← Chapters

လှမ်းဆွဲ

Vol. 19 Ch. 273

လှမ်းဆွဲ

Vol. 19 Ch. 273

သူတို့မြို့ထဲက ထွက်ပြီး ရှန်နန်ရွာကို ရောက်တဲ့အခါ မှောင်နေပြီ။

ချန်ရှီ ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်လိုက်သည်။ ရှန်နန်ရွာသည် သေမင်းတောင်ကြားတွင် တည်ရှိသော်လည်း ပတ်ဝန်းကျင်တွင် မကောင်းဆိုးဝါးဝိညာဉ် မရှိဘဲ အံ့သြစရာကောင်းလောက်အောင် တိတ်ဆိတ်နေတာ တွေ့လိုက်ရသည်။

ရှန်နန်ရွာက ရွာသားတွေဟာလည်း တခြားရွာတွေလို မဟုတ်ချေ။ တခြားရွာသားတွေက ရွာသို့ ညအစောကြီး ပြန်ရောက်သော်လည်း ဒီရွာသားတွေက ရွာအပြင်ဘက်တွင် နားနားနေနေ လှည့်လည်သွားလာ​​နေကြသည်။

လူတချို့က သမင်တစ်ကောင်ကို သေနတ်နဲ့ပစ်ပြီး ရွာအပြင်ဘက်မှာတောင် ကင်စား​နေကြသေးသည်။

ကျူးကဲကျန့် : "တျယ်ချစ်က ရွာမှာဆိုတော့ နတ်ဆိုးတွေ ဒီကို မလာရဲတော့ဘူးလေ... ရွာမှာရှိတဲ့ ကန့်ညောင်ကလည်း လုံးဝ အသုံးမဝင်သလို နေ့တိုင်းလုပ်စရာလည်း မရှိဘူး..."

ချန်ရှီ ရွာဘက်သို့ လှမ်းကြည့်လိုက်တော့ ခရမ်းနုရောင် အပင်တစ်ပင်ကို မြင်လိုက်ရသည်။ ၎င်းသည် အလွန်ရှေးကျပြီး နှစ်ရာပေါင်းများစွာ သက်တမ်းရှိကာ ၎င်း၏အကိုင်းအခက်များသည် နဂါးများနှင့်ပင် တူ​လေသည်။ ဤနွယ်ပင်သည် သာမန်သစ်ပင်များထက် ပိုထူ၏။

သစ်ပင်တစ်ပင်​ပေါ်တွင် အမျိုးသမီးငယ်တစ်ဦး နေထိုင်သည်။ သူမသည် ခရမ်းရောင်ဝတ်စုံကို ၀တ်ဆင်ထားသော်လည်း ဖြူဖျော့ပြီး ပိန်လှီနေ၏။ တျယ်ချစ် မွေးဖွားလာပြီးနောက် ရှန်နန်ရွတွင် နတ်ဆိုးများ ခြိမ်းခြောက်မှု မရှိ​တော့ဘူးဟု ထင်လာရသောကြောင့် ရွာရှိ ကန့်ညောင်အပေါ် ကိုးကွယ်မှုက နည်းပါးလာခဲ့သည်။ အမွှေးတိုင် အနည်းငယ်သာရှိသဖြင့် ကန့်ညောင်ခမျာ ဗိုက်ဆာလွန်းသဖြင့် ပိန်ပါးလာသည်။

ကျူးကဲကျန့် လူတိုင်းကို လှည့်ပြောလိုက်သည်။

"ခဏလောက် စောင့်ကြရအောင်။ သန်းခေါင်ယံမှာ ရွာသူရွာသားတွေ အားလုံး အိပ်ပျော်သွားလိမ့်မယ်... အဲဒီအချိန်ကျရင် တျယ်ချစ် လှုပ်ရှားလာလိမ့်မယ် ဒီမှာ ခဏနေဦး ငါပြန်လာခဲ့မယ်"

ပြော​ပြီးတဲ့အခါ ချန်ရှီနဲ့ သူ့အဖော်တွေကို သန်းခေါင်ကျော်တဲ့အထိ စောင့်ခိုင်းရင်း အလျင်စလို ထွက်သွားလေ၏။ သိပ်မကြာခင်မှာ သံကြိုးတွေ တဟုန်ထိုးမြည်သံတွေ ကြားလိုက်ရသည်။ ချန်ရှီနဲ့ အဘွားရှားတို့လည်း အသံ၏ ဦးတည်ရာဘက်သို့ လှမ်းကြည့်လိုက်ရာ ကျူးကဲကျန့်က လူတစ်ယောက်အား သံကြိုးဖြင့် ဆွဲယူလာနေတာ တွေ့လိုက်ရသည်။

ထိုဘုန်းကြီးခမျာ လည်ပင်းကို ကြိုးနဲ့ အချည်ခံထားရပြီး ကျူးကဲကျန့်ဆီက လွတ်မြောက်ဖို့အရေး ပြင်းပြင်းထန်ထန် ရုန်းကန်နေ၏။ သူ့ရဲ့ လေ့ကျင့်မှုဟာ အတော်လေး အားကောင်းသော အခြေတည်ဝိညာဥ် အဆင့်ကို ရောက်နေပါပြီ။ သူ့ကို ကျူးကဲကျန့်က ဘာကြောင့် ချည်နှောင်ထားရတာလဲတော့ မသိ။

ကျူးကဲကျန့်က ထိုလူအား သူတို့ရှေ့သို့ ဆွဲချလာသည်။

"ဒီဘုန်းကြီးက ရှီးကျင်းမြို့အပြင်က ဟွာကွမ်းဘုံကျောင်းက.. လွန်ခဲ့တဲ့ ရက်အနည်းငယ်က တောင်နီခန်းမက အဆောင်ဆွဲ မှော်ဆရာတွေ ကျုပ်ဆီလာပြီး ကျေးလက်မှာ မကောင်းမှုလုပ်နေတဲ့ နတ်ဆိုးတစ်ကောင်က မိန်းမတွေ အများကြီးကို ပြန်ပေးဆွဲပြီး လူတွေကို ထိတ်လန့်နေစေတယ်လို့ ပြောတယ်... အဲ့နတ်ဆိုးကို လိုက်ရှာပေမယ့် မတွေ့ဘူးတဲ့... ကျုပ် အဲ့ဘုံကျောင်းဘက်ကို သွားမိတုန်း ဒီဘုန်းကြီးကို တွေ့လိုက်ရတာ... သူ့ကို ကြည့်ရတာ သိပ်မူမမှန်လို့...."

