လူဝင်စားခြင်း၏ လမ်းခြောက်သွယ်
Vol. 19 Ch. 274
"လှေသားအဖ! လူဆိုးနှစ်ကောင်!"
အဘွားရှားသည် ဒေါသတကြီး ကျိန်ဆဲနေသော်လည်း သူမ မထနိုင်သေးပေ။ သူမရဲ့ဒဏ်ရာတွေက ပြင်းထန်လှသည်။ မတိုင်ခင်က သူမ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ် ကွဲကွာသွားကာ ပါးကွာ့အစီအရင် မီးဖိုလည်း ကျိုးသွားခဲ့သည်။ သူမ ဒဏ်ရာကို မြန်မြန် ကုပေးရမယ်။ မဟုတ်ရင် နောက်ပိုင်းမှာ ဒုက္ခတွေ ရှိလာလိမ့်မည်။
ချင်းယန်၏ ဒဏ်ရာများသည် သူမထက် ပိုမိုပြင်းထန်သည်။ ဟူရှောင်လျောင်၏ ဒဏ်ရာများမှာ ပေါ့ပါးသော်လည်း ကောင်းလည်း သိပ်မကောင်းပေ။
ကျုံးခွေ အရမ်းသန်မာ၏။ ဤတစ်ကြိမ်တွင် လူသုံးဦးအနက် သုံးဦးလုံး ဒဏ်ရာရသွားခဲ့သည်။ ဂရုတစိုက် ပြင်ဆင်ထားသော လက်နက်တောင့ သူ့ကို လုံးဝ မထိခိုက်စေနိုင်ခဲ့ပါ။
ဟေးကော် အလွန်လျင်မြန်သော အရှိန်ဖြင့် ရွေ့လျားနေခဲ့သည်။ အကွာအဝေး တစ်ခုရောက်တဲ့အထိ မီးခိုးရောင်တောက်နေတဲ့ မရဏကမ္ဘာ၏ မြေပြင်ပေါ် လျှောက်လာခဲ့ပေမယ့် သူတို့ရဲ့ ဦးခေါင်းထက်က ကျုံးခွေရဲ့ မျက်နှာက သူတို့နောက်ကို အမြဲလိုက်နေပြီး သူ့ရဲ့ ရွေ့လျားမှုနှုန်းက ဟေးကော်ထက်တော့ မနှေးပေ။
သူ့မျက်နှာက အလွန်ကြီးမားပြီး ကောင်းကင်ကို ဖုံးအုပ်ထားသည့်အပြင် ဟေးကော်၏ ကိုယ်ထည်ထက်ပင် ပိုကြီးသည်။ အောက်ကို ငုံ့ကြည့်လိုက်ချိန် ဖိနှိပ်ချုပ်ချယ်နိုင်တဲ့ ခံစားချက်တစ်ခုက လူတိုင်းအတွက် အလိုလို ပေါ်လာသည်။
သူ့မျက်နှာမှ နဂါးလို မုတ်ဆိတ်မွေးတွေက အနက်ရောင် သစ်ပင်ကြီးတွေလို အစိမ်းရောင်ကြီး ဖြစ်ကာ သူ့မျက်နှာက မီးတောက်တွေနဲ့ ဝန်းရံထားသည်။ လက်တွေက ကောင်းကင်ကနေ ပြုတ်ကျကာ အကုန်လုံးကို သူ့လက်ဖဝါးမှာ ဆုပ်ကိုင်ကာ ရွှံ့နွံထဲ ကြိတ်ထည့်ပစ်နိုင်သည်။
မရဏကမ္ဘာ ရောက်သွားတဲ့အခါ သူ့ခွန်အားသည် သက်ရှိလောက၌ထက် ပိုတန်ခိုးကြီးလာ၏။
ဟေးကော်က သူ့အသက်ကို စွန့်စား၍ အပေါ်မှ အောက်သို့ ဖိချလာသော လက်ကို ရှောင်ရန် တောထဲတွင် ဘယ်ညာ ပတ်ပြေးနေသည်။ မရှောင်လွှဲနိုင်သောအခါတွင် အဘွားရှားနှင့် အခြားနှစ်ယောက်တို့သည် လက်ကြီးများကို တိုက်ခိုက်ရန် ကျန်ရှိသော အင်အားအားလုံးကို စုစည်းလိုက်ကြရသည်။
ဒါပေမယ့် သူတို့သုံးယောက်ဟာ သူတို့ရဲ့ ခွန်အားတွေ ကုန်ဆုံးသွားခဲ့ပြီမလို့ ကျုံးခွေရဲ့ စွမ်းအားကို ခဏလောက်သာ ထိန်းထားနိုင်ခဲ့ပါ၏။
ဟေးကော်သည် မိုင်ထောင်ပေါင်းများစွာ လွတ်မြောက်ခဲ့သော်လည်း ကျုံးခွေက သူ့ကို လိုက်နိုင်နေဆဲ။ ဤအခိုက်တွင် ဟေးကော် ခြေဖဝါးအောက်ရှိ မြေပြင်သည် တုန်ခါကာ အက်ကွဲသွားပြီး မြေကြီးထဲက ပူလောင်သောလေသည် ကောင်းကင်သို့ တည့်တည့် တိုးဝင်သွားသည်။
မြေပြင်သည် တဟုန်းဟုန်း မြည်ကာ ဟေးကော်လည်း ခုန်ပျံနေရ၏။ ခြေဖဝါးအောက်က မြေပြင်မှာ အကွဲအပြဲကြီး ပေါ်လာတာကို သူမြင်လိုက်ရသည်နှင့် ဘေးကို ရှောင်ထွက်သွားသည်။ အက်ကြောင်းထဲ၌ မီးတောက်တွေက တောက်လောင်နေသည်။
