← Chapters

ပညာသင်သုံးယောက်

Vol. 20 Ch. 296

ပညာသင်သုံးယောက်

Vol. 20 Ch. 296

ရှိုထန်ကောင်တီ၊ ရှေးကြာပန်းမြို့၊ စွန့်ပစ်ဘုံကျောင်း။

ကျိကျိုးတောင်ပိုင်းတွင် မိုးများသည်းထန်စွာရွာသွန်းနေသည်။ အစိမ်းရောင်မြက်ပြင်က မိုးရေကြောင့် ဗွက်ထနေသည်။ အဆက်မပြတ်ရွာနေသည့်မိုးကြောင့် လန်းဆန်းသည့်အရွက်များ အသက်မဲ့သလိုဖြစ်နေသည်။

ကောင်းကင်က မှောင်မည်းသိပ်သည်းနေသည်။ အသက်ရှူဖို့ ခက်နေသရောင်ထင်ရသည်။ အမှောင်ထုက အားလုံးကို ဝါးမျိုထားသလိုရှိသည်။

မြက်မိုးကာ မြက်ခမောက်ဆောင်းထားသည့် စာပေသမားတစ်ယောက် ရင်ဘတ်တွင် စာအုပ်တစ်အုပ်တင်းကြပ်စွာရစ်ပတ်လျက် အလျင်လိုနေဟန်ဖြင့် မိုးရေကြားမှ အတင်းဖြတ်ပြေးနေသည်။

မလှမ်းမကမ်းမှ ဘုံကျောင်းကိုမြင်ရချိန်တွင် သူ့မျက်လုံးများ အရောင်တောက်လာသည်။ စာအုပ်ကို ခပ်တင်းတင်းပွေ့လျက် ခြေလှမ်းကိုအရှိန်မြှင့်ပြီး ပြေးသွားသည်။

ခက်ခက်ခဲခဲဖြင့် ဘုံကျောင်းသို့ သူရောက်လာသည်။ တံခါးနှင့် ပြတင်းပေါက်များကို လုံအောင်ပိတ်လိုက်သည်။ ဘုံကျောင်းက ယိုယွင်းပျက်စီးနေသော်လည်း မိုးနှင့်လေကိုတော့ ကာကွယ်ပေးနိုင်သေးသည်။ ကံမကောင်းအကြောင်းမလှသည့်အချိန်မျိုးတွင် နားခိုစရာရသည်။

စာအုပ်ကို ရင်ဘတ်ထဲမှ သူထုတ်လိုက်သည်။ ရေစိုမစို စစ်ဆေးကြည့်သည်။

ကံကောင်းပါသည်။ သူသေချာရစ်ပတ်ထုပ်ပိုးခဲ့သဖြင့် ရေလုံးဝမစို။

ဆီမီးအိမ်တစ်ခု ထွန်းညှိလိုက်ပြီးနောက် မီးရောင်တွင် စာကိုအသံထွက်၍ စဖတ်သည်။

ရုတ်တရက် သူ့နောက်ဘက်တွင် လှပသည့်သဏ္ဌာန်တစ်ခု ပေါ်လာသည်။ နှုတ်ခမ်းတွင် ညှို့အားပြင်းသည့် အပြုံးမျိုးရှိနေသည်။ စာပေသမား၏ကျောကုန်းကို သူပုတ်လိုက်သည်။

လှပသည့်သဏ္ဌာန်ကိုမြင်ရပြီးနောက် ညှို့ချက်မိသွားဟန်ဖြင့် စာပေသမားမျက်နှာ အလိုလိုပြုံးရွှင်လာသည်။

မိုးစဲသွားပြီးနောက် အားအင်ကုန်ခမ်းနေဟန်ရှိသည့် စာပေသမား ဘုံကျောင်းထဲမှ ထွက်သွားသည်။

....

