နှစ်လေးဆယ် ကြာပြီး ဗလာနယ်စွန့်ခွာခြင်းအဆင့်ကို ချိုးဖြတ်ခြင်း!
Vol. 11 Ch. 157
ချီမင်က ကောင်းကင်လျှို့ဝှက်ချက်စာအုပ်နဲ့ ကောင်းကင်လျှို့ဝှက်ချက်စုတ်တံကို အစောပိုင်းအဆင့်ထိနားလည်သွားတယ်။ လျှို့ဝှက်နက်နဲတံခါးကောင်းကင်ဂူရဲ့ စိတ်ဝိညာဉ်ကိုလည်း ကောင်းကင်လျှို့ဝှက်ချက်စာအုပ်ထဲမှာထိန်းချုပ်ထားတယ်။အဲ့တာကြောင့် သူ့လက်အောက်ကို လုံးဝရောက်နေပြီ။
ဆက်ပြီးတော့ သူက ကောင်းကင်လျှို့ဝှက်ချက်စာအုပ်နဲ့ ကောင်းကင်လျှို့ဝှက်ချက်စုတ်တံကို ထိန်းချုပ်တာကို တဖြည်းဖြည်းနဲ့ ပိုပြီးအကျွမ်းတဝင်ဖြစ်လာတယ်။ စာအုပ်နဲ့စုတ်တံရဲ့ စွမ်းအားတွေကို ချောချောမွေ့မွေ့ အသုံးချနိုင်လာသလို၊ လျှို့ဝှက်နက်နဲတံခါးကောင်းကင်ဂူရဲ့ စွမ်းအားကိုလည်း ထိန်းချုပ်နိုင်လာတယ်။
သူ့ရဲ့ခွန်အားက ပိုပြီးတိုးတက်လာတယ်။
အချိန်တွေကလည်း တရွေ့ရွေ့ကုန်ဆုံးသွားတယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ဆယ်နှစ်ကြာသွားတယ်။
ဒီနေ့မှာတော့...
ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်မှာ
ကောင်းကင်နဲ့မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေက စုစည်းလာပြီးအရမ်းကိုကြီးမားတဲ့ ဝိညာဉ်စွမ်းအင်တိမ်တိုက်ဝဲဂယက်ကြီး ဖြစ်ပေါ်လာတယ်။ အဲ့ဒီဝဲဂယက်ကပျံနှံ့သွားပြီး ပတ်ဝန်းကျင်ကိုဖုံးလွှမ်းသွားတယ်။ကောင်းကင်နဲ့မြေကြီးရဲ့ သံစဉ်တွေကလည်း အတူတကွ ထွက်ပေါ်လာတယ်။
ထူးခြားဖြစ်စဉ်အမျိုးမျိုးဖြစ်ပေါ်လာတယ်။
“ဟား ဟား ဟား…”
နောက်တစ်ခဏမှာကျယ်လောင်တဲ့ရယ်သံကြီးတစ်ခု ထွက်ပေါ်လာတယ်။
ရှပ်!
