← Chapters

ရန်ကျောက်ကဲကိုအပြင်းအထန်စိတ်လှုပ်ရှားသွားစေသည့်ရှာဖွေတွေ့ရှိမှု

Vol. 17 Ch. 230

ရန်ကျောက်ကဲကိုအပြင်းအထန်စိတ်လှုပ်ရှားသွားစေသည့်ရှာဖွေတွေ့ရှိမှု

Vol. 17 Ch. 230

ရန်ကျောက်ကဲ ယခုမြင်နေရသော မြင်ကွင်းက ကောင်းကင်ဘုံနန်းတော်နှင့်ပတ်သက်သော သူ့မှတ်ဉာဏ် “အမှတ်တရ” များထဲတွင် ပါဝင်သည့်မြင်ကွင်းတစ်ခု မဟုတ်ပေ။

မျှော်လင့်မထားသည့်ပုံရိပ်တစ်ခု သူ့စိတ်အာရုံထဲပေါ်လာသည်နှင့် ရန်ကျောက်ကဲ သေသေချာချာ သတိထားကာ ကြည့်ရှုလိုက်သည်။

တစ်စုံတစ်ယောက်က သဲကန္တာရအတွင်းမှ ကျောက်တိုင်ကြီးကို ရှာဖွေတွေ့ရှိသွားသည့် ပုံရိပ်ဖြစ်သည်။

ထိုသူက အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်းအလယ်တွင် ဖြည်းညင်းစွာ လမ်းလျှောက်လာသည်။ သူ့ပုံစံက အေးဆေးလွန်းပြီး လေထဲတွင် လွင့်မျောလာသည့်အလား ထင်မှတ်ရသည်။

ထိုမြင်ကွင်းကိုတွေ့တော့ ရန်‌ကျောက်ကဲ မျက်မှောင်ကြုတ်လိုက်သည်။ သေသေချာချာ ခွဲခြားကြည့်သည့်အခါ ထိုသူက အနောက်ဘက်သဲကန္တာရကြီးထဲတွင် အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်း အပြင်းထန်ဆုံးတိုင်ခတ်နေချိန်တွင် ရောက်ရှိလာခြင်းဖြစ်သည်။

အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါး လမ်းလျှောက်လာသည့် ထိုသူ၏သဏ္ဌန်က အခြားသူများ နားမလည်နိုင်သည့်စွမ်းအားများနှင့် ပြည့်နက်နေပြီး လူတိုင်းကို စိုးရိမ်စိတ် ဖြစ်ပေါ်စေသည်။

သေသေချာချာ စူးစိုက်ကြည့်သည့်တိုင် ထိုသူ မည်သူဖြစ်ကြောင်း ရန်ကျောက်ကဲ ရှင်းရှင်းလင်းလင်း မတွေ့မြင်ရပေ။

ထိုလူရိပ်ကို ကြည်လင်သောအလင်းလွှာတစ်လွှာဖြင့် ဖုံးအုပ်ထားသဖြင့် မျက်နှာကို တွေ့မြင်ရခြင်းမရှိဘဲ ခန္ဓာကိုယ်အသွင်အပြင်ကိုသာ တွေ့မြင်ရသည်။ ထိုသူက ငယ်ရွယ်သည့်မိန်းမပျိုတစ်ယောက်ဖြစ်ပြီး အသွင်အပြင်နှင့် ဝတ်စားဆင်ယင်ပုံက အလွန်ထူးခြားဆန်းကျယ်သည်။

မြင်ကွင်းထဲမှ ထိုမိန်းမပျိုက ကျောက်တိုင်ကြီးရှေ့သို့ရောက်လာလေရာ ရန်ကျောက်ကဲရှေ့သို့ ရောက်လာသည့်အလား ထင်မှတ်ရသည်။

သူမက လက်တစ်ဖက်ကို ဆန့်ထုန်လိုက်ပြီး ကျောက်တိုင်ကြီးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ ထို့နောက် သက်ပြင်းဖွဖွ ချရင်း စကားတစ်ခွန်းဆိုသည်။ ထိုစကားများက ရန်ကျောက်ကဲ၏နှလုံးသား အနက်ရှိုင်းဆုံးသို့ ပဲ့တင်ထပ် ဝင်ရောက်လာသည်။

