← Chapters

လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူထဲကို ဝင်ရောက်ခြင်း

Vol. 11 Ch. 151

လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူထဲကို ဝင်ရောက်ခြင်း

Vol. 11 Ch. 151

ဟန်ယွမ်လည်း အကြာကြီးမနေတော့ဘဲ ပျံသန်းထွက်ခွာသွားတယ်။ သူ့ပတ်ဝန်းကျင်က အမွေခံတပည့်တွေလည်း လူစုခွဲလိုက်ကြတယ်။ ဒါပေမဲ့ သူတို့မသွားခင်မှာ ချီမင်ကို အရိုအသေပေးတဲ့အနေနဲ့ ဦးညွှတ်နှုတ်ဆက်သွားကြတယ်။

ဒီအဖြစ်အပျက်ကို ကြည့်တာနဲ့တင် သိသာနေပြီ။

ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်မှာ ချီမင်ရဲ့ အဆင့်အတန်းက တဖြည်းဖြည်း မြင့်တက်လာပြီ။

အပြည့်အဝတော့ မပေါ်လွင်သေးပေမဲ့၊ ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်က ဒီအမွေခံတပည့်တွေရဲ့ အပြုအမူတွေကနေ ချီမင်ကအခုဆိုရင် ကောင်းကင်လျှို့ဝှက်ချက်ဘိုးဘေးရဲ့ တကယ့်ကိုယ်ပိုင်တပည့်တစ်ယောက် ဖြစ်နေပြီဆိုတာ ထင်ရှားနေတယ်။

အရင်တုန်းကတော့ ချီမင်က ခွန်အားက မလုံ‌ လောက်ဘူး။ပြီးတော့ ကောင်းကင်လျှို့ဝှက်ချက်မျိုးနွယ်စုကလည်း ကျဆင်းလာတဲ့အပြင် ချီမင်ကလည်းတစ်ယောက်တည်း ကျန်တာဆိုတော့ ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်ပေါ်က တခြားမျိုးနွယ်စုတွေက သူ့ကို အထင်သေးကြတယ်။

အကြိမ်ကြိမ်တောင် လာပြီး ရန်စကြသေးတယ်။

အခုတော့ ချီမင်က တိုက်ပွဲပေါင်းများစွာနဲ့ သူ့ရဲ့ခွန်အားကို သက်သေပြခဲ့ပြီ။ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က အခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့်ပဲ ရှိသေးပေမဲ့၊ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အခြေတည်ဝိညာဉ်အဆင့်ကို အများကြီး ကျော်လွန်နေပြီ။ ဝိညာဉ်ဖွဲ့တည်ခြင်းနှောင်းပိုင်းအ‌ဆင့်တောင်မှ သူ့ပြိုင်ဘက်မဟုတ်ဘူး။

သန်မာမှုက အဆင့်အတန်းကို ကိုယ်စားပြုတယ်။

သန်မာသူကို လေးစားရတယ်။

ဒါက လျှို့ဝှက်နက်နဲကမ္ဘာပဲ။

ဒါက ကျင့်ကြံသူတွေရဲ့ ကမ္ဘာမှာ မပြောင်းလဲနိုင်တဲ့ သံမဏိစည်းမျဉ်းဖြစ်တယ်။

တာအိုဆရာ ခရမ်းရောင်ကောင်းကင်က ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ကို စူးစိုက်ကြည့်လိုက်ပြီး ဖန်ကျန်အင်မော်တယ်တောင်ထိပ်ကို မော့ကြည့်လိုက်တယ်။ ဒါပေမဲ့ ခဏအတွင်းမှာပဲ သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်တယ်"ကောင်းကင်လျှို့ဝှက်ချက်မျိုးနွယ်စုက ပြန်ပြီး မြင့်တက်လာတော့မလား"

"အဲ့လောက်တော့ မဟုတ်သေးပါဘူး။"

ဘိုးဘေးဝူယန်ကပြောလိုက်တယ် "ချီမင်တစ်ယောက်တည်းနဲ့တော့ ဘယ်ရမလဲ။ ကောင်းကင်လျှို့ဝှက်ချက်ဘိုးဘေးက အပြည့်အဝ ပြန်ကောင်းလာပြီး ကောင်းကင်လျှို့ဝှက်ချက်မျိုးနွယ်စုကို ပြန်လည်တည်ထောင်ဖို့ ပြင်ဆင်တာမျိုးမဟုတ်ရင်တော့ သူတို့အနေနဲ့ အချိန်တိုအတွင်း မြင့်တက်လာဖို့က မဖြစ်နိုင်သလောက်ပဲ"

