← Chapters

ဒုတိယနှင့် တတိယခေါင်ဆောင်များ

Vol. 20 Ch. 292

ဒုတိယနှင့် တတိယခေါင်ဆောင်များ

Vol. 20 Ch. 292

"ခင်ဗျားတို့က စီမံအုပ်ချုပ်မှုအခွန်ကို မပေးချင်လို့ ဒီလိုကြံနေတာမဟုတ်ဘူးလား"

လုယန် မျက်လုံးမှေးစင်း၍ ကြည့်လိုက်သည်။ စီမံခွန်နှင့် ဆိုင်၏အသားတင်ရောင်းရငွေအားလုံး လွှဲအပ်ဖို့ ယွမ်ကျိက သူတို့ကိုပြောထားမှန်း လုယန်သိသည်။

ဤနေရာတွင် လှည့်ပတ်လုပ်ကိုင်နိုင်သည့်အခြေအနေ များစွားရှိလာသည်။ ဥပမာ အသားကင်ဆိုင်က တစ်ခြားဆိုင်များနှင့် အကျိုးတူပူးပေါင်းမှုမျိုးလုပ်နိုင်သည်။ တစ်ခြားဆိုင်များမှ ရောင်းရငွေတစ်ချို့ အသားကင်ဆိုင်သို့ ရောက်လာနိုင်သည်။ ထိုကိစ္စမျိုးကို ယွမ်ကျိသိမည်မဟုတ်။

ဆိုင်၏အမြတ်ငွေကို အသုံးအဆောင်ပစ္စည်းများ ဝယ်နိုင်သည်။ ထိုပိုင်ဆိုင်မှုများကို ယွမ်ကျိထံ လွှဲပြောင်းပေးစရာမလို။ ဝိညာဉ်ကျောက်လိုအပ်လျှင် ထိုပိုင်ဆိုင်မှုများကို ပြန်ရောင်းချနိုင်သည်။

လုယန် တစ်ချက်တွေးလိုက်ရုံဖြင့် လှည့်နည်းပတ်နည်း ခုနစ်ခုရှစ်ခုလောက် ပေါ်လာသည်။ ထာဝရဂိုဏ်းချုပ်လည်း မတွေးမိဘဲနေမည်မဟုတ်။

ဂိုဏ်းချုပ် ထိတ်လန့်သွားသည်။ စကားတစ်ချက်မှားသည်နှင့် လုယန်ထိုမျှရိပ်စားမိသွားမည်ဟု ထင်မထား။

"မိတ်ဆွေတို့နှစ်ယောက်အတွက် အသားကင်ဆိုင်အမြတ်ငွေရဲ့ သုံးဆယ်ရာနှုန်းကို ပေးပါမယ်"

လုယန် စိတ်လှုပ်ရှားခြင်းမရှိ။

"အမြတ်ငွေအားလုံး အမယွမ်ဆီ ရောက်ရမယ်။ တစ်ပြားမှမလျော့စေနဲ့။ ခင်ဗျားတို့က ဝိညာဉ်တွေဖြစ်နေပြီပဲ။ ကျင့်ကြံမှုလည်း လုပ်မရတော့ဘူး။ ဝိညာဉ်ကျောက်တွေ ဘာအတွက်သွားသုံးမှာလဲ"

အမယွမ်နှင့် ထာဝရနတ်မယ် သူ့နောက်တွင် ရှိသည်။ သူလိုအပ်သမျှကို အမယွမ်က ပေးနိုင်သည်။ ထာဝရနတ်မယ်တွင်လည်း ကျိုးဆောင်မှတ်များစွာရှိသည်။ လုယန် လိုအပ်လျှင် ပေးမည်သာဖြစ်သည်။

အသားကင်ဆိုင်မှအကျိုးအမြတ်ကို သူမလိုအပ်။

မုန်ကျင်းကျိုးလည်း ဘာမှမလိုအပ်။ မုန်မိသားစု၏ အကြီးဆုံးသခင်လေးအနေဖြင့် တစ်ခုတည်းသော စိုးရိမ်စရာမှာ ငွေအများအပြားရှိနေခြင်းသာဖြစ်သည်။