စာပေသမားဝတ်စုံနှင့် လူသုံးယောက် ဗွက်ထနေသည့်မြေပြင်ကို ဖြတ်လျှောက်လာသည်။ ဒယိမ်ဒယိုင် ပုံပျက်ပန်းပျက်ဖြစ်နေသည်။

"ဘာလို့ ဒီလမ်းက ဒီလောက်သွားရခက်တာလဲကွာ"

တစ်ယောက်က ညည်းသည်။

နောက်တစ်ယောက်က မျက်စောင်းထိုးသည်။

"အဲလောက်တော့ရှိမှာပေါ့။ ကျေးဇူးမကန်းနဲ့။ ဒီအခြေအနေက တောနက်ထဲမှာထက်တော့ အများကြီးပိုသာတယ်"

"ဟုတ်ပါတယ်"

တတိယလူက ရှင်းပြသည်။

"မနေ့က မထင်မှတ်ဘဲ မိုးသည်းခဲ့တယ်လို့ကြားတယ်။ ရှေးဟောင်းကြာပန်းမြို့တစ်မြို့လုံး ဗွက်ထကုန်တယ်။ မြစ်ရေတွေတောင် ကမ်းလျှံခဲ့တယ်။ ဒီညလည်း မိုးထပ်ရွာနိုင်တယ်လို့ ပြောတယ်"

"အား..အဲဒါတော့ နိမိတ်ကောင်းမဟုတ်လောက်ဘူး"

လုယန် ဘုံကျောင်းတစ်ခုဆီ လက်ညှိုးထိုးပြ၍ ရယ်လိုက်သည်။

"ဟိုရှေ့မှာ ဘုံကျောင်းတစ်ခုရှိတယ်။ နည်းနည်းပျက်စီးနေပေမယ့် ဗုဒ္ဓရုပ်ထုတော့ ရှိဦးမှာပါ။ ဒီည အဲဒီမှာနားရင်း ရှိခိုးဆုတောင်းလို့ ရနိုင်ပါတယ်။

အစီအစဉ်ကို ပြန်စဉ်းစားကြည့်ရအောင်။ ငါတို့ရထားတဲ့သတင်းအရ ပစ်မှတ်ဟာ အတော်သတိကြီးတယ်။ တော်ရုံနဲ့ ထွက်မလာတတ်ဘူး။ ပြီးတော့ ငါတို့ပစ်မှတ်က အဆင့်မြင့်ထွက်ပြေးနည်းတွေ ကျွမ်းကျင်တဲ့ သရဲတစ်ကောင်ပါ။ ဖမ်းမိဖို့ခက်တယ်။

သရဲမရဲ့ စွမ်းအားက အခြေတည်အဆင့်ရှိလောက်တယ်။ ဒါပေမယ့် သေချာအတိအကျ မသိနိုင်ဘူး။

သရဲမပေါ်လာရင် ထွက်မပြေးနိုင်အောင် သေချာစီစဉ်ပြီးမှ လှုပ်ရှားတာကောင်းလိမ့်မယ်။

အခုငါတို့ဟန်ဆောင်ထားတာက နန်းမြို့တော်ကို စာမေးပွဲသွားဖြေမယ့် စာပေသမားတွေပုံစံပဲ။ ဒီညဒီမှာနားပြီး သရဲမကို မျှားထုတ်မယ်။

အခုထိတော့ ဒီသရဲမ လူသတ်တယ်လို့ မကြားသေးဘူး။ သူ့ကိုဖမ်းတဲ့အခါ အသေသတ်စွမ်းအားမျိုး မသုံးနဲ့။

အရင်ကတော့ ခရီးထွက်တဲ့အခါ ငါတို့က အတွေ့အကြုံမရှိခဲ့ဘူး။ ငါ့ဆရာ ထောင်ကျတာကိုမြင်တော့ အပြင်ထွက်တဲ့အခါ ရုပ်ဖျက်ပညာဟာ အရေးပါတယ်ဆိုတာ ငါနားလည်လာတယ်။ ဒါမှ ငါတို့အရှက်ကွဲလည်း တာအိုလမ်းစဉ်ဂိုဏ်း သိက္ခာမကျမှာလေ။ ငါတို့နာမည်တုတွေ ပြန်ပြောကြည့်ရအောင်။ ငါက လုယိယန်ပါ"

"ငါက လုန်ကျင်းကျိုး"

"ကျုပ်က လီဟောင်"