"ဟုတ်တယ် ဟုတ်တယ်။"

ဘိုးဘေးဝေဟီကလည်းပြောတယ် "မင်းတို့ သိထားသင့်တာက ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်ပေါ်က ဘယ်မျိုးနွယ်စုမဆို ကိုယ်ပိုင်ခွန်အားတစ်ခုတည်းကိုပဲ အားကိုးနေတာမဟုတ်ဘူး။ အဖွဲ့အစည်းအသီးသီးက အကြီးအကဲတွေ၊ တပည့်တွေနဲ့ တောင်ထွတ်သခင်တွေရဲ့ စုပေါင်းအားထုတ်မှုတွေကို အားကိုးနေရတာ"

တာအိုဆရာ ခရမ်းရောင်ကောင်းကင်က ခေါင်းညိတ်လိုက်တယ် "ဟုတ်တယ်"

မဟာအကြီးအကဲသုံးယောက်လည်း ထွက်သွားကြတယ်။

အစကနေအဆုံးထိ သူတို့က ဘေးကနေပဲ ကြည့်နေခဲ့ပြီး တကယ်တမ်းတော့ ပေါ်မလာကြဘူး။

ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ထဲမှာတော့…

"သ… သခင်လေး။"

စုချီမန်ရဲ့ မျက်နှာမှာ အံ့ဩမှုတွေ၊ ကြည်ညိုမှုတွေနဲ့ ပြည့်နေတယ် "သခင်လေး… သခင်လေးက တကယ်ကို အရမ်းသန်မာပြီး အရမ်းစွမ်းအားကြီးတာပဲ။ အခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့်နဲ့ ဝိညာဉ်ဖွဲ့တည်ခြင်းနှောင်းပိုင်းအဆင့်က ပြိုင်ဘက်ကို အနိုင်ယူနိုင်ခဲ့တယ်။ ကျွန်တော် တစ်ခါမှ ဒီလိုခွန်အားနဲ့ အရည်အချင်းမျိုး မကြားဖူးဘူး။ သခင်လေးကဒီကမ္ဘာမှာနံပါတ်တစ်ပဲ။"

"မြှောက်ပင့်ပြောနေတဲ့ကောင်။" ရှန်ကွမ်းဝမ်ကောက ပေါ်လာပြီး မထီမဲ့မြင်နဲ့ ပြောလိုက်တယ်။

"အဘိုးကြီး။" စုချီမန်က သူ့ကို စွေကြည့်လိုက်ပြီး "မင်း အရိုက်ခံချင်နေပြန်ပြီလား။ ငါက သခင်လေးနဲ့ စကားပြောနေတာ၊ မင်းက ဘယ်သူမို့လို့ ဝင်ပြောရတာလဲ။ ကိုယ့်အဆင့်ကိုယ်သိဦး။ မင်းက အစေခံအိုကြီးတစ်ယောက်ပဲ။"

"ငါးရှဉ့်အိုကြီး၊ ငါက မင်းကို မျက်နှာသာပေးနေတယ် ထင်နေတာလား။" ရှန်ကွမ်းဝမ်ကောက စိုက်ကြည့်လိုက်တယ် "မင်းလို သက်ရှိဆိုတဲ့ သဘောတောင်မရှိတဲ့ အိမ်တော်စိတ်ဝိညာဉ်ကောင်က ငါ့ကို ဒီလိုပြောရဲတယ်ပေါ့။ ငါထင်တာတော့ မင်း ထပ်ပြီးမတည်ရှိချင်တော့ဘူးထင်တယ်။"

"ဟက်ဟက်…"

စုချီမန်က မထီမဲ့မြင်နဲ့ ဟားတိုက်ရယ်မောလိုက်တယ်။

"တိတ်စမ်း။" ချီမင်က လေသံခပ်အုပ်အုပ်နဲ့ ပြောလိုက်တယ်။

"ဟုတ်ကဲ့။"

စုချီမန်နဲ့ ရှန်ကွမ်းဝမ်ကောတို့ တစ်ပြိုင်တည်း ဦးညွှတ်လိုက်ကြတယ်။

"မင်းတို့အားလုံး သွားလို့ရပြီ။"

