← Chapters

ကောင်းကင်နဲ့မြေကြီး စည်းခတ်ခြင်း မဟာအစီအရင်

Vol. 11 Ch. 161

ကောင်းကင်နဲ့မြေကြီး စည်းခတ်ခြင်း မဟာအစီအရင်

Vol. 11 Ch. 161

"ဒါက တကယ့်ကို အသင်္ချေသရဲဂူပဲ။"

တာအိုဆရာသိုင်းပညာသူတော်စင်ရဲ့ စကားကို ချီမင်ကြားတော့ မျက်မှောင်ကြုံ့ကာ စဉ်းစားလိုက်တယ်။ "ဂိုဏ်းချုပ်နဲ့တခြားသူတွေက အမွေခံတပည့်ပြိုင်ပွဲနေရာကို ပြောင်းလိုက်တာလား? ဒါမှမဟုတ် သူတို့ ကြိုတင်ပြင်ဆင်ပြီးသားများလား?"

တာအိုဆရာသိုင်းပညာသူတော်စင်က ဆက်ပြောတယ်၊ "မင်းတို့ အသင်္ချေသရဲဂူထဲကိုရောက်သွားရင် လုံးဝလွတ်လွတ်လပ်လပ်လုပ်လို့ရတယ်။ ဘာမဆိုလုပ်လို့ရတယ်။ ဒါပေမဲ့ မင်းတို့ရဲ့ တကယ့်အခြေအနေပေါ်မူတည်ပြီး ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ကို ဝင်ဖို့အရည်အချင်းရှိမရှိငါတို့က ဆုံးဖြတ်မှာ။"

"စထွက်ဖို့ ပြင်ထားကြ။"

"ဟင်းလင်းပြင်လမ်းကြောင်း။"

"ပွင့်စမ်း!"

တာအိုဆရာသိုင်းပညာသူတော်စင်က တိုက်ရိုက်လက်သီးတစ်လုံးပစ်လွှတ်လိုက်တယ်။ စွမ်းအားကြီးတဲ့လက်သီးချက်မှာ ခမ်းနားကြီးကျယ်တဲ့ သိုင်းပညာတာအိုအစီအရင်တွေပါဝင်ပြီး နေရာလွတ်ထဲမှာ ကြီးမားတဲ့အပေါက်ကြီးတစ်ခုဖြစ်သွားအောင် ထိုးခွဲလိုက်တယ်။

ခရက်!

ဟင်းလင်းပြင်ကအက်ကွဲသွားတယ်။

ပြီးတော့ ‌ဟင်းလင်းပြင်သင်္ကေတတွေကနောက်တစ်ကြိမ်ပေါ်လာပြီး ကြီးမားတဲ့ ဟင်းလင်းပြင်ဝဲဂယက်လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာတယ်။

"သွားကြ။" တာအိုဆရာသိုင်းပညာသူတော်စင်က ပြောလိုက်တယ်။

ရှပ်! ရှပ်! ရှပ်!

လူရိပ်တွေ လေကိုထိုးခွင်းသွားပြီး အမွေခံတပည့် (၈၅၉) ယောက်က အလင်းတန်းတွေအဖြစ်ပြောင်းလဲကာ ဟင်းလင်းပြင်လမ်းကြောင်းထဲ ဝင်ရောက်သွားကြတယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူတို့အားလုံး အသင်္ချေသရဲဂူဆီကို အပို့ခံလိုက်ရတယ်။

လူရိပ်တွေ ပေါ်လာတယ်။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့်ပြိုင်ပွဲကျင်းပရာ နန်းတော်ပတ်လည်မှာ ကြီးမားတဲ့ မြင်ကွင်းပေါင်း (၈၅၉) ခု ပေါ်လာတယ်။

ဒီမြင်ကွင်းတွေမှာ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တောင်ထွတ်ဆယ့်နှစ်ခုက အမွေခံတပည့် (၈၅၉) ယောက်ရဲ့ အခြေအနေကို အကြီးအကဲတွေဆီ ရှင်းရှင်းလင်းလင်းပြသနေပြီး ချီမင်ကလည်း ဒါကို မြင်နေရတယ်။

