သေခြင်းတံခါးအရှင်
Vol. 11 Ch. 153
လျှို့ဝှက်နက်နဲတံခါးကောင်းကင်ဂူစိတ်ဝိညာဉ်ကကောင်မလေးတစ်ယောက်ဖြစ်ဖြစ်တယ်။ဒီကောင်မလေးက လျှို့ဝှက်နက်နဲတံခါးကောင်းကင်ဂူစိတ်ဝိညာဉ်ရဲ့ အပြင်ပန်းသဏ္ဍာန်တစ်ခုသာဖြစ်တယ်။ ချီမင် ကောင်းကင်ဂူစိတ်ဝိညာဉ်ကိုမတိုက်ခိုက်ဘူး။ အစတည်းကလုပ်ဖို့မလိုအပ်ဘူး။
“အသက်ရှင်ဖို့။”
ချီမင်ရဲ့မျက်နှာကအမူရာမဲ့သွားတယ်။ကောင်းကင်ဂူစိတ်ဝိညာဉ်သူ့ရှေ့ကပျောက်ကွယ်သွားတာတွေ့တော့ သူခြံဝင်းအပြင်ဘက်ကိုထွက်လာလိုက်တယ်။သူမည်းနက်နေတဲ့ကောင်းကင်ကိုကြည့်လိုက်တယ်။
ညနက်လာတော့တစ်ခုခုဖြစ်လာတယ်။ချီမင်သူ့ရဲ့အံ့ဖွယ်စွမ်းအားကိုသုံးပြီး သမိုင်းနဲ့အနာဂတ်ကိုရှာကြည့်လိုက်လို့ကောင်းကင်နဲ့မြေကြီးရဲ့သတ်ဖြတ်လိုစိတ်ကိုဆွဲဆောင်လိုက်မိတယ်။ ဒါပေမယ့် သူကသန့်စင်ရွှေခန္ဓာကိုသုံးပြီး အပြည့်အဝခုခံနိုင်ပေမယ့် အကုန်လုံးကိုတော့မသက်ရောက်နိုင်ဘူး။
ဘုန်း!
အဲ့ဒီအစားခြံဝင်းတစ်ခုလုံးက ကောင်းကင်နဲ့မြေကြီးရဲ့မမြင်နိုင်တဲ့သတ်ဖြတ်လိုစိတ်အောက်မှာ ပြာဖြစ်သွားတယ်။ ခြံဝင်းတစ်ခုလုံးကပျောက်ကွယ်သွားတယ်။
“ဒါက…”
သိပ်မကြာခင်ပဲ ကောင်းကင်ဂူစိတ်ဝိညာဉ်ကထပ်ပေါ်လာတယ်။သူမကချီမင်ရဲ့တည်နေရာကိုကြည့်လိုက်တော့လေထဲကိုပျောက်ကွယ်သွားတဲ့ခြံဝင်းတစ်ခုလုံးကိုမြင်လိုက်ရတယ်။သူမတကယ်ကိုထိတ်လန့်သွားတယ်””ဘာ..အခုဘာဖြစ်သွားတာတုန်း။”
“ငါ့ခေါင်းတစ်ခုလုံးထုံကျင်သွားတယ်။”
ကောင်းကင်ဂူစိတ်ဝိညာဉ်ကချက်ချင်းပဲသူ့ဟာသူ ပုန်းလိုက်တယ်။
“ငါအစကသူတို့ကိုငါ့ဘာသာငါရှာရမယ်လို့ထင်ထားတာ။သူတို့ကိုယ်တိုင်ငါ့ဆီကိုလာလိမ့်မယ်လို့မထင်ထားဘူး။”ချီမင်ဂရုမစိုက်ဘဲပြောလိုက်တယ်။”ကောင်းတာပေါ့။ဒီလိုဆိုငါ့စွမ်းအင်ကိုချွေတာလို့ရပြီ။”
ခြံအပြင်ဘက်မှာ တံခါးရှစ်ချပ်ဂိုဏ်းရဲ့ဂိုဏ်းချုပ်ရှစ်ယောက်ပေါ်လာတယ်။သူတို့က လျှို့ဝှက်နက်နဲတံခါးကျေးရွာရဲ့အရပ်ရှစ်မျက်နှာမှာရပ်နေကြပြီးလျှို့ဝှက်နက်နဲတံခါးနည်းစနစ်နဲ့အတူ အရေးပါတဲ့အစီအရင်မှတ်ရှစ်ခုမှာနေရာယူထားကြတယ်။