ချီမင်က လက်ဝှေ့ယမ်းလိုက်တယ်။

စုချီမန်နဲ့ ရှန်ကွမ်းဝမ်ကောတို့ လှည့်ထွက်ပြီး အဓိကခြံဝင်းထဲကနေ ထွက်သွားကြတယ်။

"ဆက်ကျင့်ကြံမယ်။"

ချီမင်က တင်ပျဉ်ခွေထိုင်လိုက်တယ်။ နောက်ထပ် အတွေးတစ်ချက်နဲ့ ဝိညာဉ်ကျောက်တုံးအများကြီးကို သုံးပြီး သန့်စင်ခြင်းသုံးပါးတာအိုကျမ်းနဲ့ တခြားအံ့ဖွယ်စွမ်းအားတွေကို စတင်ကျင့်ကြံတော့တယ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ တစ်လကြာသွားတယ်။

နေ့လယ်ခင်း။

တင်း!

"သင် ရှုတောင်ဓားအင်မော်တယ်နန်းတော် ဂိမ်းမြေအောက်စခန်းတွင် တစ်ရက်ကြာ အလိုအလျောက်ကျင့်ကြံခဲ့ပါတယ်။သင်ဂိမ်းမြေအောက်စခန်းကို တစ်ကြိမ် ရှင်းလင်းခဲ့ပါတယ်။ သင် အမွေအနှစ်သလင်းကျောက် ရှုတောင်ထိုက်ချီဓားကျမ်း၊ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးတစ်သန်းရရှိပါတယ်။"

အသိပေးချက်တစ်ခု ပေါ်လာတယ်။

ဒါက ချီမင် ဒီလထဲမှာ ရှုတောင်ဓားအင်မော်တယ်နန်းတော်ကို အကြိမ် ၃၀ မြောက် ရှင်းလင်းပြီးပြီ။ သူ ပစ္စည်းကောင်းတွေ အများကြီးရခဲ့ပေမဲ့ ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်တို့၊ မဟာရွှေအမြူတေတာအိုကျမ်းတို့လို လျှို့ဝှက်နက်နဲ အံ့ဖွယ်စွမ်းအားတွေတော့ မရဘူး။

ဒီလောက်ရတာကလည်းမဆိုးပေ။

ချီမင်က သူ့ရဲ့ပစ္စည်းစာရင်းကို ဖွင့်ကြည့်လိုက်တယ်။ အထဲမှာ ပစ္စည်းတွေ အများကြီးပဲရှိတယ်။ တကယ်ကို များလွန်းလို့ မျက်စိတောင် ကျိန်းသွားတယ်။

ပစ္စည်းအမည်: အမွေအနှစ်သလင်းကျောက် ရှုတောင်ထိုက်ချီဓားကျမ်း။

ဖော်ပြချက်: ရှုတောင်ဓားအင်မော်တယ်နန်းတော် ဂိမ်းမြေအောက်စခန်းမှ ရသော အမွေအနှစ်သလင်းကျောက်ဖြစ်ပါတယ်။ ထိုက်ချီဓားတာအိုကို ကျင့်ကြံထားတဲ့ဝိညာဉ်သားရဲအတွက် သင့်တော်ပါတယ်။ ဝိညာဉ်သားရဲရဲ့ကြီးထွားမှုနှင့် အလားအလာကို တိုးမြှင့်ပေးနိုင်တယ်။

"မဆိုးဘူး။"

ချီမင်က ဒီအမွေအနှစ်သလင်းကျောက်ရဲ့ အချက်အလက်တွေကို စစ်ဆေးကြည့်လိုက်တယ်။ ဒါက ဟော့ချန်ချင်းအတွက် သင့်တော်တဲ့ အမွေအနှစ်သလင်းကျောက်ဆိုတာ ရှင်းနေတယ်။ ချီမင်က တွေဝေမနေတော့ဘဲ ဟော့ချန်ချင်းကို ချက်ချင်းခေါ်ထုတ်လိုက်တယ်။

ရှပ်!

