နတ်ဘုရားပျောက်ဆုံးခြင်း
Vol. 016 Ch. 1537
“ပြန်လည်မွေးဖွားခြင်းအဆင့်”
ကိုက်ရှီက ရေရွတ်လိုက်သည်။
သူ၏ မျက်လုံးထဲတွင် အံ့သြမှုအငွေ့အသက်များရှိနေ၏။
“မင်းက ပြန်လည်မွေးဖွားခြင်းအဆင့်ကို ရောက်သွားရုံနဲ့ နတ်ဘုရားလှံကို ခံနိုင်ရည်ရှိမှာတဲ့လား” ကိုက်ရှီသည် အောက်ကို ကြည့်ကာ ပြောသည်။ ထိုအချိန်တွင် နတ်ဘုရားသဏ္ဌာန် ပုံရိပ်တစ်ခုက လျှောက်ထွက်လာ၏။ သူက ရွှေရောင်နတ်လှံကို လက်ထဲတွင် ကိုင်ဆောင်ထားကာ အဆုံးမဲ့ နတ်အလင်းများက တောက်ပနေသည်။
ကိုက်ရှီ၏ တိုက်ခိုက်လိုစိတ် ခံစားချက်က အားကောင်းနေပြီး အခြားသော အစွမ်းထက် တန်ခိုးရှင်များသည်လည်း ထိုနည်းတူပင်။ သူတို့၏ နှလုံးသားများက တိတ်ဆိတ် ငြိမ်းချမ်းမနေသော်လည်း သူတို့က အရေးစိုက်ခြင်းမရှိကြပေ။ ရီဖူရှင်းက အဆင့်တက်သွားခဲ့လျှင်ပင် သူက သူတို့နှင့် အဆင့်တူပင် ဖြစ်နေလိမ့်မည်ဖြစ်သည့်အတွက် ကြောက်စရာမရှိသေး။
ဘုန်း…
စူးရှသည့် အသံက ကောင်းကင်နှင့် မြေကြီးအကြား ပဲ့တင်ထပ်လာပြီး ရွှေရောင်နတ်အလင်းတို့က ကောင်းကင်ကို ထိုးဖောက်လာသည်။ ရွှေရောင်နတ်ဘုရားလှံသည် တစ်ဖန်ထိုးဖောက်လာကာ ရီဖူရှင်းထံသို့ တည့်မတ်စွာ တိုးဝင်လာသည်။
ယခင်က တိုက်ခိုက်ခဲ့ကြသူများသည် ယခုတွင် တစ်ချိန်တည်းမှာပင် လမ်းစဉ်စွမ်းအားများကို တပြိုင်တည်း ထုတ်လွှတ်လာကြပြီး ရီဖူရှင်းကို တစ်ခါတည်း ထိုးနှက်နိုင်ရန် ရည်ရွယ်ပြီး တိုက်ခိုက်ခြင်းကို အဆုံးသတ်လိုကြသည်။
သူတို့သည် ကြောက်ရွံ့ခြင်းမရှိကြသေးသော်လည်း ရီဖူရှင်းသည် သံသယကင်းစင်ခြင်းအဆင့်မှာပင် အလွန် ထူးချွန်ထက်မြက်နေပြီ ဖြစ်သည်။ ယခု သူက ပြန်လည်မွေးဖွားခြင်းအဆင့်နှင့် ထိုက်တန်သည်ကို သက်သေပြခဲ့ပြီး သူသည် ပို၍ပင် အားကောင်းလာခဲ့ပြီ ဖြစ်သည်။
ရီဖူရှင်းသည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်လျှင် အားလုံးသော ဓားများက တစ်ခုတည်း ဖြစ်လာသည်။ ၎င်းတို့က ဓားတစ်လက်တည်းအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်မှ ကျဆင်းလာသော ရွှေရောင်နတ်လှံဆီသို့ တိုးဝင်သွားခဲ့သည်။ အားနှစ်ခုသည် ထိပ်တိုက်တွေ့ခဲ့ပြီး စူးရှသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ မရေတွက်နိုင်သည့် ဓားစွမ်းအားလှိုင်းများက ထိုဓားမှ စီးဆင်းလာပြီး အပေါ်သို့ ဆန်တက်ကာ လမ်းစဉ်စွမ်းအားများအားလုံးကို ဖျက်ဆီး၏။
