ဆင်းသက်ဂိုဏ်း၏ ထောက်တိုင်၊ နဂါးနက် ကုန်သွယ်ရေးအဖွဲ့
Vol. 13 Ch. 169
[ချက်ချင်းပင် သင်သည် လျှို့ဝှက်အခန်းကို အလျင်အမြန် စတင် ရှာဖွေလိုက်သည်။]
[ဤလျှို့ဝှက်အခန်း အတွင်းတွင် အဖိုးတန် ပစ္စည်းကိရိယာများနှင့် လက်နက်များစွာ ရှိသည်။ ၎င်းတို့သည် အပြာရောင် အရည်အသွေးမှ ဒဏ္ဍာရီဆန်သည့် အရည်အသွေး အထိ အမျိုးအစား အမျိုးမျိုး ရှိပြီး လက်နက် ရာပေါင်းများစွာ ရှိနေသည်ကို တွေ့ရသည်။]
[၎င်းတို့ အားလုံးသည် နဂါးနက်အဖွဲ့ က အကျဉ်းခန်းများမှ ရရှိထားသော ပစ္စည်းကိရိယာများ ဖြစ်ကြသည်။ သင်သည် တွန့်ဆုတ်မနေဘဲ ၎င်းတို့ အားလုံးကို ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေအတွင်းသို့ သိမ်းဆည်းလိုက်သည်။]
[မကြာမီ သင်သည် ဤလျှို့ဝှက် အခန်းထဲတွင် နဂါးနက်အဖွဲ့ နှင့် နဂါးနက် ကုန်သွယ်ရေး အသင်းတို့ အကြားရှိ ညစ်ညမ်းသော ဆက်ဆံရေးများကို အသေးစိတ် ဖော်ပြထားသည့် စာရင်းစာအုပ် အများအပြားကိုလည်း တွေ့ရှိခဲ့သည်။]
[ထိုမျှမက ဖုံးကွယ်ထားသော အခန်းကန့် တစ်ခုတွင် သင်သည် လျှို့ဝှက်စာ တစ်စောင်ကိုလည်း တွေ့ရှိခဲ့သည်!]
[ဤလျှို့ဝှက်စာတွင် ‘ဆင်းသက်ဂိုဏ်း’ နှင့် ‘နဂါး စောင့်ရှောက်သူ’ ဟူသည့် စကားလုံးများ အဓိက ပါဝင်သည်။]
[သင်သည် စာရင်း စာအုပ်များနှင့် လျှို့ဝှက်စာကို အလျင်အမြန် ယူဆောင်လိုက်သည်။ ထို့နောက် လျှို့ဝှက်အခန်းထဲမှ အဖိုးတန် အကျဉ်းခန်း ပစ္စည်းများနှင့် ကိရိယာများကို ရယူကာ နဂါးနက်အဖွဲ့ မှ ထွက်ပြေးရန် ပြင်ဆင်ခဲ့သည်။]
[လျှို့ဝှက်အခန်း၏ ယန္တရားများကို သင် နှိုးလိုက်ပြီ ဖြစ်ကြောင်း၊ သင်၏ လုပ်ရပ်များ ပေါ်ပေါက်သွားပြီ ဖြစ်ကြောင်း သင် သိသည်။ စစ်ဧကရာဇ် အဆင့် စွမ်းအားရှင်များ ဤနေရာသို့ ရောက်လာနိုင်သည်။]
[ထို့ကြောင့် သင်သည် ကျောင်းသို့ ပြန်မသွားတော့ဘဲ ကျိုတိုမြို့ရှိ လူအစည်ကားဆုံး ကျွမ်းကျင် ပညာရှင်များ၏ ကုန်သွယ်ရေးဈေးထဲသို့ ဝင်ရောက်ခဲ့သည်။]
[သင်သည် အခွင့်အရေးကောင်းကို ရှာဖွေပြီး မည်သူမျှ သတိမပြုမိချိန်တွင် ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေထဲသို့ ဝင်ရောက်ခဲ့သည်။]
စုရှင်းသည် နဂါးနက် ကုန်သွယ်ရေး အသင်းက ဆင်းသက်ဂိုဏ်းနှင့် တကယ်ပင် ပူးပေါင်း ကြံစည်နေကြောင်း သိရှိလိုက်သည်။
“ငါ သိသလောက်တော့ ဆင်းသက်ဂိုဏ်းမှာ ကျင့်ကြံသူက နှစ်ဦးပဲ ရှိတယ်။ ‘နဂါးစောင့်ရှောက်သူ’ ဆိုတာကတော့ နဂါးစောင့်ရှောက်သူ ကို ရည်ညွှန်းတာဘဲ ဖြစ်ရမယ်!”