ပုံရိပ်ထဲမှာ အသင်္ချေသရဲဂူရဲ့ မြင်ကွင်းကပေါ်လာတယ်။

လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက ချီမင်က အမွေခံတပည့်ပြိုင်ပွဲမှာပါဝင်တဲ့ တိမ်စိမ်းတောင်ထွတ်ကတပည့်တစ်ယောက်ဖြစ်တယ်။ ဒီနေ့ နှစ်တစ်ရာကြာပြီးတော့ ချီမင်က ပရိသတ်ဖြစ်လာပြီး ဒီအမွေခံတပည့်ပြိုင်ပွဲကို ပွဲ့ကြည့်စင်ကနေ ကြည့်နေတယ်။

သူ့မှာ လုံးဝကွဲပြားတဲ့ အထောက်အထားနှစ်ခုရှိတယ်။

အပြောင်းအလဲကြီးတစ်ခုဖြစ်တယ်။

အသင်္ချေသရဲဂူ။

ပတ်ဝန်းကျင်က အရမ်းဆိုးရွားတယ်။ မြူခိုးတွေ၊ အဆိပ်ငွေ့တွေ၊ တစ္ဆေ‌အငွေ့တွေနဲ့ တခြားမြူခိုးအမျိုးမျိုးက ပျံ့နှံ့နေတယ်။ သစ်ပင်ခြောက်တွေ၊ ဆွေးမြေ့နေတဲ့မြေကြီးတွေ၊ သရဲမျက်နှာတွေနဲ့ ကြီးမားပြီး ကြောက်စရာကောင်းတဲ့ သစ်ပင်ကြီးတွေ…

ကြည့်လိုက်တဲ့အချိန်တိုင်း ပျံဝဲနေတဲ့ သရဲအရိပ်အမျိုးမျိုးကို တွေ့နေရတယ်။ သရဲအရိပ်တွေနဲ့ ပြည့်နှက်နေတယ်လို့တောင် ပြောလို့ရတယ်။

ငရဲကိုးထပ်ချီက အသင်္ချေသရဲဂူထဲမှာ ပြည့်နှက်နေတယ်။

အသင်္ချေသရဲဂူက ဖရိုဖရဲဖြစ်နေတဲ့နေရာတစ်ခုဖြစ်တယ်။ ဧရိယာကသိပ်မကျယ်ပေမယ့်၊ မတူညီတဲ့ သောင်း‌ပြောင်းသရဲအမြောက်အမြားက ဒီနေရာကို သိမ်းပိုက်ထားတယ်။ ဒါ့အပြင် ငရဲကိုးထပ်ရဲ့ဝင်ပေါက်နဲ့ ချိတ်ဆက်နေပြီး ငရဲကိုးထပ်ချီတွေနဲ့ ပြည့်နေတာကြောင့် ကျင့်ကြံဖို့ မသင့်တော်ဘူး။

အခုဆို အမွေခံတပည့်ပေါင်း (၈၅၉) ယောက်က အသင်္ချေသရဲဂူရဲ့ နေရာအနှံ့ကို ကျပန်းအပို့ခံလိုက်ရတယ်။ ဒါက ဂူထဲက သရဲတွေကို ဆွဲဆောင်လိုက်ပြီး တော်တော်လေး လှုပ်လှုပ်ရှားရှားဖြစ်သွားစေတယ်။

(သရဲနဲ့တစ္ဆေမျိုးနွယ်ကတူတူပါပဲ)

မကြာခင်မှာပဲ တိုက်ပွဲတွေစတင်ဖြစ်ပွားတော့တယ်။

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း တောင်ထွတ်ဆယ့်နှစ်ခုရဲ့ အမွေခံတပည့်တွေနဲ့ အသင်္ချေသရဲဂူက သရဲတစ္ဆေတွေရဲ့ တိုက်ပွဲပုံရိပ်တွေအားလုံးကို ဒီမြင်ကွင်းတွေထဲမှာ ထုတ်လွှင့်ပြသနေတယ်။

