← Chapters

သားကို မဆုံးမရင် သူ့အဖေရဲ့ အပြစ်

Vol. 19 Ch. 276

သားကို မဆုံးမရင် သူ့အဖေရဲ့ အပြစ်

Vol. 19 Ch. 276

လွတ်မြောက်ရန် လမ်းမရှိတာ မြင်လိုက်ရသဖြင့် လှေသမားနှင့် သူ့သမီးတို့လည်း တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ရုတ်တရက် ခြေဖျားထောက်ကာ ပြင်းပြင်းထန်ထန် ​ဆောင့်နင်းလိုက်ကြသည်။ ကမ္ဘာကြီးက ဇောက်ထိုးဖြစ်သွားကာ ချွီရှန်းမြစ်ကလည်း ဇောက်ထိုးကျသွားရာ အပျော်စီးလှေက မရဏကမ္ဘာမှာ ပေါ်လာခဲ့သည်။

အမြင့်ပေရာနှင့်ချီ မြင့်သော မြင်းခေါင်းများပါသော တစ္ဆေနတ်ဘုရား နှစ်ပါးဖြစ်သည့် ၎င်းတို့၏ ခန္ဓာကိုယ်ပုံစံ အစစ်အမှန်ကို ဖခင်နှင့်သမီးတို့က ထုတ်ဖော် ပြသလာခဲ့ကြသည်။

လှေသမားသည် ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက်ထားသည့် လှံနှင့်တူသော ဝါးတိုင်တစ်ချောင်းကို လက်ထဲတွင် ကိုင်ထားခဲ့သည်။

"ကျုံးခွေ... တခြားသူတွေ မင်းကို ကြောက်ပေမယ့် ငါတို့သားအဖက မကြောက်ဘူး!"

သူတို့ အခု ရှီးကျင်းမြို့ထဲမှာ ရှိနေဆဲပါပဲ။ လှေသမားနဲ့ သူ့သမီးက သူတို့ကို မြေအောက်ကမ္ဘာထဲကို ဆွဲချပစ်ခဲ့ရာ ရုတ်တရက် ကောင်းကင်တွင် ထိုင်နေသော အလွန်ကြီးမားသော နတ်ဘုရားများ ပေါ်ထွက်လာ​တော့​သည်။

ယင်းသည် မဟာယာနနယ်ပယ်၏ နတ်ဝိညာဥ် ဖြစ်ကာ အလွန်အစွမ်း ထက်မြက်သဖြင့် သရဲတစ္ဆေများနှင့် တစ္ဆေ နတ်ဘုရားများပင် ယင်းအနားကို မချဉ်းကပ်နိုင်ပေ။

သူတို့၏ မျက်လုံးများသည် ယင်းယန်ကမ္ဘာနှစ်ခုကို ဖြတ်ကျော် ဝင်ရောက်လာခဲ့စဥ် အရာအားလုံးက သူတို့၏ မျက်လုံးများထဲတွင် ကွက်ကွက်ကွင်းကွင်း ဖြစ်နေခဲ့သည်။

ရှီးကျင်းရှိ မရဏကမ္ဘာသည် သက်ရှိကမ္ဘာထက် အဆပေါင်း ထောင်ပေါင်းများစွာ ကျယ်သည်။ ဤဝိညာဉ်များသည် တစ်ဖက်မှ တခြားတစ်ဖက်ကို အုပ်စုသုံးခု သို့မဟုတ် နှစ်ခုဖြင့် ပြန့်ကျဲနေသည်။

သူတို့သည် ဤနေရာက လှုပ်ရှားမှုကြောင့် ဆွဲဆောင်ခံလိုက်ရပြီး အံ့အားသင့်သွားသည့် အကြည့်များအား ရွှေ့လာလေသည်။

"တစ္ဆေနတ်ဘုရားသုံးပါး... မဟုတ်ဘူး လေးပါး!"

"ပြီးတော့ ချန်ရှီလည်း သူတို့ထဲမှာ ပါတယ်..."

ကျုံးခွေ ဘာမှ မလှုပ်ရှားသေးပါ။ သူတို့နောက်ကွယ်မှ ချီသံသည် တိမ်များနှင့် မြူခိုးများကြားတွင် တည်ရှိနေသည့် ပေတစ်ထောင်ခန့်မြင့်သော သံတောင်ကြီးကဲ့သို့ ကြီးမားသော နွားခေါင်းမရဏတမန်၏ ပုံစံအမှန်ကို ထုတ်ဖော်ပြသခဲ့ပြီ ဖြစ်သည်။ လှေသမားကို ရိုက်ချလိုက်သဖြင့် လှေသမားသည် လှည့်၍ဟောက်ကာ လှံကို ထုတ်သုံးလေ၏။

လှံသည် လှည့်ပတ်နေပြီး သရဲတစ္ဆေများ အော်သံနှင့် တစ္ဆေနတ်ဘုရားများ အူသံကဲ့သို့ ထူးဆန်းသော အသံတစ်သံ ထွက်ပေါ်နေသဖြင့် အလွန်တုန်လှုပ် ခြောက်ခြားသွား​စေသည်။

လှေသမားသည် သန်မာစွာ လျှောက်လှမ်းလာခဲ့သည်။ သူ့ကြွက်သားများ ခုန်ကာ အက်ကွဲနေကာ သူ၏ ကာယကြံ့ခိုင်မှုကို လွန်ကဲစွာ တိုးလာစေသည်။ သူသည် သရဲနှင့်နတ်တို့၏ ကိုယ်ကို မွေးမြူထားသော မရဏကမ္ဘာမှ သတ္တဝါဖြစ်သည်။ ထို့ကြောင့် သူသည် တစ္ဆေတမန် ဖြစ်လာပြီး မရဏကမ္ဘာတွင် ရာထူး​မြင့်​မြင့်ကို ပိုင်ဆိုင်ထားခဲ့သည်။

ဒီအရည်အချင်းက လွယ်လွယ်နဲ့ ရခဲ့တာတော့ မဟုတ်ပါ။ သူ၏ ထူးကဲသော အရည်အချင်းကို အားကိုးပြီး ရခဲ့သော ကြိုးစားအားထုတ်မှု၏ ရလဒ်တစ်ခုလည်း ဖြစ်သည်။

