← Chapters

ကျောက်စိမ်းစာ ကျောက်စိမ်းစကား

Vol. 19 Ch. 280

ကျောက်စိမ်းစာ ကျောက်စိမ်းစကား

Vol. 19 Ch. 280

ယွိလင်ကျစ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ချန်ရှီ မင်းက လူတွေကို ဂရုစိုက်တဲ့သူတစ်ယောက်လို့ ငါထင်ခဲ့တာ... အခု ငါ မင်းကို သိပ်အထင်ကြီးနေမိပုံရတယ်.. မင်းက မာနကြီးပြီး ရည်မှန်းချက်ကြီးတယ်။ မင်း အာဏာရရင် အဲဒါက ပြည်သူတွေအတွက် ကောင်းချီးတစ်ခုမဟုတ်သလို ကမ္ဘာပေါ်က လူအားလုံးကိုတောင် ဒုက္ခရောက်စေမှာ သေချာတယ်..."

ချန်ရှီရဲ့စကားကြောင့် ဒေါသတကြီး ဖြစ်ကာ ဆိုလိုက်သည်။ သစ်သားလှည်း ရွေ့လျားနေစဉ် ဘီးများအောက်တွင် တိမ်ဖြူများ ရုတ်တရက် ပေါ်လာပြီး လှည်းပေါ်ရှိ လူနှစ်ယောက်လုံးကို လေထဲသို့ မြှောက်တင်ပစ်လိုက်သည်။

ဒါက တိမ်တွေပေါ်မှာ ပျံသန်းနိုင်တဲ့ စွမ်းအင်တစ်ခု ဖြစ်ကာ ယွိလင်ကျစ်က ဒါကို သက်တောင့်သက်သာနဲ့ လုပ်သွားခဲ့သည်။ သူ့နည်းလမ်းနဲ့ အစွမ်းအစက အံ့မခန်းပါပဲ။

ဟေးကော် နောက်ပြန် လှည့်ကြည့်တော့ သစ်သားလှည်းကို မတွေ့ရတော့ပေ။ ပတ်ပတ်လည်ကို ကမန်းကတန်း လိုက်ကြည့်ပေမယ့် မတွေ့ရသဖြင့် သူ ခေါင်းကို မော့ကြည့်လိုက်တော့ သစ်သားလှည်းက ပေရာနဲ့ချီ မြင့်ပြီး တိမ်တွေပေါ်မှာ ပျံနေတာ တွေ့လိုက်ရလေသည်။

"ဝုတ် ဝုတ်!"

ဟေးကော်သည် သံချပ်ကာမြင်းအဆောင်လက်ဖွဲ့ကို လျင်မြန်စွာ အသက်သွင်းလိုက်ကာ သူ၏ခြေထောက် လေးချောင်းတွင် ချည်ထားသော မှော်အမြန်နှုန်းများကိုလည်း အမြန် အသက်သွင်းလိုက်သည်။ သူသည် နတ်ဘုရား၏ အကူအညီဖြင့် လေထဲသို့ ပြေးသွားသကဲ့သို့ မြန်လည်းမြန် နှေးလည်းမနှေးချေ။

ပါးစပ်ကိုဖွင့်ကာ လေထဲတွင် တဟုန်ထိုး ပြေးလာကာ သစ်သားလှည်းနှင့် ပိုနီးလာသည်။

ထိုအချိန်တွင် သမင်ကြီးတစ်ကောင် ကောင်းကင်မှ ပြေးလာသည်။ ယွိလင်ကျစ်နဲ့ အခြားသူများ မြို့ထဲသို့ ဝင်လာသောအခါက စီကာသမင်များ စီးနင်းခဲ့ကြသည်။

စီကာသမင်သည် ခေါင်းမှအမြီးအထိ ပေနှစ်ဆယ်ကျော်ရှည်သော ခန္ဓာကိုယ်ကြီးရှိပြီး လေထဲမှာ ရွေ့လျားနေသည့် တောင်ကုန်းနှင့်တူသည်။ ၎င်းသည် ၎င်း၏နောက်ကျောတွင် တိမ်တိုက်တစ်ခုကို သယ်ဆောင်ကာ အလံဖြင့် ဖုံးအုပ်ထားသည်။

၎င်း၏သမင်ချိုများသည် ပို၍ပင် ထူးခြားလှပသည်။ ၎င်းတို့တွင် ဇီးသီးပွင့်များနှင့် ဆင်တူသော အကိုင်းအခက်များစွာ ရှိကာ တကယ်က စီကာသမင်ပင်။

ထိုက်ဟွာချင်းနန်းတော်က အစောင့်အရှောက် သားရဲဖြစ်ပြီး ယွိလင်ကျစ်နဲ့အတူ ရှီးကျင်းသို့ လိုက်လာခဲ့သည်။ ထိုအခိုက်တွင် ၎င်းသည် တစ်ဖက်မှ အပြေးအလွှား ခုန်ဆင်းလာကာ ခေါင်းကို ငုံ့ကာ ချိုဖြင့် တိုက်ခိုက်လာသည်။ သမင်ချိုတွေက ဟေးကော်ကို အဝေးကို ကော်လွှင့်ပစ်လိုက်သည်။

ဟေးကော်မှာ လေထဲတွင် လှည့်ပတ်နေခဲ့ပြီး ရုတ်တရက် ဘယ်နေရာသို့ ပျံသန်းသွားမိသလဲ မသိတော့သလို ဖြစ်သွားသည်။ သမင်သည် တိမ်တိုက်များပေါ် တက်ကာ သစ်သားလှည်း၏ အောက်ခြေသို့ ပြေးသွားတဲ့အခါ သစ်သားလှည်းက တိမ်တိုက်များပေါ်တွင် ဆင်းသက်လာ၏။

