← Chapters

အဖေဟောင်း

Vol. 20 Ch. 298

အဖေဟောင်း

Vol. 20 Ch. 298

အဖေဟောင်း။

လီဟော်ရန်အတွက် သီးခြားအသုံးအနှုန်းဖြစ်သည်။ အတိတ်ဘဝတစ်ခုမှ အဖေဖြစ်ကြောင်း ရည်ညွှန်းခြင်းဖြစ်သည်။

ချင်ယန်ယန်သည် ရွှေသန္ဓေတည်ဆောက်ဖို့ အမြင်သစ်ရရန် သေမျိုးလောကထဲ အတွေ့အကြုံလာရှာခြင်းဖြစ်သည်။

ကောင်တီတစ်ချို့ကို သူဖြတ်သန်းခဲ့သည်။ ဤဘုံ‌ကျောင်းပျက်တွင် တစ်ညတာအတွက် ခရီးတစ်ထောက်နားခြင်းဖြစ်သည်။ ထိုမျှ စိတ်လှုပ်ရှားစရာအခြေအနေမျိုးနှင့် ကြုံရသည်။

အမေဖြစ်သူ၏ တစ်လကြာအောင် ‌ဖျောင်းဖျနားချမှုကြောင့် သွေးသားမတော်စပ်သည့် ဤအဖေကို လက်ခံစပြုလာချိန်တွင် ဤမြင်ကွင်းမျိုးကြုံရသည်။

သေမျိုးလောကအတွေ့အကြုံဆိုသည်က ထိုအခြေအနေမျိုးဖြစ်နေမည် ထင်မထားခဲ့။

"နေပါဦး ယန်ယန်၊ ငါရှင်းပြပါ့မယ်"

လီဟော်ရန် လန့်ဖျတ်သွားသည်။ ဤနေရာသို့ တကယ်သရဲဖမ်းရန်လာခြင်းဖြစ်ကြောင်း မိုးနတ်မင်းသိပါသည်။ အသုံးဝင်မည့် သတင်းအချက်အလက် တစ်ခုမှမရသေးမီ ချင်ယန်ယန်နှင့် လက်ပူးလက်ကြပ်မိသည်။

ကျယ်ပြန့်သည့် အလယ်ပိုင်းတိုက်နယ်ကြီးထဲတွင် ဘာကြောင့် သူ့သမီးနှင့် လာတိုးရသနည်း။

သူတို့သားအဖကြားက ကံရေစက်လားမသိ။

ဝတ်ရုံဖြူသရဲမလည်း အခြေအနေမူမမှန်းကြောင်း သဘောပေါက်သွားသဖြင့် ထွက်ပြေးရန်ကြိုးစားသည်။ လီဟော်ရန်က ရှင်းမရသည့်အရှုပ်ကြားတွင် နည်းလမ်းတစ်မျိုးသုံး၍ သရဲမကို မြေပေါ်သို့ လှဲသိပ်လိုက်သည်။

ပစ္စည်းများသန့်စင်ရင်း သူတတ်မြောက်ခဲ့သည့် ပညာရပ်တစ်ခုဖြစ်သည်။ ယခု သရဲဖမ်းရာတွင် အသုံးတည့်လာသည်။

နှစ်ယောက်လုံး အခြေတည်ထိပ်တန်းအဆင့်ဖြစ်သော်လည်း သရဲမ လီဟော်ရန်ကို မယှဉ်နိုင်။

"ငါဂိုဏ်းမစ်ရှင်တစ်ခုရလို့ အကိုလုတို့နဲ့အတူ သရဲတွေဖမ်းဖို့လာတာပါ"

လီဟော်ရန် အမြင်ရှင်းပြသည်။ ချင်ယန်ယန်အထင်လွှဲပြီး စုယီရန်ကို ပြန်ပြောလိုက်လျှင် သူ့အနေဖြင့် ချင်ယွမ်ဟောင်၏မှတ်ဉာဏ်ကို အမွေခံဖို့ကိစ္စ ဆက်တွေးစရာမလိုတော့။ ဆယ်ခုမြောက်ဘဝကို ကူးသွားဖို့သာရှိသည်။