သူသည် အနတ္တပြန်ခြင်းဘုံ နှင့် မဟာယာနဘုံသို့ ရောက်ရှိနေသူအချို့ အပါအဝင် သက်ရှိလောကတွင် လှည့်ပတ်နေသော တန်ခိုးကြီးသော ပုဂ္ဂိုလ်များစွာကို ဖမ်းယူထားသည်။ သက်တမ်းစေ့နေချိန်မှာတောင် မသေဖို့ ငြင်းဆန်ကြပြီး အသက်ကို ကယ်တင်ဖို့ နည်းမျိုးစုံသုံးကာ ထောင်ချောက်မျိုးစုံကို ထူထောင်ကာ အသက်ပြန်သွင်းလာတဲ့ သရဲတစ္ဆေတွေကို သတ်​ပေးဖို့ ကြိုးစားနေတဲ့ လူတချို့လည်း သူ တွေ့ဖူးသည်။

သူက ဤတိုက်ပွဲကြားတွင် ကြီးပြင်းလာခဲ့သူပင်။ သူ၏ ကျွမ်းကျင်မှုသည် မည်သည့်တရားသူကြီး သို့မဟုတ် တစ္ဆေတပ်မှူးထက် မနိမ့်ကျကြောင်း သူ့ဘာသာ ယုံကြည်ခဲ့သည်။ သို့သော် မရဏပြည်သားဖြစ်သဖြင့် မရဏကမ္ဘာ ပြန်ရောက်တော့ တစ္ဆေတမန်အဆင့်သို့ ရောက်သွားခဲ့သည်။

လှံကို ပစ်လိုက်သောအခါ လှံထိပ်ဖျားသည် ပန်းပွင့်အစုအဝေးကဲ့သို့ မျက်လုံးများ မှိတ်တက်သွားသည်။

"တန်ခိုးကြီးတဲ့ တစ္ဆေ နတ်ဘုရားပဲ!"

ကောင်းကင်ယံက မဟာယာန ဝိညာဥ်တစ်ပါးက အော်ပြောလိုက်သည်။

တစ္ဆေနတ်ဘုရားများ၏ အလောင်းများနှင့် ဝိညာဉ်များ အရည်ပျော်သွား​စေနိုင်သည်။ ဤလှံကို လှုပ်ရှားသောအခါ တိုက်ကွက်က ပြီးပြည့်စုံသွားသည်ဟုပင် ခံစားရသည်။

နွားခေါင်းမရဏတမန်က လက်ဖဝါးတစ်ဖက်ဖြင့် ရိုက်လိုက်ရာ လှံသည် ဝုန်းကနဲအသံနှင့်အတူ ပေါက်ကွဲသွားခဲ့သည်။ တခဏချင်းမှာပဲ လှေသမားရဲ့ လက်တွေဟာ သွေးတွေနဲ့ ဖုံးလွှမ်းသွား၏။ လှံကို အစိတ်စိတ် အမြွှာမြွှာ ကွဲကြေ​စေရုံသာမက သူ့တစ္ဆေခန္ဓာကိုယ်လည်း ကျိုးသွားခဲ့သည်။

အလွန်အစွမ်းထက်သော အင်အားသည် ဖြိုချလာတဲ့အခါ လှေသမားလည်း လက်ကို မြှောက်ထားလိုက်၏။ မိုင်ရာချီရှည်လျားတဲ့ လျှိုကြီးတစ်ခု သူ့ခြေရင်းအောက် မြေပြင်မှ ပေါ်လာသည်။ ပေါင်ကြွက်သားများ ပြင်းထန်စွာ ဆန့်ထွက်ကာ အရေပြားများ ပေါက်ကွဲထွက်ကုန်သည်။ ခန္ဓာကိုယ်ထဲရှိ သွေးများက ပွက်ပွက်ဆူလာတဲ့အခါ အရေပြားပေါ်ရှိ ချွေးပေါက်များမှ လျှံထွက်ကာ မီးစတွေလို ပူလောင်လာသည်။

သူ့ခြေထောက်တွေက တုန်နေပါပြီ။ ထို့နောက် သည်းမခံနိုင်တော့ဘဲ ဒူးထောက်လျက်သား လဲကျသွားတော့သည်။ ရှီးကျင်းက ဤမြင်ကွင်းကို မြင်သောအခါ မဟာယာန နတ်ဝိညာဉ်များစွာလည်း တုန်လှုပ်သွားကုန်၏။

လှေသမားသည် မြင်းခေါင်းပါသော တစ္ဆေနတ်ဘုရားဖြစ်ပြီး အလွန်အစွမ်းထက်သည်။ သူသည် သက်ရှိလောကတွင် ၎င်းတို့လောက် အစွမ်းထက်မည် မဟုတ်သော်လည်း မြေအောက်ကမ္ဘာတွင်မူ တစ္ဆေနတ်ဘုရားများ၏ စွမ်းအားများ တဟုန်ထိုးတက်လာကာ မရဏကမ္ဘာရှိ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို ချေးငှားနိုင်သည်။

သူတို့တောင် နည်းနည်း ကြောက်ရသူပင်။

သို့သော် နွားဦးခေါင်းရှိသော သားရဲရှေ့တွင် သူသည် တစ်ချက်မျှ မလှုပ်ရှားနိုင်ဘဲ ရှုံးနိမ့်သွားခဲ့သည်။ ဒီလို ခွန်အားမျိုးက အံ့သြဖွယ် ကောင်းလှသည်။

ထိုအချိန်တွင် မဟာယာနဝိညာဉ်သည် အနီရောင်ဝတ်ထားသည့် ကျုံးခွေအနားက ချန်ရှီကို ကြည့်လိုက်သည်။

"ဒါ သူပဲ!"

"မနေ့ညက မြေအောက်ကမ္ဘာမှာ မီးတရားသူကြီးနဲ့ တိုက်ပွဲဝင်ခဲ့တဲ့ သားရဲ!"

