ကောင်းကင်လျှို့ဝှက်ချက် ဓမ္မမျက်လုံး၊ တာအိုပေါင်းစည်းခြင်းအဆင့်ရဲ့အထက်
Vol. 11 Ch. 156
ကောင်းကင်လျှို့ဝှက်ချက်စာအုပ်က သူ့အလိုလို စာမျက်နှာတွေ လှန်သွားတယ်။ အဲ့ဒီစာအုပ်ကလျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူနဲ့ လျှို့ဝှက်ဆန်းကြယ်စွာပေါင်းစည်းဝင်ရောက်သွားတယ်။ ချီမင် ကလည်း စာအုပ်ထဲက အပြောင်းအလဲတွေကို ခံစားမိနေတယ်။ သူတောင်မသိလိုက်ခင်မှာပဲ လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူရဲ့ စွမ်းအားက ကောင်းကင်လျှို့ဝှက်ချက်စာအုပ်နဲ့ နက်နက်ရှိုင်းရှိုင်း ပေါင်းစပ်သွားတယ်။
ပထမဆုံး စာမျက်နှာမှာ ချီမင်က ပုံရိပ်တစ်ခုပေါ်လာတာကို တွေ့လိုက်တယ်။ အဲ့ဒါက မှင်နဲ့ရေးဆွဲထားတဲ့ပန်းချီကားတစ်ချပ်နဲ့တူတယ်။ထူးဆန်းတဲ့ တံခါးတစ်ချပ်နဲ့လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူရဲ့ အသေးစားပုံစံလေးကိုဆွဲထားတယ်။
အဲ့ဒါက သုံးဖက်မြင်ပုံတစ်ချပ်ဖြစ်တယ်။
ပြီးတော့ ပုံရဲ့ဘေးကကမ္ဘာကြီးထဲမှာ၊ အရပ်မျက်နှာတိုင်းမှာတံခါးရှစ်ချပ်ရှိနေတယ်။
နောက်ဆုံးမှာ လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူ စိတ်ဝိညာဉ် ရှိနေတယ်။
စွမ်းရည်:ဖုန်းရွှေ လျှို့ဝှက်နက်နဲဖွဲ့စည်းပုံ
"စိတ်ဝင်စားဖို့ကောင်းသားပဲ။"
ချီမင်က အခုအချိန်မှာ ကောင်းကင်လျှို့ဝှက်ချက်စာအုပ်ကို အပေါ်ယံပဲ နားလည်သေးတယ်။ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က မလုံလောက်သေးတော့အပြည့်အဝမသန့်စင်ရသေးဘူး။ "ငါ ကောင်းကင်လျှို့ဝှက်ချက်စာအုပ်ကို တိုက်ရိုက်သုံးပြီး လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူရဲ့ စွမ်းအားကို ထုတ်သုံးလို့ရနေပြီပဲ။"
"ဒါက နောက်ထပ် နည်းလမ်းတစ်ခုလို့ ပြောလို့ရတယ်။"
လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူဆိုတာ ကမ္ဘာငယ်လေးတစ်ခုဖြစ်တယ်။ အဲ့ဒီ လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူရဲ့ စွမ်းအားကိုသာ ထုတ်သုံးနိုင်ခဲ့ရင် ချီမင်က တာအိုပေါင်းစည်းခြင်းအဆင့် နဲ့ ယှဉ်နိုင်တဲ့ စွမ်းအားကို ပိုင်ဆိုင်သွားမယ်။
ဒါ့အပြင်…
ကောင်းကင်ဂူရဲ့ စွမ်းအားဆိုတာကလည်း တာအိုပေါင်းစည်းခြင်းအဆင့်ရဲ့ အစွမ်းထက်တဲ့ နည်းစနစ်တစ်ခုဖြစ်တယ်။
ဂိုဏ်းချုပ်ရှစ်ယောက်က ကောင်းကင်ဂူလောကထဲမှာ ဘယ်ကောင်းကင်ဂူကိုမှ မတည်ဆောက်နိုင်ခဲ့ဘူး၊ ဒါကြောင့် သူတို့ကို တကယ့် တာအိုပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူတွေလို့ မသတ်မှတ်နိုင်ဘူး။
တကယ့်အစစ်အမှန်နဲ့တော့ တော်တော်ကွာခြားတယ်။
"မင်းတို့အတွက်ကတော့…"
ချီမင်က မြေပေါ်မှာ ဒူးထောက်နေတဲ့ ဂိုဏ်းချုပ်ရှစ်ယောက်ကို ကြည့်လိုက်တယ်။
"ကျွန်တော်တို့ အပြစ်ပေးခံဖို့ အသင့်ပါပဲ။"
ဂိုဏ်းချုပ်ရှစ်ယောက်က ခုခံဖို့ လက်လျှော့လိုက်ကြပြီ။
"ကောင်းပြီ။"
ချီမင်ရဲ့ မျက်လုံးတွေက အရောင်လက်သွားပြီး သူအော်လိုက်တယ်၊ "ဒါဆို လျှို့ဝှက်နက်နဲတံခါး နည်းစနစ်ကို သုံးကြ။ စိတ်ကို ဖွင့်ထား၊ ခုခံဖို့ မကြိုးစားနဲ့။ နားလည်ကြလား?"
