← Chapters

အဆုံးမဲ့ချောက်နက်အရှင်နှင့် ငရဲကိုးထပ်သရဲဂိုဏ်းချုပ်

Vol. 11 Ch. 163

အဆုံးမဲ့ချောက်နက်အရှင်နှင့် ငရဲကိုးထပ်သရဲဂိုဏ်းချုပ်

Vol. 11 Ch. 163

အသင်္ချေသရဲဂူထဲက တိုက်ပွဲက ပိုပိုပြီး ပြင်းထန်လာတယ်။ အဆုံးမဲ့ချောက်နက်နဲ့ ငရဲကိုးထပ်သရဲဂိုဏ်းက မြေအောက်နတ်ဆိုးတွေနဲ့ သရဲကျင့်ကြံသူအများအပြားသေဆုံးလာပြီး အလောင်းတွေ တစ်ခုပြီးတစ်ခု ကျနေတယ်။

ချီမင် အတွေးနက်နေတုန်းမှာပဲ သူ့ဘေးနားမှာ သောင်းပြောင်းသရဲတွေပေါ်လာတယ်။ အရေအတွက်က တော်တော်များတယ်။ဖရိုဖရဲဖြစ် နေတဲ့ဆံပင် တွေနဲ့သရဲကားထဲကသရဲမတွေလို ကြမ်းကြုတ်သရဲ ဆယ်ကောင်ထက်မနည်းရှိတယ်။

ဝေါင်း!

ဒီကြမ်းကြုတ်သရဲတွေက ထပ်ခါထပ်ခါ ဟိန်းဟောက်ပြီး ချီမင်ဆီကို ခုန်အုပ်လာကြတယ်။

ခရက်!

ချီမင်က မလှုပ်ရှားပေမယ့် သူ့ခန္ဓာကိုယ်ထဲကနေ ဓားချီတွေ ထွက်ပေါ်လာတယ်။ ဓားချီတွေက အလင်းတန်းတွေလိုမျိုးမရေမတွက်နိုင်တဲ့ ချည်မျှင်ပါး လေးတွေနဲ့တူတယ်။

တစ်ခဏအတွင်းမှာပဲ ပြေးဝင်လာတဲ့ သရဲအားလုံး ဖုန်မှုန်ဖြစ်သွားကြတယ်။

“ထွက်ခဲ့ကြ။”

ချီမင်က သူ့ညာလက်ကို ဝှေ့ယမ်းလိုက်တော့ နှင်းနတ်ဆိုးမနဲ့ ယင်ယန်နတ်ဆိုးလင်းနို့တို့ ပေါ်လာတယ်။ သူတို့က စစ်မြေပြင်ထဲကို သတ်ဖြတ်ဖို့ဝင်ရောက်သွားတယ်။သူတို့ပတ်လည်မှာ ကိုယ်ပိုင်ရတနာသုံးမျိုး ပေါ်ထွက်လာတယ်။

“သခင်။”

ချက်ချင်းပဲ ချီမင်က ဟော့ချန်ချင်းနဲ့ အမှောင်မီးလျှံကို ထုတ်လိုက်တယ်။

“သွား။”

ချီမင်ကအမိန့်ပေးလိုက်တယ် “အင်အားကုန်တိုက်ခိုက်ပြီး ဒီတိုက်ပွဲကို စောစောအဆုံးသတ်လိုက်။”

“ဟုတ်ကဲ့။”

“ဟုတ်ကဲ့။”

ဟော့ချန်ချင်းနဲ့ အမှောင်မီးလျှံတို့ တစ်ချိန်တည်းမှာ ပြန်ဖြေလိုက်ကြတယ်။

ကလန်!

ဓားသံတစ်ခု ထွက်ပေါ်လာတယ်။

ဟော့ချန်ချင်းက ကောင်းကင်ဓားတစ်လက်အဖြစ် ပြောင်းလဲသွားတယ်ထင်ရတယ်။ သူ့နောက်မှာ ထိုက်ချီပုံကားချပ်တစ်ခု ပေါ်လာတယ်။ ဓားချီတွေ လျှံထွက်နေပြီး ဓားအင်မော်တယ်တစ်ပါး သေမျိုးကမ္ဘာကို ဆင်းသက်လာတာနဲ့တူတယ်။

ဝေါင်း!