အပြင်းအထန် ဆွဲထုတ်လာပြီး ဘုန်းကြီးရဲ့ လည်ပင်းကိုလည်း သံကြိုးနဲ့ ချည်နှောင်ထားသဖြင့် တစ်ဖက်လူမှာ အသက်မရှူနိုင်တော့ပေ။ ထိုစဥ် ရုတ်​တရက်​ပင်​ သူ့ခန္ဓာကိုယ်​တစ်​ခုလုံးရှိ ကြွက်သား​များ ​ဖောင်းကားလာပြီး အပြင်​ဘက်​သို့ ကျယ်​လာသည်​။ တခဏအတွင်းမှာပင် သူသည် နှစ်မီတာကျော် အရပ်မြင့်လာပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ချွန်ထက်သောဆံပင်များက သူ့အရေပြားကို ထိုးဖောက်သွား၏။ သူ့နောက်ကျောမှာ အတောင်တွေ ပေါက်လာပြီး သူ့ခေါင်းပေါ်မှာ အင်တာနာပါနေတဲ့ ပိုးကောင်တစ်ကောင်လို အသွင်ပြောင်းလာသည်။

ယခုလေးတင် ပညာရှိဘုန်းကြီးတစ်ပါးနှင့် တူနေခဲ့သော်လည်း ယခုတော့ ယုတ်ညံ့သောပုံ ပေါက်လာပြီး ပိုးဖလံတောင်ပံများကို လွှင့်ပစ်ကာ အဝေးကို ထွက်ပြေးဖို့ အသင့်ဖြစ်နေပြီ ဖြစ်သည်။

ကျူးကဲကျန့်က သူ့ကို ဖမ်းကိုင်လိုက်ပြီး။

"သူ ဗုဒ္ဓဘာသာ နည်းစနစ်တွေကို လေ့ကျင့်နေတုန်း လရောင်ကြောင့် ညစ်ညမ်းပြီး နတ်ဆိုးစွမ်းအင်တွေ ကူးစက်ခံခဲ့ရတာ ဖြစ်မယ်... ဗုဒ္ဓဘာသာကျမ်းတွေက ကောင်းကင်သတ္တဝါတွေရဲ့ ကျင့်ကြံနည်းတွေကို မှတ်တမ်းတင်ထားတာ.. သူ့ကိုမြင်တာနဲ့ တစ်ခုခုတော့ မှားနေပြီလို့ ခံစားမိတယ်!"

ချင်းယန်က သူ့ကို သံကြိုးကနေဆွဲကူပြီး စပ်စုစွာ မေးလိုက်သည်။

“ပြန်ပေးဆွဲခံရတဲ့ အမျိုးသမီးတွေ ဘယ်မှာလဲ”

“မုဒိမ်းကျင့်ပြီး စားသောက်ပစ်ပြီ...အစကတော့ သူ့ကို အစိုးရ လွှဲပေးဖို့ စိတ်ကူးထားပေမယ့် သူက မြို့ကအဆင့်မြင့် အရာရှိကြီးတွေရဲ့ ဇနီးမယား အမြှောင်လို့ ကြားတယ်။ အစိုးရလက်ထဲ လွှတ်ထားလိုက်ရင် အဲဇနီးက သူ့ကို ကယ်မှာ သေချာတယ် အဲဒါကြောင့် အစိုးရရုံးကို မပို့တော့တာ...."

ကျူးကဲကျန့်က ဘုန်းကြီးကို သူတို့လက်ထဲ အပ်ရင်း ရှင်းပြ၏။

"ဒီလူဆီက ထွက်လာတဲ့ နတ်ဆိုးအငွေ့က တျယ်ချစ်ကို မကြာခင် ဆွဲဆောင်လိမ့်မယ်... ကျုပ်ရဲ့ ကျင့်ကြံမှုက အားနည်းတယ်... အဲဒါကြောင့် ကျုပ် နောက်ဆုတ်နေတာ ပိုကောင်းမယ်ထင်တယ် "

အဘွားရှား: "တစ်ဆယ်လေး... ဒီလူငယ်က အရမ်းစွမ်းဆောင်နိုင်တယ် အဖက်ဖက်က ကိုင်တွယ်နိုင်တဲ့သူပဲ မင်းလူကောင်းတစ်ယောက် ရှာတွေ့ခဲ့တာပဲ... အခု တစ်ဖက်လူက တစ္ဆေတမန်တစ်ယောက်ဆိုတော့ မင်းတို့လည်း နောက်ဆုတ်​နေသင့်တယ်"

ချန်ရှီသည် သစ်သားလှည်းနှင့် ဟေးကော်ကိုခေါ်ကာ ဆုတ်ခွာသွားခဲ့သည်။ ခပ်မြင့်မြင့် ကုန်းမြေကို ရှာချင်သော်လည်း ဤနေရာသည် ကောင်းကင်ပြင်နတ်ဘုရား ၏ မျက်စိအမြင်ကြောင့် ကွဲထွက်သွားသော လွင်ပြင်ဖြစ်ပြီး အလွန်ပြန့်ပြူးနေသည်။ နှစ်ပေ သို့မဟုတ် သုံးပေမြင့်သော မြေတောင်ကိုပင် ရှာမတွေ့နိုင်ပေ။

ကျူးကဲကျန့်က သူ၏ အခြေတည်ဝိညာဉ်ကို ထုတ်ထားခဲ့သည်။ သူသည် အခြေတည်ဝိညာဥ် အထွတ်အထိပ်တွင်လည်း ရှိနေသဖြင့် သူ့လက်ကို အနည်းငယ် မြှောက်လိုက်သည်နှင့် အခြေတည်ဝိညာဥ်ဟာ သူ့​ခန္ဓာကိုယ်ထဲကနေ လွင့်ပျံလာသည်။