ဟန်ယွမ်က တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခဲ့ပြီ။ သူက ဆယ်နှစ်တိတိ တံခါးပိတ်ကျင့်ကြံပြီး တစ်ညတည်းနဲ့ တာအိုပေါင်းစည်းခြင်းအဆင့်ကိုချိုးဖြတ်သွားတယ်။ သူ့ရဲ့ခွန်အားက အကြီးအကျယ်တိုးတက်လာပြီး သူ့ရဲ့အရှိန်အဝါကလည်း ပင်လယ်ရေလိုမြင့်တက်လာတယ်။
“ဂုဏ်ယူပါတယ် စီနီယာအစ်ကိုဟန်ယွမ်။”
“အဆင့်ချိုးဖြတ်ပြီးတာအို ပေါင်းစည်းခြင်းအဆင့်ကို ရောက်သွားတဲ့အတွက်စီနီယာအစ်ကိုဟန်ယွမ် ဂုဏ်ပြုပါတယ်…”
“…”
ချက်ချင်းပဲ ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ရဲ့ အမွေခံတပည့်တော်တော်များများက ဂုဏ်ပြုဖို့ရောက်လာကြတယ်။ မျက်စိတစ်မှိတ်အတွင်းမှာ လူတွေအများကြီး စုဝေးရောက်ရှိလာတယ်။ ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်ရဲ့မဟာအကြီးအကဲနှစ်ယောက်တောင် ရောက်လာတယ်။
“ဟန်ယွမ်က တာအိုပေါင်းစည်းခြင်းအဆင့်ကို ရောက်သွားပြီကိုး။”
ချီမင်လည်း ဒါကို သဘာဝအတိုင်း ခံစားမိလိုက်တယ်။ သူက မော့ကြည့်လိုက်ပြီး သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်တယ်။ သူကဒါကို သိပ်ပြီးတော့ အာရုံမစိုက်ဘူး၊ “ဆယ်နှစ်အချိန်ယူရတယ်၊ မဆိုးပါဘူး။”
ဟန်ယွမ်က ဝိညာဉ်ဖွဲ့တည်ခြင်းနှောင်းပိုင်းအဆင့်မှာ နှစ်ရာနဲ့ချီပြီး ပိတ်မိနေခဲ့တယ်။ အရင်တစ်ခေါက်ကဆို သူက နှစ်တစ်ရာလောက် တံခါးပိတ်ကျင့်ကြံခြင်းဝင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ ဒါကြောင့် ဟန်ယွမ် ကတံခါးပိတ်ကျင့်ကြံရာကထွက်လာပြီး တော့ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ရဲ့ မျိုးနွယ်အသီးသီးက အမွေခံတပည့်တွေကို စိန်ခေါ်ခဲ့တာဖြစ်တယ်။
သူက အဆုံးမှာ ချီမင်ကို ရှုံးသွားပေမယ့်၊ ကံဆိုးမှုကနေ အမြတ်ထွက်ခဲ့တယ်လို့ ဆိုရမယ်။ ချီမင်နဲ့ တိုက်ခိုက်နေတုန်းမှာ အခွင့်အရေးတစ်ခုကို ဆုပ်ကိုင်နိုင်ပြီး အဆင့်တက်ဖို့ နည်းလမ်းကို ရှာတွေ့သွားတယ်။
သူက ဆယ်နှစ်ပဲ တံခါးပိတ်ကျင့်ကြံပြီး တစ်ညတည်းနဲ့ တာအိုပေါင်းစည်းခြင်းအဆင့်ကို ရောက်သွားတယ်။
သူ့ရဲ့ခွန်အားက အကြီးအကျယ် တိုးတက်လာတယ်။
“ချီမင်!”
ဘုန်း!
အဲ့ဒီအချိန်မှာ ဟန်ယွမ်က လက်နှစ်ဖက်ကိုနောက်ပစ်ပြီး ကောင်းကင်မှာ ရပ်နေတယ်။ သူက ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ရှိရာဘက်ကို ကြည့်ပြီး အော်ဟစ်လိုက်တယ်၊ “အရင်က သဘောတူညီချက်အတိုင်းပဲ၊ ငါက တာအိုပေါင်းစည်းခြင်းအဆင့်ကို အောင်မြင်သွားပြီ။ သုံးရက်အတွင်းမှာ မင်းနဲ့ထပ်ပြီးတော့ ယှဉ်ပြိုင်ဖို့ လာခဲ့မယ်။”
အဲ့ဒီအချိန်မှာ လူတိုင်း အံ့ဩသွားကြတယ်။
“ဒါ… ဒါက…”
“စီနီယာအစ်ကိုဟန်ယွမ်က အရမ်းကိုအငြိုးကြီးတာပဲ။ သူ့ရဲ့ကျင့်ကြံမှုအဆင့်က တာအိုပေါင်းစည်းခြင်းအဆင့်ကို ရောက်သွားပြီ။ သူ့အင်အားကလည်း အကြီးအကျယ်တိုးတက်လာပြီ။ အရင်ကနဲ့မတူတော့ဘူး။ ဒါပေမဲ့ သူက အခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့်ပဲရှိသေးတဲ့ အမွေခံတပည့် ချီကို စိန်ခေါ်ချင် သေးတယ်။”
“စီနီယာအစ်ကိုဟန်ယွမ်က အရင်တစ်ခေါက်က အမွေခံတပည့် ချီကို ရှုံးသွားတာကိုး။ ဒီတစ်ခါတော့ အနိုင်ပြန်ယူချင်နေတာ။”
“ဟုတ်တယ်!”
