လျှို့ဝှက်နက်နဲကျေးရွာနဲ့ကမ္ဘာရဲ့တံခါးရှစ်ချပ်
Vol. 11 Ch. 152
"နှစ်ပေါင်း(၃၈၉၈၀)ကြာပြီးလျှို့ဝှက်နက်နဲတံခါးကနောက်တစ်ကြိမ်ပွင့်လာပြီ။ကောင်းကင်လျှို့ဝှက်ချက်ကသက်ဆင်းလာပြီ။ငါသိချင်တာက ကောင်းကင်ဂူတစ်ခုလုံးအတွက် ဒါကကောင်းချီးလား ကပ်ဘေးဒုက္ခလားဆိုတာပဲ။"
"သူ့ကိုရှာ။ငါတို့သူကိုရှာရမယ်။"
"ကောင်းကင်ရဲ့လျှို့ဝှက်ချက်တွေကို ထုတ်ဖော်ခွင့်မပေးနဲ့။"
"ဒီကမ္ဘာကြီးရဲ့တံခါးရှစ်ချပ်က ဒီအခွင့်အရေးကိုအကျိုးအမြတ်ယူပြီး သေချာပေါက်မြင့်တက်လာလိမ့်မယ်။"
"ဟီးဟီးဟီး"
“…”
လျှို့ဝှက်နက်နဲတံခါးကောင်းကင်ဂူမှာ ချီမင်ကကောင်းကင်ဂူကမ္ဘာကိုသက်ဆင်းလာတယ်။လာလာချင်းပဲသူလျှို့ဝှက်နက်နဲတံခါးကောင်းကင်ဂူကမ္ဘာရဲ့ ကျွမ်းကျင်သူတွေကိုဆွဲဆောင်လိုက်မိတယ်။ဒီကျွမ်းကျင်သူတွေက လျှို့ဝှက်နက်နဲတံခါးနည်းစနစ်ကိုလှည့်ပတ်ပြီး ကောင်းကင်လျှို့ဝှက်ချက်ကိုနောက်ယောင်ခံပြီး သူရဲ့တည်နေရာကို ခြေရာခံလိုက်ကြတယ်။
ချီမင်သူရဲ့အံ့ဖွယ်စွမ်းအားကိုသုံးပြီးသူ့ရဲ့ခန္ဓာကိုယ်ကိုကာကွယ်လိုက်တယ်။နည်းစနစ်တွေအားလုံးကသူ့ကိုမထိတွေ့နိုင်တော့ဘဲကောင်းကင်လျှို့ဝှက်ချက်ကလည်းချိတ်ပိတ်ခံလိုက်ရတယ်။
လျှို့ဝှက်နက်နဲတံခါးကောင်းကင်ဂူရဲ့ကျွမ်းကျင်သူတွေ ချီမင်ရဲ့တည်နေရာကိုခြေရာခံလို့မရတော့ဘူး။ကောင်းကင်လျှို့ဝှက်ချက်ကိုခြေရာခံနိုင်စွမ်းကအများကြီးနည်းသွားတယ်။သူတို့ခြေရာခံချင်ပေမယ့်ဝေဝါးနေတဲ့အဖြူရောင်မြူခိုးတွေပဲတွေ့ရတယ်။
ကောင်းကင်လျှို့ဝှက်နက်နဲတံခါးကောင်းကင်ဂူရဲ့ကျွမ်းကျင်သူတွေက လွယ်လွယ်ကူကူအရှုံးမပေးဘူး။အဲ့ဒီအစားတစ်ခြားနည်းလမ်းတစ်ခုတွေးကြတယ်။လျှို့ဝှက်နက်နဲတံခါးကောင်းကင်ဂူစိတ်ဝိညာဉ်ရဲ့စွမ်းအားကိုတောင်သုံးလာကြတယ်။
ချီမင်ကလေထဲမှာပျံသန်းနေပြီးပတ်လည်ကိုကြည့်လိုက်တယ်။သူအနားမှာနေဖို့နေရာတစ်ခုရှာဖို့စီစဉ်ထားတယ်။သူအစကပိုဝေးတဲ့မြို့ကိုသွားချင်ပေမယ့်သူ့စိတ်ကိုပြောင်းလိုက်တယ်။
သူပြဿနာတွေကိုရှောင်ဖို့မြို့ငယ်လေးကိုမသွားတော့ဘူး။
