သူငယ်ချင်းတွေကို ပေါ့ပေါ့ဆဆ မထားပါနဲ့
Vol. 19 Ch. 283
လူသုံးယောက်က မထိန်းနိုင်ဘဲ တုန်လှုပ်သွားကြသည်။ နတ်သန့်စင်ခြင်းနယ်ပယ် အထွတ်အထိပ်ဟာ အနတ္တပြန်ခြင်းနယ်ပယ်ကို သွားရန် ခြေတစ်လှမ်းသာသာရှိပြီး ဖူကျန့်အဆောက်အအုံတွင် ဂုဏ်သိက္ခာရှိသော အလယ်တန်းအရာရှိ အဖြစ် နေရာယူနိုင်သည်။
ချင်စူးက ဖန့်ဖောင်ကို စမ်းသပ်ခိုင်းရတဲ့ အကြောင်းအရင်းကတော့ ဖန့်ဖောင်ရဲ့ စွမ်းအားက လုံလောက်ပြီး သူ့နယ်ပယ်ကလည်း မြင့်မားလွန်းတာကြောင့်ပင်။
ဖန့်ဖောင်သည် မြင့်မြတ်သော မိသားစုမှ မွေးဖွားလာခဲ့ပြီး ငယ်စဉ်ကတည်းက ပါရမီရှင်အဖြစ် လူသိများခဲ့သည်။ လူလတ်ပိုင်းအရွယ်သို့ ရောက်သောအခါ အလောင်းသုံးကောင်ဘုံကို မွေးမြူခဲ့သည်။
နောက်ပိုင်းတွင် သူသည် အခြားသူများနှင့် ရန်ဖြစ်ခဲ့ပြီး နတ်ဝိညာဉ်က ဒဏ်ရာရသွားခဲ့သဖြင့် သူ့နယ်ပယ်ကို ရပ်တန့်သွားစေခဲ့သည်။ ကံကောင်းထောက်မစွာ သူ့ကိုကုသရန် တစ်စုံတစ်ဦးကို ငှားရမ်းနိုင်ရုံသာမကဘဲ ထိုက်ဖျင်ဂိုဏ်းက မြေအောက်ကမ္ဘာမှ ခိုးယူထားသော ဝိညာဥ်ပြန်ကြာပန်းနဲ့ သန့်စင်ထားသော ဝိညာဥ်ရှင်ပြန်ဆေးကြောင့် နောက်ဆုံးတွင် သူ့ဒဏ်ရာဟောင်းများ ကုသနိုင်ခဲ့သည်။
ဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက် နှစ်အနည်းငယ်အတွင်း နတ်သန့်စင်ခြင်းနယ်ပယ်သို့ ဖြတ်ကျော် ဝင်ရောက်ခဲ့သည်။ သူက အခု အသက်ခြောက်ဆယ်ပဲ ရှိသေးပေမယ့် အနတ္တပြန်ခြင်းဘုံနဲ့ အရမ်းနီးစပ်နေပြီ။ သူသည် မဟာယာနနယ်ပယ်ကို ပြုစုပျိုးထောင်ရန် မျှော်လင့်ချက်ရှိသော လူငယ်ဆရာတစ်ဦး ဖြစ်သည်။
အဆင့်အတန်းတူတဲ့ တခြားသူတွေနဲ့ ယှဉ်ရင် သူက ငယ်ရွယ်ပေ၏။ သို့သော် ထိုလူသည် ချန်ထန်ရဲ့ နောက်ခံနယ်ပယ်ကို ရှာမတွေ့သေးပေ။
ချန်ထန်က ဘယ်နယ်ပယ်မှာလဲ။
ချန်ထန်သည် ဖန့်ဖောင်ထက်ပင် ငယ်ပြီး နှိမ့်ချသော ကိုယ်ရေးအချက်အလက်ကို အမြဲ ထိန်းသိမ်းထား သည်။ လူတော်တော်များများက သူ့ကို လျစ်လျူရှုပြီး သူ့ရဲ့ ကျင့်ကြံမှုစွမ်းရည်က ဒီလောက်ပဲလို့ ထင်နေကြ၏။
သူ့ခွန်အားကို ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ။
"ချန်မိသားစုရဲ့ မျိုးဆက်သုံးဆက်ကို လျှော့မတွက်သင့်ဘူး!"
ဖန့်ဖောင်က တိုးညှင်းသော အသံဖြင့် ပြောလေသည်။
.......
စောစော အိပ်ရာဝင်ထားသောကြောင့် ချန်ရှီ စောစောထသည်။ မနက်စာ စားပြီးတာနဲ့ ကွမ်ကျီးသိုလှောင်ရုံကို ချက်ချင်း ထွက်ခွာလိုက်သည်။
သူထွက်လာသည်နှင့် ချက်ချင်းပင် ချန်စံအိမ်ရှေ့တွင် ထိုင်နေသော ယွိလင်ကျစ်ကို တွေ့လိုက်ရသည်။ သူ့လည်ပင်းမှာ အနည်းငယ်ပွန်းပဲ့နေပြီး ရောင်နေသေးကာ အသားအရည်ကလည်း သိပ်မကောင်းလှပေ။ မနေ့က ခံစားရတဲ့ ဒဏ်ရာက မသက်သာသေးတာ ဖြစ်ပေမည်။
ချန်ရှီသည် လက်ဆပြင်းပြင်း မသုံးခဲ့ပေ။ တစ်လ သို့မဟုတ် နှစ်လလောက် အနားယူပြီးနောက်မှ သူ့အထွတ်အထိပ်သို့ ပြန်ကောင်းလာပေမည်။ ထိုက်ဟွာချင်း နန်းတော်မှ မှော်ဆေးပညာကို ပေါင်းထည့်လိုက်ရင် ပြန်လည် ကျန်းမာလာဖို့ ပိုမိုမြန်ဆန်လာမည် ဖြစ်သည်။
ဒါပေမယ့် အင်ပါယာ စာမေးပွဲကိုတော့ လွတ်သွားနိုင်သည်။ ယွိလင်ကျစ်က သူထွက်လာတာကို မြင်တော့ ချက်ချင်း ထရပ်ပြီး။
"ချန်ရှီ..ဆရာဦးလေး..."