“သူကကောင်းကင်လျှို့ဝှက်ချက်ရဲ့ဆက်ခံသူလား။”
“အခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့်”
“ဒါက…”
“သူကတကယ်ပဲအခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့်မှာပဲရှိသေးတယ်။”
“ဟားဟား”
“ရယ်ဖို့ကောင်းတယ်။တကယ်ရယ်ဖို့ကောင်းတယ်။”
“သူကအခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့်မှာပဲရှိသေးတယ်။ဒါကိုတောင် လျှို့ဝှက်နက်နဲတံခါးကောင်းကင်ဂူထဲခြေချရဲတယ်။သူက’သေ’ဆိုတဲ့စကားလုံးကိုတောင်ဘယ်လိုရေးရမလဲဆိုတာတကယ်မသိတာလား။ကောင်းကင်ဂူစိတ်ဝိညာဉ်ကဒီတစ်ကြိမ်ဒီလောက်လွယ်လွယ်နဲ့ကူညီပေးတာမအံ့ဩတော့ပါဘူး။အဲ့တာကြောင့်တန်ဖိုးဖိုးနည်းနည်းပေးရုွနဲ့ငါတို့ကိုကူညီဖို့သဘောတူလိုက်တာပဲ။ဒါကဒီလိုကြောင့်ကိုး”
“ကောင်းကင်လျှို့ဝှက်ချက်ဆက်ခံသူကကျိန်းသေပေါက်ရှုံးလိမ့်မယ်လို့ထင်သွားတာလား။”
ဂိုဏ်းချုပ်ရှစ်ယောက်ကချီမင်ရဲ့အခြေအနေကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရတော့ ချက်ချင်းပဲကျယ်လောင်စွာရယ်လိုက်ကြတယ်။သူတို့ရဲ့အစကတည်တင်းနေတဲ့မျက်နှာကလည်းပြေလျော့သွားတယ်။
“ငါအရင်သွားမယ်။’
အဲ့ဒီချိန် သေခြင်းတံခါးဂိုဏ်းချုပ်အဖြူရောင်ဆံပင်နဲ့အဘိုးကြီးရှဝမ်လင်ပေါ်လာတယ်။သူကမည်းနက်နေတဲ့အနက်ရောင်ဝတ်စုံကိုဝတ်ထားပြီးသူ့ဘေးနားမှာမီးခိုးရောင်မြူခိုးတွေဝန်းရံနေတယ်။သူ့တစ်ကိုယ်လုံးကအရမ်းကိုသိပ်သည်းတဲ့သေခြင်းစွမ်းအင်တွေနဲ့ပြည့်နေပြီးသူ့ပုံရိပ်ကခါးကုန်းနေတယ်။သူ့တစ်ကိုယ်လုံးကိုအစိမ်းရောင်မြူခိုးတွေကြားမှာဖုန်းကွယ်ရင်းပြောတယ်”ငါ ကောင်းကင်လျှို့ဝှက်ချက်ရဲ့ဆက်ခံသူကိုစမ်းသပ်လိုက်မယ်။”
“ကောင်းပြီ။”
“မင်းရဲ့အကူအညီတွက်ကျေးဇူးပဲ ဂိုဏ်းချုပ်။”
“ဟုတ်ပြီ”
“…”
တစ်ခြားဂိုဏ်းချုပ်ခုနစ်ယောက်ကခေါင်းညိတ်တယ်။
“သေခြင်းတံခါး ပွင့်စမ်း”
ရှဲ့ဝေလင်ကလက်ချိတ်စည်းတွေကိုဖွဲ့စည်းပြီးရွာအောက်ခြေကိုကြည့်လိုက်တယ်။သူရဲ့ဓမ္မစွမ်းအားတွေကိုလည်ပတ်ပြီး သေခြင်းတံခါးကိုအသက်သွင်းလိုက်တယ်။
“သေခြင်းဝိညာဉ်တိုင်းပြည်”
ဘုန်း!