ချီမင်ရဲ့အာရုံကအဓိကအားဖြင့် ယွမ်ဖုန်းနဲ့ ရှောင်ဖန်းတို့အပေါ်မှာရှိတယ်။ သူတို့နှစ်ယောက်က အခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့်မှာရှိပေမယ့် အရမ်းသန်မာကြတယ်။ သူတို့ သရဲအများကြီးကို သတ်ဖြတ်ထားပြီး ထူးခြားတဲ့ တိုက်ခိုက်ရေးစွမ်းအားကို ပြသနိုင်ခဲ့တယ်။

ရှောင်ဖန်းရဲ့စွမ်းဆောင်ရည်က ယွမ်ဖုန်းထက် အများကြီးသာတယ်။

အချိန်တွေကုန်လွန်သွားတယ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ သုံးရက်ကြာသွားတယ်။

အသင်္ချေသရဲဂူထဲမှာ ထွေထွေထူးထူးတော့ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ သောင်းပြောင်းသရဲတွေ ပိုပိုပြီး အသတ်ခံရတာများလာတော့ တော်တော်လေး လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး အသင်္ချေသရဲဂူရဲ့ အတွင်းပိုင်းကနေ စွမ်းအားကြီးတဲ့သရဲအများကြီးကိုထွက်လာစေတယ်။

တိုက်ပွဲက ပိုပိုပြီး ပြင်းထန်လာတယ်။

ဒါတွေအားလုံးက ထိန်းချုပ်နိုင်တဲ့အခြေအနေမှာပဲရှိတယ်။

အသင်္ချေသရဲဂူက ငရဲကိုးထပ်ချီတွေနဲ့ ပြည့်နေတယ်။ သူ့ရဲ့လွှမ်းမိုးမှုအောက်မှာ သောင်းပြောင်းသရဲအမြောက်အမြားက ဒီနေရာကို သိမ်းပိုက်ထားတယ်။ ကြမ်းကြုတ်သရဲတွေ၊ နတ်ဆိုးသရဲတွေ၊ သရဲဘုရင်တွေ စသဖြင့် စစ်တပ်တစ်ခုဖွဲ့စည်းနိုင်လောက်အောင်တောင်ရှိတယ်။

ပုံမှန်အားဖြင့်တော့ သရဲကျင့်ကြံသူတွေပဲ ဒီလို သောင်းပြောင်းသရဲတွေကိုဖမ်းပြီး သက်ဆိုင်တဲ့ရတနာတွေအဖြစ် သန့်စင်ဖို့ အသင်္ချေသရဲဂူထဲဝင်ရတာကို နှစ်သက်ကြတယ်။

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့်ပြိုင်ပွဲကျင်းပရာ နန်းတော်ထဲမှာ။

"ဂိုဏ်းချုပ်။"

တာအိုဆရာသိုင်းပညာသူတော်စင်က ပတ်ဝန်းကျင်က မြင်ကွင်းတွေကို ကြည့်ပြီးပြောလိုက်တယ်၊ "သုံးရက်တောင်ရှိနေပြီ။ အသင်္ချေသရဲဂူထဲမှာ ထွေထွေထူးထူး ဘာမှမဖြစ်သေးဘူး။ ချီမင်ပြောတာ မှန်ချင်မှလည်း မှန်လိမ့်မယ်။"

"ချီမင်က အရမ်းသန်မာပြီး အရမ်းကိုကြောက်ဖို့ကောင်းတဲ့ အရည်အချင်းရှိတယ်။ဗလာနယ်စွန့်ခွာခြင်းအစောပိုင်းအဆင့်နဲ့ တာအိုပေါင်းစည်းခြင်းနှောင်းပိုင်းအဆင့် ဝိညာဉ်သားရဲတစ်ကောင်ကိုတောင် မွေးမြူထားနိုင်ပေမယ့် သူ့ရဲ့ခန့်မှန်းမှုက မှန်ချင်မှလည်း မှန်လိမ့်မယ်။"