ရီဖူရှင်း၏ ခန္ဓာကိုယ်အနီးတွင် ဓားစွမ်းအားမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး တစ်ဒင်္ဂနတ်ဓား နည်းစနစ်ကို အသုံးပြုကာ တိုက်ခိုက်ရန်ထက် ခုခံကာကွယ်မှုကိုသာ ပြုသည်။
ခဏအတွင်း ပြင်းထန်သည့် ဓားစွမ်းအားများအတွင်းမှ သူ့ခန္ဓာကိုယ်အနီးတွင် ကြယ်များဝန်းရံနေပြီး တိုက်ခိုက်လာသည့် အားလုံးသော စွမ်းအားများက ပျက်စီးသွားကာ သူ့ထံသို့ တစ်လှမ်းမျှပင် ချဉ်းကပ်လာနိုင်ခြင်းမရှိပေ။
“ဂျူနီယာညီမလေး လော့ယွဲ့ အနီးကပ် သေချာကြည့်” ဝမ်ရှိုးရီသည် သူ၏ နတ်စွမ်းအားများကို ထုတ်လွှတ်ကာ ကောင်းကင်သို့ စူးစိုက်ကြည့်နေပြီး ရီဖူရှင်း၏ ဓားကို ရှင်းလင်းစွာ ထိုးထွင်း သိမြင်လိုနေပေသည်။
အရှင်ထိုက်ရွှမ်၏ လျှပ်တပြက်နတ်ဓားစွမ်းအားများသည် အလွန် အားကောင်းကာ သူတို့လိုက်မှီရန် အလှမ်းကွာလွန်းလှသည်။ ထိုအဆင့်က အလွန် မြင့်လှပေသည်။ ထို့ကြောင့် နားလည်နိုင်ရန် ခက်ခဲလှသည်။ ၎င်း၏ အနှစ်သာရကို နားလည်နိုင်ရန် ထိုးထွင်းသိမြင်မှုလိုအပ်၏။ သို့သော် ရီဖူရှင်းသည် သူတို့နှင့် တူညီသောအဆင့်တွင် ရှိနေသော်လည်း သူ၏ ဓားပညာရပ်အပေါ် သဘောပေါက်နိုင်စွမ်းက အလွန် ထက်မြက်ပေသည်။
ယခု သူတို့ရှေ့တွင် ဓားစွမ်းအားကို ထုတ်လွှတ်နေသည့်အတွက် သူတို့သည် အာရုံစိုက်ကာ လေ့လာသင်ယူသင့်ပေသည်။
လော့ယွဲ့၏ အမူအရာက လေးနက်သွားပြီး ခေါင်းညိတ်လိုက်ကာ ကောင်းကင်ထက်သို့ စူးစိုက်ကြည့်လိုက်သည်။
သူတို့က ထိုက်ရွှမ်မြို့ အပျက်အစီးနယ်မြေ၌ ရှိစဉ်က ရီဖူရှင်းသည် မည်မျှ အထင်ကြီးဖွယ်ကောင်းသည်ကို လက်တွေ့ သိမြင်ခဲ့ပြီးဖြစ်သည်။
လေထဲတွင် နတ်ဓားနှင့် ရွှေရောင်နတ်လှံက ထိပ်တိုက်တွေ့ဆုံခဲ့သည်။ မဟာလမ်းစဉ်၏ ဓားစွမ်းအားများက စီးဆင်းနေပြီး သူ၏ ခန္ဓာကိုယ်ကို ဓားအလင်းလွှာဖြင့် ရစ်ပတ်ထားသည်။ ရီဖူရှင်းက လမ်းစဉ်တောင်ကို မော့ကြည့်ကာ ပြောလိုက်သည်။ “မင်းတို့တွေ ဆင်းမလာချင်ဘူးလား။ ဒါဆိုလည်း ဆင်းလာဖို့ ဖိတ်ခေါ်တယ်”
