← Chapters

မည်သည့်တောင်မှ လုံလောက်အောင် မမြင့်မား

Vol. 016 Ch. 1536

မည်သည့်တောင်မှ လုံလောက်အောင် မမြင့်မား

Vol. 016 Ch. 1536

သူတို့နှစ်ယောက်လုံး၏ တိုက်ခိုက်မှုက တစ်ဖန် ထိပ်တိုက်တွေ့ဆုံခဲ့ကြပြန်၏။ ရီဖူရှင်း၏ ဓားက အရေးသာနေသော်လည်း ကိုက်ရှီ၏ ရွှေရောင်လှံသည်လည်း စွမ်းအားကြီးမား၏။

နတ်လှံတွင် ပြင်းထန်သည့် စွမ်းအားသာမကဘဲ လေဟာနယ်စွမ်းအားများလည်း ပါဝင်နေသည်။ ရှေးဟောင်းနတ်ဘုရားများ၏ မျိုးဆက်တို့သည် ရွှေရောင်နတ်သွေးကို ပိုင်ဆိုင်ထားပြီး နတ်လှံသဏ္ဌာန်ဖွဲ့စည်း အသုံးပြုနိုင်သည်။ သူ၏ တိုက်ခိုက်မှုစွမ်းအားက နတ်ဘုရားလှံအဖြစ် ကျော်ကြား၏။

ပြင်းထန်သည့် ဓားချီမုန်တိုင်းက ဆက်လက် ပေါက်ကွဲထွက်လာပြီး နတ်ဘုရားလှံနှင့် အရာအားလုံးကို ဖျက်ဆီး၏။ မဟာလမ်းစဉ်သည် ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ထိုးဖောက်ကာ ဒဏ်ရာပြင်းထန်စွာ ရစေသည်။ ကြည့်ရသည်မှာ သူ၏ သွေးကြောနှင့် အာရုံကြောများ အားလုံး ပေါက်ကွဲထွက်ကာ ဖျက်ဆီးခံရတော့မည့်အလား။

ကျယ်လောင်သည့် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာကာ သူ၏ခန္ဓာကိုယ်က နောက်သို့ ကန်ထွက်သွားသည်။ သို့သော် သူက ခန္ဓာကိုယ်ကို တစ်ပတ်ပြန်လှည့်ကာ လေထုအား ဖြတ်သန်း၍ ရှေ့သို့ ဆက်တိုးလာလေသည်။

“နင် သေလိမ့်မယ်”

လုချင်းယောင်က ထိုမြင်ကွင်းကို ကြည့်ကာ အေးစက်စွာ ပြစ်တင်၏။ အရာအားလုံးသည် အေးခဲသွားခဲ့၏။ ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ဗဟိုပြုကာ လောကအတွင်းရှိ အရာခပ်သိမ်းတို့သည် နှေးကွေးသွားသလို အေးစက်စက်စွမ်းအားတို့က ရီဖူရှင်းကို ကျူးကျော်ဝင်ရောက်ရန် ကြိုးစား၏။ ယခင်က ရီဖူရှင်းသည် သူမကို ဒဏ်ရာရစေခဲ့ပြီး သူမ၏ လမ်းစဉ်သစ်သီးကို ဓားပြတိုက်ခဲ့သည်။ သူမက မည်သို့ ခွင့်လွှတ်နိုင်မည်နည်း။

အအေးလှိုင်းတို့သည် သူ့ခန္ဓာကို ဖုံးလွှမ်းသွားကာ ရီဖူရှင်းအား နှေးကွေးသွားစေသည်။ ချင်ကျန်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။ မဟာလမ်းစဉ်စွမ်းအားများနှင့် တောက်ပနေသည့် များပြားလှသော ကျောက်စာချပ်များ ထွက်ပေါ်လာကာ ရီဖူရှင်းကို ဝန်းရံ လွှမ်းခြုံလိုက်၏။ 'မြှုပ်နှံသင်္ဂြိုဟ်ခြင်း' ဟူသည့် စာလုံးက တစ်ဖန်ထွက်ပေါ်လာပြီး ကျောက်စာချပ်သည် ရှေ့သို့ ရွေ့လျားလာကာ ရီဖူရှင်းကို လမ်းစဉ်စွမ်းအားများနှင့် ထိန်းချုပ်၍ မြှုပ်နှံသင်္ဂြိုဟ်တော့မလိုပင် ဖြစ်သည်။