စီကာသမင်က လေထဲမှာ ဆက်ပျံနေသည်။

သစ်သားလှည်းသည် ကောင်းကင် တိမ်တိုက်ထဲတွင် ပြေးလွှားကာ လွတ်မြောက်ရန် ကြိုးစားနေသည်။ သို့သော်လည်း ရှေ့သို့ ရွေ့လျားလာသည်နှင့်အမျှ တိမ်တိုက်ကြီးက ပို၍ကြီးမားလာသည်။ မည်မျှပင် လျင်မြန်စွာ ရွေ့လျားပါစေ တိမ်တိုက်၏ အစွန်းက ၎င်းရှေ့တွင် အမြဲရှိနေသည်။

နောက်ပြန် ဆုတ်သွားလည်း ဒီလိုပဲ ဖြစ်နေပြန်သည်။

ဤချင့်ယွင်တိမ်တိုက်သည်လည်း ရတနာတစ်ခု ဖြစ်ကာ စီကာသမင်နှင့် ပေါင်းစပ်ထားပုံရသည်။ သစ်သားလှည်း ဘယ်သွားသွား တိမ်တိုက်ရဲ့အထက်မှာသာ အမြဲရှိနေလို့ မလွတ်မြောက်နိုင်ပေ။

သစ်သားလှည်းပေါ်မှ ချန်ရှီသည် ရှေ့သို့ မတ်မတ်ရပ်ကာ အောက်ရှိ တောင်များနှင့် မြစ်များကို ကြည့်လိုက်သည်။ တောင်နှင့်မြစ်တို့သည် သူ့အောက်၌ရှိကာ တိမ်တွေကလည်း ဘီးများအောက်၌ စီးဆင်းလျက် ရှိသည်က။

ယွိလင်ကျစ်က သူ့ဘေးမှာထိုင်ပြီး အေးအေးဆေးဆေး ဆက်ပြောလေသည်။

"ချန်ရှီ မင်းက လူသတ်ချင်စိတ် ပြင်းပြလွန်းတယ်၊ မင်းရဲ့ အရည်အချင်းတွေကြောင့် မာနကြီးပြီး ကမ္ဘာပေါ်က သူရဲကောင်းတွေကို နှိမ့်ချနေတာ... ငါကမင်းကို ထိပ်တန်း ပညာရှင်အတွက် မယှဉ်ပြိုင်အောင် ဆွဲဆောင်ဖို့ ဒီ​ရောက်နေတယ်လို့ ထင်လား သခင်လေးက မင်းကို ကြောက်နေတယ်လို့ ထင်လား... ရယ်စရာကောင်းလိုက်တာ! ငါဆိုရင်တောင် မင်းငါ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူးလို့ သခင်လေးကို ပြော​ပြလိုက်ချင်တယ်!"

သူက ချန်ရှီကို တိုက်ရိုက်မကြည့်ဘဲ အေးအေးဆေးဆေး ပြောနေသည်။

"ငါ ခြောက်နှစ်သားမှာ စလေ့ကျင့်ပြီး အသက် ဆယ်နှစ်မှာ ခရိုင်စာမေးပွဲမှာ ပထမရခဲ့တယ်... အဲဒီနောက်မှာတော့ ထိုက်ဟွာချင်းနန်းတော်ကို လေ့ကျင့်ဖို့ ဝင်ခဲ့တယ်.... အခု ငါ လေ့ကျင့်လာတာ ဆယ့်သုံးနှစ်ရှိပြီ ငါ့ရဲ့ နယ်ပယ်က နတ်အသွင်ပြောင်းနယ်ပယ်... ဘုံတစ်ခုက ကောင်းကင်တစ်ခုပဲ ငါက မင်းထက်မြင့်တဲ့ ကောင်းကင်တစ်ခုနဲ့ တူတယ်... မသေမျိုးက ကောင်းကင်ကနေ ကြည့်ရှုနေသလိုပဲ..."

ချန်ရှီ သူ့အကြည့်တွေကို ပြန်ရုတ်သိမ်းလိုက်ပြီး သူ့မျက်နှာက ထူးဆန်းနေတဲ့ ပုံစံဖြင့်။

"ယွိလင်ကျစ်... မင်းရဲ့ ထူးခြားတဲ့ အစွမ်းသတ္တိကို ပြသပြီး သစ်သားလှည်းကို လေထဲမြှောက်ပြီး မင်းရဲ့ မှော်အစွမ်းကို စုစည်းထားတယ် ဒါပေမယ့် မင်း ငါ့အနားမှာ အရမ်းကပ်နေပြီး မောက်မောက်မာမာ ပြောနေတုန်းပဲ... မင်းရဲ့ အခြေအနေက အရမ်းအန္တရာယ် များတယ်ဆိုတာရော သိရဲ့လား"

ယွိလင်ကျစ်ရဲ့ ဦးခေါင်းနောက်ကွယ်ရှိ ကျောက်စိမ်းဆံထိုးက ပိုမိုတောက်ပလာပြီး တကယ့်အစစ်အဖြစ်သို့ ပြောင်းလဲသွားသည်။

"ချန်ရှီ... ငါတို့ ထိုက်ဟွာချင်းနန်းတော်ရဲ့ အမွေအနှစ်က မိသားစုကြီး ဆယ့်သုံးစုထက် မနိမ့်ဘူး... ငါက ထိုက်ဟွာချင်းနန်းတော်ရဲ့ ထိုက်ကျန်းကျောက်စိမ်းကျင့်စဥ်ကို လေ့ကျင့်ထားတာ... ထိုက်ကျန်းတာအိုခန္ဓာကို ပြုစုထားပြီးပြီ...တာအိုခန္ဓာလို့ ခေါ်တဲ့ ကျောက်စိမ်းသဘောတရားက ငါလိုချင်တာကို ဆိုလိုတယ်... တာအိုနည်းလမ်းနဲ့ တိုက်ခိုက်မှုက ငါ့အနားကို မရောက်နိုင်ပါဘူး...."