သူ့ရှေ့မှာ အဖြူရောင်အလင်းတစ်ခု လင်းလက်သွားတယ်။

"သခင်။"

ဟော့ချန်ချင်း ပေါ်လာတယ်။

ချီမင်က အမွေအနှစ်သလင်းကျောက်ရှုတောင်ထိုက်ချီဓားကျမ်းကို ထုတ်ယူလိုက်တယ်။ ဒီအမွေအနှစ်သလင်းကျောက်က ကျောက်စိမ်းစာအုပ်ပုံစံရှိပြီး ဟော့ချန်ချင်းကို ကမ်းပေးလိုက်တယ်။

"စပြီးပေါင်းစပ်လိုက်တော့။" ချီမင်က ပြောလိုက်တယ်။

ဟော့ချန်ချင်းက နည်းနည်းစိတ်လှုပ်ရှားနေဟန်နဲ့ပြောလိုက်တယ် "ဟုတ်ကဲ့ပါ သခင်။"

ပေါင်းစပ်မှုက စတင်သွားတယ်။

ဟော့ချန်ချင်းရဲ့ လက်ထဲက ကျောက်စိမ်းစာအုပ်က သူ့အလိုလို စာမျက်နှာတွေ လှန်လှောသွားပြီး အဖြူအမည်းအလင်းတန်းတွေ ပေါ်ထွက်လာတယ်။ အဲ့ဒါတွေက ထိုက်ချီပုံကားချပ်အသွင် ပြောင်းလဲသွားပြီး ဟော့ချန်ချင်းရဲ့ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတယ်။

လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအင်တစ်ခုက ဟော့ချန်ချင်းရဲ့ ခန္ဓာကိုယ်ထဲကို စီးဝင်သွားတယ်။

"ပြန်လာခဲ့။"

ရှပ်!

ဟော့ချန်ချင်းက ချီမင်ရဲ့ ဒုတိယဝိညာဉ်သားရဲ နေရာထဲကို ရောက်သွားတယ်။

"အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သိန်း ထည့်မယ်။" ချီမင်က ပြောလိုက်တယ်။

ဒေါင်!

"ဖြည့်သွင်းခြင်း အောင်မြင်ပါတယ်။"

"လက်ရွေးစင်ဝိညာဉ်သားရဲ: ရှုတောင် ထိုက်ချီဓားသူတော်စင်ကအဆတစ်သန်း မြင့်တင်မှုအောက်တွင် ကြီးထွားနေပါတယ်… အမွေအနှစ်သလင်းကျောက်ရှုတောင်ထိုက်ချီဓားကျမ်းနှင့် ပေါင်းစပ်နေပါတယ်။…"

အသိပေးချက်တစ်ခု ပေါ်လာတယ်။

"မဆိုးဘူးပဲ။" ချီမင်က ခေါင်းညိတ်ပြီး အသိပေးချက်ကို ပိတ်လိုက်တယ်။

တစ်ရက်ကြာတော့။

တင်း!

"လက်ရွေးစင်ဝိညာဉ်သားရဲ: ရှုတောင်ထိုက်ချီဓားသူတော်စင်က အဆတစ်သန်း မြင့်တင်မှုအောက်တွင် တစ်ရက်ကြာ ကြီးထွားခဲ့ပါတယ်။ အမွေအနှစ်သလင်းကျောက်ရှုတောင် ထိုက်ချီဓားကျမ်းနှင့် အပြည့်အဝ ပေါင်းစပ်ခဲ့ပါတယ်။ သူ့ရဲ့ ကြီးထွားမှုနှင့် အလားအလာကို တိုးမြှင့်နိုင်ခဲ့ပါတယ်။သူရဲ့မူလအခြေခံနှင့် ထိုက်ချီဓားတာအို၊ အရုဏ်ဦး၊ ဆည်းဆာချိန်နှင့် ယင်ယန်ကောင်းကင်တာအိုတို့ရဲ့စွမ်းအားကို ဆုပ်ကိုင်နိုင်ခဲ့ပါတယ်။ သူ အများဆုံး ဝိညာဉ်ဖွဲ့တည်ခြင်းနှောင်းပိုင်းအဆင့်အထိ ရောက်ရှိနိုင်ပါတယ်။"

အသိပေးချက်တစ်ခု ပေါ်လာတယ်။

ချီမင်က ဟော့ချန်ချင်းရဲ့ အခြေခံအချက်အလက်တွေကို ထပ်စစ်ဆေးကြည့်လိုက်တယ်။

ဟော့ချန်ချင်းက အမွေအနှစ်သလင်းကျောက်ရှုတောင် ထိုက်ချီဓားကျမ်းနဲ့ ပေါင်းစပ်ပြီး တော့ရှားပါးဝိညာဉ်သားရဲအဆင့်ကို မရောက်သေးဘူး။ ဒါကိုကြည့်ရင် ရှားပါးဝိညာဉ်သားရဲဆိုတာ သာမန်မဟုတ်ဘဲ အဲ့ဒီအဆင့်ကို အလွယ်တကူ မရောက်နိုင်ဘူးဆိုတာ သိနိုင်တယ်။