“နဂါးနက် ကုန်သွယ်ရေး အသင်း၊ နဂါးနက်အဖွဲ့… နဂါးစောင့်ရှောက်သူ၊ အခုမှပဲ အားလုံးကို ဆက်စပ်မိသွားတော့တယ်!”
စုရှင်းသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ယခင် သရုပ်ပြခြင်းတွင် နဂါးနက် ကုန်သွယ်ရေး အသင်းမှ စစ်ဧကရာဇ် တစ်ဦးကို သတ်ခဲ့ပြီးနောက် သင့်အား ခွေးကောင်ကျုံးက လိုက်လံရှာဖွေခဲ့သည်ကို ပြန်လည် အမှတ်ရလိုက်သည်။
ခွေးကောင်ကျုံး နှင့် နဂါး စောင့်ရှောက်သူ တို့အကြားတွင်လည်း ဆက်စပ်မှု ရှိရမည်ဟု စုရှင်း တွေးမိသည်။ ခွေးကောင်ကျုံးအား စုရှင်းကို ရှာဖွေရန် နဂါးစောင့်ရှောက်သူက မူလကတည်းက ညွှန်ကြားခဲ့ခြင်းပင် ဖြစ်နိုင်သည်။
“ဒီ နဂါးစောင့်ရှောက်သူမှာက နက်နဲတဲ့ စွမ်းအားတွေ ရှိတယ်။ ခွေးကောင်ကျုံးထက် မနိမ့်ဘဲ ပိုတောင် သာနိုင်တယ်။ ဒါက တကယ်ကို ပြဿနာပဲ!”
စုရှင်းသည် စာရင်းစာအုပ်များနှင့် လျှို့ဝှက်စာတွင် မည်သည့် အကြောင်းအရာများ ပါဝင်သည်ကို သိလို၍ တိတ်တဆိတ် ရွတ်ဆိုလိုက်သည်။
“တစ်နာရီကြာ မြှုပ်နှံ သရုပ်ပြခြင်း လုပ်ဆောင်ချက်ကို အသက်သွင်းပါ။”
[ဒင်! သင်သည် စွမ်းအင် ၁၀၀,၀၀၀မှတ် သုံးစွဲ၍ မြှုပ်နှံ သရုပ်ပြခြင်း လုပ်ဆောင်ချက် ကို အောင်မြင်စွာ အသုံးပြုခဲ့ပါသည်။ ကျန်ရှိသော စွမ်းအင်ပမာဏ - ၃၀,၁၃၀,၀၀၀ ဖြစ်သည်။]
စုရှင်း၏ မျက်လုံးများရှေ့တွင် အဖြူရောင် အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။ နောက်တစ်စက္ကန့် အကြာတွင် သူသည် ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေ အတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူ့ပတ်ဝန်းကျင်ရှိ ရှုခင်းများသည် သိပ်ပြီး ပြောင်းလဲမသွားပေ။ စုရှင်းသည် သူ၏ အာရုံကို သိုလှောင် လက်စွပ်ဘက်သို့ လှည့်လိုက်သည်။
ထင်ထားသည့်အတိုင်း စာရင်းစာအုပ် အများအပြားနှင့် လျှို့ဝှက်စာ တစ်စောင် ရှိနေသည်။
သေချာစွာ ဖတ်ရှုပြီးနောက် စုရှင်း၏ မျက်နှာ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားသည်။ နဂါးနက် ကုန်သွယ်ရေး အသင်း၏ မူလဇစ်မြစ်ကို နောက်ဆုံးတွင် သူ နားလည်သွားပြီ ဖြစ်သည်။
နဂါးနက် ကုန်သွယ်ရေး အသင်းသည် ဆင်းသက်ဂိုဏ်း အတွက် ရှေ့တန်း အဖွဲ့အစည်း သက်သက်သာ ဖြစ်သည်!