သူစကားမဆုံးခင် ဟေးကော်က ရုတ်တရက် လေချွန်သံနဲ့ သူ့နောက်ကို လိုက်လာပြီး ဒေါသတကြီးနဲ့ စီကာသမင်ဆီ ပြေးဝင်သွားသည်။

စီကာသမင်သည် ခြေတံရှည်နှင့် ပေနှစ်ဆယ်ကျော် ရှိသည်။ လေထဲက တိမ်တိုက်တွေပေါ် လမ်းလျှောက်လာနေသလို ဆိုပေမယ့် မနှေးဘဲ အရမ်းမြန်၏။ ဟေးကော် ယခင်က ၎င်းထံမှ ခြုံခိုတိုက်ခိုက်တာ ခံခဲ့ရပြီး ၎င်း၏ သမင်ချိုများကြောင့် ခေါက်သိမ်းခံခဲ့ရသည်။ အခု ခြေထောက် လေးချောင်းစလုံးကို အရှိန်အပြည့်နဲ့ ပြေးတာတောင် ခဏအတွင်း အမီမလိုက်နိုင်ခဲ့။

နောက်ဆုံးတော့ သမင်ကို ဖမ်းမိပေမယ့် သမင်က သူ့ကို လုံးဝ ဂရုမစိုက်ချေ။ ၎င်းသည် ခွာလိုက်ပြီး ဟေးကော်က ခေါင်းကို ကန်ထည့်လိုက်သည်။

ယွိလင်ကျစ်သည် ချန်ရှီ၏ လှုပ်ရှားမှုတိုင်းကိုပင် မကြည့်သလို စီကာသမင်နှင့် ဟေးကော်ကိုလည်း မကြည့်ခဲ့ပေ။ သူက ဘာမှမထူးခြားသလို စကားဆက်ပြောနေသည်။

"ငါ ထိုက်ကျန်းတာအိုခန္ဓာ အကူအညီနဲ့ အနောက်နွားရှင်းကျိုး ကျွန်းကို ခရီးပတ်သွားခဲ့ဖူးတယ်... မရေမတွက်နိုင်တဲ့ နတ်ဆိုးတွေကို နှိမ်နင်းပြီး ထိုက်ဟွာချင်း နန်းတော်ရဲ့ တာအိုဝါဒီအဖြစ် လေးစားခံရတယ်... မင်းငါ့ကို တိုက်ခိုက်ရင် ထိုက်ဟွာချင်း နန်းတော်က မင်းရဲ့ခွေး ငါ့ရဲ့သမင်ကို တိုက်နေသလိုပဲ ပြန်တိုက်လိမ့်မယ်...."

သူပြောသလိုပဲ အေးစက်တဲ့လေက ရုတ်တရက် တိုက်ခတ်သွားရာ သမင်နဲ့ ဟေးကော်တို့ အတူတူ ပျောက်သွားသည်။ ဟေးကော်က အမှန်တကယ်ပင် ဤစီကာသမင်ကို မရဏကမ္ဘာထဲသို့ ဆွဲငင်ခဲ့ချေပြီ။

ဤတော့မှ ယွိလင်ကျစ်လည်း ထိတ်လန့်သွားပြီး မျက်လုံးများကို လျင်မြန်စွာ ဖွင့်လိုက်ရာ တိမ်တိုက်က ရှိနေဆဲဖြစ်ပြီး သစ်သားလှည်းသည်လည်း တိမ်တိုက်ထဲ ရွေ့လျားနေဆဲဖြစ်နေတာ တွေ့လိုက်ရသည်။ ထိုမှသာ သူ စိတ်သက်သာရာ ရသွားပါသည်။

ချင့်ယွင်သည် ထိုက်ဟွာချင်းနန်းတော်၏ ရတနာဖြစ်သည်။ ဤရတနာက ပျံသန်းနိုင်ပြီး အကြီးအသေး အလိုအလျောက် ပြောင်းလဲနိုင်သည်။ ဤနေရာတွင် ချင့်ယွင် ရှိနေသရွေ့ ချန်ရှီနဲ့ သစ်သားလှည်းက ဘယ်တော့မှ လွတ်မြောက်မည် မဟုတ်ပါ။

ချန်ရှီလည်း ဒီမြင်ကွင်းကိုမြင်ပြီး အံ့အားသင့်သွားသည်-

"ဟေးကော် ပိုအားကောင်းလာတယ်... အရင်တုန်းကတော့ တခြားသူတွေရဲ့ ဝိညာဉ်တွေကို မရဏကမ္ဘာထဲကို ခေါ်သွားနိုင်ပေမယ့် ခန္ဓာကိုယ်တွေကိုတော့ မရပါဘူး... အခု သူ လေ့လာ​နေတာတွေက အချည်းနှီး မဖြစ်သွားပုံပဲ!"

ဟေးကော်ရဲ့ လုံခြုံရေးအတွက် သူ လုံးဝ စိတ်မပူတော့ဘဲ ပြုံးပြုံးလေး ပြောလိုက်သည်။

"ယွိလင်ကျစ်... ငါမင်းကို ငိုအောင် လုပ်လိုက်ရင် မင်းပြောတဲ့ စကားတွေကို ပြန်ပြောနိုင်သေးလား"

ယွိလင်ကျစ် အနည်းငယ် ထိတ်လန့်ကာ ရယ်မောလိုက်သည်။

"ငါ့ကို ငိုအောင်လုပ်မယ်...."

ချန်ရှီ လှုပ်ရှားပြီ!