“ကျယ်ပြန့်တဲ့ပင်လယ်ကနေ အဆုံးမရှိတဲ့ ကွင်းပြင်တွေအထိ... အရာတ္ထုတွေက ထာဝရတည်ရှိနေပေမယ့် လူသားတွေက မျက်နှာတွေ မရှိကြဘူး”

ရန်ကျောက်ကဲမျက်ဝန်းများ ရုတ်တရက် တုန်လှုပ်သွားသည်။ အဘယ်ကြောင့်ဆိုသော ထိုမိန်းမပျို၏ စကားလုံးများက မဟာကပ်ဘေးကြီးမတိုင်ခင်က အဖြစ်အပျက်များကဲ့သို့မခံစားရဘဲ သူမက သူနှင့် ခေတ်တစ်ခေတ်တည်းတွင် အတူတူရှိနေပြီး သူ့ဘေးနားရောက်လာကာ သူ့နားထဲသို့ တိုးတိုးကပ်ပြောလိုက်သည့်အလား ခံစားရသောကြောင့် ဖြစ်သည်။

မိန်းမပျို၏စကားကိုကြားရပြီးနောက် စားအဓိပ္ပါယ်ကို သေသေချာချာ စဉ်းစားကြည့်လိုက်ရာ ရန်ကျောက်ကဲ နှလုံးခုန်သံ ပြင်းထန်စွာ လျှင်မြန်လာသည်။

“ကျယ်ပြန့်တဲ့ပင်လယ်ကနေ အဆုံးမရှိတဲ့ ကွင်းပြင်တွေအထိ... အရာတ္ထုတွေက ထာဝရတည်ရှိနေပေမယ့် လူသားတွေက မျက်နှာတွေ မရှိကြဘူး”

ရန်ကျောက်ကဲက စိတ်ကိုတည်ငြိမ်အောင် ကြိုးစားလိုက်ပြီး သူ့ စိတ်အာရုံမြင်ကွင်းကို ဆက်လက်ကြည့်ရှုသည်။

ထိုမိန်းကလေးက ကျောက်စာတိုင်မျက်နှာပြင်ထက်မှ သင်္ကေပုံစံများကို လက်ဖြင့်ပွတ်သပ်ရင်း သူမကိုယ်သူမ ရေရွတ်သည့်အလား စကားဆိုသည်။

“ငါတို့လျှောက်လှမ်းနေတဲ့လမ်းက မှန်ရောမှန်ရဲ့လား ၊ ငါတို့သေသွားခဲ့ရင် ငါတို့ဘိုး‌ဘေးတွေက ငါတို့ကို မျက်စိတွေ့နိုင်ပါ့မလား”

ထို့နောက် သူမက သက်ပြင်းတစ်ချက်ချလိုက်ပြီး ကျောက်တိုင်ကြီးကို သဲကန္တာရအတွင်းမှ ဖယ်ရှားပစ်ရန် မကြိုးစားဘဲ သဲကန္တာရထဲသို့ နစ်မြုပ်သွားအောင် လက်ဖြင့်ဖိချလိုက်သည်။

သေသေချာချာ ကြည့်လိုက်သည့်အခါ မိန်းမပျို၏ ဦးခေါင်းထက်တွင် သရဖူတစ်ခု ဆောင်းထားသည်ကို ရန်ကျောက်ကဲ တွေ့မြင်လိုက်ရသည်။

မြင်ကွင်းက အလွန်လျှင်မြန်စွာ ပြန်လည်ပျောက်ကွယ်သွားသော်လည်း ရန်ကျောက်ကဲ၏ စိတ်အစဉ် တုန်လှုပ်သွားရသည်။

“ငါ အမှတ်မမှားဘူးဆိုရင် အဲဒါ ထူးကဲယင်သရဖူ မဟုတ်လား”

ရန်ကျောက်ကဲ မျက်ခုံးများတွန့်ချိုးကာ တွေးလိုက်သည်။ သူ့မျက်နှာအမူအရာကလည်း အနည်းငယ် ထူးဆန်းသွား၏။