ဟေးကော် တစ်ဖက်သို့ ခုန်ဆင်းလိုက်သည်။ ချန်ရှီသည် ဟေးကော်ခေါင်းပေါ်တွင် ရပ်လျက် နောက်သို့ လှည့်ကြည့်လိုက်သည်။ မြေကြီး၏ အက်ကွဲကြောင်းများထဲမှ အရပ်ရှည်ရှည်၊ ကြီးကျယ်ခမ်းနားသော ခန္ဓာကိုယ်ရှိသည့် သရဲတစ္ဆေတစ်ကောင် ထွက်လာတာ သူ မြင်လိုက်ရသည်။ သူ့ခန္ဓာကိုယ်က တောင်ကုန်းတွေထက်တောင် ပိုမြင့်နေ၏။ သူသည် ချော်ရည်မြစ်ရှည်ကြီးကို ဖမ်းကိုင်ကာ ချက်ချင်းသန့်စင်ပြီး အနီရောင် ချော်ရည်နှင်တံအဖြစ် အသုံးပြုကာ လေထဲက ကျုံးခွေ၏ မျက်နှာဆီသို့ လွှဲယမ်းလိုက်သည်။
ကြာပွတ်ကို လှန်လိုက်သောအခါ မရေမတွက်နိုင်သော ချော်ရည်များက ပြိုကျလာခဲ့သည်။ ၎င်းတို့ မြေပြင်ကို ထိသွားသောအခါ ကျယ်လောင်သော အသံနှင့်အတူ လှိမ့်ဝင်ကာ အနက်ရောင် ကျောက်တုံးကြီးများ ဖြစ်ကုန်သည်။
ကျောက်တုံးများက ရပ်တန့်မသွားမီ တစ်မီတာကျော်မြင့်သော ချော်ရည်တစ္ဆေလေးများအဖြစ်သို့ ပြောင်းလဲသွားကာ မြေပြင်ပေါ်တွင် အလွန်ရက်စက်စွာ လှည့်ပတ် ပြေးလွှားလေတော့သည်။
ဟေးကော်သည် လမ်းတစ်လျှောက် ရှောင်တိမ်းရန် အချိန်မရှိသောကြောင့် မရေမတွက်နိုင်သော ချော်ရည်သရဲများကို အသေနင်းသတ်ခဲ့သည်။ သို့သော် တချို့အကောင်များက ခွေးအမွေးကို ဆွဲယူကာ ခြေထောက်များတစ်လျှောက် လျင်မြန်စွာ တွယ်တက်လာပြီး ခွေးကျောပေါ်သို့တက်ကာ လူတိုင်းကို သတ်ပစ်ရန် ပြင်ဆင်နေကြသည်။
ချန်ရှီသည် နက်ရှိုင်းနဂါးရွေ့ဓားကို မြှောက်လိုက်ပြီး ချော်ရည်တစ္ဆေများကို တစ်ကောင်ပြီး တစ်ကောင် ထိုးဖောက်ပစ်လိုက်သည်။ အဘွားရှားနဲ့ တခြားသူများကလည်း ၎င်းတို့၏ ကျန်ရှိနေသေးသော ခွန်အားကို စုဆောင်းပြီး ထိုချော်ရည်သရဲငယ်များကို ဖြိုချပစ်ခဲ့သည်။
တစ်ချိန်တည်းမှာပင် လေအေးများ ဝိုင်းအုံလာကာ မြူခိုးများက ဟိုဘက်ဒီဘက်သို့ တဟုန်ထိုး တိုးဝင်လာသည်။ နီးကပ်လာသောအခါတွင် ၎င်းသည် မြူခိုးများမဟုတ်နေတာ သိလိုက်ရ၏။ ၎င်းတို့က မရေမတွက်နိုင်သော အဖြူရောင်အရိုးစုများ တွဲလျက် လျင်မြန်စွာ တွားသွားနေကြခြင်းသာ။
သူတို့တွေက အများကြီး ဖြစ်နေတာကြောင့် အဝေးက ကြည့်ရင် မြူခိုးတွေ တက်လာသလိုပါပဲ။ သူတို့သည် အလွန်လျင်မြန်စွာ တွားသွားသဖြင့် ဟေးကော်ခမျယ ဦးတည်ချက်ပြောင်းရန် အချိန်မရှိပေ။
"ဗုန်း!"
အရိုးဒီရေသည် ဟေးကော်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားခဲ့သည်။ ဟေးကော် အနီးတစ်ဝိုက်တွင် ပျံ့နှံ့နေသော နတ်ဆိုးမီးသည် အနီးနားရှိ အဖြူရောင်အရိုးစုများကို လောင်ကျွမ်းသွားစေခဲ့သည်။ သို့သော် ၎င်းသည် ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားခြင်းမဟုတ်ပဲ ၎င်းပတ်ဝန်းကျင်ရှိ နတ်ဆိုးမီးမျှသာ ဖြစ်ရာ မရေမတွက်နိုင်သော အဖြူရောင်အရိုးစုများက ကခုန်လျက် လေထဲမှ အပြေးအလွှား သွားနေကြဆဲဖြစ်သည်။
စိတ်လှုပ်ရှားနေသော အရိုးဖြူများကဆို ပါးစပ်များကို လျင်မြန်စွာ အဖွင့်အပိတ် လုပ်နေကြ၏။
ချန်ရှီ နဂါးဓားကို အသက်သွင်းလိုက်သည်။ ဓားအလင်းသည် ရေကူးနေတဲ့ နဂါးတစ်ကောင်လို လင်းလက်ကာ သူတို့ပတ်ပတ်လည်တွင် ဝေ့ဝဲကခုန်သွားသည်။ ဓားအလင်းဖြင့် ထိမှန်သောအခါတွင် အဖြူရောင်အရိုးစုများ ချက်ချင်း ပေါက်ကွဲသွားကြသည်။