အမှောင်မီးလျှံက ဟိန်းဟောက်ပြီး မီတာတစ်သောင်းမြင့်တဲ့ ဦးချိုမဲ့နဂါးနက်ကြီးအဖြစ် ပြောင်းလဲသွားတယ်။ သူက စစ်မြေပြင်ထဲကို ပြေးဝင်လာပြီး မယုံနိုင်လောက်အောင် ပြင်းထန်တဲ့အင်အားကို ထုတ်ဖော်လိုက်တယ်။

“ပဲစေ့စစ်သည်များ။”

ချီမင်က သူ့ဘယ်လက်ကို ဝှေ့ယမ်းလိုက်တော့ ရွှေရောင်ပဲစေ့တွေ သူ့လက်ဖဝါးထဲကနေ တစ်ခုပြီးတစ်ခု ပျံထွက်လာတယ်။ ပြီးတော့ သူက လျှို့ဝှက်နက်နဲနည်းစနစ်ကို သုံးလိုက်တယ်။

ဒီတစ်ခါ ချီမင်က ရွှေရောင်ပဲစေ့ ၉၉၉ စေ့ကို သန့်စင်ထိန်းချုပ်နိုင်တယ်။ ပြီးတော့ သူတို့က ဗလာနယ်စွန့်ခွာခြင်းအစောပိုင်းအဆင့် အဝါရောင်ပဝါစစ်သည် (၉၉၉) ယောက်အဖြစ် ပြောင်းလဲပြီး စစ်မြေပြင်ထဲ ဝင်ရောက်သွားကြတယ်။

“ချီမင်!”

“အမွေခံတပည့် ချီ ပဲ!”

“သူလည်း ဒီမှာရှိနေတာပဲ။”

“ဟူး…”

“အမွေခံတပည့် ချီက အရမ်းအား ကောင်းတာပဲ၊ သူ့ရဲ့ဝိညာဉ်သားရဲတွေက ပိုပြီးတောင် စွမ်းအားကြီးလာတယ်။”

“အဲ့ဒီလူငယ်က ဘယ်သူလဲ။ဒါက ထိုက်ချီဓားတာအိုပဲ။ သူ့နောက်ခံက ဘာလဲ။ ငါ သူ့ကို အရင်က မမြင်ဖူးပါလား။သူ့ရဲ့နယ်ပယ်နဲ့ ကျင့်ကြံမှုအဆင့်က တာအိုပေါင်းစည်းခြင်းနှောင်းပိုင်းအဆင့်ကို ရောက်နေပြီ။”

“သူက ချီမင်နဲ့ ပတ်သက်နေပုံပဲ။”

“ဒါက…”

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ မဟာအကြီးအကဲကိုးယောက်၊ တောင်ထွတ်သခင်တွေ၊ တောင်ထွတ်အသီးသီးက အကြီးအကဲတွေနဲ့ အမွေခံတပည့်တွေအားလုံး ချီမင်ဘက်က အခြေအနေကို သတိပြုမိလိုက်ကြတယ်။

“အား!!!”

နာကျင်တဲ့အော်ဟစ်သံတစ်ခု ထွက်ပေါ်လာတယ်။

ချီမင်က အရပ်မျက်နှာတိုင်းကနေ ဓားနဲ့ခုတ်ပိုင်းလိုက်ပြီး သိုင်းနည်းစနစ်တွေကို တစ်ခုပြီးတစ်ခု သုံးနေတယ်။ သူက လမ်းလျှောက်နေတဲ့ လူသားပုံစံဒုံးကျည်တစ်စင်းလို သရဲကျင့်ကြံသူတွေနဲ့ မြေအောက်နတ်ဆိုးတွေကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်နေတယ်။

သူက ဗလာနယ်စွန့်ခွာခြင်းအစောပိုင်းအဆင့်မှာပဲ ရှိနေတာ ရှင်းနေပေမယ့် သူ့အင်အားက အရမ်း‌များတယ်။ ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့် သရဲကျင့်ကြံသူတွေနဲ့ မြေအောက်နတ်ဆိုးတွေတောင် သူ့တိုက်ကွက်အနည်းငယ်ကိုတောင် မခံနိုင်ဘဲ အားလုံးသေဆုံးသွားကြတယ်။

သူက ရန်သူအားလုံးကို သတ်ဖြတ်ပစ်လိုက်တယ်။

“နတ်ဆိုးမီးလျှံလှိုင်း။”

ဘုန်း!