"လုယန်နဲ့မုန်ကျင်းကျိုးလား"

တာအိုလမ်းစဉ်ဂိုဏ်း၏ ထိုပါရမီရှင်နှစ်ယောက်ကို ချင်ယန်ယန် မှတ်မိသည်။

တစ်ယောက်က ဂိုဏ်းချုပ်၏တပည့်။ နောက်တစ်ယောက်က မုန်မိသားစု၏ အကြီးဆုံးသားတော်။ ထိုနှစ်ယောက်၏ သက်သေခံချက်က လီဟော်ရန်ထက် ပိုယုံကြည်ရသည်။

"ဟုတ်တယ်။ သူတို့နှစ်ယောက်လုံး ဘေးခန်းတွေထဲမှာ အိပ်နေပါတယ်။ ငါရိုးသားတယ်ဆိုတာ သူတို့သက်သေခံပေးလိမ့်မယ်"

လီဟော်ရန် သရဲမကို တိုင်လုံးတစ်ခုတွင် ဝိညာဉ်ချုပ်ကြိုးတစ်ခုဖြင့်တုပ်ပြီး လုယန်နှင့်မုန်ကျင်းကျိုးတို့ကို သွားတွေ့သည်။

ချင်ယန်ယန်လည်း လိုက်လာသည်။ သူမယုံကြည်သေး။

လီဟော်ရန် တံခါးကို အမြန်တွန်းဖွင့်၍ ရေးကြီးသုတ်ပြာ အော်ပြောလိုက်သည်။

"အကိုလု၊ ကျုပ်ရိုးသားတယ်ဆိုတာ သက်သေခံပေးပါဦး။ ကျုပ်တို့ဒီကို သရဲဖမ်းဖို့လာတာပါ အမှန်ပါနော်။ အကိုတို့က ဘာမှအချက်မပြဘူးလေ။ သရဲတွေက အကိုတို့ဆီမလာ.."

စကားမဆုံးမီ ထူးထူးဆန်းဆန်းပြုံးနေသည့်လုယန်ကို သူမြင်လိုက်ရသည်။ ဝတ်ရုံစိမ်းသရဲမတစ်ကောင်ကို ဆွဲထားသည်။ သရဲမက အတင်းရုန်းနေသည်။ လုယန်သနားမှ လွတ်မြောက်ခွင့်ရမည့်ပုံစံမျိုး ဖြစ်နေသည်။

ထိုမြင်ကွင်းက လူရည်မွန်တစ်ယောက်လုပ်မည့် မြင်ကွင်းမျိုးမဟုတ်။

"အကိုလု..."

လီဟော်ရန် ဆက်မပြောနိုင်တော့။ လုယန်အပြုအမူကိုကြည့်၍ အံ့အားသင့်သွားသည်။

ထိုအဖြစ်ကိုကြည့်၍ လီဟော်ရန်လိမ်နေသည်ဟုထင်ပြီး ချင်ယန်ယန် ဒေါသပေါက်ကွဲသွားသည်။

"ဒါနဲ့များ သရဲဖမ်းဖို့လာတာလို့ ပြောရဲသေးတယ်ပေါ့"

"အကိုမုန်ကို သွားကြည့်ကြမယ်။ သူကတော့ ကောင်းကောင်းမွန်မွန် သရဲဖမ်းနေလောက်မှာပါ"

မုန်ကျင်းကျိုးတော့ မူမမှန်သည့်ကိစ္စမျိုး မဖြစ်လောက်ဟု သူသေချာသိသည်။ တစ်ကိုယ်တော်ဝိညာဉ်မြစ်သည် ဆွဲလားရမ်းလားလုပ်ဖို့မဆိုထားနှင့်။ မဟုတ်မဟတ်အတွေးမျိုးပင် တွေး၍မရ။

ထို့နောက်တွင် သတိလစ်နေသည့် ဝတ်ရုံနီသရဲမဘေး၌ ဆောင့်ကြောင့်ထိုင်ပြီး သေချာစိုက်ကြည့်နေသည့် မုန်ကျင်းကျိုးကို ချင်ယန်ယန်မြင်လိုက်ရည်။

"မုဒိန်းကျင့်နေတာလား"

ချင်ယန်ယန် ထိတ်လန့်သွားသည်။ အခြေအနေတိုင်းက တစ်ခုထက်တစ်ခု ပိုဆိုးတါးနေသည်။

သူတို့နှင့်ယှဉ်လျှင် လီဟော်ရန်ကပင် ပို၍ထိန်းထိန်းသိမ်းသိမ်းရှိသယောင် ထင်ရသည်။

လီဟော်ရန် - "..."