လက်ငါးချောင်းကို အတွင်းဖက်ကို ကွေးပြီး လက်သီးတဝက်လောက် ဆုပ်ထားရင်း ကျယ်လောင်တဲ့ မိုးခြိမ်းသံနဲ့ ပြေးထွက်လာသည်။

လက်သီး ကြွလာတာနဲ့ ယွိလင်ကျစ်လည်ချောင်းကို ထိနေပြီ။ ကျောက်စိမ်းရူယိက ယွိလင်ကျစ်ရဲ့ ခေါင်းနောက်မှ ၎င်းကို ပိတ်ဆို့ရန် ပြေးထွက်လာခဲ့သည်။

ချန်ရှီ သူ့လက်ကို ပြန်ရုတ်လိုက်သည်။

ထိုက်ကျန်းတာအိုခန္ဓာက အမှန်တကယ်ပင် အစွမ်းထက်သည်။ ချန်ရှီရဲ့ လက်သီးချက်က သူ့လည်မျိုကို ကျိုးသွား​စေရုံသာ ဖြစ်သွားခဲ့သည်။ အကယ်၍ နတ်အသွင်ပြောင်းနယ်ပယ်က တခြားလူသာ ဖြစ်ပါက ဤထိုးချက်သည် ကျောရိုးကို လည်ပင်းမှ လွင့်သွားစေပြီး ခန္ဓာကိုယ် အောက်ပိုင်းတစ်ခုလုံး သေသွားလိမ့်မည်။ ချန်ရှီသည် ထိုက်ကျန်း၏ ထူးခြားသော တာအိုဘုံကို သဘောကျစေသည့် အသံအိုးကိုသာ ချိုးလိုက်သည်။

နှစ်ယောက်စလုံးသည် သစ်သားလှည်းပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ တစ်ယောက်နှင့်တစ်ယောက် အလွန်နီးကပ်နေသည်။

သစ်သားတွန်းလှည်း အတွင်းက နေရာက ကြီးကြီးမားမား မဟုတ်သလို ဒီလိုသေးငယ်တဲ့ နေရာမျိုးမှာ သွားလာရခက်ပေ၏။ သို့သော် ချန်ရှီသည် ဤထိုးနှက်ချက်ကို လွှတ်လိုက်သောအခါ ဒုတိယမြောက် ထိုးနှက်ချက်အပြီး တစ်ချိန်တည်းတွင် သူလက်သီးကို ပြန်ဆုတ်သွားခဲ့သည်။

ဤလက်သီးသည် နံရိုးများနှင့် ဆက်ထားသော လည်ပင်းအထက် အရိုးထိပ်ကို ထိမှန်သွားသည်။ တစ်ချက် ထိုးလိုက်ရုံဖြင့် ယွိလင်ကျစ်ရဲ့ အတွင်းအင်္ဂါများသည် ပြင်းထန်စွာ လှုပ်ခါကာ ပါးစပ်ထောင့်မှ သွေးများ စီးကျလာပြီး အလိုအလျောက် အောက်သို့ ငုံ့သွားခဲ့သည်။

သူ့ရင်ထဲမှာ အေးစက်သွားသလို ခံစားလိုက်ရသည်။ ကျောက်စိမ်းသဘောတရားက သူဆန္ဒအတိုင်း လှုပ်ရှားသွားပေမယ့် ချန်ရှီရဲ့ ထိုးချက်တွေကို မတားဆီးနိုင်သေးပါဘူး။

သူ့ခန္ဓာကိုယ်ကို ငုံ့ထားစဥ် ချန်ရှီရဲ့ ညာလက်ဟာ ထူထဲပြီး လေးလံလာကာ သူ့ခေါင်းနောက်ကို မိုးခြိမ်းသံနဲ့အတူ ထိသွားသည်။ ကျောက်စိမ်းဆံထိုးက ပျံထွက်ကာ သူ့လက်ကို ကာထားပြီဖြစ်သော်လည်း မတားဆီးနိုင်ခဲ့ပေ။

သူ့ဝိညာဉ်သည် သူ့ခန္ဓာကိုယ်မှ ပျံထွက်သွားသည်။ ထိုအခိုက် ချန်ရှီသည် သူ့မျက်လုံးများကို လက်နှစ်ချောင်းဖြင့် ထိုးဖောက်ပစ်လိုက်သည်။ သူသည် အန္တရာယ်နှင့် ရင်ဆိုင်ရစဉ်တွင် ငြိမ်သက်နေပြီး ညာလက်ထဲက မိုးကြိုးတစ်ချက် ပစ်လွှတ်လိုက်သည်။ ချန်ရှီရဲ့ မိုးကြိုးငါးလုံးက သူ့စိတ်ဝိညာဉ်ရဲ့ မျက်နှာကို ထိမှန်သွားခဲ့ပြီး သူ့ဝိညာဉ်ကို လေထုထဲကနေ ကန်ထုတ်ပစ်လိုက်သည်။

ထို့နောက် သူသည် မိုးကြိုးမုန်တိုင်းဖြင့် ဖောက်ထုတ်လိုက်ရာ ယွိလင်ကျစ် ဝိညာဉ်သည် ပြင်းထန်စွာ တုန်လှုပ်သွားကာ ကွဲလုနီးပါး ဖြစ်နေပြီ။

"သွားပြီ!"

သူ တခြားဘာကိုမှ ဂရုမစိုက်နိုင်​တော့ဘဲ ချင့်ယွင် တိမ်တိုက်ကို ချက်ချင်း ပြန်ခေါ်ယူလိုက်သည်။ သစ်သားလှည်းမှာ ထောက်မမှု ပြတ်တောက်သွားသဖြင့် ကောင်းကင်မှ ချက်ချင်း ပြုတ်ကျသွားသည်။

သို့သော် အရှိန်မပြင်းသော အော်သံနှင့်အတူ လှည်းဘောင်ပေါ်တွင် ထည့်သွင်းထားသော မြက်ခင်းက ပွင့်သွားပြီး ဧကဝက်ခန့် အရွယ်အစား ဖြစ်သွားကာ လေထဲတွင် လွင့်မျောရင်း တဖြည်းဖြည်းသာ ကျဆင်းလာသည်။