သူတို့ အသီးသီးက သူတို့ရဲ့ အစစ်အမှန် အရောင်တွေကို ပြသထားကြသည်။ မနေ့ညက မီးတရားသူကြီးနဲ့ မြေတရားသူကြီးတို့ ပူးပေါင်းပြီး ကျုံးခွေကို မြေအောက်ကမ္ဘာမှာ သတ်ဖြတ်ခဲ့ကြသည်။ ကျုံး​ခွေသည် သူ၏ အပေါ်ပိုင်းကို မြေအောက်ကမ္ဘာတွင်သာ ပြသခဲ့သော်လည်း တရားသူကြီးနှစ်ဦးကို သတ်နိုင်ခဲ့သည်။ မြေတရားသူကြီးတောင် ကျုံးခွေဆီက အစားခံလုနီးပါး ဖြစ်ခဲ့သည်။

ကံကောင်းထောက်မစွာ ရာနှင့်ချီသော သရဲတစ္ဆေများနှင့် မရဏအရာရှိများက ထိုသတင်းကို ကြားသိရပြီးနောက် ကျုံးခွေကို သတ်ရန် ရောက်လာခဲ့သည်။ ထိုတိုက်ပွဲကြောင့် မြေအောက်ကမ္ဘာ ပြိုကျကာ ရှီးကျင်းကို ထိခိုက်လုနီးပါး ဖြစ်ခဲ့ရသည်။

မဟာယာနနယ်ပယ်နှင့် ရှီးကျင်းတွင် တပ်စွဲထားသော အနတ္တပြန်ခြင်းဘုံက လူတွေဟာ ၎င်းတို့အား နှိမ်နင်းရန်အတွက် ဘုရင်ကျန်း၏ နန်းတော်ကိုးခုဖြင့် အင်အားကြီးမားသော တိုက်ခိုက်မှုများ အားလုံးကို ပိတ်ဆို့ထားခဲ့ရသည်။

ချန်ရှီနှင့် အခြားသူများ လွတ်မြောက်ရန် ကြိုးပမ်းနေသောကြောင့် ထိုမြင်ကွင်းကို မမြင်ခဲ့ရသော်လည်း ရှီးကျင်းရှိ သန်မာသော အမျိုးသားများကတော့ ယင်းကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။

ဤတ​စ္ဆေနတ်ဘုရားသည် အနီရောင်အဝတ်အစား၊ သံမျက်နှာနှင့် မုတ်ဆိတ်မွေးတွန့်သည်။ သူသည် သရဲနှင့် နတ်ဆိုးများစွာကို သတ်ဖြတ် စားသောက်နိုင်ဆဲ ဖြစ်ကြောင်း သူတို့တွေ့လိုက်ရသည်။

ဒီတိုက်ပွဲက ပရိသတ်တွေကိုတောင် အနည်းငယ် ထိတ်လန့်စေခဲ့ပါ၏။

နောက်ပိုင်းတွင် သရဲနှင့် တစ္ဆေနတ်ဘုရား အရေအတွက် တိုးလာသည်။ အားကောင်းသည့် သရဲတစ္ဆေများနှင့် နတ်ဘုရားများ အဝေးမှ ဆင်းသက်လာသောကြောင့် အနီရောင် ၀တ်ထားသော ကျုံးခွေလည်း ဆုတ်ခွာပြီး သက်ရှိလောကသို့ ပြန်သွားခဲ့ရသည်။

"သူ ဘာလို့ ချန်ရှီနဲ့ ရပ်နေတာလဲ"

​ကြည့်​နေ​သော ဝိညာဉ်များ အလွန်တုန်လှုပ်သွားခဲ့သည်။

"ချန်ရှီက ဖန်တီးခံရှောင်ဝူ အပြင် နောက်ထပ် ကျောထောက်နောက်ခံ ရှိသေးတာလား?"

ထိုအခိုက်တွင် လှေသမလေးမှ ဒူးထောက်ကာ ချန်ရှီထံ ဦးညွှတ်လိုက်သည်။

"အဖေနဲ့ငါ.... ငါတို့မှားမှန်း သိပါပြီ... မင်းအမေရဲ့ ဝိညာဉ်ကို ငါတို့ လိုက်ရှာ​ပေးပါ့မယ်!"

ဤမြင်ကွင်းသည် ထိုမဟာယာန နတ်ဝိညာဉ်များကို ထိတ်လန့်သွားစေကာ ၎င်းတို့ အမြင်များ မှားနေသလား အားလုံး သံသယဖြစ်လာခဲ့ကြသည်။

"မရဏကမ္ဘာမှာ ချန်ရှီရဲ့ကျောထောက် နောက်ခံက အစွမ်းထက်လွန်းတယ်... သူက မရဏအရာရှိတွေကိုတောင် သူရှေ့မှာ ဒူးထောက်ခိုင်းပစ်တာပဲ!"

ကျုံးခွေက ချန်ရှီကို ကြည့်လိုက်သည်။ ချန်ရှီက အနည်းငယ် ခေါင်းညိတ်ပြလေမှ ဆေးခြယ်ထားသော လှေက သက်ရှိလောကသို့ ပြန်​ရောက်လာခဲ့သည်။ ရှီးကျင်းက ထိုတန်ခိုးကြီးသော ဝိညာဉ်များကတော့ သံသယနှင့် မသေချာမရေရာမှုများဖြင့် ကျန်ရစ်ခဲ့သည်။

"အဲဒီ ၀တ်စုံနီတစ္ဆေက ချန်ရှီရဲ့ နောက်ခံ မဟုတ်ဘူး.. ချန်ရှီ ခေါင်းညိတ်ပြမှ ၀တ်စုံနီတစ္ဆေက သူတို့ကို သက်ရှိလောကထဲ ပြန်ခေါ်သွားခဲ့တာ... ချန်ရှီကသာ အဲ့အကောင်ကြီးရဲ့ နောက်ခံဖြစ်ရမယ်!"