ရှဲ့ဝေလင်းကများပြားတဲ့ဓမ္မစွမ်းအားတွေကိုထုတ်လွတ်ပြီးတော့ရွာထဲကိုလွှတ်ကာဟိန်းဟောက်လိုက်တယ်။ရွာတစ်ခုလုံးရဲ့ကောင်းကင်ယံမှာ မယှဉ်နိုင်လောက်အောင်ကြီးမားတဲ့ အစီအရင်ကြီးတစ်ခုချက်ချင်းကိုပေါ်လာတယ်။
အစီအရင်တစ်ခုလုံးကအနားရှစ်ဘက်ရှ်ိပြီး နက်နဲတဲ့စာလုံးပုံစံတွေနဲ့ဖုံးအုပ်ထားတယ်။
သေခြင်းတံခါးထဲကိုစွမ်းအင်တွေအများကြီးလောင်းထည့်ပြီးအစီအရင်ကိုဖွဲ့စည်းလိုက်တယ်။
ဝေါင်း! ဝေါင်း! ဝေါင်း!
ကျယ်လောင်တဲ့ဟိန်းဟောက်သံတစ်ခုထွက်ပေါ်လာတယ်။
အရပ်မျက်နှာတိုင်းကနေလာနေတယ်။
အရမ်းကိုကြောက်ဖို့ကောင်းတယ်။
အဲ့ဒီချိန်တစ်ရွာလုံးကမမျှော်လင့်ထား တွေဖြစ်သွားတယ်။
ခရက်! ခရက်!
မြေကြီးကအက်ကွဲသွားတယ်။
ဖုတ်ကောင်တွေကမြေကြီးထဲကနေတစ်ကောင်ပြီးတစ်ကောင်တွားသွားထွက်လာတယ်။သူတို့တွေကအရမ်းများတယ်။သေခြင်းတံခါးရဲ့ကြီးမားတဲ့စွမ်းအင်အောက်မှာ ရွာထဲမှာရှိတဲ့ရွာသားတွေကကြောက်ဖို့ကောင်တဲ့ မသေမျိုးမွန်းစတားတွေဖြစ်သွားတယ်။
နေရာတိုင်းကနေဟိန်းဟောက်သံတွေထွက်ပေါ်လာတယ်။
အရမ်းကိုတိုတောင်းတဲ့အချိန်တွင်းမှာ တစ်ရွာလုံးက သေခြင်းဝိညာဉ်တိုင်းပြည်ဖြစ်သွားတယ်။
အကုန်ကြည့်လိုက်ရင် ဖုတ်ကောင်းအမျိုးမျိုး မသေနိုင်တဲ့မွန်းစတားတွေအစုံကိုတွေ့ရတယ်။
သူတို့တွေကသိပ်သိပ်သည်းသည်းစုထည့်ထားသလိုပဲ။
မရေမတွက်နိုင်လောက်အောင်ရှ်ိတယ်။
“တိုက်!”