ကျူးကဲကျန့်သည်လည်း လေမိုးကြိုးနတ်စည်းတံဆိပ်ဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်။ ရံဖန်ရံခါ သူ့နောက်မှ အကျီခံသေနတ်ကို ဆွဲထုတ်လိုက်ပြီး ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လေထဲတွင် လွင့်ပျံနေသော အဖြူရောင်အရိုးစု ဒါဇင်ပေါင်းများစွာကို အမှုန့်ဖြစ်အောင် ပစ်ခွင်းလိုက်သည်။
သို့သော်လည်း ပန်းကန်လုံး-ပါးစပ်သေနတ်ကို တစ်ကြိမ်သာ အသုံးပြုနိုင်သောကြောင့် စည်ကို သန့်စင်ပြီး ယမ်းမှုန့်ဖြင့် ပြန်ဖြည့်ထားရပါမည်။ ကံမကောင်းချင်တော့ ဤအချိန်တွင် ပြန့်ဖြည့်ရန် အချိန်မရှိပေ။
အရိုးဖြူဒီရေကြောင့် ရေနစ်တော့မှာကို မြင်လိုက်ရတော့ အရေးကြီးတဲ့ အခိုက်အတန့်မှာ ချန်ရှီရဲ့ ဦးခေါင်းနောက်မှာ ဘုံကျောင်းငယ်လေးတစ်ခု ပေါ်လာပြီး ခေါင်းကြီးတဲ့ အမျိုးသမီးတစ်ဦး ပေါ်လာသည်။ ရုတ်တရက် ပတ်၀န်းကျင်ကနေ ပေါက်လာတဲ့ အဖြူရောင်အရိုးတွေနဲ့ ဦးခေါင်းခွံတွေဟာ ကွဲအက်ပြီး အမှုန့်ဖြစ်သွားသည်။
မယ်မယ်ရှစ်ကျီ အလွန်စိတ်လှုပ်ရှားသွားသည်။ ဤအဖြူရောင် အရိုးစုများသည် တခြားသူများအတွက် အလွန်အန္တရာယ် များသော်လည်း သူမအတွက် ၎င်းတို့သည် အကောင်းဆုံး ဆေးများဖြစ်သည်။ သူမသည် အရိုးများထဲမှ ကျောက်သဘာဝကို မသမာစွာ စုပ်ယူပစ်လိုက်၏။
သူမခန္ဓာကိုယ်သည် မူလက သာမန်အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း ဦးခေါင်းသည် အချိုးအစား မမျှသော ထမင်းစားပွဲတစ်ခုကဲ့သို့ ကြီးမားနေခဲ့သည်။ ဤအခိုက်တွင် ထောင်ပေါင်းများစွာသော အဖြူရောင်အရိုးများကို စုပ်ယူပြီးနောက် သူမခန္ဓာကိုယ်က ပြန်လည် ကြီးထွားလာခဲ့သည်။
ရုတ်တရက်ဆိုသလိုပဲ အဖြူရောင် အရိုးစုတစ်စုက ကခုန်ပြီး ဇောက်ထိုး ပျံဆင်းလာသည်။ သူတို့ရဲ့ အရိုးစုလက်မောင်းတွေက တစ်ခုခုကို ဖမ်းဆုပ်ဖို့ ကြိုးစားရင်း ရုန်းကန်ရင်း ကုတ်ဖြဲနေဆဲ။
ယခင်ကဆို အရိုးဖြူဒီရေသည် ချန်ရှီ နှင့် အခြားသူများ၏ အမြင်အာရုံကို ပိတ်ဆို့ခဲ့ပြီး ဟေးကော်ကလည်း ဒီရေကြောင့် ခက်ခက်ခဲခဲသာ ရှေ့ဆက်လှမ်းနိုင်ခဲ့သည်။ ယခုအခါ အရိုးဖြူများက ပျံသန်းနေသဖြင့် သူတို့၏ အမြင်အာရုံသည် ရုတ်တရက် ပိုကျယ်လာသည်။
သူတို့အနားတွင် ဟေးကော်ထက် အဆများစွာ ကြီးမားသော တစ္ဆေနတ်ဘုရားတစ်ပါးသည် ရှည်လျားသော အရိုးကြာပွတ်ကို ဆွဲကိုင်ကာ ကောင်းကင်က ကျုံးခွေ၏ မျက်နှာဆီသို့ လှမ်းရိုက်လိုက်သည်။
"မီးမြေကမ္ဘာ တရားသူကြီး!"
အဘွားရှားက ထိတ်လန့်တကြား အော်လိုက်သည်။
သူမသည် သက်ရှိလောက၌ တရားဥပဒေကို လိုက်နာသူ ဖြစ်သော်ငြားလည်း ဤလောက၌ ကြိမ်ဖန်များစွာ ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သဖြင့် မရဏသရဲနှင့် နတ်ဘုရားများအကြောင်းကို အနည်းငယ် နားလည်လာခဲ့သည်။
ဤတရားသူကြီး နှစ်ဦးမှာ မီးတရားသူကြီးနှင့် မြေတရားသူကြီး ဖြစ်သည်။ သူတို့ဟာ အမြဲတမ်း ခွဲထားလို့မရပါ။ မထင်မှတ်ဘဲ ဤနေရာတွင် တွေ့ဆုံရလိမ့်မည်ဟု ဘယ်သူမှ မမျှော်လင့်ထားခဲ့။
မြေတရားသူကြီးသည် လက်ထဲတွင် အဖြူရောင်အရိုးကြာပွတ်ကို ကိုင်ကာ အဖွားရှားကို တစ်ချက် ငုံ့ကြည့်လာသော်လည်း ရာဇ၀တ်ကောင်အဖွားရှားသည် ရာဇ၀တ်ကောင် ကျုံးခွေလောက် ဆွဲဆောင်မှု မရှိတာ ထင်ရှားပါသည်။