အောက်ဘက်ရှိ လူများသည် သူတို့ရှေ့မှ မြင်ကွင်းကို မြင်သည့်အခါ ထိတ်လန့်သွားကြပေသည်။ ရှန်ကျင်း၏ ပါရမီနှင့် ခွန်အားက အလွန် အားကောင်းသန်မာသော်လည်း သူသည် ထိပ်သီးပြိုင်ဘက်များအား လျှော့တွက်ထားခဲ့သည်။ ကိုက်ရှီနှင့် ချင်ကျန်း နှစ်ယောက်လုံးသည် နတ်နန်းတော်၏တိုက်ရိုက်တပည့်များ ဖြစ်လာနိုင်သည့် အရည်အချင်း ရှိသည်။ ကိုက်ရှီသည် နတ်ဘုရားနန်းတော်၌ ကျင့်ကြံရန် ဆန္ဒမရှိသော်လည်း ချင်ကျန်းက နတ်ဘုရားနန်းတော်သို့ ဝင်ရောက်နိုင်ပေသည်။

ဤနေရာ၌ ချန်းဖုန်းလဲ့၊ လုချင်းယောင်နှင့် အခြားသူများလည်း ရှိနေသေးသည်။  သူက ဤထိပ်သီးပုဂ္ဂိုလ်အားလုံးကို လျစ်လျူရှုကာ နားလည်ခြင်းနတ်ဘုရားသစ်ပင်ရှေ့တွင် သူ၏ လမ်းစဉ်ကို ဖိအားပေးရန် ကြိုးစားနေခဲ့သည်။ ၎င်းမှာ လွယ်ကူသည့်အရာ ဖြစ်လိမ့်မည် မဟုတ်ပေ။ သူက သန်မာသော်လည်း ဤနေရာ၌ ရပ်တည်ရန်မှာ မလွယ်ကူသေးပေ။

ထိုအချိန်တွင် အဆုံးမဲ့ ရွှေရောင်နတ်အလင်းများက ကောင်းကင်တွင် ထွက်ပေါ်လာပြီး နတ်လှံတစ်လက် ကျဆင်းလာ၏။ ပုံရိပ်သည် လက်ထဲ၌ နတ်လှံတစ်လက် ကိုင်ဆောင်ထားသော ရှေးဟောင်း ရွှေရောင်နတ်ဘုရားတစ်ပါးကဲ့သို့ ပြောင်းလဲသွားပြီး ကောင်းကင်အောက်ဘက်သို့ ညွှန်ပြလိုက်သည်။ သူက ရီဖူရှင်း ဓားက ချင်ကျန်း၏ ဖျက်ဆီးခြင်းနည်းစွမ်းအားကြောင့် ဖျက်ဆီးခံလိုက်ရသည်ကို မြင်သည့်အခါ သူ၏ မျက်လုံးမှ အလွန်အေးစက်သော ရွှေရောင်အလင်းများ ထွက်ပေါ်လာသည်။

အရှင်ထိုက်ရွှမ်က သူ့ကို တပည့်အဖြစ်မှ ငြင်းဆန်ခဲ့သည်မှာ ကိစ္စမရှိပေ။ သူက ကျင့်ကြံခြင်းတွင် မည်သူ့အကူအညီမှ မလိုအပ်သော်လည်း သူက အထက်ကောင်းကင်ဘုံတွင် မည်သူ့ထက်မှ နိမ့်ကျသည်ဟု ဝန်ခံလိမ့်မည် မဟုတ်ပေ။

“ရှန်ကျင်း အန္တရာယ်ရှိနေပြီ”

လူအများက ထိုအချင်းအရာကို မြင်သည့်အခါ သူတို့၏ စိတ်တွင်းမှ ရေရွတ်လိုက်ကြသည်။ ကိုက်ရှီသည် မဟာလမ်းစဉ် အရှိန်အဟုန်တို့ကို စုစည်းလိုက်လျှင် စွမ်းအားများက လောကတစ်ခွင်ကို လွှမ်းမိုးသွားသည်။

လော့ယွဲ့၏ အမူအရာသည်လည်း ပြောင်းလဲသွားခဲ့သည်။ ဝမ်ရှိုးရီ ခန္ဓာကိုယ်မှလည်း ဓားစွမ်းအားများ ထိုးထွက်လာသည်။ သူက လေထဲသို့ ခြေချလိုက်ကာ တိုက်ပွဲတွင် ဝင်ပါရန် ရည်ရွယ်လိုက်၏။