ရှဲ့ဝမ်လင်ကအော်လိုက်ပြီး သေခြင်းဝိညာဉ်တိုင်းပြည်ကိုထိန်းချုပ်လိုက်တယ်။အရမ်းကိုများပြားတဲ့ဖုတ်ကောင်တွေသရဲတွေ မွန်းစတားတွေကအစီအရင်တစ်ခုဖွဲ့စည်းပြီးချီမင်ရှ်ိကိုဝိုင်းလာကြတယ်။
“ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ဖြန့်ထားတဲ့နည်းစနစ်ပဲ။”
ချီမင်ရွာတစ်ခုလုံးရဲ့ပြောင်းလဲမှုကိုသဘာဝအတိုင်းပဲအာရုံခံလိုက်ရတယ်။သူတံခါးရှစ်ချပ်ထဲကတစ်ခုရဲ့ပြင်းထန်တဲ့စွမ်းအားကိုသိသိသာသာခံစားလိုက်ရတယ်။
“သေခြင်းတံခါးပုံကားချပ်။”
ချီမင်ရွာအပေါ်ကအစီအရင်ဖွဲ့စည်းပုံကိုကြည့်လိုက်တယ်။သူ့အကြည့်ကဖြတ်သန်း သွားပြီးလျှို့ဝှက်နက်နဲနည်းစနစ်ကိုလှည့်ပတ်လိုက်တယ်။သူအစီအရင်ဖွဲ့စည်းတစ်ခုလုံးကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်။
လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူကမ္ဘာမှာရှိတဲ့ တံခါးရှစ်ချပ်လုံးက လျှို့ဝှက်နက်နဲတံခါး နည်းစနစ်ကို ကျင့်ကြံထားကြတယ်။ အဲ့ဒါက ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်က လျှို့ဝှက်နက်နဲနိမိတ်ဖတ်အံ့ဖွယ်စွမ်းအားကနေတစ်ဆင့် ဖန်တီးခဲ့တဲ့ ကျင့်ကြံခြင်းနည်းလမ်းတစ်ခုဖြစ်တယ်။
ချီမင်နားလည်ဖမ်းဆုပ်မိတဲ့ နည်းစနစ်ကကမ္ဘာထဲကတံခါးရှစ်ချပ်ရဲ့ မူလအစနဲ့ အနှစ်ဖြစ်တယ်။ ဒါ့အပြင် ချီမင်က အဲ့ဒီနည်းစနစ်ကို ပြီးပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံပြီးထားတယ်။
ချီမင်က သေခြင်းတံခါးပုံကားချပ်တစ်ခုလုံးကို အလွယ်တကူ မြင်နိုင်တယ်။
အဲ့ဒီအချိန်မှာ လျှို့ဝှက်နက်နဲတံခါးကျေးရွာတစ်ခုလုံးက မွန်းစတားတွေက ချီမင်ကို ဝိုင်းရံထားပြီ။ သူတို့တွေ အရမ်းများပြားလွန်းပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ အရှိန်အဝါတွေနဲ့ အရပ်မျက်နှာပေါင်းစုံကနေ သူ့ကို တိုက်ခိုက်လာကြတယ်။
“လစ်စမ်း!”
ဘုန်း!
ချီမင်ခြေတစ်လှမ်းတိုးလိုက်ပြီး ကြာပန်းစိမ်းဓားတာအိုကို ထုတ်လွှတ်လိုက်တယ်။ ဆယ့်နှစ်လွှာရှိတဲ့ သောင်းပြောင်းကြာပန်းစိမ်းပေါ်ထွက်လာပြီးကိုယ်ပိုင်ရတနာသုံးခုလုံး ပေါ်လာတယ်။
ချက်ချင်းဆိုသလို မရေမတွက်နိုင်တဲ့ ဓားချီတွေက ပန်းပွင့်ချပ်တွေလိုမျိုး လှပစွာပွင့်အာထွက်လာတယ်။ပွင့်လွှာတစ်ခုကနေ ဆံခြည်မျှင်လိုသေးငယ်တဲ့ မရေမတွက်နိုင်တဲ့ဓားချီအဖြစ်ပြန့်ကျဲထွက်သွားတယ်။
ရှပ်! ရှပ်! ရှပ်!!!