သူတို့အစီအစဉ်ကို ဆွေးနွေးသည်။ ဟာကွက်မရှိဟု ယူဆပြီးနောက် စွမ်းအင်ရောင်ကို အပြည့်အဝထိန်းချုပ်၍ သာမန်လူများအဖြစ်ဟန်ဆောင်လျက် ဘုံကျောင်းထဲသို့ ဝင်ကြသည်။

"ဒီဘုံကျောင်း အတော်သန့်ရှင်းတာပဲ"

မုန်ကျင်းကျိုး တအံ့တဩမှတ်ချက်ပေးသည်။ ထိုနေရာ ဖုန်တက်၍ ပင့်ကူအိမ်များ ပြည့်နေမည်ဟု ထင်ထားခဲ့သည်။

ယခု တစ်စုံတစ်ယောက်က ထိန်းသိမ်းထားသကဲ့သို့ ဘုံကျောင်းအတွင်းပိုင်းက သန့်ရှင်းနေသည်။

တစ်ခုတည်းသော စိတ်ပျက်စရာကိစ္စက ဘုံကျောင်းအလယ်တွင် ရှိနေသည့် ဗုဒ္ဓရုပ်ထု၏အထက်ပိုင်း ပြတ်နေခြင်းဖြစ်သည်။ သင့်တင့်လျောက်ပတ်အောင် ဆုဆောင်းဖို့ မဖြစ်နိုင်တော့။

ရုပ်ထုနောက်ဘက်မှ ထင်းခြောက်တစ်ချို့တွေ့သည်။ အရင်က နေသွားသူများ ကျန်ခဲ့ဟန်ရှိသည်။

လီဟော်ရန် ထင်းချောင်းများကိုပုံ၍ မြက်ခြောက်တစ်ချို့ရှာပြီး အိတ်ထဲမှ မီးခတ်ကျောက်ကိုထုတ်၍ မီးမွေးသည်။

ထို့နောက် လက်နှစ်ဘက်ကို မီးပုံတွင်ကင်လိုက်သည်။

"အား..အခုမှ သက်တောင့်သက်သာရှိသွားတယ်"

လုယန်က အိတ်ထဲမှကောက်ညှင်းမုန့်တစ်ချို့ထုတ်၍ တံစို့ဖြင့်ထိုးပြီး မီးတွင်ကင်သည်။

မုန့်အပြင်သားများ နည်းနည်းအညိုရောင်သန်းလာချိန်တွင် မုန့်တစ်ခုကို ခွဲလိုက်သည်။ မွှေးပျံ့သည့်အခိုးအငွေ့တစ်ခု ထွက်လာသည်။

မုန်ကျင်းကျိုးက ဘုံကျောင်းကို လှည့်ပတ်ကြည့်ပြီးနောက် ခန်းမထဲသို့ပြန်လာသည်။

"ဒီခန်းမအပြင် တစ်ခြားအခန်းနှစ်ခုရှိသေးတယ်။ ငါတို့ တစ်ယောက်တစ်ခန်းစီ အိပ်လို့ရတယ်"

"ကောင်းတာပေါ့"

သုံးဘောက်သား မီးပုံဘေးတွင်စု၍ ကောက်ညှင်းမုန့်ကို အချဉ်ဖြင့်တွဲစားရင်း ရှေ့ခရီးစဉ်အကြောင်း စိတ်ကူးယဉ်ကြသည်။

လုယန်စကားသံက စိုးရိမ်ပူပန်ရိပ်များပြည့်နေသည်။ လက်ထဲမှမုန့်အရသာကိုပင် ကောင်းကောင်းမခံစားနိုင်။

"မြို့တော်ကိုသွားမယ့် ငါတို့ခရီးစဉ်က ချောမွေ့ပါ့မလားမသိဘူး။ နန်းမြို့တော်မှာ ကျင့်ကြံသူတွေပြည့်နေတယ်လို့ကြားတယ်။ ငါတို့လိုသာမန်လူတွေအတွက် မြို့တော်မှာ နာမည်ရဖို့ဆိုတာ အရမ်းခက်မယ်ထင်တယ်"