"ဟုတ်ကဲ့။"
"ဟုတ်ကဲ့ပါ။"
"…"
ဂိုဏ်းချုပ်ရှစ်ယောက်က တညီတညွတ်တည်း ပြန်ဖြေလိုက်ကြတယ်။
လျှို့ဝှက်နက်နဲတံခါး နည်းစနစ်က လည်ပတ်သွားတယ်။
"ကောင်းကင်လျှို့ဝှက်ချက် ဓမ္မမျက်လုံး။"
ရှု!
စိတ်ကူးလိုက်တာနဲ့ ချီမင်က ညာလက်ထဲမှာ ကောင်းကင်လျှို့ဝှက်ချက် စုတ်တံကို ကိုင်ပြီး သူ့မျက်ခုံးနှစ်ခုကြားမှာ ညင်ညင်သာသာလေး ဆွဲလိုက်တယ်။ တာအိုစာလုံးတွေနဲ့ ဖွဲ့စည်းထားတဲ့ မျက်လုံးတစ်လုံးပုံစံဒေါင်လိုက်အမှတ်အသားတစ်ခု ပေါ်လာတယ်။
အဲ့ဒီနောက်မှာတော့ ချီမင်က ဂိုဏ်းချုပ်ရှစ်ယောက်ဆီက သူတို့ရဲ့ ကံအရှိန်အဝါ ကို မြင်လိုက်ရတယ်။
အရင်တုန်းက အထွတ်အထိပ်အချိန်က ဘိုးဘေး ကောင်းကင်လျှို့ဝှက်ချက်က သူ့ရဲ့အထွတ်အထိပ်ဓမ္မစွမ်းအားတွေကို သုံးပြီး တန်ဖိုးကြီးကြီးမားမားပေးပြီးလျှို့ဝှက်နက်နဲကမ္ဘာကနေ ကံတရားကြိုးတစ်မျှင်ကို အတင်းအကျပ် ဖြတ်တောက်ပြီး ကောင်းကင်လျှို့ဝှက်ချက်စာအုပ်နဲ့ ကောင်းကင်လျှို့ဝှက်ချက် စုတ်တံထဲကို ပေါင်းစပ်လိုက်တယ်။
ချီမင်က ကောင်းကင်လျှို့ဝှက်ချက် စုတ်တံကို သုံးပြီး သူ့ရဲ့ ကောင်းကင်လျှို့ဝှက်ချက် ဓမ္မမျက်လုံးကို အသက်သွင်းရင် ဂိုဏ်းချုပ်ရှစ်ယောက်ရဲ့ ကံတရားကို မြင်နိုင်ပေမယ့် ဒီနည်းလမ်းမှာ တကယ်တော့ ကန့်သတ်ချက်တွေ အများကြီးရှိတယ်။
ပထမဆုံး ကန့်သတ်ချက်က သူ့ရဲ့အဆင့်နဲ့ ကျင့်ကြံမှု ကမလုံလောက်ဘဲ ကောင်းကင်လျှို့ဝှက်ချက် ဓမ္မမျက်လုံးကို အတင်းအကျပ် အသက်သွင်းလိုက်ရင် သူက ကံကြမ္မာရဲ့ တန်ပြန်သက်ရောက်မှု ကို ခံစားရလိမ့်မယ်။ တန်ပြန်သက်ရောက်မှု အမျိုးမျိုး ဖြစ်နိုင်တယ်။
ဥပမာအနေနဲ့၊ သူက အချိန်အတိုင်းအတာတစ်ခုအထိ ကံဆိုးသွားနိုင်တယ်။
ဒါပေမဲ့ ချီမင်ကသန့်စင်ရွှေခန္ဓာကို သုံးပြီး သူ့ကိုယ်သူ ကာကွယ်ထားတော့ နည်းစနစ်အားလုံးကို ခုခံနိုင်စွမ်းရှိတယ်။ ပြီးတော့ ချီမင်ကသန့်စင်ခြင်းသုံးပါးတာအိုကျမ်းကို ကျင့်ကြံထားတယ်။သူ့ရဲ့ ကျင့်ကြံမှုအဆင့်က အခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့်ပဲရှိသေးပေမယ့်၊ ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုစစ်မှန်ရည်ရွယ်ချက်ရဲ့ အားဖြည့်မှုအောက်မှာဆိုရင်၊ ကောင်းကင်လျှို့ဝှက်ချက် ဓမ္မမျက်လုံးကို အလွန်အကျွံမသုံးသရွေ့ သူက ကံကြမ္မာရဲ့ တန်ပြန်သက်ရောက်မှုကို ခံစားရမှာ မဟုတ်ဘူး။
ဒုတိယ ကန့်သတ်ချက်က
