လယ်သမားတစ်ဦး၏ နတ်ဘုရားအဆင့် စွမ်းရည်၊ ကောင်းကင်ဂူ နှင့် ကောင်းချီးမြေ၏ ကွာခြားချက်! _၃
Vol. 13 Ch. 172
[စတုတ္ထနှစ်တွင် သင်စိုက်ပျိုးထားသည့် ဝိညာဉ်စုစည်းပန်း ဒုတိယ အသုတ်သည် တစ်ဖန် ရင့်မှည့်လာသည်။ သင်သည် ရင့်မှည့်ပြီး ဝိညာဉ်စုစည်းပန်း ငါးဆယ်နှင့် ဝိညာဉ်စုစည်းပန်း မျိုးစေ့ ရှစ်ဆယ်ကို ရိတ်သိမ်းခဲ့သည်။]
[သင်သည် ရင့်မှည့်ပြီးသော ဝိညာဉ် စုစည်းပန်းများကို ဝိညာဉ်စုဆောင်းခြင်း အစီအရင်ထဲသို့ ပြောင်းရွှေ့ စိုက်ပျိုးပြီးနောက် စိုက်ပျိုးခြင်းကို အသစ် တစ်ဖန် ပြန်လည် စတင်ခဲ့သည်။]
စုရှင်းသည် ဤအရာကို မြင်တွေ့ရသောအခါ သူ့ဘာသာသူ ပြုံးလိုက်သည်။
“ဝိုး၊ ဒီ ရှန်းနန် စွမ်းရည်က ဒီလောက် အစွမ်းထက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး!”
“ပျမ်းမျှအားဖြင့်ဆိုရင် နှစ်နှစ်တစ်ကြိမ် ရင့်မှည့်တယ်။ မျိုးစေ့ရိတ်သိမ်း ရရှိမှုကလည်း မူရင်းပမာဏရဲ့ တစ်ဆခွဲလောက် ရှိတယ်။ ဒီနှုန်းနဲ့ဆိုရင် ဒီတစ်ကြိမ်မှာ ဝိညာဉ်စုစည်းပန်း တစ်ထောင်ကျော်ကို အလွယ်တကူ စိုက်ပျိုးနိုင်မှာပဲ!”
ထိုသို့ တွေးမိသည်နှင့် စုရှင်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကော့ညွတ်သွားသည်။
ဝိညာဉ်စုစည်းပန်း တစ်ထောင်ကျော် တကယ်ရှိခဲ့လျှင် သူသည် စွမ်းအင် အတွက် ခဏတာမျှ စိုးရိမ်ပူပန်စရာ လိုတော့မည် မဟုတ်ပေ။
“ပြီးတော့ ဒီ ဝိညာဉ်ဆန်ရောပဲ၊ အထွက်နှုန်းက နှစ်ဆ တိုးလာတယ်။ တစ်ဧကကို တစ်နှစ်မှာ ကျင်း နှစ်သောင်း ထွက်တယ်… ဝိညာဉ်ဆန် ရဲ့ အကျိုးသက်ရောက်မှုတွေကလည်း ပိုတောင် ကောင်းလာတယ်!”
“ဒါဆို ငါ့မှာရှိတဲ့ ဧကငါးရာနဲ့ဆိုရင် တစ်နှစ်ကို စုစုပေါင်း ကျင်း ဆယ်သန်း ထွက်တယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်လား”
စုရှင်း မျက်ခုံးပင့်လိုက်သည်။ ဤလမ်းကြောင်း အတိုင်းသာ ဆက်လက် ရှိနေမည်ဆိုလျှင်၊
သူသည် ကြယ်ပြာပေါ်တွင် ဝိညာဉ်ဆန်အား အကြီးစား စိုက်ပျိုးမည့် အစီအစဉ်ကို ဆက်လက် လုပ်ဆောင်နိုင်ပေသည်။
ဝိညာဉ်စုစည်းပန်းများသည် ယခုအခါ အလုံအလောက်နီးပါး ရပြီဖြစ်သည်။ လိုအပ်နေသည်မှာ ဝိညာဉ်ကျောက်များသာ ဖြစ်သည်။