“ဝင်မပါနဲ့” သူ့ဘေးမှ ရာရာက ဝမ်ရှိုးရီကို ကြည့်ကာ ပြောလိုက်သည်။

ရာရာကို ကြည့်ကာ ဝမ်ရှိုးရီက ခေတ္တမျှ ကြက်သေသေသွားခဲ့သည်။

“ဒါက နတ်ဘုရားလှံပဲ။ ဒီတိုက်ခိုက်မှု စွမ်းအားက အရမ်းပြင်းထန်တယ်။ နတ်ဘုရားလှံနဲ့ ယှဉ်နိုင်တဲ့ တခြားနည်းစနစ်က များများစားစား မရှိဘူး။” ဝမ်ရှိုးရီက ပြောသည်။ ထို့အပြင် ကိုက်ရှီကိုယ်တိုင်က ရှေးဟောင်းနတ်ဘုရားများ၏ မျိုးဆက်ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်အတွင်း ရွှေရောင်သွေးများ စီးဆင်းနေပြီး သူက ရွှေရောင်နတ်ဘုရားလှံကို နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည့်အတွက် သူ၏ လှုပ်ရှားမှုများက အလွန် ပြေပြစ်ကာ လိုက်လျောညီထွေရှိလှသည်။

အကယ်၍ နတ်ဘုရားလှံနှင့် တစ်ဒင်္ဂနတ်ဓားက တူညီသည့်အဆင့်တွင် ရှိခဲ့လျှင် ကိုက်ရှီ၏ နတ်ဘုရားလှံအပေါ် ထိုးထွင်းနားလည်သဘောပေါက်မှုသည် ရီဖူရှင်း၏ တစ်ဒင်္ဂနတ်ဓားအပေါ် သိမြင်နားလည်မှုထက် နည်းနည်းလေးမှ နိမ့်ကျလိမ့်မည် မဟုတ်ပေ။ သူက အသက်ငယ်စဉ်ကပင် သူ၏ ကျင့်စဉ်ကို ပြီးပြည့်စုံစွာ နားလည်ထားခဲ့ပြီး ဖြစ်သည်။ သူ၏ သဘာဝက ကျင့်စဉ်နှင့် သင့်တော်ကိုက်ညီကာ သူ၏ အဆင့်က ပြန်လည်မွေးဖွားခြင်းအဆင့် ဖြစ်သည့်အတွက် စွမ်းအား အပြည့်အဝထုတ်သုံးရန်မှာ ခက်ခဲလိမ့်မည် မဟုတ်ပေ။

ယခု ရီဖူရှင်းသည် ကြိမ်ဖန်များစွာ နှောင့်ယှက်ခံနေရပြီး အစွမ်းထက်တန်ခိုးရှင်များက စုပေါင်းကာ သူ့အား ဆန့်ကျင်တိုက်ခိုက်ရန် ကြိုးစားနေကြသည်။ သိသာစွာပင် ကိုက်ရှီ၏ တိုက်ခိုက်မှုက အညှာအတာ ကင်းမဲ့၍ သေဆုံးသည်ထိ ဖြစ်နိုင်ပေလိမ့်မည်။ မည်သူကမှ သူ့ကို ဝင်မကူညီလျှင် ရီဖူရှင်းက ကျိန်းသေ အန္တရာယ် ဖြစ်လာပေလိမ့်မည်။

“သူ့ကို ယုံကြည်စမ်းပါ” ရာရာ၏ အသံက အလွန် အေးစက်နေသော်လည်း ဤအေးစက်မှုအတွင်း၌ ပြင်းထန်သည့် ယုံကြည်မှုတို့ ရှိနေသည်။ ထိုမျက်လုံးများကို ကြည့်ပြီး ဝမ်ရှိုးရီသည် သူမက ရှန်ကျင်း၌ ပိုမိုများပြားသည့် ခွန်အားကို ပိုင်ဆိုင်ထားကြောင်း သိရှိသဖြင့် ထိုသို့ ပြောသည်လားဟု တွေးမိပေသည်။

ရာရာသည် ဝမ်ရှိုးရီနှင့် မတူပေ။ ဝမ်ရှိုးရီက ရီဖူရှင်း၏ တစ်ဖက်ခြမ်းကိုသာ သိသော်လည်း ရာရာက ရီဖူရှင်းနှင့် နှစ်ပေါင်းများစွာ နေလာခဲ့ခြင်း ဖြစ်သည်။ သူမသည် ရီဖူရှင်းကို ကောင်းစွာသိရှိပြီး ရီဖူရှင်း မည်သည့်ရည်ရွယ်ချက်ရှိသည်ကို နားလည်နိုင်စွမ်းရှိ၏။