ဘိုးဘေးစိတ်ဝိညာဉ်ထိန်းချုပ်သူက ပြောတယ်"ဘာပဲဖြစ်ဖြစ်၊ အင်မော်တယ်တွေက ဒေသလေးခုကို သူတို့ရဲ့လွှမ်းမိုးမှုကိုချဲ့ထွင်ဖို့ ကြိုးစားတာ တော်တော်ကြာနေပြီပဲ။"

"စိတ်မပူပါနဲ့။"

ယန်လီက "သုံးရက်ပဲရှိသေးတယ်။ ပြီးတော့ ကိစ္စက မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ ပိုပြီးသတိထားတာက ကောင်းပါတယ်။ ဒါ့အပြင် ချီမင်က သူတွက်ချက်မိတဲ့ကိစ္စကို ငါ့ကို အသိပေးပြီးပြီးဆိုတော့အနာဂတ်မှာ တကယ်ပဲ အပြောင်းအလဲတွေ ဖြစ်သွားပြီ။"

"မင်းတို့လည်း သိသင့်ပါတယ်၊ ကောင်းကင်လျှို့ဝှက်ချက်တာအိုက လျှို့ဝှက်အနက်နဲဆုံးဖြစ်တယ်။ သေးငယ်တဲ့ကိစ္စလေးတွေကြောင့်တောင် အနာဂတ်မှာ အပြောင်းအလဲကြီးကြီးမားမား ဖြစ်သွားနိုင်တယ်။"

"ဟုတ်ပါတယ်။"

"ဂိုဏ်းချုပ်ပြောတာမှန်ပါတယ်။"

တာအိုဆရာသိုင်းပညာသူတော်စင်နဲ့ တခြားသူတွေ ခေါင်းညိတ်လိုက်ကြတယ်။

လေးရက်မြောက်နေ့၊ နေ့လည်ခင်း။

"စတော့မယ်ထင်တယ်။"

ချီမင်ရဲ့မျက်လုံးတွေ လင်းလက်သွားတယ်။ သူက အပြောင်းအလဲတချို့ကို မရေရာခံစားလို့ရလို့ ထပ်ပြီးတွက်ချက်လိုက်တယ်။ သူ့အကြည့်က အာရုံစိုက်သွားပြီး ပတ်ဝန်းကျင်က မြင်ကွင်းတွေကို ကြည့်လိုက်တယ်။

အသင်္ချေသရဲဂူထဲမှာ မမျှော်လင့်ထားတဲ့အရာတစ်ခု ဖြစ်ပျက်သွားတယ်။

ခရက်! ခရက်!

‌နေရာလွတ်ကအက်ကွဲသွားတယ်။

ဟင်းလင်းပြင်လမ်းကြောင်းနှစ်ခု ပေါ်လာတယ်။

"ဟီးဟီးဟီး…"

"ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက အမွေခံတပည့်တွေ၊ သေဖို့အချိန်တန်ပြီ။"

"ဟားဟားဟား…"

ဒီဟင်းလင်းပြင်လမ်းကြောင်းနှစ်ခုထဲကနေ ပုံရိပ်တွေ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြတယ်။ ဒီဟင်းလင်းပြင်လမ်းကြောင်းနှစ်ခုက အနောက်ပိုင်းဒေသက အင်အားကြီးအဖွဲ့အစည်းနှစ်ခုနဲ့ ချိတ်ဆက်ထားတယ်။

သူတို့ကတော့ အဆုံးမဲ့ချောက်နက်နဲ့ ငရဲကိုးထပ်သရဲဂိုဏ်းတို့ဖြစ်တယ်။

အနောက်ပိုင်းဒေသမှာ။

အဓိကအဖွဲ့အစည်းကြီးငါးခုရှိတယ်။

အဆုံးမဲ့ချောက်နက်နဲ့ ငရဲကိုးထပ်သရဲဂိုဏ်းအပြင် တခြားအဓိကအဖွဲ့အစည်းသုံးခုလည်းရှိသေးတယ်။

သူတို့ကတော့ ကောင်းကင်ဘုရားကျောင်း၊ ကောင်းကင်ကိုးထပ်လျှို့ဝှက်နက်နဲဂိုဏ်းနဲ့ အကန့်အသတ်မဲ့တာအိုဂိုဏ်းတို့ဖြစ်တယ်။