ဒီအချိန်မှာ မြေအောက်နတ်ဆိုးတွေထဲမှာ တာအိုပေါင်းစည်းခြင်းအစောပိုင်းအဆင့်နဲ့ တူညီတဲ့ မြေအောက်နတ်ဆိုးဘုရင်တစ်ပါး ရှိနေတယ်။

သူက မြေအောက်နတ်ဆိုးဘုရင်တစ်ပါးဖြစ်ပြီးလုံးဝအနက်ရင့်ရောင်ဖြစ်တယ်။ သူ့ကျောမှာ အတောင်ပံတွေပါပြီး တစ်ကိုယ်လုံးမှာ ငါးအကြေးခွံတွေနဲ့ ပြည့်နေတယ်။ သူက ငရဲပြည်ကနေ ထွက်လာတဲ့ နတ်ဆိုးတစ်ကောင်နဲ့တူတယ်။

သူက ကြောက်မက်ဖွယ်ကောင်းပြီးအရမ်းလည်းစွမ်းအားကြီးတယ်။

ဒုန်းဒုန်းဒုန်း!!!

ဒီမြေအောက်နတ်ဆိုးဘုရင်က ချီမင်ကို ပစ်မှတ်ထားလိုက်တယ်။ပြင်းထန်တဲ့စွမ်းအားစုစည်းဖို့ အခွင့်အရေးကို အရယူလိုက်တယ်။ သူ့တစ်ကိုယ်လုံးမှာ ထူထဲတဲ့ အနီရင့်ရောင် နတ်ဆိုးမီးတောက်တွေ တောက်လောင်နေပြီး ဆွေးမြေ့ခြင်းနဲ့ ဖျက်ဆီးခြင်းစွမ်းအင်တွေ ပါဝင်နေတယ်။

နောက်ဆုံးမှာ သူ ဟိန်းဟောက်လိုက်တယ်။

ဝေါင်း!

သူ့တစ်ကိုယ်လုံးက နတ်ဆိုးမီးတောက်တွေ စုစည်းသွားပြီး ကြီးမားတဲ့ နတ်ဆိုးမီးလျှံလှိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားတယ်။ ဒါက ကြီးမားတဲ့ မီးတိုင်ကြီးတစ်ခုလိုဖြစ်သွားပြီး ချီမင်ကို တိုက်ရိုက်တိုက်ခိုက်လာတယ်။

“တာအိုပေါင်းစည်းခြင်းအဆင့်! ဒါက တာအိုပေါင်းစည်းခြင်းအဆင့်နဲ့ တူညီတဲ့ မြေအောက်နတ်ဆိုးဘုရင်ပဲ!”

“အမွေခံတပည့် ချီ! သတိထား!”

“သတိထား!”

“ရှောင်လိုက်!”

“ဆရာဦးလေး။”

လူတိုင်း တုန်လှုပ်သွားကြတယ်။ ယွမ်ဖုန်းနဲ့ ရှောင်ဖန်းတို့လည်း ဒီကအခြေအနေကို မြင်လိုက်ရပြီး သူတို့မျက်နှာအမူအရာတွေ ပြောင်းလဲသွားကြတယ်။

ဒီအပြောင်းအလဲက အရမ်းမြန်ဆန်လွန်းတယ်။

လူတိုင်း နည်းနည်းအဆင်သင့်မဖြစ်လိုက်ကြဘူး။

“အံဖွယ်ဓားလျှပ်စီးထိန်းချုပ်ရေးနည်းစနစ်။”