ဟော့ချန်ချင်းရဲ့ ကြီးထွားနိုင်စွမ်းနဲ့ အရည်အချင်းကတိုးတက်လာတယ်။ သူက ဝိညာဉ်ဖွဲ့တည်ခြင်းနှောင်းပိုင်းအဆင့်အထိ ဆက်ပြီး ကြီးထွားနိုင်တယ်။

"ဒါဆို ဝိညာဉ်သားရဲ နေရာထဲမှာပဲ ဆက်ကြီးထွားလိုက်။" ချီမင်က ပြောလိုက်တယ်။

ချက်ချင်းပဲ သူက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သိန်း ထပ်ထည့်လိုက်တယ်။

သုံးရက်ကြာတော့ ချီမင်က လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူကို သွားဖို့ အသင့်ဖြစ်နေပြီ။

"သခင်လေး "

စုချီမန်က နည်းနည်း စိုးရိမ်နေတယ်။ "တကယ်ပဲ လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူကို သွားတော့မလို့လား။ အထဲမှာ နှစ်သောင်းချီရှိနေပြီ။ အခု ဘယ်လိုဖြစ်နေပြီလဲဆိုတာ ကျွန်တော်လည်း မသိဘူး။"

"ကျွန်တော်ထင်တာတော့ သခင်လေး ကျင့်ကြံမှုအဆင့်ကို နည်းနည်းထပ်မြှင့်ပြီး သခင်လေးခွန်အား လုံလောက်အထိ စောင့်သင့်တယ်လို့ ထင်တယ်။"

"မလိုပါဘူး။" ချီမင်ကပြောတယ် "အခုလောက်နဲ့ လုံလောက်နေပြီ။"

"ဒါက…"

စုချီမန်က ခဏလောက် စဉ်းစားလိုက်တယ် "ကောင်းပါပြီ၊ သခင်လေး အမိန့်ပေးမှတော့ ကျွန်တော်က နာခံရမှာပေါ့။ သခင်လေးအတွက် လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူရဲ့ဝင်ပေါက်ကို ဖွင့်ပေးပါ့မယ်။"

"သခင်လေး၊ ကျွန်တော့်နောက်က လိုက်ခဲ့ပါ။"

ချီမင်လည်း လိုက်သွားတယ်။

သူတို့နှစ်ယောက် ခြံဝင်းတစ်ခုဆီကို ရောက်သွားကြတယ်။

"လျှို့ဝှက်နက်နဲတံခါး၊ ပွင့်စမ်း။"

စုချီမန်က ရှေ့မှာရပ်ပြီး လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်တယ်။ စာလုံးတွေ ပေါ်လာပြီး လိပ်ပြာတွေလို ပျံဝဲနေတယ်။ အဲ့ဒါတွေက သူ့ရှေ့မှာ စုစည်းသွားပြီး နေရာလွတ်ထဲမှာ လှိုင်းဂယက်တွေ ထလာကာ တဖြည်းဖြည်း ဝဲဂယက်တစ်ခုအဖြစ် ပြောင်းလဲသွားတယ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူရဲ့ ဝင်ပေါက်က ပေါ်လာတယ်။

အချင်း သုံးမီတာလောက်ရှိတဲ့ ဘဲဥပုံ အနက်ရောင်ဝဲဂယက်တစ်ခုပေါ်လာတယ်

"သခင်လေး။"

လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူကို ဖွင့်ပြီးတော့ သူက ဘေးမှာရပ်ပြီး ချီမင်ကိုပြောလိုက်တယ် "လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူရဲ့ ဝင်ပေါက်ကို ဖွင့်ပြီးပါပြီ။ သခင်လေးကြိုက်တဲ့အချိန် ဝင်ထွက်လို့ရပါပြီ။"

ချီမင်က ခေါင်းညိတ်လိုက်တယ်။

"မင်း၊ ငါးရှဉ့်အိုကြီး။ လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူ ဖွင့်တာကို ငါ့ကိုတောင် မပြောဘူး။ မြန်မြန်ပြောစမ်း။ မင်း ငါ့ကို တစ်ခုခု ဖုံးကွယ်ထားတာလား။ ဒါမှမဟုတ် မကောင်းတာတစ်ခုခု ကြံစည်နေတာလား။"