မုန်ကျင်းကျိုးက အရေးမစိုက်ဟန်ဖြင့် လက်ဝှေ့ယမ်းပြသည်။

"ကျင့်ကြံသူအရေအတွက်က မင်းထင်သလောက်လည်း မများပါဘူး။ လူနှစ်ဆယ်မှာ ကျင့်ကြံသူတစ်ယောက်ရှိနေရင်တောင် အတော်များတယ်ပြောရမှာ. ကျင့်ကြံသူဖြစ်ဖို့ဆိုတာ အရမ်းခက်တယ်။ ဝိညာဉ်မြစ်ကိစ္စတစ်ခုတည်းကြည့်ရင်တောင် လူတစ်ရာမှာ ကိုးဆယ့်ကိုးယောက် အရည်အသွေးမမီဘူး"

လူနှစ်ဆယ်တွင် ကျင့်ကြံသူတစ်ယောက်နှုန်းသည် အလွန်များသည့်ပမာဏဖြစ်သည်။ အလယ်ပိုင်းတိုက်နယ်မှ အကြီးဆုံးမြို့တော်များပင် ထိုအရေအတွက်မျိုး မရှိနိုင်။

"ငါတို့မှာ ဝိညာဉ်မြစ်မရှိပေမယ့် အသိပညာရှိတယ်လေ။ မင်းက စာအရေးသားမျိုးစုံ အလွယ်တကူရေးနိုင်တယ်။ မျက်မှောက်ခေတ်ကိစ္စတွေအပေါ် ထူးခြားတဲ့အမြင်မျိုးရှိတယ်။ မနက်ဖြန် ရှိုထန်ကောင်တီကထွက်ပြီး မြို့တော်ကို စာမေးပွဲဖြေဖို့သွားမယ်။ အင်ပါယာသဘောကျအောင်လုပ်ပြီး ရာထူးတစ်နေရာရဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စမဟုတ်ပါဘူး"

ရှားနိုင်ငံတွင် အရာရှိအားလုံး ကျင့်ကြံသူများမဟုတ်။ တစ်ချို့က သာမန်လူများဖြစ်သည်။

မုန်ကျင်းကျိုးက လီဟော်ရန်ကို လက်ညှိုးထိုးပြသည်။

"ညီလေးလီကို ဥပမာကြည့်ပါ။ ငါးနှစ်သားမှာ "ဂန္တဝင်စာလုံးတစ်ထောင််"ကို ရွတ်ဆိုနိုင်တယ်။ ခုနစ်နှစ်သားမှာ ကဗျာတွေရေးနိုင်တယ်။ ဆယ်နှစ်သားမှာ စာစီစာကုံးရေးနိုင်တယ်။ သူ့စာပေပါရမီက ပြိုင်ဘက်ကင်းတယ်။ သူ့ဆရာကတောင် သင်ဖူးသမျှကျောင်းသားထဲမှာ အတော်ဆုံးလို့ ချီးကျူးတယ်"

လီဟော်ရန် ပြုံး၍

"အကိုလုန်က ကျုပ်ကို ချီးကျူးလွန်းနေပါပြီ။ ကျုပ်ဆရာချီးကျူးတာက ကျုပ်ကိုအားပေးရုံသက်သက်ပါ။ အကိုလုန်ကသာ မိသားစုလုပ်ငန်းကို အမွေဆက်ခံရမှာဆိုတော့ မြို့တော်မှာ အနာဂတ်တစ်ခုရှာဖွေဖို့ ရွေးချယ်နိုင်တာပါ။ အကိုလုရဲ့ ယုံကြည်ချက်နဲ့ နောက်ခံအင်အားက အကိုလုနဲ့ကျုပ် ယှဉ်လို့ရတဲ့အရာတွေမဟုတ်ပါဘူး"

သုံးယောက်သား တစ်ယောက်ကိုတစ်ယောက် ချီးမွှမ်းခန်းဖွင့်သည်။ ထို့နောက် ဂန္တဝင်စာပေများ ဖတ်ကြသည်။ သူတော်စင်အဆိုအမိန့်များကြား စိတ်အာရုံနစ်မြုပ်သွားသည်။ သမိုင်းတွင်ရစ်ခဲ့မည့် ထိုဂန္တဝင်စာပေမျိုးကို ရေးနိုင်လျှင် သေပျော်ပြီဟု တွေးနေပုံမျိုးဖြစ်သည်။