ပုံမှန်အားဖြင့်ဆိုရင် ကောင်းကင်လျှို့ဝှက်ချက် ဓမ္မမျက်လုံးက သူ့ထက် ကျင့်ကြံမှုအဆင့် နိမ့်တဲ့သူတွေကိုပဲ ထောက်လှမ်းလို့ရတယ်။ သူ့ထက် ကျင့်ကြံမှုအဆင့် မြင့်တဲ့သူတွေကို အတင်းအကျပ် ထောက်လှမ်းမိရင်၊ တခြားတစ်ဖက်ကလူရဲ့ ကံကြမ္မာက သူ့ကို ဝါးမျိုသွားနိုင်ပြီး အန္တရာယ်ကြီးကြီးမားမား ကျရောက်နိုင်တယ်။ သူ့ရဲ့ အနှစ်သာရဝိညာဉ် တောင်မှ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာမျိုးဒါမှမဟုတ် တခြားတစ်ဖက်ကလူ သိသွားတာမျိုး ဖြစ်နိုင်တယ်။
ဒါကြောင့် ချီမင်က ဂိုဏ်းချုပ်ရှစ်ယောက်ကို မခုခံဖို့ ပြောခဲ့တာဖြစ်တယ်။
တတိယ ကန့်သတ်ချက်ကတော့၊
ကောင်းကင်လျှို့ဝှက်ချက် ဓမ္မမျက်လုံးက ကံကြမ္မာကို ထိုးထွင်းသိမြင်နိုင်ပေမယ့်၊ အဲ့ဒီအပေါ်မှာ အလွန်အကျွံ အားကိုးလို့မရဘူး၊ ထိန်းချုပ်ဖို့ ကြိုးစားဖို့ဆိုတာကတော့ ပိုလို့တောင် မဖြစ်ဘူး။ အဲ့လိုလုပ်ရင် ကြောက်ဖို့အကောင်းဆုံး တန်ပြန်သက်ရောက်မှုကို ခံစားရလိမ့်မယ်။
စကားပုံတစ်ခုရှိတယ်"ကံကြမ္မာကို ထိန်းချုပ်တဲ့သူကကံကြမ္မာရဲ့ လှည့်စားခြင်းကို အမြဲခံရလိမ့်မယ်"
နောက်ထပ် စကားတစ်ခွန်းလည်း ရှိသေးတယ်၊ "တစ်ယောက်ယောက်က ချောက်နက်ကြီးကို စိုက်ကြည့်နေရင်၊ ချောက်နက်ကြီးကလည်း သူ့ကို ပြန်စိုက်ကြည့်နေလိမ့်မယ်"
"ကောင်းကင်လျှို့ဝှက်ချက် စုတ်တံ။"
စိတ်ကူးလိုက်တာနဲ့ ချီမင်က ဓမ္မစွမ်းအားတွေကို ကောင်းကင်လျှို့ဝှက်ချက် စုတ်တံထဲကို ထည့်သွင်းပြီး စုတ်တံရဲ့ စွမ်းအားကို သုံးလိုက်တယ်။ ကောင်းကင်လျှို့ဝှက်ချက်စာအုပ်ရဲ့ စွမ်းအားနဲ့ ပေါင်းစည်းပြီး သူက စုတ်တံကို ဓားတစ်လက်လို သုံးကာ ဂိုဏ်းချုပ်ရှစ်ယောက်ရဲ့ ခေါင်းပေါ်မှာ ညင်ညင်သာသာလေး ခြစ်ချလိုက်တယ်။
"ဖြတ်!" ချီမင် အော်လိုက်တယ်။
တစ်နည်းနည်းနဲ့ချီမင်က ကောင်းကင်လျှို့ဝှက်ချက် စုတ်တံကို သုံးပြီး ဂိုဏ်းချုပ်ရှစ်ယောက်ဆီက ကံတရားတစ်မျှင်ကို ထုတ်ယူလိုက်ပြီး သူတို့ကို ကောင်းကင်လျှို့ဝှက်ချက်စာအုပ်ထဲကို နောက်တစ်ခါပေါင်းစပ်လိုက်တယ်။
ကောင်းကင်လျှို့ဝှက်ချက်စာအုပ်ရဲ့စာမျက်နှာတွေလှန်သွားတယ်။
ပထမဆုံး စာမျက်နှာကို ဖွင့်လိုက်တယ်။
မြင်ကွင်းက တစ်ခါထပ်ပြောင်းသွားတယ်။
လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူရဲ့ ပုံစံပေါ်မှာ တံခါးရှစ်ချပ် ရှိတယ်။ အဲ့ဒီမှာ ဂိုဏ်းချုပ်ရှစ်ယောက်ရဲ့ အခြေခံအချက်အလက်တွေ၊ သူတို့ရဲ့ နာမည်တွေ၊ နောက်ကြောင်းရာဇဝင်၊ အထောက်အထား၊ အဆင့်၊ ကျင့်ကြံခြင်းနည်းစနစ်စတဲ့ဟာတွေကိုဖော်ပြထားတယ်။
ချီမင်သာ တန်ဖိုးတစ်ခုခု ပေးဆပ်ဖို့ ဆန္ဒရှိရင်၊ သူက ကောင်းကင်လျှို့ဝှက်ချက် စုတ်တံကို တိုက်ရိုက် အသက်သွင်းပြီး ကောင်းကင်လျှို့ဝှက်ချက်စာအုပ်ပေါ်မှာ ရေးဆွဲနိုင်တယ်။ သူက ဂိုဏ်းချုပ်ရှစ်ယောက်ရဲ့ ကံကြမ္မာကို လုံးဝ ဖျက်ဆီးပစ်နိုင်တယ်။