ရန်ကျောက်ကဲက ထူးကဲယင်သရဖူကို ကိုယ်တိုင်ကိုယ်ကျ မတွေ့မြင်ဖူးသော်လည်း ထူးကဲယင်သရဖူပန်းချီကားချပ်များကိုတော့ အရင်က တွေ့မြင်ခဲ့ဖူးသည်။

မြင်ကွင်းကမှုံဝါးနေသည့်အတွက် ထိုမိန်းကလေး ဆောင်းထားသည့် သရဖူက ထူးကဲယင်သရဖူ အစစ်အမှန် ဟုတ် မဟုတ် မသိရသော်လည်း အရွယ်အစားရော ပုံသဏ္ဌန်ပါ အလွန်တူညီသည်။

ရန်ကျောက်ကဲ ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ကျောက်တိုင်ကြီးနှင့်ပတ်သက်သည့် မှတ်ဉာဏ်များကို ဖြတ်တောက်လိုက်သည်။

သူ့မျက်နှာအမူအရာက ငြိမ်သက်နေသည့်တိုင် သူ့စိတ်ထဲတွင်တော့ မရေမတွက်နိုင်သည့်အတွေးများဖြင့် တောက်လောင်နေသည်။

ခဏကြာမှ ရန်ကျောက်ကဲ အသိပြန်ဝင်လာပြီး မျက်လုံးများကို မှေးစင်းကာ ကျောက်တိုင်ကြီးကို ခေါင်းမော့ကြည့်လိုက်သည်။

အပြောင်းအလဲက မသိသာသော်လည်း ရန်ကျောက်ကဲ၏ အမြင်အာရုံထဲတွင် အတိအကျဆိုနိုင်သည်မှာ သူ့အရှေ့မှ ကောင်းကင်ဘုံနန်းတော်ထောက်တို်ကြီးသည် အရင်ကထက် အနည်းငယ်တိုသွားသည်ဆိုသောအချက်ပင် ဖြစ်သည်။

ဤသည်က ကျောက်တိုင်ကြီးကို ဒုတိယအကြိမ်သန့်စင်ခြင်းအတွက် ရလဒ်ပင် ဖြစ်သည်။

သို့ပေသိ သူ စီစဉ်ထားသည့်အတိုင်း အပြည့်အဝ ပြုလုပ်ချင်ပါက အနောက်ဘက်သဲကန္တာရကြီးထဲတွင် ကနဦးသန့်စင်ခြင်း ပြုလုပ်သကဲ့သို့ တစ်ချက်တည်းဖြင့် ပြုလုပ်၍ မရနိုင်ပေ။

ဤ ဒုတိယသန့်စင်ခြင်း ပြီး‌မြောက်စေရန် အချိန်အနည်းငယ် လိုအပ်မည် ဖြစ်သည်။

ရန်ကျောက်ကဲက လက်ကိုဆန့်ထုတ်လိုက်ပြီး ကျောက်တိုင်ကြီးကို ထိကိုင်လိုက်သည်။ သူ့စိတ် တစ်ချက်လှုပ်ရှားသွားပြီး ကျောက်တိုင်ကြီးက မူလအတိုင်း ပြန်လည်ရှည်လျားလာပြီး နဂိုမူလပုံစံအတိုင်း ပြန်ဖြစ်သွားသည်။ မည်သည့်မူမမှန်မှုမှ မဖြစ်ခဲ့သည့်အလား တိတ်ဆိတ်စွာပင် ရှိနေသည်။

သို့ပေသိ ယခင်နှင့် မတူတော့သည်မှာ အမှန်ပင်။ ရန်ကျောက်ကဲ အနေဖြင့် ကျောက်တိုင်ကြီး၏ အရွယ်အစားကို အကန့်အသတ်ဖြင့် ပြောင်းလဲနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

နေ့စဉ်နှင့်အမျှ အထပ်ထပ်သန့်စင်ပေးနေမည်ဆိုပါက ကျောက်တိုင်ကြီး၏ အရွယ်အစားကို အတိုင်းအတာတစ်ခုအထိ ပြောင်းလဲပစ်နိုင်ပြီး စဉ်ဆက်မပြတ် တိုးတက်လာမည် ဖြစ်သည်။