ဂျိန်း!!!
အဲ့ဒီအချိန်မှာ အလယ်ဗဟိုမှာ ပန်းတစ်ပွင့် ဖူးပွင့်လာသလိုပဲ။
ပတ်ဝန်းကျင်မှာ တိုးဝင်လာတဲ့ မွန်းစတားတွေအားလုံးက ဒီကြောက်မက်ဖွယ်ဓားချီကြောင့် ပျက်စီးသွားပြီး သူတို့ရဲ့အသွေးအသားတွေက ကောင်းကင်ကိုဖုံးလွှမ်းကာ ပတ်ဝန်းကျင်ကို လွင့်စင်သွားတဲ့အထိထိုးဖောက်ခံလိုက်ရတယ်။
မြေပြင်တစ်ခုလုံး ပုံပျက်ပန်းပျက် အသွေးအသားတွေနဲ့ ဖုံးလွှမ်းသွားတယ်။
ငရဲပြည်နဲ့တောင်တူတယ်။
“အားကောင်းလိုက်တဲ့ ဓားချီပဲ။”
ရှဲ့ဝမ်လင် တုန်လှုပ်သွားပြီး “ကောင်းကင်လျှို့ဝှက်ချက်ရဲ့ဆက်ခံသူဆိုတဲ့အတိုင်းပဲ။ သူ့ရဲ့ကျင့်ကြံမှုက အခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့်မှာပဲရှိသေးပေမယ့် သူ့ရဲ့ခွန်အားက ဒီအဆင့်ကိုရောက်နေပြီ။ ခုနကထွက်လာတဲ့စွမ်းအားက ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်ကိုတောင် ရောက်နေလောက်ပြီ။”
“ဟုတ်တယ်။”
“ငါမှားသွားပြီ။”
“ဒါပေမယ့် အရေးမကြီးပါဘူး။ သူကအခု လျှို့ဝှက်နက်နဲတံခါးကျေးရွာထဲမှာ။ ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်ကိုရောက်ဖို့မပြောနဲ့၊ သူသာ တာအိုပေါင်းစည်းခြင်းအဆင့်ကိုရောက်ရင်တောင် အသုံးမဝင်ဘူး။”
“အလျင်လိုစရာမလိုပါဘူး။”
“ငါ သူ့ရဲ့ဓမ္မစွမ်းအားတွေကို တဖြည်းဖြည်းချင်း ကုန်ခမ်းအောင်လုပ်မယ်။”
“နောက်ဆုံးမှာတော့ သူ့ကိုဖမ်းမိမှာပဲ။”
ဂိုဏ်းချုပ်အသီးသီးက ဆွေးနွေးကြတယ်။
သူတို့က အစကတည်းက အစီအစဉ်ဆွဲပြီးသားဖြစ်တယ်။
“ဝိညာဉ်သားရဲ တွေ၊ ထွက်ခဲ့ကြ။”
ချီမင်ကပြောလိုက်တယ် “မင်းတို့ လေ့ကျင့်ခန်းလုပ်ရမယ့်အချိန်ရောက်ပြီ”
ရှုး! ရှုး! ရှုး!