ဒါကိုမြင်တော့ ချန်ရှီလည်း နောက်က​နေ လိုက်သွားပြီး လွင့်ပျံသွားပေ၏။

ဟေးကော်က ဟောင်လိုက်သည်။ ချန်ရှီစိတ်ထဲ အနည်းငယ် လှုပ်ရှားသွားပြီး သူ၏ အခြေတည် ဝိညာဉ်သည် မှော်စွမ်းအားစီးကြောင်းကို ခွဲထုတ်လိုက်သည်။ ဟေးကော်ကလည်း လေထဲသို့ လွင့်ပျံသွားလေသည်။

အခြေတည်ဝိညာဥ်ရဲ့ မှော်စွမ်းအားကြောင့် စွမ်းအင်နယ်မြေက လေထဲတွင် လွင့်မျောနေ၏။ အခြေတည်ဝိညာဥ်သည် အနတ္တလေဟာပြင်ဘုံ မဟုတ်တာကြောင့် ပြိုလဲမည်မဟုတ်ပါ။ ကျင့်​ကြံသူသည် အပြန်အလှန် သွားလာရန် အခြေတည်ဝိညာဥ်ကို အသုံးပြုနိုင်သည်။

အခြေတည် ဝိဥာဉ်သည် လေ့ကျင့်သူ၏ ရုပ်ခန္ဓာကို မြှောက်လိုက်လျှင် လေထဲတွင် လွင့်မျောခြင်း၏ အကျိုးသက်ရောက်မှုကို ရရှိနိုင်သည်။

သို့သော် ယင်းက ပျံသန်းခြင်းမဟုတ်နေချေ။ ထို့အပြင် ၎င်းသည် အလွန် လျင်မြန်ပြီး ထိန်းချုပ်ရန် ခက်ခဲသဖြင့် အရေးပေါ် အခြေအနေများတွင်သာ သုံးတတ်သည်။

ကောင်းကင်မှာ ပျံသန်းရန်အတွက် မိမိတို့ကိုယ်ကို အတောင်များတပ်ခြင်း သို့မဟုတ် အ​ဆောင်လက်ဖွဲ့ သုံးခြင်း၊ မှော်စွမ်းအင်တွေလည်း သုံးစွဲနိုင်သည်။ လေဟုန်စီးဖို့ ကျင့်ကြံမှုအဆင့် မြင့်ရပြီး စွမ်းအင်များစွာ သုံးစွဲရသည်။ အခြေတည်ဝိညာဥ် အဆင့်တွင်တော့ လေ့ကျင့်ရန် ခက်ခဲပါ၏။

သစ်သားလှည်းက ခုန်ပြီး အောက်ဖက်မှာ မရပ်မနား လှည့်နေသည်။ သူလည်း ကြည့်ချင်နေပုံပါပဲ။ ချန်ရှီသည် ခွန်အားအနည်းငယ် ကျန်နေသေးသောကြောင့် သစ်သားလှည်းကိုပါ လေထဲသို့ လွှင့်တင်ပစ်လိုက်သည်။

သစ်သားလှည်းက တိတ်ဆိတ်သွားပြီး ခန္ဓာကိုယ်ပေါ်ရှိ မျက်လုံးများပွင့်လာကာ ရှန်နန်ရွာဆီသို့ လှမ်းကြည့်လိုက်သည်။

ရှန်နန်ရွာ အပြင်ဘက်တွင်တော့ ချင်းယန်သည် တစ်နေရာမှ သိုးမောင်းကြာပွတ်ကို ထုတ်ယူကာ မကောင်းဆိုးဝါး ဘုန်းကြီးကို ကြာပွတ်ဖြင့်ရိုက်လိုက်ရာ ဘုန်းတော်ကြီးက စူးစူးဝါးဝါး အော်ဟစ်အော်ငေါ့ကာ သူ့​စိတ်ဝိညာဉ်သည်လည်း ပို၍ပြင်းထန်လာသည်။

ရုတ်တရက် သံမျှော်စင်လို လူကြီးတစ်ယောက် ရှန်နန်ရွာထဲက ပြေးထွက်လာ၏။ သူသည် အလွန်သန်မာပြီး အရပ်ရှစ်ပေကျော်၊ အနက်ရောင် ကုတ်အင်္ကျီအတို၊ ဘောင်းဘီတိုကို ၀တ်ဆင်ထားကာ၊ ရှပ်အင်္ကျီအပွင့်နှင့် နဖူးပေါ်ရှိ အရိုးနှစ်ချောင်း ပေါက်နေသည်။ ဘုန်းကြီးရဲ့ အနံ့ဆိုးတွေကြောင့် ရွာထဲက ထွက်လာခြင်းပင်။

တျယ်ချစ် ရွာထဲမှ ပြေးထွက်လာသည်နှင့် သူ့နဖူးပေါ်ရှိ အရိုးနှစ်ချောင်းက လျင်မြန်စွာ ကြီးထွားလာသည်။ တခဏချင်းမှာပဲ သူ့ဦးခေါင်းထဲက ချိုနှစ်ချောင်းကြားမှ နတ်ဆိုးမီးတွေ တောက်လောင်လာသည်။

ခန္ဓာကိုယ်က ပိုမြင့်ပြီး သန်မာလာစဥ် သူ့နှာခေါင်းထဲက မီးခိုးတွေ ထွက်နေပြီး သူ့နှာခေါင်းမှာ တောက်ပြောင်တဲ့ အနက်ရောင် သံကွင်းတစ်ခု တွဲလောင်းကျနေ၏။ သူသည် ပေပေါင်းများစွာ အရပ်ရှည်လာရင်း အဖွားရှားနှင့် အခြားလူများဆီသို့ ပြေးချလာသည်။

သူ့ခြေထောက်များသည် နွားခွာများပင်။ ၎င်းတို့က နှစ်ပိုင်းခွဲကာ ရွှံ့ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့သည်။ သူ့လက်များသည် လူ့လက်များ ဖြစ်သော်လည်း၊ ချိတ်လိုချွန်ထက်သော လက်သည်းရှည်များရှိကာ နှစ်ပေ သို့မဟုတ် သုံးပေ​လောက်အထိ ရှည်သည်။