သူ၏ အသံ ထွက်ပေါ်လာသည့်အခါ သူ့ခန္ဓာအနီး လေထုကို ဖြတ်၍ ဓားတစ်လက် ဖြတ်သန်းလာခဲ့သည်။ ၎င်းသည် ချက်ချင်းပင် လေဟာနယ်ကို ထိုးဖောက်လာခဲ့၏။
ထို့နောက် ဒုတိယဓား၊ တတိယဓား စသဖြင့် ပို၍ ပို၍ များပြားသော မရေတွက်နိုင်သည့် နတ်ဓားများက လေထဲကို ဖြတ်သန်းလာခဲ့သည်ကို လူတိုင်းက မော့ကြည့်နေကြ၏။ လောကတစ်ခွင်တွင် ဓားအရိပ်များက ပြည့်နှက်နေခဲ့သည်။
သူက ကောင်းကင်ကို ဓားများနှင့် ဖုံးလွှမ်းချင်နေသည်လား။
“ဘယ်လောက် အားကောင်းတဲ့ နတ်စွမ်းအားလဲ”
ရာရာက လေထုထဲမှ မြင်ကွင်းကို မော့ကြည့်လိုက်ပြီး သူမ၏ နှလုံးသားက ပြင်းထန်စွာ တုန်ခါလာသည်။ သူမက ရီဖူရှင်း၏ ခွန်အားကို သံသယမရှိပေ။ သူက ထိုနှစ်များအတွင်း တော်ဝင်ကျဲနန်းတော်မှ သူ့ထက် အားကောင်းသူများကိုပင် ဖိနှိပ်နိုင်ခဲ့သည်။ သူသည် အားကောင်းသည့် ပြိုင်ဘက်များနှင့် တွေ့ဆုံခဲ့ပြီး သူ့အဆင့်သည့် ကျယ်ပြန့်ကာ အားကောင်းလာသည်။ သူက မည်သည့်အခါမှ နောက်ကောက်ကျ ကျန်ရစ်ခဲ့လိမ့်မည် မဟုတ်ပေ။
ပြန်လည်မွေးဖွားခြင်းအဆင့်သည် နတ်ဘုရားလမ်းစဉ်၏ ဆုံချက်ဖြစ်သော်လည်း မဟာလမ်းစဉ် နတ်စက်ဝန်းကို တည်ဆောက်ရာတွင် အခြေခံပင်ဖြစ်သည်။ ရီဖူရှင်းက ပြန်လည်မွေးဖွားခြင်းအဆင့်ကို ချိုးဖျက်နိုင်ပြီး သူ၏ နှလုံးသားနှင့် စိတ်နှစ်ခုလုံးက ကျယ်ပြောသည့် လောကနှင့် လိုက်လျောညီထွေ ဖြစ်နိုင်ကာ လေဟာနယ်ထဲရှိ မရေတွက်နိုင်သော နတ်ဓားများကို ထိန်းချုပ်နိုင်ပြီး ဓားတစ်လက်ချင်းစီသည် ကိုယ်ပိုင် မဟာလမ်းစဉ် လမ်းကြောင်းများရှိကာ အတွင်းတွင် ဓားစွမ်းရည်တို့ ပါဝင်နေသည်။ သူမအတွက်သည်ပင် သူမ၏ ပြန်လည်မွေးဖွားခြင်းအဆင့် အခြေခံအုတ်မြစ်က ခိုင်မာနေပြီ ဖြစ်ပေမယ့် အောင်မြင်ရန် ခက်ခဲနေဆဲ ဖြစ်သည်။