နောက်ဆုံးတွင် သူသည် သူ့နှလုံးသားအတိုင်း လိုက်၍ “ဆရာဦးလေး” ဟု အော်ခေါ်ပြီးနောက် သူ့စိတ်ထဲ များစွာ သက်သာလာခဲ့သည်။ အကြီးအကဲတစ်ဦးမှ သင်ခန်းစာပေးရခြင်းသည် ကြီးကျယ်သော ကိစ္စမဟုတ်ပေ။ ထို့အပြင် သူသည် ထိုက်ဟွာချင်း နန်းတော်တွင်လည်း သူ့ဦးလေးများက မကြာခဏ သင်ခန်းစာတစ်ခု သင်ကြားပေးခဲ့သည်။
ချန်ရှီ အနည်းငယ် အံ့ဩသွားပြီး။
"ယွိလင်ကျစ် မင်းဘာလို့ ငါ့ကို ဆရာဦးလေးလို့ ခေါ်နေတာလဲ"
ယွိလင်ကျစ် အသံမှာ အနည်းငယ် တုန်ရီနေသေးပြီး သူ့ဒဏ်ရာများက မသက်သာသေးပါ။ သို့သော် ချင်းယန်နဲ့ ထိုက်ဟွာချင်းနန်းတော်တို့ရဲ့ ဆက်ဆံရေးအကြောင်း ပြောပြလိုက်သည်။
"ဦးလေးချင်းယန်က မင်းတို့ ထိုက်ဟွာချင်း နန်းတော်ရဲ့ ဘိုးဘေးလား"
ချန်ရှီလည်း အရမ်းအံ့သြသွားသည်။ သူသည် ထိုချင်းယန်၏ မူလဇစ်မြစ်ကို မသိခဲ့ဘဲ ချန်ယန်တောင်က ဝိညာဉ်တစ်ခုဟုသာ ထင်ခဲ့သည်။ ယခုတွင် ချန်ယန်တောင်သည် ဧရာမ မြွေကြီး ရွှမ်ရှန်းကို မွေးမြူထားပြီးဖြစ်ပုံရပြီး အခြားသော သိုးစိမ်းများကို မွေးမြူရန် လုံလောက်သော နယ်မြေလည်း မရှိနိုင်တော့ပေ။
ယွိလင်ကျစ် ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်ရာ မဝေးလှသော တံစက်မြိတ်ပေါ်တွင် ကောင်းကင်နားစွင့်သူတို့ ထိုင်ကာ သူတို့စကားသံကို နားထောင်ပြီး အမြန်မှတ်တမ်းတင်နေတာ တွေ့လိုက်ရသည်။
"မင်း မနေ့က ထွက်သွားပြီးတဲ့ နောက်မှာ အဲဒီ ကောင်းကင်နားစွင့်သူတွေက ကြည့်နေတာ... သူတို့ မင်းကို စောင့်ကြည့်ဖို့ လာနေတာ ဖြစ်မယ်... မင်းတို့ပတ်ဝန်းကျင်မှာ ကောင်းကင်နားစွင့်သူတွေ ရှိနေတာက သတင်းကောင်း မဟုတ်ဘူး။ အများကြီးကို သုံးထိုက်တဲ့သူတွေက များသောအားဖြင့် သူပုန်တွေပဲ"
ချန်ရှီသည်လည်း ခေါင်မိုးပေါ်ရှိ ကောင်းကင်နားစွင့်သူ အုပ်စုကို ကြည့်ကာ ပြုံးလိုက်သည်။
"ငါဖြင့် အဲဒါကို ကျင့်သားတောင် ရနေပြီ"
ယွိလင်ကျစ်က ခေါင်းယမ်းပြီး :"ကောင်းကင်နားစွင့်သူတွေက မင်းသူတို့ကို ခြိမ်းခြောက်တယ်လို့ ထင်ရင် မင်းကို ဖယ်ရှားပစ်ဖို့ လှုပ်ရှားကြလိမ့်မယ်... ကောင်းကင်နားစွင့်သူထဲက ကောင်းကင်ဘုံရှင်ဘုရင် အဆင့်က အနတ္တပြန်ခြင်းဘုံထက် စွမ်းအားမနည်းဘူး"
"ငါတို့ ပြောသမျှကို ဟေးကော်က ဝင်နှောင့်ယှက်ပေး
တယ်"
ချန်ရှီက ပြုံးပြုံးလေး ပြောသည်။ ဟေးကော်က သူတို့နောက်မှ လိုက်သွားပြီး ယွိလင်ကျစ်အား သူ့အမြီးကို ဖော်ရွေစွာ လှုပ်ပြလိုက်သည်။
ယွိလင်ကျစ်ကလည်း နူးညံ့သိမ်မွေ့ပြီး ဖော်ရွေသော အကိုဖြစ်သူကို မြင်နေရသလိုပင် ခံစားနေရသည်။ ဟေးကော်က သူ့အား အားပေးစကား အနည်းငယ် ပြောသံကြားသောအခါ သူနဲ့ ရင်းနှီးသွားသလို ခံစားလိုက်ရသည်။
"အကြီးအကဲ ဟေးကော်ကိုး... ကျွန်တော် ငယ်ငယ်တုန်းက အကြီးအကဲက ကျွန်တော့်ကို သူ့ရင်ခွင်ထဲမှာ ပွေ့ထားဖူးတယ်မလား... ဒီမှာ ထပ်တွေ့ရမယ်လို့ မမျှော်လင့်ထားဘူး..."
