← Chapters

ပန်းတိုင်အစစ်

Vol. 11 Ch. 165

ပန်းတိုင်အစစ်

Vol. 11 Ch. 165

ချီမင်က အရမ်းတည်ငြိမ်နေတယ်။ သူက အာရုံစူးစိုက်ပြီး ကြည့်လိုက်တယ်။ ငရဲကိုးထပ်တံခါးကနေ ထွက်ပြေးလာတဲ့ အနက်ရောင်အရိပ်က အရမ်းမြန်ဆန်ပြီး နေရာရွှေ့ပြောင်းလိုက်သလို ထင်ရပေမယ့် ချီမင်က တခြားတစ်ဖက်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရတယ်။

ဒါက ငရဲကိုးထပ်သရဲတစ်ကောင်ပဲ။

လူသားပုံသဏ္ဍာန်ရှိတယ်။

ဒါပေမဲ့ မျက်နှာသွင်ပြင်မရှိဘူး။

မျက်နှာမဲ့တစ်ကောင်ပဲ။

တိတိကျကျပြောရရင် အဲ့ဒါက ငရဲကိုးထပ်စိတ်ဆန္ဒက မွေးမြူထားတဲ့ မွေးရာပါသရဲတစ်ကောင်ဖြစ်တယ်။

ဒီသရဲကို ငရဲကိုးထပ်စိတ်ဆန္ဒက ထိန်းချုပ်ထားတယ်။

ငရဲကိုးထပ်စိတ်ဆန္ဒက ချီမင်ကို ပစ်မှတ်ထားရတဲ့အကြောင်းရင်းက သူ့ရဲ့ခန္ဓာကိုယ်က တိုက်ပွဲမြင့်မြတ်ခန္ဓာဖြစ်နေလို့ဖြစ်တယ်။ မြင့်မြတ်ခန္ဓာက အချိန်အတော်ကြာ ပေါ်ထွက်မလာခဲ့ပေမယ့် အခုတော့ မြင့်မြတ်ခန္ဓာတစ်ခု ပေါ်ထွက်လာတယ်။ ဒါက ငရဲကိုးထပ်စိတ်ဆန္ဒရဲ့ စူးစမ်းလိုစိတ်ကို ဆွဲဆောင်လိုက်တယ်။

သူက စုံစမ်းစစ်ဆေးချင်နေတယ်။

တိုက်ပွဲမြင့်မြတ်ကိုယ်ခန္ဓာမှာ မကောင်းမှုအားလုံးကို ခုခံကာကွယ်နိုင်တဲ့ လက္ခဏာလည်းရှိတယ်။

တစ်နည်းအားဖြင့်ပြောရရင် ဒါက ငရဲကိုးထပ်ချီစွမ်းအင်ရဲ့ တိုက်စားခြင်းကို ခုခံကာကွယ်နိုင်တယ်။

ချီမင်ရဲ့ တိုက်ပွဲမြင့်မြတ်ခန္ဓာက အရမ်းကို ကောင်းကောင်းမွန်မွန် ဖုံးကွယ်ထားပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ မဟာအကြီးအကဲတွေနဲ့ ယန်လီကိုတောင် ဖုန်းကွယ်နိုင်ပေမယ့် ငရဲကိုးထပ်စိတ်ဆန္ဒကိုတော့ ဖုန်းကွယ်လို့မရဘူး။

“ထိုက်ချီကောင်းကင်ဓားအစီအရင်။”

ကလန်!

ဟော့ချန်ချင်းက တိုက်ခိုက်လိုက်တယ်။ သူက ရှေ့ကိုတစ်လှမ်းတိုးလိုက်တယ်။ နောက်တစ်ခဏမှာ သူ့ပုံရိပ်က မူလနေရာကနေ ချီမင်ဆီကို နေရာရွှေ့ပြောင်းသွားတယ်။

ပြီးတော့ သူက သူ့ဓားနဲ့ အောက်ကိုခုတ်ချလိုက်တယ်။ သူ့ဓားသွားအောက်မှာ မရေမတွက်နိုင်တဲ့ ဓားချီတွေ ပျံ့နှံ့ထွက်ပေါ်လာတယ်။ ဓားချီတွေ သေသပ်စွာစီစဉ်ပြီးတော့ ဒါက ထိုက်ချီဓားအစီအရင်တစ်ခုအဖြစ် ပြောင်းလဲသွားတယ်။

ဘုန်း ဘုန်း ဘုန်း!!!