"အဆုံးမဲ့ချောက်နက်၊ ငရဲကိုးထပ်သရဲဂိုဏ်း။"

တာအိုဆရာသိုင်းပညာသူတော်စင်က ရုတ်တရက်မတ်တပ်ရပ်လိုက်ပြီး သူ့မျက်နှာမှာ တုန်လှုပ်တဲ့အမူအရာပေါ်လာတယ်၊ "ချီမင်တွက်ခဲ့တဲ့အရာတွေက တကယ်အကုန်မှန်နေပါလား။"

"သူတို့ တကယ်ရောက်လာကြပြီ။"

ဘိုးဘေးစိတ်ဝိညာဉ်ထိန်းချုပ်သူရဲ့အကြည့်က လေးနက်နေတယ်။

"တစ်နည်းပြောရရင်…"

ဘိုးဘေးအသက်သတ်ဖြတ်ခြင်းရဲ့အကြည့်က ဓားတစ်လက်လိုဖြစ်သွားပြီး အရမ်းကိုထက်ရှနေတယ်၊ "ဒီတစ်ခါ တကယ်ပဲ အင်မော်တယ်မျိုးနွယ်စုက လျှို့ဝှက်တိုက်ခိုက်တာပဲ! အင်မော်တယ်မျိုးနွယ်စုက ငါတို့ကိုသတ်ဖို့ တခြားသူတွေကို အသုံးချနေတယ်။ ဒါပေမဲ့ ဘာလို့ သူတို့က ငါတို့ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကို အရင်ပစ်မှတ်ထားရတာလဲ?"

"သူတို့ရောက်လာပြီပဲ။"

ယန်လီက လေသံနိမ့်နိမ့်နဲ့ပြောတယ်၊ "သူတို့က တန်ဖိုးကိုပြန်ပေးဆပ်ဖို့ ပြင်ဆင်ထားရလိမ့်မယ်။"

"အစီအစဉ်အတိုင်းပဲ။ အသင်္ချေသရဲဂူထဲမှာ ပုန်းကွယ်နေတဲ့ မဟာအကြီးအကဲအားလုံးကို စိတ်မလောဖို့ အကြောင်းကြားလိုက်ပါ။ အဆုံးမဲ့ချောက်နက်နဲ့ ငရဲကိုးထပ်သရဲဂိုဏ်းက ရန်သူတွေကို အရင် အသင်္ချေသရဲဂူထဲ ဝင်ခိုင်းလိုက်။ ပြီးရင် ကောင်းကင်နဲ့မြေကြီးစည်းခတ်ခြင်းမဟာအစီအရင်ကို အသက်သွင်းပြီး သူတို့ရဲ့ထွက်ပြေးမယ့်လမ်းကြောင်းနဲ့ အထောက်အပံ့တွေကို လုံးဝဖြတ်တောက်ပစ်လိုက်။"

"ဒီတစ်ခါ အဆုံးမဲ့ချောက်နက်နဲ့ ငရဲကိုးထပ်သရဲဂိုဏ်းကို ကြီးမားတဲ့တန်ဖိုးတစ်ခု ပေးရအောင် ငါလုပ်ပြမယ်။ ပြီးတော့ ဗဟိုဒေသက အင်မော်တယ်တွေကိုလည်း ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းဆိုတာ သူတို့ ပေါ့ပေါ့တန်တန်ရန်စလို့ရတဲ့အရာမဟုတ်မှန်း နားလည်သွားစေရမယ်။"

"ဟုတ်ကဲ့။"

"ဟုတ်ကဲ့။"

"…"

တာအိုဆရာသိုင်းပညာသူတော်စင်နဲ့ တခြားသူတွေ ပြန်ဖြေလိုက်ကြတယ်။

အချိန်ကုန်လွန်သွားတယ်။ နာရီဝက်အကြာမှာ။

အဆုံးမဲ့ချောက်နက်က ဗလာနယ်စွန့်ခွာခြင်းအဆင့်ကျင့်ကြံမှုရှိတဲ့ မြေအောက်နတ်ဆိုးငါးထောင်ကိုလွှတ်လိုက်တယ်။ ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်နဲ့ညီမျှတဲ့ တည်ရှိမှုတွေလည်းအများကြီးပါတယ်။