ချီမင်က သူ့ရဲ့ညာလက်ကို ဝှေ့ယမ်းလိုက်တော့ အလင်းတန်းအချို့က လေကိုခွင်းပြီး ထွက်ပေါ်လာတယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ။
ဟော့ချန်ချင်း၊ နှင်းနတ်ဆိုးမနဲ့ ယင်ယန်နတ်ဆိုးလင်းနို့တို့ ပေါ်ထွက်လာကြတယ်။
“သခင်”
သူတို့သုံးယောက်လုံးက ချီမင်ကို အရိုအသေပေးလိုက်ကြတယ်။
“အစွမ်းကုန်တိုက်ခိုက်ကြ။”
ချီမင်ကအမိန့်ပေးလိုက်တယ် “ဒီသေခြင်းတိုင်းပြည်ကို ဖျက်ဆီးပစ်လိုက်”
“ဟုတ်ကဲ့။”
“ဟုတ်ကဲ့။”
ဟော့ချန်ချင်းနဲ့ တခြားသူတွေက ပြန်ဖြေလိုက်ကြတယ်။
ဟော့ချန်ချင်း၊ နှင်းနတ်ဆိုးမနဲ့ ယင်ယန်နတ်ဆိုးလင်းနို့တို့အားလုံးက ဗလာနယ်စွန့်ခွာခြင်းနှောင်းပိုင်းအဆင့်မှာရှိကြတယ်။ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်က မနိမ့်သလို သူတို့ရဲ့ခွန်အားကလည်း မနည်းဘူး။
သူတို့တွေက ဒီမသေနိုင်တဲ့မွန်းစတားတွေကို ရင်ဆိုင်ဖို့ အသင့်တော်ဆုံးပဲ။
“ဝိညာဉ်သားရဲတွေတဲ့လား။”
“ဒါက...”
“သူ့ရဲ့ကျင့်ကြံမှုအဆင့်က အခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့်မှာပဲရှိသေးတာ၊ ဒါပေမယ့် သူက ဝိညာဉ်သားရဲသုံးကောင်တောင် မွေးမြူထားတယ်။ လူသားဝိညာဉ်သားရဲတောင်ပါတယ်ဟ။ ဒါက နတ်ဆိုးနည်းစနစ်ပဲ။”
“အထင်ကြီးစရာပဲ။”
“ဝိညာဉ်သားရဲသုံးကောင်လုံးက တကယ်ပဲ ဗလာနယ်စွန့်ခွာခြင်းနှောင်းပိုင်းအဆင့်မှာ ရှိနေကြတာပဲ။”
“သူတို့ကို တကယ်ပဲ လျှော့တွက်လို့မရဘူး။”
ဂိုဏ်းချုပ်တွေက ဆွေးနွေးကြတယ်။
သူတို့အားလုံးက တာအိုပေါင်းစည်းခြင်းအဆင့်မှာ ရှိနေကြတဲ့အတွက် သူတို့ရဲ့အသံတွေက အရမ်းကို ပေါ့ပါးနေတယ်။
သူတို့မျက်စိထဲမှာတော့ ဗလာနယ်စွန့်ခွာခြင်းအဆင့်ဆိုတာ နည်းနည်းပိုကြီးတဲ့ ပုရွက်ဆိတ်တစ်ကောင်လောက်ပဲဖြစ်တယ်။
ဘုန်း! ဘုန်း! ဘုန်း!!!
တိုက်ပွဲက စတင်ဖြစ်ပွားလာတယ်။
ဟော့ချန်ချင်းနဲ့ တခြားသူတွေက သေခြင်းဝိညာဉ်တိုင်းပြည်ကို တားဆီးထားလိုက်တယ်။ အလောင်းတွေ ပိုပိုပြီး ပေါ်ထွက်လာတယ်။ သတိမထားမိလိုက်ခင်မှာပဲ သေခြင်းတံခါးပုံကားချပ်အောက်က ဒီအလောင်းတွေနဲ့ အသွေးအသားတွေက ထူးဆန်းတဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာတယ်။
“အချိန်ကျပြီ။”
ရှဲ့ဝမ်လင်ရဲ့အကြည့်က ဝင်းလက်သွားပြီး သူက ဆိုးယုတ်စွာရယ်မောလိုက်တယ် “ကောင်းကင်လျှို့ဝှက်ချက်ရဲ့ဆက်ခံသူ၊ မင်းကို သေခြင်းတံခါးပုံကားချပ်ရဲ့ အပြင်းထန်ဆုံးနည်းစနစ်၊ သေခြင်းတံခါးအရှင်ကို ပြလိုက်မယ်!”
“ပေါ်ထွက်လော့!”