ရန်ကျောက်ကဲ အချိန်ကြာမြင့်စွာ စကားမဆိုဘဲ ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးကို ကြည့်နေသည်။

နောက်ရက်များတွင်လည်း ရန်ကျောက်ကဲသည် စုကျိုးမြို့တွင်သာ စခန်းချနေခဲ့သည်။ အကြီးအကဲ’လီ၏ ဇာပနပွဲ တက်ရောက်သည်မှအပ ကျန်အချိန်များတွင် ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးကို သန့်စင်ရင်း ကျင့်ကြံနေခဲ့သည်။

စုကျိုးမြို့သို့စေလွှတ်လိုက်သည့် ယာယီအကြီးအကဲကလည်း ရောက်မလာသေးလေရာ စုကျိုးမြို့မှ ဝါဒတောင်သိုင်းသမားများက ဖြစ်ပျက်သမျှ ကိစ္စတိုင်းကို ရန်ကျောက်ကဲထံ သတင်းပို့ကြသည်။

မည်သို့ပင်ဖြစ်စေ ဤနေရာမှကိစ္စရပ်များက ကာလရှည်ကြာဆုံးဖြတ်ချက်များဖြင့် အသားကျနေလေရာ ရန်ကျောက်ကဲက ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။ သူက အကြီးအကဲ အကူးအပြောင်း ကြားကာလတွင် အခြေအနေကို မူအတိုင်းထိန်းထားပေးရုံသာ ပြုလုပ်ခဲ့သည်။

ဝါဒတောင်၏ လုပ်ငန်းဆိုင်ရာအကြီးအကဲတစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီး ဝါဒတောင်မှ သိုင်းသမားများ အလုပ်ရှုတ်နေကြသည့်တိုင် မည်သူမှ ဝါဒတောင်ကို ရန်စရဲလောက်အောင် မျက်စိကန်းနေသူများ မရှိကြပေ။

ရန်ကျောက်ကဲ ပေးအပ်သည့်တာဝန်များကို လုပ်ဆောင်ပြီးသည်နှင့် အားဟူက ရန်ကျောက်ကဲထံ ပြန်ရောက်လာသည်။

ကျောက်တိုင်ကြီးထက်တွင် ရေးထိုးထားသည့် သင်္ကေတပုံစံများကိုကြည့်ရင်း အားဟူ၏စိတ်အာရုံ တဖြည်းဖြည်းငြိမ်သက်သွားကာ သူ့မျက်ဝန်းများက တဖျတ်ဖျတ်တောက်ပလာသည်။

သူက ကျောက်စာတိုင်ရှေ့တွင် (၁)ရက်တိုင်တိုင် ကျင့်ကြံနေပြီးနောက် ရုတ်တရက် မျက်လုံးများ ဖွင့်ကြည့်လိုက်သည်။ သူ၏ဦးခေါင်းထက်မှ ဝိညာဉ်စွမ်းအားအလင်းတန်းက မိုးကုတ်စက်ဝိုင်းဆီသို့ တည့်တည့်မတ်မတ် ထိုးဖောက်ဝင်ရောက်နေပြီး တဖျတ်ဖျတ် လင်းလက်တောက်ပနေသည်။

ရန်ကျောက်ကဲကတော့ သူ့နေရာမှာပင်ထိုင်ရင်း မြင်ကွင်းကို အေးဆေးတိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။

ထို့နောက် အားဟူ၏ ဦးခေါင်းထက်မှ ဝိညာဉ်စွမ်းအားအလင်းတန်းက ဦးခေါင်းထက်သို့ တဖြည်းဖြည်း ပြန်လည်ကျဆင်းသွားပြီး သူ့မျက်ဝန်းများဆီမှ တောက်ပမှုသည်လည်း လျော့နည်းသွားကာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

အားဟူက မတ်တတ်ရပ်လိုက်ပြီး လက်သီးတစ်ချက် ပစ်လွှတ်လိုက်ရာ သိုင်းလက်သီးဝိညာဉ်မှ ထွက်ပေါ်လာသော ကြယ်တာရာချီစွမ်းအားက အလွန်အမင်း သိပ်သည်းလျှက် ရှိသည်။