“ထိုက်ရွှမ်တောင် တစ်ဒင်္ဂနတ်ဓားက ခင်ဗျားတို့ကို နှုတ်ဆက်ပါတယ်” ရီဖူရှင်း၏ အသံက ကျဆင်းလာပြီးနောက်တွင် မရေတွက်နိုင်သည့် နတ်ဓားတို့ ဆင်းသက်လာသည်။ ချက်ချင်းပင် တောင်ထိပ် နတ်သစ်ပင်ဆီမှ လူတိုင်းသည် သူတို့ဆီသို့ လာနေသော သတ်ဖြတ်ခြင်း ဓားစွမ်းအားလှိုင်းများကို မြင်တွေ့လိုက်ရသည်။
သူတို့က လာနေသည့် ဓားများကို အလွန် စိတ်မချမ်းမြေ့ဖွယ် မျက်နှာနှင့် မော့ကြည့်လိုက်သည်။ သူက လေထဲမှ ဓားများကို ထိန်းချုပ်နေပြီး တစ်ဒင်္ဂနတ်ဓားကို ထုတ်လွှတ်လိုက်သည်။
လုချင်းယောင်၏ ခန္ဓာကိုယ်အနီးမှ အရှိန်အဝါတို့က တစ်ဖန် ကျဆင်းလာပြန်ကာ လောကတစ်ခွင်ကို အေးခဲသွားခဲ့သည်။ ပတ်ဝန်းကျင် လေဟာနယ်ရှိ စွမ်းအား အားလုံးက ရပ်တန့်သွားခဲ့သော်လည်း ဓားက ဖြတ်သန်းလာသည့်အခါ ဓားစွတ်ကြောင်းကို ချန်ရစ်ခဲ့ပြီး ၎င်းသည် ပထမဆုံးဓားအမှတ်အသားပင် ဖြစ်သည်။
စူးရှသည့် ဆူညံသံက ထွက်ပေါ်လာပြီး သူမ၏ ခန္ဓာကိုယ်အနီးတွင် ဓားအမှတ်အသားများက ကန့်လန့်ဖြတ်ကာ ပေါ်ပေါက်လာသည်။ ဓားစွမ်းရည်သည် သူမ၏ စွမ်းအားများကို ထိုးဖောက်ကာ ပို၍ များပြားသော ဓားအမှတ်အသားများမှ လေထုကို ဖြတ်ကာ ပေါ်ပေါက်လာပြီး အားလုံးသော လမ်းစဉ်များကို ဖြတ်သန်းသွားခဲ့သည်။
ဓားချက်ကား အရာခပ်သိမ်းဖြတ်တော်ကခြင်း….။
သို့သော် ဤဓား၏ တိုက်ခိုက်မှုက ရပ်တန့်သွားခြင်းမရှိပေ။ တဖြည်းဖြည်း လေဟာနယ်တစ်ခုလုံးက ဖျက်ဆီးချေမှုန်းခံလိုက်ရကာ အရာအားလုံး မြှုပ်နှံဖျက်ဆီးပစ်လိုက်သည်။ ဓားက ဖြတ်သန်းသွားသည့်အခါ အရာအားလုံးက မြူမှုန်များအဖြစ် ပြောင်းလဲသွားသည်။
လုချင်းယောင်၏ မျက်နှာက ဖြူဖျော့သွားသည်။ သူမသည် ဤစွမ်းအားကို အပြင်းအထန် ခုခံရန်ကြိုးစားသော်လည်း သူမသည် ပြင်းထန်လှသည့်စွမ်းအားကို ခံစားရကာ ဖျက်ဆီးခြင်းဓားချီများက သူမ၏ အဖြူရောင်ဝတ်စုံက အနီရောင်တို့ စွန်းထင်းသွားခဲ့သည်။
လုချင်းယောင်က တစ်ဒင်္ဂနတ်ဓား၏ တိုက်ခိုက်မှုကို ခံလိုက်ရသည်သာမက ချန်ဖုန်းမိသားစု၏ ချန်းဖုန်းလဲ့၊ ကောင်းကင်နှစ်မြှုတ် ကလန်မှ ချန်ကျန်းနှင့် နတ်ဘုရားနန်းတော်၏ တပည့်များအားလုံးသည်လည်း ဓားစွမ်းအား၏ အညှာအတာကင်းမဲ့စွာ တိုက်ခိုက်ခြင်း ခံရသည်။
ယခင် သူက တောင်ပေါ်တွင် သူ၏ လမ်းစဉ်စွမ်းအားများကို ဖိအားပေးခဲ့သည်။