ဆက်တိုက်ပေါက်ကွဲသံတွေ ထွက်ပေါ်လာတယ်။

ထိုက်ချီဓားအစီအရင်က ပြောင်းလဲသွားတယ်။

ဘုန်း!

ကျယ်လောင်တဲ့အသံကြီးတစ်ခုနဲ့အတူ မျက်နှာမဲ့က လွင့်စင်သွားတယ်။

“အား!!!”

မျက်နှာမဲ့က နာကျင်စွာအော်ဟစ်လိုက်တယ်။ မရေမတွက်နိုင်တဲ့ ဓားချီတွေအောက်မှာ ဒါက မရေမတွက်နိုင်အပိုင်းအစတွေအဖြစ် ပြတ်တောက်သွားတယ်။ ဒီအစအနတွေက အနက်ရောင်အငွေ့မျှင်လေးတွေအဖြစ်ပြောင်းလဲပြီး မနီးမဝေးမှာ စုစည်းသွားတယ်။

“ဒါက မသေသေးဘူး။” ချီမင်က ပြောလိုက်တယ်။

ဝေါင်း! ဝေါင်း! ဝေါင်း!

အနက်ရောင်မြူခိုးတွေ ပျံ့နှံ့သွားတယ်။

ပိုပိုပြီးများပြားတဲ့ အထူးသရဲတွေ ပေါ်ထွက်လာတယ်။ ငရဲကိုးထပ်တံခါးက အက်ကြောင်းတစ်ခုပွင့်သွားပြီး သောင်းပြောင်းသရဲအများအပြား ထွက်ပြေးလာကြတယ်။

မျက်စိတစ်မှိတ်အတွင်းမှာ သူတို့က သရဲစစ်တပ်တစ်ခု ဖွဲ့စည်းလိုက်ကြတယ်။

“ဆုတ်ခွာ!”

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက လူတွေက သရဲစစ်တပ်နဲ့ တိုက်ရိုက်မတိုက်ခိုက်ဘဲ ဆုတ်ခွာသွားကြတယ်။

“အမှောင်မီးလျှံနဂါးအသက်ရှုသံ။”

ဟိန်း!

အမှောင်မီးလျှံက သူ့ပါးစပ်ကိုဖွင့်ပြီး ကြောက်မက်ဖွယ်အနက်ရောင်နဂါးအသက်ရှုခြင်းကို ထုတ်လွှတ်လိုက်တယ်။ နဂါးမီးတောက်တွေက မီးတိုင်ကြီးတွေလိုဖြစ်ပြီး မွေးရာပါသရဲ၊ မျက်နှာမဲ့ကို တိုက်ခိုက်လိုက်တယ်။

“လျှပ်စီးငါးဖြာထိန်းချုပ်ခြင်း။”

ချီမင်က သူ့ရဲ့လျှို့ဝှက်နက်နဲနည်းစနစ်နဲ့ အံ့ဖွယ်စွမ်းအားကို လည်ပတ်စေလိုက်တယ်။ သူ့ညာလက်ကို ဝှေ့ယမ်းလိုက်တာနဲ့ သူ့လက်ဖဝါးထဲက လျှပ်စီးငါးဖြာရဲ့စွမ်းအားကို ပြောင်းလဲလိုက်တယ်။ သူတို့က စုစည်းပြီး တိုက်ခိုက်လိုက်တယ်။

ဘုန်း!

ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာတယ်။

အမှောင်မီးလျှံရဲ့နဂါးအသက်ရှိုက်ခြင်းနဲ့ ချီမင်ရဲ့လျှပ်စီးငါးဖြာတို့က မျက်နှာမဲ့ကို တိုက်ခိုက်လိုက်တယ်။ ဒီတိုက်ခိုက်မှုနှစ်ခုအောက်မှာ အဲ့ဒါက နာကျင်စွာအော်ဟစ်ပြီး ပြာအဖြစ်နဲ့ ပျက်စီးသွားတယ်။

“ဆုတ်ခွာ!”