နဂါးနက် ကုန်သွယ်ရေး အသင်း၏ အဓိက အဆင့်မြင့် အရာရှိများသည် နဂါးစောင့်ရှောက်သူ၏ ရုပ်သေး နည်းပညာ အောက်တွင် ထိန်းချုပ်ခံထားရသည်။ သူတို့၏ နတ်ဝိညာဉ်များမှာလည်း ကျေးကျွန်အဖြစ် ရောက်ရှိနေကြသည်။
ပြီးခဲ့သည့် နှစ်များ တစ်လျှောက် နဂါးနက် ကုန်သွယ်ရေး အသင်း နှင့် နဂါးနက် အဖွဲ့တို့ လျင်မြန်စွာ တိုးတက်လာရခြင်းမှာ ဆင်းသက်ဂိုဏ်း နှင့် နဂါးစောင့်ရှောက်သူ တို့၏ လျှို့ဝှက် အကူအညီများကြောင့် ဖြစ်သည်။
အပြန်အလှန်အားဖြင့် နဂါးနက် ကုန်သွယ်ရေး အသင်း နှင့် နဂါးနက် အဖွဲ့တို့သည် ဆင်းသက်ဂိုဏ်း အတွက် ထောက်လှမ်းရေး သတင်းများနှင့် အဖိုးတန် ပစ္စည်းကိရိယာ အများအပြားကို ထောက်ပံ့ပေးခဲ့ကြသည်။
ဤလျှို့ဝှက်စာတွင် နဂါးစောင့်ရှောက်သူ ၏ သက်တမ်းမှာ ကုန်ခါနီးပြီ ဖြစ်ကြောင်းနှင့် သူသည် ‘’သွေးခြေရာခံ’ ရိုးရာဖြင့် သူ၏သက်တမ်းကို ဆက်လက် တိုးချဲ့ရန် ရည်ရွယ်ထားကြောင်း အသေးစိတ် ဖော်ပြထားသည်။
ထို သွေးပူဇော်မှု၏ အရာဝတ္ထုသည် ခွန်အားကြီးလေလေ အကျိုးသက်ရောက်မှု ပိုကောင်းလေလေ ဖြစ်သည်။
ထို့ကြောင့်ပင် မကြာသေးမီလများ အတွင်း နဂါးနက်အဖွဲ့ တွင် ပညာရှင်များစွာ သေဆုံးရခြင်း ဖြစ်သည်။
၎င်းတို့သည် မအောင်မြင်သည့် အကျဉ်းခန်း မစ်ရှင်များ ၏ သားကောင်များ မဟုတ်ကြဘဲ နဂါးစောင့်ရှောက်သူ၏ သွေးပူဇော်မှု အတွက် ပူဇော်ခံ ပစ္စည်းများ အဖြစ် အကျဉ်းခန်းများထဲသို့ ခေါ်ဆောင်ခံခဲ့ရခြင်းသာ ဖြစ်သည်။
စာရင်းစာအုပ်များတွင် မှန်ကန်သည့် စာရင်းများ အပြင် ပူဇော်ခံခဲ့ရသူများ၏ အရေအတွက်ကိုပါ ဖော်ပြထားသည်။
ခြောက်လအတွင်း သွေးပူဇော်ခံရသူများ၏ အရေအတွက်သည် နှစ်သောင်းအထိ ရောက်ရှိခဲ့သည်။
နဂါးနက် အဖွဲ့ဝင်များ အပြင် ပြန့်ကျဲနေသော ပညာရှင်များစွာကိုလည်း သွေးပူဇော်ခံ အဖြစ် အသုံးပြုခဲ့ကြသည်။
“ဒါကတော့ ရိုင်းစိုင်းလွန်းတာပါ! နဂါးစောင့်ရှောက်သူက ဘာကြောင့်များ ဒီလောက်ထိ လုပ်ရဲရတာလဲ! ဒါက ကျိုတိုမြို့လေ! နဂါးနက်အဖွဲ့ကရော ဘယ်လိုလုပ်ပြီး ဒီလို သွေးပူဇော်မှုတွေကို အတိအလင်း လုပ်ဆောင်ရဲတာလဲ?”