သူစကားပြောနေစဉ်တွင် တစ်စုံတစ်ခု မှားနေပြီဟု ခံစားရသလို သူ့မျက်လုံးများ ရှုပ်ထွေးလာသည်။ ဒါပေမယ့် ဘာမှမမှားဘူးလို့လည်း ခံစားရပြန်သည်။
ချန်ရှီ ဟေးကော်ကို စိုက်ကြည့်ပြီး ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းပြလိုက်သည်။
"ယွိလင်ကျစ်... ကောင်းကင်နားစွင့်သူတွေရဲ့ မူလအစက ဘာလဲ"
သူသည် ဤကောင်းကင်နားစွင့်သူများ အကြောင်းကို အတော်လေး သိချင်နေခဲ့သည်။ ဤကောင်းကင်နားစွင့်သူများသည် ကျင့်ကြံသူနဲ့ တူသော်လည်း လုံးဝမဟုတ်ပါ။ သူတို့သည် ဉာဏ်ပညာရှိ၍ ထူးဆန်းသော စည်းကမ်းအချို့ကို လိုက်နာသည့် ရုပ်သေးများနှင့် ပိုတူသည်။
သူတို့ ကျင့်သုံးတဲ့ တာအို နည်းစနစ်တွေကလည်း အရမ်းထူးဆန်းသည်။ သူတို့ရဲ့နားရွက်တွေဟာ အလိုအလျောက် ကြီးထွားနိုင်ပြီး သူတို့ရဲ့နားရွက်တွေကို အတောင်တွေအဖြစ် အသုံးပြုနိုင်ပါ၏။
၎င်းတို့သည် ၎င်းတို့၏ကိုယ်ပိုင် ချီ နှင့် သွေးတို့ကိုလည်း လက်နက်များစွာအဖြစ် ပြောင်းလဲနိုင်သည်။ ဤနည်းလမ်းသည် အချို့သော မိသားစုကြီးများ သို့မဟုတ် နက်ရှိုင်းသော အမြစ်တွယ်သော ဂိုဏ်းဂဏကြီးများ၌သာ ရှိသော်လည်း ကောင်းကင်နားစွင့်သူတိုင်းက လုပ်ဆောင်နိုင်နေသည်။
တိုက်ခိုက်ဖို့ ဤနည်းလမ်းကို မသုံးကြဘဲ ရှုပ်ထွေးသော စကားလုံးများကို မှတ်တမ်းတင်ရန်သာ ဖြစ်သည်။
ချန်ရှီ မယုံနိုင်စရာ အဖြစ် တွေ့ရှိခဲ့သည်မှာ ကောင်းကင်နားစွင့်သူသည် နေ့စဉ်အလုပ် များစွာကိုပါ မှတ်တမ်းတင်နေခြင်းပဲ ဖြစ်သည်။ မှတ်တမ်းတင်ပြီးနောက် ဤအချက်အလက်များကို ဘယ်သူ့ဆီ ပေးပို့သလဲ။
ကောင်းကင်အပြင်က နတ်ဘုရားဟာ ကောင်းကင်နားစွင့်သူများ စုဆောင်းထားသော အချက်အလက်များကို အမှန်တကယ် ဖတ်ရှုမှာလား။
ဒါမှမဟုတ် သတင်းအချက်အလက် စုဆောင်းဖို့ တာဝန်ရှိတဲ့ ဒီကောင်းကင်နားစွင့်သူတွေထက် တခြားသူတွေရောက် ရှိသေးလား။
သူ့မေးခွန်းကြောင့် ယွိလင်ကျစ် လန့်နိုးလာခဲ့သည်။
"ကောင်းကင်နားစွင့်သူတွေက ကောင်းကင်ဘုံ နတ်ဘုရားက မသိတဲ့အရာတွေကို စုဆောင်းပြီး ကောင်းကင်ကို သတင်းပို့ရတယ်... ကောင်းကင်ဘုံ အရှင်ဘုရင်ဆီ မရောက်မချင်း စုဆောင်းထားတဲ့ အသိဥာဏ်အလွှာကို အလွှာတစ်ခုစီ အစီရင်ခံရတယ်..."
သူ ကောင်းကင်ကို မျှော်ကြည့်လိုက်သည်။ အာကာသမှ စစ်မှန်သော နတ်ဘုရား၏ မျက်လုံးများသည် ကမ္ဘာမြေပေါ်တွင် ထွန်းလင်းတောက်ပနေသော နေနှစ်စင်းအဖြစ် ပြောင်းလဲသွားသည်။ သူတို့သည် လောကကို အလင်းပေးရုံသာမက လောက၌ ဖြစ်ပျက်နေသည့်အရာများကို ရှင်းရှင်းလင်းလင်း သိမြင်ကြသည်။
"ငါတို့ ထိုက်ဟွာချင်း နန်းတော်က သူတို့တွေကို စန့်ရန်တွေလိုပဲ အရူးတွေလို့ ခေါ်ကြတယ်... နန်းတော်က ကောင်းကင်နားစွင့်သူတွေ အကြောင်းကို အရမ်း လျှို့ဝှက်ထားကြတာ... ကောင်းကင်နားစွင့်သူတွေရဲ့ တားမြစ်ချက်ကို ချိုးဖောက်မိမှာ ကြောက်လို့ စကားမပြောရဲကြဘူး..."