ချီမင်က လုံးဝထိတ်လန့်ခြင်းမရှိဘူး။ သူ့ညာလက်ကို ဝှေ့ယမ်းလိုက်တော့ ကမ္ဘာဖျက်ဆီးဓားက သူ့လက်ထဲရောက်လာတယ်။ သူ့ညာလက်က ဓားရိုးကိုကိုင်ပြီး ဓားက ကောင်းကင်ကို ညွှန်ပြထားတယ်။

“ကောင်းကင်ကိုးထပ်ရဲ့အင်အားက အံ့ဖွယ်မိုးကြိုးအဖြစ်ပြောင်းလဲစေ။ ထူးခြားတဲ့ကောင်းကင်စွမ်းအားကို ဓားက လမ်းညွှန်။” ချီမင်က အော်ဟစ်လိုက်တယ်။

ဂျိန်း! ဂျိန်း!

ကောင်းကင်မှာ ခရမ်းရောင်လျှပ်စီးတွေ ချက်ချင်းပေါ်လာပြီး နေရာတိုင်းကို ပျံ့နှံ့သွားတယ်။ နောက်ထပ် မိုးကြိုးကိုးစင်း ကျရောက်လာပြီး ဓားထဲကို ပေါင်းစပ်ဝင်ရောက်သွားတယ်။

ကမ္ဘာဖျက်ဆီးဓားပေါ်မှာ လျှပ်စီးတွေ လင်းလက်လာတယ်။

“ခုတ်!”

ချီမင်ရဲ့ဓားက အောက်ကိုခုတ်ချလိုက်တယ်။ ဒါက လျှပ်စီးတွေဖုံးလွှမ်းနေတဲ့ တောက်ပတဲ့ဓားအလင်းတန်းတစ်ခုဖြစ်တယ်။ အရမ်းကိုအံ့သြစရာကောင်းပြီး အံဖွယ်ဓားလျှပ်စီးရဲ့စွမ်းအားနဲ့ ပိုပြီးတောင် ထူးခြားတဲ့ကောင်းကင်စွမ်းအားတွေ ပါဝင်နေတယ်။ ဒီဓားချက်အောက်မှာ နေရာလွတ်က ပြင်းထန်စွာ တုန်ခါသွားတယ်။

ဘုန်း!

ကျယ်လောင်တဲ့အသံကြီးတစ်ခု ထွက်ပေါ်လာတယ်။

ချီမင်က နတ်ဆိုးမီးလျှံတိုင်ကြီးကို ခုတ်ပိုင်းဖြတ်တောက်လိုက်တယ်။

“အား!!”

မြေအောက်နတ်ဆိုးဘုရင်က နာကျင်စွာအော်ဟစ်လိုက်တယ်။ ချီမင့်ဓားချက်ရဲ့ နောက်ဆက်တွဲလှိုင်းက သူ့ခန္ဓာကိုယ်ပေါ် ဆက်ပြီးကျရောက်သွားပြီး သူ့ကို နှစ်ပိုင်းနီးပါးဖြစ်သွားအောင် ခွဲပစ်လိုက်တယ်။

“လျှပ်စီးငါးဖြာထိန်းချုပ်ခြင်း။”

ပြီးတော့ ချီမင်က သူ့ဘယ်လက်ကို မြှောက်လိုက်တယ်။ သူ့လက်ဖဝါးထဲမှာ လျှပ်စီးတွေ ထပ်ပြီးလင်းလက်လာတယ်။ မိုးကြိုးငါးချက်ရဲ့စွမ်းအားက စုစည်းပြီး ကောင်းကင်မိုးကြိုးစွမ်းအားအဖြစ် ပြောင်းလဲသွားတယ်။

ဘုန်း!

ကျယ်လောင်တဲ့အသံကြီးတစ်ခု ထွက်ပေါ်လာတယ်။

ဒါက မိုးကြိုးငါးချက်ပစ်ခြင်းဖြစ်တယ်။

“အား!!!”