နဂါးနက်အဖွဲ့လိုမျိုး ကင်ဆာဆဲလ်လို အဖွဲ့အစည်းကြီးသည် နှစ်ပေါင်းများစွာ ကြာသည်အထိ ဘာကြောင့် အမြစ်ပြတ် မရှင်းလင်းရသေးသည်ကို စုရှင်း နားမလည်နိုင် ဖြစ်နေခဲ့သည်။
၎င်းတို့၏ လျှို့ဝှက် စစ်ဆင်ရေးများ အပြင် ဆင်းသက်ဂိုဏ်း ၏ သူလျှိုများသည်လည်း ရှားနိုင်ငံ၏ ထိပ်တန်းအဆင့်များ ကြားတွင် ရှိနေပြီး ၎င်းတို့အတွက် အကာအကွယ် ပေးနေသည်မှာ သေချာပေါက်ပင် ဖြစ်လိမ့်မည်!
လျှို့ဝှက်စာကို ဖတ်ရှုပြီးနောက် စုရှင်းသည် သိုလှောင်လက်စွပ် အတွင်းရှိ အကျဉ်းခန်း ပစ္စည်းများနှင့် ကိရိယာများကို ကြည့်လိုက်သည်။
တစ်ချက် ကြည့်လိုက်ရုံနှင့်ပင် သူ့ကို တုန်လှုပ်စေသည်။
“ဘုရား ဘုရား၊ အဆင့်မြင့် ပစ္စည်း ကိရိယာတွေ ဒီလောက်တောင် အများကြီး၊ သူတို့က သရုပ်ပြခြင်း စွမ်းအင် အနေနဲ့ဆိုရင် ဘယ်လောက်တောင် တန်ဖိုးရှိလောက်လဲ?”
“ဟင်... ပြီးတော့ ဒီ စတုတ္ထအဆင့် အထူးသတ္တု အတုံးကြီးကရော?! အိုးမိုင်ဂေါ့၊ နှစ်တန် သုံးတန်လောက်တောင် အလေးချိန် ရှိလောက်တယ်။ ဒါက သရုပ်ပြ စွမ်းအင် သန်းဆယ်ချီလောက် မတန်လောက်ဘူးလား?”
စုရှင်းသည် ခဏတာမျှ စိတ်လှုပ်ရှားသွားသည်။
အထူးသတ္တု အတုံးကြီးအပြင် ပတ်ဝန်းကျင်ရှိ အဆင့်မြင့် ပစ္စည်းကိရိယာများ၏ သရုပ်ပြခြင်း စွမ်းအင် တန်ဖိုး သည် သန်းတစ်ရာကျော်အထိ ရှိနိုင်သည်။
“ဂလု~”
စုရှင်းသည် အသံထွက်အောင် တံတွေး မျိုချလိုက်သည်။ သူ့ရင်ထဲတွင် ဆန္ဒပြင်းပြမှု တစ်ခုကို ခံစားလိုက်ရသည်။
“သရုပ်ပြစက်ထဲမှာ ဒါတွေ အကုန် ထုတ်ယူလို့ရရင် တကယ့် လက်တွေ့မှာရော စီမံခန့်ခွဲလို့ ရနိုင်လား”
“ဒါ သရုပ်ပြခြင်း စွမ်းအင် သန်းတစ်ရာ အကြောင်း ပြောနေတာနော်! ငါ နတ်ဘုရား အသွင်ပြောင်းခြင်း အဆင့် အထွတ်အထိပ် အထိ တက်လှမ်းဖို့တောင် လုံလောက်လိမ့်မယ်!”