သူသည် ချင်းယန်ဆီ ရောက်လာပြီး ဟွာကွမ်းဘုံကျောင်းက ဘုန်းကြီးကို ဖမ်းယူရန် လက်ကိုဆန့်လိုက်သည်။ ရုတ်တရက် ဟောက်သံနှင့်အတူ သံကြိုးများအပါအဝင် ဘုန်းကြီးအသွင်ပြောင်းသော နတ်ဆိုးကို တစ်ကျိုက်တည်း သူဗိုက်ထဲသို့ မျိုချလိုက်ပြီး ချွန်ထက်သောသွားများဖြင့် ပြင်းပြင်းထန်ထန် ဝါးပစ်လိုက်သည်။

သံကြိုးသည် အကြိမ်ပေါင်း ထောင်နှင့်ချီ၍ အပူဒဏ်ခံနိုင်သော မှော်လက်နက်တစ်ခု ဖြစ်သော်လည်း ၎င်းက အပိုင်းပိုင်းဖြတ်ကာ စားသောက်ပစ်ခဲ့သည်။ ဘုန်းကြီးက သူ့ပါးစပ်ထဲမှာ နှစ်ခါအော်ပြီးနောက် သေသွား၏။

ချင်းယန်က ဧရာမသတ္တဝါကို မော့ကြည့်ပြီး မေးလိုက်သည်။

"ဒါက လူဝင်စားတဲ့ မရဏတမန်လား?"

သူစကားမဆုံးခင် တျယ်ချစ်က လက်တစ်ဖက်ကို ထပ်ဆန့်ကာ သူ့လည်ပင်းကို ဆွဲကိုင်လိုက်လေသည်။ သူ့ကို ထပ်ခါထပ်ခါ ကြည့်ကာ သွေးထွက်နေသော ပါးစပ်ကို ဖွင့်၍ တွန်းထည့်လိုက်သည်။

"ငါ့ကိုပါ နတ်ဆိုးလို့ ထင်နေတာလား"

ချင်းယန် ထိတ်လန့်ပြီး ဒေါသထွက်နေပေမယ့် တကယ်တမ်း သူဟာလည်း နတ်ဆိုးတစ်ယောက် မဟုတ်ပါလား။ သူသည် ရုတ်တရက် သူ၏ပုံစံ အစစ်အမှန်ကို ထုတ်ဖော်ပြသပြီး တောင်ကုန်းကြီးလို ကြီးမားသော သားရဲကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့လည်ပင်းကို ဆွဲညှစ်နေတဲ့ တျယ်ချစ်ရဲ့လက်ကနေ လွတ်မြောက်ပြီး ကြီးမားတဲ့ အလောင်းကောင်ရဲ့ အငွေ့အသက်နဲ့အတူ ခုန်တက်ကာ ခေါင်းကို မြင့်တင်လိုက်ပြီး တျယ်ချစ်ကို တွန်းထုတ်လိုက်သည်။

တျယ်ချစ် ခန္ဓာကိုယ်ကလည်း ရုတ်တရက် ကြီးလာပြီး ပေရာနှင့်ချီ မြင့်လာသည်။ သူက ခေါင်းကိုငုံ့ပြီး လက်ကို အတင်းဆွဲထုတ်လိုက်ရာ ချင်းယန်ရဲ့ခေါင်းကို တိုက်မိသွားလေ၏။

“ဝုန်း!”

ချင်းယန်သည် အလွန်အားနည်းသဖြင့် ခြေတစ်လှမ်း နောက်ဆုတ်လိုက်ရသည်။ သို့နှင့် ဒေါသတကြီး အော်ဟစ်တော့သည်။

"ထပ်လာစမ်း!"

ခြေတစ်လှမ်း ဆုတ်ပြီး ရှေ့ကို ပြေးထွက်သွားသည်။ တျယ်ချစ်က သူ့ကို အောက်ကနေ ဝင်တိုက်လာပြန်တာကြောင့် မိုးခြိမ်းသံလို ကျယ်လောင်တဲ့ နောက်ထပ် ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြန်၏။

ပတ်ဝန်းကျင်ရှိ သစ်ပင်များသည် တုန်ခါသွားလေရာ အိပ်ပျော်နေရာတဲ့ ဆယ်မိုင်ကျော် အကွာအဝေးအတွင်းမှ လူတိုင်းကို နိုးကြားသွားစေခဲ့သည်။

ချင်းယန်သည် ခြေလှမ်းပေါင်းများစွာ နောက်ပြန်ဆုတ်သွားကာ သွားများကို အံကြိတ်ကာ ရှေ့သို့ အမြန် ပြန်ပြေးသွားပြန်၏။

"ငါ့ဘဝမှာ လူတွေအများကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ဖူးတယ်.. ငါဘယ်တုန်းကမှ မရှုံးခဲ့ဖူးဘူး!"

နောက်ထပ် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ချင်းယန် နောက်ပြန်ဆုတ်သွားရသည်။ သူ့နောက်ခြေထောက် နှစ်ချောင်းက ထော့နဲ့ထော့နဲ့ဖြင့် ပြုတ်ကျလုနီးပါး ဖြစ်သွားတာတောင် သူက စိတ်လှုပ်ရှားစွာနဲ့ အော်နေဆဲ။

"ကောင်းပြီ ကောင်းပြီ ထိုက်တန်တဲ့ ပြိုင်ဘက်ကို တွေ့ပြီပေါ့... အရည်အချင်းရှိတဲ့ စစ်ဗိုလ်ချုပ်နဲ့ တွေ့ပြီ ထပ်လုပ်ရအောင်!"

"ဒိုင်း!"