ချီမင်တိတ်ဆိတ်တဲ့နေရာတစ်ခုကိုရှာဖို့စီစဉ်လိုက်ပြီး တောအုပ်ထဲကိုဝင်သွားတယ်။
ကံကောင်းချင်တော့
ချီမင် အလယ်အလတ်အရွယ်စားရှိတဲ့ရွာလေးကိုဖြတ်သွားရင်နေရာတစ်ခုကိုတွေ့သွားတယ်။
“ဒီကျေးရွာက…”
ချီမင်ရပ်လိုက်ပြီး အောက်ကိုငုံ့ကြည့်လိုက်တယ်။ ရွာတစ်ရွာလုံးက လျှို့ဝှက်ဆန်းကြယ်ပြီး နိမိတ်မကောင်းတဲ့အရှိန်အဝါတွေရှိနေပေမယ့် မျက်စိတစ်မှိတ်အတွင်းမှာပဲ ပျောက်ကွယ်သွားတယ်။ ဒါက ချီမင်ကို တော်တော်လေး သိချင်စိတ်ပြင်းပြစေတယ်။ ထူးဆန်းတဲ့အခြေအနေအချို့အောက်မှာ သူက ကောင်းကင်ပေါ်ကနေ ဆင်းသက်လာပြီး ရွာနဲ့မလှမ်းမကမ်းကို ဆင်းသက်လိုက်တယ်။ သူက တောင်လမ်းအတိုင်း ရွာအဝင်ဝကို ဝင်သွားလိုက်တယ်။
ရိုးသားတဲ့မျက်နှာထားနဲ့ လယ်သမားတစ်ယောက် ထွက်လာတယ်။
"မင်္ဂလာပါ"
ချီမင်က လျှောက်သွားပြီး ရွာအဝင်ဝက လယ်သမားကို လက်ဆန့်တားလိုက်တယ်။ သူက ပြုံးပြီးမေးလိုက်တယ် "ရွာထဲမှာ တည်းခိုစရာနေရာများ ရှိလား"
"ကျွန်တော်... ကျွန်တော်မသိဘူး..."
ဒီလယ်သမားရဲ့အသားအရေက ကြမ်းတမ်းပြီး သူ့လက်တွေမှာလည်း အသားမာတွေတက်နေတယ်။ ချီမင် ရုတ်တရက်ပေါ်လာတာကိုမြင်ပြီးအင်မော်တယ်တစ်ပါးလို ခမ်းနားတဲ့အဝတ်အစားတွေနဲ့ သူ့ရဲ့အရှိန်အဝါကို မြင်လိုက်ရတော့လန့်သွားတယ်။ သူ့မျက်နှာမှာ ရိုသေမှုနဲ့ ကြောက်ရွံ့မှုတွေ ပြည့်နှက်နေပြီး ခေါင်းကို အမြန်ငုံ့ကာ ချီမင်ကို လုံးဝမကြည့်ရဲတော့ဘူး။
လျှို့ဝှက်နက်နဲတံခါးကောင်းကင်ဂူမှာ အရမ်းတင်းကျပ်တဲ့ လူတန်းစားစနစ်ရှိတယ်။
"အရှင်... အရှင်... ကျွန်တော်တို့ရွာသူကြီးကို သွားရှာလို့ရပါတယ်..." လယ်သမားက တုန်တုန်ယင်ယင်နဲ့ ပြောလိုက်တယ်။
"လမ်းပြပေးနိုင်မလား" ချီမင်က မေးလိုက်တယ်။
"ဟုတ်... ဟုတ်ကဲ့။" ရွာသားက ခေါင်းညိတ်လိုက်တယ်။
ဒီလယ်သမားက မသိတာမဟုတ်ဘဲ မဆင်မခြင်စကားမပြောရဲတာ ဖြစ်တယ်။ ချီမင်ကို ကောင်းကောင်း ဆောင်ရွက်မပေးန်ိုင်ရင် သူ့ကိုစိတ်ဆိုးသွားမှာ စိုးရိမ်နေတယ်။ ဒါကြောင့် သူက မသိဘူးလို့ပြောပြီး ချီမင်ကို ရွာသူကြီးဆီ သွားရှာခိုင်းလိုက်တာ ဖြစ်တယ်။