ဘာကြောင့် ထိုဂိုဏ်းတူအကိုနှစ်ယောက်နှင့် အပြင်ထွက်တိုင်း ကောင်းသည့်အရာတစ်ခုမှ ဖြစ်မလာသနည်း။ ပြီးခဲ့သည့်တစ်ခေါက်က သူ့ထက်နှစ်နှစ်ထောင်အသက်ကြီးသည့် ဇနီးလောင်းနှင့် သွေးသားမတော်စပ်သည့် သမီးတစ်ယောက်နှင့် တွေ့ခဲ့ရသည်။ အဓိကနတ်ဆိုးဂိုဏ်းကြီးတစ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်း ဖြစ်လာသည်။

ဤတစ်ကြိမ်လည်း သူ့ရိုးသားမှုကို သက်သေပြဖို့ ကြိုးစားချိန်တွင် ထိုနှစ်ယောက်က စတန့်ကွက်များ ထုတ်ပြကြသည်မသိ။

"ပေါက်တတ်ကရမပြောနဲ့။ ငါမုဒိန်းကျင့်နေတယ်လို့ ဘယ်သူပြောတာလဲ။ ငါ့မှာတစ်ကိုယ်တော်ဝိညာဉ်မြစ်ရှိတယ်ဆိုတာ မသိဘူးလား"

မုန်ကျင်းကျိုး ဒေါသတကြီးပြန်အော်ပြီး နောက်လှည့်ကြည့်သည်။

"ဟေ့၊ တူမလေး၊ မင်းအဖေကို လာတွေ့တာလား"

မုန်ကျင်းကျိုးကိုယ်မှ ထွက်နေသည့် ရွှေသန္ဓေစွမ်းအင်ရောင်ကို ချင်ယန်ယန် ခံစားမိသည်။ ထိုလူ့ကို သူမနိုင်ဟု သူ့ဘာသာ အထပ်ထပ်သတိပေးနေရသည်။

ထိုအချိန်တွင် လုယန်က နတ်မယ်ကိုတွန်းထုတ်ပြီး သူ့ခန္ဓာကိုယ်သူ ပြန်ထိန်းချုပ်၍ ဝတ်ရုံစိမ်းသရဲမကို ဒရွတ်တိုက် ဆွဲခေါ်လာသည်။

သူတို့ဂိုဏ်းမှပေးအပ်လိုက်သည့် မစ်ရှင်အမိန့်ကိုထုတ်ပြပြီး မုန်ကျင်းကျိုးကလည်း တစ်ကိုယ်တော်ဝိညာဉ်မြစ်ဖြစ်ကြောင်း အတည်ပြုပြီးမှ ထိုသုံးယောက် ပြည့်တန်ဆာမြူဆွယ်ခြင်းမဟုတ်ဘဲ သရဲဖမ်းရန်လာခြင်းဖြစ်ကြောင်း ချင်ယန်ယန် ယုံကြည်သွားသည်။

တာအိုလမ်းစဉ်ဂိုဏ်းသားများဖြစ်ကြောင်းသိသည်နှင့် ဝတ်ရုံစိမ်းသရဲ ကြောက်လန့်တုန်လှုပ်သွားသည်။

အားလုံး ခန်းမထဲတွင် စုစည်းကြသည်။ လီဟော်ရန်က ဝတ်ရုံစိမ်းသရဲနှင့် သတိလစ်နေသည့် ဝတ်ရုံနီသရဲကို ဝတ်ရုံဖြူသရဲနှင့်ဘေးတွင် ကြိုးဖြင့်တုပ်ထားသည်။