ဒါ့အပြင် တာအိုပေါင်းစည်းခြင်းအဆင့်နဲ့တန်းတူတဲ့ မြေအောက်နတ်ဆိုးဘုရင်သုံးယောက်လည်း ပေါ်လာတယ်။

တာအိုပေါင်းစည်းခြင်းအဆင့်ကိုကျော်လွန်တဲ့ မြေအောက်နတ်ဆိုးအရှင်တစ်ပါးလည်းပါတယ်။

ငရဲကိုးထပ်သရဲဂိုဏ်းကနေ ဗလာနယ်စွန့်ခွာခြင်းအဆင့် သရဲကျင့်ကြံသူငါးထောင်နဲ့ ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်ရောက်နေတဲ့ ငရဲကိုးထပ်သရဲဂိုဏ်းရဲ့ အတွင်းစည်းအကြီးအကဲ အများကြီးကို လွှတ်လိုက်တယ်။

ငရဲကိုးထပ်သရဲဂိုဏ်းရဲ့ တာအိုပေါင်းစည်းခြင်းအဆင့် အမွေခံအကြီးအကဲသုံးယောက်လည်းပါတယ်။

နောက်ဆုံးတော့ တာအိုပေါင်းစည်းခြင်းအဆင့်ကိုကျော်လွန်တဲ့ ငရဲကိုးထပ်သရဲဂိုဏ်းရဲ့ မဟာအကြီးအကဲတစ်ယောက်တောင် ပါလာတယ်။

အဆုံးမဲ့ချောက်နက်က မြေအောက်နတ်ဆိုးတွေနဲ့ ငရဲကိုးထပ်သရဲဂိုဏ်းက သရဲကျင့်ကြံသူတွေ အသင်္ချေသရဲဂူထဲဝင်လာတဲ့အခါ လုံးဝဖရိုဖရဲဖြစ်သွားတော့တယ်။

အသင်္ချေသရဲဂူထဲက သရဲတွေအများကြီး ရူးသွပ်သွားကြတယ်။

တကယ့်ကို ရှုပ်ထွေးနေတဲ့မြင်ကွင်းတစ်ခုဖြစ်တယ်။

"ဘာ… ဘာဖြစ်တာလဲ?"

"ဘာဖြစ်သွားတာလဲ?"

"ဒီသရဲတွေ ဘာလို့ရုတ်တရက် ရူးသွားကြတာလဲ?"

"တစ်ခုခုဖြစ်နေပြီထင်တယ်။"

"…"

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း တောင်ထွတ်ဆယ့်နှစ်ခုက အမွေခံတပည့်တွေက အသင်္ချေသရဲဂူထဲက သရဲတွေရဲ့အပြောင်းအလဲကို သတိပြုမိလိုက်ကြတယ်။ ဒီ သောင်းပြောင်းသရဲတွေက လုံးဝရူးသွပ်သွားပြီးကြီးမားတဲ့သရဲစစ်တပ်ကြီးတစ်ခုဖြစ်ပေါ်လာကာအရပ်မျက်နှာတိုင်းကိုပျံ့နှံ့သွားတယ်။

စစ်တပ်ဖြတ်သွားတဲ့နေရာတိုင်းမှာ အရာအားလုံးကို ဖျက်ဆီးသွားတယ်။

မကြာခင်မှာပဲ မြင်ကွင်းထဲမှာ လူတိုင်းက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း တောင်ထွတ်ဆယ့်နှစ်ခုက အမွေခံတပည့်တွေက မြေအောက်နတ်ဆိုးတွေ၊ အစွမ်းထက်တဲ့သရဲကျင့်ကြံသူတွေနဲ့ ကြုံတွေ့ပြီး ကြောက်မက်ဖွယ်တိုက်ပွဲတစ်ခုဖြစ်လာတာကိုလည်း မြင်လိုက်ရတယ်။

"မြေအောက်နတ်ဆိုးတွေက ဘာလို့ အသင်္ချေသရဲဂူထဲမှာ ပေါ်လာရတာလဲ?"