ဒီရှာဖွေတွေ့ရှိမှုက သူတို့ကို ပြောမပြတတ်အောင် ထိတ်လန့်သွားစေခဲ့၏။ ချန်ရှီဟာ မရဏကမ္ဘာတွင် လည်းတန်ခိုးရှိပြီး သက်ရှိကမ္ဘာထက်ပင် ပို၍ကြောက်စရာ ကောင်းလှသည်။

ဒါက သူတို့ကိုယ်တိုင် မျက်စိနဲ့ မြင်ခဲ့ရတာမလို့ မှားနိုင်စရာ အကြောင်း မရှိပါ။

သိပ်မကြာခင်မှာပဲ အဖေနဲ့သမီးကို တောင်နီခန်းမကို ခေါ်သွားပြီး နန်းနန်းလည်း ရောက်လာခဲ့၏။ တျယ်ချစ်တို့ နှစ်ယောက်လည်း ဒူးထောက်လိုက်သည်။

တရားမျှတမှုသခင်က ကုလားထိုင်ပေါ်တွင် ထိုင်ကာ လေးနက်သော အမူအရာဖြင့် သူတို့နှစ်ယောက်ကို ကြည့်နေသည်။ သူ၏ခြေထောက်များသည် လေထဲတွင် တွဲလောင်းကျကာ မငြိမ်မသက် ယိမ်းထိုးနေ၏။ သူက ဖြည်းညင်းစွာ ခေါင်းညိတ်ပြီး။

"ငါက ကလေးပဲ ရှိသေးတာ... ယဉ်ကျေးနေဖို့ မလို​သေးဘူး"

သူမ အလွန်ကျွမ်းကျင်နေပြီ ဖြစ်သည်။

တျယ်ချစ်က နန်းနန်းကို သံသယနဲ့ ကြည့်လေ၏။ ကျုံးခွေက သူ့ခေါင်းကို ခါယမ်းလိုက်ပြီး။

"တကယ်ပဲ သခင်ပဲ... သံသယဝင်စရာ မလိုဘူး"

တျယ်ချစ်က သူ့အသံကို လျှော့လိုက်ပြီး :"ဒါပေမယ့် သခင်က ငါ့ကို မြင်တော့လည်း ဒီလိုပဲ ပြောတယ်... ချန်ရှီဆိုတဲ့ ကလေးက သခင်ကြီးကို ချိုမြိန်တဲ့ ကြက်ကြော်တွေ ပေး​နေသေးတယ်!"

ကျုံးခွေ ခဏလောက် တုံ့ဆိုင်းသွားပြီး :"ချန်ရှီ သူမကို သင်ပေးခဲ့တဲ့ စကားတွေပဲ ဖြစ်ရမယ်... တရားမျှတမှုသခင်က သားအိမ်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုထဲမှာ ရှိနေတုန်းပဲ သူ့မှတ်ဉာဏ်က မနိုးကြားသေးဘူး"

"ငါ သူ့ကို အသေသတ်ပစ်မယ်!"

တျယ်ချစ်က ရှေ့သို့ ခြေလှမ်းလှမ်းပြီး အသေသတ်ပစ်မလို့ ပြင်လိုက်စဥ် ကျုံးခွေက ခေါင်းခါလိုက်ပြီး။

"သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး... ကောင်းကင်ဘုံ တရားမျှတမှုသခင်က သူ့ကို အရမ်းအားကိုးနေတာ... မင်း သူ့ကို အန္တရာယ်ပြုဖို့ ကြိုးစားရင် သခင်က မင်းကို ဒေါသထွက်ပြီး မုန်းတီးလိမ့်မယ်.. ဒါ့အပြင် ငါတို့က မြေအောက်ကမ္ဘာက သရဲတစ္ဆေတွေ... အခု သက်ရှိလောကရဲ့ မဟာမိတ်တွေကို လိုအပ်နေတာ... မဟုတ်ရင် ဘယ်တော့မှ ပြန်သွားလို့မရ​တော့ဘူး"

တျယ်ချစ်လည်း ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ခေါင်းညိတ်လိုက်သည

"မင်းပြောတာ နားထောင်မယ်"

ကောင်းကင်ဘုံ တရားမျှတမှုသခင် ပေါက်စလေးသည် ကုလားထိုင်ပေါ်မှ ခုန်ဆင်းပြီး သကြားလုံးများကို စားရန် ပျော်ရွှင်စွာ ထွက်သွားခဲ့သည်။

ဟူဖေးဖေး : "ကလေးတွေက ညဘက်မှာ သကြားလုံး လျှော့စားရတယ်!"

နန်းနန်း လှည့်ကြည့်လိုက်ပြီး ချန်ရှီကိုလည်း ကြည့်လိုက်သည်။

"အစောကြီး ရှိပါသေးတယ် စားပြီးရင် ပါးစပ်ကို ဆေးဖို့​တော့ မမေ့နဲ့"

နန်းနန်း ချက်ချင်း ရွှင်လန်းသွားသည်။

"သူ့ကို အလိုလိုက်စမ်း!" ဟူဖေးဖေးက စောဒကတက်​ပြသည်။

ချန်ရှီကတော့ လှေပေါ်က ကောင်မလေးဆီကို သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ပြုံးပြုံးလေး ပြောလိုက်သည်။

"မင်းတို့ နှစ်ယောက် ဘယ်တော့ ထွက်မှာလဲ"

လှေပေါ်က မိန်းကလေးက သူ့အဖေကို အရင် ကြည့်လေသည်။

"ချန်ကျဲယွမ် ကျေးဇူးပြုပြီး ငါ့အဖေကို နှစ်ရက်လောက် နားခွင့်ပြုပါ"

ချန်ရှီ ပြုံးလိုက်သည်။

"မင်းတို့နှစ်ယောက် အစကတည်းက တစ်ယောက်နဲ့တစ်ယောက် ရိုးသားခဲ့မယ်ဆိုရင် ဘယ်လိုလုပ် ဒီလိုမျိုး အဆုံးသတ်မှာလဲ"

အဖေနဲ့သမီး နှစ်ယောက်လုံး တိတ်တိတ်ဆိတ်ဆိတ်နဲ့သာ။

ချန်ရှီလည်း နောက်ဆုံးတွင်တော့ စိတ်သက်သာရာရသွားပြီး သူ့ဘေးကင်းကြောင်း သတင်းပို့ရန် အိမ်ပြန်ဖို့ စီစဉ်လိုက်သည်။

"တစ်ဆယ်လေး နင် ဒီရက်တွေထဲ အာရုံစူးစိုက်ပြီး ပတ်ပြေးနေတာတွေ ရပ်သင့်တယ် စာမေးပွဲအတွက် ပြင်ဆင်ဖို့ အာရုံစိုက်ထားရမယ်... စာမေးပွဲဖြေမယ့်ရက်ကို သတ်မှတ်ပြီးပြီ... ဒီလ ၂၅ ရက်နေ့ ဖြစ်လိမ့်မယ်"