“စီနီယာအစ်ကိုဟန်ယွမ်က အရင်တစ်ခေါက် အမွေခံတပည့် ချီကို ရှုံးခဲ့တဲ့ကိစ္စကို စိတ်ထဲမှာထားနေတုန်းပဲထင်တယ်။”
“ဟုတ်တယ်!”
“အမွေခံတပည့် ချီက ဒီတစ်ခါတော့ ရှုံးတော့မှာပဲ၊ ဘာလို့လဲဆိုတော့ စီနီယာအစ်ကိုဟန်ယွမ်က တာအိုပေါင်းစည်းခြင်းအဆင့်ကို ရောက်သွားပြီ။အမွေခံတပည့် ချီက ဒီတစ်ခါနိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။”
“ဟုတ်တယ်။”
ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ရဲ့ အမွေခံတပည့်တွေကတက်တက်ကြွကြွ ဆွေးနွေးနေကြပြီး တော်တော်လေး စိတ်လှုပ်ရှားနေကြတယ်။
သုံးရက် ကြာပြီးတော့။
ရှပ်!
ဟန်ယွမ်က ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ရဲ့ တံခါးဝမှာ ထပ်ပြီးတော့ ရပ်နေတယ်။ သူ့ပတ်ဝန်းကျင်မှာကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ရဲ့ အမွေခံတပည့်တွေ စုရုံးလာကြတယ်။
“ဂျူနီယာညီလေးချီ။”
ဟန်ယွမ်က တင်းတင်းပိတ်ထားတဲ့ ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ကို တည်ငြိမ်တဲ့အကြည့်နဲ့ကြည့်ပြီး ခပ်အေးအေးပဲပြောလိုက်တယ်၊ “သုံးရက်တောင် ပြည့်သွားပြီ။ မင်းအဆင်သင့်ဖြစ်ပြီလား။”
“စီနီယာအစ်ကိုဟန်ယွမ်။”
ချီမင်ရဲ့အသံက ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ထဲကနေ ထွက်ပေါ်လာပေမယ့် လူကိုယ်တိုင်တော့ ထွက်မလာဘူး၊ “ဒီတစ်ခါတော့ ကျွန်တော်ကိုယ်တိုင် တိုက်ခိုက်မှာမဟုတ်ဘူး။ ကျွန်တော့်ရဲ့ဝိညာဉ်သားရဲကိုပဲ ကိုယ့်စားတိုက်ခိုက်ခိုင်းမယ်။ စီနီယာအစ်ကိုက ကျွန်တော့်ရဲ့ဝိညာဉ်သားရဲကို အနိုင်ယူပြီးတဲ့အထိ စောင့်ကြတာပေါ့။”
“မင်း…”
ဟန်ယွမ်က ကြောင်သွားတယ်။
ဝေါင်း!
နောက်တစ်ခဏမှာ နဂါးဟိန်းသံကြီးတစ်ခု ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ထဲကနေ ထွက်ပေါ်လာတယ်။
ဘုန်း!
ချက်ချင်းပဲ တခြိမ်းခြိမ်းမြည်သံနဲ့အတူ ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ရဲ့တံခါးက ပွင့်သွားပြီး အနက်ရောင်အရိပ်တစ်ခု ပျံထွက်လာတယ်။ အဲ့ဒါက အရမ်းကိုမြန်ဆန်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ လူတိုင်းရဲ့အမြင်အာရုံထဲကို ရောက်ရှိလာတယ်။
ဝေါင်း! ဝေါင်း!