ယွိလင်ကျစ် သူ့အကြည့်တွေကို ပြန်ရုတ်လိုက်ပြီး စကားဆက်သည်။
"မြင့်မြတ်တဲ့ မိသားစုကြီး ဆယ့်သုံးစုနဲ့ မြင့်မြတ်တဲ့နေရာတွေမှာတောင် ကောင်းကင်နားစွင့်သူတွေကို မျက်ကွယ်ပြုပြီး ခိုးနားထောင်ခွင့်ပေးလိုက်တယ်... ဒါက စစ်မှန်တဲ့ ဘုရင်ကျန်းခေတ်က ဆင်းသက်လာတဲ့ စည်းမျဉ်းတစ်ခုလို့ ပြောတယ်..."
သူက ခေတ္တရပ်ပြီး :“ဦးလေးချန်ရှီ... ငါ့ဦးလေးသုံးယောက် ငါ့ကို ကြိမ်းမောင်းပြီး မနေ့က ဖြစ်ပျက်ခဲ့တာတွေက နားလည်မှုလွဲတာပါ ဆိုပြီး ရှင်းပြဖို့ ပြောခဲ့တယ်”
ချန်ရှီ သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
"ဘာနားလည်မှုလွဲနေတာလဲ?"
ယွိလင်ကျစ်: "ငါ မနေ့က မင်းကို သခင်လေးအတွက် စည်းရုံးဖို့ ဒီကိုလာခဲ့တာ... အဲဒီကိစ္စအတွက် ငါမှားသွားပါတယ်... ငါ ဦးလေးကိုလည်း တောင်းပန်ပါတယ်!"
သူသည် လမ်းပေါ်ရှိ ချန်ရှီရှေ့မှာ ဒူးထောက်ထိုင်ချလိုက်တာကြောင့် လမ်းသွားလမ်းလာ အများအပြားက သူ့ကို ထူးထူးဆန်းဆန်း အကြည့်တွေနဲ့ လှည့်ကြည့်လာကြလေသည်။
ချန်ရှီ သူ့ကို အမြန်ကူညီပေးလိုက်သည်။
"မင်းက သခင်လေးအတွက် စည်းရုံးရေးသမား လုပ်နေလို့ မင်းကို ရိုက်နှက်လိုက်တာ... အခု ဘာလို့ ဒီလိုလုပ်ရမှာလဲ"
ယွိလင်ကျစ်: "ငါ့ကို ဆရာဦးလေးတွေက အကျင့်လုပ်တဲ့အခါ တာအိုနှလုံးသားထဲမှာ ချို့ယွင်းချက်တစ်ခုမှ မထားခဲ့ဖို့ သင်ပေးခဲ့တယ်... တစ်ခုခုလုပ်ရင် အဲ့ချို့ယွင်းချက်က တာအို နှလုံးသားရဲ့ ချို့ယွင်းချက် ဖြစ်သွားလိမ့်မယ်တဲ့... အဲဒါကြောင့် ငါ လာပြုပြင်ပေးရမယ်"
ချန်ရှီ အံ့ဩသွားသည်။
"မနေ့က သခင်လေးအတွက် ဘာလို့ စည်းရုံးချင်ခဲ့တာလဲ"
"မင်း အောင်သွယ်အဖွဲ့အစည်းက အောင်သွယ်ရှန်ကို သတ်လိုက်တယ် အဖွဲ့အစည်းရဲ့ နံ့သာသခင်တွေလည်း မင်းလက်ထဲမှာပဲ သေသွားတယ်။ ငါတို့ သေရည်သောက်ရင်း ဒီအကြောင်းတွေပြောပြီး ကုံကျိုးနဲ့ ယွိတူးမှာ မင်းလုပ်ခဲ့တာတွေအကြောင်း ပြောဖြစ်တယ်။ ငါတို့အားလုံး နည်းနည်းဒေါသဖြစ်ပြီး ရန်လိုလယတယ်လို့ ခံစားရတယ်... မင်းက ထိပ်တန်းဆုအတွက် သခင်လေးနဲ့ ပြိုင်မယ် ပြောတော့ တခြားသူတွေက မင်းရဲ့ ခန္ဓာကိုယ်ထဲက နတ်ဆိုးကို ကြောက်ပေမယ့် ငါ မကြောက်ဘူး!"