ထိုနည်းလမ်းမှာ ရူးကြောင်ကြောင် လုပ်ရပ်နှင့် တူသော်ငြား သူက ရွေးချယ်မှုပြုခဲ့ပြီ ဖြစ်ရာ သူမကလည်း သူ့ကို ယုံကြည်ပေးရန် ရွေးချယ်လိမ့်မည် ဖြစ်ကာ ဝင်စွက်ဖက်ခြင်း ပြုမည်မဟုတ်ပေ။

ဝမ်ရှိုးရီက သူ၏ ဓားစွမ်းအားများကို ပြန်ရုတ်သိမ်းလိုက်ပြီး မလှုပ်ရှားတော့သော်လည်း သူ့မျက်လုံးများက ကောင်းကင်ထက်သို့ စူးစိုက်ကြည့်နေပေသည်။

ဤခရီးတွင် ရီဖူရှင်းက သူ့အပေါ် အလွန်ကောင်းမွန်စွာ ဆက်ဆံခဲ့သည့်အတွက် သူ အမှန်တကယ် အခက်အခဲတွင်းကျရောက်သွားပါက ဝင်စွက်ဖက်ရလိမ့်မည် ဖြစ်သည်။

ဝှစ်…

စူးရှညံစီသည့် အသံများ လေထဲမှ ထွက်ပေါ်လာပြီးနောက် ကောင်းကင်ထက်တွင် ကြီးမားသည့် ဖိအားတို့ ဖြစ်ပေါ်လာသည်ဟု ထင်မှတ်ရသည်။ နတ်ဘုရားတစ်ပါး ဆင်းလက်လာပြီး သူ၏ လက်အတွင်း နတ်လှံတစ်ချောင်း ကိုင်ဆောင်ထားကာ ကောင်းကင်နှင့် မြေကြီးကို ထိုးခွဲ၍ ရီဖူရှင်းဆီသို့ တိုက်ရိုက်ဝင်ရောက်သွားသည်။ မရေတွက်နိုင်သည့် ရွှေရောင်နတ်အလင်းများက လေထဲတွင် မျောလွင့်လာပြီး ရီဖူရှင်း၏မျက်လုံးနှင့် ခန္ဓာကို ထိုးဖောက်လာ၏။

သူ၏ ဓားကို ဆွဲထုတ်လွှဲယမ်းကာ အဆုံးမဲ့ ဓားစွမ်းအားများ ထွက်ပေါ်လာစေသော်လည်း ချက်ချင်းပင် ပျက်စီးသွားခဲ့၏။ တိုးသဲ့သဲ့ အသံတစ်ခုကို ကြားလိုက်ရပြီး ရွှေရောင်နတ်အလင်းတို့က ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားကာ သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။

သူက သူ့အား သတ်ဖြတ်ရန် ကြိုးစားနေသည့် ပုံရိပ်ကို မော့ကြည့်လိုက်သည်။ ရွှေရောင်နတ်ပြည်ထောင်မှ ကိုက်ရှီသည် သူ၏ အားကောင်းသော သိုင်းဝိညာဉ်ဖြင့် နတ်ဘုရား တိုက်ပွဲသဏ္ဌာန်ကို ဖန်တီးနိုင်ပုံရသည်။ သူ၏ မျက်လုံးများသည် ရွှေရောင်တောက်ပနေပြီး အခြားသူများက ၎င်းတို့ကို တိုက်ရိုက်မကြည့်ရဲကြပေ။ နှိုင်းယှဉ်၍ မရလောက်အောင် စူးရှသည့် အလင်းတို့က သူ၏ နက်မှောင်သော မျက်လုံးများကို ထိုးဖောက်သွား၏။

