← Chapters

အသင်္ချေသရဲဂူ

Vol. 11 Ch. 160

အသင်္ချေသရဲဂူ

Vol. 11 Ch. 160

နှစ်နှစ်ဆယ် ကြာသွားပြီ။ ချီမင်ရဲ့ကျင့်ကြံမှုအဆင့်က ဗလာနယ်စွန့်ခွာခြင်း နှောင်းပိုင်းအဆင့်ကို မချိုးဖြတ်သေးပေမယ့် သူက အံ့ဖွယ်ဓားလျှပ်စီးထိန်းချုပ် ရေးနည်းစနစ်၊ ပါ့ကွားယင်ယန်အံ့ဖွယ်စွမ်းအား၊ လျှို့ဝှက်နက်နဲတံခါးနိမိတ်ဖတ်အံ့ဖွယ်စွမ်းအား၊ ဓာတ်ငါးပါးစက်ဝန််းအံ့ဖွယ်စွမ်းအား အားလုံးကို နက်နဲခြင်းအဆင့်ရဲ့ကန့်သတ်ချက်ထိရောက်အောင် ကျင့်ကြံပြီးပြီ။

အကုန်လုံးက ပြီးပြည့်စုံသွားပြီ။

ဒါ့အပြင် သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသား၊ ကမ္ဘာဖျက်ဆီးဓား၊ ဓားတောင်နဲ့လက်သည်း ခေါင်းမြှားခုနှစ်‌ချောင်းစာအုပ် အားလုံးကိုလည်း ထိပ်တန်းအဆင့်ဗလာနယ်စွန့်ခွာခြင်းအထိ သန့်စင်ပြီးပြီ။

ဒါ့အပြင် ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ကလည်း ပိုပြီးတိုးတက်လာပြီး အသေးစားအောင်မြင်မှုအဆင့်ရဲ့ကန့်သတ်ချက်ကို ချိုးဖြတ်သွားတယ်။ လက်ရှိမှာ အကြီးစားအောင်မြင်မှုအဆင့်ကိုနည်းနည်း ရောက်နေပြီ။ သဘာဝအတိုင်း သူ့ရဲ့အင်အားက အကြီးအကျယ် တိုးတက်လာတယ်။

နောက်တစ်နေ့၊ နေ့လည်မှာ။

ချီမင်က ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ထဲကနေ ထွက်လာပြီး ကောင်းကင်ကို ပျံတက်သွားတယ်။ သူက ပန်လိုင်အင်မော်တယ်တောင်ကို ရောက်ရှိပြီး ဂိုဏ်းချုပ်ခန်းမရှေ့မှာ ရပ်လိုက်တယ်။ တံခါးက အလိုအလျောက်ပွင့်သွားပြီး ဂိုဏ်းချုပ်ယန်လီရဲ့အသံက အတွင်းကနေ ထွက်ပေါ်လာတယ်။

"ဝင်ခဲ့ပါ။" ယန်လီက ပြောတယ်။

"ဟုတ်ကဲ့၊ ဂိုဏ်းချုပ်။"

ချီမင်က ခေါင်းညိတ်ပြီး ဂိုဏ်းချုပ်ခန်းမထဲကို လျှောက်ဝင်သွားတယ်။ ဒီတစ်ခေါက် ချီမင်က နတ်ဘုံနတ်နန်းလိုနေရာမျိုးကို မမြင်ရဘူး။ အစား သူက သာမန်ခြံဝင်းတစ်ခုကို မြင်လိုက်ရတယ်။

ယန်လီရဲ့ဂိုဏ်းချုပ်ခန်းမက ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်နဲ့ အတူတူဖြစ်တယ်။ သူတို့နှစ်ခုလုံးက အရမ်းစွမ်းအားကြီးတဲ့ ဓမ္မရတနာတွေဖြစ်တယ်။ သူတို့က အတွင်းမှာ နေရာလွတ်တစ်ခုကို ဖွဲ့စည်းထားပြီး အစီအရင်ဖွဲ့စည်းမှုအလွှာပေါင်းများစွာနဲ့ တည်ဆောက်ထားတယ်။

