← Chapters

နတ်ဆိုး နှိမ်နှင်းရေး စခန်း၏ လျှို့ဝှက်ချက်များ၊ သတ်ဖြတ်ပွဲ စစ်မြေပြင်။

Vol. 13 Ch. 179

နတ်ဆိုး နှိမ်နှင်းရေး စခန်း၏ လျှို့ဝှက်ချက်များ၊ သတ်ဖြတ်ပွဲ စစ်မြေပြင်။

Vol. 13 Ch. 179

စုရှင်းသည် ၎င်းကို မြင်သောအခါ မျက်ခုံးပင့်လိုက်သည်။

“ကြံ့မျိုးနွယ်စုက ... တကယ်ပဲ မျိုးနွယ်ခြားတွေထဲမှာ မျိုးနွယ်စု အမျိုးမျိုး ရှိကြပြီး သူတို့ကြားက ကွာခြားချက်တွေက အများကြီးကိုး!”

စုရှင်း မှတ်မိသည်မှာ ယခင် သရုပ်ပြခြင်း တစ်ခုတုန်းက လောရွှေရင်သည် အရိပ် မျိုးနွယ်စု အကြောင်း သူ့ကို ပြောပြခဲ့ဖူးသည်။ ၎င်းမှာလည်း မျိုးနွယ်ခြားတစ်မျိုး ဖြစ်ပုံရသည်။

“အရိပ် မျိုးနွယ်စုနဲ့ ကြံ့မျိုးနွယ်စု ဘယ်သူက ပိုသန်မာမလဲ မသိဘူး”

စုရှင်း စဉ်းစားမိပြီး ရေရွတ်လိုက်သည်။

“မျိုးနွယ်ခြားတွေရဲ့ ခွန်အားက အပေါ်ယံ မြင်ရသလို ရိုးရှင်းတာ မဟုတ်ဘူး။ ကြံ့မျိုးနွယ်စုက နတ်ဆိုးသားရဲထဲ အရွယ်အစားကြီးတဲ့ သားရဲတွေဟာ အဆင့်နိမ့်တွေပဲလို့ ပြောခဲ့တာလား”

စုရှင်းသည် ထိုအမြင်ကို သဘောမတူပါ။ စစ်မြေပြင်ပေါ်ရှိ ပုံမှန် နတ်ဆိုးဧကရာဇ်များ၊ မီတာရာချီ ကြီးမားသော်လည်း ဉာဏ်ရည်နိမ့်သည့် သူများသည် နတ်ဆိုးမျိုးနွယ်တွင် အသေခံတပ်သားများ ဖြစ်ကောင်း ဖြစ်နိုင်သည်။

သို့သော် မည်သို့ဆိုစေ ဆင်းသက်လာသည့် ဧရာမ သားရဲကြီးသည် မျိုးနွယ်ခြားတွင် အလွန် အင်အား ကြီးမားသာ့် သတ္တဝါများ အနက် တစ်ခု ဖြစ်ခဲ့သည်မှာ သေချာသည်။

ယင်းသည် တိုက်ကြီးများကိုပင် မြိုချနိုင်သည့် စွမ်းရည် ရှိသည်။

သူ့အရွယ်အစားသည် ဂြိုဟ်တစ်လုံးနှင့် သေချာပေါက် ညီမျှသည်။

တစ်ခါတစ်ရံတွင် အရွယ်အစားသည် အတိုင်းအတာ တစ်ခုအထိ တိုးလာသည့်အခါ အရည်အသွေးပိုင်း ဆိုင်ရာ ပြောင်းလဲမှုများကိုပင် ဖြစ်ပေါ်စေနိုင်သည်။

“ဒါပေမယ့် နတ်ဆိုးမျိုးနွယ်ထဲက တော်ဝင်မျိုးနွယ်တွေက အင်အားကြီးရုံ သာမက အရေးကြီးတာက ပိုပြီးသန့်စင်တဲ့ အသားနှစ်ကိုလည်း ပေးစွမ်းနိုင်တယ်... ဒီအချက်ကို နောက်ပိုင်းမှာ အာရုံစိုက်ဖို့ လိုမယ်!”