ဒီမြေအောက်နတ်ဆိုးဘုရင်က နောက်ဆုံးနာကျင်တဲ့အော်ဟစ်သံတစ်ခုကို ချန်ထားပြီး သူ့တစ်ကိုယ်လုံး မိုးကြိုးငါးချက်ပစ်ခြင်းကြောင့် မီးလောင်ကျွမ်းသွားတယ်။ သူ့ရဲ့အသက်စွမ်းအားကလုံးဝပျက်စီးသွားပြီး သူ့ရဲ့အနှစ်သာရဝိညာဉ် ကွဲကြေသွားကာ သူ့ဝိညာဉ်လည်း ပျောက်ကွယ်သွားတယ်။

ရန်သူက နေရာမှာတင် သေဆုံးသွားတယ်။

“ဒါ… ဒါ…”

“ဟာ့…”

“သေ… သေပြီ။ သူ တကယ်သေသွားပြီ…”

“ဒါက တာအိုပေါင်းစည်းခြင်းအစောပိုင်းအဆင့်နဲ့ တူညီတဲ့ မြေအောက်နတ်ဆိုးဘုရင် လေ။ အဲ့လိုပဲ သေသွားတယ်ပေါ့။ ချီမင်ရဲ့တိုက်ခိုက်မှုအောက်မှာ နှစ်ကွက်ပဲခံနိုင်ပြီး မိုးကြိုးငါးချက်ပစ်ခြင်းနဲ့ တိုက်ရိုက်ကိုအသတ်ခံလိုက်ရတယ်။”

“အိုး ဘုရားသခင်…”

“ဒါ တကယ်လား?”

လူတိုင်း မယုံနိုင်လောက်အောင် တုန်လှုပ်သွားကြတယ်။

“ဘယ်လို တောင်စွမ်းအားကြီးတဲ့ ဓားတာအိုအံ့ဖွယ်စွမ်းအားလဲ။”

မော့ဟန်ကျန်းနဲ့ တခြားတောင်ထွတ်သခင်တွေ တုန်လှုပ်သွားကြတယ်။

“ချီမင်က မြေအောက်နတ်ဆိုးဘုရင်တစ်ပါးကို တကယ်သတ်လိုက်တာပဲ။”

ဖုန်းဇီမုက ပိုလို့တောင် တုန်လှုပ်သွားတယ်။

ဖုန်းဇီမုရဲ့ကျင့်ကြံမှုအဆင့်က အရမ်းမြင့်တယ်။ သူက ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်မှာမဟုတ်ဘဲ တာအိုပေါင်းစည်းခြင်းအစောပိုင်းအဆင့်မှာဖြစ်တယ်။ ဒါ့အပြင် သူက ကောင်းကင်ဂူတစ်ခု တည်ဆောက်ထားပြီး သူ့ရဲ့စွမ်းအားကို သေချာအသုံးပြုနိုင်တယ်။

ဖုန်းဇီမုက ချီမင်ရဲ့စွမ်းအား ဒီလောက်ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ တိုက်ကွက်အနည်းငယ်အတွင်းမှာပဲ သူက တာအိုပေါင်းစည်းခြင်းအစောပိုင်းအဆင့်နဲ့ တူညီတဲ့ မြေအောက်နတ်ဆိုးဘုရင်တစ်ပါးကို သတ်ဖြတ်နိုင်လိုက်တယ်။

ဖုန်းဇီမုတောင်မှ ဒီမြေအောက်နတ်ဆိုးဘုရင်နဲ့ရင်ဆိုင်ရင် အလွယ်တကူသတ်နိုင်မှာမဟုတ်ဘူး။

တစ်နည်းအားဖြင့်ပြောရရင် ချီမင်ရဲ့စွမ်းအားက ဖုန်းဇီမုကိုတောင် ကျော်လွန်သွားပြီ။

အနှစ်တစ်ရာအတွင်းမှာ ချီမင်က ဒီအဆင့်အထိတောင် ကြီးထွားလာခဲ့ပြီ။

ဒါ့အပြင် စစ်မြေပြင်ရဲ့ထိပ်ဆုံးမှာ မဟာအကြီးအကဲကိုးယောက်ကလည်း လှမ်းကြည့်နေကြတယ်။ သူတို့မျက်လုံးတွေက တုန်လှုပ်မှုတွေနဲ့ ပြည့်နေတယ်၊ ဘာလို့လဲဆိုတော့ ချီမင်ပြလိုက်တဲ့စွမ်းအားက အရမ်းကို‌ကြီးမားတယ်။