ဤတစ်ကြိမ်၌ ရီဖူရှင်းသည် သူ၏ဓားဖြင့် လူတိုင်းကို တစ်ချိန်တည်း တိုက်ခိုက်ရန် ရည်ရွယ်ခဲ့သည်။
အားလုံးသော အစွမ်းထက်တန်ခိုးရှင်များသည် ထိုက်ရွှမ်တောင်၏ ဓားစွမ်းရည်ဖြစ်သည့် တစ်ဒင်္ဂနတ်ဓားကို တစ်ချိန်တည်းတွင် တွေ့ကြုံခဲ့ကြရသည်။
“တစ်ဒင်္ဂမှနှစ်ပေါင်းများစွာ…”
ဝမ်ရှိုးရီသည် ကောင်းကင်ကို စိုက်ကြည့်လိုက်သည်။ ဤဓားသည် အရာခပ်သိမ်းဖြတ်တောက်ခြင်း၏ အကန့်အသတ်ကို ကျော်လွန်၍ တတိယအဆင့်သို့ ဝင်ရောက်နေခဲ့ပြီ ဖြစ်သည်။
ဓားကို ထုတ်လွှတ်လိုက်သည့်အခါ မည်သည့် တန်ခိုးရှင်မှ အခြားသူများကို အရေးစိုက်နေနိုင်မည်မဟုတ်ဘဲ သူတို့က သူ၏ ဓားများကို ခုခံရင်းဖြင့် အလုပ်ရှုပ်နေမည် ဖြစ်သည်။
“ဖူး..”
လုချင်းယောင်သည် သူတို့ အားလုံးထဲတွင် အားအနည်းဆုံး ဖြစ်သည်။ ယခင်က သက်စောင့်ဝိညာဉ် တိုက်ပွဲ၌ သူမသည် ရှုံးနိမ့်ခဲ့ပြီး ဖြစ်သည်။ ယခု ရီဖူရှင်းက ပြန်လည်မွေးဖွားခြင်း အဆင့်သို့ ရောက်သွားသည့်အခါ သူမက သူ၏ ပြိုင်ဘက် မည်သို့ ဖြစ်နိုင်တော့မည်နည်း။ တစ်ဒင်္ဂနတ်ဓား၏ တိုက်ခိုက်မှုအောက်တွင် သူမသည် ထိုကဲ့သို့ တိုက်ခိုက်မှုမျိုးကို သည်းခံနိုင်ခြင်းမရှိပေ။ သူမ၏ အဖြူရောင်ဝတ်စုံက သွေးတို့ စွန်းထင်းနေပြီး နတ်ဘုရားနန်းတော်မှ ဤတပည့်သည် သူ၏ ဓားစွမ်းရည်အောက်တွင် လေမိုးဒဏ်ကြောင့် ညှိုးနွမ်းသွားသည့် ပန်းကလေးကဲ့သို့ပင် ထင်မှတ်ရပေသည်။
နောက်ဆုံးတွင် တိုးတိတ်သည့် ညည်းညူသံ ထွက်ပေါ်လာပြီး သူမက ကြာရှည်တိုက်ခိုက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ဓားများက သူမ၏ ခန္ဓာကိုယ်ပေါ် ကျဆင်းလာကာ ဓားတစ်ချောင်းချင်း တစ်ချောင်းချင်းစီသည် သူမကို သတ်ဖြတ်နိုင်ပေသည်။
“ဘယ်လောက် ကြောက်ဖို့ကောင်းလိုက်လဲ” လူအများက သူတို့၏ နှလုံးသားထဲတွင် စာနာစိတ်များ ဖြစ်ပေါ်လာသည်။ ရီဖူရှင်းက အလွန်ပင် အညှာအတာ ကင်းမဲ့လှသည်။ သူက မည်သည့် ထောက်ထားမှုမှ မပြသခဲ့ပေ။ ဤဓားချက်က အလွန် ရက်စက်ပေသည်။
လုချင်းယောင်သည် တိုက်ရိုက်တပည့် တစ်ယောက် ဖြစ်သည်။ နတ်ဓား၏ အောက်တွင် ဤကဲ့သို့ ရှုံးနိမ့်ရခြင်းမှာ သူမအတွက် အမှန်တကယ် အရှက်ရဖွယ်ပင် ဖြစ်သည်။