စုရှင်း အနည်းငယ် ခေါင်းညိတ်လိုက်သည်။

သိသာထင်ရှားသည်မှာ သူ့အတွက် ဤ တော်ဝင်မျိုးနွယ်များ ထုတ်လုပ်သည့် အသားနှစ်သည် ပိုမိုကောင်းမွန်သည့် အကျိုးသက်ရောက်မှု ရှိသည် ဆိုသည့်အချက်ပင်။

သူ့အကြည့်သည် သရုပ်ပြခြင်း ဖန်သားပြင်စီသို့ ပြန်လည် ရောက်ရှိသွားသည်။

[သင်သည် ကြံ့မျိုးနွယ်စု၏ အသားနှစ်ကို ထုတ်ယူပြီး သုံးကြိမ်မျှသာ စားသုံးပြီးချိန်တွင်ပသ် ကျေနပ်မှုကို ခံစားလိုက်ရသည်။ သင့်အတွင်းပိုင်း စွမ်းအင်များ ပြန်လည် ပြည့်ဝလာသည်ဟု ခံစားရသည်။]

[ထို့အပြင် နတ်ဆိုးမျိုးနွယ် အသားနှစ်ဖြင့် တိုးတက်ခြင်းနှင့် နှိုင်းယှဉ်ပါက ကြံ့မျိုးနွယ်၏ အသားနှစ်တွင် မီးစွမ်းအင် အနည်းငယ် ပါဝင်သည်။ ၎င်းသည် သင်၏ ခန္ဓာကိုယ်ကို ဆက်လက် လှုံ့ဆော်ပေးကာ သင်၏ ခန္ဓာသန့်စင်ခြင်း ကျင့်ကြံမှု အဆင့်၏ တိုးတက်မှုကို အရှိန်မြှင့်တင်ပေးသည်။]

[နောက်ပိုင်းကာလတွင် သင်သည် ကြံ့မျိုးနွယ်မှ နတ်ဆိုးဧကရာဇ် တစ်ဦး၏ အသားနှစ်ကို နေ့စဉ် စားသုံးခဲ့သည်။ သင်၏ ခန္ဓာသန့်စင်ခြင်း ကျင့်ကြံမှုမှာ နေ့စဉ်နှင့်အမျှ တိုးတက်လာသည်ဟု ခံစားခဲ့ရသည်။]

[နှစ်ဆယ်နှစ်မြောက်တွင် ကြံမျိုးနွယ်မှ နတ်ဆိုးဧကရာဇ် တစ်ဦးကို သတ်ဖြတ်လိုက်သည် ဟူသော သတင်းသည် နတ်ဆိုးနှိမ်နှင်းရေး စခန်း၏ မျိုးနွယ်ခြားများကြားတွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။]

[သာမန် နတ်ဆိုးဘုရင်များနှင့် နတ်ဆိုးဧကရာဇ်များသည် သင့်ကို စိန်ခေါ်ရန် မဝံ့ရဲကြတော့သော်လည်း တော်ဝင်မျိုးနွယ် နတ်ဆိုးဧကရာဇ်များကမူ သင့်ကို မနားမနေ စိန်ခေါ်လာကြသည်။]

[ဤတော်ဝင် မျိုးနွယ် နတ်ဆိုးသားရဲများနှင့် တိုက်ခိုက်ခြင်းဖြင့် သင်၏ တိုက်ခိုက်ရေး စွမ်းရည်များ ပိုမိုပြည့်ဝလာပြီး အမျိုးမျိုးသော ရန်သူများကိုလည်း ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့သည်။]

[နှစ်ဆယ့်တစ်နှစ်မြောက်တွင် တစ်နှစ်တာ ကာလအတွင်း သင်သည် သာမန် နတ်ဆိုးဧကရာဇ် ဆယ်ဦးကျော်နှင့် မတူညီသော တော်ဝင် မျိုးနွယ်များ အများအပြားကို သတ်ဖြတ်ခဲ့သည်; ၎င်းတို့တွင် ကြက်သွေးနီ အမွှေးမျိုးနွယ်စု, ဝိညာဉ်မျိုးနွယ်စုနှင့်, ခြင်္သေ့ဝါ မျိုးနွယ်စုတို့ ပါဝင်သည်။]