ချန်ရှီ နောက်ထပ် လက်သီးတစ်ချက်ကို ပစ်လိုက်ပေမယ့် ရုတ်တရက် သူ့လက်သီးက တိမ်တိုက်ကိုသာ ထိမှန်သွားခဲ့ပြီး အင်အားလုံးဝ မရှိခဲ့ချေ။ သူက ပေါ့ပေါ့ပါးပါး အာမေဋိတ်ကို ထုတ်ပြီး သူ့ခြေထောက်ကို လွှဲချလိုက်လေသည်။ ယွိလင်ကျစ်လည်ပင်းကို ထိမှန်နေတာ သိသာသော်လည်း အင်အားလုံးဝမရှိဘဲ တိမ်တိုက်ကိုသာ ထိသွားပုံရသည်။

သူ့လက်ကိုလှန်ပြီး မိုးကြိုးငါးခုကို ဖောက်ထုတ်ပစ်လိုက်သည်။ မိုးခြိမ်းသံက ချင့်ယွင်တိမ်တိုက်ထဲ ပေါက်ကွဲသွားသော်လည်း ယွိလင်ကျစ် အပေါ် သက်ရောက်မှု မရှိခဲ့ပေ။

ယွိလင်ကျစ်လည်း သူ့ကိုယ်တွင်းအင်္ဂါများ ပြင်းထန်စွာ ပျက်စီးသွားသလို ခံစားလိုက်ရသည်။ လည်မျိုကွဲသွားသဖြင့် လည်ချောင်းကို ပိတ်ဆို့သွားစေရန်အတွက် ချင့်ယွင်တိမ်တိုက်ကို အကာအကွယ် ယူလိုက်သည်။ သူသည် လိပ်အသက်ရှုနည်းကို လျင်မြန်စွာ ပြောင်းလိုက်ပြီး သူ့ချွေးပေါက်များမှတဆင့် ရှူထုတ်လိုက်သည်။

ချန်ရှီ၏ ရိုက်နှက်မှုကြောင့် သူ့ခေါင်းက ကွဲလုမတတ် ဖြစ်သွား​ပြီ။ ဦးခေါင်းခွံမှာ အက်ကွဲကြောင်းတွေ ရှိနေပြီး ဦးနှောက်ကလည်း ကွဲလုမတတ် ဖြစ်နေပါပြီ။ ဝိညာဉ်ကလည်း ပြင်းထန်စွာ ပျက်စီးသွားခဲ့သဖြင့် ခန္ဓာနဲ့ဝိညာဥ် အတူနေရန်ပင် ခဲယဉ်းလာသည်။

ယွိလင်ကျစ် ထိတ်လန့်ကာ ဒေါသထွက်သွားသည်။ သူသည် အနည်းငယ် မာနကြီးပြီး ချန်ရှီဆီက ရိုက်နှက်ခံလိုက်ရတာ သေလုနီးပါးပင်။

ချန်ရှီသည် သူ၏ အစွမ်းထက်သော ထိုက်ကျန်းတာအိုခန္ဓာကို ချီးမွမ်းနေတုန်း ချက်ချင်းပင် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူ့ခြေဖဝါး ဆင်းသက်လာသည်နှင့်အမျှ အကြွင်းမဲ့ ဝိညာဉ်အလံ ဆယ်ခုသည် သူ့ခြေဖဝါးအောက်မှ ထွက်ပေါ်လာပြီး ချက်ချင်းဆိုသလို သူတို့နှစ်ဦး၏ ပတ်လည်တွင် နတ်ဘုရား ၂၅၆ ပါး ပေါ်လာသည်။

အကြွင်းမဲ့ဝိညာဥ်အလံဆယ်ပါး!

အကြွင်းမဲ့ဝိညာဥ် အလံဖွဲ့စည်းမှု ဆယ်ခုသည် ချင့်ယွင်ကို ချိုးဖျက်နိုင်မလားဆိုတာ သူတကယ် ကြိုးစားကြည့်ချင်သည်။

ယွိလင်ကျစ် ထိတ်လန့်တုန်လှုပ်သွားပြီး အံကြိတ်နေသော သွားဆယ်ချောင်းထဲမှ ဒေါသသံများ အလျင်အမြန် ထွက်လာကာ သူ့နှလုံးသားထဲတွင် တိတ်တဆိတ် စိုးရိမ်လာခဲ့သည်။

"ဆရာဦးလေးမိန်က ခွေးနက်ကြီး ဘာလို့ အခုထိ မသတ်နိုင်သေးတာလဲ"

မြေအောက်ကမ္ဘာက စိကာသမင်ကိုပါ ဒေါသထွက်လာသည်။ ၎င်းက နန်းတော်၏ တောင်တံခါးကို စောင့်ကြပ်သော တောင်၏ အုပ်ထိန်းသူ သားရဲဖြစ်သည်။ နှစ်ပေါင်းတစ်ထောင်ကြာအောင် နေထိုင်ခဲ့ပြီး နန်းတော်၏ မရေမတွက်နိုင်သော တပည့်များက ဆရာကြီးမိန်အဖြစ်ပင် လေးစားခဲ့ကြသည်။ အဆင့်အတန်း မြင့်ပေမယ့် ခွေးနက်တစ်ကောင်က သူ့ကို မရဏကမ္ဘာထဲကို ဆွဲခေါ်သွားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့။

ဒါက သူ့အတွက် အရှက်ရစရာကြီးပဲ။

ဒီခွေးနက်ကြီးက သူ့ရဲ့ ခံခဲ့ရတဲ့ အကွက်အတွက် ကြီးကြီးကျယ်ကျယ် ပြန်ချချင်နေတာ ဖြစ်မည်။

လေထဲ၌ သမင်ဦးခေါင်းနှင့် လူ့ခန္ဓာကိုယ်နှင့် စီကာသမင်တစ်ကောင် မတ်တပ်ရပ်​​နေကာ သူ့ခေါင်းပေါ်၌ သမင်ချိုများ ပေါ်လာသည်။ ဇီးပန်းတွေက အင်မတန် တောက်ပလာသည်။