ချီမင်က ငရဲကိုးထပ်တံခါးကို နက်ရှိုင်းစွာကြည့်လိုက်တယ်။ မသိလိုက်ဘာသာပဲ အထွတ်အထိပ်စိတ်ဆန္ဒနဲ့ တည်ရှိမှုတစ်ခုက သူ့ကို အဆက်မပြတ်စောင့်ကြည့်နေသလိုခံစားရလို့ချီမင်ကို မလုံမလဲဖြစ်သွားစေတယ်။

“ဟုတ်ကဲ့။”

“ဟုတ်ကဲ့။”

“…”

ဝိညာဉ်သားရဲလေးကောင်က ပြန်ဖြေလိုက်ကြတယ်။

ချီမင်က ဝိညာဉ်သားရဲလေးကောင်ကို ဦးဆောင်ပြီး လျင်မြန်စွာဆုတ်ခွာသွားတယ်။ အရမ်းတိုတောင်းတဲ့အချိန်အတွင်းမှာ သူတို့က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ ဂိုဏ်းအဖွဲ့နောက်ကိုလိုက်ပြီး အသင်္ချေသရဲဂူထဲကနေ ထွက်ခွာလိုက်ကြတယ်။

ဂျိန်း! ဂျိန်း!

ကောင်းကင်နဲ့မြေကြီးစည်းခတ်ခြင်းအစီအရင်က ငရဲကိုးထပ်ချီစွမ်းအင်ရဲ့ တိုက်စားခြင်းခံရပြီး တဖြည်းဖြည်း အားနည်းချက်တစ်ခု ပေါ်ထွက်လာတယ်။ ကြီးမားတဲ့အစီအရင်က အက်ကြောင်းတွေနဲ့ ဆွေးမြေ့မှုတွေနဲ့ ဖုံးလွှမ်းလာတယ်။

ဘုန်း!

ကျယ်လောင်တဲ့အသံကြီးတစ်ခု ထွက်ပေါ်လာတယ်။

ကောင်းကင်နဲ့မြေကြီးစည်းခတ်ခြင်းအစီအရင် ပျက်စီးသွားတယ်။

တစ်ချိန်တည်းမှာပဲ ချီမင်နဲ့တခြားသူတွေလည်း အသင်္ချေသရဲဂူထဲကနေ ထွက်ပြေးလာပြီး အပြင်ဘက်ကို ရောက်သွားကြတယ်။ ဒါပေမဲ့ ငရဲကိုးထပ်အမှောင်မြူခိုးက ဆက်ပြီးပျံ့နှံ့နေပြီး တဖြည်းဖြည်း ကျယ်ပြန့်လာတယ်။

နောက်ဆုံးမှာ အသင်္ချေသရဲဂူရဲ့ဧရိယာက နှစ်ဆတိုးလာပြီးမှ တိုးဝှေ့နေတဲ့အနက်ရောင်မြူခိုးက တဖြည်းဖြည်း ငြိမ်သက်သွားတယ်။

ထူထဲပြီး မှောင်မိုက်နေတဲ့ အသင်္ချေသရဲဂူရဲ့ အနက်ရှိုင်းဆုံးနေရာတွေမှာ မသဲမကွဲနဲ့ဖျော့တော့တဲ့ပုဲရိပ်‌ယောင်တံခါးကြီးတစ်ခု ရှိ‌ နေတယ်။ ဒီတံခါးက လုံးဝအနက်ရောင်ဖြစ်ပြီး မရေမတွက်နိုင်တဲ့ သရဲအရိပ်တွေ ပေါ်ထွက်နေပြီး ကောင်းကင်နဲ့မြေကြီးနဲ့ ဆက်သွယ်ထားတယ်။