နာရီဝက်လောက်ကြာတော့ ချီမင်က ကျောက်မိသားစုကျေးရွာရဲ့ ရွာသူကြီးကို တွေ့လိုက်တယ်။ သူက ဆံပင်ဖြူနဲ့ အဘိုးကြီးတစ်ယောက်ဖြစ်တယ်။ ဒါ့အပြင် သူက သာမန်လူတစ်ယောက်မဟုတ်ဘဲ ချီသန့်စင်ခြင်းအဆင့် ခုနစ်ကကျင့်ကြံသူတစ်ယောက် ဖြစ်တယ်။
"လေးစားရပါသော အရှင်"
ကျောက်မိသားစုကျေးရွာရဲ့ ရွာသူကြီးက ချီမင်ကိုမြင်တော့ ချက်ချင်းပဲ သူ့ရှေ့မှာ ဒူးထောက်ပြီး အရိုအသေပြုလိုက်တယ်။ "အရှင် ကျောက်မိသားစုကျေးရွာကို ဘာကြောင့်ရောက်လာတယ်ဆိုတာ သိပါရစေ"
ဒီရွာသူကြီးက ချီမင်ရဲ့ နောက်ခံနဲ့ အထောက်အထားကို မမြင်နိုင်ပေမယ့် ချီမင်ရဲ့ ခန္ဓာကိုယ်ပေါ်က မှိန်ဖျော့ဖျော့အရှိန်အဝါက သူ့နှလုံးသားကို တုန်လှုပ်စေပြီးသား ဖြစ်နေပြီ။
ကျောက်မိသားစုကျေးရွာရဲ့ ရွာသူကြီးက ချက်ချင်းနားလည်သွားတယ်။
သူ့ရှေ့ကလူကနားလည်ရခက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်။
သူလုံးဝ မထိပါးနိုင်တဲ့သူတစ်ယောက်ပဲ။
သူတို့ သူ့ကို ကောင်းကောင်းဆက်ဆံရမယ်။
"ငါ တိတ်ဆိတ်တဲ့နေရာတစ်ခုမှာ တည်းဖို့ စီစဉ်ထားတယ်"
ချီမင်က ပြောလိုက်တယ်"မင်းတို့ရွာမှာ အခန်းလွတ်ရှိလား"
ကျောက်မိသားစုကျေးရွာရဲ့ ရွာသူကြီးက အမြန်ခေါင်းညိတ်လိုက်တယ် "အရှင်၊ ကျွန်တော်တို့ရွာရဲ့အရှေ့ဘက်၊ မြေနတ်ဘုရားကျောင်းနားမှာ သီးသန့်ခြံဝင်းတစ်ခုရှိပါတယ်။ အရှင့်ကို အချိန်အတော်ကြာ အနားယူဖို့ ကျွန်တော်တို့ လုံးဝခွင့်ပြုနိုင်ပါတယ်"
"ကောင်းပြီ" ချီမင် ခေါင်းညိတ်လိုက်တယ်။ "လမ်းပြပါ"
"အရှင်၊ ကျွန်တော့်နောက်လိုက်ခဲ့ပါ"
ကျောက်ရွာသူကြီးက ခေါင်းညိတ်ပြီး ချီမင်အတွက် လမ်းပြရင်း ဦးညွှတ်အရိုအသေပေးလိုက်တယ်။
လမ်းလျှောက်နေရင်း ချီမင်က ငွေတုံးတစ်တုံးထုတ်ပြီး ရိုးသားတဲ့လယ်သမားကို ပေးလိုက်တယ်။ ဒါက သူ့အတွက် လမ်းပြပေးခဲ့တဲ့အတွက် ဆုလာဘ်ဖြစ်တယ်။
"ကျေး... ကျေးဇူးတင်ပါတယ် အရှင်!"