ဤလှံက ပျက်စီးခြင်းဆိုက်ရောက်သွားခဲ့၏။

အဆုံးမဲ့ ဖျက်ဆီးခြင်းစွမ်းအားများက ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်း တစ်ဟုန်ထိုး တိုးဝင်သွားသည်။ ထိုအချိန်တွင် ရီဖူရှင်း၏ ခန္ဓာကိုယ်တွင်း၌ အော်မြည်နေသော လမ်းစဉ်မြစ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ မဟာလမ်းစဉ်သည် အော်မြည်လှည့်ပတ်နေ၏။ သွေးကြောနှင့် အာရုံကြောတို့က ပျက်စီးသွားကာ သူ့ခန္ဓာအတွင်းရှိ သွေးတို့က လှုပ်ရှားဆူပွက်နေပြီး အတွင်းကလီစာများသည်ပင် တုန်ခါနေ၍ ပျက်စီးလုဆဲဆဲ အခြေအနေ ဖြစ်လာခဲ့သည်။ သူ၏ အသက်ရှုမှုက လျင်မြန်စွာ အားနည်းလာပုံပေါ်သည်။ သူသည် ထိုပြင်းထန်သည့် တိုက်ခိုက်မှုအောက်တွင် ရှင်းလင်းခံရတော့မလိုပင် ဖြစ်သည်။

ရီဖူရှင်း၏ မျက်လုံးများက မည်သည့်အမူအရာမှ မဖော်ပြဘဲ အဆုံးမဲ့အေးချမ်းငြိမ်သက်ခြင်းတို့သာ ရှိနေပေသည်။

အောက်ဘက်ရှိ နေရာတစ်ခုလုံးတွင် အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်နေခဲ့သည်။ လူတိုင်းသည် လေထဲမှ မြင်ကွင်းကိုသာ အာရုံစိုက်ကာ ကြည့်နေခဲ့၏။  ရီဖူရှင်းက မသန်မစွမ်းဖြစ်သွားတော့မည်လား။

ကျွင်းမူ၏ မျက်လုံးထဲတွင် အေးစက်သည့်အလင်းများ ဖြတ်ပြေးသွားသည်။ ထိုတောက်ပမှုက ခဏတာသာ ဖြစ်သွားခဲ့သော်လည်း ထင်ရှားလှပေသည်။ သူက ထိုက်ရွှမ်တောင်တွင် စိတ်ရှည်ရှည်နှင့် ဆက်လက် နှိမ့်ချကာ နေနိုင်ပါက သူက တိုးတက်လာရန် အခွင့်အရေး ရမည်ဖြစ်သည်။ သို့သော် ကံမကောင်းစွာနှင့် နတ်ဘုရားနန်းတော်၏ စမ်းသပ်ခြင်းမြေပြင်ကဲ့သို့ နေရာတွင် အားလုံးက အတော်ဆုံးပါရမီရှင်များဖြစ်ကြကာ ထိပ်တိုက်ရင်ဆိုင်ခဲ့ရပါက အညှာအတာကင်းမဲ့စွာ တိုက်ခိုက်ကြလိမ့်မည် ဖြစ်သည်။

ဤတိုက်ခိုက်မှုသည် ရီဖူရှင်း၏ စွမ်းရည်တို့အား ဖျက်ဆီးပစ်ရန် လုံလောက်နေခဲ့သည်။

သူတို့နှစ်ဦး ထိပ်တိုက်တွေ့ဆုံခဲ့သည့်နေရာသည် အဆုံးမဲ့လမ်းစဉ်စွမ်းအားများကြောင့် ဖျက်ဆီးခံရသော်လည်း ပုံရိပ်နှစ်ခုက ရပ်တန့်သွားသည်ဟု ထင်မှတ်ရကာ သူတို့၏ ခန္ဓာကိုယ်များက လှုပ်ရှားမှုကင်းမဲ့နေသည်။ သူတို့၏ လက်နက်များသည် အချိန်မရွေး ချိုးဖျက်နိုင်တော့မယောင် အက်ကြောင်းများ ပေါ်ပေါက်လာသည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်က တုန်ယင်နေဆဲဖြစ်သော်လည်း ပြင်းထန်သည့်အသက်ဓာတ်တို့က သူ့ခန္ဓာကိုယ်အနီးရစ်ပတ်ထားကာ သူ၏ မျက်လုံးများတွင်လည်း အပြုံးရိပ်တို့ ထင်ဟပ်နေခဲ့သည်။ ထိုအပြုံးကို ကြည့်ရင်း ကိုက်ရှီက မျက်မှောင်ကြုတ်လိုက်သည်။ သူက မည်သို့ ပြုံးနိုင်ရသနည်း။

သို့သော် ခဏအတွင်း သူက တစ်ခုခုကို အာရုံခံမိသွားကာ တစ်ခုခုက မှားယွင်းနေသည်ကို ခံစားမိလာသည်။