"ဒီကိစ္စကို ခင်ဗျားသဘောမတူရင် ခင်ဗျားတို့ ဝိညာဉ်ကျောက်တွေ ဝှက်ထားတဲ့ကိစ္စ အမယွမ်ကို ကျုပ်ပြောလိုက်မယ်။ အမယွမ်သိသွားရင် ဘယ်လိုတုံ့ပြန်မလဲ ခင်ဗျားခန့်မှန်းကြည့်ပေါ့"

ဂိုဏ်းချုပ် ကြောက်ချွေးပြန်လာသည်။ ဝိညာဉ်များအနေဖြင့် တကယ်လည်း ဝိညာဉ်ကျောက်ကို သုံးစရာမလို။ စိတ်ရည်မှန်းချက်ရှိဖို့အတွက်သာ စုထားခြင်းဖြစ်သည်။

သို့သော် တာအိုလမ်းစဉ်ဂိုဏ်းက ထိုအကြောင်းပြချက်ကို လက်ခံပေးစရာမလို။

လုယန် ဖြေးညှင်းစွာ ဆက်ပြောသည်။

"တကယ်လို့ ဒီသတ်မှတ်ချက်ကို သဘောတူပြီး အမှားအယွင်းတွေကို ပြုပြင်လိုက်မယ်ဆိုရင် ပြီးခဲ့တဲ့ကိစ္စကို မေ့ထားပေးလိုက်မယ်။ အမယွမ်လည်း မသိစေရဘူး။ ပြီးတော့ အပြင်ဘက်မှာ ခင်ဗျားတို့ ဆိုင်ခွဲတွေဖွင့်ခွင့်ရဖို့လည်း သူ့ကိုကျုပ်ပြောပေးမယ်။

ဘယ်လိုသဘောရလဲ။ သေချာစဉ်းစားကြည့်ပါ"

ဂိုဏ်းချုပ် အသံတိတ်သွားသည်။ လုယန်၏ ကမ်းလှမ်းချက် ဖြစ်နိုင်ခြေရှိမရှိ စဉ်းစားနေသည်။ သန့်စင်ထားသည့် ဝိညာဉ်တို့သည်လည်း သရဲဟုသတ်မှတ်နိုင်သည်။ သရဲဝိညာဉ်တစ်ခုတွင် ရည်မှန်းချက် သို့မဟုတ် ပြင်းပြသည့်ဆန္ဒတစ်ခု မရှိလျှင် မိုးမြေကြားတွင် တဖြေးဖြေးမှေးမှိန်ပျောက်ကွယ်သွားမည်သာဖြစ်သည်။

ထာဝရဂိုဏ်း၏ အဆင့်မြင့်ဂိုဏ်းဝင်များဖြစ်၍ သူတို့ဆန္ဒက ထာဝရအရှင်သာဖြစ်သည်။ ထာဝရအရှင်က သူတို့ကို အပြင်လောက၌ အသားာကင်ဆိုင်များဖွင့်စေလိုသည်။ အလယ်ပိုင်းတိုက်နယ်အနှံ့ ဖြန့်ကျက်လိုသည်။ ထို့ကြောင့် သူတို့မသေမျိုး၏ ညွှန်ကြားချက်များကို ဖြည့်ဆည်းပေးရမည်။

ဂိုဏ်းချုပ် ထာဝရအရှင်ကို မျက်လုံးထောင့်မှ တစ်ချက်လှမ်းကြည့်သည်။ ထာဝရအရှင်က မသိမသာ ခေါင်းငြိမ့်ပြသည်။ ဂိုဏ်းချုပ်စိတ်ထဲ အတော်ကြာအောင် တုံ့ဆိုင်းနေပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။

"ကောင်းပြီလေ။ ကျုပ်သဘောတူပါတယ်"

"အဲလိုလုပ်မှပေါ့။ ဒါနဲ့ စကားမစပ်...ကိုးငရဲဂိုဏ်းချုပ် ချင်ဟော်ရန်ကို ခင်ဗျားသိလား"

သူ့ရှေ့မှလူသည် သားသတ်သမားလည်းဖြစ်သလို ထာဝရဂိုဏ်းချုပ်လည်းဖြစ်ကြောင်း လုယန်ပြန်သတိရလာသည်။