ချီမင်က စင်္ကြံတစ်လျှောက်လျှောက်လာပြီး ခန်းမရှေ့ကို ရောက်သွားတယ်။ သူက တံခါးကိုတွန်းဖွင့်ပြီး ဝင်သွားတယ်။ သူက မော့ကြည့်လိုက်တော့ သူ့ကိုကျောပေးထားတဲ့ ယန်လီကို မြင်လိုက်ရတယ်။

ယန်လီက လှည့်မကြည့်ဘဲ မေးတယ်၊ "ဘာလို့ ရုတ်တရက် ငါ့ဆီရောက်လာတာလဲ။"

ချီမင်က အရိုအသေပြုပြီး ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်တယ်၊ "မနေ့က ကျွန်တော့်မှာ ခံစားချက်တစ်ခုရလိုက်တယ်။ ဒါကြောင့် ဆရာသင်ပေးထားတဲ့ အံ့ဖွယ်စွမ်းအားနည်းစနစ်ကိုသုံးပြီး ကောင်းကင်လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ကြည့်ခဲ့တယ်။"

"လဝက်ကြာရင် ဒီအမွေခံတပည့်ပြိုင်ပွဲမှာ အဖြစ်အပျက်ကြီးတစ်ခု ဖြစ်လာလိမ့်မယ်၊ ဒါကြောင့် ဂိုဏ်းချုပ်ကို အထူးတလည်လာအကြောင်းကြားတာပါ။ မလိုအပ်တဲ့အဖြစ်ဆိုးတွေမဖြစ်အောင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားနိုင်ဖို့ မျှော်လင့်ပါတယ်။"

ယန်လီက လှည့်လာပြီး ချီမင်ကို စူးရှတဲ့အကြည့်နဲ့ စိုက်ကြည့်တယ်၊ "တကယ်လား။"

"ဟုတ်ကဲ့။" ချီမင်က ခေါင်းညိတ်တယ်၊ "ဒါက လုံးဝအမှန်ပါ။"

"အသေးစိတ်ပြောပြစမ်း။" ယန်လီက ပြောတယ်။

"ပြောရမယ်ဆိုရင် ဒီကိစ္စရဲ့နောက်ကွယ်က ကြိုးကိုင်သူက ဗဟိုဒေသက အင်မော်တယ်တွေပဲ။"

ချီမင်က အသက်ပြင်းပြင်းရှူပြီး လေသံခပ်လေးလေးနဲ့ ပြောတယ်၊ "ဗဟိုဒေသက အင်မော်တယ်တွေက မပြိုကျသေးတဲ့ နောက်ဆုံးဗဟိုနတ်ဘုရားတောင်ကို သိမ်းပိုက်ထားတယ်။"

"ဒီအမွေခံတပည့်ပြိုင်ပွဲမှာ အင်မော်တယ်တွေက တခြားသူတွေကိုသုံးပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကို ပစ်မှတ်ထားလိမ့်မယ်။"

"အဲ့ဒီအခါကျရင်…"

ချီမင်ရဲ့လေသံက ခဏရပ်သွားတယ်၊ "ဒါက ကျွန်တော်တို့ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကို အငိုက်မိမဲ့အခြေအနေထဲ ကျရောက်သွားစေလိမ့်မယ်။ ဒါ့အပြင် တောင်ထွတ်ဆယ့်နှစ်ခုက အမွေခံတပည့်တွေကိုလည်း အကြီးအကျယ်ဆုံးရှုံးမှုတွေ ဖြစ်စေလိမ့်မယ်။"

"အင်မော်တယ်မျိုးနွယ်…" ယန်လီက မျက်မှောင်ကြုတ်ပြီး ခဏစဉ်းစားတယ်၊ "ချီမင်၊ မင်းရဲ့အရည်အချင်းက အရမ်းမြင့်မားပြီး တိုက်ပွဲပေါင်းများစွာမှာ မင်းရဲ့အင်အားကို သက်သေပြပြီးသားဆိုတာ မင်းသိသင့်တယ်…"