အမှောင်မီးလျှံ ပေါ်ထွက်လာတယ်။
သူက ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်အပေါ်မှာ ပျံဝဲနေရင်း နဂါးခန္ဓာကိုယ်က တဖြည်းဖြည်းကြီးမားလာတယ်။ အရမ်းတိုတောင်းတဲ့အချိန်အတွင်းမှာပဲ မီတာတစ်သောင်းရှည်တဲ့ ဦးချိုမဲ့နဂါးနက်ကြီးတစ်ကောင် ဖြစ်သွားတယ်။
ကြီးမားတဲ့နဂါးခေါင်းကြီးက အနည်းငယ်ငုံ့ကျလာပြီး ရှိနေတဲ့လူအားလုံးကို စိုက်ကြည့်နေတယ်။
ပြင်းထန်တဲ့ နဂါးအရှိန်အဝါက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတယ်။
ခေါင်းအစခြေအဆုံး အနက်ရောင်နဂါးမီးတောက်တွေက တောက်လောင်နေတယ်။
“ခင်ဗျားက ကျုပ်သခင်ကို စိန်ခေါ်ချင်တာလား။”
အမှောင်မီးလျှံက ဟန်ယွမ်ကို စိုက်ကြည့်ရင်း တာအိုပေါင်းစည်းခြင်းနှောင်းပိုင်းအဆင့်ရဲ့စွမ်းအားကို အပြည့်အဝထုတ်လွှတ်လိုက်တယ်။ အဲ့ဒီစွမ်းအားက ဟန်ယွမ်ရဲ့ခန္ဓာကိုယ်ပေါ်ကို ဖိနှိပ်လိုက်ချိန် သူ့ရဲ့ဦးရေပြားတွေထုံကျင်သွားပြီး ကြီးမားတဲ့ဖိအားကို ခံစားလိုက်ရတယ်။
“ဒါက…”
ဟန်ယွမ်ရဲ့အကြည့်တွေက တောင့်ခဲသွားပြီး တုန်လှုပ်သွားတယ်၊ “တာအိုပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့်တဲ့လား၊ ချီမင်က တာအိုပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့် ဝိညာဉ်သားရဲကို မွေးမြူထားနိုင်တာလား။အဲ့ဒီအပြင် သူက နဂါးပြောင်းလဲခြင်းလမ်းကို လျှောက်လှမ်းနေတဲ့ ဦးချိုမဲ့နဂါးနက်တစ်ကောင်ပဲ။”
ပတ်ဝန်းကျင်မှာ လူတိုင်းက အံ့ဩတုန်လှုပ်သွားကြတယ်။ သူတို့အားလုံး ကြက်သေသေပြီး ပါးစပ်အဟောင်းသား ဖြစ်နေကြတယ်။ အထူးသဖြင့် အမှောင်မီးလျှံရဲ့ခန္ဓာကိုယ်ပေါ်က ကြောက်မက်ဖွယ်ကောင်းတဲ့ နဂါးအရှိန်အဝါကို ခံစားမိတော့သူတို့အားလုံး စကားတစ်ခွန်းမှမပြောနိုင်ကြတော့ဘူး။
ဒီအခြေအနေက လူတိုင်းရဲ့မျှော်လင့်ချက်တွေကို ကျော်လွန်သွားတယ်။ ချီမင်ရဲ့ဝိညာဉ်သားရဲက တာအိုပေါင်းစည်းခြင်းအဆင့်ကို ရောက်နေတဲ့အထိ ပျိုးထောင်ခံထားရလိမ့်မယ်လို့ ဘယ်သူမှမထင်ထားကြဘူး။
အစပိုင်းတုန်းက ချီမင်ရဲ့ဝိညာဉ်သားရဲက ဗလာနယ်စွန့်ခွာခြင်း နှောင်းပိုင်းအဆင့်ပဲရှိတယ်။ အခု ဆယ်စုနှစ်အနည်းငယ်ပဲကြာသေးတယ်၊ သူက တာအိုပေါင်းစည်းခြင်းနှောင်းပိုင်းအဆင့်ကို ရောက်နေပြီ!