မရဏတရားသူကြီး နှစ်ဦးသည် မရဏဥပဒေဌာန၏ သခင်များ ဖြစ်သည်။ သူတို့သည် ရှည်လျားသော ချော်ရည်မြစ်ကို ကြာပွတ်အဖြစ်နှင့် အရိုး၏ ဒီရေကို ကြာပွတ်အဖြစ် အသုံးပြုနိုင်ကြသည်။ သူတို့က ကျုံးခွေရဲ့လက်တွေကို ပတ်ပြီး သူ့ကို သက်ရှိကမ္ဘာကနေ မြေအောက်ကမ္ဘာထဲကို ဆွဲချချင်ကြသည်။
မီးနှင့်မြေ တရားသူကြီးက ပြင်းပြင်းထန်ထန် ဆွဲချလာသဖြင့် ကျုံးခွေ၏ ခန္ဓာကိုယ်တစ်ဝက်ဟာ အသက်ရှင်သောကမ္ဘာမှ သေမင်း၏ ကမ္ဘာထဲသို့ ဝင်လာခဲ့သည်။ ကျုံးခွေကလည်း ဒေါသတကြီးဟောက်ပြီး ချက်ချင်းဆိုသလို ခွန်အားတွေ ထုတ်ကာ တရားသူကြီးနှစ်ယောက်ကို သူ့ဆီ ပြန်ဆွဲထုတ်လိုက်၏။
တရားသူကြီးနှစ်ယောက် ဟောက်လိုက်သည်နှင့် သူတို့တာဝန်ယူထားသော ငရဲအစိတ်အပိုင်းက ရုတ်တရက် ထွက်ပေါ်လာသည်။ ဟေးကော်က ရူးသွပ်စွာ ရှေ့သို့ ပြေးနေဆဲ။ ချန်ရှီသည်လည်း တရားသူကြီးနှစ်ဦး၏ နောက်သို့ လှည့်ကြည့်ကာ ဆွံ့အသွားခဲ့သည်။
ထိုအဆုံးမရှိသော နေရာသည် ငရဲအလွှာနှစ်ခု၏ ကြောက်မက်ဖွယ် ကောင်းသော မြင်ကွင်းတစ်ခုအဖြစ် ပေါ်ထွက်လာသည်။ မရေမတွက်နိုင်သော သတ္တဝါများ၏ ဝိညာဉ်များသည် ငရဲထဲ၌ နစ်မြုပ်ရုန်းကန်နေကြရသည်။
ငရဲထဲရှိ နတ်တစ္ဆေဘုံ နယ်မြေသည် အပြင်ဘက်အထိ ကျယ်ပြန့်လာပြီး ၎င်း၏ သြဇာလွှမ်းမိုးမှု အတိုင်းအတာသည်လည်း ပို၍ ကြီးမားလာသည်။ ဟေးကော်က အလွန်လျင်မြန်စွာ လည်ပတ်နေသဖြင့် ငရဲအဆင့်နှစ်ဆင့်ပင် လိုက်မမီနိုင်ပေ။
ချန်ရှီ သေသေချာချာ မမြင်နိုင်ခင်မှာပဲ ဟေးကော်က မိုင်ထောင်ချီဝေးပြီး လွတ်မြောက်နေပါပြီ။
ကျုံးခွေသည် မြေတရားသူကြီးကို သူ့ရှေ့သို့ ဆွဲလိုက်ပြီး ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ သူ့ပါးစပ်ထဲ ထည့်ဝါးရန် အဆင်သင့်ဖြစ်နေပြီ။
သူသည် မြေတရားသူကြီးရဲ့ ရှည်လျားသော ကြာပွတ်ကို ခေါက်ဆွဲစားသလို စုပ်ယူပစ်လိုက်သည်။ ထိုအခါ ကြာပွတ်၏ အပိုင်းငယ်သည် တောင်များကဲ့သို့ ထူထပ်သော မြေတရားသူကြီး၏လက်များကို ရစ်ပတ်ထားဆဲ ဖြစ်သည်။ မြေတရားသူကြီးသည် ကျုံးခွေ၏ အပေါ်သွားများကို လက်နှင့် အောက်သွားများကို ခြေထောက်များဖြင့် ထောက်လျက် အစားမခံရအောင် ခုခံရန် ကြိုးစားနေခဲ့သည်။
"သူတို့ အဲ့လောက်တောင် တိုက်ခိုက်နေရတာလား"
ဤအခြေအနေကို မြင်ရသောအခါ လူတိုင်း အနည်းငယ် စိတ်ပျက်သွားကြသည်။
အကွာအဝေး တစ်ခုတွင် မြေကြီးက တုန်ခါနေပြီး ယင်စွမ်းအင်များ လှိမ့်နေသည်။ မြေအောက်ကမ္ဘာမှ သရဲတစ္ဆေများနှင့် နတ်ဘုရားများ ထပ်မံပေါ်ထွက်လာပြီး ကောင်းကင်ယံက ကျုံးခွေပေါ်သို့ ခုန်တက်လာသည်။
ဟေးကော်က တဟုန်ထိုး ပြေးနေသဖြင့် အံ့မခန်းမြင်ကွင်းက ပို၍ပို၍ မှုန်ဝါးလာသည်။
ချန်ရှီ :"ဟေးကော်! မင်း ဒီလောက်အလုပ်လုပ်စရာ မလိုဘူး! အခု အရှိန်လျှော့လို့ရပြီ!"
အသံကြားမှ ဟေးကော် တဖြည်းဖြည်း နှေးကွေးလာပြီး သူ့နောက်ကျောပေါ်မှ လူများက သက်ပြင်းတစ်ချက် ချနိုင်လိုက်သည်။ အဘွားရှား သူမ၏ ဒဏ်ရာများကို ကြည့်ရင်း လျင်မြန်စွာ ငြိမ်သက်သွားပြီး ဒေါသတကြီး ပြုံးလိုက်သည်။
"ဒီတစ်ခါ ငါ ရူးသွားပြီပဲ... ငါတို့ ကူးတို့သားအဖဆီက လှည့်စားခံခဲ့ရတယ်... ငါ့ဒဏ်ရာတွေ ပြန်ကောင်းလာပြီးရင် အကြွေးသွားတောင်းမယ်!"