ဒါက ငရဲကိုးထပ်တံခါးပဲ။

ကောင်းကင်နဲ့မြေကြီး ပြောင်းလဲသွားပြီး ငရဲကိုးထပ်တံခါး ပေါ်ထွက်လာတယ်။

“အခုထွက်သွားကြ။”

ဒီအချိန်မှာ ငရဲကိုးထပ်တံခါး ပေါ်ထွက်လာမှုကြောင့် မြေအောက်နတ်ဆိုးအရှင်နဲ့ ငရဲကိုးထပ်သရဲဂိုဏ်းက မဟာအကြီးအကဲတွေက ဒီပရမ်းပတာအခြေအနေကို အခွင့်ကောင်းယူပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကနေ ထွက်ပြေးလွတ်မြောက်သွားကြတယ်။

သူတို့က အဆုံးမဲ့ချောက်နက်နဲ့ ငရဲကိုးထပ်သရဲဂိုဏ်းရဲ့ လူအုပ်နဲ့ လျင်မြန်စွာ ပြန်လည်စုစည်းလိုက်ကြတယ်။

“သူတို့ ထွက်ပြေးသွားကြပြီ။” တာအိုဆရာခရမ်းရောင်ကောင်းကင်က တည်ကြည်စွာ ပြောလိုက်တယ်။

“ဖြစ်ချင်တာဖြစ်ပါစေတော့။”

“လက်ရှိအခြေအနေမှာ ငရဲကိုးထပ်တံခါးက ရုတ်တရက်ပေါ်ထွက်လာတယ်။ အသင်္ချေသရဲဂူက ကျယ်ပြန့်လာပြီး ဂိုဏ်းချုပ်နဲ့တခြားသူတွေက တိုက်ခိုက်နေကြတယ်။ ငါတို့ သူတို့ကို မသတ်နိုင်တော့ဘူး။”

“ဒါက နှမြောစရာကောင်းပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး ငါတို့ဘာမှလုပ်လို့မရတော့ဘူး။ ဒါ့အပြင် ဒီတစ်ခါ ငါတို့ ဘာမှမဆုံးရှုံးမှုဘူး။ အဲ့ဒီအစား အဆုံးမဲ့ချောက်နက်နဲ့ ငရဲကိုးထပ်သရဲဂိုဏ်းက တော်တော်လေးဆုံးရှုံးမှုတွေ ခံစားခဲ့ရတယ်။”

“ဟုတ်တယ်။”

တခြားမဟာအကြီးအကဲတွေက ပြောကြတယ်။

ကောင်းကင်ယံမှာ။

ရှပ်! ရှပ်! ရှပ်!

ပုံရိပ်သုံးခု ကျရောက်လာတယ်။

ယန်လီ၊ ယိုထျန်းလင်နဲ့ ဝူဒီးယပ်စ်တို့ပဲ။

သူတို့သုံးယောက်လုံး တိုက်ခိုက်တာကို ရပ်တန့်လိုက်ကြပြီ။

“ငရဲကိုးထပ်တံခါး။”

ယန်လီက မျက်မှောင်ကြုံ့ပြီး လေသံတိုးတိုးနဲ့ပြောတယ်၊ “ဒါက ဒီအချိန်မှာ တကယ်ပေါ်ထွက်လာတာပဲ။ ငရဲကိုးထပ်စိတ်ဆန္ဒက လျှို့ဝှက်နက်နဲကမ္ဘာကို ကျူးကျော်ချင်နေတာလား? ဒါမှမဟုတ် မျက်နှာပြရုံပဲလား?”

ငရဲကိုးထပ်ဆိုတာ အရမ်းထူးဆန်းတဲ့ကမ္ဘာတစ်ခုဖြစ်တယ်။

ဒီကမ္ဘာက လျှို့ဝှက်နက်နဲကမ္ဘာရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ ဒါပေမဲ့ ဒါက လျှို့ဝှက်နက်နဲကမ္ဘာကနေ ထွက်ခွာသွားပြီး ကိုယ်ပိုင်ကမ္ဘာတစ်ခု ဖွဲ့စည်းခဲ့တယ်။ ဒါ့အပြင် ငရဲကိုးထပ်စိတ်ဆန္ဒကို မွေးဖွားထားတယ်။