အရမ်းကိုကြောက်ဖို့ကောင်းတယ်။
ဒါက အရမ်းကိုကြောက်ဖို့ကောင်းလွန်းတယ်။
ပုံရိပ်နှစ်ခုက လေကိုထိုးခွင်းပြီး မလှမ်းမကမ်းမှာ ရပ်လိုက်ကြတယ်။ သူတို့နှစ်ယောက်က ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ရဲ့ သားရဲထိန်းကျောင်းခြင်းမျိုးနွယ်က မဟာအကြီးအကဲနှစ်ယောက်ဖြစ်တဲ့ တာအိုဆရာအဇူရာနဂါးနဲ့ ဘိုးဘေးစိတ်ဝိညာဉ်ထိန်းချုပ်သူတို့ဖြစ်တယ်။
“ဦးချိုမဲ့နဂါးနက်ပဲ။”
တာအိုဆရာအဇူရာနဂါးက အမှောင်မီးလျှံကို အံ့ဩတဲ့အမူအရာနဲ့ ကြည့်နေတယ်၊ “ဒါက တကယ်ပဲ တာအိုပေါင်းစည်းခြင်းနှောင်းပိုင်းအဆင့် ဝိညာဉ်သားရဲပဲ။ မှားစရာမရှိဘူး။ ဒါ့အပြင် ဒီဝိညာဉ်သားရဲရဲ့အခြေခံက အရမ်းကိုခိုင်မာတယ်။ ရေပေါ်ဆီမဟုတ်ဘူး။”
“တစ်ခုတည်းသောအားနည်းချက်က ဒီဦးချိုမဲ့နဂါးနက်က ကောင်းကင်ဂူ ကောင်းချီးမြေကို မတည် ဆောက်နိုင်တော့ တိုက်ပွဲမှာ ကောင်းကင်ဂူရဲ့အစွမ်းကို ငှားမသုံးနိုင်ဘူး။ ဒါပေမဲ့ ဒီလောက်ကကိုပဲ အရမ်းကြောက်ဖို့ကောင်းနေပြီ။”
“မယုံနိုင်စရာပဲ။”
ဘိုးဘေးစိတ်ဝိညာဉ်ထိန်းချုပ်သူက ဆံပင်အဖြူရောင် ဝတ်ရုံအဖြူရောင်နဲ့ တက်ကြွတဲ့ရုပ်ရည်ရှိတယ်၊ “ချီမင်ရဲ့ သားရဲထိန်းကျောင်းတဲ့စွမ်းရည်က တကယ်ပဲ ဒီလောက်ကြောက်ဖို့ကောင်းတဲ့အဆင့်ကို ရောက်နေပြီလား။ သူက ဒီလောက်တိုတောင်းတဲ့အချိန်အတွင်းမှာ တာအိုပေါင်းစည်းခြင်းနှောင်းပိုင်းအဆင့် ဦးချိုမဲ့နဂါးနက်တစ်ကောင်ကို ပျိုးထောင်နိုင်တယ်၊ ဒါ့အပြင် သူ့ရဲ့အခြေခံမှာလည်း ဘာပြဿနာမှမရှိဘူး။”
“ဒါက အရမ်းကို အံ့ဩစရာကောင်းလွန်းတယ်။”
ပြီးတော့ တိုက်ပွဲကစတင်လာတယ်။
ဟန်ယွမ်က တာအိုပေါင်းစည်းခြင်းအဆင့်ကို ခုလေးတင်ချိုးဖြတ်ထားပြီး သူ့ရဲ့ကျင့်ကြံမှုအဆင့်က တာအိုပေါင်းစည်းခြင်းအစောပိုင်းအဆင့်ပဲရှိသေးတယ်။ ဒါ့အပြင် သူက ကောင်းကင်ဂူ ကောင်းချီးမြေကိုလည်း မတည်ဆောက်ရသေးဘူး။ တာအိုပေါင်းစည်းခြင်းနှောင်းပိုင်းအဆင့် အမှောင်မီးလျှံနဲ့ရင်ဆိုင်ရတဲ့အခါ ဟန်ယွမ်က သူ့ရဲ့ပြိုင်ဘက် လုံးဝမဟုတ်ဘူး။
တိုက်ကွက်အနည်းငယ်ဖလှယ်ပြီးတော့
“အား!!!”
ဘုန်း!
ဟန်ယွမ်က အော်ဟစ်ပြီး အမှောင်မီးလျှံရဲ့အံ့ဖွယ်နဂါးအမြီးကြောင့် တိုက်ရိုက်အဝေးကို လွင့်စင်သွားတယ်။ သူက သွေးတွေအန်လိုက်ပြီး မြေပြင်ပေါ်ကို ပြုတ်ကျသွားတယ်၊ သူ့ရဲ့ဒဏ်ရာတွေက မသေးဘူး။
“အမှိုက်ကောင်။” အမှောင်မီးလျှံက ဟန်ယွမ်ကို အပေါ်စီးကကြည့်ပြီး ဟိန်းဟောက်လိုက်တယ်၊ “ခင်ဗျားက ကျုပ်သခင်ကို စိန်ခေါ်ချင်သေးတာလား။ ရယ်စရာကောင်းလိုက်တာ။ကျုပ်ကိုတောင် မနိုင်ဘူး။”
“မင်း!!!”
