့သည် ထိုက်ရွှမ်တောင်၏သဘောထားကို သတိထားရန်လိုပေသည်။

ရီဖူရှင်း၏ခန္ဓာကိုယ်က အတားအဆီးကို ဆန့်ကျင်ကာ ရှေ့ကို တက်သွားသည်။ သူသည် တိုက်ခိုက်မှုကို တမင် ရှောင်ဖယ်ခြင်းမပြုဘဲ ကျောက်ဆောင်များဖြင့် တိုက်ရိုက်ရင်ဆိုင်သည်။ သူ၏ဓားက နတ်လှံရှည်ထံသို့ ဦးတည်၏။

ဘန်း…

နတ်လှံ၏စွမ်းအားက ခန္ဓာကိုယ်ကို တိုက်ရိုက်ထွင်းဖောက်သွား၏။ ရီဖူရှင်းသည် အတွင်းကလီစာများ ကြေပျက်သွားသည့်အလားပင် ခံစားလိုက်ရ၏။ တစ်ချိန်တည်းမှာပင် အလွန်အားကောင်းသော အသက်ဓာတ်များသည် သူ့ဒဏ်ရာများကို ဆက်တိုက်ပြန်ကုစား၏။

ရီဖူရှင်းသည် ဒဏ်ရာများကို လုံးဝ လျစ်လျူရှုကာ ကိုက်ရှီထံသို့ ရွေ့လျားသွားသည်။

ရာရာက ရီဖူရှင်း၏လှုပ်ရှားမှုကို မြင်လျှင် အတွေးများသွားသည်။ သူ ဘာလုပ်လိုသနည်း။

ရုတ်တရက် သူမက တစ်စုံတစ်ခုကို တွေးမိကာ မျက်နှာက ပြာနှမ်းသွား၏။ သူက ရူးသွပ်နေသည်လား။

***

All Chapters