"ငါက မင်းရဲ့တစ်ဖက်သတ်စကားကိုနားထောင်ပြီး ကောက်ချက်ချ ဆုံးဖြတ်ချက်မချနိုင်ဘူး။ ဒါ့အပြင် ဒီကိစ္စက ဗဟိုဒေသက အင်မော်တယ်တွေနဲ့ ပတ်သက်နေတော့ ပိုပြီးတော့တောင် လေးနက်တယ်။"

"ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့နှစ်တစ်သိန်းက နီးကပ်ရှေးဟောင်းခေတ်အဆုံးသတ်ပြီးနောက်ပိုင်း အင်မော်တယ်တွေက ဗဟိုဒေသကို သိမ်းပိုက်ပြီးကတည်းက သူတို့ရဲ့သြဇာလွှမ်းမိုးမှုက ဒေသကြီးလေးခုကို သက်ရောက်မှုမရှိတော့လို့ပဲ။"

သူတို့ အကြာကြီး တိတ်ဆိတ်နေကြတယ်။

"ဂိုဏ်းချုပ်။" ချီမင်က ပြောတယ်၊ "သူတို့က အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့လို့ပဲ။ ဒါကြောင့် ဒီတစ်ခေါက် သူတို့ရဲ့တိုက်ခိုက်မှုက ကမ္ဘာကိုတုန်လှုပ်စေမှာဖြစ်ပြီး တစ်ကမ္ဘာလုံးကို လွှမ်းခြုံသွားမယ့် မုန်တိုင်းရဲ့အစလည်း ဖြစ်လိမ့်မယ်။"

"ငါနားလည်ပြီ။" ယန်လီက ထိုင်ချလိုက်တယ်၊ "အသေးစိတ်ပြောပြပါ။"

"ဟုတ်ကဲ့။" ချီမင်က ခေါင်းညိတ်တယ်။

ပြီးတော့ ချီမင်က သူဖော်ထုတ်ထားတဲ့ အနာဂတ်အကြောင်းကို ယန်လီကို ပြောပြတယ်။ ချီမင်ရှင်းပြနေရင်း သူ့ရဲ့အမူအရာက အနည်းငယ်မှောင်မိုက်သွားပြီး တည်ကြည်လေးနက်လာတယ်။

ဒီကိစ္စက အရမ်းလေးနက်ပြီး လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွားမယ့် အရေးကြီးတဲ့ကိစ္စကြီးတစ်ခုဖြစ်တယ်။

ဒါ့အပြင် ဒါက အစပဲရှိသေးတယ်။

ချီမင်က ဒီကိစ္စရဲ့ ရေခဲတောင်ထိပ်ဖျားလောက်ကိုပဲ ဖော်ထုတ်နိုင်သေးတယ်။

အသေးစိတ်အချက်အလက်တော်တော်များများက လျှို့ဝှက်ချက်တွေနဲ့ ဖုံးကွယ်နေသေးတယ်။

နေ့တစ်ဝက်ကြာတော့ ချီမင်က ဂိုဏ်းချုပ်ခန်းမကနေ ထွက်ခွာသွားတယ်။

သူက ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ကို ပြန်လာတယ်။

နာရီဝက်ကြာတော့ ပုံရိပ်တွေက လေကိုခွင်းပြီး အရပ်မျက်နှာတိုင်းကနေ ရောက်လာကြတယ်။ သူတို့က ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ရဲ့ မျိုးနွယ်ဆယ့်နှစ်ခုက မဟာအကြီးအကဲတွေဖြစ်တယ်။

သူတို့အားလုံး ဂိုဏ်းချုပ်ခန်းမထဲကို ဝင်သွားကြတယ်။

"ငါကတော့ ငါ့ဘက်က အစွမ်းကုန်လုပ်ဆောင်ပြီးပြီ။"