ဟူရှောင်လျောင် : "ငါတို့ရဲ့ အရင် အနေအထားကို ဘယ်လိုလုပ် ပြန်ရနိုင်မှာလဲ... ဒီဒဏ်ရာတွေကနေ ပြန်ကောင်းလာရင်တောင်မှ ကျုံးခွေကို ယှဉ်လို့မရဘူး..."
အဘွားရှား: "ငါ့ဒဏ်ရာတွေ ပြန်ကောင်းလာရင် ကျုံးခွေကို တိုက်မယ်လို့ မပြောဘူး! အဲ့လှေသားအဖကို ရိုက်နှက်မလို့!"
ကျူးကဲကျန့်က ရုတ်တရက် အသက်ရှုရပ်တော့မယ့် အသံဖြင့် ဆိုလာသည်။
"အကြီးအကဲ ချင်းယန် သေပြီ!"
ချန်ရှီ အံ့အားသင့်သွားပြီး စစ်ဆေးကြည့်ရန် အမြန်ပြေးသွားလိုက်သည်။ ချင်းယန်ဟာ တကယ်ကို တောင့်တင်းနေပြီး ပြင်းထန်တဲ့ သေခြင်းတရားနဲ့ သေဆုံးသွားခဲ့ပါပြီ။
အဘွားရှား: "သူ့ကို စိတ်မပူပါနဲ့ နေပူရင် သူအသက်ပြန်ရှင်လာလိမ့်မယ် သူက သေနေပြီးသား..."
ချန်ရှီ၏ မျက်ရည်များ ချက်ချင်း ရပ်တန့်သွားသည်။
အဘွားရှားက သက်ပြင်းချလျက် :"ဒီဒဏ်ရာကနေ ဘယ်တော့မှ ပြန်ကောင်းလာမလဲ မသိဘူး..."
ဟူရှောင်လျောင်ကလည်း ကျုံးခွေနဲ့ ရင်ဆိုင်ခဲ့ရတာကို ပြန်သတိရပြီး ခေါင်းယမ်းလေသည်။
"ငါသူ့ကိုမတိုက်နိုင်ဘူး... ငါသူ့ကို လုံးဝ မတိုက်နိုင်ဘူး!"
ကျူးကဲကျန့် : "သေနတ်မှုန့်ပမာဏကို တိုးပေးနိုင်ရင် ရမလား... ယမ်းမှုန့်ကို ဆယ်ဆတိုးရင် ကျုံးခွေကို ရိုက်ထုတ်နိုင်မလား မသိဘူး... ဝန်ကြီးဌာနထဲက မှော်ဆရာတချို့က တောင်နီခန်းမကလူတွေ... တချို့ လက်သမားဆရာတွေက လူပန်ဂိုဏ်းက..သူတို့တွေ ပေါင်းလိုက်ရင်း အမြောက် အကြီးကြီးကို လုပ်နိုင်မှာပါ..."
ဟူရှောင်လျောင်က ခေါင်းခါပြီး "ကျုံးခွေရဲ့ တာအိုဘုံက အရမ်းအဆင့်မြင့်တယ် မိုးခြိမ်းသံနဲ့ မီးကို မကြောက်တော့ဘူး ဆေးပမာဏ ဆယ်ဆလောက် သုံးရင်တောင် သူ့အတွက်က အေးဆေးပဲ... ဆယ်ဆကျော်မှ...."
ကျူးကဲကျန့်လည်း အံ့သြသွားသည်။ ကောင်းကင်ဘုံ ဘေးဆိုးအဆင့် ယမ်းမှုန့်ဆယ်ဆလား?
ထိုအချိန်တွင် ကြီးမားသော သံတိုင်ကြီးတစ်တိုင် ပေါ်ထွက်လာသည်။
ဤသံတိုင်သည် လုံးဝအနက်ရောင်ဖြစ်ပြီး ကမ္ဘာနှစ်ခုကို ထိုးဖောက်သွားသကဲ့သို့ ကောင်းကင်မှ ငိုက်စိုက်ကျလာသည်။ စကားလုံးများ သို့မဟုတ် အဆောင်စာလုံး များကဲ့သို့ ထူးဆန်းပြီး ရှေးဟောင်းပုံစံများစွာဖြင့် ထွင်းထုထားသည်။ ချန်ရှီသည် အမျိုးမျိုးသော အဆောင်စာလုံးကို ကျွမ်းကျင်သော်လည်း တိုင်ပေါ်ရှိ စာသားကိုမူ မသိနေခဲ့။
"ငါတို့ အခု ရှီးကျင်းနဲ့ နီးနေပြီ"
အဖွားရှားသည် ယင်းယန်ကမ္ဘာများ၏ ပထဝီဝင်မြေပုံကို နှိုင်းယှဉ်ကာ စိတ်ရှုပ်ထွေးစွာ မေးသည်။
"ရှီးကျင်းနားမှာ ဘာအနက်ရောင် သံတိုင်တစ်ခုမှ မရှိပါဘူး... အကြွင်းအကျန် ရှိလို့လား"
အကြွင်းအကျန်များသည် ဘုရင်ကျန်းခေတ်မတိုင်မီ အနောက်နွားရှင်းကျိုးရှိ ယဉ်ကျေးမှုမှ ကျန်ရစ်ခဲ့သော မယုံကြည်နိုင်လောက်သော ဘီလူးကြီးများအတွက် ယေဘူယျလက်နက် ဖြစ်သည်။
ဤအရာများသည် ကြီးမားပြီး ထာဝရတည်မြဲနေကာ ကောင်းကင်နှင့်မြေကြီး၏ အကြားတွင် ဖြန့်ကျက်ထားသည်။ နားမလည်နိုင်စရာ ကောင်းလောက်အောင် ဆန်းကြယ်သဖြင့် ၎င်းတို့ရဲ့ ရည်ရွယ်ချက်ကို ဘယ်သူမှ မသိနိုင်ပေ။