အဲ့ဒီအချိန်ကျရင်၊ ကံကြမ္မာရဲ့ တန်ပြန်သက်ရောက်မှုအောက်မှာ ဂိုဏ်းချုပ်ရှစ်ယောက်က နေရာမှာတင် သေဆုံးသွားလိမ့်မယ်။
ချီမင်ကလည်း ကံကြမ္မာရဲ့ တန်ပြန်သက်ရောက်မှုကို ခံစားရမှာဖြစ်ပေမယ့် အများကြီး သေးငယ်တယ်။ ဒါ့အပြင်၊ သူ့မှာ တန်ပြန်သက်ရောက်မှုအများစုကို ခံနိုင်ရည်ရှိအောင် ကောင်းကင်လျှို့ဝှက်ချက်စာအုပ်နဲ့ ကောင်းကင်လျှို့ဝှက်ချက် စုတ်တံလည်းရှိနေသေးတယ်။
တစ်နည်းပြောရရင်၊ ဂိုဏ်းချုပ်ရှစ်ယောက်ရဲ့ အသက်ရှင်သန်မှုနဲ့ သေဆုံးမှုက ချီမင်ရဲ့ လက်ထဲကိုအပြည့်အဝကျ ရောက်သွားပြီ။
"သခင့်ကို ဂါရဝပြုပါတယ်။"
ဂိုဏ်းချုပ်ရှစ်ယောက်ရဲ့ နှလုံးသားတွေ တုန်လှုပ်သွားတယ်။ သူတို့ သတိပြန်ဝင်လာကြတယ်။ မမြင်နိုင်တဲ့ ကမ္ဘာ လောကတစ်ခုမှာသူတို့နဲ့ ကောင်းကင်လျှို့ဝှက်ချက်စာအုပ်ကြားက ဆက်သွယ်မှုကိုလည်း ခံစားမိပြီး သူတို့ရဲ့ အသက်တွေက ချီမင်ရဲ့ ထိန်းချုပ်မှုအောက်မှာ လုံးဝ ရောက်နေပြီဆိုတာကို သိလိုက်ကြတယ်။
ချီမင်က ခေါင်းညိတ်ပြီး ဂိုဏ်းချုပ်ရှစ်ယောက်ရဲ့ အခြေအနေကို သေသေချာချာ စစ်ဆေးလိုက်တယ်။
စတင်ခြင်းတံခါးဂိုဏ်းချုပ်: ကျန်းချင်း
အဆင့်: တာအိုပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့်
ကျင့်ကြံခြင်းနည်းစနစ်: စတင်ခြင်းတံခါး တာအိုပေါင်းစည်းခြင်းကျမ်း
အထောက်အထား: တံခါးရှစ်ချပ်ရဲ့ စတင်ခြင်းတံခါးဂိုဏ်းချုပ်
အခြေခံဖော်ပြချက်: ကျန်းချင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၈,၃၁၈) က လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူရဲ့ စတင်ခြင်းတံခါးနယ်မြေမှာ မွေးဖွားခဲ့တယ်။ သူက နှစ်ပေါင်း (၁၈,၃၀၀) ကျင့်ကြံခဲ့ပြီး လွန်ခဲ့တဲ့ နှစ် (၁၃,၀၀၀) က တာအိုပေါင်းစည်းခြင်းအဆင့်ကို ရောက်ရှိခဲ့တယ်…
…
အိပ်စက်ခြင်းတံခါးဂိုဏ်းချုပ်: လီရှင်း
အဆင့်: တာအိုပေါင်းစည်းခြင်းနှောင်းပိုင်းအဆင့်
ကျင့်ကြံခြင်းနည်းစနစ်: အိပ်စက်ခြင်းတံခါး တာအိုပေါင်းစည်းခြင်းကျမ်း
အထောက်အထား: တံခါးရှစ်ချပ်ရဲ့ အိပ်စက်ခြင်းတံခါးဂိုဏ်းချုပ်
အခြေခံဖော်ပြချက်: လီရှင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၉,၄၈၆)က လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူရဲ့ အိပ်စက်ခြင်းတံခါးနယ်မြေမှာ မွေးဖွားခဲ့တယ်။ သူက လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၉,၄၇၂)ကတည်းက ကျင့်ကြံခဲ့ပြီး လွန်ခဲ့တဲ့ နှစ်( ၁၅,၄၂၀) မှာ တာအိုပေါင်းစည်းခြင်းအဆင့်ကို ရောက်ရှိခဲ့တယ်…