ချီမင်က ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ကို ပြန်ရောက်ပြီး ပန်လိုင်အင်မော်တယ်တောင်ရဲ့ ဂိုဏ်းချုပ်ခန်းမတည်ရှိရာကို ကြည့်တယ်၊ "ငါက တကယ်ပဲ အများကြီးဖော်ထုတ်နိုင်ခဲ့ပေမယ့် အများစုက မြူခိုးတွေနဲ့ ပြည့်နေတုန်းပဲ။ ငါတကယ်ကို ရှင်းရှင်းလင်းလင်းမမြင်ရဘူး။"

"ငါက ယန်လီကို အကုန်လုံးမပြောပြနိုင်ဘူး။"

"ဘာပဲဖြစ်ဖြစ်။" ချီမင်က ဆက်ပြောတယ်၊ "ငါလုပ်ရမယ့်အလုပ်ကို လုပ်ပြီးပြီ၊ ငါသိသမျှနဲ့ ပြောပြနိုင်သမျှအကုန် ယန်လီကို ပြောပြပြီးပြီ။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက ဘာလုပ်မလဲ၊ ယန်လီက ယုံမလားမယုံဘူးလား ပြီးတော့ ဒီအချက်အလက်ကို ဘယ်အတိုင်းအတာအထိ အသုံးချမလဲဆိုတာကတော့ ငါထိန်းချုပ်နိုင်တဲ့ကိစ္စမဟုတ်ဘူး။"

"ဒါ့အပြင်…"

ချီမင်က လက်ချိုးရေတွက်ကြည့်ပေမယ့် သူ့ရှေ့မှာ မြူခိုးတွေဝေဝါးနေတယ်။ ကောင်းကင်လျှို့ဝှက်ချက်တွေက ရှုပ်ထွေးနေပြီ၊ "ငါလှုပ်ရှားပြီးတဲ့နောက်ပိုင်း ငါဖော်ထုတ်ခဲ့တဲ့အနာဂတ်က ပြောင်းလဲသွားပြီ၊ ပြီးတော့ ပိုပြီးတော့တောင် ရှုပ်ထွေးသွားတယ်။"

လာသမျှကိစ္စကို ဖြေရှင်းရုံပဲရှိတယ်။

ချီမင်က သိပ်ပြီးမကြောက်ရွံ့ဘူး။

မျက်စိတစ်မှိတ်အတွင်းမှာ လဝက်ကုန်ဆုံးသွားတယ်။

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက အမွေခံတပည့်ပြိုင်ပွဲကို ထပ်မံကျင်းပတယ်။

ဒီအမွေခံတပည့်ပြိုင်ပွဲရဲ့စည်းမျဉ်းတွေက ချီမင်ပါဝင်ခဲ့တဲ့ နောက်ဆုံးအမွေခံတပည့်ပြိုင်ပွဲနဲ့ ဆင်တူတယ်။ ပထမအဆင့်က ရုပ်သေးစစ်ဆေးမှုအပိုင်းဖြစ်ပြီး အင်အားနဲ့ကျင့်ကြံမှုမလုံလောက်တဲ့ အမွေခံတပည့်တွေကို ဖယ်ထုတ်တယ်။

ရုပ်သေးစစ်ဆေးမှုပြီးရင်တော့ တကယ့်အမွေခံတပည့်ပြိုင်ပွဲစတင်မှာဖြစ်တယ်။

ဒီတစ်ခေါက် ချီမင်က ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ထဲကနေ ထွက်ပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့်ပြိုင်ပွဲကျင်းတဲ့နန်းတော်ဆီကို ဦးတည်သွားတယ်။ သူက အချိန်အကြာကြီးမတွေ့ဖြစ်တဲ့ ဖုန်းဇီမု၊ မော့ဟန်ကျန်း၊ လုချင်းယန်၊ ယွမ်ဖုန်းနဲ့ ရှောင်ဖန်းတို့ကို တွေ့လိုက်ရတယ်။

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့်ပြိုင်ပွဲကျင်းပရာနန်းတော်ပတ်လည်မှာ။

ပျံဝဲနေတဲ့နန်းတော်ဆယ့်နှစ်ခု ပေါ်ထွက်လာတယ်။

တိမ်စိမ်းပျံဝဲနန်းတော်ထဲမှာ။

ရှပ်!