ဝေါင်း!
ရှဲ့ဝမ်လင်က အော်ဟစ်လိုက်ပြီး များပြားတဲ့ဓမ္မစွမ်းအားတွေကို အဲ့ဒီထဲကို ထိုးသွင်းလိုက်တယ်။ သေခြင်းတံခါးပုံကားချပ်ရဲ့ စွမ်းအားက လုံးဝပေါက်ကွဲထွက်လာပြီး အလောင်းတွေနဲ့ အသွေးအသားအားလုံးက ထူးဆန်းတဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာတယ်။
လေထဲမှာ။
သေခြင်းတံခါးပုံကားချပ်ရဲ့ အလယ်ဗဟိုမှာ မယှဉ်နိုင်လောက်အောင် ကြီးမားတဲ့ ဝဲဂယက်တစ်ခု ပေါ်ထွက်လာတယ်။ အလောင်းတွေနဲ့ အသွေးအသားအားလုံးက သေခြင်းမြူခိုးအဖြစ် ပြောင်းလဲသွားပြီး အဲ့ဒီဝဲဂယက်ထဲကို ပေါင်းစပ်ဝင်ရောက်သွားတယ်။
ဘုန်း!
ကျယ်လောင်တဲ့ အသံကြီးတစ်ခု ထွက်ပေါ်လာတယ်။
ဝဲဂယက်က ပျောက်ကွယ်သွားတယ်။
မယုံနိုင်လောက်အောင် ကြီးမားပြီး ရုပ်ဆိုးအကျည်းတန်တဲ့ မွန်းစတားတစ်ကောင် ပေါ်ထွက်လာတယ်။ သူ့ရဲ့ကြီးမားတဲ့ခေါင်းမှာမျက်နှာပေါင်း တစ်ရာကျော်ရှိတယ်။ အဲ့ဒါက လုံးဝကို ကြီးမားပြီး မီတာ ၅၀၀ မြင့်တယ်။ ကြီးမားတဲ့ ဘောလုံးတစ်လုံးလိုပဲ၊ ဒါပေမယ့် မရေမတွက်နိုင်တဲ့ လက်တွေနဲ့ ဖုံးလွှမ်းနေတယ်။
ဒါက ထူးဆန်းတယ်၊ ဆိုးယုတ်တယ်၊ ပြီးတော့ မကောင်းဆိုးဝါးဆန်တယ်...
“ဒါ ဘာမွန်းစတားကြီးလဲ။”
ချီမင် မျက်မှောင်ကြုတ်လိုက်တယ်။
“ဟားဟားဟား...”
ရှဲ့ဝမ်လင်က အရမ်းကို စိတ်လှုပ်ရှားစွာနဲ့ အားရပါးရ ရယ်မောလိုက်တယ် “အောင်မြင်ပြီ၊ ငါအောင်မြင်ပြီ။ သေခြင်းတံခါးအရှင်၊ ဒါက သေခြင်းတံခါးအရှင်ပဲ။ လျှို့ဝှက်နက်နဲတံခါးကျေးရွာရဲ့အကူအညီသာမရှိရင် ဒီမွန်းစတားကို ဖန်တီးဖို့ လွယ်မှာမဟုတ်ဘူး။”
“ဂိုဏ်းချုပ်ရှဲ့၊ မင်းရဲ့ဝါသနာကတော့ တကယ်ကိုထူးဆန်းတယ်။”
“ဒီမွန်းစတားက အရမ်းရွံစရာကောင်းတယ်။”
“စက်ဆုပ်စရာပဲ...”
တခြားဂိုဏ်းချုပ်တွေကလည်း မပြောဘဲမနေနိုင်အောင် ဖြစ်သွားတယ်။
“ဟားဟားဟား...”