ဒုန်း!
ဒီလယ်သမားက ချက်ချင်းပဲ မြေကြီးပေါ်ဒူးထောက်ချလိုက်တယ်။ သူစိတ်လှုပ်ရှားပြီး ကျေးဇူးတင်စကားဆိုရင်း ဦးချလိုက်တယ်။
နောက်ထပ်နာရီဝက်လောက်ကြာတော့ ချီမင်က ဒီရွာသူကြီးနောက်လိုက်ပြီး ခြံဝင်းဆီရောက်လာတယ်။ လမ်းတစ်လျှောက်မှာတော့ သူက ရွာသားတော်တော်များများနဲ့ သဘာဝကျကျတွေ့ဆုံခဲ့ရတယ်။ သူတို့က ချဉ်းကပ်ဖို့မရဲကြဘဲ အဝေးကနေပဲ သူ့ကိုကြည့်ရဲကြပြီး သူတို့မျက်လုံးတွေထဲမှာ ရိုသေလေးစားမှုတွေနဲ့ ပြည့်နှက်နေတယ်။
"အစ်ကိုကြီး..."
ဒီအချိန်မှာပဲ၊ ဝေးလံတဲ့လမ်းကြားတစ်ခုထဲမှာ၊ စုတ်ပြတ်နေတဲ့အဝတ်အစားတွေနဲ့ ကောင်မလေးတစ်ယောက်က လမ်းတစ်ဝက်မှာချော်လဲကျမတတ် ပြေးထွက်လာတယ်။
"ဘာလဲ" ချီမင်ရပ်လိုက်ပြီး စုတ်ပြတ်နေတဲ့အဝတ်အစားတွေနဲ့ ဒီကောင်မလေးကို ကြည့်လိုက်တယ်၊ "ဘာဖြစ်တာလဲ"
"အစ်ကိုကြီး၊ အစ်ကိုကြီးက လူကောင်းတစ်ယောက်မှန်း ကျွန်မသိတယ်။ အစ်ကိုကြီးက ကျွန်မအဖေကို ပိုက်ဆံတွေအများကြီးပေးခဲ့တယ်၊ ဒါကြောင့် ဒီရွာကနေ မြန်မြန်ထွက်သွားပါတော့။" ဖျော့တော့နေတဲ့မျက်နှာနဲ့ ဆံပင်စုတ်ဖွား၊ အဝတ်အစားစုတ်ပြတ်နေတဲ့ကောင်မလေးက စိုးရိမ်တကြီးပြောလိုက်တယ်။
"ဘာလို့ ငါ့ကိုထွက်သွားစေချင်တာလဲ" ချီမင်က မေးလိုက်တယ်။
"ဘာဖြစ်လို့လဲဆိုတော့... ဘာဖြစ်လို့လဲဆိုတော့... ရွာက..."
"ရှောင်ချွေ့!"