ရီဖူရှင်း၏ အားနည်းသော အသက်ဓာတ်သည် တဖြည်းဖြည်း တိုးမြင့်လာနေကာ သူ၏ ခန္ဓာကိုယ်အတွင်းတွင် အော်မြည်နေသော မဟာလမ်းစဉ်၏ ပြင်းထန်သည့် စွမ်းအားများ ရှိနေသည်။ သူ၏ သွေးကြောထဲမှ သွေးများသည် လှည့်ပတ်လူးလွန့်ကာ နတ်စွမ်းအားများက လွှမ်းခြုံသွားပြီး သူ၏ အသက်ဓာတ်က လျင်မြန်စွာ မြင့်တက်လာနေကာ အားကောင်းသထက် အားကောင်းလာနေသည်။ သူက မကြာခင်၌ အထွတ်အထိပ်သို့ ပြန်ရောက်လာသော်လည်း အင်အားက ဆက်လက်တိုးမြင့်လာနေဆဲ ဖြစ်သည်။

အောက်ဘက်ရှိ လူများသည်လည်း ၎င်းကို ခံစားမိပြီး မရေတွက်နိုင်သည့် မျက်လုံးများက ရီဖူရှင်းထံမှ မလွှဲဖယ်နိုင်ဘဲ ရှိနေသည်။ မဖြစ်နိုင်ပေ။ ရီဖူရှင်းက ထိုအန္တရာယ်အား မည်သို့ ကျော်ဖြတ်နိုင်သနည်း။

ရှန့်ထိုအဆင့်တွင် သံသယကင်းစင်ခြင်း အဆင့်သည် အမှားမရှိသည့် ပြီးပြည့်စုံသော ညွှန်းဆိုမှုဖြစ်သည်ဟု ဆိုလျှင် ပြန်လည်မွေးဖွားခြင်းအဆင့်က မည်သည့်အတွက် ရှိနေရသနည်း။

ပြန်လည်မွေးဖွားခြင်းအဆင့်က အမှန်တွင် ကူးပြောင်းခြင်းကြားခံအဆင့်တစ်ခု ဖြစ်သည်။ ရှန့်ထိုအဆင့်မှ ရန်ဟောင်အဆင့်သို့ ဝင်ရောက်ရာတွင် အရင်ဦးစွာ ပြန်လည်မွေးဖွားခြင်းအဆင့်ကို အောင်မြင်ရန်လိုသည်။

ထို့ကြောင့် ဤအဆင့်သည် အောင်မြင်မှု ရရှိရန် အလွန်ခက်ခဲပေသည်။ ဤသည်မှာ အခြားသော တန်ခိုးရှင်အများအပြားကို တားဆီးထားသည့် အဆင့်လည်း ဖြစ်သည်။

ပြန်လည်မွေးဖွားခြင်းအဆင့်တွင် နှလုံးသားသည် ချည်နှောင်ခြင်းကင်းမဲ့သည်။ မဟာလမ်းစဉ်သည် သဘာဝအတိုင်း ဖြစ်တည်ကာ ခန္ဓာကိုယ်အတွင်းမှ အရာအားလုံး အသစ်ဖြစ်တည်လာသည်။ ထိုအချိန်၌ စိတ်က အသွင် ပြောင်းလဲကာ မဟာလမ်းစဉ် နတ်စက်ဝန်းကို ရန်ဟောင်အဆင့်သို့ တက်ရန်အတွက် လမ်းကြောင်းအဖြစ် ပြုလုပ်နိုင်သည်။

ဤအဆင့်သည် ရှန့်ထိုအဆင့်မှ ပြောင်းလဲဖြစ်တည်ခြင်းဖြစ်ကာ ရန်ဟောင်အဆင့်သို့ မဝင်ရောက်မီ ကြိုတင်ပြင်ဆင်ခြင်းအဆင့် ဖြစ်သည်။

ရီဖူရှင်းသည် အမျိုးစုံသော လမ်းစဉ်သစ်သီးများစွာကို စားသောက်ခဲ့သည်။ သူသည် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး သူ၏ လမ်းစဉ်စွမ်းအားက ဤအဆင့်သို့ ရောက်ရန် သန်မာနေပြီ ဖြစ်သည်။ သူ၏ စိတ်အခြေအနေက တည်ငြိမ်နေ၏။ ယခု သူသည် မဟာလမ်းစဉ် ရှာဖွေရန်သာ နှစ်မြှုပ်ထားပြီး ထိုလမ်းကြောင်းအတွင်း ဝင်ရောက်ခြင်းမှ သူ့ကို မည်သူမှ တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။ အရာအားလုံးအတွက် သူသည် အခွင့်အရေးသာလျှင် လိုအပ်ပေသည်။