"သရဲကျင့်ကြံသူတွေပေါ်လာတာတော့ နားလည်နိုင်တယ်၊ ဒါပေမဲ့ မြေအောက်နတ်ဆိုးတွေက ဘာလို့ပေါ်လာရတာလဲ?"

"ဘယ်လိုဖြစ်လို့ ဒီလောက်များနေရတာလဲ?"

"တစ်ခုခုဖြစ်နေပြီ။"

ဆယ့်နှစ်ခုသော ပျံဝဲနေတဲ့နန်းတော်တွေပေါ်မှာ တောင်ထွတ်သခင်ဆယ့်နှစ်ယောက်၊ အမွေခံအကြီးအကဲတွေနဲ့ အတွင်းစည်းအကြီးအကဲအများအပြားကလည်း မြင်ကွင်းထဲက အခြေအနေကိုကြည့်ပြီး အားလုံးတုန်လှုပ်သွားကြတယ်။

တစ်ခုခုကြီးကြီးမားမား ဖြစ်ပျက်နေတာ သိသာနေတယ်။

"သူတို့ကို တိုက်ခိုက်ခိုင်းတော့။" ယန်လီရဲ့အကြည့်က အေးစက်နေတယ်။

"ဟုတ်ကဲ့။"

တာအိုဆရာသိုင်းပညာသူတော်စင်နဲ့ တခြားသူတွေ ပြန်ဖြေလိုက်ကြတယ်။

သူက အနှစ်သာရဝိညာဉ်နဲ့အသံလွှင့်နည်းစနစ်ကို အသုံးပြုလိုက်တယ်။

မိုင်ပေါင်းသိန်းချီဝေးကွာတဲ့ အသင်္ချေသရဲဂူထဲမှာ။

"စလုပ်တော့။"

"ကောင်းကင်နဲ့မြေကြီးစည်းခတ်ခြင်းမဟာအစီအရင်ကို ချက်ချင်းအသက်သွင်းလိုက်။"

"ကောင်းပြီ!"

"ဒီအဆုံးမဲ့ချောက်နက်က မြေအောက်နတ်ဆိုးတွေနဲ့ ငရဲကိုးထပ်သရဲဂိုဏ်းက သရဲကျင့်ကြံသူတွေက တကယ်သတ္တိရှိကြတာပဲ၊ ဒီလိုအရာမျိုးကိုတောင် လုပ်ရဲကြတယ်။"

"အသက်သွင်း!"

ဒီတစ်ခါ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက မဟာအကြီးအကဲကိုးယောက်ကို လွှတ်ထားတယ်။ သူတို့က အသင်္ချေသရဲဂူရဲ့ မတူညီတဲ့နေရာကိုးခုမှာ ရပ်နေကြတယ်။ သူတို့ လက်ချိတ်စည်းတွေ ဖွဲ့စည်းလိုက်တာနဲ့ ကြောက်မက်ဖွယ် ကောင်းတဲ့ဓမ္မစွမ်းအားတွေ မြင့်တက်လာတယ်။

မရေမတွက်နိုင်တဲ့ အစီအရင်ပုံစံတွေ ပျံ့နှံ့သွားတယ်။

အဲ့ဒီအချိန်မှာ ကြိုတင်ပြင်ဆင်ထားတဲ့ ကောင်းကင်နဲ့မြေကြီးစည်းခတ်ခြင်းမဟာအစီအရင်က အသက်ဝင်လာတယ်။ အရမ်းကိုတိုတောင်းတဲ့အချိန်အတွင်းမှာ အသင်္ချေသရဲဂူရဲ့ ကောင်းကင်ယံမှာ မယုံနိုင်လောက်အောင် ကြီးမားတဲ့ အစီအရင်ကြီးတစ်ခု ပေါ်ထွက်လာတယ်။