ရုတ်တရက်၊ ပုံရိပ်တစ်ခုက ချီမင်ကိုဖြတ်ပြီး အလွန်လျင်မြန်စွာ ပြေးလာတယ်။ ပြီးတော့၊ သူက ဒီဖျော့တော့နေတဲ့ကောင်မလေးကို ပွေ့ဖက်လိုက်တယ်။
"ကျွန်... ကျွန်တော်တောင်းပန်ပါတယ် အရှင်... ကျွန်တော့်သမီးက ငယ်ငယ်က ခေါင်းကိုမတော်တဆထိခိုက်မိထားလို့ သူ့ရဲ့စကားပြောပုံနဲ့ ဉာဏ်ရည်က သာမန်လူတွေနဲ့မတူပါဘူး။ အရှင်.. အရှင် သူပြောတာကို မယုံပါနဲ့။"
ချီမင်က သူ့ရှေ့က ကြမ်းတမ်းတဲ့အသားအရေနဲ့ ရွာသားကို ကြည့်လိုက်ပြီး ဘာမှမပြောလိုက်ဘူး။
ရှောင်ချွေ့ရဲ့စကားတွေက ချီမင်ကို နည်းနည်းတော့ သတိထားသွားစေတယ်။
"သွားစမ်း" ရွာသူကြီးက အော်လိုက်တယ်။
"ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ဟုတ်ကဲ့။"
ဒီလယ်သမားက အမြန်ခေါင်းညိတ်ပြီး ရှောင်ချွေ့ကို သူ့ရင်ခွင်ထဲမှာ တင်းတင်းကျပ်ကျပ်ပွေ့ဖက်ပြီး အမြန်ထွက်သွားတယ်။ သူ နောက်လှည့်မကြည့်ရဲဘူး။ ကောင်မလေးက သူ့အဖေရဲ့လက်မောင်းကြားထဲကနေ အတင်းခေါင်းထွက်ပြီး ချီမင်ကို "အစ်ကိုကြီး မြန်မြန်ထွက်သွားတော့" လို့ ပြောနေသလို ကြည့်နေတယ်။
"အရှင်" ရွာသူကြီးက မျက်နှာချိုသွေးရင်း ပြုံးလိုက်တယ်၊ "အထဲဝင်ပြီး ကြည့်ချင်သေးလား"
"ကောင်းပြီ" ချီမင်က ပြောလိုက်တယ်။
သူက ခြံတံခါးကို တွန်းဖွင့်လိုက်တယ်။
ခြံဝင်းက တော်တော်လေး သန့်ရှင်းတယ်။ ဒါက သာမန်ခြံဝင်းသေးသေးလေးတစ်ခုပါပဲ။ ရွာသူကြီးက ဒီခြံဝင်းအကြောင်း ချီမင်ကို မိတ်ဆက်ပေးပြီး ထွက်ခွာသွားဖို့ ခွင့်တောင်းလိုက်တယ်။
"အရှင်၊ ကျွန်တော် အရင်ထွက်ခွာပါ့မယ်။"
ရွာသူကြီးကပြောတယ် "အရှင့်ရဲ့အနားယူချိန်ကို ကျွန်တော် မနှောင့်ယှက်တော့ပါဘူး"
ချီမင် ခေါင်းညိတ်လိုက်တယ်။
ကျွီ...
ရွာသူကြီးက ခြံဝင်းထဲကထွက်ပြီး ခြံတံခါးကို ပိတ်လိုက်တယ်။
"ဒီရွာက နည်းနည်းစိတ်ဝင်စားဖို့ကောင်းတယ်"
ချီမင်က သူ့ရဲ့ဓမ္မစွမ်းအားတွေကို ဖြန့်ကျက်ပြီး သူ့ပတ်ဝန်းကျင်ကို အာရုံခံလိုက်တယ်။ ရွာတစ်ရွာလုံးက အရမ်းထူးဆန်းတဲ့အခြေအနေတစ်ခုမှာ ရှိနေတယ်။ အတုအယောင်နဲ့ အစစ်အမှန်ကြားမှာသီးခြားနေရာလွတ်တစ်ခုလိုဖြစ်နေတယ်။
ဒါက အရမ်းနက်နဲတဲ့ ဖြစ်စဉ်တစ်ခုဖြစ်တယ်။
မကြာခင်မှာပဲ၊ ရွာအပြင်ဘက်မှာ၊ ပုံရိပ်တွေက လေထဲကို ထိုးခွင်းပြီးဝင်ရောက်လာကြတယ်။
စုစုပေါင်း ရှစ်ယောက်ရှိတယ်။
သူတို့က မတူညီတဲ့နေရာရှစ်ခုမှာ ရပ်နေကြတယ်။
သူတို့ရဲ့ပုံရိပ်တွေက ကောင်းကင်ပေါ်ကို ထိုးတက်သွားကြတယ်။
"အခြေအနေဘယ်လိုရှိလဲ"