ဟန်ယွမ်ရဲ့မျက်နှာက ဖြူဖျော့သွားတယ်။
ပတ်ဝန်းကျင်မှာ အင်မော်တယ်တောင်ရဲ့ အမွေခံတပည့်တွေက တော်တော်လေးအံ့ဩသွားကြတယ်။
“မြန်မြန်ထွက်သွားတော့။”
တာအိုဆရာခရမ်းရောင်ကောင်းကင်ပေါ်လာတယ်။ သူက မျက်မှောင်ကြုတ်ပြီး ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ကို ကြည့်လိုက်တယ်။ သူ့ရဲ့ညာလက်ကို ဝှေ့ယမ်းလိုက်ပြီး ဟန်ယွမ်နဲ့အတူ ထွက်ခွာသွားတယ်၊ ကြည့်ရှုသူတစ်စုပဲ ကျန်ရစ်ခဲ့တယ်။
“သွားကြစို့၊ သွားကြစို့…”
“လူခွဲလိုက်ကြတော့။”
“စီနီယာအစ်ကိုဟန်ယွမ်က တာအိုပေါင်းစည်းခြင်းအဆင့်ကို တက်ပြီး အမွေခံတပည့် ချီကို ထပ်ပြီးစိန်ခေါ်ပေမယ့် အဆုံးကျတော့ သူ့ကိုမမြင်လိုက်ရဘဲ အမွေခံတပည့် ချီရဲ့ ဝိညာဉ်သားရဲဆီမှာရှုံးသွားတယ်။”
“အမွေခံတပည့် ချီက တကယ်ကို မှန်းဆလို့မရနိုင်တဲ့သူပဲ။”
“ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ရဲ့ ကိုယ်ပိုင်တပည့်ဆိုတာနဲ့ ထိုက်တန်ပါပေတယ်!”
“…”
မကြာခင်မှာပဲ ချီမင်က တာအိုပေါင်းစည်းခြင်းနှောင်းပိုင်းအဆင့် ဝိညာဉ်သားရဲတစ်ကောင်ကို မွေးမြူထားတဲ့သတင်းနဲ့ ဟန်ယွမ်က ချီမင်ကို ထပ်ပြီးရှုံးနိမ့်သွားတဲ့သတင်းတွေက အလျင်အမြန်ပျံ့နှံ့သွားတယ်။
တစ်ခဏတာအတွက်တော့ ချီမင်ရဲ့ဂုဏ်သတင်းက အထွတ်အထိပ်ကို ရောက်ရှိသွားပြန်တယ်။
တဖြည်းဖြည်းနဲ့ ကျဆင်းလာတဲ့ ကောင်းကင်လျှို့ဝှက်ချက်မျိုးနွယ်က ပြန်ပြီးရှင်သန်လာမယ့် အရိပ်အယောင်တွေ ပြလာတယ်။ အမွေခံတပည့်တော်တော်များများက အမွေအနှစ်ခန်းမမှာ ကောင်းကင်လျှို့ဝှက်ချက်မျိုးနွယ်ရဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေကို ရှာဖွေလာကြတယ်။
ဒါပေမဲ့ ဒါတွေက ချီမင်နဲ့ ဘာမှမပတ်သက်ဘူး။
အမှောင်မီးလျှံက သူ့ရဲ့သန်မာတဲ့အင်အားကို ပြသပြီး တော့ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ရဲ့ အမွေခံတပည့်အားလုံးကိုလုံးဝ ကြောက်ရွံ့သွားစေတယ်။ ဘယ်အမွေခံတပည့်မှ ချီမင်ကို ထပ်ပြီးစိန်မခေါ်ရဲကြတော့ဘူး။
ဒီလိုနဲ့ ချီမင်ကလည်း အေးအေးဆေးဆေးဖြစ်လို့ပျော်ရွှင်သွားတယ်။ သူက ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်မှာ နေ့တိုင်းကျင့်ကြံနေပြီး သူ့ရဲ့ကျင့်ကြံမှုအဆင့်ကလည်း တည်တည်ငြိမ်ငြိမ် တိုးတက်နေတယ်။ သူက ဂိမ်းမြေအောက်စခန်းကနေလည်း နေ့တိုင်း ပစ္စည်းအများကြီးရတယ်။
မသိလိုက်မသိဘာသာနဲ့ပဲ နွေဦးကုန်ပြီး ဆောင်းဦးကရောက်လာတယ်။
နှစ်သုံးဆယ်က မျက်စိတစ်မှိတ်အတွင်းမှာ ကုန်ဆုံးသွားတယ်။
ဒီနေ့၊ မွန်းတည့်ချိန်မှာ
တင်း!