လူနှစ်ယောက် ထပ်တိုက်မိပြန်သည်။ တျယ်ချစ်သည် အလွန်အစွမ်းထက်သော်လည်း ယခုအခိုက်၌ အနည်းငယ် မူးဝေနေသေးသည်။

ချင်းယန် ထပ်မံတိုက်ခိုက်ခြင်း မပြုမီတွင် ဟူရှောင်လျောင်က သူ့ပုံစံအမှန်ကို ကောင်းကင်မြေခွေးအဖြစ် ထုတ်ဖော်နေပြီ ဖြစ်သည်။ သူ၏ အမြီးကိုးချောင်းသည် ရှေ့သို့ လွင့်ထွက်သွား၏။ မှော်စွမ်းအင်သည် အလွန်ကြီးမားသောကြောင့် တျယ်ချစ်ရဲ့ ထူးဆန်းသော စွမ်းအားကို ဖြိုခွင်းပစ်လိုက်သည်။ သူ့အမြီးများသည် လေဆင်နှာမောင်းကဲ့သို့ လှိမ့်ကာ အလွှာလိုက် အလွှာလိုက် ရစ်ပတ်နေသည်။

တျယ်ချစ်က ဟောက်ပြီး သူ့လက်နှစ်ဖက်နဲ့ အင်အားသုံးကာ သူ့အမြီးကိုးချောင်းကြားမှ လွတ်မြောက်ဖို့ ကြိုးစားသည်။ အဘွားရှားက ရှေ့သို့ ပျံသွားကာ သူ့ဝိညာဉ်ကို ဖိသွင်းကာ အဆက်မပြတ် ကျုံ့သွားစေရန် နတ်စည်းတံဆိပ်ကို တစ်ခုပြီးတစ်ခု အသုံးပြုကာ သူမလက်တစ်ဖက်တည်းဖြင့် တျယ်ချစ်ရဲ့ နဖူးကို အထပ်ထပ် ရိုက်လိုက်သည်။

တျယ်ချစ်၏ ခန္ဓာကိုယ်သည်လည်း အဆက်မပြတ် ကျုံ့သွားကာ မကြာမီမှာပင် သူသည် ပေရာနှင့်ချီသော ဧရာမအရပ်မှ ပုံမှန်အရွယ်အစားသို့ ကျုံ့သွားသည်။ အဘွားရှားနဲ့ ဟူရှောင်လျောင်တို့က သူ့ကို တံဆိပ်ခတ်ရန် ကြံစည်ထား၏။

"တစ္ဆေတမန်တစ်ယောက်ပဲ... လွယ်လွန်းတယ်"

အဘွားရှားက ရယ်လေသည်။

"ငါ့မှာ ဒီသေနတ်တွေ အားလုံးကို ပြင်ဆင်ထားရတာ သုံးတောင် မသုံးခဲ့ရဘူး"

ဟူရှောင်လျောင်က ထိတ်လန့်နေဆဲ။

"တစ်ဆယ်လေး ငါ့ကို ပေးလိုက်တဲ့ အဂ္ဂိရတ်ဆေးသာ မယူခဲ့ဘူးဆိုရင် ငါ့ရဲ့အသက် ရာဂဏန်းလောက်နဲ့ ငါ့ရဲ့ မှော်စွမ်းအားကို အထွတ်အထိပ်ရောက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး... တစ်ဆယ်လေးကိုသာ တစ်ယောက်တည်း လွှတ်လိုက်မယ်ဆိုရင် သူ့ကို နှိမ်နှင်းဖို့ ခက်သွားလိမ့်မယ်"

အဘွားရှား၏ ခန္ဓာကိုယ်သည် အထွတ်အထိပ်သို့ ပြန်လည် ရောက်ရှိထားသဖြင့် သူမသည်လည်း အားအင်များ​ဖြင့် ပြည့်နေသည်။

"မှန်တယ်... ချင်းယန်တောင် သူ့ရဲ့ ရက်စက်တဲ့ စွမ်းအားတွေနဲ့ ဒီကောင်ကို အနိုင်မယူနိုင်ခဲ့ဘူး"

ချင်းယန်၏ နောက်ခြေထောက်များသည် တုန်ရီနေဆဲ ဖြစ်သည်။ ဒီစကားကိုကြားတော့ သူက ပြန်ပက်လေ၏။

"ငါသေနေပြီမို့ အရင်ကလောက် မတော်တော့ဘူး... ငါက အထွတ်အထိပ်ရောက်တုန်းက သူ့ထက် သန်မာတယ် သူ့ထက်လည်း မပျော့ဘူး"

"ဟုတ်ပါပြီ!"

အဘွားရှားက တောင်းထဲမှ ကြိုးတစ်ချောင်းကို ထုတ်ယူလိုက်သည်။ ချင်းယန်က ၎င်းကိုယူကာ တျယ်ချစ်ကို ချည်နှောင်ရန် ရှေ့တိုးလာ၏။ တျယ်ချစ်၏လက်များကို သူ့နောက်ကျောတွင် ချည်နှောင်ထားပြီး သူ့​ခြေထောက်များကိုလည်း နောက်သို့ကွေးကာ လက်နှင့်ခြေများကို တွဲချည်ထားလိုက်သည်။

ဟူရှောင်လျောင်က သံသယနဲ့ ရုတ်တရက် အော်လိုက်၏။

"ချင်းယန်... မင်း အားကျိုးကိုရှာဖို့ တနန်ရေကန်ကို သွားခဲ့တယ် မဟုတ်လား"

ချင်းယန်မှာ အနည်းငယ် အပြစ်ရှိသလို ခံစားလာရ​လေသည်။

"ငါ အဲဒီ ကျေးဇူးကန်းတဲ့သူဆီ မသွားဘူး!"

"မင်းငါ့ကို လိမ်ချင်သေးတာလား? သူ့ပျားတွေက လူတွေကို ဒီလိုချည်တာ.... မင်း သူ့ကို ရှာတွေ့သွားခဲ့တာ ဖြစ်မယ် ဒါပေမယ့် မင်းကို သူ့ပျားတွေက ကိုက်ပြီး ဒီလိုချည်ထားတယ်... ဒီကြိုးချည်နည်းကို မြင်းလေးကောင်ချည်နှောင်လို့ ခေါ်တယ် မင်းကို အားကျိုးရဲ့ ပျားတွေက ဒီလို ချည်နှောင်ထားလို့ မင်းကလည်း ဒီနည်းကို သင်ယူခဲ့တာ"

ချင်းယန်သည် ထိုလုပ်ရပ်ကို ဖမ်းမိခဲ့ပြီး ချက်ချင်းပင် မျက်နှာက ရှက်ရွံ့စွာ နီရဲသွားသည်။ ရုတ်​တရက်​ သူ့စိတ်​ထဲ ​ရောက်​လာသည့် အချက်တစ်ချက်ကြောင့်။

"မင်းက သိပ်​သိ​နေပါ့လား မင်းလည်း သူ့ပျား​တွေဆီက အကိုက်​ခံရတယ်​၊ ချိတ်​ဆွဲခံရပြီး ကြာပွတ်​​ပေးခံရတယ်ပေါ့?"