ရှင်သန်ခြင်းတံခါးဂိုဏ်းချုပ်: ရှန်ဖေးယွမ်
အဆင့်: တာအိုပေါင်းစည်းခြင်းနှောင်းပိုင်းအဆင့်
ကျင့်ကြံခြင်းနည်းစနစ်: ရှင်သန်ခြင်းတံခါး တာအိုပေါင်းစည်းခြင်းကျမ်း
အထောက်အထား: တံခါးရှစ်ချပ်ရဲ့ ရှင်သန်ခြင်းတံခါးဂိုဏ်းချုပ်
အခြေခံဖော်ပြချက် လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူမှာ မွေးဖွားခဲ့… (ချန်လှပ်ထား)
…
နာကျင်ခြင်းတံခါးဂိုဏ်းချုပ်: ရှဖုန်း
အဆင့်: တာအိုပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့်
ကျင့်ကြံခြင်းနည်းစနစ်: နာကျင်ခြင်းတံခါး တာအိုပေါင်းစည်းခြင်းကျမ်း
အထောက်အထား: တံခါးရှစ်ချပ်ရဲ့ နာကျင်ခြင်းတံခါးဂိုဏ်းချုပ်
အခြေခံဖော်ပြချက်: လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူမှာ မွေးဖွားခဲ့… (ချန်လှပ်ထား)
…
ကန့်သတ်ခြင်းတံခါးဂိုဏ်းချုပ်: ကုန်းဝမ်လီ
အဆင့်: တာအိုပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့်
ကျင့်ကြံခြင်းနည်းစနစ်: ကန့်သတ်ခြင်းတံခါး တာအိုပေါင်းစည်းခြင်းကျမ်း
အထောက်အထား: တံခါးရှစ်ချပ်ရဲ့ ကန့်သတ်ခြင်းတံခါးဂိုဏ်းချုပ်
အခြေခံဖော်ပြချက်: လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူမှာ မွေးဖွားခဲ့… (ချန်လှပ်ထား)
…
ကြည့်ရှုခြင်းတံခါးဂိုဏ်းချုပ်: ဟူကျားရှို့
အဆင့်: တာအိုပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့်
ကျင့်ကြံခြင်းနည်းစနစ်: ကြည့်ရှုခြင်းတံခါး တာအိုပေါင်းစည်းခြင်းကျမ်း
အထောက်အထား: တံခါးရှစ်ချပ်ရဲ့ ကြည့်ရှုခြင်းတံခါးဂိုဏ်းချုပ်
အခြေခံဖော်ပြချက်: လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူမှာ မွေးဖွားခဲ့… (ချန်လှပ်ထား)
…
သေခြင်းတံခါးဂိုဏ်းချုပ်: ရှဲ့ဝမ်လင်
အဆင့်: တာအိုပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့်
ကျင့်ကြံခြင်းနည်းစနစ်: သေခြင်းတံခါး တာအိုပေါင်းစည်းခြင်းကျမ်း
အထောက်အထား: တံခါးရှစ်ချပ်ရဲ့ သေခြင်းတံခါးဂိုဏ်းချုပ်
အခြေခံဖော်ပြချက်: လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူမှာ မွေးဖွားခဲ့… (ချန်လှပ်ထား)
…
ထိတ်လန့်ခြင်းတံခါးဂိုဏ်းချုပ်: လျိုတုန်းလိုင်
အဆင့်: တာအိုပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့်
ကျင့်ကြံခြင်းနည်းစနစ်: ထိတ်လန့်ခြင်းတံခါး တာအိုပေါင်းစည်းခြင်းကျမ်း
အထောက်အထား: တံခါးရှစ်ချပ်ရဲ့ ထိတ်လန့်ခြင်းတံခါးဂိုဏ်းချုပ်