[ဤရန်သူများသည် စိန်ခေါ်မှုများ ဖြစ်သော်လည်း သင်၏ခွန်အားသည် တဖြည်းဖြည်း ပိုမိုအားကောင်းလာပြီး အန္တရာယ်မှ အမြဲတမ်း အောင်ပွဲခံနိုင်ခဲ့သည်။]

[တိုက်ပွဲများပြီးနောက် မလွဲမသွေ ဒဏ်ရာ ရရှိခဲ့သော်လည်း တိုက်ခိုက်ရေး အတွေ့အကြုံ တိုးတက်မှုက ပိုမိုကြီးမားသည်။]

[ထို့အပြင် ဤတော်ဝင် မျိုးနွယ်များ၏ အသားနှစ်သည် သင်၏ ကျင့်ကြံခြင်း အဆင့်ကို လျင်မြန်စွာ တိုးတက်စေခဲ့သည်။]

[နှစ်ဆယ့်နှစ်နှစ်မြောက်တွင် နတ်ဆိုး နှိမ်နှင်းရေး စခန်း အတွင်းရှိ တော်ဝင်မျိုးနွယ် နတ်ဆိုးသားရဲများ ကြားတွင် သင်၏ ကျော်ကြားမှုသည် ပျံ့နှံ့နေပြီ ဖြစ်သည်။ ဤနတ်ဆိုးသားရဲများသည် သင့်ကို အနိုင်ယူခြင်းဖြင့် ဂုဏ်ယူကြပြီး သင့်ကိုသတ်၍ နတ်ဆိုးမျိုးနွယ်၏ ဂုဏ်သိက္ခာကို ပြန်လည် ရယူကာ ၎င်းတို့၏မျိုးနွယ်အတွင်း ကျော်ကြားရန် မျှော်လင့်ကြသည်။]

[သို့သော် သင့်အတွက်မူ ဤတော်ဝင် မျိုးနွယ်များသည် သင့်ထံသို့ အသားနှစ်များ ပိုမို ပို့ဆောင်ပေးနေခြင်းမျှသာ ဖြစ်သည်။]

[နှစ်ဆယ့်သုံးနှစ်မြောက်တွင် တဖြည်းဖြည်းနှင့် တော်ဝင် မျိုးနွယ်များကလည်း သင့်ကို ရင်ဆိုင်ရ လွယ်ကူသူ မဟုတ်ကြောင်း သဘောပေါက်လာကြသည်။ သင့်ကို စိန်ခေါ်လာသော နတ်ဆိုးဧကရာဇ် အရေအတွက်မှာ တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။]

[ထို့ကြောင့် သင်သည် ဦးဆောင်မှုယူကာ စတင် လုပ်ဆောင်ခဲ့သည်; အသားနှစ် ကုန်ခါနီးတိုင်း သင်သည် သင်၏ သိုလှောင်ထားမှုကို ဖြည့်တင်းရန် နတ်ဆိုးဧကရာဇ် နှစ်ဦးကို အမြဲလိုက်လံရှာဖွေကာ နှိမ်နှင်းခဲ့သည်။]

[နှစ်ဆယ့်လေးနှစ်မြောက်တွင် ရှစ်နှစ်ကြာ ကျင့်ကြံခြင်းနှင့် တော်ဝင်မျိုးနွယ် အသားနှစ်၏ ဖြည့်စွက်မှုတို့ကြောင့် သင်၏ ချီသန့်စင်ခြင်း ကျင့်ကြံမှု အဆင့်သည် နောက်ဆုံးတွင် ထပ်မံ တိုးတက်လာခဲ့သည်။]

[နတ်ဘုရား အင်အား နယ်ပယ်၏ သတ္တမအဆင့် ကျင့်ကြံသူ ဖြစ်လာသည့် အတွက် ဂုဏ်ယူပါသည်။]

စုရှင်းသည် ဤအချက်ကို မြင်သောအခါ ခေါင်းညိတ်လိုက်ပြီး သူ၏မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုကို မထိန်းနိုင် ဖြစ်ခဲ့သည်။

“သရုပ်ပြခြင်း တစ်ခုတည်းနဲ့ ငါ့ကို အဆင့်ငယ်သုံးဆင့် တိုးတက်စေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး!”