ငရဲကိုးထပ်စိတ်ဆန္ဒက ငရဲကိုးထပ်ကမ္ဘာ့စိတ်ဆန္ဒဖြစ်ပြီး ကောင်းကင်တာအိုနဲ့ ဆင်တူတဲ့ တည်ရှိမှုတစ်ခုဖြစ်တယ်။

ဒါက အရမ်းထူးဆန်းပြီး ထူးခြားဆန်းပြားတယ်။

ငရဲကိုးထပ်က တမလွန်မဟုတ်သလို၊ ပြန်လည်ဝင်စားခြင်းလမ်းစဥ် ခြောက်သွယ်လည်းမရှိဘူး။

လျှို့ဝှက်နက်နဲကမ္ဘာမှာ သက်ရှိတစ်ယောက်သေဆုံးရင် သူတို့ဝိညာဉ်ကို ငရဲကိုးထပ်စိတ်ဆန္ဒက ဆွဲယူသွားပြီး ငရဲကိုးထပ်ထဲ ကျရောက်သွားကာ သူ့ရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်သွားလိမ့်မယ်။

“ဒီလိုဖြစ်လာလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။”

ဝူဒီးယပ်စ်က မျက်မှောင်ကြုံ့လိုက်တယ်၊ “ဒါမှမဟုတ် ဒီကိစ္စက တကယ်တော့ အင်မော်တယ်မျိုးနွယ်စုရဲ့ အကြံအစည်ထဲမှာလည်း ပါနေတာလား? ငါတို့အဆုံးမဲ့ချောက်နက်က အင်မော်တယ်မျိုးနွယ်စုရဲ့ အကြံအစည်ထဲ ကျရောက်သွားပုံပဲ။”

လွန်ခဲ့တဲ့နှစ် (၂၀၀) ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက အမွေခံတပည့်ပြိုင်ပွဲကျင်းပမယ့်နေရာကို အဆုံးမဲ့ချောက်နက်အဖြစ် သတ်မှတ်ပြီး တောင်ထွတ်ဆယ့်နှစ်ခုက အမွေခံတပည့်တွေကို မြေအောက်နတ်ဆိုးတွေလိုက်လံသတ်ဖြတ်ဖို့ အဆုံးမဲ့ချောက်နက်ဆီ လွှတ်ခဲ့တယ်။

အဲ့ဒီအမွေခံတပည့်ပြိုင်ပွဲကြောင့်ပဲ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက အဆုံးမဲ့ချောက်နက်နဲ့ ရန်ငြိုးဖွဲ့ခဲ့ရတာဖြစ်တယ်။

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့်ပြိုင်ပွဲကို အသင်္ချေသရဲဂူမှာ ကျင်းပမယ်ဆိုတာ သိပြီးတော့ အဆုံးမဲ့ချောက်နက်က အင်မော်တယ်တွေရဲ့ လမ်းညွှန်မှုအနည်းငယ်နဲ့ အဖွဲ့တစ်ဖွဲ့ကို လွှတ်ခဲ့တယ်။

ငရဲကိုးထပ်သရဲဂိုဏ်းကတော့…

ယိုထျန်းလင်က အင်မော်တယ်မျိုးနွယ်စုပေးတဲ့ အကျိုးအမြတ်တွေကို ရရှိထားတယ်။ ဒါ့အပြင် အကျိုးအမြတ်တွေက မနည်းဘူး။ ဒါက ရှေးခေတ်ကတည်းက ကျန်ရစ်ခဲ့တဲ့ သရဲမျိုးနွယ်ကောင်းကင်ဂူတစ်ခုဖြစ်တယ်။ ဒါက ယိုထျန်းလင်အတွက် အရမ်းအထောက်အကူဖြစ်လို့ သူက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကို ကိုင်တွယ်ဖို့ အဖွဲ့တစ်ဖွဲ့ကို လွှတ်လိုက်တာဖြစ်တယ်။