ထိုက်ဟွာချင်း နန်းတော်၏ ကြယ် ၃၆ပွင့်နတ်ဘုရားများ၏ သင်္ကေတများ ဖြစ်သည့် အထည်နဖူးစည်းစာတန်းဖြင့် ဖုံးအုပ်ထားသည်။ ၎င်းကိုအသက်သွင်းပြီးသည်နှင့် ၎င်းသည် စစ်မှန်သော နတ်ဘုရား ပြန်လည် ရှင်သန်လာပုံဖြင့် ကြယ်သုံးဆယ့်ခြောက်ပွင့် နတ်ဘုရားများက ၎င်းကို လှည့်ပတ်ကာ တိုက်ခိုက်ရန် ကူညီပေးနိုင်သည်။

ဤကြယ်နတ်ဘုရားများသည် အလွန် အစွမ်းထက်သော ထျန်းကန်းအစီအရင်ကိုပင် ဖန်တီးနိုင်သည်။

"ခွေး!"

ဆရာဦးလေးမိန်က ဟောက်ပြီး ခွေးနက်ရဲ့နေရာကို ရှာဖို့ လှည့်ကြည့်လိုက်သည်။ ထိုအချိန်၌ နတ်ဆိုးမီးလျှံသည် တောင်တစ်ဝိုက်၌ ဝဲပျံလျက် အရှေ့မှာ လွင့်မျောနေတာ မြင်လိုက်ရသည်။

ဆရာဦးလေးမိန်ရဲ့ နှလုံးလည်း အနည်းငယ် တုန်လှုပ်သွားသည်။ မျှော်ကြည့်လိုက်တော့ ခွေးခေါင်းက တောင်ကုန်းလောက် ကြီးနေပြီ။ အနည်းငယ် ကိုက်လိုက်ရုံနဲ့ သွေးထွက်စေနိုင်တဲ့ သွားတွေနဲ့ သူ့ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။

ထိုအခိုက် ချွေးသီးပုတီးများက ဆရာကြီးမိန်၏ နဖူးနှင့် သမင်ချိုများပေါ်တွင်ပင် ပေါ်လာတော့သည်။ မထင်မှတ်ထားလောက်အောင် ကြီးမားသော ခွေး​ကြီးသည် ၎င်း၏ကြီးမားသော ခြေသည်းကို မြှောက်ကာ ၎င်း၏သမင်ချိုများပေါ် ဖိထားသည်။

ဆရာကြီးမိန် မလှုပ်ရဲတော့ပေ။ သူ၏ ဦးချိုများပေါ်တွင် တွန်းလှန်နိုင်သော ဖိအားတစ်ခုမျှသာ ခံစားလိုက်ရပြီး နွားသငယ်တစ်ကောင်လိုမျိုး မြေကြီးပေါ်သို့ ဖိမိသွားသည်။ ဒါက မရဏကမ္ဘာ ဖြစ်သည်။ မြေကြီးအောက်တွင် ချော်ရည်များ ရှိတာကြောင့် ခြေထောက်တွေ မီးလောင်သွားရင်တောင် လျှောက်မလှုပ်ရဲတော့ပါ။

ခွေးဘီလူးကြီး ဖြည်းညှင်းစွာ ဆုတ်သွားတာကို ကြည့်ရင်း တစ်ကိုယ်လုံး အေးခဲသွား၏။

"ဘာဆက်လုပ်ရမလဲ?"

ဆရာကြီးမိန်၏ မျက်လုံးများသည် ဟိုဟိုဒီဒီကြည့်ရင်း ခွေးဘီလူးကြီး နောက်သို့ ဆုတ်ခွာသွားတာ မြင်လိုက်ရချိန် ကိုယ့်ကိုကိုယ် ပြန်ပြောနေမိတာကတော့။

"ပြေး! မင်းရဲ့ခြေထောက်တွေကို အမြန် ဆွဲထုတ်ပြီး ပြေး! မင်းအသက်အတွက် ပြေးထားရမယ်... သမင်ကို မဆုံးရှုံးစေနဲ့..."

လွတ်မြောက်ချင်ပေမယ့် သတ္တိမရှိခဲ့ပါ။ သူ့ခြေထောက်တွေက သူ့ပိုင်တာတွေ မဟုတ်သလိုမျိုး ပြင်းပြင်းထန်ထန် တုန်နေ၏။

ခွေးကြီးသည် တိကျသော အကွာအဝေးသို့ ဆုတ်သွားပြီး ခေါင်းကိုငုံ့ကာ ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်း တိုးကာ ဟောက်သံနဲ့အတူ အရှိန်ပြင်းပြင်း ပြေးချလာသည်။

"ငါ့ကို ရိုက်တော့မယ်!"

ဆရာကြီးမိန်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

"ဟုတ်တာပေါ့... ငါအစောကသူ့ကို အံ့အားသင့်သွားအောင် တိုက်ခိုက်လိုက်၊ ဆောင့်သွင်းလိုက်၊ ကောက်ကိုင်လိုက်၊ လွှင့်ပစ်လိုက်၊ ဒေါသတကြီး ဆုပ်ကိုင်ထားလိုက်နဲ့ လုပ်ခဲ့တာ... သူ ကလဲ့စားချေဖို့ လာတာပဲ... ရပါတယ်၊ ရပါတယ်၊ သူ့မှာချိုမပါဘူး အဆင်ပြေတယ်...."