သူ၏ ကြယ်တာရာချီစွမ်းအားထဲတွင်ပါဝင်သော ဝိညာဉ်စွမ်းအားကို ပြင်ပမှ မတွေ့မြင်ရသည့်တိုင် အတွင်းထဲတွင်တော့ မိုးမြေမှဖြစ်တည်လာသည့် လက်သီးသိုင်းဝိညာဉ်က အလွန်လေးလံအားကောင်းကြောင်း သိရှိနိုင်သည်။

ထိုအရာက အသက်ဓာတ်ကိုဖြစ်တည်စေသည့် မြေသြဇာကောင်းသော မြေဆီလွှာတစ်ခုနှင့်တူသည်။ မျိုးစေ့ကျဲပြီးသည့်နောက် အဖြစ်များကို ကြီးထွားလာစေပြီး အပင်ပေါက်လေးများ ထွက်ပေါ်လာစေမည် ဖြစ်သည်။

အားဟူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော စွမ်းအားက အရင်ကထက်ပိုမို‌လေးလံပြီး ထူးခြားစွာ ထက်မြက်နေသည်။

သူ့ကိုကြည့်ရသည်မှာ အရိုးများအသစ်တစ်ဖန် ပြန်လည်မွေးဖွားလာပြီး အသစ်သော မိုးမြေတစ်ခု ပြန်လည်မွေးဖွားလာသည့်အလား ဖြစ်သည်။

သူ့ဦးခေါင်းထက်မှ ဝိညာဉ်စွမ်းအားအလင်းတန်းက ပျောက်ကွယ်သွားပြီ ဖြစ်သည်။ အရင်လို ရည်ရွယ်ချက်ရှိရှိ  ဖုံးကွယ်ထားခြင်းမျိုးမဟုတ်ဘဲ အမှန်တကယ် ပျောက်ကွယ်သွားခြင်း ဖြစ်၏။

ထိုအလင်းတန်း ပျောက်ကွယ်သွားခြင်းက သိုင်းစွမ်းအား နည်းပါးသွားခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် အားဟူသည် ပို၍ပင် အစွမ်းထက်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော ယခုအခါ သူ၏ သွေးကြောဆုံချက်တစ်ခု ခုန်လှုပ်လိုက်တိုင်း မိုးမြေကို ဆက်သွယ်နေနိုင်ပြီ ဖြစ်သောကြောင့်ပင်။ ထို့ကြောင့် သူ့ဦးခေါင်းထက်မှ ဝိညာဉ်စွမ်းအားအလင်းတန်းက မိုးကုတ်စက်ဝိုင်းနှင့် ချိတ်ဆက်ထားစရာ မလိုအပ်တော့ပေ။

သူ့မျက်ဝန်းများထဲမှ စူးရှသည့်အလင်းရောင် ပျောက်ကွယ်သွားပြီး ကျောက်စိမ်းသားပမာ နူးညံ့ချောမွေ့နေသည်။ သူက ရိုးရှင်းစွာပင် ပြန်လည်စတင်ခြင်းကို မွေးဖွားခဲ့သည်။

ဤသည်မှာ သိုင်းကျင့်ကြံသူတစ်ယောက် သိုင်းပညာရှင်အဆင့်မှ သိုင်းဆရာသခင်အဆင့်သို့ အဆင့်တက်သွားသည့် လက္ခဏာပင် ဖြစ်၏။

အားဟူက ချက်ချင်းပင် ရန်ကျောက်ကဲရှေ့သို့ ရောက်လာပြီး...

“သခင်လေး... ကျွန်‌တော် အောင်မြင်သွားပြီဗျ”

ရန်ကျောက်ကဲက အားဟူပခုံးကို ပုတ်လိုက်ရင်း...