တာအိုဆရာခရမ်းရောင်ကောင်းကင်က တုန်လှုပ်သွားတဲ့လေသံနဲ့ပြောလိုက်တယ်၊ “ဘာပဲဖြစ်ဖြစ် အဆုံးမဲ့ချောက်နက်မှာ မြေအောက်နတ်ဆိုးတွေက နတ်ဆိုးမျိုးနွယ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ တခြားကမ္ဘာမှာဆိုနတ်ဆိုးတွေနဲ့ နတ်ဆိုးကျင့်ကြံသူတွေလည်းရှိတယ်။ သူတို့အားလုံးကို နတ်ဆိုးမျိုးနွယ်အဖြစ် သတ်မှတ်တယ်။”

“သရဲကျင့်ကြံသူတွေနဲ့ နတ်ဆိုးကျင့်ကြံသူတွေရဲ့ ကျင့်ကြံမှုအဆင့်တွေက ငါတို့နဲ့အတူတူပဲ။”

“ဒါပေမဲ့ မြေအောက်နတ်ဆိုးတွေကတော့ မတူဘူး။”

“သူတို့ရဲ့အင်အားနဲ့ အဆင့်ကို ခွဲခြားထားတာက - အဆင့်နိမ့်မြေအောက်နတ်ဆိုး (ချီသန့်စင်ခြင်းအဆင့်)၊ အလယ်အလတ်အဆင့်မြေအောက်နတ်ဆိုး (အခြေခံတည်ဆောက်ခြင်းအဆင့်)၊ အဆင့်မြင့်မြေအောက်နတ်ဆိုး (အမြူတေဖွဲ့စည်းခြင်းအဆင့်)၊ အဆင့်နိမ့်မြေအောက်နတ်ဆိုးဝိညာဉ် (အခြေတည်ဝိညာဉ်အဆင့်)၊ အလယ်အလတ်အဆင့်မြေအောက်နတ်ဆိုးဝိညာဉ် (ဗလာနယ်စွန့်ခွာခြင်းအဆင့်)၊ အဆင့်မြင့်မြေအောက်နတ်ဆိုးဝိညာဉ် (ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်)၊ မြေအောက်နတ်ဆိုးဘုရင် (တာအိုပေါင်းစည်းခြင်းအဆင့်)၊ မြေအောက်နတ်ဆိုးအရှင် (အတိဒုက္ခ‌ကျော်လွှားခြင်းအဆင့်)…”

“ချီမင်က သူ့ရဲ့ ဗလာနယ်စွန့်ခွာခြင်းအစောပိုင်းအဆင့်ကျင့်ကြံမှုနဲ့ မြေအောက်နတ်ဆိုးဘုရင်တစ်ပါးကို သတ်လိုက်တယ်။ အဲ့ဒီအပြင်ကို အကွက်နည်းနည်းပဲသုံးတယ်။ သူ နှစ်ကွက်ပဲသုံးလိုက်တာ။”

“ချီမင်ရဲ့အင်အားနဲ့ ကြောက်ဖို့ကောင်းတဲ့ပါရမီကိုကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်မှာ ငါတို့တစ်ခါနှစ်ခါပဲတွေ့ဖူးတာမဟုတ်ဘူး။ တကယ်တော့ ငါတို့ ကျင့်သားရနေသင့်ပြီ။ ဒါပေမဲ့ ချီမင်ရဲ့စွမ်းဆောင်ရည်ကို မြင်ရတိုင်း ငါ မတုန်လှုပ်ဘဲမနေနိုင်ဘူး။”

“ဟုတ်တယ်!”

“…”

တခြားမဟာအကြီးအကဲတွေက ပြောကြတယ်။

စစ်ပွဲက ကြာမြင့်လာတယ်။

အသင်္ချေသရဲဂူထဲက မြေအောက်နတ်ဆိုးတွေနဲ့ သရဲကျင့်ကြံသူအများစုကို ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက သတ်ဖြတ်ပြီးသွားပြီ။ အရေအတွက်အနည်းငယ်ပဲ ဆက်ပြီးခုခံနေသေးတယ်။