အခြေခံဖော်ပြချက်: လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူမှာ မွေးဖွားခဲ့… (ချန်လှပ်ထား)
…
ပြီးတော့ ကောင်းကင်လျှို့ဝှက်ချက်စာအုပ်ရဲ့ ပထမစာမျက်နှာ အဆုံးမှာ နောက်ထပ် စာကြောင်းတစ်ကြောင်း ရှိသေးတယ်။
တံခါးရှစ်ချပ်ရဲ့ ဂိုဏ်းချုပ်များ - လျှို့ဝှက်နက်နဲတံခါး နည်းစနစ်ကို အသုံးပြု၍၊ ကောင်းကင်နှင့်မြေကြီး၏ ကံကောင်းခြင်းကို ဆုပ်ကိုင်ကာ၊ မြေမျက်နှာသွင်ပြင်ကို ပြောင်းလဲပြီး၊ ကောင်းကင်ဂူ၏ စိတ်ဝိညာဉ်စွမ်းအားကို ဖြည့်စွက်ပေးနိုင်သည်။ သူတို့သည် လျှို့ဝှက်နက်နဲတံခါး ကျေးရွာကို တည်ထောင်နိုင်ပြီး အစီအရင်ဖွဲ့စည်းမှုနေရာလွတ်ကို ဖန်တီးပြောင်းလဲနိုင်သည်။
"မဆိုးပါဘူး။"
ချီမင်က ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်တယ်။
ဒီနည်းနဲ့ ချီမင်က လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူရဲ့ ဂိုဏ်းချုပ်ရှစ်ယောက်ကို ထိန်းချုပ်နိုင်သွားပြီ။ ဂိုဏ်းချုပ်ရှစ်ယောက်က သူ့ကို လက်အောက်ခံသွားပြီ။ သူတို့ရဲ့ အသက်က သူ့လက်ထဲမှာရှိတယ်။ ကောင်းကင်ဂူ စိတ်ဝိညာဉ်ကိုလည်း သိမ်းသွင်းပြီးသား ဖြစ်တာနဲ့ ပေါင်းလိုက်တော့ သူက လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူကို လုံးဝ ထိန်းချုပ်နိုင်သွားပြီဖြစ်တယ်။
နောက်တော့ တံခါးရှစ်ချပ် ဂိုဏ်းချုပ်တွေရဲ့ ဦးဆောင်မှုနဲ့ ချီမင်က လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူထဲမှာ လှည့်ပတ်ကြည့်ရှုပြီး ကမ္ဘာ တံခါးရှစ်ချပ်ရဲ့ ကျင့်ကြံနည်းစနစ်တွေနဲ့ စာအုပ်မျိုးစုံကို လေ့လာခဲ့တယ်။ သူက လျှို့ဝှက်နက်နဲတံခါး နည်းစနစ်ကို ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်သွားတယ်။
သုံးရက်ကြာတော့…
ချီမင်က လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူကနေ ထွက်ခွာလာတယ်။
သူက ဂိုဏ်းချုပ်အားလုံးကို ခေါ်ထုတ်လာခဲ့တယ်။
မြင်ကွင်းက ပြောင်းသွားတယ်။
ကောင်းကင်လျှို့ဝှက်ချက်အိမ်တော် ရဲ့ ခြံဝင်းထဲမှာ၊ ဟင်းလင်းပြင်က လှုပ်ခတ်သွားတယ်။
ချီမင်က သုံးမီတာလောက်အချင်းရှိတဲ့ ဘဲဥပုံ အနက်ရောင် ဝဲဂယက်တံခါးပေါက်ကနေ ထွက်လာတယ်။
စုချီမင်က ပထမဆုံးပေါ်လာပြီးပြောလိုက်တယ် "သခင်လေးကို ဂါရဝပြုပါတယ်"
ရှန်ကွမ်းဝမ်ကောက သရဲတစ်ကောင်လို မလှမ်းမကမ်းမှာ ပေါ်လာပြီး လျှောက်လာရင်းပြောလိုက်တယ် "သခင်လေး၊ လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူမှာ အခြေအနေ ဘယ်လိုရှိလဲ? ဘာမှ မရခဲ့ဘူးထင်တယ်"
"ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ အဲ့ဒီအချိန်ကျရင် ကျွန်တော် သခင်လေးနဲ့အတူ လိုက်ခဲ့မယ်။ သခင်လေးလျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူကို လုံးဝ သိမ်းသွင်းနိုင်အောင် ကူညီပေးမယ်လို့ အာမခံပါတယ်။"
ချီမင်ရဲ့ နောက်ကနေ ပုံရိပ်တွေ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာကြတယ်။
သူတို့က လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူရဲ့ ဂိုဏ်းချုပ်ရှစ်ယောက်ဖြစ်တယ်။
"သခင်။"
ဂိုဏ်းချုပ်ရှစ်ယောက်က ချီမင်ကို ဦးညွှတ်လိုက်ကြတယ်။
"ဒါ… ဒါက…"
ရှန်ကွမ်းဝမ်ကောရဲ့ မျက်နှာအမူအရာက နေရာမှာတင် ခဲသွားတယ်၊ "ဒါ… ဒါဘယ်လိုဖြစ်နိုင်မှာလဲ? တာအိုပေါင်းစည်းခြင်းအဆင့်တွေချည်းပဲ! အားလုံးက တာအိုပေါင်းစည်းခြင်းအဆင့်တွေ! လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူရဲ့ ဂိုဏ်းချုပ်ရှစ်ယောက်လုံး သခင်လေးရဲ့ လက်အောက်ကို ရောက်သွားကြပြီလား?"
"ဟားဟားဟား…"
စုချီမန်ကလည်း တုန်လှုပ်သွားတယ်။ သူ သတိပြန်ဝင်လာပြီး ချက်ချင်းရယ်မောလိုက်တယ်၊ "သခင်လေးက ဒီကမ္ဘာကြီးထဲမှာ ပြိုင်ဘက်ကင်းမှန်း ကျွန်တော်သိသားပဲ။ လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူလေးတစ်ခုကတော့ အလွယ်လေး သိမ်းသွင်းနိုင်မှာပေါ့။"
"သခင်လေး လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူကို သိမ်းသွင်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။" စုချီမန်က ဦးညွှတ်လိုက်တယ်။
"ဂုဏ်… ဂုဏ်ယူပါတယ် သခင်လေး…"
ရှန်ကွမ်းဝမ် ကောက စိတ်တည်ငြိမ်အောင် မထိန်းနိုင်တော့ဘူး။
ဒါက တာအိုပေါင်းစည်းခြင်းအဆင့်လေ။
သူတို့က တကယ့် တာအိုပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူတွေဖြစ်တယ်။
အခု ချီမင်က လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူကို လေးရက်ပဲ သွားခဲ့တာ။ သူက တကယ့်ကို ဂိုဏ်းချုပ်ရှစ်ယောက်လုံးကို ပြန်ခေါ်လာခဲ့တယ်။ တစ်ယောက်ချင်းစီတိုင်းက တာအိုပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူတွေချည်းပဲ။
ချီမင်က အခြေတည်ဝိညာဉ်အဆင့်ပဲ ရှိသေးတယ်။
တုန်လှုပ်စရာကြီး။
တကယ်ကို တုန်လှုပ်စရာကောင်းလွန်းတယ်။
ဒါက အားလုံးရဲ့ရှေ့မှာ ဝိညာဉ်ဖွဲ့တည်ခြင်းနှောင်းပိုင်းအဆင့် ဟန်ယွမ်ကို အနိုင်ယူခဲ့တာထက် အများကြီး ပိုပြီး တုန်လှုပ်စရာကောင်းတယ်။
ချီမင်က ခေါင်းညိတ်ပြီး ဂိုဏ်းချုပ်ရှစ်ယောက်ကို ကြည့်လိုက်တယ်၊ "နောက်ပိုင်းမှာ ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်မှာပဲနေပြီးတော့ လာမယ့်အချိန်အတိုင်းအတာတစ်ခုအထိ ပတ်ဝန်းကျင်နဲ့ အသားကျအောင် နေထိုင်ကြပါ။"