သူ၏အကြည့်သည် သရုပ်ပြခြင်း ဖန်သားပြင်သို့ ရောက်ရှိသွားသည်။
[ပဉ္စမနှစ်တွင် သင်သည် နတ်ဘုရား အသွင်ပြောင်းခြင်း အဆင့်သို့ တက်လှမ်းပြီးနောက် ဝိညာဉ်စုစည်း ဆေးများသည် သင်၏ နတ်မျက်စိအား တိုးချဲ့ရာတွင် အကျိုးသက်ရောက်မှု တစ်ဖန် ရှိလာကြောင်း မတော်တဆ တွေ့ရှိခဲ့သည်။]
[အကျိုးသက်ရောက်မှုမှာ နည်းပါးသော်လည်း ၎င်းသည် သင့် နတ်မျက်စိ ၏ အကွာအဝေးကို တစ်နှစ်လျှင် မီတာငါးဆယ်ခန့် တိုးချဲ့ပေးခဲ့သည်။]
[သင်သည် မှတ်သားထားလိုက်ပြီး ဝိညာဉ်စုစည်းဆေး အများစုကို လောရွှေရင်အား ခွဲဝေပေးခဲ့သည်။]
[ဆဋ္ဌမနှစ်တွင် ဝိညာဉ်စုစည်းပန်း အသစ်တစ်သုတ် ရင့်မှည့်လာသည်။]
[ဤအချိန်တွင် သင့်လက်ထဲ၌ စိုက်ပျိုးထားသည့် ရင့်မှည့်ပြီး ဝိညာဉ်စုစည်းပန်းများ အရေအတွက်မှာ တစ်ရာ့ခြောက်ဆယ်အထိ ရောက်ရှိခဲ့ပြီး မျိုးစေ့ အရေအတွက်မှာလည်း တစ်ရာ အထိ ရှိလာခဲ့သည်။]
[သင်သည် စိုက်ပျိုးခြင်းကို အသစ်တစ်ဖန် ပြန်လည် စတင်ခဲ့သည်။]
[သတ္တမနှစ်တွင် သင်၏ ဝိညာဉ်ဆန် စီမံကိန်းသည် အောင်မြင်မှု ကြီးစွာ ရရှိခဲ့သည်။ ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေတွင် တစ်ဧကလျှင် ဝိညာဉ်ဆန် ကျင်း နှစ်သောင်း ထွက်ရှိပြီး ဧကငါးရာမှ စုစုပေါင်း ဝိညာဉ်ဆန် ကျင်း ဆယ်သန်း ထွက်ရှိသည်။]
[ထိုမျှမက ကျိုတိုမြို့ ဆင်ခြေဖုံးရှိ တောင်ကြီးနှစ်လုံးကိုပါ သင် ပိတ်ဆို့လိုက်ပြီး စုစုပေါင်း ဧကသုံးထောင်ကို ဝိညာဉ်ဆန် စိုက်ပျိုးရန် စမ်းသပ်မြေအဖြစ် သင်သည် အထူးသီးသန့် အသုံးပြုခဲ့သည်။]
[သို့သော် ဝိညာဉ်စုဆောင်းခြင်း အစီအရင် အနည်းငယ်ကို တည်ဆောက်နိုင်ရန် တစ်နှစ်လုံး အချိန်ယူခဲ့ရသည်။ ယင်းမှာ သင် မျှော်မှန်းထားသည်ထက် များစွာ နည်းပါးသည်။]
[အခြား ရွေးချယ်စရာ မရှိသောကြောင့် သင်သည် ဝိညာဉ်ဆန် စိုက်ပျိုးခြင်းကို ခေတ္တရပ်ဆိုင်းပြီး ဝိညာဉ်စုဆောင်းခြင်း အစီအရင် အပေါ် သင်၏ ကျွမ်းကျင်မှုကို မြှင့်တင်ရန် ဆုံးဖြတ်ခဲ့သည်။]
[အဋ္ဌမနှစ်တွင် သင်စိုက်ပျိုးသည့် ဝိညာဉ်စုစည်းပန်း အရေအတွက်မှာ နှစ်စဉ် လျင်မြန်စွာ ဆက်လက် မြင့်တက်လာသည်။ ဝိညာဉ်စုစည်းပန်းများ အရေအတွက် တိုးလာသည်နှင့်အမျှ ၎င်းတို့ ရင့်မှည့်တာ သေချာစေရန် သင်သည် တစ်နေ့လျှင် နှစ်နာရီ အချိန်ပေးခဲ့ရသည်။]