စုရှင်း စိတ်မလှုပ်ရှားဘဲ မနေနိုင်ပေ။ ဒီလို စွမ်းအင် ပမာဏမျိုးကို ရှေးဖြစ်ဟော ကုန်သွယ်ရေး အသင်းနဲ့သာဆိုလျှင် အနည်းဆုံး နှစ်လလောက် စုဆောင်းရလိမ့်မည်။
သို့သော် အခု စုရှင်းသာ နဂါးနက် အဖွဲ့ထဲ တိတ်တဆိတ်ဝင်ပြီး လျှို့ဝှက်အခန်းထဲ ဝင်ကာ ဤပစ္စည်းများကို ခိုးယူနိုင်မည်ဆိုလျှင် တစ်ညတည်းပင် သူဌေး ဖြစ်တော့မည် ဖြစ်သည်။
စည်းစိမ်ဥစ္စာက ဆွဲဆောင်မှု ရှိသော်လည်း စုရှင်းသည် သူ့ကိုယ်သူ ပြန်ထိန်းချုပ်ကာ တီးတိုး ပြောလိုက်သည်။
“မဟုတ်ဘူး၊ ဒီပစ္စည်းတွေကို လိုချင်ရင်တောင် ဒီလောက် မဆင်မခြင်လုပ်လို့ မရဘူး!”
“အနည်းဆုံးတော့... သရုပ်ပြခြင်း ထဲမှာ ဒါကို ဘယ်လို ရှာတွေ့နိုင်မလဲ၊ အန္တရာယ်ရော ရှိနိုင်လား ဆိုတာ အရင် ကြည့်ဖို့ လိုတယ်!”
စွမ်းအင်မှတ် တစ်ရာ ဘီလီယံသည် စုရှင်း အတွက် ကြီးမားသည့် ပမာဏ ဖြစ်သည်။ သို့သော် ထိုအရာ အားလုံးသည် ပေါ်မသွားမှသာ ရနိုင်လိမ့်မည်။
မဟုတ်လျှင် မည်မျှပင် များပြားသည့် စွမ်းအင်ပင် ဖြစ်ပါစေ၊ ဆုံးရှုံးမှုနှင့် လဲလှယ်၍ ရနိုင်မည် မဟုတ်ပေ။
မကြာခင်မှာပင် မြှုပ်နှံ သရုပ်ပြခြင်း ပြီးဆုံးသွားသည်။
စုရှင်းသည် တကယ့်ကမ္ဘာသို့ ပြန်ရောက်လာပြီး သရုပ်ပြခြင်း၏ အနာဂတ်ရလဒ်ကို စိတ်အားထက်သန်စွာ ပြန်လည် သုံးသပ်ကြည့်သည်။
[နဂါးနက် ကုန်သွယ်ရေး အဖွဲ့နှင့် ဆင်းသက်ဂိုဏ်းတို့၏ ပူးပေါင်းကြံစည်မှုကို သင် နားလည်သွားသည်။ ထိုသတင်းသည် သင့်ကို ပိုပြီး ထိတ်လန့်စေခဲ့သည်။]
[လုံခြုံရေးအရ သင်သည် ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေတွင် တစ်လခွဲကြာ ပုန်းအောင်းနေရန် ဆုံးဖြတ်ခဲ့သည်။]
[တစ်လခွဲဟူသော အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး သင်သည် တကယ့်ကမ္ဘာတွင် ပြန်ပေါ်လာခဲ့သည်။]
[ကျွမ်းကျင်ပညာရှင် ကုန်သွယ်ဈေးသည် ပုံမှန်အတိုင်းပင် ရှိနေသည်။ သင်သည် သတိထားပြီး အဆင့်နိမ့် ပစ္စည်း အနည်းငယ်ကို ဟန်ဆောင်၍ ကောက်ယူကာ သင်၏ အဆောင်သို့ ပြန်သွားခဲ့သည်။]
…