"ဟုတ်ကဲ့။"
"ဟုတ်ကဲ့ပါ။"
"သခင် စိတ်မပူပါနဲ့။"
"…"
ဂိုဏ်းချုပ်ရှစ်ယောက်က ပြောကြတယ်။
သူတို့အခု အရမ်းစိတ်လှုပ်ရှားနေကြတယ်။ လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူထဲမှာ နှစ်သောင်းချီနေခဲ့ပြီး တာအိုပေါင်းစည်းခြင်းအဆင့်ကို ရောက်ရှိခဲ့ပေမယ့်၊ သူတို့က ကောင်းကင်ဂူကမ္ဘာရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရတယ်။ ကျင့်ကြံတဲ့နည်းစနစ်နဲ့ ပေါင်းလိုက်တော့ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်တွေ တိုးတက်ဖို့ ခက်ခဲတယ်။
သူတို့က လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူကနေ ထွက်ပြီး လျှို့ဝှက်နက်နဲကမ္ဘာကိုလာရင်း၊ သူတို့ရဲ့ အမြင်တွေကို ချဲ့ထွင်ချင်ခဲ့ကြတယ်။ သူတို့က လက်ရှိကျင့်ကြံမှုကို ချိုးဖြတ်ပြီး ပိုမြင့်တဲ့အဆင့်ကို ရောက်ချင်ကြတယ်။
တာအိုပေါင်းစည်းခြင်းအဆင့်အထက်မှာ ဒဏ္ဍာရီလာ အတိဒုက္ခ ကျော်လွှားခြင်းအဆင့် ရှိတယ်။
ကောင်းကင်ဂူလောကထဲမှာ အတိဒုက္ခကို ကျော်လွှားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ လျှို့ဝှက်နက်နဲကမ္ဘာထဲကို ဝင်ပြီး ကောင်းကင်နဲ့မြေကြီး မဟာတာအိုရဲ့ သက်သေခံမှုအောက်မှာကောင်းကင်မိုးကြိုးအတိဒုက္ခ ကို ကြိုဆိုရမှာဖြစ်တယ်။
သူတို့ ကျော်လွှားနိုင်ခဲ့ရင်၊ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်တွေက အလိုလို တိုးတက်လာပြီး ကမ္ဘာသစ်တစ်ခုဆီ ခြေချနိုင်လိမ့်မယ်။
ဒါပေမဲ့ မကျော်လွှားနိုင်ခဲ့ရင်တော့ သူတို့ သေဆုံးပြီး သူတို့ရဲ့ တာအိုက ပြိုကွဲကာ ပြာမှုန့်ဖြစ်သွားလိမ့်မယ်။
ဒုတိယ ဖြစ်နိုင်ခြေဆိုတာ မရှိဘူး။
သူတို့ရဲ့ အခြေတည်ဝိညာဉ်က လွတ်မြောက်ပြီး ခြေရာမဲ့အင်မော်တယ်ဖြစ်သွားတာမျိုးလည်း မရှိဘူး။
ကျရှုံးခြင်းဆိုတာ သေခြင်းပဲရှိတယ်။
ဟုတ်တယ်၊ အတိဒုက္ခကျော်လွှားခြင်းအဆင့်က ချီမင်အတွက် အခုချိန်မှာတော့ အများကြီး ဝေးနေသေးတယ်။ သူက အခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့်မှာပဲ ရှိသေးပြီး ဗလာနယ်စွန့်ခွာခြင်းအဆင့်ကိုတောင် မချိုးဖြတ်နိုင်သေးဘူး။ နောက်လာမယ့် အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ ချီမင်က ကောင်းကင်လျှို့ဝှက်ချက်စာအုပ်နဲ့ ကောင်းကင်လျှို့ဝှက်ချက် စုတ်တံကို လေ့လာနေရင်း၊ သူက အလိုအလျောက်ကျင့်ကြံနေပြီးကောင်းကင်လျှို့ဝှက်ချက်အိမ်တော်မှာပဲ အမြဲတမ်း နေထိုင်တယ်။