[နဝမနှစ်တွင် သင်၏ ချီသန့်စင်ခြင်း ကျင့်ကြံမှုသည် ပိုမို တိုးတက်လာပြီး နတ်ဘုရား အသွင်ပြောင်းခြင်း၏ ဒုတိယနယ်ပယ်နှင့် ပို၍ ပို၍ နီးစပ်လာသည်ဟု ခံစားရသည်။]
[အချိန်ကြာလာသည်နှင့်အမျှ ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေရှိ ဝိညာဉ်စွမ်းအင်သည် ပိုမို ပေါများလာသည်။]
[ဝိညာဉ်စွမ်းအင် သည် သင်၏ ခွန်အား အတွက် အတားအဆီး မဟုတ်တော့ပေ။ သို့သော် နတ်ဘုရား အသွင်ပြောင်းခြင်း အဆင့်တွင် တိုးတက်ရန်မှာ သန္ဓေတည် ဝိညာဉ်အဆင့်ထက် အဆပေါင်းများစွာ ပိုမိုခက်ခဲသည်။ အနည်းငယ် တိုးတက်ရန် အတွက်ပင် မလွယ်ကူပေ။]
[ဒသမနှစ်တွင် သင့်လက်ထဲရှိ ရင့်မှည့်ပြီး ဝိညာဉ်စုစည်းပန်း အရေအတွက်သည် လေးရာအထိ ရောက်ရှိခဲ့ပြီး မျိုးစေ့ အရေအတွက်မှာ တစ်ရာ့ငါးဆယ် အပြည့် ရှိလာသည်။]
[ဝိညာဉ်စုစည်းပန်း တစ်ရာ့ငါးဆယ်ကို စိုက်ပျိုးနေစဉ် သင်သည် ဝိညာဉ်ပျိုးထောင်ခြင် စွမ်းရည် ရှိသော်လည်း ၎င်းတို့ မညှိုးနွမ်းစေရန် တစ်နေ့လျှင် သုံးနာရီ အချိန်ပေးပြီး စောင့်ရှောက်ခဲ့သည်။]
[ဆယ့်တစ်နှစ်မြောက်တွင် သင်၏ ချီသန့်စင်ခြင်း ကျင့်ကြံမှု အဆင့်သည် နတ်ဘုရား အသွင်ပြောင်းခြင်း အဆင့်၏ ပထမနယ်ပယ်၌ပင် ရှိနေဆဲ ဖြစ်သည်။]
[သတင်းကောင်းမှာ နေ့စဉ် နတ်ဆိုးဧကရာဇ်၏ အသားဓာတ်ကို အသုံးပြုမှုကြောင့် သင်၏ ခန္ဓာကိုယ် သန့်စင်မှု ကျင့်ကြံခြင်း အဆင့်တွင် အချို့သော တိုးတက်မှုများ ရရှိခဲ့ပြီး သင်သည် နတ်ဘုရား အင်အားနယ်ပယ်၏ ပဉ္စမအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်လာခဲ့သည်။]
[ဆယ့်နှစ်နှစ်မြောက်တွင် သင်သည် ဝိညာဉ်စုဆောင်းခြင်း အစီအရင်ဆိုင်ရာ သုတေသန၌ တိုးတက်မှုအချို့ ရရှိခဲ့သည်။ သင်၏ အစီအရင်များ တည်ဆောက်မှု အောင်မြင်နှုန်းမှာ ရာခိုင်နှုန်း ၆၀ ကျော်အထိ ရောက်ရှိခဲ့သည်။]
[နှစ်များတစ်လျှောက် သင်သည် ဝိညာဉ်စုဆောင်းခြင်း အစီအရင် ငါးရာကို တည်ဆောက်ပြီးခဲ့ပြီ ဖြစ်သည်။]