ဟူရှောင်လျောင်လည်း ​​အပြစ်ရှိတယ်လို့ ခံစားမိလာသည်။

"ငါ မဟုတ်ဘူး သူက အကြင်နာမဲ့သူတစ်ယောက် ငါဘာလို့ သူ့ကို သွားတွေ့ရမှာလဲ..."

ချန်ရှီသည် ဤမြင်ကွင်းကို အဝေးမှ လှမ်းကြည့်နေရင်း စိတ်သက်သာရာ ရသွားသည်။ သူသည် သစ်သားလှည်းနှင့် ဟေးကော်ကို ဖြည်းညှင်းစွာ ​ပြန်ချလိုက်သည်။ မြေပြင်ပေါ်မဆင်းမီတွင် အလွန်လျင်မြန်သော အရှိန်ဖြင့် ဖြတ်သွားသော ပုံသဏ္ဌာန်ကို ရုတ်တရက် မြင်လိုက်ရသည်။

ချန်ရှီတွင် စူးရှသော မျက်လုံးများ ရှိသဖြင့် ထိုလူ၏မျက်နှာကို ချက်ချင်း မှတ်မိသည်။ အဲဒီမြို့လေးမှာ သူတွေ့ခဲ့တဲ့ ကိုယ်ပိုင်ကျောင်းဆရာက ရုံးနန်ပင်။

ချန်ရှီ၏ မျက်လုံးများသည် သရဲနှင့် နတ်များကို မြင်နိုင်စွမ်း အပြည့်ရှိသည်။ ကျားသစ်ဦးခေါင်းနှင့် မျက်လုံးဝိုင်းဝိုင်းရှိသော ကိုယ်ပိုင်ကျောင်းဆရာသည် အလွန်ကြွယ်ဝပြီး တန်ခိုးကြီးမားသော ဧကရာဇ်ကွမ်းရှန့်၊ ချန်ယန်တောင်၏သခင်ကဲ့သို့ နတ်ဘုရားများနှင့် နှိုင်းယှဥ်နိုင်အောင် တန်ခိုးကြီးမားကြောင်း သူ မြင်လိုက်ရသည်။

သို့သော် ပို၍ကြောက်စရာ ကောင်းသည်မှာ မြေအောက်ကမ္ဘာမှ သရဲတစ္ဆေများနှင့် နတ်ဘုရားများ၏ မကောင်းသော စွမ်းအင်များသည် သူ့ခန္ဓာကိုယ်အနှံ့ လှိုင်းထလာ​နေသည်။

သူ့အဝတ်စများသည် တခဏချင်း နီမြန်းလာကာ အဖွားရှားနှင့် အခြားနှစ်ယောက်ဆီသို့ ပြေးလာသောအခါ သူ့ခန္ဓာကိုယ်က ပိုပို၍ ကြီးမားလာ၏။ ချန်ရှီ ရုတ်ချည်း သဘောပေါက်သွားသည် -

"တူခရိုင် သေမင်းတောင်ကြားမှာ လူဝင်စားသရဲနှစ်ကောင် ရှိတယ်! ငါတို့ ဒီတစ္ဆေကို ဖမ်းမိလိုက်တာ! တျယ်ချစ်က ကျုံးခွေ မဟုတ်ဘူး... ရုံးနန်ကမှ လူဝင်စား ကျုံးခွေပဲ!"

"အစ်မရှား သတိထား!"

သို့သော် သူ ပါးစပ်ဖွင့်ပြောနေစဉ် ကျုံးခွေက လူသုံးယောက်ရှေ့သို့ ရောက်နေပြီ။ ချင်းယန်က တိုက်ပွဲအတွေ့ အကြုံအရှိဆုံးဖြစ်ပြီး ကျူးကျော်ရန်စမှုကို သတိပြုမိသောအခိုက် ချက်ချင်းထရပ်ကာ ခေါင်းပေါ်ရှိ ချိုနှစ်ချောင်းကို ထုတ်ပစ်ရန် လက်ကိုမြှောက်ကာ လှည့်ပတ်လာနေသော လူကို ခုတ်ထစ်ပစ်လိုက်သည်။

မထင်မှတ်ဘဲ ရိုင်းစိုင်းသော အင်အားတစ်ခုက ချင်းယန်ကို တိုက်ခိုက်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါသွား​စေခဲ့သည်။ ချိုနှစ်ချောင်းက သူ့လက်ထဲကနေ ပြေးထွက်သွားတဲ့အခါ ထူးဆန်းသော စွမ်းအားသည် သူ့ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့ရာ အရိုးအက်သံကိုတောင် ကြားလိုက်ရသည်။

သူ့ခန္ဓာကိုယ်က ကောင်းကင်သို့ ပျံတက်သွားသည်။ သူ့ပုံစံအမှန်ကို လေထုအလယ်တွင် ထုတ်ဖော်ပြသခဲ့သော်လည်း မရေမတွက်နိုင်သော အရိုးများက ကျိုးသွားခဲ့သည်။

သူသည် ယခင်က ဒဏ်ရာများစွာ ရရှိခဲ့ဖူးသည်။ နောက်ဆုံးအကြိမ်မှာ ချန်ယင်တူး ချန်ရှီရဲ့ဝိညာဉ်ကို ကယ်တင်ရန် မရဏကမ္ဘာသို့ လိုက်သွားသည့် အချိန်က ဖြစ်သည်။ ဒဏ်ရာအပြင်းအထန် ရပြီးနောက် သူ့အသက်အန္တရာယ်ရှိမှန်း သိသည်။ ချန်ယင်တူးနှင့် အခြားသူများအတွက် ဝမ်းနည်းပြီး အပြစ်လုပ်မှာ ကြောက်မိသောကြောင့် ချန်ယန်တောင်တွင် ပုန်းရှောင်ပြီး သေခြင်းတရားကို စောင့်ဆိုင်း​နေခဲ့သည်။