ချန်ရှီ ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြသည်။

"ငါ ပြန်ရောက်ရင် စာကျက်ပါမယ်"

"ဒီတစ်ခါတော့ အရပ်ဘက် စာမေးပွဲကို အရင်စစ်ပြီးမှ ​စစ်စာမေးပွဲကို စစ်မယ်တဲ့.. အရပ်ဘက် စာမေးပွဲက ဂန္တဝင်နဲ့ ပေါ်လစီရဲ့ အနက်ကို အဓိကထားပြီး စစ်စာမေးပွဲက လေ့ကျင့်မှု နဲ့ မှော်အတတ်ပညာကို အဓိကထားမှာ... ပြီးရင် ဘယ်သူက ထိပ်တန်းအဆင့် ဖြစ်မလဲဆိုတာ ဆုံးဖြတ်ဖို့ နန်းတော် စာမေးပွဲလည်း ရှိလိမ့်မယ်။ ဒါပေမယ့် စာမေးပွဲမှာ ထိပ်တန်း ကိုယ်စားလှယ်လောင်း ဆယ်ယောက်ကြား ပြိုင်ဆိုင်မှု ဖြစ်လိမ့်မယ်တဲ့... "

"မင်းက အဲ့ထဲ ပါဝင်ချင်တယ်ပေါ့?"

"ငါ မေးပြီးပါပြီ... ရှီးကျင်းစာမေးပွဲက ငါတို့လို ကျင့်ကြံသူတွေ ပါဝင်ခွင့်မပေးဘူးတဲ့...ငါ မျိုးနွယ်စုခေါင်းဆောင်ကို သွားရှာမယ် သူ့မှာ မှော်အစွမ်းတွေ ရှိတယ် ​​ဖြစ်နိုင်ရင် ငါ့ကို ဝင်ခွင့်ပေးနိုင်မှာပဲ"

"ဒါဆို မင်းရဲ့ စံပြခင်ပွန်းကို ရှာတွေ့ပြီလား"

ဟူဖေးဖေး စိတ်ပူလာပြီး "ငါ နှစ်ယောက် သုံးယောက်လေယက်တော့ ရွေးပြီးပါပြီ၊ အကုန်လုံးက တော်တော်ကောင်းတယ် ဒါပေမယ့် သူတို့ အမှတ်အများဆုံး ဖြစ်လိမ့်မယ်လို့တော့ မထင်ပါဘူး"

ချန်ရှီက ပြုံးလိုက်သည်။

"ထိပ်တန်းဘုရင်ဖြစ်ဖို့တော့ မစဉ်းစားနဲ့။ ဒီတစ်ကြိမ်တော့ ငါသေချာပေါက် နိုင်မှာ!"

အိမ်ပြန်ရောက်တော့ ညနက်နေပြီမလို့ ချန်ထန်တောင် အိပ်ရာဝင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ သူပြန်လာတာကို မြင်တော့။

"မင်းနဲ့ ဟေးကော်အတွက် စားစရာနည်းနည်း ချန်ထားတယ်... စားဖို့ အလျင်မလိုနဲ့... ငါပူအောင်ပြင်ခိုင်းလိုက်မယ်"

သို့နှင့် ချန်ရှီနဲ့ ဟေးကော်လည်း လက်ဆေးဖို့ ထွက်သွားကြသည်။ ခဏအကြာတွင် အစားအသောက်ကို အပူပေးပြီး စားပွဲပေါ် တင်လိုက်သည်။

ချန်ထန်က သူတို့ဘေးမှာထိုင်ပြီး သူတို့စားနေတာကို ကြည့်နေ၏။

"ဘယ်လိုနေလဲ"

ချန်ရှီ အစာနည်းနည်းကောက်ပြီး :"ဒါက နည်းနည်းတော့ ခက်ခဲခဲ့ပေမယ့် အဆင်ပြေပါတယ်... ကျနော့်မိတ်ဆွေ နှစ်ယောက်က အမေ့ကို ကယ်တင်ဖို့ မြေအောက်ကမ္ဘာကို သွားဖို့ သဘောတူခဲ့ကြပေမယ့် ဒဏ်ရာရထားကြတယ်... ရက်နည်းနည်းကြာမှ ပြန်ကောင်းလာလိမ့်မယ်"

ချန်ထန်က စိုးရိမ်စိတ်နဲ့ မေးလာသည်။

"မင်း ဘယ်လိုလုပ် ဒဏ်ရာ ရနေတာလဲ ပြင်းလား"

"ကျွန်တော် သူတို့ကို ရိုက်နှက်ဖို့ တစ်ယောက်ယောက်ကို အကူအညီ တောင်းလိုက်တယ်"

ချန်ရှီသည် သူ့ထမင်းကိုဝါးနေသဖြင့် ပါးစပ်ထဲ ပြည့်နေပြီး အသံမာမာနဲ့ ပြောလိုက်သည်။

"နည်းနည်းတော့ ပြင်းတယ်"

ချန်ထန်ရဲ့ မျက်နှာအမူအရာမှာ လေးနက်နေလာသည်။

"မင်းက တခြားသူတွေကို ရိုးသားသင့်တယ်..ယ မင်းသူငယ်ချင်းတွေကိုလည်း လွယ်လွယ်နဲ့ မထိခိုက်မိပါစေနဲ့... နယ်ချဲ့စာမေးပွဲက မကြာခင် လာတော့မယ် မင်း ကျူးရှို့ချိုင်ဆီက စာပေစာမေးပွဲကို သင်ခဲ့လား"

ချန်ရှီ ခေါင်းညိတ်လိုက်သည်။ ချန်ထန် စိတ်သက်သာရာ ရသွားသည်။

"သူ့ဆီကနေ ငါလည်း သင်ယူခဲ့ပါတယ် မင်းက ဒီပူးတွဲစာမေးပွဲမှာ ပါဝင်နေတာ ရေးဖြေစာမေးပွဲမှာ မင်းအတွက် စိတ်မပူပါဘူး ကျူးရှို့ချိုင်ရဲ့ ဂန္တဝင်၊ သမိုင်းနဲ့ စာပေ အောင်မြင်မှုတွေက ကမ္ဘာပေါ်မှာ ရှားပါးတယ်။ သူ့မှာ ကမ္ဘာက မမြင်နိုင်တဲ့ ဂန္တဝင်လက်ရာ​တွေ အများကြီး ရှိတယ်။ သူ့ဆီကနေ သင်ယူမယ်ဆိုရင် ရေးဖြေစာမေးပွဲမှာ ထိပ်တန်း (၃) ယောက်စာရင်းဝင်သွားလိမ့်မယ်"