[ထိုနှစ်တွင်ပင် အကြီးစား ဝိညာဉ်ဆန် စီမံကိန်းကို ဆောင်ရွက်ခဲ့သည်။ သင်သည် ဝိညာဉ်စုစည်းပန်း ငါးရာကို ဝိညာဉ်ဆန် စမ်းသပ် စိုက်ခင်းများထဲသို့ ပြောင်းရွှေ့စိုက်ပျိုးကာ ဝိညာဉ် ကျောက်တုံးများဖြင့် အားဖြည့်ပေးခဲ့သည်။ ကြယ်ပြာပေါ်တွင် နှစ်စဉ် တစ်ဧကလျှင် ကျင်း တစ်သောင်းအထိ ထွက်ရှိခဲ့သည်။]
[ဝိညာဉ်စုဆောင်းခြင်း အသေးစား အစီအရင် ငါးရာသည် ဝိညာဉ်စိုက်ခင်း ဧက တစ်ထောင့်ငါးရာကို လွှမ်းခြုံနိုင်ခဲ့ရာ ကြယ်ပြာပေါ်တွင် တစ်နှစ်လျှင် ဝိညာဉ်ဆန် ထုတ်လုပ်မှု ကျင်း တစ်ဆယ့်ငါးသန်း ရှိခဲ့သည်။]
[ဆယ့်သုံးနှစ်မြောက်တွင် သင်သည် ဝိညာဉ်ဆန် စိုက်ပျိုးခြင်း တိုးတက်မှုကို ရှားနိုင်ငံ၏ ထိပ်တန်း အရာရှိများထံ အစီရင်ခံခဲ့ရာ သင်သည် အာဏာပိုင်များ၏ အလေးအနက် အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။]
[ရှားနိုင်ငံ စစ်တပ်က ဒဏ္ဍာရီလာ ပညာရှင် တစ်ဦးနှင့် စစ်ဧကရာဇ် ပညာရှင် နှစ်ဦးကိုပင် ဝိညာဉ်ဆန် စမ်းသပ် စိုက်ခင်းများ ၏ လုံခြုံရေးကို အာမခံရန် စေလွှတ်ခဲ့သည်။]
[တစ်နှစ်လျှင် ဝိညာဉ်ဆန် ကျင်း တစ်ဆယ့်ငါးသန်းသည် လူတစ်သန်းအတွက် အသုံးပြုရန် လုံလောက်သည်။ ဆိုလိုသည်မှာ တစ်နှစ်လျှင် ရှားနိုင်ငံသည် ငွေအဆင့် ကျွမ်းကျင်ပညာရှင် တစ်သန်းနီးပါးနှင့် ပါရမီရှင် ပညာရှင် အများအပြားကို ထပ်မံ မွေးထုတ်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။]
[ဆယ့်လေးနှစ်မြောက်တွင် ဝိညာဉ်ဆန် စီမံကိန်းကို အကောင်အထည် ဖော်ပြီးနောက် သင်သည် ဝိညာဉ်စုစည်းပန်းများ စိုက်ပျိုးခြင်းနှင့် သင်၏ ကျင့်ကြံမှုအဆင့် မြှင့်တင်ခြင်းအပေါ် ပိုမို အာရုံစိုက်ခဲ့သည်။]
[ဆယ့်ငါးနှစ်မြောက်တွင် သင်၏ ချီသန့်စင်ခြင်း ကျင့်ကြံမှု အဆင့်သည် နောက်ဆုံးတွင် တိုးတက်မှု အချို့ ရရှိခဲ့သည်။ သင်သည် နတ်ဘုရား အသွင်ပြောင်းခြင်း နယ်ပယ်၏ ဒုတိယအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။]
စုရှင်း သက်ပြင်းချကာ ပြောလိုက်သည်-
“အာ၊ ပေါများတဲ့ ဝိညာဉ်စွမ်းအင် ရှိနေတာတောင် အသေးစား နယ်ပယ် တစ်ခုကို ဖောက်ထွက်ဖို့ အတွကခ ဆယ့်ငါးနှစ်နီးပါး အချိန်ယူရတာလား?”
“ဒီအမြန်နှုန်းက နတ်ဘုရား အသွင်ပြောင်းခြင်း ကျင့်ကြံသူတွေကြားမှာ အလွန် လျင်မြန်တယ် ဆိုပေမဲ့ ငါ့အတွက်တော့ မလုံလောက်သေးဘူး!”