ဒါပေမဲ့ သူတို့ရဲ့ဒဏ်ရာတွေက အရမ်းပြင်းထန်တယ်။

သူတို့ သိပ်ကြာကြာခံနိုင်မှာမဟုတ်တော့ဘူး။

အတိဒုက္ခ‌ကျော်လွှားခြင်းအဆင့်နဲ့တူညီတဲ့ မြေအောက်နတ်ဆိုးအရှင်နဲ့ ငရဲကိုးထပ်သရဲဂိုဏ်းရဲ့ မဟာအကြီးအကဲအပါအဝင်ဖြစ်တယ်။ သူတို့နှစ်ယောက်က တကယ်ပဲ အတိဒုက္ခ‌ကျော်လွှားခြင်းအဆင့်ဖြစ်တယ်။ သူတို့ကိုသတ်ဖို့ အရမ်းခက်ခဲတယ်။

ကောင်းကင်နဲ့မြေကြီးစည်းခတ်ခြင်းအစီအရင်အပြင်ဘက်မှာ။

ဂျိန်း! ဂျိန်း!

ဟင်းလင်းပြင်ကကွဲအက်သွားတယ်။

သူတို့က ဟင်းလင်းပြင်ဥလမ်း ကြောင်းနှစ်ခုဖြစ်ပေါ်လာကြတယ်။

ချက်ချင်းပဲ ဘယ်ဘက်က ဟင်းလင်းပြင်လမ်းကြောင်းထဲမှာ ပုံရိပ်တွေပေါ်လာတယ်။ အဆုံးမဲ့ချောက်နက်က မြေအောက်နတ်ဆိုးအရှင်နဲ့ မြေအောက်နတ်ဆိုးဘုရင်တွေ ပေါ်လာတယ်။

ညာဘက်က ဟင်းလင်းပြင်လမ်းကြောင်းထဲမှာ ငရဲကိုးထပ်သရဲဂိုဏ်းက မဟာအကြီးအကဲတွေ ပေါ်လာတယ်။

အဆုံးမဲ့ချောက်နက်နဲ့ ငရဲကိုးထပ်သရဲဂိုဏ်းတို့ တိုက်ခိုက်လာကြပြီ။

အဆုံးမဲ့ချောက်နက်က စွမ်းအားကြီးတဲ့မြေအောက်နတ်ဆိုးအရှင်တစ်ပါးက ဟင်းလင်းပြင်ကို ဖြတ်ကျော်လာတယ်။ သူက အနက်ရောင်ချပ်ဝတ်ကိုဝတ်ဆင်ထားပြီး ကြီးမားတဲ့အနက်ရောင်စစ်ပွဲပုဆိန်ကြီးကို လက်နက်အဖြစ်ကိုင်ဆောင်ထားတယ်။

“ကောင်းကင်နဲ့မြေကြီးစည်းခတ်ခြင်းအစီအရင်ကို မြန်မြန်ချိုးဖျက်ကြ။” မြေအောက်နတ်ဆိုးအရှင်က အော်ဟစ်လိုက်တယ်။

ငရဲကိုးထပ်သရဲဂိုဏ်းက ဆံပင်ဖြူအဘိုးကြီးတစ်ယောက်က အေးစက်တဲ့အကြည့်နဲ့ မယုံနိုင်လောက်အောင်ကြီးမားတဲ့ အစီအရင်ပုံကားချပ်ကို စိုက်ကြည့်နေတယ်။ သူ့မျက်နှာအမူအရာက နည်းနည်းတည်ကြည်နေပေမယ့် သူက အရမ်းဒေါသထွက်နေတယ်၊ “မင်းတို့ ကဂိုဏ်းစစ်ပွဲစတင်ချင်နေတာလား?”

“သူတို့ အရမ်းမြန်မြန်ရောက်လာကြတာပဲ။”

“ဒီကောင်တွေ။”

“ကံမကောင်းစွာနဲ့ပဲ ဒီမြေအောက်နတ်ဆိုးအရှင်နဲ့ ငရဲကိုးထပ်သရဲဂိုဏ်းက မဟာအကြီးအကဲကို ငါတို့မသတ်နိုင်သေးဘူး။”

“သေစမ်းကွာ။”

မဟာအကြီးအကဲကိုးယောက်က မကျေမနပ်ဖြစ်နေတဲ့မျက်နှာထားတွေနဲ့ရှိနေတယ်။

အဲ့ဒီအချိန်မှာ။

ကလန်!!!