ချန်ရှီ ပြုံးလိုက်၏။

"ဒါဆို ခင်ဗျားအရင်တုန်းက ကျူးရှို့ချိုင်နဲ့လည်း စာသင်ခဲ့ဖူးတာလား... ဘာလို့ နယ်ချဲ့စာမေးပွဲကို မဖြေဘဲ ထိပ်တန်း ပညာရှင် မဖြစ်လာတာလဲ"

ချန်ထန်: "ခရိုင်နဲ့ ပြည်နယ် စာမေးပွဲနှစ်ခုစလုံးမှာ ငါ ပထမရခဲ့ပြီး မြို့ပြစာမေးပွဲမှာ အဆင့်ဆယ့်လေးရခဲ့တယ်... ငါ့အထက်က ၁၃ ယောက်က မိသားစုကြီးဆယ့်သုံးခုထဲက သားသမီးတွေ... အဲဒီအထဲမှာ စာပေစာမေးပွဲမှာ ငါ့စာစီစာကုံးကို ရှီးကျင်းက ကိုယ်စားလှယ်လောင်းတွေ အများကြီး ရွတ်ခဲ့ဖူးတယ်"

သူက ချန်ရှီကို လေးလေးနက်နက် ကြည့်လိုက်ပြီး စကားဆက်၏။

"ကျူးရှို့ချိုင် အောက်မှာ မင်း ခက်ခက်ခဲခဲ စာသင်နေသမျှ စာမေးပွဲ ဖြေနိုင်ဖို့က ပြဿနာ မရှိပါဘူး"

ချန်ရှီကလည်း သူ့ရင်ဘတ်ကို တည့်တည့်မတ်မတ်ထားပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလိုက်သည်။

"ရေးဖြေစာမေးပွဲအတွက် သေချာပေါက် ပြဿနာမရှိဘူး!"

ချန်ရှီ: "ပြီးရင် ကိုယ်ခံပညာ စမ်းသပ်မှုတစ်ခုပဲ... မင်းမှာဘယ်လောက် ယုံကြည်မှုရှိလဲ"

ချန်ရှီသည် သူ၏ အခြေတည်ဝိညာဥ်ကို ထုတ်ပြလိုက်သည်။ နှင်းဖြူကလေး​လေးသည် လေထဲတွင် ပျံဝဲကာ ခန္ဓာကိုယ်ကို ကွေးညွှတ်ကာ ခြေလက်များကို ဖြည်းညှင်းစွာ ဖြန့်ကာ သမ်းလိုက်သည်။ ချန်ထန်က သူ၏အခြေတည်ဝိညာဉ်ကို ကြည့်ကာ အနည်းငယ် ခေါင်းခါပြ၏။

"မလုံလောက်ဘူး... စာမေးပွဲမှာပါဝင်တဲ့ မိသားစုဆယ့်သုံးစုထဲက သားသမီးအများစုက နတ်ဝိညာဥ်တွေနဲ့... နယ်ပယ်ခြားနားမှုက ပေါင်းစပ်ဖို့ခက်တယ်။ မိသားစုဆယ့်သုံးစုထဲက ကလေးတွေမှာ မင်းမှာမရှိနိုင်တဲ့ အရင်းအနှီးတွေ အစုံအလင်ရှိတယ် သူတို့ရဲ့ အရည်အချင်းတွေက ပထမအဆင့် မဟုတ်ရင် ဒုတိယအဆင့်ကို ဝယ်နိုင်ကြလိမ့်မယ်... အရည်အချင်း မပြည့်မီရင် အရည်အချင်းမပြည့်မီတဲ့ နတ်သန္ဓေသားတွေကို နဂါးအသည်း၊ ဖီးနစ်သွေးတွေ သုံးပြီး သူတို့ စွမ်းရည်တွေကို ပြောင်းလဲပစ်လိမ့်မယ်"

"ကျနော်က သူတို့ထက် ပိုမသန်မာရင်တောင် သူတို့ထက် ဘယ်တော့မှ ညံ့မှာ မဟုတ်ဘူး"

ချန်ထန်က ခေါင်းခါပြီး :"စကားလုံးတွေနဲ့လည်း မလုံလောက်ဘူး ချန်ယင်တူး မင်းကို ဘာမှ မသင်ပေးခဲ့ဘူး ဟုတ်တယ်မလား... မင်းရဲ့ အရည်အချင်းတွေကို ကျူးရှို့ချိုင်က သင်ပေးခဲ့တာ... သူမင်းကို ဘယ်လို အရည်အချင်းတွေ သင်ပေးခဲ့တာလဲ။"

ချန်ရှီ ခေါင်းယမ်းပြလိုက်သည်။

"ကျူးရှို့ချိုင်က ကျွန်တော့်ကို သိုင်းပညာမသင်ပေးဖူးဘူး... ကျနော့်ဘာသာ ဘုရင်ကျန်းရဲ့ သင်္ချိုင်းမှာ ရှာတွေ့ခဲ့တာ..."

ချန်ထန် အံ့အားသင့်သွားသည်- "ဘုရင်ကျန်း?? ကျင့်ကြံခြင်း စာအုပ် ၁၀ အုပ်မှာ မင်း ဘယ်ဟာကို သင်ခဲ့တာလဲ"

ချန်ရှီ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

"ခင်ဗျားလည်း စာအုပ်ဆယ်အုပ်ကို သင်ခဲ့တာလား... ချန်ထန် ခင်ဗျားရဲ့ ကျင့်ကြံမှု အဆင့်က ဘယ်လောက်လဲ.."