"ငါတို့? ငါတို့ ဆိုတာ ဘယ်သူလဲ"
"ရေလရှန့်ကျင့်က ဆရာတူအစ်ကို ဖန်ခုန်းလျို၊ ထိုက်ရှန့်ဟောက်ယွမ်နန်းတော်က တာအိုကျင့်ကြံသူ ကျင်းလူ၊ ကျောင်သခင်လေး ကျောင်ဖန်းရှူး၊ လီထျန်းချန်၊ မာရွှယ်ချင်းတို့တွေ... ချီးရှာဘုရားကျောင်းမှာ စုဝေးစဉ်ရင်း ဒီကိစ္စကို မရည်ရွယ်ဘဲ ဆွေးနွေးခဲ့တယ်"
ချန်ရှီ ပြုံးလိုက်သည်။
"သူတို့ ချီးရှားဘုရားကျောင်းမှာ ရှိသေးလား"
"ရှိနေတုန်းပဲ ငါတို့က စာမေးပွဲအတွက် ကိုယ်စားလှယ်လောင်းတွေ ဖြစ်ကြပေမယ့် ငါတို့အားလုံးက ထူးထူးခြားခြား အဆင့်အတန်းရှိတဲ့အတွက် တခြားကိုယ်စားလှယ်တွေ အနှောင့်အယှက် မဖြစ်ရအောင်လို့ပါ... ငါတို့ ပြည်နယ်အသီးသီးက ဂိုဏ်းချုပ်ခန်းမတွေမှာ နေရတာ အဆင်မပြေဘူးလေ... အဲဒါကြောင့် တရားရုံးက ချီးရှားဘုရားကျောင်းမှာ နေဖို့ စီစဉ်ပေးထားတယ်.... သခင်လေးကတော့ သူ့ရဲ့ ထူးထူးခြားခြား အဆင့်အတန်းကြောင့် ရှဲရှို့အိမ်တော်မှာ နေရတယ်..."
တကယ်တော့ သူတို့အားလုံး မြို့ထဲမှာ သွားစရာနေရာတွေ ရှိကြပါသည်။ ဥပမာအားဖြင့် ယွိလင်ကျစ်သည် ရှီးကျင်းက ထိုက်ဟွာချင်းနန်းတော်၏ တာအိုဗိမာန်တွင် နေထိုင်နိုင်ပြီး၊ မြင့်မြတ်သော မိသားစုဆယ့်သုံးစုမှ သားသမီးများသည် မိသားစုတစ်ခုစီ၏ ခေါင်းဆောင်များ၏ အိမ်များတွင် နေထိုင်နိုင်သည်။
ကျန်လူများက ရေလရှန့်ကျင့်နဲ့ ထိုက်ရှန့်ဟောက်ယွမ် နန်းတော်တို့တွင်လည်း ၎င်းတို့၏ နေအိမ်များရှိသည်။ သို့သော်လည်း လူတိုင်းသည် သီးခြားစီ နေထိုင်ကြသောကြောင့် အတူတကွ ပေါင်းသင်းဆက်ဆံရန် အခွင့်အလမ်း နည်းပါးသည်။ ထို့အပြင် ၎င်းတို့အားလုံးသည် သခင်လေးရဲ့ သစ္စာခံများဖြစ်ကြပြီး အတူနေလျှင် သခင်ငယ်၏ တပ်ဖြန့်မှုကို ပိုမို၍ စည်းလုံးညီညွတ်စေမည်။
သူတော်စင်မရွှမ်းသည် သခင်လေး၏ လုပ်ရပ်ကို သံသယဝင်သောကြောင့် ချီးရှားဘုရားကျောင်းတွင် မနေထိုင်ခဲ့ပေ။
"မင်း ငါ့ကို ချီးရှာဘုရားကျောင်းကို ခေါ်သွားပေးလို့ ရမလား"
ယွိလင်ကျစ် ခဏတုံ့ဆိုင်းသွားသည်။
"အဲဒီက လူတွေက သခင်လေးကြောင့် မင်းကို ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောလာမှာ ငါ ကြောက်ရတယ်"
ချန်ရှီ ခေါင်းခါပြီး။
"ငါ မသွားဘူးဆိုရင် သူတို့နဲ့ နားလည်မှု လွဲနေတာကို ဘယ်လိုလုပ် ဖြေရှင်းမလဲ"
ယွိလင်ကျစ်လည်း ဒါကို သေသေချာချာ တွေးကြည့်တဲ့အခါ ဒါက အမှန်ပဲဆိုတာ သဘောပေါက်လိုက်သဖြင့် ချက်ချင်းပဲ လမ်းပြလိုက်သည်။
"ဦးလေးဆရာ... မင်းက လူကောင်းတစ်ယောက်လို့ မြင်ပါတယ် ရက်စက်ကြမ်းကြုတ်တယ်၊ အပြစ်မဲ့သူတွေကို သတ်ပစ်တယ် ရည်မှန်းချက်ကြီးပြီး ခွင့်မလွှတ်နိုင်တဲ့၊ မင်းနဲ့ပတ်သက်တဲ့ နားလည်မှု လွဲမှားတာတွေ အများကြီး ရှိတယ်... လူချင်းတွေ့ပြီး ရှင်းပြလိုက်ရင် နားလည်မှုလွဲနေတာတွေ ပြေသွားမှာပါ..."
ချန်ရှီရဲ့ ညာဘက်မျက်လုံးအောက်က ကြွက်သားတွေ တွန့်ကွေးသွားသည်။
"သူတို့က ငါ့အကြောင်း ဘာပြောကြသေးလဲ"
ယွိလင်ကျစ် ခဏမျှ တုံ့ဆိုင်းသွားသည်။
"အဲဒါက နည်းနည်းတော့ ငြီးငွေ့စရာကောင်းတဲ့ စကားလုံးတွေပါ... ငါ ထပ်ပြောလို့ မဖြစ်တော့ဘူး"
"ပြောပါ ... ငါတို့ ချန်မိသားစုက ရက်ရောလို့ ကျော်ကြားတယ် ငါ့အဖိုးရော ချန်ထန်ရော အဲဒီလိုပါပဲ..."
"မင်းက လူမဟုတ်ဘူး လူသေကောင်က မွေးလာတဲ့ နတ်ဆိုးလို့ပြောတယ်... မင်း ဒေါသမထွက်ဘူးလား?"