ဒီအစီအရင်ပုံကားချပ်က လုံးဝတောက်ပတဲ့ ရွှေနီ ရောင်ဖြစ်ပြီး မရေမတွက်နိုင်တဲ့ အစီအရင်ပုံစံတွေနဲ့ ပြည့်နှက်နေကာ အရမ်းကိုနက်နဲတဲ့ လှုပ်ခါမှုတွေနဲ့ ပြည့်နေတယ်။ သူ့ရဲ့အချင်းက မီတာတစ်သိန်းတောင်ရှိတယ်။

မယုံနိုင်လောက်အောင် ကြီးမားတဲ့ အစီအရင်ကြီးက အသင်္ချေသရဲဂူတစ်ခုလုံးကို လုံးဝစည်းခတ်ပိတ်ဆို့လိုက်တယ်။

ကောင်းကင်နဲ့မြေကြီးစည်းခတ်ခြင်း။

ဒါက အသင်္ချေသရဲဂူနဲ့ အပြင်လောကကြားက ဆက်သွယ်မှုကို လုံးဝနီးပါး ဖြတ်တောက်လိုက်တယ်။

"ကောင်းကင်နဲ့မြေကြီးစည်းခတ်ခြင်းမဟာအစီအရင်။"

"ဒါက…"

"ဘာတွေဖြစ်နေတာလဲ? မဟာအကြီးအကဲတွေက အသင်္ချေသရဲဂူထဲမှာ ကောင်းကင်နဲ့မြေကြီးစည်းခတ်ခြင်းမဟာအစီအရင်ကို တကယ်တပ်ဆင်ထားခဲ့တာပဲ။ ဒီအစီအရင်ကို တပ်ဖို့ အချိန်နဲ့အားထုတ်မှုအများကြီးလိုမှာ။"

"အခြေအနေမကောင်းဘူး။"

"အမွေခံတပည့်ပြိုင်ပွဲက ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားရတာလဲ?"

"ဘာဖြစ်သွားတာလဲ?"

"…"

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက အကြီးအကဲတွေနဲ့ တောင်ထွတ်သခင်တွေက မြင်ကွင်းထဲက အခြေအနေကိုကြည့်ပြီး သူတို့ရဲ့အကြည့်တွေက လေးနက်သွားကာ အတွေးနက်သွားကြတယ်။

"သဘောပေါက်ပြီ။"

ချီမင်က ဒီအရာအားလုံးကိုကြည့်ပြီး တော်တော်လေး ခန့်မှန်းမိနေပြီ၊ "ဂိုဏ်းချုပ်ယန်လီ၊ ခင်ဗျားက သူတို့အကုန်လုံးကို တစ်ပြိုင်နက်တည်းဖမ်းဆီးဖို့ အခွင့်အရေးကို စောင့်နေတာလား?"

ချီမင်က သူ့ကို အမွေခံတပည့်ပြိုင်ပွဲကို အဆုံးမဲ့ချောက်နက်နဲ့ ငရဲကိုးထပ်သရဲဂိုဏ်းတို့က ဖျက်ဆီးပစ်လိမ့်မယ်လို့ အကြောင်းကြားထားတယ်။ ဒါကြောင့် ယန်လီက ဒီအကြောင်းကို သိပြီး တော့အမွေခံတပည့်ပြိုင်ပွဲနေရာကို မပြောင်းလဲရုံတင်မကဘဲ အသင်္ချေသရဲဂူထဲမှာ ကောင်းကင်နဲ့မြေကြီးစည်းခတ်ခြင်းမဟာအစီအရင်ကိုတောင် ကြိုတင်တပ်ဆင်ထားခဲ့တယ်။ သူက အဆုံးမဲ့ချောက်နက်နဲ့ ငရဲကိုးထပ်သရဲဂိုဏ်းရဲ့ လက်အောက်ငယ်သားအားလုံးကို တစ်ချက်တည်းနဲ့ ဖမ်းဆီးပြီး အသင်္ချေသရဲဂူထဲမှာ အကုန်သတ်ပစ်ဖို့ ကြံစည်နေတာဖြစ်တယ်။

All Chapters