"ချင်ဟောရန်"

ဂိုဏ်းချုပ် မင်သက်မိသွားသည်။

"ကိုးငရဲဂိုဏ်းရဲ့ အရင်ဂိုဏ်းချုပ်ဟာ ချင်မျိုးရိုးပဲ။ သူ့နာမည်အပြည့်အစုံတော့ ကျုပ်မသိဘူး"

မုန်ကျင်းကျိုး အံ့အားသင့်သွားသည်။

"နတ်ဆိုးဂိုဏ်းကြီးတစ်ခုရဲ့ ဂိုဏ်းချုပ်လုပ်နေပြီးတော့ သူ့နာမည်ကိုခင်ဗျားမသိဘူးပေါ့"

ဂိုဏ်းချုပ်က စိတ်ပျက်နေသည့်မျက်နှာဖြင့် ရှင်းပြသည်။

"တကယ်တော့ နတ်ဆိုးဂိုဏ်းကြီးလေးဂိုဏ်းရဲ့ ဆက်ဆံရေးဟာ ခင်ဗျားတို့ထင်သလောက် မရင်းနှီးပါဘူး။ ကျုပ်တို့က ပူးတွဲလှုပ်ရှားမှုတွေ နှီးနှောဖလှယ်ပွဲတွေမှသာ ဆုံဖြစ်ကြတာပါ။ ကျုပ်တို့ဝါဒတွေရဲ့ အခြေခံခံယူချက်ချင်းကလည်း မတူကြတော့ တစ်ဖွဲ့တည်းရပ်တည်နိုင်ဖို့ ခက်ခဲပါတယ်။

ဥပမာ ကိုးငရဲဂိုဏ်းက လူဝင်စားသံသရာနဲ့ သေပြီးနောက်မှာ ငရဲကိုးထပ်ကိုသွားရတယ်လို့ ယုံကြည်ကြတယ်။ ကျုပ်တို့ထာဝရဂိုဏ်းက ထာဝရအရှင်ကို ယုံကြည်တယ်။ သေသူကို ပြန်အသက်သွင်းနိုင်တယ်လို့ ယုံကြည်တယ်။ ကျုပ်တို့ဂိုဏ်းနှစ်ခုဝါဒက အများကြီးကွာခြားပါတယ်။

ပြီးတော့ ဂိုဏ်းတစ်ခုထဲမှာဆိုရင်တောင် ကျုပ်တို့ တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းမသိကြပါဘူး။ ဥပမာ ဂိုဏ်းချုပ်ချင်မှာ ဇနီးနဲ့ကလေးရှိတယ်ဆိုပါစို့။ သူ့လက်အောက်ခံတွေကို ပြောပြပါ့မလား။ ဘယ်ပြောပြမှာလဲ"

လုယန် ခေါင်းငြိမ့်သည်။ ထိုသဘောတရားကို နားလည်သည်။ ကိုးငရဂိုဏ်းသာ စုယီရန်၏ ဖြစ်တည်မှုကိုသိထားလျှင် ဆယ်နှစ်ကျော်ကြာအောင် အသံတိတ်နေခဲ့ကြလိမ့်မည်မဟုတ်။

စုယီရန်၏ဖြစ်တည်မှုသည် ကိုးငရဲဂိုဏ်းအတွက် အန္တရာယ်တစ်ခုဖြစ်သည်။ စုယီရန်က ချင်ဟော်ရန်အကြောင်းရော ကိုးငရဲဂိုဏ်းတည်နေရာကိုမသိဟု ပြောလျှင်ပင် ယုံကြည်ကြမည်မဟုတ်။