ချန်ရှီက ပြုံးပြီး ညည်းညူလိုက်သည်။
"စိတ်မဆိုးပါဘူး... ဆက်ပြော..."
"မင်းရဲ့အဖိုးက မြေအောက်ကမ္ဘာက ဆင့်ခေါ်လာတဲ့ ဝိညာဉ်က မင်းပိုင်တာ မဟုတ်ဘူး၊ နတ်ဆိုးတစ်ကောင် ဖြစ်နိုင်တယ်တဲ့... မင်းက ဧကရာဇ်နန်းတွင်း အရာရှိတွေကို သတ်ပြီး ယောက်ျားမိန်းမတွေကို အနိုင်ကျင့်တယ်လို့လည်း သူတို့ကပြောကြတယ်... မင်းက သခင်ငယ်ရဲ့ မှော်လက်နက်ကို ခိုးပြီး ကုံကျိုးက နတ်ဆိုးပြောင်းလဲမှု ဖြစ်အောင် နတ်ဆိုးတွေနဲ့ ပူးပေါင်းခဲ့တယ်တဲ့..."
ထိုအချိန်တွင် ချန်ရှီ၏ပါးစပ်မှ သွားကြိတ်သံကိုကြားရသဖြင့် အလျင်စလို လှည့်မေးလိုက်သည်။
“ဆရာဦးလေး... အဆင်ပြေရဲ့လား”
"ရတယ်!"
ချန်ရှီ ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။
"ငါ ဘယ်လိုလုပ် အဆင်မပြေရမှာလဲ... ငါ့ရဲ့ ချန်မိသားစုက အရမ်းကြီးတယ်... ယွိလင်ကျစ် မင်း ဘာလို့ အောင်သွယ်ရှန်အတွက် လက်စားချေချင်တာလဲ အောင်သွယ်ရှန်က ဘယ်သူလဲဆိုတာ မင်းသိလား"
"အောင်သွယ်ရှန်က မြို့တော်မှာ အရမ်းရေပန်းစားတဲ့ အောင်သွယ်တစ်ယောက်... "
"အဲဒါထက် မင်းဘာမှမသိဘူး... အောင်သွယ်အဖွဲ့အစည်း ဆိုတာ ဘေးထွက်ဆိုးကျိုး တစ်ခုပဲ... အဓိကအလုပ်က အထီးကျန်လူငယ်တွေ၊ မိန်းမပျိုတွေ၊ မြင့်မြတ်တဲ့ အမျိုးသမီးတွေနဲ့ အရာရှိတွေကို ပေါင်းစည်းပြီး ကိစ္စတွေ အဆင်ပြေအောင် ကူညီပေးဖို့ပဲ... အဲ့ကနေ သူတို့က ပိုက်ဆံရတယ်..."
ယွိလင်ကျစ် အံ့သြသွားသည်။ ချန်ရှီ အောင်သွယ်အဖွဲ့အစည်းရဲ့ လုပ်ရပ်တွေကို ရှင်းပြပြီး သခင်လေးဘက် လှည့်လိုက်သည်။
"သခင်လေးက အောင်သွယ်ရှန်ကို ဖယ်ရှားပြီး သူ့ရဲ့ စိတ်ပူပင်မှုကို ဖယ်ရှားဖို့ ငါ့လက်ကို အသုံးချသွားတာ... တစ်ချိန်တည်းမှာပဲ သူ လုပ်ခဲ့တဲ့ ညစ်ပတ်တဲ့အရာတွေကို သိတဲ့သူက ငါပဲလို့ ရှီးကျင်းက တခြားလူတွေကို ပြောလိမ့်မယ်...တခြားသူတွေကလည်း သခင်လေးကို ကျေးဇူးဆပ်ဖို့ မင်းလိုပဲ ငါ့ကို ထွက်လာရိုက်လိမ့်မယ်"
ယွိလင်ကျစ်က ခေါင်းခါပြီး :"သခင်လေးက ဒီလိုလူမဟုတ်ဘူး..."
သို့သော် သခင်လေးသည် ထိုသို့သောလူ ဖြစ်နိုင်ကြောင်း သူ့စိတ်ထဲတွင် ပြောနေသည့် အသံတစ်ခု ရှိသေးသည်။
သူ အလွန်ဝမ်းနည်းမိလာသည်-
"ငါ့ကို သေနတ်အနေနဲ့ သုံးနေတာလား ...ဖန်ခုန်းလျိုနဲ့ သူ့လူတွေက မင်းရဲ့ အစွမ်းအစကို မသိကြဘူး အဲဒါကြောင့် ရူးရူးနှမ်းနှမ်းတွေ မလုပ်ရဲကြဘူး... ဒါကြောင့် မင်းရဲ့ ခွန်အားကို စမ်းသပ်ဖို့ ငါ့ကို တိုက်တွန်းခဲ့တာ.... "
ထောင်ပေါင်းများစွာသော ဓားဖြင့် အထိုးခံလိုက်ရသလိုမျိုး သူ့နှလုံးသားက နာကျင်သွားသည်။
“သူတို့ကို သူငယ်ချင်းလို့ မှတ်ယူထားတာ...”