ရှန်ကွမ်းဝမ်ကောက ပြေးလာပြီး စုချီမန်ကို လက်ညှိုးထိုးကာ ကြိမ်းမောင်းတော့တယ်။

"ပါးစပ်ပိတ်ထားစမ်း။" စုချီမန်က ရှန်ကွမ်းဝမ်ကောကို ထပ်ပြီး စိုက်ကြည့်လိုက်တယ်။

"ဟက်ဟက်။"

ရှန်ကွမ်းဝမ်ကောက သူ့ရင်ဘတ်ရှေ့မှာ လက်ပိုက်ပြီး မာန်ပါပါနဲ့ "ဘာဖြစ်လဲ။ ငါပြောတာမှန်လို့ မင်း ဒေါသထွက်သွားတာလား။"

"သခင်လေး။"

"ဘာပဲဖြစ်ဖြစ်၊ ကျွန်တော့်ကို သခင်လေးနဲ့အတူ လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူကို လိုက်ခွင့်ပြုပါ။"

"အဘိုးကြီး၊ ငါထင်တာတော့ မင်းကိုယ်တိုင် လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူထဲ ဝင်ချင်နေတာပဲ ဖြစ်မယ်။"

စုချီမန်က အော်ပြောလိုက်တယ်"မင်းက ဘာလို့ လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူထဲ ဒီလောက်ဝင်ချင်နေရတာလဲ။ ဒီနေရာမှာ မင်းရဲ့ အရံအစီစဉ်တစ်ခုခုများ ရှိနေလို့လား။ အမှန်အတိုင်း မြန်မြန်ပြောစမ်း။"

"ပေါက်တတ်ကရတွေ။" ရှန်ကွမ်းဝမ်ကောက ပြန်အော်တယ်။

"ငါထင်တာတော့ မင်းက မကောင်းကြံနေတာပဲ။" စုချီမန်က ပြန်ပက်တယ်။

"တော်ကြတော့ ရန်မဖြစ်ကြနဲ့တော့။"

ချီမင်က လက်မြှောက်ပြီး သူတို့ကို တားလိုက်တယ်။ "ဒီတစ်ခေါက် ငါတစ်ယောက်တည်း သွားကြည့်မယ်။ မင်းတို့ ဒီမှာစောင့်နေ။ ဘယ်သူမှ လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူနားကို မကပ်ရဘူး၊ အထဲကိုလည်း မဝင်ရဘူး။"

"ကြားကြလား။" ချီမင်က လေသံခပ်အုပ်အုပ်နဲ့ ပြောလိုက်တယ်။

"ကောင်းပြီလေ၊ သိပြီ။" ရှန်ကွမ်းဝမ်ကောက ပြောတယ်။

"ဟုတ်ကဲ့ပါ သခင်လေး။" စုချီမန်က ဦးညွှတ်လိုက်တယ်။

ချီမင်က ခေါင်းညိတ်ပြီး လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူထဲကို လျှောက်ဝင်သွားတယ်။

သူ့ရဲ့ပုံရိပ်က ဘဲဥပုံ အနက်ရောင်ဝဲဂယက်ထဲမှာ ပျောက်ကွယ်သွားတယ်။

"သခင်လေး တစ်ခုခုများ ရလာမလား။" စုချီမန်က ပြောလိုက်တယ်။

"ငါက ဘယ်လိုသိမှာလဲ။"

ရှန်ကွမ်းဝမ်ကောက ပခုံးတွန့်လိုက်တယ် "ငါက မူလက သခင်လေးနဲ့အတူ ဝင်သွားချင်တာ။ သူ့ကို ကူညီနိုင်ပြီး သူ့ရှေ့မှာ အမြင်ကောင်းလေးတွေ ချန်ခဲ့ချင်လို့။ အဆုံးမှာ မင်းကြောင့် အကုန်ပျက်ကုန်ပြီ။"

"ဟက်ဟက်။"