"စိတ်မပူပါနဲ့။ ကောင်းကင်လျှို့ဝှက်ချက်ရဲ့ဆက်ခံသူဆိုတဲ့အတိုင်း သူက တကယ်ကို ထူးခြားတယ်။ ငါတို့ရဲ့လျှို့ဝှက်နက်နဲတံခါးနည်းစနစ်က အသုံးမဝင်ဘူး။ ငါတို့ သူ့ကို ခြေရာခံလို့မရသလို၊ သူ့ကို ဆန့်ကျင်ပြီးလည်း အကွက်ချလို့မရဘူး။ လျှို့ဝှက်နက်နဲတံခါးကောင်းကင်ဂူ စိတ်ဝိညာဉ်ရဲ့စွမ်းအားသာမရှိရင် ငါတို့သူ့ကို ရွာထဲကို ခေါ်သွင်းနိုင်မှာမဟုတ်ဘူး။"
"လျှို့ဝှက်နက်နဲတံခါးကောင်းကင်ဂူရဲ့ တံခါးရှစ်ချပ် ကိုစုစည်းပြီးသွားပြီ။"
"တခြားတစ်ဖက်ကလူမှာ ခေါင်းသုံးလုံး လက်ခြောက်ဖက်ရှိနေရင်တောင်၊ သူ့ရဲ့ထူးခြားတဲ့အံ့ဖွယ်စွမ်းအားတွေနဲ့ဆိုရင်တောင်အသုံးမဝင်ဘူး။"
"တခြားတစ်ဖက်ကလူကို ဖမ်းပြီး ထိန်းချုပ်နိုင်သမျှငါတို့ ဒီကမ္ဘာကနေ တကယ်ထွက်ခွာနိုင်ပြီး ကမ္ဘာတစ်ခုလုံးလွတ်လွတ်လပ်လပ်သွားလာနိုင်ပြီးတကယ့်လွတ်လပ်မှုကို ရနိုင်မှာပဲ။"
"အသင့်ပြင်ထား။"
ချီမင်က မသိလိုက်ဘဲ လှည့်စားခံလိုက်ရတယ်။
ခြံဝင်းထဲက အခန်းထဲမှာ။
"လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူ။"
ချီမင်က အခန်းထဲမှာ တင်ပျဉ်ခွေထိုင်နေတယ်။ စိတ်ကူးတစ်ခုနဲ့အတူ သူ့ပတ်လည်မှာ ရွှေရောင်အလင်းတန်းတစ်ခု ချက်ချင်းပေါ်လာတယ်။ သူက သန့်စင်ရွှေခန္ဓာကို လည်ပတ်စေပြီး ပြောလိုက်တယ်"ကောင်းကင်စူးစမ်းခြင်း"
ဘုန်း!
ဒါက ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်နည်းစနစ်ထဲက တစ်ခုဖြစ်တဲ့၊ လျှို့ဝှက်နက်နဲနည်းစနစ်၊ ကောင်ကင်စူးစမ်းခြင်းဖြစ်တယ်။
အတိတ်သမိုင်းကို လေ့လာပြီး ဆင်ခြင်ခန့်မှန်းနိုင်တယ်။
ဒီအချိန်မှာ ချီမင်ရဲ့ ဓမ္မစွမ်းအားတွေက လျင်မြန်စွာကုန်ဆုံးသွားတယ်။ သူ့စိတ်ထဲမှာ လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူရဲ့ အတိတ်နဲ့ သမိုင်းက တဖြည်းဖြည်းပေါ်လာတယ်။
မြူခိုးလွှာတွေက အခွာခံလိုက်ရတယ်။
ဒါက ချီမင်ရဲ့ရှေ့မှာ ရှင်းရှင်းလင်းလင်း တင်ဆက်ခံလိုက်ရတယ်။
ချီမင်က ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက် နည်းစနစ်ကို အသေးစားအောင်မြင်မှုအဆင့်ရဲ့ အကန့်အသတ်အထိ ကျင့်ကြံပြီးပြီးသွားပြီ။ ချီမင်ရဲ့ ကျင့်ကြံမှုအဆင့် တိုးတက်လာတာနဲ့အမျှ သူထုတ်လွှတ်နိုင်တဲ့ စွမ်းအားက အရင်ကထက် အများကြီးသာလွန်လာတယ်။
တစ်ခဏအတွင်းမှာပဲ ချီမင်က လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူရဲ့ သမိုင်းအားလုံးကို သိရှိသွားတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀,၀၀၀) အတွင်းမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို သိရုံတင်မကဘဲ၊ ဒါကို တည်ထောင်ပြီး ဖန်တီးခဲ့တာကိုလည်း သူသိသွားတယ်။
တနည်းအားဖြင့်တော့၊ လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူက ချီမင်ရဲ့မျက်လုံးထဲမှာဘာလျှို့ဝှက်ချက်တွေမှမရှိတော့ဘူး။
"အနာဂတ်အာရုံ။"
ဘုန်း!