“ကောင်းကင်ချိတ်ဆက်အဆင့်ကနေ ဝိညာဉ်ခန္ဓာအဆင့်ကို ရောက်ရှိသွားပြီ ၊ မင်းအတွက် မိုးနဲ့မြေက အရင်ကနဲ့ မတူတော့ဘူး”

သိုင်းပညာရှင်အဆင့်ကဲ့သို့ပင် သိုင်းဆရာသခင်အဆင့်တွင်လည်း အဓိကအဆင့်ကြီး (၃)ဆင့်နှင့် နောက်ဆုံးအဆင့်ဟူ၍ အဆင့်ကြီး (၄)ဆင့် ရှိသည်။

အဓိကအဆင့်ကြီး (၃)ဆင့်တွင် အဆင့်ငယ် (၃)ဆင့်စီ ပါဝင်သည်။ ထို့ကြောင့် စုစုပေါင်း အဆင့် (၁၀)ဆင့်ဟု သတ်မှတ်နိုင်သည်။

သိုင်းဆရာသခင်အဆင့် ပထမအဆင့်ကို ဝိညာဉ်ခန္ဓာအဆင့် ၊ ဒုတိယအဆင့်ကို အမေတေဝိညာဉ်အဆင့် ၊ တတိယအဆင့်ကို အမတေလက်ဖွဲ့အဆင့်ဟု ခေါ်ဆိုသည်။ အဆင့်တိုင်းတွင် ကနဦး ၊ အလယ် ၊ နှောင်းပိုင်း အသီးသီး ပါရှိသည်။

သိုင်းဆရာသခင်အဆင့် နောက်ဆုံးအဆင့်မှာ မသန့်စင်မှုများခဝါချခြင်းအဆင့် (သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်) ဖြစ်သည်။

ယနေ့  အားဟူကဲ့သို့ပင် ကောင်းကင်ဘုံချိတ်ဆက်အဆင့် သိုင်းပညာရှင်တစ်ယောက်က နောက်ဆုံး ကျင့်ကြံခြင်းတစ်ဆို့မှုကို ကျော်ဖြတ်ပြီး ကောင်းကင်ဘုံချိတ်ဆက်မှ ဝိညာဉ်ခန္ဓာအဆင့်သို့ ရောက်ရှိသွားခြင်းကို သိုင်းပညာရှင်အဆင့်မှ သိုင်းဆရာသခင်အဆင့်သို့ ရောက်ရှိသွားသည်ဟု ဆိုကြသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်ကို ဝိညာဉ်ခန္ဓာ သိုင်းဆရာသခင်အဆင့်ဟု ဆိုနိုင်သည်။

ကြယ်တာရာချီစွမ်းအား၏ ဝိညာဉ်စွမ်းအားက ရိုးရှင်းစွာ ပြောင်းလဲသွားပြီး မိုးနှင့်မြေတွင် ဖြစ်တည်လာသည့် လက်သီးသိုင်းဝိညာဉ်က ပုံရိပ်ယောင်မှ အစစ်အမှန်သို့ ကူးပြောင်းသွားသည်။ အခိုးအငွေ့အဖြစ်မှ အစိုင်အခဲ သဏ္ဌန်အဖြစ် စတင်ပြီ ဖြစ်သည်။

ဝိညာဉ်မျိုးစေ့ သိပ်သည်းသွားသည့်အခါ စွမ်းအားများ ကြီးထွားလာပြီး သဏ္ဌန်တစ်ခု ဖြစ်တည်လာသည်။ ထိုသို့ဆိုလျှင် ဝိညာဉ်ခန္ဓာ သိုင်းဆရာသခင် အလယ်ဆင့်ဟု သတ်မှတ်နိုင်သည်။

ရန်ကျောက်ကဲက အားဟူအဆင့်တက်သွားသဖြင့် ပျော်ရွှင်နေသည့်အပြင် သူ့ကိုယ်ပိုင်ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး တိုးတက်မှုရရှိရန် အကြံဉာဏ်တစ်ခုလည်း ရရှိခဲ့သည်။

“ရှန်ထျန်းနှောင်းပိုင်းအဆင့်ကနေ ကောင်းကင်ချိတ်ဆက်အဆင့်ကိုတက်ရတာက မခက်ပါဘူး ၊ ဒါပေမဲ့ ကောင်းကင်ချိတ်ဆက်အဆင့်ကနေ သိုင်းဆရာသခင်အဆင့်ကို လျှင်လျှင်မြန်မြန် အဆင့်တက်ချင်တယ်ဆိုရင်တော့ ငါ ကြိုတင်ပြင်ဆင်ထားရမယ့်အရာတွေ ရှိနေတယ်”

***

All Chapters