မမျှော်လင့်ဘဲ မြေအောက်ကမ္ဘာမှာ အကြွင်းအကျန်တွေ ပေါ်လာ၏။ အနက်ရောင်သံတိုင်ကို လှည့်ပတ်ပြီး နောက်ဆုံးခေတ်ရဲ့ လေထုကိုတောင် ခံစားလိုက်ရသည်။
ချန်ရှီ သံတိုင်ကို ကြည့်ပြီး "သက်ရှိလောကကို ပြန်သွားပြီး သက်ရှိလောကထဲမှာ ဒီလိုအရာရှိမရှိ သိဖို့ ဒီနေရာကို ရှာကြည့်ရမယ်" လို့ တွေးလိုက်သည်။
ထိုအချိန်တွင် တောက်ပသော အရိပ်များက သူတို့၏ မျက်လုံးထဲသို့ ရောက်လာသည်။ ဤအခိုးအငွေ့များသည် မြေအောက်ကမ္ဘာတွင် ရုတ်တရက် ပေါ်လာခြင်း ဖြစ်ကာ ၎င်းတို့သည် သေးငယ်သော အလင်းရောင်ဖြင့် စုဝေးလာလေ၏။
အလင်းစုလေး တစ်ခုစီ၏ အပြင်ဘက်တွင် ထီးဆောင်းခြင်းထားသလို ၎င်းတို့အတွက် အလွန်အရေးကြီးသည့် အရာကို စောင့်ကြပ်နေသော သရဲတစ္ဆေ ထောင်ပေါင်းများစွာလည်း ရှိသည်။
အဆိုပါ အရာများအပြင် မသေမျိုး နန်းတော်များကဲ့သို့ ကြီးမားသော ဘုံဗိမာန်များက ဇောက်ထိုးအနေအထားဖြင့် ကောင်းကင်တွင် ရပ်တန့်နေပါသည်။
ကောင်းကင်မှာ ထိုင်နေတဲ့ နတ်ဘုရားတွေလည်း ရှိသေးသည်။ ကြီးမားတဲ့ ခန္ဓာကိုယ်တွေနဲ့ သူတို့ရဲ့ ဦးခေါင်းနောက်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အရိပ်တွေ ရှိနေသည်။ ၎င်းတို့က ခဏခဏ မျက်လုံးဖွင့်ပြီး အောက်ကို ငုံ့ကြည့်နေ၏။
"ဒါက ရှီးကျင်းမြို့!!"
ချန်ရှီနဲ့ ကျူးကဲကျန့်တို့ကတော့ ပဟေဠိဖြစ်နေခဲ့ကြသည်။ အဘွားရှားက မြင်နေပါပြီ။
အဘွားရှား :"ဒီမှော်လက်နက်က ရှီးကျင်းရဲ့ကံကို နှိမ်နှင်းနိုင်တဲ့ ရတနာတစ်ခုပဲ.. နန်းတော်ကိုးခုထဲမှာ တန်ခိုးအကြီးဆုံး ဝမ်ဟွာ၊ ဝူယင်း၊ ဟွာကိုက်၊ ဝမ်ယွမ်း၊ တုံးကဲ၊ ကျန့်ယိ၊ ကျုံးကျီ၊ ကျင်ရှန်းနဲ့ ကျန့်ကျီ နန်းတော်ကိုးခုက ဘုရင်မင်းမြတ်ခေတ်က ကြွင်းကျန်ခဲ့တဲ့ ရတနာတွေ... ဘေးဥပဒ်နဲ့ ဘေးဆိုးတွေဆို နှိမ်နင်းနိုင်တယ်!"
ချန်ရှီ ထိုနန်းတော်များကို ကြည့်လိုက်သည်။ သက်ရှိကမ္ဘာမှ ဤဘုံဗိမာန်များသည် ဘယ်လောက်တောင် တန်ခိုးကြီးလိုက်မလဲ ပြောပြဖို့က မဖြစ်နိုင်ပေ။ မရဏကမ္ဘာကို ရောက်သွားမှ ရှီကျင်းရဲ့နောက်ခံဟာ ဘယ်လောက် ကြောက်စရာ ကောင်းသလဲဆိုတာ သိလာရသည်။
"ဒါဆို ဒီနတ်ဘုရားတွေက ဘယ်သူတွေလဲ?"
"အနတ္တလေဟာပြင်ဘုံက နတ်ဝိညာဥ်တွေ...သူတို့က အနတ္တပြန်ခြင်းဘုံနဲ့ လေဟာပြင်ဘုံက တန်ခိုးရှင် နတ်ဝိညာဥ်တွေ...အဲဒီနတ်ဝိညာဥ်တွေက ယင်းယန်ကမ္ဘာတွေကို ထိုးဖောက် ဝင်ရောက်နိုင်တယ်... သူတို့ရဲ့ ခြေရာတွေကို မြေအောက်ကမ္ဘာမှာ မြင်နိုင်တယ်။ သူတို့ကလည်း မင်းကို မြင်နိုင်တယ်။ သူတို့ရဲ့ ဦးခေါင်းနောက်ကွယ်က ထီးဆောင်းတာက မြေအောက်ကမ္ဘာကြီးရဲ့ အနတ္တလေဟာပြင်ဘုံ ထင်ရှားတဲ့ အရိပ်ပဲ"
ချန်ရှီသည် အလွန်အစွမ်းထက်သော ဤနတ်ဘုရားများကို ကြည့်ပြီး ထိတ်လန့်သွားသည်။
ရှီးကျင်းမှာ သန်မာတဲ့သူတွေ အများကြီး ရှိတာပဲ။
အနတ္တပြန်ခြင်းဘုံ ၅၆က မဟာယာနနယ်ပယ်ရဲ့ တည်ရှိမှုလောက် ရှိသည်။
"ဒီအလင်း အစုအဝေးတွေကရော?"
"ထီးဆောင်းထားသလို အလင်းမှုန်တွေက လူဝင်စားလမ်းကြောင်းခြောက်သွယ်... လူဝင်စားခြင်း လမ်းကြောင်းခြောက်သွယ်က သခင်တွေက လူတင်မကဘူး တိရစ္ဆာန်တွေဆီမှာပါ သန္ဓေတည်လို့ရတယ်..."