သူမသာလျှင် မဟုတ်ဘဲ ချန်းဖုန်းလဲ့နှင့် ချင်ကျန်းပင် ကြီးမားသည့် ဖိအားကို ခံစားရပေသည်။
ရီဖူရှင်းသည် ဓားကို အဝေးမှ ထိန်းချုပ်နေသော်လည်း တစ်ယောက်ချင်းစီကို တိုက်ခိုက်နေသည့် တိုက်ခိုက်မှုသည် သူနှင့် တိုက်ရိုက်ရင်ဆိုင်ရသကဲ့သို့ပင် ဖြစ်သည်။
ချင်ကျန်း၏ ရှေ့တွင် မရေတွက်နိုင်သည့် ကျောက်စာချပ်များ ပေါ်ပေါက်လာပြီး ကျောက်စာချပ်အတွင်းမှ လမ်းစဉ်စွမ်းအားများသည် ကောင်းကင်ကိုပင် ဖိနှိပ်သွားနိုင်သည်။ သို့သော် ကောင်းကင်နှင့် မြေကြီးကြားမှ နတ်ဓားများ စီးဆင်းမှုသည် သူ့အနီးရှိ ကျောက်စာချပ်များကို အဆက်မပြတ်တိုက်စားနေပြီး နောက်ဆုံးတွင် အပြီးတိုင် ပျောက်ကွယ်သွားခဲ့သည်။
“ပြီးသွားပြီပဲ”
အောက်ဘက်ရှိ လူများက ထိုသည်ကို မြင်သည့်အခါ သူတို့က ရီဖူရှင်း၏ တစ်ဒင်္ဂနတ်ဓားသည် ပြီးပြည့်စုံနေပြီကို သူတို့ ခံစားမိကြပေသည်။ သူက ကိုက်ရှီနှင့် ကိုယ်တိုင် တိုက်ခိုက်နေစဉ်တွင် သူ၏ဓားက နေရာအနှံ့တွင် လူတိုင်းကို တိုက်ခိုက်နေပြီး အားလုံးသော တန်ခိုးရှင်များကို သူ၏ ခွန်အားသက်သက်ဖြင့် စိန်ခေါ်နေပေသည်။
သူက ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။ သူက ပြန်လည်မွေးဖွားခြင်းအဆင့်တွင်ပင် ပြိုင်ဘက်ကင်း ဖြစ်နေခဲ့ပြီလား။
ဤလူများသည် ပြန်လည်မွေးဖွားခြင်း အထွတ်အထိပ်အဆင့်တွင် ရပ်တည်နေခဲ့ပြီး ဖြစ်သည်။
လီရွှင်နှင့် ပိုင်ရှို့နှစ်ယောက်လုံးသည် စောစီးစွာ ထုတ်ပယ်ခံလိုက်ရပြီး သူတို့က ဆက်လက်တိုက်ခိုက်ရန် မဖြစ်နိုင်တော့ပေ။ သူ၏ ဓားစွမ်းအားမြစ်အောက်တွင် အခြားသူများ ဆက်လက်တိုက်ခိုက်ရန် ခက်ခဲလာသည်။
ကိုက်ရှီ၏ ခန္ဓာကိုယ်အနီးတွင် ရွှေရောင်နတ်အလင်းများ ဝန်းရံနေခဲ့ပြီး ထိုနတ်ဘုရားကဲ့သို့ ပုံရိပ်က ရီဖူရှင်းကို ကြည့်လိုက်သည်။ သူနှင့် တိုက်ခိုက်စဉ်တွင် သူသည် ရှေ့မှ တိုက်ခိုက်မှုတစ်ခုတည်းကို အာရုံစိုက်နေခဲ့ခြင်းမဟုတ်ဘဲ အခြားသော တန်ခိုးရှင်များအားလုံးကိုလည်း တိုက်ခိုက်နေခဲ့သည်။ ထိုသည်မှာ သူ၏ အလွန် မောက်မာပြီး စိတ်ကြီးဝင်မှုကို ပြသနေခဲ့သည်။