ဒီတစ်ခါတော့ ကျုံးခွေကြောင့် ဒဏ်ရာဟောင်းတွေ ပြန်ထွက်လာပြီ။

သူ့အသက်ရှူသံက လျင်မြန်စွာ နွမ်းလျသွားသော်လည်း သူ့စိတ်ထဲတွင်တော့ အလွန်ပျော်ရွှင်နေသည်-

"စုန်းမနဲ့ မြေခွေး တုံ့ပြန်ဖို့ အချိန်တစ်ခုလောက်တော့ ဆွဲပေးနိုင်ခဲ့ပါတယ်"

အဘွားရှားနဲ့ ဟူရှောင်လျောင်ရဲ့ တုံ့ပြန်မှုအရှိန်သည် သူ့လောက် မမြန်သော်လည်း ဤအချိန်လေးကို ဆွဲထားနိုင်သရွေ့ တိုက်ခိုက်သတ်ဖြတ် ခံရမည့်အစား တုံ့ပြန်ရန် အခွင့်အရေး ရှိလိမ့်မည်။

သူမျှော်လင့်ထားသလိုပဲ ဟူရှောင်လျောင်သည် ကောင်းကင်မြေခွေး အသွင်ကို ထုတ်ဖော်ဖို့ အနှောက်အယှက် အပေးမခံဘဲ တုံ့ပြန်ခဲ့သည်။ သူ့လက်ကို မြှောက်ပြီး ရှေ့ကို လှမ်းထိုးရင်ပဲ သူ၏ ကြီးမားလှသော မှော်စွမ်းအားသည် ဧည့်သည်၏ တန်ခိုးနှင့် တိုက်မိသွား၏။

သူ၏ မှော်စွမ်းအားဖြင့် မပေါက်ကွဲမီတွင် ပြိုင်ဘက်၏ ကြောက်မက်ဖွယ် ကောင်းသော အင်အားကြောင့် နောက်ပြန် ဆုတ်သွားခဲ့ရသည်။

တစ်ချိန်တည်းမှာပင် အဘွားရှားသည် နောက်သို့ခုန်လိုက်ပြီး လေထဲတွင်ရပ်ကာ မဟာပါးကွာ့ အစီအရင်ကို အသက်သွင်းလိုက်သည်။ အနီးနားရှိ ပါးကွာ့သည် အဂ္ဂိရတ်မီးဖို၏ ထူးဆန်းသော မြင်ကွင်းတစ်ခုအဖြစ် လည်ပတ်နေသည်။ သူမ ခြေထောက်ကို မြှောက်ကာ ရပ်လိုက်ရင်ပဲ ယင်ယန်ကမ္ဘာများနှင့်အတူ အပြာရောင်ကျောက်ပြား လမ်းသည် မရဏကမ္ဘာ၏ စွမ်းအားကို ချေးယူပစ်ခဲ့သည်။

သူမ အဆင်သင့် မဖြစ်မီတွင် အနီရောင်အရုပ်ကြီးသည် လေထဲသို့ အပြေးအလွှား ရောက်ရှိလာပြီး ပါးကွာ့ မီးဖိုထဲသို့ ဝင်ရောက်ကာ သူမ၏ခန္ဓာကိုယ် အစစ်အမှန်ရှိရာဆီသို့ ဦးတည်လာခဲ့သည်။

"ဗွမ်း!"

အပြာရောင်ကျောက်လမ်းသည် တရွေ့ရွေ့ ဖြတ်သွားသည်။ ပါးကွာ့ မီးဖိုလည်း ကျိုးသွားပြီး အဖွားရှားလည်း ညည်းလိုက်ရ၏။ သူမသည် ပြင်းထန်စွာ ရိုက်နှက်ခံရပြီး သူမ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်များ ကွဲကွာသွားကာ နောက်ပြန် ပြေးသွားခဲ့ရသည်။

သူမသည် နာကျင်မှုကို တောင့်ခံနေရစဥ် တစ်မီတာကျော်မြင့်သော သေနတ်ကိုထုတ်ကာ ကျုံးခွေဆီ ပစ်ထည့်လိုက်သည်။ ကျည်က ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲခဲ့ပြီး လောင်ကျွမ်းနေသော မီးနှင့် လျှပ်စီးတို့သည် ဧကဒါဇင်ပေါင်းများစွာ၏ နေရာကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။

မီးနဲ့ မိုးခြိမ်းသံက ရောယှက်နေတာကြောင့် အလွန်ကြောက်စရာ ကောင်းသည်။ ပေါက်ကွဲမှုက အဘွားရှားကိုတောင် မှုတ်ထုတ်ပစ်လိုက်၏။

ထို့နောက် ချက်ချင်းပင် ဒုတိယနှင့် တတိယမြောက် ကျည်များပါ ပျံတက်သွားကာ ပေါက်ကွဲနေသော မိုးခြိမ်းသံနှင့် မီးထဲသို့ ခြောက်လုံးဆက်တိုက် နစ်မြုပ်ကာ တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားသည်။

လေလှိုင်းများ လှိမ့်ဝင်လာသည်နှင့်အမျှ ဟူရှောင်လျောင်သည် ၎င်း၏အမြီးကိုးချောင်း မြေခွေးအသွင်ကို လျင်မြန်စွာ ထုတ်ဖော်လိုက်သည်။ ထို့နောက် အောက်ဖက်ကရွာဆီသို့ ကျည်များ ပြေးမရအောင် ကြောက်မက်ဖွယ် ရိုက်ခတ်မှုကို တားဆီးရန် ၎င်း၏အမြီးကို လှုပ်ယမ်းလိုက်၏။

သတ္တမမြောက် ကျည် မိုးကြိုးနဲ့ မီးရှေ့သို့ ပျံသန်းသွားပြီး ပေါက်ကွဲတော့မည့် အချိန်တွင် ကြီးမားသော လက်တစ်စုံသည် မိုးခြိမ်းသံနှင့်မီးတို့​ကြားမှ ဆန့်ထွက်ကာ သေနတ်ကို ဖမ်းကိုင်လိုက်​ပေသည်။