“သန့်စင်ခြင်းသုံးပါးတာအိုကျမ်းကို အဆတစ်သန်းမြှင့်တင်မှုအောက်မှာ နှစ်ပေါင်း ၄၀ ကြာ ကျင့်ကြံခဲ့ပါတယ်။ ဂုဏ်ယူပါတယ် လက်ခံသူ။ သင်က ကောင်းကင်နဲ့မြေကြီးမဟာတာအိုရဲ့ စစ်မှန်ရည်ရွယ်ချက်နဲ့ သန့်စင်ခြင်းသုံးပါးတာအိုကျမ်းရဲ့ နက်နဲမှုကို နားလည်သဘောပေါက်သွားပါပြီ။ သင်က မဟာတာအိုအနှစ်သာရဝိညာဉ်ကို ကျင့်ကြံအောင်မြင်ခဲ့ပါတယ်။ သင့်ရဲ့အခြေတည်ဝိညာဉ်နဲ့ ပေါင်းစည်းနိုင်သလို၊ သင့်ခန္ဓာကိုယ်ကနေ ထွက်ခွာခိုင်းလို့လည်းရပါတယ်။ သင့်ခန္ဓာကိုယ် ပျက်စီးသွားရင်တောင်မှ သင့်ရဲ့အနှစ်သာရဝိညာဉ်က ကျန်ရှိနေမှာပါ။ သင် ဗလာနယ်စွန့်ခွာခြင်း အစောပိုင်းအဆင့်ကို ချိုးဖြတ်သွားပါပြီ။”
အသိပေးချက်တစ်ခု ပေါ်လာတယ်။
ချီမင်ကတင်ပျဥ် ခွေထိုင်နေတယ်။ သူက အလွန်အမင်းနက်နဲတဲ့အခြေအနေထဲကို ထပ်ပြီးဝင်ရောက်သွားတယ်။ သူ့ရဲ့အသိစိတ်က သီးခြားနေရာလွတ်တစ်ခုမှာ ရှိနေတယ်လို့ ခံစားလိုက်ရတယ်။
ပြီးတော့ ဒီနေရာမှာ သူက သန့်စင်ခြင်းသုံးပါးတာအိုကျမ်းကို အဆက်မပြတ် နားလည်သဘောပေါက်အောင် ကြိုးစားနေတယ်။ အချိန်တွေက အလျင်အမြန်ကုန်ဆုံးသွားပြီး ချီမင်က အချိန်ကုန်ဆုံးမှုကို လုံးဝမခံစားမိတော့ဘူး။
မျက်စိတစ်မှိတ်အတွင်းမှာပဲ နှစ်ပေါင်းသောင်းချီကုန်ဆုံးသွားခဲ့တယ်…
နောက်ဆုံးတော့!
ဘုန်း!