ချီမင်က လေကိုခွင်းပြီး တိမ်စိမ်းပျံဝဲနန်းတော်ကို ရောက်ရှိသွားတယ်။

"အမွေခံ… အမွေခံတပည့် ချီ…"

"အမွေခံတပည့် ချီကို အရိုအသေပြုပါတယ်။"

"…"

ပတ်ဝန်းကျင်မှာ တိမ်စိမ်းပျံဝဲနန်းတော်ထဲက တိမ်စိမ်းတောင်ထွတ်ရဲ့ ဗလာနယ်စွန့်ခွာခြင်းအကြီးအကဲများက ချီမင်ကို အရိုအသေပြုလိုက်ကြတယ်။

ချီမင်က ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ရဲ့ အမွေခံတပည့်တစ်ယောက်ဖြစ်တယ်။ ဒါ့အပြင် ချီမင်ရဲ့ကျင့်ကြံမှုအဆင့်က ဗလာနယ်စွန့်ခွာခြင်း အစောပိုင်းအဆင့်မှာရှိနေပြီဆိုတော့ ဒီအတွင်းစည်းအကြီးအကဲတွေက အရမ်းကို ရိုသေကြတယ်။

ချီမင်က ခေါင်းညိတ်တယ်။

"ဂျူနီယာ… ဂျူနီယာ မောင်လေး။"

လုချင်းယန်ရဲ့မျက်လုံးတွေက အံ့ဩမှုတွေနဲ့ ပြည့်နေတယ်။

"စီနီယာအစ်မ။" ချီမင်က ခပ်ပါးပါးပြုံးတယ်၊ "မတွေ့တာကြာပြီနော်။"

"မတွေ့တာကြာပြီ။"

လုချင်းယန်က စိတ်ငြိမ်အောင်ထားလိုက်တယ်၊ "ဂျူနီယာ မောင်လေး၊ နင့်ရဲ့ကျင့်ကြံမှုအဆင့်က ထပ်တိုးလာပြန်ပြီ။"

ချီမင်က ပြောတယ်၊ "ကျွန်တော်က ဗလာနယ်စွန့်ခွာခြင်း အစောပိုင်းအဆင့်ကို ရောက်နေပါပြီ။"

"ဂုဏ်ယူပါတယ်။"

ဖုန်းဇီမုက လျှောက်လာတယ်၊ "မင်း ဒီအမွေခံတပည့်ပြိုင်ပွဲကို လာလိမ့်မယ်လို့ ငါမထင်ထားဘူး။"

"ဟုတ်တယ်။" မော့ဟန်ကျန်းက ပြောတယ်၊ "မင်းလာတာကို ငါလည်း တော်တော်အံ့ဩမိတယ်။"

"အမွေခံတပည့် ချီ။"

နတ်မိမယ်ဖန်းရှီးနဲ့ တိမ်စိမ်းတောင်ထွတ်ရဲ့ တခြားအမွေခံအကြီးအကဲရှစ်ယောက်က နှုတ်ဆက်လိုက်ကြတယ်။

ချီမင်က နတ်မိမယ်ဖန်ရှီးနဲ့ တိမ်စိမ်းတောင်ထွတ်ရဲ့ တခြားအမွေခံအကြီးအကဲရှစ်ယောက်ကို တုံ့ပြန်တဲ့အနေနဲ့ ခေါင်းညိတ်ပြတယ်။ ပြီးတော့ သူက ဖုန်းဇီမုနဲ့ မော့ဟန်ကျန်းကို အရိုအသေပြုတယ်၊ "ဆရာ၊ တောင်ထွတ်သခင်။"