ဤခရီးသည် ထိုသို့ အခွင့်အရေး ရရှိနိုင်ပြီး ဤတိုက်ပွဲသည် သူ့အတွက် အခွင့်အရေး ဖြစ်ကာ သူသည် ဤလူများ၏ စွမ်းအားကို အသုံးပြု၍ သူ့ကိုယ်သူ အတင်းအကြပ် ပြန်လည်ဖွဲ့စည်းနိုင်ရန် ဖိအားပေးချင်နေပေသည်။

ထိုသည်မှာ အနည်းငယ် အန္တရာယ်ရှိသော်လည်း သူက အသက်စမ်းရေနှင့် လမ်းစဉ်သစ်သီးများစွာကို စားသုံးခဲ့သည် ဖြစ်ရာ သူက ကျရှုံးလျှင်ပင် အကျိုးဆက်ကို ခံနိုင်ရည် ရှိနိုင်သည့်အတွက် ကြောက်ရွံ့ခြင်း မရှိပေ။

ထိုအချိန်တွင် သူက မဟာလမ်းစဉ်၏သွေးကြောများကို ပြန်လည်တည်ဆောက်နေသည်။ သူ့ ခန္ဓာကိုယ်အတွင်းမှသွေးကြောများကို ပြန်လည်ဖွဲ့စည်းခြင်းက အမှတ်အသားများ ထွင်းထုကျန်ရစ်ခဲ့သည်ဟု ထင်မှတ်ရကာ သူ၏ အရိုးများသည်လည်း အတူတူပင် ဖြစ်သည်။ သူ၏ အတွင်းကလီစာများ ကြံ့ခိုင်မှုက ပို၍ သန်စွမ်းလာကာ သူ၏ ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်သည့်အသက်ဓာတ်က  ဆက်လက်၍ အားကောင်းလာပြီး အမြင့်ဆုံး ကန့်သတ်ချက်သို့ ရောက်ရှိလာသည်။

သက်စောင့်ဟော်နန်းအတွင်း ရှေးဟောင်း ကမ္ဘာ့သစ်ပင်က ယိမ်းထိုးနေသည်။ သက်စောင့်ဟော်နန်းအတွင်း လောကသည် ပို၍ ကျယ်ပြန့်လာကာ လမ်းစဉ်စွမ်းအားက ပို၍ အားကောင်းလာ၏။

ဓားက ကောင်းကင်တွင် ကျယ်လောင်စွာ အော်မြည်နေသည်။ ကောင်းကင်ထက်တွင် အဆုံးမဲ့ ဓားစွမ်းအားများက ရီဖူရှင်းအနီး စီးဆင်းနေပြီး သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်ကာ သူ၏ဓားဝိညာဉ်ထံ ကျူးကျော်လာသည်။ ဓားပေါ်မှ အက်ကြောင်းများက ပြန်လည်ပြု ပြင် ခံလိုက်ရပြီး ကြောက်မက်ဖွယ် ဓားချီမုန်တိုင်း ဖြစ်ပေါ်ကာ လွှမ်းခြုံလာသည်။ ၎င်းသည် ကောင်းကင်တစ်ခွင်ကို ရစ်ပတ်နေပြီး နတ်ဘုရားခန္ဓာကိုယ်ကို ဖွဲ့စည်းရန် ရည်ရွယ်ပေသည်။ ထောင်သောင်းချီသည့် ဓားစွမ်းအားများက နတ်ဘုရားကဲ့သို့ ခန္ဓာကိုယ်ကို ထိုးဖောက်ကာ အပိုင်းပိုင်းစုတ်ဖြဲရန် ကြိုးစားနေသည်။

ကိုက်ရှီသည် လေထဲသို့ ရိုက်ခတ်မိသွားသည်။ ရွှေရောင်နတ်လှံက တုန်ခါနေပြီး ခန္ဓာကိုယ်နှစ်ခုက ဝေးကွာသွားသည်။ ကိုက်ရှီသည် ကောင်းကင်ထက်တွင် ပြန်ပေါ်လာကာ အောက်ဘက်ရှိ ရီဖူရှင်းကို ငုံ့ကြည့်လိုက်သည်။

သူ၏ စွမ်းအားဖြင့် ရီဖူရှင်းက ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားခဲ့သည်။