အဘွားရှားသည် အသက်ရှုကြပ်မတတ် နာကျင်မှုကို ထိန်းကာ။
"သူတို့အတွက် ကိုယ်ဝန်ရှိလို့ မွေးဖွားတော့မယ်ဆိုရင် သူတို့ရဲ့ သားအိမ်က မရဏပြည်မှာ လူဝင်စားခြင်း လမ်းခြောက်သွယ်ရဲ့ အလင်းမှုန် ထီးဆောင်းတဲ့ နိမိတ်ကို ပြလိမ့်မယ်... အလင်းမှုန်ရဲ့ အလယ်မှာက မူကသန္ဓေ... ခရမ်းရောင် မြစ်အချင်း ရှိမယ်.... ချီစွမ်းအင် ပါမယ်"
ချန်ရှီသည် လူဝင်စားခြင်း၏ လမ်းကြောင်းခြောက်သွယ် ကို ကြည့်လိုက်ရာ ဇာတိ ချီစွမ်းအင် ပါ၀င်သော လူဝင်စားခြင်းတွင် အချင်းတစ်ခုကို အမှန်ပင် တွေ့လိုက်ရသည်။
"လူဝင်စားလမ်းကြောင်းခြောက်သွယ်ကို သရဲတစ္ဆေတွေနဲ့ နတ်တွေက ဝေးဝေးကမှ နေရမယ်.... မင်းအနားကပ်သွားရင် မင်းကို စုပ်ပြီး လူဝင်စားပစ်နိုင်တယ်"
အဘွားရှားက ရှင်းပြသည်။
"အခြေတည်ဝိညာဥ်ကို မွေးမြူထားတဲ့ မင်းလိုလူတွေက ကိုယ်ဝန်ရှိခါနီး လူတွေ တိရိစ္ဆာန်တွေကို ရှောင်ရမယ်.... သံသရာထဲကို ဝင်ရလွယ်လို့ မထွက်ရဘူး... မင်းအပြင်ကို အတင်းထွက်သွားရင် ကိုယ်ဝန်ဆောင် မိန်းမရော သန္ဓေသားပါ သေလိမ့်မယ်... မင်းလည်း ရုန်းမထွက်နိုင်ဘဲ သေသွားရတတ်တယ်..."
သူမက ပြုံးပြီး ဆက်ပြောလေသည်။
"အဲဒီသရဲတစ္ဆေတွေကို ကြည့်လိုက်... သူတို့က လူဝင်စားလမ်းခြောက်သွယ်ကို စောင့်ကြပ်နေတာ... ပြောရရင် လူဝင်စားလမ်းခြောက်သွယ်နဲ့ သူတို့က ပထမဆုံး လူဝင်စားဖြစ်ဖို့အတွက် စောင့်ဆိုင်းနေတာပေါ့... ဒါက ရှီးကျင်းလေ.. ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက ချမ်းသာကြတယ် မြင့်မြတ်ကြတယ်.... အဲဒါကြောင့် လူဝင်စားလမ်းခြောက်သွယ်မှာ သရဲတစ္ဆေတွေနဲ့ ပြည့်ကျပ်နေတာ... နေရာတစ်ခုအတွက် အများကြီး တိုက်ပွဲဝင်ကြတယ်..."
"ရှီးကျင်းမှာ မြင့်မြတ်တဲ့ မိန်းမတွေ အများကြီးရှိရုံမက ခွေးတွေ၊ ကြောင်တွေကိုလည်း စောင့်ရှောက်ထားသေးတယ်... ပိုင်ရှင်က လူလား၊ ကြောင်၊ ခွေးလား တိရစ္ဆာန်လားဆိုတာ ပြောလို့မရဘူး မကြာခဏဆိုသလို တစ္ဆေတော်တော်များများက လူဝင်စားဖို့အတွက် သူတို့ရဲ့ ဦးခေါင်းကို ဖောက်ခွဲခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ လူဝင်စားတာကို တိရစ္ဆာန်ဖြစ်သွားကြတယ်... ဒါက ကံတရားပေါ်မှာပဲ မူတည်နေသေးတယ်..."
ချန်ရှီသည် ဤအကြောင်းကို တစ်စွန်းတစ်စ သိထားသော်လည်း များများစားစား မဟုတ်ပေ။
”ကျင့်ကြံသူက မသေခင် လူဝင်စားလမ်းခြောက်သွယ်နဲ့ ပြန်လည်မွေးဖွားနိုင်တာလား”
အဘွားရှား: "ဟုတ်တယ် ဒါပေမဲ့ သိပ်မကြာဘူး"
ချန်ရှီ အံ့သြသွားသည်။
"မင်းရဲ့ ကျင့်ကြံမှုက ဘယ်လောက်ပဲ မြင့်နေပါစေ ဝမ်းထဲရောက်တာနဲ့ မင်းမှာ ဆန်းကြယ်မှုတစ်ခု ရှိလိမ့်မယ်။ ပါးစပ်ဖွင့်လိုက်တဲ့အခါ မင်းရဲ့ နောက်ဆုံးထွက်သက်က ပျောက်ကွယ်သွားပြီး အတိတ်ဘဝက မင်းရဲ့မှတ်ဉာဏ်တွေ တဖြည်းဖြည်း မှုန်ဝါးပျောက်ကွယ်သွားလိမ့်မယ်... ပါးစပ်ကို ပိတ်လိုက်ရင်တော့ ပထမဘဝဆို အတိတ်ဘဝရဲ့ မှတ်ဉာဏ်ကို သိမ်းဆည်းထားနိုင်သေးတယ် ဒါပေမယ့် မင်းဘဝရဲ့ တတိယဘဝက ပထမဘဝက မှတ်ဉာဏ်တွေတော့ ပျောက်ကွယ်သွားလိမ့်မယ်... အားလည်း နည်းသွားနိုင်တယ်..."