"ကျွန်တော် ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်မှာ နှစ်တစ်ရာကျော် ကျင့်ကြံခဲ့တယ်။ ကျွန်တော့်ရဲ့ကျင့်ကြံမှုအဆင့်က အကြီးအကျယ်တိုးတက်လာပြီး ကိစ္စတွေအများကြီးလည်း ကြုံတွေ့ခဲ့ရတယ်။ နှစ်တစ်ရာကုန်ဆုံးသွားပြီ၊ အမွေခံတပည့်ပြိုင်ပွဲကိုလည်း ထပ်ကျင်းပတော့မယ်။ ဒါကြောင့် ကျွန်တော်လာကြည့်တာပါ။" ချီမင်က ပြောတယ်။

"ကောင်းတယ်။"

ဖုန်းဇီမုနဲ့ မော့ဟန်ကျန်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။

"ဟုတ်တယ်။"

ဖုန်းဇီမုက ပြောတယ်၊ "ချီမင်၊ မင်းက ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်မှာ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ရဲ့မျက်နှာသာပေးမှုကို ခံခဲ့ရတယ်လို့ ငါကြားတာကြာပြီ။ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်က ဒီကိစ္စကြောင့်တောင် နိုးထလာပြီး မင်းကို သူ့ရဲ့ကိုယ်ပိုင်တပည့်အဖြစ် အထူးတလည်လက်ခံခဲ့တယ်ဆို။"

ချီမင်က ခေါင်းညိတ်တယ်၊ "ကျွန်တော်က အခု တကယ်ပဲ ဘိုဘေးကောင်းကင်လျှို့ဝှက်ချက်ရဲ့ ကိုယ်ပိုင်တပည့်ပါ။ ဒါပေမဲ့ ကျွန်တော့်မျက်စိထဲမှာတော့ ဆရာတို့ကလည်း အမြဲတမ်းကျွန်တော့်ဆရာတွေပါပဲ။"

"ဟားဟား…"

ဖုန်းဇီမုက ရယ်ပြီးပြောတယ်၊ "ငါက ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ဆီကနေ တပည့်ကိုအလစ်မသုတ်ရဲပါဘူး။ ချီမင်၊ မင်းဒီလိုတွေးတာနဲ့ပဲ ငါကျေနပ်နေပါပြီ။"

"ဟုတ်ကဲ့ပါ။"

ချီမင်က ပြောတယ်၊ "ကျွန်တော်က ဆရာတို့ရဲ့ခွင့်ပြုချက်မရဘဲ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ရဲ့အုပ်ထိန်းမှုအောက်ကို တိတ်တဆိတ်ဝင်ရောက်ပြီး သူ့ရဲ့ကိုယ်ပိုင်တပည့်ဖြစ်သွားတာအတွက် အရမ်းရှက်မိပါတယ်။"

"မင်းရှက်စရာမလိုပါဘူး။"

ဖုန်းဇီမုက လက်ဝှေ့ယမ်းတယ်၊ "ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ တောင်ထွတ်ဆယ့်နှစ်ခုက အမွေခံတပည့်အားလုံးက အမွေခံတပည့်ပြိုင်ပွဲကနေတစ်ဆင့် ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ကို ဝင်ရောက်နိုင်သရွေ့ မင်းလိုမျိုးကြုံတွေ့ရမှာပဲ။ သူတို့က ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ရဲ့ မျိုးနွယ်တစ်ခုခုကိုသေချာပေါက် ဝင်ကြရတယ်။ ငါက မင်းကို တိမ်စိမ်းမျိုးနွယ်ထဲဝင်မယ်လို့ အစကထင်ထားတာ၊ ဒါပေမဲ့ မင်းက ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ဆီကတောင် သတိထားခံရလိမ့်မယ်လို့ ငါမထင်ထားဘူး။"