ဓားသံစဉ်တစ်ခုထွက်ပေါ်လာပြီး ဓားအလင်းတန်းတစ်ခု ကျရောက်လာတယ်။

ဒါက ကောင်းကင်နဲ့မြေကြီးစည်းခတ်ခြင်းအစီအရင်ရဲ့ အစီအရင်ပုံကားချပ်အထက်မှာ ရပ်တန့်သွားတယ်။

ဓားအလင်းတန်းပေါ်လာတယ်။

ဒါက ယန်လီပဲဖြစ်တယ်။

သူက အစီအရင်ရဲ့အလယ်ဗဟိုမှာ ရပ်နေတယ်။

ပြီးတော့ သူက သူ့လက်တွေကို နောက်ပစ်ထားပြီး သရဲကျင့်ကြံသူတွေနဲ့ မြေအောက်နတ်ဆိုးအရှင်ကို အေးဆေးတည်ငြိမ်တဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။ သူ့မျက်နှာက လျစ်လျူရှုထားပြီးအေးစက်မှုတွေနဲ့ ပြည့်နေပြီး တခြားဖက်ကို စစ်ဆေးနေတယ်။

“မင်းတို့ပဲ ဒီမှာရှိတာလား?”

ယန်လီက သူတို့ကို အပေါ်စီးကကြည့်ပြီး လေသံနိမ့်နိမ့်နဲ့ပြောတယ်၊ “အဆုံးမဲ့ချောက်နက်အရှင်ဝူဒီးယပ်စ်နဲ့ ငရဲကိုးထပ်သရဲဂိုဏ်းချုပ် ယိုထျန်းလင်တို့ရော ဘယ်မှာလဲ? သူတို့ကို ငါနဲ့စကားလာပြောခိုင်းလိုက်။”

“ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းချုပ် ယန်လီ။”

“ဘာ… ဘာလို့ သူက ဒီမှာရောက်နေရတာလဲ?”

“ဒါက…”

“ငါတို့ အခု ဘာလုပ်သင့်လဲ။”

“ငါတို့ တကယ်ပဲ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းချုပ်နဲ့ တိုက်ခိုက်ရတော့မှာလား။”

“ငါတို့ သူ့ကို ယှဉ်နိုင်မှာမဟုတ်ဘူး။”

ငရဲကိုးထပ်သရဲဂိုဏ်းက မဟာအကြီးအကဲတွေနဲ့ အဆုံးမဲ့ချောက်နက်က မြေအောက်နတ်ဆိုးအရှင်တွေရဲ့ မျက်နှာအမူအရာတွေ ချက်ချင်းပြောင်းလဲသွားတယ်။ သူတို့ တုန်လှုပ်သွားကြပြီး ပြန်မဖြေရဲကြဘူး။

“ယန်လီ။”

ဘယ်ဘက်က ဟင်းလင်းပြင်လမ်းကြောင်းထဲမှာ အသံတစ်သံထွက်ပေါ်လာတယ်။ နတ်ဆိုးချီ အနက်ရောင်မြူခိုးလှိုင်းတွေနဲ့အတူဆံပင်အဖြူ ရောင်နဲ့လူငယ်တစ်ယောက် လျှောက်လှမ်းလာတယ်၊ “ငါ ဒီမှာရှိတယ်။”

“ယန်လီ၊ ရှင့်ကို ကျွန်မက ကြောက်တယ်လို့ထင်နေတာလား?”

ညာဘက်က ဟင်းလင်းပြင်လမ်းကြောင်းထဲမှာ အေးစက်ပြီး နူးညံ့တဲ့အသံတစ်သံထွက်ပေါ်လာတယ်။ သရဲချီနဲ့ မီးခိုးရောင်မြူခိုးလှိုင်းတွေ ပျံ့နှံ့လာပြီး သွေးရောင်ဆံပင်ရှည်နဲ့ အမျိုးသမီးတစ်ယောက် ထွက်ပေါ်လာတယ်။

All Chapters