မုန်ကျင်းကျိုး သမ်းဝေနေသည်။ လုယန်၏ စိတ်ကူးအိပ်မက်များကို အငဲ့အညှာမရှိ နင်းချေသည်။

"ကဲ စိတ်ကူးယဉ်မနေနဲ့။ သွားအိပ်တော့။ မနက်ဖြန် ငါတို့စောစောထရမယ်"

အစောပိုင်းက သဘောတူထားသည့်အတိုင်း သက်ဆိုင်ရာအခန်းများသို့ သွားကြသည်။

လုယန်နှင့် မုန်ကျင်းကျိုးက ဘေးနှစ်ဘက်မှအခန်းများသို့ သွားသည်။ လီဟော်ရန်က ခန်းမထဲတွင် ဆက်နေသည်။ ကိုယ်တစ်ပိုင်းပြတ်ဗုဒ္ဓရုပ်ထုရှေ့တွင် အိပ်သည်။

အမှောင်ထဲမှ လှပသည့်အရိပ်သုံးခုက လုယန်တို့ကိုစိုက်ကြည့်နေသည်။ သူတို့မျက်လုံးတွင် အစိမ်းရောင်အလင်းတစ်မျိုး ခပ်မှိန်မှိန်တောက်ပနေသည်။

"နောက်ထပ်လူသုံးယောက် ရောက်လာပြီ။ သူတို့ရဲ့ ယန်စွမ်းအင်က အားကောင်းတယ်။ ဘယ်လိုအရသာရှိမလဲ မြည်းကြည့်ချင်နေပြီ"

ဝတ်ရုံစိမ်းနှင့်တစ်ယောက်က ခပ်တိုးတိုးကျိတ်ရယ်သည်။

"ဟုတ်တယ်၊ ဒီလောက်ယန်ဓာတ်အားကောင်းတဲ့ စာပေသမားတွေ မတွေ့ရတာကြာပြီ။ စာပေသမားတွေက ဂန္တဝင်ကျမ်းတွေဖတ်ရင်း တော်ဝင်စွမ်းအင်ရောင်ကို ကျင့်ကြံနိုင်ပေမယ့် ဒီသုံးယောက်လို ယန်စွမ်အင်အားကောင်းတဲ့လူမျိုးတွေ တွေ့ရခဲတယ်"

ဝတ်ရုံနီမိန်းကလေးက နှုတ်ခမ်းကိုလျှာဖြင့်တစ်ချက်သပ်၍ ပြောသည်။

အငယ်ဆုံးဖြတ်ဟန်ရှိသည့် ဝတ်ရုံဖြူမိန်းကလေးက ချက်ချင်းပြန်ပြောသည်။

"မမတို့၊ သူတို့ရဲ့ယန်စွမ်းအင်အားလုံး ခမ်းခြောက်သွားအောင် မလုပ်မိစေနဲ့နော်။ ရေရှည်သုံးလို့ရအောင် လုပ်ရမယ်။

သူတို့ တစ်ခါပျော်သွားရင် နောက်ထပ်လာကြဦးမှာပဲ။ ယန်စွမ်းအင်အားလုံး တစ်ခါတည်းစုပ်ယူလိုက်တာထက် ဖြေးဖြေးချင်းစုပ်ယူပြီး စုဆောင်းတာကပိုကောင်းတယ်"

"သိပါတယ် ရှောင်ချီ။ နင်က အငယ်ဆုံးပေမယ့် စကားအပေါဆုံးပဲ။ ငါတို့အတိုင်းအတာ ငါတို့သိပါတယ်။ အလွန်အကျွံလုပ်ရင် တော်ဝင်ဂိုဏ်းတွေ သတိထားမိလာပြီး ငါတို့ဒုက္ခရောက်မှာပေါ့။

လူခွဲကြမယ်။ ငါတို့က ဘေးခန်းနှစ်ခန်းကို ယူမယ်။ ရှောင်ချီ၊ နင်က ဒီမှာနေပြီး လီမျိုးရိုးကို တာဝန်ယူလိုက်"

All Chapters