အဘွားရှား၊ ဟူရှောင်လျောင်နဲ့ ချင်းယန်တို့လည်း အံ့ဩသွားကြသည်။ ပေတစ်ထောင်နီးပါးမြင့်သော တစ္ဆေနတ်ဘုရားတစ်ဆူသည် မိုးခြိမ်းသံနှင့် မီးတောက်များမှ ထွက်ပေါ်လာသော အနီရောင်ဝတ်ရုံကို ၀တ်ဆင်ထားသည်ကို တွေ့လိုက်ရသည်။ ပါးစပ်ကိုဖွင့်၍ ကယ်လ်ထရိုကို ပါးစပ်ထဲသို့ထည့်ကာ မျိုချလိုက်သည်။

မီတာတစ်ရာကျော် မြင့်သော သံက သူ့ဗိုက်ထဲတွင် ပေါက်ကွဲသွားသည်။ တစ္ဆေ၏ဝမ်းဗိုက်သည် အနည်းငယ် ဖောင်းလာပြီး ပြန့်ကျဲသွား၏။

ဟူရှောင်လျောင် ပြေးလာစဥ် အဘွားရှားက သူ့နားရွက်ကြားရှိ ဦးခေါင်းထိပ်ပေါ်၌ နေရာယူထားလိုက်၏။ ချင်းယန်သည်လည်း နာကျင်မှုကို တောင့်ခံ၍ ဓားနှစ်ချောင်းကို ဆွဲထုတ်ကာ ကောင်းကင်မြေခွေးဘေးတွင် ရပ်လိုက်သည်။ သုံးယောက်သား မိုးခြိမ်းသံနှင့် မီးဘေးမှ ထွက်သွားသော ထွားကျိုင်းလှသည့် သရဲတစ္ဆေကို စိုက်ကြည့်နေသည်။

"တိုက်ခိုက်ရတာ သိပ်မကောင်းဘူး... ဒီကျုံးခွေက ငါတို့ အရင်မြင်ဖူးတဲ့ မရဏတမန်တွေထက် ပိုပြီး စွမ်းရည်ရှိပုံရတယ်..."

ချင်းယန်က ညည်းညူလိုက်သည်။

ကျုံးခွေနောက်ကွယ်မှ သွေးနီရောင် ဝတ်ရုံက တုန်ခါသွားပြီး ကောင်းကင်ယံက မိုးခြိမ်းသံနှင့် မီးတောက်များကို ဖြိုခွင်းပစ်လိုက်သည်။ ၎င်းက မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ သူတို့ဆီသို့ ပြေးဝင်လာသည်။

အခုလေးတင် ပထမဆုံး ထိပ်တိုက်ရင်ဆိုင်မှုမှာ အဘွားရှားနဲ့ တခြားနှစ်ယောက် ဒဏ်ရာရနေပြီ။ သူတို့ဆီသို့ အပြေးအလွှား ပြေးလာနေပြီမလို့ ခဏနေရင် ထိပ်တိုက် တွေ့ကြပေတော့မည်။ ထိုအခိုက်တွင် ဓားအလင်းတစ်ချက် သူတို့ဆီသို့ ပျံသန်းလာသည်။ ဓားပေါ်က လရောင်ဟာ ယင်းယန်ကမ္ဘာကို ပိုင်းခြားစေနိုင်ရာ သုံးယောက်သား ချက်ချင်း လဲကျသွားပြီး မြေအောက်ထဲသို့ လဲကျသွားသည်။

ချန်ရှီသည် အဘွားရှားနဲ့ တခြားနှစ်ယောက်ကို ကယ်တင်ရန် နက်ရှိုင်းနဂါးရွေ့ဓားကို အသက်သွင်းလိုက်ရသည်။ ပြီးနောက် ချက်ချင်း ပြန်ရုတ်သိမ်းလိုက်သည်။ အဲဒီအချိန်မှာ ကျုံးခွေက ရုတ်တရက် လှည့်ကြည့်လာပြီ။

မဆိုင်းမတွဘဲပင် ဓားကို အသက်သွင်းပြီး မရဏကမ္ဘာကိုဖြတ်ကာ ဟေးကော်၊ သစ်သားလှည်း၊ ကျူးကဲကျန့်တို့နှင့်အတူ မရဏကမ္ဘာထဲသို့ ပြေးဝင်ခဲ့သည်။

မရဏကမ္ဘာ၏ ကောင်းကင်ယံက ရုတ်တရက် အက်ကွဲသွားသောအခါ သူတို့အားလုံး ကောင်းကင်မှ ပြုတ်ကျလာခဲ့သည်။ ကျုံးခွေ၏ အလွန်ကြီးမားသော မျက်နှာသည် မရဏကမ္ဘာထဲသို့ ထိုးဖောက်လာ၏။ သူ့တွင် သံမျက်နှာနှင့် မုတ်ဆိတ်တွန့် ရှိပြီး အတော်လေး ရုပ်ဆိုးသည်။ သူတို့ကိုမြင်တော့ လက်ကြီးတွေကို ချက်ချင်းဆန့်ပြီး လိုက်ဖမ်းတော့သည်။

ဟေးကော်က ပြုတ်ကျလာသည်နှင့်အမျှ ၎င်း၏ခန္ဓာကိုယ်သည် အလွန်ကြီးမားလာသည်။ ၎င်းက ချန်ရှီ၊ ကျူးကဲကျန့်နှင့် သစ်သားတွန်းလှည်းကို ဖမ်းမိပြီး ကောင်းကင်မှ ပြုတ်ကျလာသော လက်ကြီးကြီးကို ရှောင်ရှားရန် ရိုင်းစိုင်းစွာ ပြေးထွက်သွားခဲ့သည်။

အလွန်လျင်မြန်ပြီး မကြာမီ အဖွားရှားနှင့် အခြားလူများကိုပါ ဖမ်းမိကာ သူ့ကျောပေါ်သို့ ပစ်ချကာ အသက်ဘေးမှ ထွက်ပြေးသွားခဲ့သည်။ သူတို့ဦးခေါင်းထက်က ကျုံးခွေ၏ ကြီးမားသော မျက်နှာသည် နတ်ဆိုးမီးတောက်များဖြင့် တောက်လောင်နေပြီး အောက်ဘက်သို့ အဆက်မပြတ် လှမ်းဆွဲနေ၏။

All Chapters