ချီမင်ရဲ့တစ်ကိုယ်လုံး တုန်ခါသွားတယ်။ သူက သန့်စင်ခြင်းသုံးပါးတာအိုကျမ်းရဲ့လျှို့ဝှက်နက်နဲနည်းစနစ်ကို နားလည်သဘောပေါက်သွားတယ်။ အဲ့ဒါကိုသုံးပြီး သူ့ရဲ့အနှစ်သာရဝိညာဉ်ကို သိပ်သည်းဖွဲ့တည်လိုက်တယ်။ ကောင်းကင်နဲ့မြေကြီးမဟာတာအိုစစ်မှန်ရည်ရွယ်ချက်က အဲ့ဒီထဲကို ပေါင်းစပ်သွားပြီး ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုအနှစ်သာရဝိညာဉ် ဖြစ်လာတယ်။
ကောင်းကင်နဲ့မြေကြီးမဟာတာအိုအနှစ်သာရဝိညာဉ်နဲ့ သန့်စင်ခြင်းသုံးပါးအခြေတည်ဝိညာဉ်တို့က တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားတယ်။
အဲ့ဒီအချိန်မှာ ချီမင်ရဲ့ခန္ဓာကိုယ်ထဲက ဓမ္မစွမ်းအင်တွေက ပေါက်ကွဲထွက်လာတယ်။ ကောင်းကင်နဲ့မြေကြီးရဲ့ တာအိုသံစဉ်အမျိုးမျိုး ထွက်ပေါ်လာတယ်။ ချီမင်ရဲ့ပတ်ဝန်းကျင်မှာ ကောင်းကင်နဲ့မြေကြီးရဲ့ ထူးခြားဖြစ်စဉ်အမျိုးမျိုး ပေါ်ပေါက်လာတယ်။ ပန်းတွေပွင့်လန်းလာပြီး ရွှေကြာပန်းတွေက မြေ ပေါ်ကနေထွက်ပေါ်လာတယ်…
ဒါက အစပဲရှိသေးတယ်။
ဒီကမ္ဘာထဲမှာ မယှဉ်နိုင်လောက်အောင် ကြီးမားတဲ့ထူးခြားဖြစ်စဉ်ကြီးတစ်ခု ပေါ်ပေါက်လာတယ်။ ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်အပေါ်မှာ ကြီးမားတဲ့ဝိညာဉ်စွမ်းအင်တိမ်တိုက်ဝဲဂယက်ကြီးတစ်ခု အရင်ဆုံးပေါ်လာပြီး အဆက်မပြတ် ကျယ်ပြန့်လာတယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ အဲ့ဒါက ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတယ်။
ဒါက ဆက်ပြီးကျယ်ပြန့်နေသေးတယ်။
နောက်ဆုံးမှာတော့ မိုင် ၃၀၀ အချင်းဝက်အထိ ရောက်ရှိသွားတယ်။
နောက်တစ်ခဏမှာ ထူးခြားဖြစ်စဉ်အမျိုးမျိုး ပေါ်ပေါက်လာတယ်။
ဝိညာဉ်စွမ်းအင်တိမ်တိုက်တွေထဲမှာ ကောင်းကင်နဲ့မြေကြီးရဲ့ တာအိုသံစဉ်တွေက အရပ်မျက်နှာတိုင်းကို ပဲ့တင်ထပ်သွားပြီး အမျိုးမျိုးသော ထူးဆန်းပြီးနက်နဲတဲ့ထူးခြားဖြစ်စဉ်တွေအဖြစ် ပြောင်းလဲသွားတယ်။ ဒီကမ္ဘာထူးခြားဖြစ်စဉ်တွေကြောင့်ဖြစ်ပေါ်လာတဲ့ လှုပ်ခတ်မှုက ချီမင် အခြေတည်ဝိညာဉ်အဆင့်ကိုချိုးဖြတ်တုန်းကထက် ဆယ်ဆကျော်ပိုကြီးမားတယ်။
ဒါက အရမ်းကို တုန်လှုပ်ခြောက်ခြားစရာကောင်းလွန်းတယ်။
ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်တစ်ခုလုံး တုန်လှုပ်သွားတယ်။ ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ရဲ့ မျိုးနွယ်ဆယ့်နှစ်ခုလုံးက မဟာအကြီးအကဲတွေနဲ့ ဂိုဏ်းချုပ်ယန်လီတို့အားလုံး ထပ်ပြီးပေါ်ထွက်လာကြတယ်။ အဓိကတားမြစ်နယ်မြေသုံးခုက ဘိုးဘေးသုံးပါးတောင် သတိပေးခံရပြီး နိုးထလာမယ့်အရိပ်အယောင်တွေ ပြသလာတယ်။