အဲ့ဒီအချိန်မှာ စကားပြောနေတုန်း ဒီတစ်ခေါက်အမွေခံတပည့်ပြိုင်ပွဲ စတင်သွားတယ်။

ဒီအမွေခံတပည့်ပြိုင်ပွဲကို ဦးစီးကျင်းပသူက တာအိုဆရာအဇူရာနဂါးမဟုတ်ဘဲ ခန္ဓာကိုယ်သန့်စင်ခြင်းမျိုးနွယ်က တာအိုဆရာသိုင်းပညာသူတော်စင်ပဲ။ မဟာအကြီးအကဲနှစ်ယောက်လည်း ရှိနေမယ်။ သူတို့က သားရဲထိန်းကျောင်းခြင်းမျိုးနွယ်ရဲ့ ဘိုးဘေးစိတ်ဝိညာဉ်ထိန်းချုပ်သူနဲ့ ဓားတာအိုမျိုးနွယ်ရဲ့ ဘိုးဘေးအသက်သတ်ဖြတ်တို့ဖြစ်တယ်။

ဂိုဏ်းချုပ်ယန်လီလည်း ရှိနေတယ်။

"ရုပ်သေးစစ်ဆေးမှု စတင်ပါပြီ။" တာအိုဆရာသိုင်းပညာသူတော်စင်က အော်လိုက်တယ်။

ဘန်း! ဘန်း! ဘန်း!

နောက်တစ်ခဏမှာ အလင်းတန်းတွေ ကျဆင်းလာပြီး တောင်ထွတ်ဆယ့်နှစ်ခုက အမွေခံတပည့်အားလုံးကို ကောင်းကင်ဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့်ပြိုင်ပွဲကျင်းပရာခန်းမကွင်းပြင်ကနေ သီးခြား နေရာလွတ်တစ်ခုထဲကို ပို့ဆောင်လိုက်တယ်။

ဒါက ရင်းနှီးနေတဲ့မြင်ကွင်းတစ်ခုပဲ။

အမွေခံတပည့်တိုင်းက အခြေတည်ဝိညာဉ်အဆင့်ကို ရောက်နေတဲ့ရုပ်သေးတစ်ရုပ်နဲ့ ရင်ဆိုင်ရမှာဖြစ်တယ်။ သူတို့က ရုပ်သေးကိုအနိုင်ယူပြီး စမ်းသပ်မှုသုံးခုကို ကျော်ဖြတ်မှ အောင်မြင်မှာဖြစ်တယ်။အဲ့ဒီအချိန်မှာ ချီမင်က တာအိုဆရာသိုင်းပညာသူတော်စင်ရဲ့အကြည့်ကို ခံစားမိတယ်။ ပထမအဆင့်ရုပ်သေးစစ်ဆေးမှု စတင်ပြီးနောက်ပိုင်း တာအိုဆရာသိုင်းပညာသူတော်စင်က ချီမင်ကို တစ်ချက်လှမ်းကြည့်တယ်။

ဒါတင်မကဘူး၊ ဘိုးဘေးစိတ်ဝိညာဉ်ထိန်းချုပ်သူနဲ့ ဘိုးဘေးအသက်သတ်ဖြတ်တို့ကလည်း ချီမင်ကို တစ်ချက်လှမ်းကြည့်ကြတယ်။

ချီမင်က မဟာအကြီးအကဲသုံးယောက်ကို တိတ်တဆိတ် ပြန်နှုတ်‌ဆက်လိုက်တယ်။

ဒါကို အကြည့်ချင်းဖလှယ်မှုတစ်ခုလို့ မှတ်ယူနိုင်တယ်။

မကြာခင်မှာပဲ ပထမအဆင့်ရုပ်သေးစစ်ဆေးမှု ပြီးဆုံးသွားတယ်။

စုစုပေါင်း လူ ၃၅၈ ယောက် ဖယ်ရှားခံရတယ်။ ချီမင်ပါဝင်တဲ့ အမွေခံတပည့်ပြိုင်ပွဲမှာတော့ လူ ၂၁၈ ယောက်ပဲ ဖယ်ရှားခံရတယ်။ ဒီတစ်ခေါက်မှာ အရင်တစ်ခေါက်ထက် လူ ၁၄၀ ပိုများတယ်။