ချန်ရှီ ပြုံးလိုက်သည်။
"လူတွေက ပေါ့ပေါ့ဆဆ သူငယ်ချင်းလုပ်ကြတာ များတယ်... ဒါပေမယ့် သူတို့ရဲ့ ဇာတိရုပ်တွေကို မင်းမြင်ရဖို့ အချိန်မနှောင်းသေးပါဘူး... စကားမစပ် မင်းပြောခဲ့တဲ့ သခင်လေးကျောင်နဲ့ သခင်လေးလီတို့က မိသားစု ဆယ့်သုံးစုရဲ့ အဓိက အဖွဲ့ဝင်တွေမလား... ယွိလင်ကျစ် သူတို့က မင်းနဲ့ယှဥ်ရင် ဘယ်လိုလဲ"
ယွိလင်ကျစ်မှာ အနည်းငယ် ဝမ်းနည်းနေသေးသဖြင့် ခဏကြာတော့မှ ဖြေလာသည်။
"ငါတို့ အချင်းချင်း မပြိုင်ကြဘူး ဒါပေမယ့် လူတိုင်းရဲ့ ကျင့်ကြံမှု အဆင့်က အတူတူပဲ... အနိမ့်အမြင့်က နည်းနည်းပဲ ကွာလိမ့်မယ်...မိသားစုကြီး ဆယ့်သုံးစုမှာ အမွေတွေ ပိုရထားတဲ့သူက ပိုအားကောင်းမယ်"
"မင်းထက် နည်းနည်းလေး ပိုသန်မာကြတာလား?"
ချန်ရှီလည်း အနည်းငယ် စိတ်ပျက်သွားသည်။
"အဲလောက် မပြင်းထန်လောက်ပါဘူး..."
ယွိလင်ကျစ်မှာ နောက်တစ်ကြိမ် ဓားနဲ့ အထိုးရသလို ခံစားသွားရတော့သည်။ သူ့ခမျာ ချေပချင်သော်လည်း ချေပရမယ့် နည်းလမ်းကလည်း မရှိပေ။
သူသည် နတ်အသွင်ပြောင်းနယ်ပယ်မှာ ရှိနေပြီး အခြေတည်ဝိညာဥ်သာ ရှိသေးကာ ချန်ရှီကို စိန်ခေါ်ရန် ထွက်သွားခဲ့သည်။ သို့သော် သူသည် တစ်ချက်မျှ မလှုပ်နိုင်မီ ပျော့ဖတ်လို အရိုက်ခံလိုက်ရပြီး သေဆုံးလုနီးပါး ဖြစ်သွားခဲ့သည်။
ချန်ထန်: "ဒါဆို ချန်ထန်က မိသားစုကြီးတွေထဲက အမာခံအဖွဲ့ဝင်တွေက အရမ်းအစွမ်းထက်ပြီး ငါက သူတို့နဲ့ မယှဉ်နိုင်ဘူးလို့ ဘာလို့ပြောရတာလဲ.... မင်းနဲ့ တူရင် ငါ့ထက် ပိုအစွမ်းထက်တဲ့ပုံမပေါ်ဘူး"
ယွိလင်ကျစ် ထပ်ပြီး ဟစ်အော်မိသည်။
"ဦးလေး... မင်းမသိဘူးလား မိသားစုကြီးတွေရဲ့ အမာခံတပည့်တွေကို အမျိုးအစား နှစ်မျိုးခွဲထားတယ်.... ဆရာချန်ထန်က ဒုတိယအမျိုးအစား အကြောင်း ပြောနေတာ ဖြစ်နိုင်တယ်"
ချန်ရှီ : "ဘယ်လို နှစ်မျိုးလဲ?"
"မိသားစုကြီးတွေရဲ့ အဓိကသားမြေးတွေက ပထမတန်း ဒါမှမဟုတ် ဒုတိယတန်း နတ်သန္ဓေသားကို ရရှိထားသူတွေ များတယ်.. နတ်သန္ဓေသားက ဘယ်ကလာပါစေ၊ ဘုရားက အပ်နှင်းတာပဲဖြစ်ဖြစ် တခြားသူဆီက အစားထိုး စိုက်ပျိုးထားတဲ့ နတ်သန္ဓေသားကောင်းတွေ ဖြစ်ဖြစ်.... လုံ့လဝီရိယရှိရှိနဲ့ လုံ့လစိုက်ထုတ်နေသရွေ့ သူတို့က သားစဉ်မြေးဆက်တွေ ဖြစ်လာနိုင်တယ်"
"ဒီတပည့်တွေက မိသားစုရဲ့ စစ်မှန်တဲ့ သွန်သင်ချက်တွေကို မကြာခဏ လက်ခံရရှိကြတယ်... မိသားစုရဲ့ ဒုတိယအဆင့်မှ ထိပ်တန်းအဆင့် စွမ်းရည်တွေကို လေ့ကျင့်ကြရတယ်... ဒုတိယအမျိုးအစားကတော့ မျိုးဆက်သစ်တွေရဲ့ ခေါင်းဆောင် ဒါမှမဟုတ် မျိုးနွယ်စုခေါင်းဆောင်ရဲ့ ရာထူးကို အမွေဆက်ခံဖို့ လေ့ကျင့်ပေးထားတာ... ဆယ်စုနှစ်အနည်းငယ်တိုင်းမှာ ဒီလိုတပည့်တစ်ယောက်၊ နှစ်ယောက် သုံးယောက်လောက် ရှိနိုင်တယ်။ သူတို့ရဲ့ နတ်သန္ဓေသားတွေကို မျိုးဆက်သစ်တွေ ဖြစ်လာဖို့ နတ်ဘုရားက ပေးအပ်တာ... လူကြီးမင်းချန်ထန်က သူတို့ကို ရည်ညွှန်းတာ ဖြစ်မယ်"
ချန်ရှီ : "ဒီတစ်ကြိမ် စာမေးပွဲမှာ အဲဒီလိုလူတွေ ရှိလား"
ယွိလင်ကျစ်က ခေါင်းယမ်းပြီး :"ငါလည်း မသိဘူး။ မြင့်မြတ်တဲ့ မိသားစုတွေက ဘယ်သူတွေကို မျိုးဆက်သစ် ခေါင်းဆောင်အဖြစ် ရွေးချယ်မလဲဆိုတာ ဖော်ပြမှာ မဟုတ်ဘူး...."