ချီမင်က သူ့ရဲ့လျှို့ဝှက်နက်နဲနည်းစနစ်နဲ့ အံ့ဖွယ်စွမ်းအားနည်းစနစ်ကို ထပ်သုံးလိုက်တယ်။ သူ့ရဲ့အသိစိတ်က လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူရဲ့အနာဂတ်ကို ချောင်းကြည့်ဖို့ အချိန်မြစ်ကြောင်းထဲမှာ ခရီးသွားနေတယ်။
သူ ဒီတစ်ခါ ရှင်းရှင်းလင်းလင်းမမြင်ရဘူး။ သူ မြူခိုးတစ်လွှာပဲ မြင်နိုင်တယ်။ ဒါက အရမ်းထူထပ်ပြီး ဘာမှမမြင်နိုင်အောင် ဖြစ်စေတယ်။
ဒါက လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူရဲ့အနာဂတ်က ချီမင်နဲ့ နီးနီးကပ်ကပ်ဆက်စပ်နေလို့ သူ မစူးစမ်းနိုင်တာဖြစ်တယ်။ သူ သက်ရှိအားလုံးရဲ့ ကံကြမ္မာနဲ့ အနာဂတ်ကို စူးစမ်းနိုင်ပေမယ့်၊ သူနဲ့ပတ်သက်တဲ့အနာဂတ်ကိုတော့ သူ မမြင်နိုင်ဘူး။
ဒါက လျှို့ဝှက်နက််နဲနည်းစနစ်၊ အနာဂတ်အာရုံရဲ့ တစ်ခုတည်းသော အားနည်းချက်ဖြစ်တယ်။
ချီမင်က ခဏလောက် စဉ်းစားပြီး ပြောလိုက်တယ်၊ "နှစ်သောင်းချီတဲ့ ဖွံ့ဖြိုးတိုးတက်မှုအောက်မှာ၊ လျှို့ဝှက်နက်နဲကောင်းကင်ဂူတစ်ခုလုံးကို ပြည်နယ်ရှစ်ခုအဖြစ် ပိုင်းခြားထားတယ်။ အဲ့ဒီကနေတစ်ဆင့်၊ လျှို့ဝှက်နက်နဲတံခါးရှစ်ချပ်ရဲ့အမည်နဲ့ ဂိုဏ်းရှစ်ခုအဖြစ် ထပ်မံပိုင်းခြားထားတယ်။"
"သူတို့က စတင်ခြင်းတံခါး၊ အိပ်စက်ခြင်းတံခါး၊ ရှင်သန်ခြင်းတံခါး၊ နာကျင်ခြင်းတံခါး၊ ကန့်သတ်တံခါး၊ ကြည့်ရှုခြင်းတံခါး၊ သေခြင်းတံခါးနဲ့ ထိတ်လန့်ခြင်းတံခါးတို့ ဖြစ်ကြတယ်။ သူတို့ကို စုပေါင်းပြီး ကမ္ဘာကြီးရဲ့တံခါးရှစ်ချပ်လို့ ခေါ်ကြတယ်။ ဂိုဏ်းတိုင်းမှာ တာအိုပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်က စောင့်ကြပ်နေတယ်။"
"ငါ ဒါကို မမျှော်လင့်ထားဘူး။"