ခွေးနက်ကြီးသည် ဘေးတိုက် ရွေ့လျားနေသော တောင်ကြီးတစ်ခုလို ဟောက်သံနှင့် ပြေးလာပြီး ဆရာကြီးမိန်၏ ဦးခေါင်းကို ဝင်တိုက်ပစ်၏။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဆရာကြီးမိန် လှိမ့်ထွက်သွားပြီး သမင်ချိုနှစ်ချောင်း သူ့ခေါင်းပေါ်မှ ပြုတ်ကျကာ ဆယ်မိုင်ကျော်အကွာက ချော်ရည်ထဲ နစ်မြုပ်သွားခဲ့တော့သည်။ ဆရာကြီးမိန်သည် မိုင်ပေါင်းများစွာ ဝေးကွာသော အရပ်သို့ ပျံသန်းသွားခဲ့ကာ သေလားရှင်လား မသိရပေ။

ခွေးနက်ကြီးသည် အပြေးအလွှား ပြေးလာပြီး ဆရာကြီးမိန်ကို နင်းမိတော့သည်။

ခဏအကြာတွင် ခွေးနက်ကြီးသည် သမင်ချိုနှစ်ချောင်းကို ယူကာ အလျင်အမြန် ပြန်ထွက်လာခဲ့သည်။

ကောင်းကင်ယံ၌ သေမင်းတမန် အသွင်သဏ္ဌာန် ဆယ်ပါး ထွက်ပေါ်လာပြီး တခဏချင်းတွင် ကောင်းကင်ယံ၌ လူသတ်ချင်နေသော ရောင်ဝါများ ပျံ့လွင့်သွားသည်။ နတ် ၂၅၆ နပါးတို့သည် ကြီးမားသော လူသတ်ဘေးဆိုးကြီး အဖြစ် ဖွဲ့စည်းပစ်လိုက်သည်။

ချင့်ယွင်သည် ထိုက်ဟွာချင်နန်းတော်က အစောင့်အရှောက် သားရဲ ဖြစ်သည်။ ယွိလင်ကျစ်အား သူပေးခဲ့သော အကာအကွယ် ရတနာသည် ရှားပါးရတနာဖြစ်ပြီး မည်သည့်နေရာမဆို တွန်းလှန်နိုင်သည်ဟု လူသိများသည်။

ဒီရတနာဟာ သူ့အသက်ကို အကြိမ်ပေါင်းများစွာ ကယ်တင်ခဲ့သည်။ သို့သော် အကြွင်းမဲ့ဝိညာဉ်အလံဆယ်ပါးက ဖြတ်ကျော်သွားစဥ် သာယာသောတိမ်တိုက်သည် တခဏချင်း ကွဲအက်သွား​ကာ အလံတွေက သူ့ကို မျိုချတော့မည်ဟု ထင်ရသည်။ ရုတ်​တရက်​ အကြွင်းမဲ့ဝိညာဉ်အလံဆယ်ပါးက ​ပျောက်​ကွယ်​သွားသည်​။

ထိုအခိုက် ချန်ရှီက ရှေ့သို့ လှမ်းတက်ကာ ယွိလင်ကျစ်လည်ပင်းကို ဖမ်းကိုင်ကာ မြှောက်ထားလိုက်သည်။

"မင်း ငိုမှာလား မငိုဘူးလား"

ယွိလင်ကျစ် လုံးဝ စိတ်ပျက်သွားသည်။

"ဘာလို့ ဆရာဦး​လေးမိန် မလာသေးတာလဲ ..."

ထိုအချိန်တွင် ဟေးကော်က မြေအောက်ကမ္ဘာမှ ပြေးထွက်လာပြီး သမင်ချို နှစ်ချောင်းကို ယူဆောင်လာ​လေသည်။ ဒါကိုမြင်တော့ ယွိလင်ကျစ်လည်း သူ့နှလုံးသားထဲတွင် တစ်စုံတစ်ရာ ကွဲအက်သွားသလို ခံစားလိုက်ရကာ မျက်လုံးများ နီရဲလာပြီး မျက်ရည်ကျလာတာကိုတောင် မထိန်းနိုင်တော့ပေ။

ချန်ရှီ သူ့ကို မြေကြီးပေါ် ပစ်ချလိုက်ပြီး။

"မင်းဘာပြောခဲ့တာလဲ... ထပ်ပြောပါဦး!"

သစ်သားလှည်းသည် မျက်လုံးကြီးများကို စူးစမ်းလိုစိတ်ဖြင့် ဖွင့်လိုက်ပြီး ကြီးမားသော စီကာသမင်ချိုများဘေး လှည့်ပတ်နေသည်။ ဆရာကြီးမိန်၏ သမင်ချိုများပေါ်တွင် ဇီးသီးပွင့်များက နီရဲစွာ တောက်ပနေသည်။

လှည်းကလည်း အရမ်းစပ်စုနေ၏။ ၎င်းသည် လက်ခြောက်ချောင်းကို ကြီးထွားစေပြီး သမင်ချိုများကို မြှောက်ယူ၍ လှည်း၏တစ်ဖက်စီကို တင်ထားလိုက်သည်။

ယွိလင်ကျစ်သည် သမင်ချိုနှစ်ချောင်း တပ်ထားသော လှည်းကို ကြည့်လိုက်သည်။ ၎င်းက ဘီးလေးဘီးကို မြှောက်လျက် ဆရာကြီးမိန်နှင့်တူသော ခုန်ပေါက်ပြေးလွှားနေသည့် သမင်တစ်ကောင်သဖွယ် အတုယူကာ စာတိုက်လမ်းပေါ်တွင် တဟုန်ထိုးခုန်နေသည်။ ယွိလင်ကျစ် မထိန်းနိုင်ဘဲ ဝမ်းနည်းပြီး မျက်ရည်များ ပါးပြင်ပေါ်သို့ စီးကျလာ​တော့သည်။

လမ်းမပေါ်၌ တုန်လှုပ်ချောက်ချားဖွယ် အသံများ ထွက်ပေါ်လာသည်။

"ငါ ခြောက်နှစ်သား ကတည်းက လေ့ကျင့်ခဲ့ပြီး အသက် ဆယ်နှစ်မှာ ခရိုင်စာမေးပွဲမှာ ပထမရခဲ့ပါတယ်... ကောင်းကင်မှာ ရပ်ပြီး မင်းကို ကြည့်နေသလိုပဲ... မသေမျိုးက သာမန်လူတစ်ယောက်ကို ကြည့်နေသလိုပဲ..."