သို့သော် ဤ ဓားစွမ်းရည်၏ အင်အားနှင့်ပင် သူသည် အစွမ်းထက်ကြောင်း အသိအမှတ်ပြုခံထိုက်နေပြီ ဖြစ်သည်။
ထိုက်ရွှမ်တောင်မှ ဤ 'ဂီတပညာရှင်' သည် အမှန်တကယ်ပင် အရှင်ထိုက်ရွှမ်၏ စစ်မှန်သော ပညာရပ်ကို လက်ခံရရှိခဲ့ပြီး သူ၏ ဓားပညာက ထိုက်ရွှမ်တောင်မှ သူ့မျိုးဆက်များအကြား ထိပ်သီးပင် ဖြစ်သည်။ သူသည် အခြားသူများ အားလုံးထက် ခေါင်းတစ်လုံးပိုသာပေသည်။
ဘန်း…
သူ့လက်ထဲမှ ရွှေရောင်လှံက ပေါက်ကွဲထွက်ကာ တဖြည်းဖြည်းချင်း ပျက်စီးလိုက်လာ၍ ရွှေရောင်နတ်အလင်းများက လေထုကို ဖြတ်သန်းဖောက်ဝင်လာခဲ့သည်။ ကိုက်ရှီ၏ အမူအရာက အလွန် လွှမ်းမိုးနိုင်နေဆဲ ဖြစ်သည်။ ဓားစွမ်းအားများ သူ့ဆီသို့ တိုးဝင်လာနေသည်ကို မြင်ကာ သူ၏ ခန္ဓာကိုယ်အတွင်းမှ ရွှေရောင်နတ်သွေးတို့က ဆူပွက်ကာ အော်မြည်လာပြီး ရွှေမှဖြစ်တည်လာသည့် နတ်ဘုရားခန္ဓာကိုယ်က ဓားစွမ်းအားများကို တန်ပြန်တိုက်ခိုက်နိုင်စွမ်းရှိသည့် တောက်ပသော နတ်အလင်းတို့ကို ထုတ်လွှတ်နေသည်။
ကိုက်ရှီသည် သူ၏ လက်နှစ်ဖက်နှင့် ချိပ်တံဆိပ်ပုံစံဖော်လိုက်လျှင် ကောင်းကင်ထက်မှ ထူးဆန်းသည့်အသံတို့ ထွက်ပေါ်လာပြီး မဟာလမ်းစဉ် အော်မြည်သံတို့က ကောင်းကင်တွင် မရပ်မနား ထွက်ပေါ်လာသည်။
ကောင်းကင်ထက်တွင် လွှမ်းမိုးနိုင်စွမ်းရှိသည့် ရှေးဟောင်းနတ်ဘုရားများက ထက်မြက်လှသည့် စွမ်းအား အရှိန်အဝါတို့နှင့် ပေါ်ပေါက်လာသည်။ သူတို့သည် ကောင်းကင်မှ တစ်ချိန်တည်းတွင် ဆင်းသက်လာပြီး ကိုက်ရှီ၏ အနီးတွင် ပေါ်ပေါက်လာသည်။ ရုတ်တရက် ရီဖူရှင်း၏ အထက် ကောင်းကင်တွင် နတ်နန်းဆောင်တစ်ခု ရစ်ဝဲပေါ်ပေါက်လာသည်ဟု ထင်မှတ်ရပေသည်။
“ရှေးဟောင်းရွှေရောင်နတ်ဘုရား ဆင့်ခေါ်ခြင်း”
လူတိုင်းက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး သူတို့၏ နှလုံးသားများက ပြင်းထန်စွာ တုန်ယင်နေသည်။ ကိုက်ရှီက သူ၏ ဂုဏ်သတင်းနှင့် ထိုက်တန်အောင် မည်မျှ အားကောင်းလိုက်သနည်း။ ရွှေရောင်နတ်ပြည်ထောင်မှ ဤထိပ်တန်းပါရမီရှင်သည် ပြိုင်ဘက်ကင်း တိုက်ပွဲစွမ်းအားကို ပြသခဲ့သော်လည်း သူက အပြည့်အဝ ထုတ်ဖော်ခဲ့ခြင်း မရှိသေးပေ။