သူက အမှန်တကယ်ပင် ရီဖူရှင်း ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ရန် အသုံးချခံ ဖြစ်သွားရလေသည်။

ထောင်ချီသည့် ဓားများက ပြန်လှည့်လာပြီး ကျယ်ပြောသည့် နေရာတစ်ခွင်တွင် ဓားစွမ်းအားများက စီးဆင်းနေသည်ဟု ထင်မှတ်ရသည်။ ရီဖူရှင်းသည် ကိုက်ရှီ အပါအဝင် လေထဲမှ လူများကို ကြည့်ကာ ပြုံးလိုက်သည်။

“ခင်ဗျားတို့ကို ကျေးဇူးအများကြီးတင်ပါတယ်”

ထိုအချိန်တွင် သူ့ခန္ဓာကိုယ်မှ အသက်ဓာတ်သည် သံသယကင်းစင်ခြင်းအဆင့်ကို ကျော်လွန်ကာ ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

သူက ရန်ဟောင်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းနီးကပ်လာပြီ ဖြစ်သည်။

“အောင်မြင်သွားပြီပဲ” ရာရာက ရီဖူရှင်းကို ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် ရှားပါးသည့် အပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။ ရီဖူရှင်းသည် ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ထိုလူငယ်လေးသည် တစ်ချိန်က သင်္ချိုင်းရွာ၌ သူမအား သူ့ကို 'အစ်ကို' ဟု ခေါ်စေချင်ခဲ့ပြီး အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာသည့်အခါ ယခု သူမနှင့်တူညီသော အဆင့်တွင် ရောက်ရှိလာပြီ ဖြစ်သည်။

“သူက ဒီလို ရူးကြောင်ကြောင်လုပ်ရပ်မျိုးနဲ့ အဆင့်တက်သွားနိုင်တယ်လား” ဝမ်ရှိုးရီသည် လေထဲမှ မြင်ကွင်းကို ဆွံ့အစွာ ကြည့်နေခဲ့၏။ သူ သိခဲ့သည့် နှိမ့်ချနေခဲ့သော ဂီတသမားလေးက ဤမျှ ထူးခြားသည်လား။

သူသာ ကျရှုံးသွားလျှင် မည်မျှ နာကျင်ဖွယ်ကောင်းသည့် အဆုံးသတ် ဖြစ်လိမ့်မည်နည်း။

အနည်းဆုံး သူဆိုလျှင်ပင် ဝံ့ရဲလိမ့်မည် မဟုတ်ဘဲ အခြားမည်သူမှ ထိုသို့သော အကျိုးဆက်ကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။

ဤနည်းလမ်းက အလွန်ပင် မိုက်ရူးရဲဆန်လှပေသည်။

“သူက သံသယကင်းစင်ခြင်းအဆင့်လေးနဲ့ လမ်းစဉ်ပင်လယ်ကို အတင်းအကျပ် ဝင်ရောက်ခဲ့တယ်။ အခု သူက စမ်းသပ်ချက်ကို ကျော်ဖြတ်ပြီး ပြန်လည်မွေးဖွားခြင်းအဆင့်ကို ရောက်ရှိလာခဲ့တယ်။ သူ့အတွက် ဒီတောင်ကုန်းလောက်လေးက သိပ်ပြီး မြင့်မားဦးမှာ မဟုတ်ဘူး” သူ့ဘေးမှ လော့ယွဲ့က တီးတိုးရေရွတ်လိုက်သည်။ ဝမ်ရှိုးရီသည် ထိုတောင်ကုန်းကို ကြည့်လိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။ “တကယ့်ကိုပဲ ဒီတောင်ကုန်းလောက်က သူ့အတွက် မြင့်မားနေတာတော့ မဟုတ်ဘူးပဲ”

ဤလမ်းစဉ်တောင်ပေါ်မှ မည်သူကမှ သူ့ကို မတားဆီးနိုင်သည်လား။

သူ၏တောင်ကုန်းသည် သည့်ထက် မြင့်မားပေလိမ့်မည်။

ရီဖူရှင်းက အောက်သို့ ငုံ့ကြည့်လိုက်သည်။ သူက အလွန် တည်ငြိမ်နေသည်။ သူက နားလည်ခြင်း နတ်သစ်ပင်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ “ကြည့်ရတာ ဒီနေရာအားလုံးက ကျုပ်အတွက်ပဲ ထင်ပါရဲ့”

***

All Chapters