"ငါ... ထိုက်ကျန်းတာအိုခန္ဓာကို ပြုစုပျိုးထောင်ခဲ့ပြီးပြီ...ကျောက်စိမ်းသဘောတရားလို ခေါ်တဲ့ အဓိပ္ပာယ်က ငါဆန္ဒအတိုင်း ဖြစ်မြောက်သွားတဲ့အခါ တာအိုဘုံ မှော်ပညာနဲ့ တိုက်ခိုက်မှုက ငါ့အနားကို မရောက်နိုင်ဘူး..."

"ငါ အနောက်နွားရှင်းကျိုး တစ်ခွင် ခရီးပတ်သွားဖို့ ထိုက်ကျန်းတာအိုခန္ဓာကို အားကိုးခဲ့တယ်... မင်းငါ့ကို တိုက်ရင် ငါ့ရဲ့ ထိုက်ဟွာချင်နန်းတော်ထဲက သမင်ကို မင်းခွေးနဲ့ တိုက်နေသလိုပဲ ဖြစ်လိမ့်မယ်..."

……

ဒီလိုပြောတဲ့အခါ ဝမ်းနည်းပူဆွေးပြီး မျက်ရည်များ ကျကာ မြေကြီးပေါ် လဲကျသွား၏။

"ထပ်ရွတ်ကြည့်..."

ယွိလင်ကျစ် မြေပြင်ပေါ်တွင် လဲလျောင်းရင်း ငိုနေလေသည်။

အခုပဲ ချန်ရှီက သူ့လည်ချောင်းထဲက ကျိုးနေတဲ့အရိုးတွေကို ချိတ်ဆက်ပေးပြီး သူ့ခန္ဓာကိုယ်ကို လိမ်းဖို့ ဆေးရှာသည်။ သူ့ဒဏ်ရာတွေကြောင့် မသေသွားစေဖို့အတွက် ဆေးလည်း သောက်ခိုင်းသည်။ ထို့နောက် “ကျောက်စိမ်းစကား” လို့ ခေါ်တဲ့ ရွတ်ဆိုခိုင်းပြီး ငြင်းရင် ရိုက်တော့သည်။

ဒါကိုမြင်တော့ ဟေးကော်က သူ့ကိုယ်သူ "သခင်ငယ်က သခင်ကြီးဆီကနေ မကောင်းတာတွေ သင်ခဲ့တာပဲ... သခင်ကြီးဆီကနေ ကောင်းတာတွေ သင်ယူဖို့ နှစ်နှစ်လောက် အချိန်ယူရတယ် ဒါပေမယ့် သခင်ကြီးဆီက မကောင်းတာတွေကို သင်ယူဖို့ကျ နှစ်ရက်ပဲ ​​အချိန်လိုတယ်...." ပြန်တွေးနေသည်။

သူ သက်ပြင်းပြင်းပြင်း ချလိုက်မိသည်။

လေးနှစ်အရွယ် ခွေးတစ်ကောင်အတွက် ဆယ့်သုံးနှစ်သားကလေးကို ပြုစုစောင့်ရှောက်ရတာ ခက်ခဲလွန်းလှ​ပေသည်။

ချန်ရှီသည် ယွိလင်ကျစ်သည် ကျောက်စိမ်းစကားလုံးတွေနဲ့ ကျောက်စိမ်းဘာသာစကားကို ထပ်ခါတလဲလဲ ပြောခိုင်းပြီးနောက် ကျေနပ်သလိုခံစားရမှ ခေါင်းညိတ်လိုက်သည

"ဒါကြောင့် ချန်ထန်က ငါ့ကို ရွတ်ဆိုခိုင်းတဲ့အခါ သူအရမ်းပျော်နေတာကို..."

သူ အခုလည်း အရမ်းပျော်နေပြီ။ ဒါကြောင့် သစ်သားလှည်းနှင့် ဟေးကော်ကို ခေါ်လိုက်သည်။ ယွိလင်ကျစ်ကိုတော့ ဂရုမစိုက်နေတော့ဘဲ ရှီးကျင်းမြို့သို့ ပြန်လာခဲ့သည်။

ယွိလင်ကျစ် အကြာကြီး ငိုနေ၏။ ထိုအချိန်တွင် လေအေးများ တိုက်ခတ်လာကာ ကြီးမားသော စီကာသမင်ကြီးတစ်ကောင်သည် မှော်ပညာကို အသက်သွင်းရန် ပြင်းပြင်းထန်ထန် ကြိုးစားကာ သက်ရှိလောကသို့ ပြန်လည် တွားသွားလာခဲ့သည်။ သူ့အနားသို့ တွားသွားလာဖို့ အတင်းရုန်းကန်နေရသည်။ မှော်ပညာကို ဖြန့်ခွဲပြီးတဲ့အခါ အသက်ရှုကြပ်ကာ မြေပြင်ပေါ်တွင် လှဲနေလိုက်သည်။

ယွိလင်ကျစ် အံ့အားသင့်သွားကာ တစ်ဆက်တည်း သူ အလွန်ဝမ်းသာသွားသည်။

"သူငါ့ကိုမသတ်ဘူး!"

"ခွေးကလည်း ဆရာဦးလေကို မသတ်ဘူး!"

"ကြင်နာတတ်တဲ့ လူပဲ!"

သူအရမ်း ပျော်သွားသဖြင့် သမင်လည်ပင်းကို ပွေ့ဖက်လိုက်ပြီး လက်မလွှတ်တမ်း အော်ငိုနေခဲ့သည်။ ဆရာကြီးမိန်၏ အသက်ရှုသံများက ပြင်းထန်နေသည်။ ခေါင်းက ပြောင်နေခဲ့ပြီး သမင်ချိုပေါက်နေသည့် နေရာ၌ သွေးတွင်းနှစ်ပေါက် ရှိ​နေသည်။

All Chapters