ချန်ထန် အနည်းငယ် မျက်မှောင်ကြုတ်မိသည်။ သူ့နာမည်ကို တိုက်ရိုက်ခေါ်ခြင်းနှင့် ပတ်သက်၍ အလွန်အကဲဆတ်သည်။ သူဘာမှပြန်မဖြေတာကို မြင်တော့ ချန်ရှီသည် စားပွဲပေါ်က ဓားကို ကြည့်ကာ အတွေးတစ်ခု ပေါ်လာခဲ့သည်။

"ခင်ဗျားက စာအုပ်ဆယ်အုပ်ထဲက ရွှမ်ဝေးဓားသိုင်းကို လေ့ကျင့်နေတာပဲ... ဓားပညာက သိမ်မွေ့ပြီး ဆန်းကြယ်တယ်။ လူကြီးမင်း စွင်းယိရှန်းကိုယ်ပေါ်က ရွှမ်ဝေးဓားကျမ်းရဲ့ စွမ်းအားကို ကျနော်မြင်ဖူးတယ်... ဒီဓားသိုင်းက လေ့ကျင့်သူတွေကို မြင့်မားတဲ့အဆင့်အထိ လေ့ကျင့်နိုင်စေတယ်... ကျူးရှို့ချိုင်က ခင်ဗျားကို တကယ်ကောင်းမွန်တဲ့ ကျင့်စဥ်ကို သင်ပေးခဲ့တာပဲ... ဒါပေမယ့်..."

သူသည် သူတူချောင်းများကို ချလိုက်ပြီး ပြုံးကာ :"ဘုရင်ကြီးရဲ့ သင်္ချိုင်းထဲမှာ ပိုကောင်းတဲ့ တစ်ခုကို ကျနော် တွေ့ခဲ့တယ်"

ချန်ထန်က မျက်ခုံးပင့်ကာ ဓားအိမ်ထဲမှ ဓားတစ်ချောင်းကို ထုတ်ယူလိုက်သည်။

"ငါ နတ်သန္ဓေသားကို မလိုအပ်ဘူး... မိသားစုကြီးဆယ့်သုံးခုက အမာခံ သားသမီးတွေရဲ့ ခွန်အားကို အတုယူဖို့ နတ်အသွင်ပြောင်းခြင်းနယ်ပယ်ရဲ့ မှော်အစွမ်းကိုပဲ သုံးမယ်... မင်းနဲ့ ယှဉ်ပြိုင်ပြီး အဲ့သားသမီးတွေရဲ့ ခွန်အားကို မင်းသိအောင် ပြောပြမယ်"

ချန်ရှီက ချက်ချင်း ခွေးခြေကို ပြန်တွန်းပြီး မတ်တပ်ထရပ်လိုက်သည်။

"ချန်ထန်... ကျနော် ခင်ဗျားနဲ့ တိုက်ချင်နေတာကြာပြီ ဒီမှာ မတိုက်နိုင်ဘူး မြို့ပြင်ထွက်ပြီး တိုက်ရအောင်!"

ချန်ထန်သည် ထိုင်ခုံဝိုင်းပေါ်တွင် ထိုင်နေသော်လည်း မတ်တပ်မရပ်ပေ။ သူက တူချောင်းကိုကိုင်ပြီး အေးအေးဆေးဆေး ပြောလာသည်။

"သားက စာကောင်းကောင်းမသင်ရင် အဖေ့ရဲ့အပြစ်ပဲတဲ့...ငါ မင်းကို မရိုက်လောက်ဘူး ဆိုတော့ မင်းက ရမ်းကားတယ် အပြင်ထွက်စရာမလိုဘူး ဒီအခန်းထဲမှာပဲနေ... မင်းငါ့ကို မတ်တပ်ရပ်ပြီး ဒီအခန်းထဲက ထွက်သွားနိုင်အောင် တွန်းအားပေးနိုင်ရင် မင်းမိသားစု ဆယ့်သုံးစုထဲက အမာခံကလေးတွေနဲ့ ပြိုင်ဖို့ ခွန်အားတွေ ရှိလာလိမ့်မယ်"

"ကောင်းပြီ!"

ချန်ရှီ ချက်ချင်းပင် သူ့ကျင့်ကြံမှုကို အဆုံးစွန်ထိ မြှင့်တင်လိုက်သည်။ သူ့ခေါင်းနောက်မှာ ဖြန့်ကျက်ထားတဲ့ အင်အားတွေက ကောင်းကင်ကိုးလွှာရဲ့ ဆဋ္ဌမအဆင့် ဖြစ်လာပြီး သူ့ရဲ့ မှော်စွမ်းအားက အစွမ်းထက်ပြီး အကန့်အသတ်မရှိ ပေါ်ထွက်လာသည်။

ကောင်းကင်အလွှာ တစ်ခုစီသည် အစွန်းရှစ်ပါး ရွှေနန်းတော်ရှစ်လွှာနှင့် ညီမျှသည်။ ရွှေနန်းတော်၏ ခြောက်လွှာထဲတွင် ပေါင်းစည်းထားသော ချီစွမ်းအင်နှင့် သွေးများက အလွန်သန်စွမ်းသည်။ သူ့ခန္ဓာကိုယ်သည် အလွန်လျင်မြန်သဖြင့် သာမန်မျက်စိဖြင့် ဖမ်းရန် ခက်ခဲသည်။ သူ့​တိုက်ခိုက်မှုများက မိုးခြိမ်းသံကဲ့သို့ပင်။

မိုးကြိုးငါးလုံးကို လက်ချောင်းများနှင့် လက်ဖဝါးများဖြင့် ထိန်းချုပ်ထားဖို့တောင် မလိုအပ်။ သူသည် မိုးခြိမ်းသံများကို ထုတ်လွှတ်ပြီး လူတို့၏ စိတ်ဝိညာဉ်များကို ဖျက်ဆီးမည့် သူ၏ အစွမ်းရှိသမျှ အစွမ်းကုန် တွန်းထုတ်လိုက်ရုံသာ။

သူသည် ချန်ထန်ရဲ့ သေစေနိုင်တဲ့ နေရာကို မထိခဲ့ဘဲ ချန်ထန်ရဲ့ ညှပ်ရိုးကိုသာ တိုက်ရိုက်ထိကာ ချန်ထန်အား သင်ခန်းစာလေးတစ်ခု သင်ပေးလိုရုံသာ ဖြစ်သည်။ သို့သော် သူ့လက်ကို ဆန့်လိုက်သည်နှင့် လက်ဖဝါးက နာကျင်ရောင်ရမ်းလာသည်။ တူချောင်းများက သူ့လက်ဖဝါးကို ထိသွားကာ ခွန်အားအားလုံးကို ဖယ်ရှားပစ်လိုက်သည်။