ယိုထျန်းလင်ရဲ့အမြင်မှာ သူတို့က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တောင်ထွတ်ဆယ့်နှစ်ခုက အမွေခံတပည့်တွေဖြစ်တယ်။သူတို့အားလုံးက လူငယ်တွေချည်းပဲဖြစ်လို့သူတို့ကိုကိုင်တွယ်ဖို့ လွယ်လွယ်လေးဖြစ်တယ်။

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကို စော်ကားမိမှာကိုတော့ ယိုထျန်းလင်က ပိုလို့တောင် မကြောက်ဘူး။

“ယန်လီ။” ဝူဒီးယပ်စ်က ပွင့်ပွင့်လင်းလင်းပြောတယ်၊ “ဒီတစ်ခါ ငါတို့အဆုံးမဲ့ချောက်နက်က စိတ်မြန်လက်မြန်လုပ်မိပြီး အင်မော်တယ်တွေရဲ့ အကြံအစည်ထဲ ကျရောက်သွားတယ်။ ဒါကြောင့် ငါတို့ တိုက်ခိုက်ခဲ့ပြီး ဒီလိုဖြစ်သွားရတာ။”

“အခုကြည့်ရတာတော့…” ဝူဒီးယပ်စ်က ခဏစဉ်းစားလိုက်တယ်၊ “အင်မော်တယ်တွေက အချိန်အတော်ကြာ တိတ်ဆိတ်နေကြတယ်။ သူတို့က ငါတို့ဒေသလေးခုကို တိုက်ခိုက်ချင်နေတယ်။ဒါက အရမ်းသိသာနေပြီ။”

“ဒီလိုဆိုရင် ဒီတိုက်ပွဲကို မေ့လိုက်ကြရအောင်။”

ယိုထျန်းလင်က မျက်မှောင်အနည်းငယ်ကြုံ့လိုက်တယ်။ “ကျွန်မတို့တကယ်စစ်ပွဲဖြစ်ရင် အင်မော်တယ်တွေရဲ့အလိုအတိုင်း ဖြစ်သွားလိမ့်မယ်ထင်တယ်။”

သူတို့ တည်ငြိမ်သွားကြတယ်။

“ကောင်းပြီ။”

ယန်လီက ခေါင်းညိတ်ပြီး သူ့လက်ထဲကဓားကို သိမ်းလိုက်တယ်၊ “ဒီကိစ္စက ငါတို့ကြောင့်စခဲ့တာဆိုတော့ မင်းတို့နှစ်ယောက် ဒီငရဲကိုးထပ်တံခါးကို ငါနဲ့အတူ စည်းခတ်ပိတ်ဆို့ပေးရလိမ့်မယ်။”

“မဟုတ်ရင်…”

“ငရဲကိုးထပ်ချီစွမ်းအင်က ငရဲကိုးထပ်တံခါးကနေ အဆက်မပြတ်ထွက်ပေါ်နေပြီး အသင်္ချေသရဲဂူရဲ့ဧရိယာက အဆက်မပြတ်ကျယ်ပြန့်နေတယ်။ ဒါက အနောက်ပိုင်းဒေသအတွက်ဖြစ်စေ၊ တောင်ပိုင်းဒေသအတွက်ဖြစ်စေ မကောင်းတဲ့အရာပဲ။”

“ရတယ်။” ဝူဒီးယပ်စ်က ခေါင်းညိတ်လိုက်တယ်။

“ဟုတ်တယ်။” ယိုထျန်းလင်ကလည်း ပြောလိုက်တယ်။

ခုနကတင် တိုက်ခိုက်နေကြတဲ့ ယန်လီ၊ ယိုထျန်းလင်နဲ့ ဝူဒီးယပ်စ်တို့က ငရဲကိုးထပ်တံခါးကို စည်းခတ်ပိတ်ဆို့ဖို့ ပူးပေါင်းလိုက်ကြတယ်။

ဒုန်းဒုန်းဒုန်း!!!