စုယီရန်အကြောင်း ချင်ဟော်ရန်က တမင်တကာဖုံးကွယ်ထားခဲ့ခြင်းသာဖြစ်မည်။

"ဒါပေမယ့် ဂိုဏ်းချုပ်ချင်အကြောင်း သိထားတာနည်းနည်းတော့ ရှိပါတယ်။ မသေမျိုးရတနာတွေ မသုံးဘဲယှဉ်မယ်ဆိုရင် ကိုးငရဲဂိုဏ်းရဲ့ ပူးပေါင်းစွမ်းအားဟာ ကျုပ်တို့ထာဝရဂိုဏ်းထက် နည်းနည်းသာပါတယ်။ ကျုပ်နဲ့နှစ်ယောက်တည်းတွေ့တုန်းက သူဖိအားအကြီးကြီးကြုံနေရတဲ့အကြောင်း ကျုပ်ရှေ့မှာ ညည်းညူဖူးတယ်။

ဒီတော့ ချင်ဟော်ရန်ရဲ့ ဂိုဏ်းချုပ်ရာထူးဟာ ကျုပ်လောက်မတည်ငြိမ်ဘူးထင်တယ်။ နေရာလုဖို့ ကြိုးစားနေတဲ့လူတွေ အတော်များပုံရတယ်။

ကိုးငရဲဂိုဏ်းက ဘယ်မသေမျိုးကိုမှ မကိုးကွယ်တော့ ဘာမသေမျိုးရတနာမှမရှိဘူးထင်ပါတယ်"

ဂိုဏ်းချုပ်က ဝင့်ကြွားသည့်လေသံဖြင့်ပြောသည်။

နတ်ဆိုးဂိုဏ်းကြီးလေးဂိုဏ်းထဲတွင် သူတို့ဂိုဏ်းသာ မသေမျိုးတစ်ယောက်ကို ကိုးကွယ်ပြီး မသေမျိုးရတနာများ ပိုင်ဆိုင်ထားသည်။ ထာဝရမြို့ပျက်မှ နောက်ထပ်မသေမျိုးရတနာများ မယူနိုင်ခဲ့သည်မှာ အတော်ဆိုးသည်။ မဟုတ်လျှင် နတ်ဆိုးဂိုဏ်းလေးဂိုဏ်းထဲတွင် ထာဝရဂိုဏ်း၏စွမ်းအားသည် ထိပ်ဆုံးအဆင့်ရှိခဲ့နိုင်သည်။

"ကိုးငရဲဂိုဏ်းဟာ ငရဲဂိုဏ်းထပ်ကို ယုံကြည်တယ်။ သေပြီးရင် အဲဒီကိုသွားရမယ်လို့ ယုံကြည်ကြတယ်။ ဒီတော့ ဘာကိုမှမကြောက်ကြဘူး။ အစွန်းရောက်အစီအစဉ်တွေ အများကြီးအဆိုပြုခဲ့တယ်။ ငရဲကိုးထပ်အဝင်တံခါးအဖြစ် မြို့တော်တစ်ခု တည်ဆောက်ဖို၊ မဟာရှားနိုင်ငံကို စစ်ကြေညာဖို့ ဆိုတာမျိုးတွေပေါ့။ ဒါပေမယ့် အဲဒီ့အစီအစဉ်တွေကို ဂိုဏ်းချုပ်ချင်က ဆန့်ကျင်နှိပ်ကွပ်ခဲ့တယ်"

လုယန်နှင့် မုန်ကျင်းကျိုးတို့ မင်သက်မိသွားသည်။ ရှားနိုင်ငံကို စစ်ကြေညာဖို့ဟူသည့်စိတ်ကူးသည် တော်ရုံသတ္တိမျိုးမဟုတ်။

ထိုအကြံကို အဆိုပြုတင်သွင်းသူများသည် ကိုးငရဲဂိုဏ်းထဲသို့ စိမ့်ဝင်ပြီး အတွင်းမှဖျက်ဆီးဖို့ကြိုးစားသည့် သူလျိုများဖြစ်နိုင်သည်။

ထာဝရဂိုဏ်းချုပ်က ယွမ်ကျိအား စစ်ကြေညာသည့်အဖြစ်မျိုးနှင့် တူသည်။

လုယန်အတွက်တော့ ထာဝရနတ်မယ် သူ့ခန္ဓဦကိုယ်ကို ဝင်ပူးပြီးနှောက်ယှက်ခံရမှသာ ထိုကိစ္စမျိုး ဖြစ်လာနိုင်သည်။