ချန်ရှီသည် ချက်ချင်း လှည့်၍ ပေါင်ကိုမြှောက်ကာ ချန်ထန်ကို လည်ပင်းနောက်ဘက်သို့ ခုတ်သတ်တော့မည်။ ထိုအချိန်တွင် ဓားခုတ်မှုမှာ နှစ်ပိုင်း၊ နှစ်ပိုင်း၊ လေးပိုင်း၊ လေးခု၊ ရှစ်ခုအထိ ကွဲသွားကာ လက်ဖဝါး၊ ခြေဖဝါး၊ လက်ကောက်ဝတ်၊ တံတောင်ဆစ်နှင့် ဒူးဆစ်များနှင့် အခြားအဆစ်များ အတွင်းသို့ အထိုးခံလိုက်ရသည်။

ချန်ရှီမှာ အထိုးခံရတဲ့အခိုက် ရုတ်တရက် သူ့လက်တွေ ပြတ်သွားသလို ခံစားလိုက်ရသည်။ ထို့နောက် သူ၏လက်ဖျံ၊ ခြေသလုံး၊ လက်မောင်းနှင့် ပေါင်က ခွန်အားများ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားသည်။

တူချောင်းများက သူ့ရှေ့တွင် စူးရှတောက်ပနေပြီး အပိုင်းပိုင်းများ ပိုမိုကွဲထွက်ကာ ရှေ့နှင့်နောက်ဖက်ကို ဓားသဖွယ် အထိုးခံလိုက်ရသည်။ ချန်ရှီသည် သူ၏ အတွင်းအင်္ဂါများကို ဖြတ်တောက်ခံရပြီး အာရုံခံစားမှုများ အချင်းချင်း ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။

ချန်ထန်က သူ့လည်ချောင်းကို တူချောင်းနဲ့ သုတ်လိုက်ရာ ချန်ရှီခမျာ ရုတ်တရက် သူ့ဦးခေါင်းကပါ လေထဲမှာ လွင့်နေသလို ခံစားလိုက်ရလေသည်။

သူ့မျက်လုံးများသည် ရွှေရောင်အလင်းတန်းများ လင်းလက်နေပြီး ချန်ထန်ကို ရွှေရောင်မီးလုံးနှစ်လုံးဖြင့် ခုတ်ထစ်ရန် အဆင်သင့် ဖြစ်​နေခဲ့သော်လည်း ချန်ထန်လက်ချောင်းများက သူ့နဖူးကို ထိနေပြီဖြစ်သည်။

ချန်ရှီ အာရုံများ ဆုံးရှုံးသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ ဟေးကော် လန့်သွား၏။ တိုက်ပွဲက မြန်လွန်းလို့ အစားအသောက်ကို ပြီးအောင် ဝါးစားဖို့တောင် အချိန်မရှိလိုက်ချေ။

ချက်ချင်းအစာကို ပစ်သွင်းရင်း ချန်ရှီကိုကူညီရန် ပန်းကန်လုံးနှင့် တူချောင်းများကိုချရန် အဆင်သင့်ဖြစ်နေပြီ။ ထိုစဥ် ချန်ထန်က သူ့ရဲ့တူချောင်းတွေကို ချလိုက်ပြီး ချန်ရှီကို ကောက်ချီသွားသည်။

"မင်း ဆက်စားနေဦး... ငါ သူ့ကို အခန်းပြန်ပို့လိုက်မယ် သူ ဒီရက်ပိုင်း ကောင်းကောင်း မအိပ်ရသေးဘူး ပင်ပန်းနေပြီ ကောင်းကောင်း အိပ်ပါစေ"

ဟေးကော်လည်း ပြန်ထိုင်နေရသည်။

ချန်ထန်သည် ချန်ရှီကို အခန်းထဲ ပြန်ပို့လိုက်ပြီး သူ့အင်္ကျီနဲ့ ဖိနပ်တွေကို ချွတ်ကာ အိပ်ယာပေါ်တင်၍ စောင်ခြုံပေးလိုက်သည်။ ချန်ရှီ မျက်နှာကို ကြည့်ပြီး သူ၏ လေးနက်သော အမူအရာက တဖြည်းဖြည်း ပြုံးသွားခဲ့သည်။

နံနက်သုံးနာရီတွင် အောင်သွယ်အဖွဲ့မှ အောင်သွယ်ရှန်သည် လူ့အဖွဲ့အစည်းမှ သခင်များအား ခေါ်လာကာ ချန်ရှီ ဖြတ်သွားရာ ကွမ်ကျီးသိုလှောင်ရုံ လမ်းပေါ် ရောက်ရှိလာပြီး တိတ်တဆိတ် စောင့်ဆိုင်းကာ ချောင်းမြောင်း တိုက်ခိုက်ဖို့ ပြင်ထားခဲ့သည်။

ချန်ရှီက မလာသေး။ မိုးလင်းပြီး တော်တော်ကြာသွားတဲ့ အထိလည်း မရောက်လာချေ။ သို့သော်လည်း လယ်ကွင်းရှိ ကျွဲနွားသိုးများသည် အမှိုက်သရိုက်များစွာကို မွေးဖွားခဲ့ပြီး ကျန်ကိုယ်ဝန်ဆောင် အမျိုးသမီး နှစ်ဦးကလည်း ထိန်းထားနိုင်ခြင်း မရှိပေ။

အောင်သွယ်ရှန်လည်း မှုန်မှိုင်းမှိုင်း မျက်လုံးများဖြင့် ရှီးကျင်းဘက်သို့ လှမ်းကြည့်လိုက်လေသည်။

"ချန်ရှီ ကွမ်ကျီးသိုလှောင်ရုံကို လာရော လာဦးမှာလား.... လစဉ် ဧကရာဇ်ရိက္ခာတွေကို စိတ်အေးအေးနဲ့ လက်ခံနိုင်တယ်ပေါ့လေ..."

All Chapters