အသင်္ချေသရဲဂူရဲ့ အရပ်လေးမျက်နှာက အရမ်းပြင်းထန်စွာ တုန်ခါသွားတယ်။ ကောင်းကင်နဲ့မြေကြီးရဲ့အင်အား ပျံ့နှံ့သွားပြီး ကောင်းကင်နဲ့မြေကြီးရဲ့ ဝိညာဉ်ချီက စုစည်းကာ စွမ်းအင်မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာတယ်။

ယန်လီနဲ့ တခြားနှစ်ယောက်က တိုက်ခိုက်ပြီး ကြီးမားတဲ့စွမ်းအားကို ပြသလိုက်ကြတယ်။ ဒါက အရမ်းကိုကြီးမားပြီး ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအား ပါဝင်နေတယ်။ မရေမတွက်နိုင်တဲ့ အစီအရင်စာလုံးတွေ ယှက်နွယ်ပျံ့နှံ့လာပြီး ခမ်းနားကြီးကျယ်တဲ့ တာအိုအစီအရင်စာလုံးတွေအဖြစ် ပြောင်းလဲကာ ကြီးမားတဲ့ခရမ်းရောင်အစီအရင်ပုံကားချပ်တစ်ခု ဖြစ်ပေါ်လာတယ်။

နောက်ဆုံးမှာ ခရမ်းရောင်အစီအရင်က ကျရောက်လာပြီး ငရဲကိုးထပ်တံခါးကို လွှမ်းခြုံကာ အတင်းအကျပ် စည်းခတ်ပိတ်ဆို့လိုက်တယ်။

အဲ့ဒီအခါမှပဲ အနက်ရောင်မြူခိုးက ကျယ်ပြန့်တာကို ရပ်တန့်သွားပြီး သောင်းပြောင်းသရဲတွေ တဖြည်းဖြည်း ငြိမ်သက်သွားကြတယ်။

ဒီနည်းနဲ့ အသင်္ချေသရဲဂူထဲက လှုပ်လှုပ်ရှားရှားအခြေအနေက နောက်ဆုံးမှာ ငြိမ်သက်သွားတော့တယ်။

“သွား!”

ယိုထျန်းလင်က သူ့လက်ကို ဝှေ့ယမ်းလိုက်တော့ ဟင်းလင်းပြင်လမ်းကြောင်းပေါ်လာတယ်။ သူမက အထဲကိုဝင်သွားပြီး ယန်လီကို တစ်ချက်ကြည့်လိုက်ပြီးမှ ထွက်ခွာသွားတယ်၊ “ဂိုဏ်းချုပ်ယန်၊ နောက်တစ်ခါမှ ရှင့်ရဲ့ဓားတာအိုကိုကြည့်ပါဦးမယ်။”

သူမ ထွက်ခွာသွားတယ်။

ရှပ်! ရှပ်! ရှပ်!

ပြီးတော့ ငရဲကိုးထပ်သရဲဂိုဏ်းက သရဲကျင့်ကြံသူအားလုံး အနီးကပ်လိုက်ပါသွားကြတယ်။

“သွားကြစို့။”

ဝူဒီးယပ်စ်က သူ့စွမ်းအားကို ရုတ်သိမ်းလိုက်ပြီး ‌ကျောင်းတော်သားတစ်ယောက်လို ဟန်ဆောင်လိုက်တယ်။ သူက လှည့်ထွက်ပြီး ဟင်းလင်းပြင်လမ်းကြောင်းထဲ လျှောက်ဝင်သွားတယ်။ မြေအောက်နတ်ဆိုးတွေလည်း သူ့နောက်ကို လိုက်ပါသွားကြတယ်။

ဒီနည်းနဲ့ အမွေခံတပည့်ပြိုင်ပွဲ ပြီးဆုံးသွားတယ်။

နောက်ဆက်တွဲအနေနဲ့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တောင်ထွတ်ဆယ့်နှစ်ခုက အမွေခံတပည့်တွေနဲ့ အကြီးအကဲတွေက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းဆီ တစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြတယ်။ ချီမင်လည်း လူတိုင်းနဲ့အတူ အသင်္ချေသရဲဂူကနေ ထွက်ခွာသွားတယ်။