နတ်ဘုရား အင်အားနယ်ပယ်သို့ ပထမဆုံးအကြိမ် ထိုးဖောက် ဝင်ရောက်စဉ်က သရုပ်ပြခြင်း တစ်ခုတည်းက သူ့အဆင့်ကို အဆင့်နှစ်ဆင့် တိုးတက်စေနိုင်လျှင်ပင် ကောင်းပြီဟု စုရှင်းက ယူဆခဲ့သည်။

သို့သော် မမျှော်လင့်ဘဲ နတ်ဆိုးဧကရာဇ်၏ အသားနှစ်၏ အကျိုး သက်ရောက်မှုမှာ အံ့သြစရာ ကောင်းလောက်အောင် ကောင်းမွန်သည်။ ထို့အပြင် မျိုးနွယ်ခြားများကြားမှ တော်ဝင် မျိုးနွယ်များ၏ အသားနှစ်သည် အလွန် ထိရောက်မှု ရှိခဲ့သည်။

စစ်မြေပြင်တွင် အဆက်မပြတ် တိုက်ခိုက်နေရခြင်းကြောင့် စုရှင်း၏ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုနှင့် ခန္ဓာသန့်စင်ခြင်း ကျင့်ကြံမှု အဆင့်တို့သည် လျင်မြန်စွာ တိုးတက် ပြောင်းလဲနေသည်။

“ကောင်းပြီ၊ အချိန်ကိုက် လုပ်ရအောင်။ ခန္ဓာသန့်စင်ခြင်း ကျင့်ကြံမှု အဆင့်ကို နတ်ဘုရား အင်အားနယ်ပယ်ရဲ့ အမြင့်ဆုံး အဆင့်အထိ မြှင့်တင်ပြီးရင် ချီသန့်စင်ခြင်း ကျင့်ကြံမှုကို မြှင့်တင်ဖို့ နည်းလမ်းရှာမယ်!”

စုရှင်း၏ စိတ်ထဲတွင် အစီအစဉ်တစ်ခု တဖြည်းဖြည်း ပေါ်လာသည်။

ယခုအချိန်တွင်‌ ကောင်းချီးမြေ၌ ဝိညာဉ်စွမ်းအင် များစွာရှိသော်လည်း နတ်ဘုရား အသွင်ပြောင်းခြင်း ကျင့်ကြံမှု အဆင့်ကို တိုးတက်စေရန် ခက်ခဲနေသေးသည်။ သရုပ်ပြခြင်း တစ်ခုတည်းဖြင့် အဆင့်နှစ်ဆင့် တိုးတက်နိုင်လျှင်ပင် ကောင်းပြီ ဖြစ်သည်။

ထိုသို့သော တွက်ချက်မှုအရ ချီသန့်စင်ခြင်း ကျင့်ကြံမှုကို နတ်ဘုရား အသွင်ပြောင်းခြင်း အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရန် သရုပ်ပြခြင်း ဆုလာဘ်ငါးကြိမ် သို့မဟုတ် ခြောက်ကြိမ်ပင် လိုအပ်နိုင်သည်။

နှိုင်းယှဉ်ကြည့်လျှင် ခန္ဓာသန့်စင်ခြင်း ကျင့်ကြံမှု အဆင့်ကို မြှင့်တင်ခြင်းက စုရှင်း၏ ခွန်အားကို ပိုမိုလျင်မြန်စွာ တိုးတက်စေမည်မှာ ထင်ရှားသည်။

အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ် ကျင့်ကြံမှု အဆင့် သုံးဆတိုးတိုင်း စုရှင်း၏ ခွန်အားသည် နှစ်ဆကျော် တိုးလာမည် ဖြစ်သည်။

“ဒါဆို နောက်တစ်ဆင့် အနေနဲ့ ဒဏ္ဍာရီ နတ်ဆိုးသားရဲတွေ နတ်ဆိုး နှိမ်နှင်းရေး စခန်းကို လုံးဝဖျက်ဆီးပစ်ဖို့ အဆင်သင့် ဖြစ်နေလောက်ပြီ... နည်းနည်းလောက် စူးစမ်းကြည့်ရအောင်!”

နတ်ဆိုး နှိမ်နှင်းရေး စခန်းမှ နတ်ဆိုးမျိုးနွယ်သို့ ထိုးဖောက် ဝင်ရောက်ရန် အတွက် သေခြင်းတရားကို ထိုင်မစောင့်ဆိုင်းကြောင်း စုရှင်း သိသည်။

သူသည် စစ်မြေပြင်၏ အဆုံးမဲ့ တောနက်ထဲသို့ စွန့်စားသွားခြင်းကို ပိုနှစ်သက်သည်၊ ၎င်းသည် နတ်ဆိုး နှိမ်နှင်းရေး စခန်း၏ ကန့်သတ်ချက်များ အတွင်း နေထိုင်ခြင်းထက် ပိုကောင်းသည်။

[နှစ်ဆယ့်ငါးနှစ်မြောက်တွင် သင်သည် နှစ်များတစ်လျှောက် သူရဲကောင်းဆန်စွာ စွမ်းဆောင်ခဲ့သော်လည်း သင့်တစ်ဦးတည်းသော စွမ်းအားဖြင့် အခြေအနေကို ပြောင်းလဲနိုင်ခြင်း မရှိသေးပေ။]

[နတ်ဆိုး နှိမ်နှင်းရေး စခန်းတွင် သေဆုံးသူ အရေအတွက် ဆက်လက် မြင့်တက်နေပြီး‌ ကောင်းကင်ဘုံ ဘုရင်နှင့် စစ်ဧကရာဇ် အဆင့် ပညာရှင်များလည်း လျော့နည်းလာသည်။]

[နတ်ဆိုးမျိုးနွယ်မှ ကြီးမားသော ကျူးကျော်မှု မကြာမီ ဖြစ်လာတော့မည်ကို သိရှိသဖြင့် သင်သည် ထိုင်စောင့်မနေဘဲ ပြင်ဆင်မှုများ စတင်ခဲ့သည်။]

[အဆာခံဆေး, အရိုးသန့်စင်ဆေးနှင့် များစွာသော ရုပ်ဖျက်ဆေး, လိပ်အသက်ရှုဆေးတို့ကို သန့်စင်ရန် သင့်အတွက် တစ်လကြာခဲ့သည်။]

[ဤဆေးလုံးများသည် တောနက်ထဲတွင် အချိန်ကြာမြင့်စွာ ရှင်သန်နိုင်ရန် သေချာစေမည် ဖြစ်သည်။]

[ထို့နောက် သင်သည် နတ်ဆိုးဧကရာဇ်နှင့် နတ်ဆိုးဘုရင်တို့မှ အသားနှစ် များစွာကို လည်းကောင်း၊ အရေးပေါ် အခြေအနေများ အတွက် ကုသဆေးရည်များ၊ အကျဉ်းခန်း ပစ္စည်းများ၊ ကိရိယာများ စသည်တို့ကို လည်းကောင်း စုဆောင်းခဲ့သည်။]

[သင်မထွက်ခွာမီ ညတွင် လောရွှေရင်ကို နှုတ်ဆက်ခဲ့သည်။ လောရွှေရင်သည် သင်မူမမှန်ကြောင်း ခံစားမိပုံရသော်လည်း သင်သည် အသေးစိတ် ရှင်းပြခြင်း မရှိခဲ့ပေ။]

…

All Chapters