နတ်ဘုရား အသွင်ပြောင်းခြင်း ကျင့်ကြံသူများသည် သက်တမ်းအားဖြင့် နှစ်တစ်ထောင် ရှိကြသည်။ အသက်ရှည်ဆေးများ သောက်သုံးမည်ဆိုလျှင် နှစ်တစ်ထောင့်သုံးရာမှ တစ်ထောင့်ငါးရာအထိ အသက်ရှင်နိုင်သည်။
သို့ရာတွင် နတ်ဘုရား အသွင်ပြောင်းခြင အဆင့်တွင် တိုးတက်ရန်မှာ ပိုမိုခက်ခဲပါသည်။ သာမန် နတ်ဘုရား အသွင်ပြောင်းခြင်း ကျင့်ကြံသူများ အတွက်မူ ထူးခြားသည့် အခွင့်အလမ်းများ မရှိဘဲ တစ်ဆင့်တက်ရန် အတွက် နှစ်ပေါင်းနှစ်ဆယ်မှ သုံးဆယ်အထိ ကြိုးစားအားထုတ် ကျင့်ကြံရပေလိမ့်မည်။
စုရှင်းသည် နှစ်မျိုးပေါင်း စစ်မှန်သည့် ဝိညာဉ်ရင်းမြစ်အား ပိုင်ဆိုင်ထားသဖြင့် သာမန် နတ်ဘုရား အသွင်ပြောင်းခြင်း ကျင့်ကြံသူများထက် နှစ်ဆနီးပါး မြန်ဆန်စွာ ကျင့်ကြံနိုင်သည်။
သို့သော် ထိုသို့ဖြစ်စေကာမူ အသေးစား နယ်ပယ် တစ်ခုကို ဆယ့်ငါးနှစ်အတွင်း ဖောက်ထွက်နိုင်ခြင်းသည် သူ အစွမ်းကုန် ကျင့်ကြံလျှင်ပင် သရုပ်ပြခြင်း တစ်ကြိမ်အတွင်း နတ်ဘုရား အသွင်ပြောင်းခြင်း၏ တတိယ နယ်ပယ်ကိုသာ ရောက်ရှိနိုင်မည်ဟု ဆိုလိုပါသည်။
ကျင့်ကြံမှုအဆင့် မြင့်မားလေလေ ပို၍ ခက်ခဲလေလေ ဖြစ်သည်။
“ဟူး…ငါ့ရဲ့ ကျင့်ကြံမှု အဆင့်ကို မြန်မြန် တိုးဖို့ အတွက် ပိုမြင့်မားတဲ့ ဝိညာဉ်ရင်းမြစ်ကို လိုမယ် ထင်တယ်!”
စုရှင်း သက်ပြင်းချလိုက်သည်။ သူ၏ လက်ရှိ ဝိညာဉ်ရင်းမြစ်မှာ အပြာရောင် စစ်မှန်သော ဝိညာရင်းမြစ် ဖြစ်သည်။ ခရမ်းရောင် ဝိညာဉ်ရင်းမြစ်ကို ထုတ်ယူနိုင်ပါက သူ၏ ကျင့်ကြံမှု အမြန်နှုန်း မှာ သိသိသာသာ မြင့်တက်လာပေလိမ့်မည်။
သို့သော် ဝိညာဉ်ရင်းမြစ် ထုတ်ယူခြင်းသည် သူ၏ ထိန်းချုပ်မှုအောက်တွင် မရှိပါ။ ယင်းသည် ကံကောင်းခြင်း အပေါ်တွင်သာ မူတည်သည်။
“ကောင်းပြီ၊ စွမ်းရည် လက်ဆောင်တွေ အတွက် စိတ်ပူနေလို့ အသုံးမဝင်ဘူး။ လက်ရှိ ကိစ္စတွေကိုပဲ အာရုံစိုက်လိုက်တော့မယ်!”
စုရှင်း၏ အကြည့်သည် သရုပ်ပြခြင်း ဖန်သားပြင်ဘက်သို့ ပြန်လည် ရောက်ရှိသွားသည်။
[ဆယ့်ခြောက်နှစ်မြောက်တွင် ဝိညာဉ် စုစည်းပန်းများ၏ အခြေခံ အရေအတွက် ပိုမို များပြားလာသည်နှင့်အမျှ ၎င်းတို့ကို ပြုစုစောင့်ရှောက်ရန် အတွက် သင်သည် နေ့စဉ်အချိန်၏ သုံးပုံတစ်ပုံ နီးပါးကို သုံးစွဲခဲ့ရသည်။]
[သို့သော် ၎င်းသည် ထိုက်တန်ပါသည်။ ယခုနှစ်တွင် သင်၏ ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေရှိ ဝိညာဉ်စုစည်းပန်းများ အရေအတွက်သည် ခုနစ်ရာနီးပါးသို့ ရောက်ရှိခဲ့ပြီး မျိုးစေ့ အရေအတွက်မှာ သုံးရာသို့ ရောက်ရှိခဲ့သည်။]
[သင်၏ ခန့်မှန်းချက်များအရ ဝိညာဉ်စုစည်းပန်းများ အရေအတွက် သုံးထောင်အထိ ရောက်ရှိနိုင်ပါက သင်၏ ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေသည် ပြောင်းလဲမှု တစ်ခုကို ကြုံတွေ့ရနိုင်သည်ဟု သင် ယူဆသည်။]
[ဝိညာဉ်စွမ်းအင်၏ သိပ်သည်းဆ မြင့်မားလာခြင်းသည် သင်၏ ကိုယ်ပိုင် ဝိညာဉ်စိုက်ခင်းအား ကောင်းချီးမြေ မှ ကောင်းကင်ဂူ အဆင့်သို့ မြှင့်တင်နိုင်ပေလိမ့်မည်!]
…