သရဲမသုံးယောက်လုံး ဖမ်းဆီးပြီးဖြစ်သည်။

"ဒါဆို ရှင်တို့က သရဲဖမ်းမစ်ရှင်ကြောင့် ရှေးကြာပန်းမြို့ကို ရောက်လာတာပေါ့"

ချင်ယန်ယန်က ပြောသည်။

သူ့အဖေသည် အတိတ်ဘဝက ကိုးငရဲဂိုဏ်းချုပ်ဖြစ်ခဲ့မှန်း သူမသိသေး။ သူတို့သားအမိထွက်သွားပြီးမှ လီဟော်ရန် အတိမှတ်ဉာဏ်များ ပြန်ရလာခြင်းဖြစ်သည်။ ထို့ကြောင့် ထိုအကြောင်းကို လီဟော်ရန် ရှင်းပြဖို့ ခက်နေသည်။

'မင်းအဖေဟာ အတိတ်ဘဝက နတ်ဆိုးဂိုဏ်းချုပ်ပါ။ လူကောင်းမဟုတ်ဘူး'ဟု တိုက်ရိုက်ပြော၍မဖြစ်။

သူတို့သားအဖဆက်ဆံရေး လုံးဝပျက်စီးသွားလိမ့်မည်။

"မင်းကရောဘာလို့ ဒီမြို့ကိုရောက်လာတာလဲ"

"ပြီးခဲ့တဲ့တစ်ခေါက် ရှင့်အိမ်ကိုလာလည်တုန်းက ကျွန်မရောက်ရောက်ချင်း စိတ်မရှည်ဖြစ်ပြီး ငြင်းခုန်ခဲ့တယ်လေ။ ဒါကြောင့် ကျွန်မစိတ်စွမ်းအား တိုးတက်ဖို့လိုသေးတယ်လို့ အမေကပြောတယ်။ အခု ကျွန်မက ရွှေသန္ဓေလည်းတည်ဆောက်ရတော့မှာဆိုတော့ အပြင်လောကကိုထွက်ပြီး ကျွန်မစိတ်ကို သန့်စင်ဖို့ပြောတယ်။

ဒီနေ့ ရှိုထန်ကောင်တီဈေးထဲမျာ လျှောက်လည်ခဲ့တယ်။ ပါလာတဲ့ငွေအားလုံး သုံးလို့ကုန်သွားတယ်။ တည်းခိုခန်းစရိတ် မကျန်တော့ဘူး။ ဒါကြောင့် မြောက်ဘက်ကို ဆက်ထွက်လာရင်း ဒီဘုံကျောင်းပျက်ကိုတွေ့တော့ ဒီတစ်ညဒီမှာတည်းလို့ရတယ်လို့တွေးပြီး ဝင်လာတာ"

ချင်ယန်ယန်ခရီးစဉ်အတွက် လီဟော်ရန် အတော်စိတ်ပူသွားသည်။

နောက်ထပ်သုံးလေးရက်အတွင်း ငွေရှာဖို့ လမ်းပေါ်တွင် သိုင်းသရုပ်ပြရသည့်အနေအထား ရောက်သွားနိုင်သည်။

"သူ...သူရဲကောင်းတို့။ ကျွန်မတို့က သရဲတွေဆိုပေမယ့် ဘယ်သူ့ကိုမှ ဒုက္ခမပေးဖူးပါဘူး"

ဝတ်ရုံစိမ်းသရဲက တောင်းပန်သည်။

လမ်းမှန်ကျင့်ကြံသူများ သတိထားမိမည်စိုးသဖြင့် ယန်စွမ်းအင်စုပ်ယူရာတွင် လူသားများဒုက္ခမဖြစ်အောင် သူတို့သတိထားခဲ့သည်။

ယခု သူတို့စိုးရိမ်သည့်ကိစ္စက တကယ်ရောက်လာသည်။ စွမ်းအားအကြီးဆုံး တာအိုလမ်းစဉ်ဂိုဏ်းဖြစ်သည်။

လမ်းမှန်ကျင့်ကြံသူများသည် နတ်ဆိုးများ သရဲများကို မုန်းတီးပြီး တွေ့သည်နှင့်သတ်ပစ်သည်ဟု ပြောကြသည်။