သူတို့ မသိလိုက်ခင်မှာပဲ ချီးရှာဘုရားကျောင်း အပြင်ဘက်သို့ ရောက်ရှိလာကြပြီ။
ချီးရှာဘုရားကျောင်းသည် ဆယ်ပေသာမြင့်သည့် တောင်ကုန်းငယ် တစ်ခုပေါ်တွင် တည်ဆောက်ထားပြီး ဧကအနည်းငယ်သာ ကျယ်ဝန်းသည်။
မြို့ပြင်မှာ တောင်တွေ အများကြီးရှိပေမယ့် မြို့ထဲမှာတော့ တောင်တွေက ရှားပါးတဲ့အတွက် ချီးရှာဘုရားကျောင်းက အရမ်းနာမည်ကြီးပါသည်။ ချန်ရှီ အဝေးမှ ကြည့်လိုက်သော် ချီးရှာဘုရားကျောင်းတွင် ကိန်းဝပ်နေသည့် နတ်အသွင်ပုံသဏ္ဍာန်ရှိပြီး ပေတစ်ရာမြင့်သည်။ ဘယ်ဘက်နှင့် ညာဘက်တွင် တစ်နေရာစီ နေရာယူလားကြသည်။ သံချပ်ကာဝတ်ထားပြီး မျက်ခုံးမွှေးများကြားမှ မျက်လုံးများဖြင့် ပုံဖော်ထားသည်။
"ဒီကန့်ညောင် နှစ်ယောက်က အရမ်းအစွမ်းထက်တာပဲ!"
ချန်ရှီ မအံ့သြဘဲ မနေနိုင်ခဲ့။ ထိုစဥ် ယွိလင်ကျစ်က ရှေ့ဆက်မတိုးတော့ဘဲ ရပ်လိုက်သည်။
"ဆရာဦးလေး... ငါ မဝင်တော့ဘူး!"
"ဘာလို့လဲ?" ချန်ရှီ အံ့သြသွားသည်။
ယွိလင်ကျစ်က အနည်းငယ် ဝမ်းနည်းနေသေးဆဲ။
"သူတို့ကို သူငယ်ချင်းလို့ သတ်မှတ်ထားခဲ့ပေမယ့် သူတို့က ငါ့ကို ငတုံးလို့ပဲ မှတ်ယူတယ်... ငါဝင်ပြီးရင် သူတို့က ငါ့ကို ရယ်ကြလိမ့်မယ်"
ချန်ရှီ ခေါင်းခါပြီး :"မင်းက လူမိုက်မဟုတ်ဘူး။ တခြားသူတွေကို ရိုးရိုးသားသား ဆက်ဆံပြီး မင်းသူငယ်ချင်းတွေအတွက် မီးနဲ့ရေကို ကျော်ဖြတ်ပေးချင်စိတ် ရှိတယ်... ငါ့မှာသာ မင်းလိုသူငယ်ချင်းတစ်ယောက်ရှိရင် မင်းကို ရိုးရိုးသားသား ဆက်ဆံမှာပဲ... မင်းအမှားလုပ်ခဲ့တာက မင်းသူငယ်ချင်း လုပ်တဲ့နေရာမှာ သတိမထားမိဘဲ သူငယ်ချင်းအစစ် ရှာမတွေ့ခဲ့ရုံပဲ...."
ယွိလင်ကျစ် အံ့အားသင့်သွားသည်။
"ငါက မတုံးအဘူးလား?"
"လူကောင်းတွေကို လူမိုက်တွေလို မဆက်ဆံသင့်ဘူးတဲ့... နောက်ဆုံးတော့ ငါက မင်းရဲ့ဆရာဦးလေးပါကွာ... တရားမျှတမှုကို ဘယ်လိုရှာလို့ ရမလဲ သင်ပေးမယ်... ငါ့နောက်က လိုက်ခဲ့... စကားသွားပြောကြရအောင်..."
ယွိလင်ကျစ်က သူ့နောက်ကို လိုက်သွားရင်း ဆိုလေသည်။
"ဆရာဦးလေး ငါ့ကြောင့် ဒုက္ခမရှာပါနဲ့..."
ချန်ရှီ ချီးရှာဘုရားကျောင်းထဲသို့ လျှောက်ဝင်သွားပြီး။
"ချန်မိသားစုက စေတနာပါတယ်... ဘယ်လိုလုပ် ဒုက္ခဖြစ်မှာလဲ... မင်း ကွန်ဖြူးရှပ်ရဲ့ စာပေ တွကို ဖတ်ပြီးပြီလား။ ကွန်ဖြူးရှပ်ပြောခဲ့တဲ့ အခြေခံသဘောတရားတွေကို မင်းသိလား... ကွန်ဖြူးရှပ်ဆီက သင်ယူထားတဲ့ ပညာရှင်တွေက ကျိုးကြောင်းဆီလျော်တယ် ... ဟေးကော်! ဧည့်သည်ကို တံခါးပိတ်ခိုင်းလိုက်! ချီးရှာဘုရားကျောင်းက ဒီနေ့ အပြင်ဧည့်သည်ကို လက်မခံတော့ဘူး"