ဂီုဏ်းချုပ်က ကိုးငရဲဂိုဏ်းနှင့်ပတ်သက်သည် အကြောင်းအရာများ ထပ်ပြောပြသည်။ လုယန်နှင့် မုန်ကျင်းကျိုးအတွက် အတော်အကျိုးထူးသည်။

အားလုံးနားထောင်ပြီးနောက် ထပ်နေဖို့အကြောင်းမရှိတော့သဖြင့် လုယန်နှင့် မုန်ကျင်းကျိုး ထပြန်ရန်ပြင်ကြသည်။

"ကျုပ်လိုက်ပို့ပါ့မယ်"

ဂိုဏ်းချုပ်က လောကဝတ်အရ လုယန်နှင့် မုန်ကျင်းကျိုးကို လိုက်ပို့သည်။

"လုယန်၊ ထာဝရအရှင်ကို ငါပြောစရာကိစ္စတစ်ခုရှိတယ်။ ငါချက်ချင်းပြန်လာခဲ့မယ်"

နတ်မယ်က ပြောသည်။

"ကောင်းပြီလေ"

ဝိညာဉ်တစ်ခု လုယန်နောက်ကျောဘက်မှ ဖြေးညှင်းစွာ ပျံထွက်လာသည်။ ထာဝရအရှင်ရှေ့တွင် တိတ်ဆိတ်စွာ ပေါ်လာသည်။ ပြင်းထန်သည့်စွမ်းအင်ဖိအားကို ခံစားလိုက်ရသည်။

ထာဝရအရှင်၏ အရိယ်ဖလပုံပွားနှင့်ယှဉ်လျှင် ထာဝရနတ်မယ်၏ အရိယဖလအစစ်က များစွာအဆင့်မြင့်သည်။ ခုခံနိုင်စွမ်းမရှိ။

"မသေမျိုးနတ်မယ်"

ထာဝရအရှင် ဦးညွှတ်အရိုအသေပေးသည်။

နတ်မယ်က အေးစက်စက်လေသံဖြင့်။

"ဒီ‌နေ့မှ ငါတို့တွေ့ခွင့်ရတယ်။ ငါနင့်ကို တစ်ခုပြောစရာရှိတယ်"

"ပြောပါ အရှင်နတ်မယ်"

"လုယန်ရဲ့ စိတ်ဓာတ်နဲ့ ပါရမီကို ငါစောင့်ကြည့်ခဲ့တယ်။ နှစ်ခုလုံး ငါသဘောကျတယ်။ လုယန်ကို ထာဝရမျိုးဆက်ရဲ့ ဒုခေါင်းဆောင်ခန့်ဖို့ ငါဆုံးဖြတ်လိုက်တယ်။ နင်က တတိယခေါင်းဆောင်ဖြစ်လာမယ်။ အခုချိန်ကစလို လုယန်ကို ငါ့ကိုလေးစားသလို လေးလေးစားစားဆက်ဆံပါ။ နားလည်ရဲ့လား"

ထာဝရအရှင် အံ့အားသင့်သွားသည်။ လုယန်၏ စိတ်ဓာတ်နှင့်ပါရမီ အရည်အသွေးမီလျှင်ပင် ဒုခေါင်းဆောင်ခန့်ရလောက်အောင်တော့ မမြင့်မားလှ။ ထို့နောက် တစ်စုံတစ်ခုကို နားလည်လာဟန်ဖြင့် လေးလေးစားစားသူပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့"

သိပ်မကြာမီ ထာဝရနတ်မယ် လုယန်၏ သိစိတ်နယ်မြေသို့ ပြန်ရောက်လာသည်။

"ခင်ဗျား ဘာသွားလုပ်တာလဲ"

"ပြောမပြဘူး"

နတ်မယ် ကျိတ်ရယ်နေသည်။

လုယန်၊ နင်ဒုခေါင်းဆောင်မဖြစ်ချင်ရင်လည်း နင့်ကိုဒုခေါင်းဆောင်လို့ အားလုံးကထင်လာအောင်လုပ်မယ်။ နင်ငြင်းချင်ရင်တောင် ဘာမှမတတ်နိုင်ပါဘူး။

ငါ့ဦးနှောက်ကို နင်မမီပါဘူး။

All Chapters