ယခု သူတို့ ရှင်သန်ခွင့်ရှိနိုင်ပါတော့မည်လော။

"ဘယ်သူ့ကိုမှ ဒုက္ခမပေးဖူးဘူးတဲ့လား"

မုန်ကျင်းကျိုး လှောင်ပြုံးပြုံးလိုက်သည်။

"ငါတို့မစ်ရှင်ထဲမှာ မင်းတို့စွမ်းအင်စုပ်ယူတဲ့လူတွေဟာ အားနည်းပြီး နုံးခွေသွားကြတယ်လို့ သေချာဖော်ပြထားတယ်။ ဒါကို မဟုတ်မမှန်ပြောထားတာလို့ မင်းတို့ငြင်းချင်သေးတာလား"

ဝတ်ရုံဖြူသရဲ ငိုမဲ့မဲ့ဖြစ်လာသည်။

"တကယ်ပြောတာပါ။ ကျွန်မတို့က အသက်ရှင်နိုင်ရုံလောက် ယန်စွမ်းအင် နည်းနည်းလေးပဲ ယူကြတာပါ။ လူတွေအတွက် အန္တရာယ်မရှိပါဘူး။ ဒီကိစ္စကို မြို့စားနဲ့တောင် မှတ်တမ်းယူထားတာရှိပါတယ်။

ယန်စွမ်းအင်စုပ်ယူတာများလွန်းရင် လူတွေအပေါ် ဆိုးဝါးတဲ့သက်ရောက်မှုတွေ ဖြစ်လာမယ်ဆိုတာ သိပါတယ်။ အဲလိုဖြစ်ရင် နောက်ထပ် ဘယ်သူလာချင်တော့မှာလဲ။ တစ်ခါတည်း အားလုံးစုပ်ယူတာထက် နည်းနည်းစီ ဖြေးဖြေးချင်းယူတာက ပိုကောင်းပါတယ်။ ရေရှည်အကျိုးအမြတ်သဘောတရားကို ကျွန်မတို့နားလည်ပါတယ်"

"နေပါဦး၊ ဒီကိစ္စကို မြို့စားလည်း သိတယ်ပေါ့"

"မြို့စားတင်မဟုတ်ပါဘူး။ ဒီမြို့ကခရီးသွားတွေပါ သက်သေခံနိုင်ပါတယ်"

ဝတ်ရုံဖြူသရဲ ယုံကြည်ချက်အပြည့်ဖြင့်ပြောသည်။

လုယန်တို့အဖွဲ့ နားမလည်နိုင်အောင် ဖြစ်သွားသည်။

"တကယ်ပါ။ ကျွန်မတို့ မလိမ်ပါဘူး။ ညဦးပိုင်းက ကျွန်မတို့သုံးယောက် တည်းခိုခန်းမျိုးစုံကို လှည့်ပတ်သွားပြီး ဝန်ဆောင်မှုပေးခဲ့ပါတယ်။ အလုပ်ပြီးလို့ ပြန်လာတဲ့အချိန်မှာ ရှင်တို့သုံးယောက် ဘုံကျောင်းမှာ အိပ်နေတာကိုတွေ့တယ်။ ရှင်တို့ရဲ့ယန်စွမ်းအင်ကလည်း အားကောင်းတော့ ရှင်တို့ဆီက နည်းနည်းယူပြီးမှ အလုပ်သိမ်းမယ်လို့ တွေးခဲ့တာပါ"

လုယန် - "..."

ခင်ဗျားတို့က အိမ်တိုင်ယာရောက် ဝန်ဆောင်မှုပေးတယ်ပေါ့"

ဝတ်ရုံဖြူသရဲမက မချိုမချဉ်မျက်နှာဖြင့် ထပ်ပြောသည်။

"ဝန်ဆောင်မှုကောင်းရင် ဖောက်သည်တွေထပ်ရတယ်လေ"

ချင်ယန်ယန်က လုယန်ထက်ပင် ပိုအံ့အားသင့်နေသည်။

သေမျိုးလောကဆိုတာ ဒီလိုပဲလား။

All Chapters