ဒါက ပိုပြီးတော့တောင် တင်းကျပ်ပြီး ခက်ခဲတယ်။

နောက်ဆုံးမှာ အမွေခံတပည့် ၈၅၉ ယောက် စစ်ဆေးမှုအောင်မြင်သွားတယ်။

ယွမ်ဖုန်းနဲ့ ရှောင်ဖန်းတို့ အောင်မြင်သွားကြတယ်။

ယုရွှယ်လန်လည်း ဒီစစ်ဆေးမှုကို အောင်မြင်သွားတယ်။

သူတို့ရဲ့အဆင့်က မမြင့်မားဘူး။

ထိပ်ဆုံးသုံးယောက်က တိမ်စိမ်းတောင်ထွတ်ထဲကမပါဘူး။ ပထမက ကောင်းကင်ချိတ်ဆက်တောင်ထွတ်ရဲ့ အမွေခံတပည့် ဖုန်းချင်းယွင်။ ဒုတိယက သိုင်းပညာဉာဏ်အလင်းတောင်ထွတ်ရဲ့ အမွေခံတပည့် လော့ဝူတိ။ တတိယက ရွှေရောင်အမြစ်တောင်ထွတ်ရဲ့ အမွေခံတပည့် လော့ဟယ်ဖြစ်တယ်။

တခြားအမွေခံတပည့်တွေကိုတော့ ချီမင်က သိပ်ပြီးအာရုံမစိုက်ဘူး။

"ကောင်းပြီ။"

တာအိုဆရာသိုင်းပညာသူတော်စင် ထွက်လာတယ်။ သူက ဒီအမွေခံတပည့်ပြိုင်ပွဲကို ဦးစီးကျင်းပပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တောင်ထွတ်ဆယ့်နှစ်ခုက အမွေခံတပည့်အားလုံးကို ကြည့်တယ်၊ "ဖယ်ရှားခံရတဲ့ အမွေခံတပည့်တွေ ထွက်ခွာနိုင်ပါပြီ။"

"ဟုတ်ကဲ့။"

"ဟုတ်ကဲ့။"

"…"

အမွေခံတပည့် ၃၅၈ ယောက်က အခြေတည်ဝိညာဉ်အဆင့်ကို မရောက်သေးဘဲ အားလုံးက အမြူတေဖွဲ့စည်းခြင်းအဆင့်မှာပဲ ရှိကြတယ်။ သူတို့က သဘာဝအတိုင်း ဒီရုပ်သေးစစ်ဆေးမှုကို မအောင်မြင်နိုင်ဘူး။

ဒါ့အပြင် သူတို့အားလုံးက ပို့ဆောင်ခံလိုက်ရပြီး ပတ်ဝန်းကျင်က ပျံဝဲနေတဲ့နန်းတော်ဆယ့်နှစ်ခုဆီကို ရောက်ရှိသွားကြတယ်။

"ဒီအမွေခံတပည့်ပြိုင်ပွဲမှာ မင်းတို့ကို အသင်္ချေသရဲဂူကို ပို့ဆောင်ပေးလိမ့်မယ်။ အသင်္ချေသရဲဂူကအနောက်ပိုင်းဒေသနဲ့ တောင်ပိုင်းဒေသရဲ့နယ်စပ်မှာ ရှိတယ်။"

တာအိုဆရာသိုင်းပညာသူတော်စင်က ပြောတယ်၊ "အသင်္ချေသရဲဂူရဲ့ အနက်ရှိုင်းဆုံးအပိုင်းက မြေအောက်ငရဲကိုးထပ်နဲ့ ဆက်သွယ်နေတယ်။ငရဲကိုးထပ်က ‌နေသောင်းပြောင်းသရဲတွေ နောက်တစ်ကြိမ်ပေါ်ထွက်လာလိမ့်မယ်။"

All Chapters