"သုံးကြိမ်တိုင်တိုင် လူဝင်စားပြီးရင်တော့ မဟာယာနအဆင့်က လူတွေအတွက်တောင် ပထမဘဝရဲ့ မှတ်ဉာဏ်က လုံးဝ ကွယ်ပျောက်ပြီပဲ... အဲဒီအချိန်မှာ မင်းရဲ့ မှတ်ဉာဏ်တွေ ပျောက်ကွယ်သွားတော့မယ်... မင်းက တခြားမင်းရဲ့ အမှတ်တရတွေကို ထပ်ပေါင်းလိုက်ပြီပေါ့ မင်းမှာ မင်းရှိသေးလား စဥ်းစားရမယ်"
ချန်ရှီ လေးလေးနက်နက် အတွေးထဲသို့ ဝင်ရောက်သွားခဲ့သည်။
"ငါ့ရဲ့ကျင့်ကြံမှု အဆင့်က အရင်တုန်းက ရပ်တန့်နေတော့ ဘဝသုံးပါးကျောက်ကို ရှာဖွေပြီး ဘဝသုံးခုရဲ့ အမှတ်ရစရာတွေကို နိုးထဖို့ စိတ်ကူးထားတယ်... ဒါကြောင့် အရင်ဘဝသုံးဘဝက လေ့ကျင့်မှုတွေကို ပြန်ရယူပြီး နယ်ပယ်ကို ဖြတ်ကျော်နိုင်အောင် စိတ်ကူးထားတာ.."
သူမ မျက်နှာက မှုန်ကုပ်ကုပ်နဲ့ စကား ဆက်မပြောတော့ပေ။ ဟေးကော်က သူတို့ကို ဤနေရာမှ သယ်ဆောင်သွားကာ နှေးနှေးလေး သွားနေသော်လည်း တကယ်တော့ အလွန်မြန်နေသေးသည်။
ချန်ရှီသည် အရွယ်အစား အမျိုးမျိုးရှိသော လူဝင်စား လမ်းကြောင်းခြောက်ခုကို ရုတ်တရက် တွေ့လိုက်ရသည်။ တိတ်ဆိတ်မှုကို ချိုးဖျက်ပြီး အဘွားရှားအား ဝမ်းနည်းမှုနဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်းကနေ ထွက်လာအောင် ကူညီပေးဖို့ သူက ပြုံးပြလိုက်သည်။
"အစ်မရှား... အခု ဘာတွေဖြစ်နေတာလဲ မြင်ရလား"
အဘွားရှားသည် မြေအောက်ကမ္ဘာထဲတွင် ပိတ်မိနေသော သူမ၏သား ရှန့်ထျန်းယွီ အကြောင်း တွေးနေသေးသည်။ ထိုလူဝင်စား လမ်းခြောက်သွယ်ကို ကြည့်ပြီး ဆိုလိုက်သည်။
“ဒါတွေက ကိုယ်ဝန်ဆောင်မိန်းမတွေ ဒါမှမဟုတ် ကိုယ်ဝန်ဆောင် တိရစ္ဆာန်တွေပဲ ဖြစ်ရမယ် ... လူတွေ စုဝေးနေကြတယ်ဆိုတော့ တစ်ယောက်ယောက်က မကောင်းတဲ့ အကြံရှိလို့ ကိုယ်ဝန်ဆောင် အမျိုးသမီး ဒါမှမဟုတ် တိရစ္ဆာန်တွေကို သုံးဖို့ ကြံစည်နေတာ...”
ချန်ရှီက ပြုံးပြီး :"အခြေတည် ဝိညာဉ်အဆင့်က ရန်သူနဲ့ ဆက်ဆံချင်တုန်းက တခြားသူတွေကို လုပ်ကြံဖို့ ကျနော် ဒီနည်းလမ်းကိုပဲ သုံးခဲ့ဖူးတယ်"
အဘွားရှားက သက်ရှိကမ္ဘာရဲ့ ပထဝီဝင်အနေအထားကို နှိုင်းယှဉ်ပြီး ပြောလာသည်။
"သူတို့က ကျုံးခွေနဲ့ သိပ်မဝေးတဲ့ ရှီးကျင်းမြို့အပြင်ဘက်မှာ တခြားသူတွေကို ချုံခိုတိုက်ခိုက်နေတာ..."
ချန်ရှီ၏နှလုံးက အနည်းငယ် လှုပ်ရှားသွားကာ သူ ပို၍ သိချင်လာသည်။ ကွမ်ကျီးသိုလှောင်ရုံက သေနတ်များဖြင့် ပြည့်နေသည်။ သာမန်လူတွေက အန္တရာယ်ကို ကြောက်ပြီး ထိုနေရာကို မသွားရဲကြ။ ဒါကို အဲဒီနေရာမှာ ဘယ်သူက တခြားသူတွေကို ချောင်းမြောင်း တိုက်ခိုက်ရဲတာလဲ။
အဘွားရှားက ဟေးကော်ကို လမ်းညွှန်ပြပြီး တောင်မြင့်ခရိုင်ဆီသို့ ထွက်ခွာသွားခိုင်းခဲ့သည်။ ကျုံးခွေ သူတို့နဲ့ ဝေးကွာလာတာ မြင်သောအခါ ချန်ရှီလည်း တဖြည်းဖြည်း စိတ်အေးသွားသည်။
"အဖွားရှားနဲ့ တခြားသူတွေက ဒဏ်ရာရသွားပြီ... ကျုံးခွေကို ထပ်ဖမ်းလို့ မရတော့ဘူး ဒါဆို ကျုံးခွေကို ဖမ်းဖို့ ဘယ်သူ့ကို သွာရှာရမလဲ"
ရုတ်တရက်ပင် သူ့စိတ်ထဲတွင် အရိပ်တစ်ခု ပေါ်လာခဲ့သည်။
"ငါ့မှာ ကျုံးခွေကို ဖြေရှင်းဖို့ နည်းလမ်းရှိတယ်!"