မကြာခင်မှာပဲ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၊ ငရဲကိုးထပ်သရဲဂိုဏ်း၊ အဆုံးမဲ့ချောက်နက်တို့အားလုံး အသင်္ချေသရဲဂူကနေ ထွက်ခွာသွားကြတယ်။

အသင်္ချေသရဲဂူက အရင်ကငြိမ်းချမ်းမှုကို ပြန်လည်ရရှိသွားတယ်။

နာရီဝက်အကြာမှာ။

အင်မော်တယ်အလင်းတန်းနှစ်ခု ရောက်ရှိလာတယ်။

အနီးကပ်ကြည့်လိုက်တော့ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ဖြစ်တယ်။

သူတို့က ခမ်းခမ်းနားနား ဝတ်ဆင်ထားပြီး လေးစားဖွယ် ကောင်း‌နေတယ်။ သူတို့မှာ ထာဝရလိုမျိုးအင်မော်တယ်အငွေ့အသက်ရှိတယ်။ ယောက်ျားက ခန့်ညားပြီး မိန်းမက လှပတယ်။ သူတို့ခန္ဓာကိုယ်မှာ အပြစ်အနာအဆာမရှိဘူး။

“ပွင့်စေ!”

ပြီးတော့ သူတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြတယ်။ ယောက်ျားက သူ့ညာလက်ကို ဝှေ့ယမ်းပြီး အဖြူရောင်အင်မော်တယ်တိုကင်တစ်ခု ထုတ်ယူလိုက်တယ်။ သူ့ဘေးကမိန်းမက လက်ချိတ်စည်းတွေဖွဲ့စည်းပြီး အဆောင်စာလုံးတွေ ပေါ်ထွက်လာတယ်။

ရှပ်!

အင်မော်တယ်တိုကင်က လေကိုထိုးခွင်းသွားပြီး အသင်္ချေသရဲဂူရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ကျရောက်သွားတယ်။

ဂျိန်း!

အင်မော်တယ်တိုကင်က ယန်လီ၊ ယိုထျန်းလင်နဲ့ ဝူဒီးယပ်စ်တို့ ဖန်တီးခဲ့တဲ့ ခရမ်းရောင်အစီအရင်ကို ချွန်ထက်တဲ့ဓားတစ်လက်လို ထိုးဖောက်သွားတယ်။ အပေါက်တစ်ခု ပေါ်ထွက်လာတယ်။

စည်းခတ်ပိတ်ဆို့မှုက မပြည့်စုံတော့ဘူး။

ငရဲကိုးထပ်ချီစွမ်းအင်မျှင်လေးတွေ အပေါက်ထဲကနေ စီးထွက်လာတာနဲ့အမျှ အသင်္ချေသရဲဂူက ထပ်ပြီးလှုပ်ခတ်သွားတယ်။ ဒါပေမဲ့ ငရဲကိုးထပ်ချီများများစားစားမထွက်ပေါ်လာတဲ့အတွက် အဲ့ဒါက လျင်မြန်စွာနဲ့ပဲ ငြိမ်သက်သွားတယ်။

“ပြီးပြီ။”

ယောက်ျားက ပြောတယ်၊ “ တိုက်ပွဲမြင့်မြတ်ခန္ဓာက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ တကယ်ရှိနေတာပဲ။ ဖြစ်စဉ်က နည်းနည်းရှုပ်ထွေးခဲ့ပေမယ့် အင်မော်တယ်ဘုရင်လင်လုံ တွက်ချက်ခဲ့တဲ့ရလဒ်မှာ ပြဿနာမရှိဘူး။”

မိန်းမက ခေါင်းညိတ်လိုက်တယ်၊ “တိုက်ပွဲမြင့်မြတ်ခန္ဓာက ကိစ္စသေးသေးလေးတစ်ခုပေမဲ့ ငရဲကိုးထပ်တံခါးက ကိစ္စအကြီးကြီးတစ်ခုပဲ။ ဒါက ငါတို့အင်မော်တယ်မျိုးနွယ်စုရဲ့ ပန်းတိုင်အစစ်နဲ့ အကြံအစည်အမှန်ပဲ။”

All Chapters