"ငါ လျှို့ဝှက်နက်နဲကမ္ဘာထဲကို ဝင်လာတာနဲ့ ကမ္ဘာတံခါးရှစ်ချပ်ရဲ့ ပစ်မှတ်ထားခံလိုက်ရပြီ။ ငါ သူတို့ရဲ့ထောင်ချောက်ထဲကိုတောင် လျှောက်ဝင်သွားပြီး ဒီလျှို့ဝှက်နက်နဲကျေးရွာထဲကို မသိလိုက်ဘဲ ဝင်လာတယ်။"
"သူတို့ ငါ့ကို ဝိုင်းပြီး ရင်ဆိုင်ချင်နေကြတယ်။"
ချီမင်ရဲ့အကြည့်က အေးစက်နေတယ်၊ "လျှို့ဝှက်နက်နဲကောင်းကင်ဂူရဲ့ စိတ်ဝိညာဉ်၊ မင်းက တကယ်သတ္တိရှိတာပဲ၊ ဂိုဏ်းရှစ်ခုနဲ့ပူးပေါင်းပြီး ငါ့ကို ဆန့်ကျင်ရဲတယ်။"
"ဟီးဟီး..."
ဒီအချိန်မှာ၊ ခြံဝင်းရဲ့ထောင့်တစ်နေရာမှာ။
စုတ်ပြတ်နေတဲ့အဝတ်အစားတွေနဲ့ ကောင်မလေးတစ်ယောက် ပေါ်လာတယ်။ ဒါက ချီမင် နေ့ခင်းက မြင်ခဲ့တဲ့ ကောင်မလေးပဲ။ သူမက ထောင့်မှာရပ်ပြီး ချီမင်ကို နှုတ်ဆက်လိုက်တယ်။
"အစ်ကိုကြီး..."
ကောင်မလေးက ပြုံးပြီးပြောလိုက်တယ်၊ "ဒါအတွက် ကျွန်မကို အပြစ်မတင်ပါနဲ့။ နေ့ခင်းက ရွာကထွက်သွားဖို့ ကျွန်မ အစ်ကိုကြီးကို သတိပေးခဲ့တယ်၊ ဒါပေမဲ့ အစ်ကိုကြီးကနားမထောင်ဘူး။"
"ဒါ့အပြင်..."
"ကမ္ဘာ့ဂိုဏ်းရှစ်ခုက လျှို့ဝှက်နက်နဲကောင်းကင်ဂူမှာ အမြစ်တွယ်နေပြီ။ အစ်ကိုကြီးက ကောင်းကင်လျှို့ဝှက်ချက်ရဲ့ဆက်ခံသူဖြစ်ပေမယ့်၊ အင်အားကြီးတဲ့နဂါးတစ်ကောင်က ဒေသခံမြွေတစ်ကောင်ကို မနှိမ်နင်းနိုင်ဘူး။ ဒါ့အပြင်၊ အစ်ကိုကြီးရဲ့ကျင့်ကြံမှုအဆင့်က အရမ်းနိမ့်သေးတယ်၊ အခြေတည်ဝိညာဉ် နှောင်းပိုင်းအဆင့်မှာပဲ ရှိသေးတယ်။ ဒီလိုအခြေအနေမျိုးမှာ၊ ကျွန်မ အစ်ကိုကြီးကို ကူညီချင်ရင်တောင် အသုံးမဝင်ဘူး။"
"ကျွန်မ တောင်းပန်ရုံပဲ တတ်နိုင်ပါတယ် အစ်ကိုကြီး။"
"အစ်ကိုကြီး အသက်ရှင်ကျန်ရစ်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။"
သူမစကားပြောပြီးတာနဲ့ ကောင်မလေးရဲ့ပုံရိပ်က တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်သွားတယ်။