ရှဲ့ဝမ်လင်က ဆက်ပြီး အားရပါးရရယ်မောလိုက်တယ် “မင်းတို့ ဘာမှမသိကြဘူး။ ဒါက သေခြင်းတံခါးရဲ့ ဆွဲဆောင်မှုပဲ။ ဒါက ပုံပျက်နေတဲ့ အလှတရားပဲ...”
“သေခြင်းတံခါးအရှင်!”
ရှဲ့ဝမ်လင်က ဟိန်းဟောက်လိုက်တယ် “တိုက်ခိုက်!”
ဝေါင်း!
သူစကားဆုံးတာနဲ့ သေခြင်းတံခါးအရှင်က ချက်ချင်းတိုက်ခိုက်လာပြီး ဟိန်းသံတွေ ထွက်ပေါ်လာတယ်။ ကြီးမားတဲ့ခန္ဓာကိုယ်က မျက်နှာပေါင်းတစ်ရာကျော်နဲ့ ဖွဲ့စည်းထားပြီး မျက်နှာတိုင်းမှာ သွေးစွန်းနေတဲ့ ပါးစပ်ပေါက်တစ်ခုစီရှိတယ်။
အဲ့ဒီအချိန်မှာ သွေးစွန်းနေတဲ့ ပါးစပ်ပေါက်ပေါင်း ရာနဲ့ချီပြီး ပွင့်လာတယ်။
အနက်ရောင်အလင်းတန်းတွေက ဟိန်းဟောက်လိုက်တယ်။
ချီမင် တိုက်ခိုက်ခံလိုက်ရတယ်။
“ဒီလောက်ရွံစရာကောင်းတဲ့ မွန်းစတားက ငါ့မျက်စိရှေ့ကနေ အမြန်ဆုံး ပျောက်ကွယ်သွားသင့်တယ်”ချီမင်ပြောလိုက်တယ်။
ရှပ်!
အမှောင်မီးလျှံ ပေါ်ထွက်လာတယ်။
“နဂါးအသက်ရှုသံ။”
အမှောင်မီးလျှံက ချီမင်ရဲ့ခေါင်းပေါ်မှာ ဝေ့ဝဲနေတယ်။ သူက သူ့ရဲ့ခန္ဓာကိုယ်ကို မကြီးထားဘူး။ သူ့ရဲ့နဂါးခန္ဓာကိုယ်က တစ်မီတာလောက်ပဲရှည်ပေမယ့် အရမ်းကိုကြောက်ဖို့ကောင်းတဲ့ အနက်ရောင်နဂါးအသက်ရှုသံကို ဟိန်းဟောက်ထုတ်လွှတ်လိုက်တယ်။
ဒုန်း ဒုန်း ဒုန်း!!!
ဆက်တိုက်ပေါက်ကွဲသံတွေ ထွက်ပေါ်လာတယ်။
အနက်ရောင်အလင်းတန်းအားလုံးက အမှောင်မီးလျှံရဲ့ နဂါးအသက်ရှုသံကြောင့် ပျက်စီးသွားတယ်။ သူတို့တွေ လုံးဝခုခံနိုင်ခြင်းမရှိဘူး။ ကြီးမားကျယ်ပြန့်တဲ့ နဂါးအသက်ရှုသံက သေခြင်းတံခါးအရှင်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားတယ်။
ဝေါင်း! ဝေါင်း! ဝေါင်း!
သေခြင်းတံခါးအရှင်က အသည်းအသန် အော်ဟစ်ပြီး လေထဲမှာ ရုန်းကန်နေပေမယ့် ကြောက်မက်ဖွယ်ကောင်းတဲ့ အမှောင်မီးလျှံအောက်မှာ ပြာဖြစ်သွားပြီး ပျောက်ကွယ်သွားတယ်။
တစ်ချက်တည်းနဲ့ ပျက်စီးသွားတယ်။
“ဘာ... ဘာ?!”
“ဒါက...”
“ဘာဖြစ်သွားတာလဲ။”
ဂိုဏ်းချုပ်တွေလည်း တုန်လှုပ်သွားကြတယ်။