စုချီမန်က တဟားဟားရယ်လိုက်တယ် "မင်းက အဲ့လောက်တောင် စေတနာကောင်းနေလို့လား။ ငါတော့ မယုံဘူး။ မင်း တစ်ခုခု ကြံစည်နေပြန်ပြီ မဟုတ်လား။ စိတ်မကောင်းပါဘူး၊ ငါစောင့်ကြည့်နေသရွေ့တော့ မင်းအကြံအစည်တွေ အရာထင်မှာ မဟုတ်ဘူး။"

"လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူဆိုတာ ကောင်းကင်ဂူ ကိုးခုထဲမှာ ပထမဆုံး ကောင်းကင်ဂူပဲ။"

ရှန်ကွမ်းဝမ်ကောကပြောတယ် "နှစ်ပေါင်း သောင်းချီနေပြီ။ အထဲမှာ တာအိုပေါင်းစည်းခြင်းအဆင့် သက်ရှိတွေတောင် ရှိနေလောက်ပြီ။ ချီမင်က ဒီအတိုင်းဝင်သွားပြီး မတော်တဆ သူ့ရဲ့အထောက်အထား ပေါက်ကြားသွားရင် ဒါမှမဟုတ် ကောင်းကင်ဂူထဲက သက်တမ်းရင့် မွန်းစတားအိုကြီးတွေက သိသွားရင် သူ တော်တော်ဒုက္ခရောက်သွားမှာ။"

"ပုံမှန်အတိုင်းဆိုရင် လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူထဲကို အနည်းဆုံး ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်ရောက်မှ ဝင်ရတာ။ မင်းက ဘာလို့ သူ့အတွက် အခုဖွင့်ပေးလိုက်တာလဲ။ သူ့ကို အထဲမှာ သေစေချင်လို့လား။"

"မဟုတ်တာတွေ ပြောမနေနဲ့။" စုချီမန်က အေးစက်စက်ပြောတယ် "သခင်လေးက စွမ်းအားကြီးတယ်၊ ကံတရားကလည်း ကောင်းမွန်တယ်။ ဘယ်သူနဲ့မှ နှိုင်းလို့မရဘူး။ သူ့အရည်အချင်းနဲ့ဆို ဒီတစ်ခေါက်ဝင်သွားရင် လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူကို အပြည့်အဝ သိမ်းပိုက်နိုင်မှာ သေချာတယ်။"

"ငါတော့ မင်းကိုမယုံဘူး။" ရှန်ကွမ်းဝမ်ကောကပြောတယ် "မင်းက သခင်လေးကို သတ်ချင်နေတာ။"

"အဘိုးကြီး၊ မင်း ရန်ဖြစ်ချင်နေတာလား။" စုချီမန်က အော်လိုက်တယ်။

"မင်းက ငါ့ကို နိုင်လို့လား။" ရှန်ကွမ်းဝမ်ကောက မထီမဲ့မြင်နဲ့ ပြုံးလိုက်တယ်။

"မင်းကို နိုင်ဖို့က ငါ့အတွက် ထမင်းစားရေသောက်လိုပဲ။" စုချီမန်က ပြောလိုက်တယ်။

...

ချီမင်က လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူကမ္ဘာထဲကို ရောက်နေပြီ။ မြင်ကွင်းတွေ ပြောင်းလဲသွားပြီး သူက ကောင်းကင်ဂူရဲ့ ချောင်ကျတဲ့ဆင်ခြေဖုံးတစ်ခုကို ရောက်သွားတယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူက အတော်အတန် ပြန့်ပြူးတဲ့ တောအုပ်တစ်ခုထဲမှာ ရောက်နေတာကို တွေ့လိုက်ရတယ်။ သိပ်မဝေးတဲ့ အရှေ့တောင်ဘက်မှာ ရွာတစ်ရွာရှိပြီး အနောက်မြောက်ဘက််မှာတော့ မြို့တစ်မြို့ရှိတယ်။

လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူထဲမှာ လူသားတွေ နေထိုင်ကြတယ်။

ချီမင်က ခဏလောက် စဉ်းစားလိုက်တယ်။ "အရင်ဆုံး နေဖို့နေရာတစ်ခု ရှာရမယ်။ ပြီးရင် ကောင်းကင်စူးစမ်းခြင်းနဲ့ အနာဂတ်အာရုံ လျှို့ဝှက်နက်နဲစနစ်နှစ်ခုကိုသုံးပြီး လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူရဲ့ သမိုင်းနဲ့ အနာဂတ်ကို ခန့်မှန်းရမယ်။"

All Chapters