သို့သော် ယခုတွင် ရီဖူရှင်းက သူ့ကို ခွန်အား အပြည့်အဝ ထုတ်ဖော်ရန် ဖိအားပေးနိုင်ခဲ့သည်။ ရီဖူရှင်း၏ ဓားသည် လူပေါင်းများစွာကို ရှုံးနိမ့်စေခဲ့ပြီး ဖြစ်သည်။ လေထဲရှိ အခြားသော ပါရမီရှင်များက ရီဖူရှင်း၏ ဓားကို ယှဉ်ပြိုင်ရန် မစွမ်းခဲ့သော်လည်း ကိုက်ရှီသည် ရီဖူရှင်းကို ဖိနှိပ်ရန် တန်ပြန်ထိုးစစ်ဆင်ချင်နေခဲ့သည်။ နှိုင်းယှဉ်ရလျှင် သူတို့၏ အဆင့်များကို ချက်ချင်းဖော်ပြနိုင်ပေသည်။
“ရှေးဟောင်းနတ်ဘုရားက ကောင်းကင်က ဆင်းသက်လာတယ်။ ဒါက နတ်ဘုရားပျောက်ဆုံးခြင်းပဲ” ဝမ်ရှိုးရီက ကောင်းကင်သို့ အာရုံစိုက်ကာ ကြည့်ရှုနေသည်။ သူ၏ အမူအရာက တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ ဤနည်းစနစ်သည် ရွှေရောင်နတ်ပြည်ထောင်၏ ထူးခြားသော လမ်းစဉ်များမှ အမြင့်ဆုံးမှော်ပညာ ဖြစ်သည်။ ကောလာဟလများက ပြောကြသည်မှာ ၎င်းနည်းစနစ်သည် ရှေးဟောင်းနတ်ဘုရားများမှ ကြွင်းကျန်ရစ်သော အမွေအနှစ်ဟူ၍ ဖြစ်သည်။ နတ်ဘုရားများ၏ ပူဆွေးခြင်းအောက်တွင် နတ်ဘုရားများသည်ပင် သုတ်သင်ခံရလိမ့်မည် ဖြစ်ကာ ၎င်းက ကျင့်ကြံရန် အလွန် ခက်ခဲပေသည်။
ကိုက်ရှီက နတ်ဘုရားပျောက်ဆုံးခြင်းကို ပြည့်စုံစွာ ကျင့်ကြံသွားနိုင်ခဲ့ပြီလား။
“မမျှော်လင့်ဘဲ ကိုက်ရှီက ဒီလောက် အစွမ်းထက်တဲ့အဆင့်ထိ ရောက်နေခဲ့ပြီပဲ” အခြားသူများက တအံ့တသြ ရေရွတ်လိုက်ကြသည်။ ယနေ့ သူတို့သည် ဤနေရာမှ တိုက်ပွဲကို မျက်မြင်တွေ့ခဲ့ကြသည်။ နတ်ဘုရားနန်းတော်၏ အနာဂတ်တိုက်ရိုက်တပည့်များတွင် ဤနှစ်ယောက်သည် အကျော်ကြားဆုံး ဖြစ်သည်။
ရီဖူရှင်းသည်လည်း လေထဲမှ လာနေသည့် ပြင်းထန်သော လမ်းစဉ်စွမ်းအားများကို ခံစားမိပေသည်။ မဟာလမ်းစဉ်နတ်ဘုရား ပေါ်ပေါက်လာပြီး ပြင်းထန်သည့် ဖိအားကျဆင်းလာကာ အားလုံးကို ဖိနှိပ်လိုက်သည်။ ထိုအချိန်၌ ကိုက်ရှီထံမှ ထွက်ပေါ်လာသည့် အသက်ဓာတ်က ယခင်ကထက် အဆများစွာ အားကောင်းလာခဲ့ပြီး အခြားအဆင့်သို့ ပြောင်းလဲရောက်ရှိသွားသလိုပင် ဖြစ်သည်။
“ကိုက်ရှီရဲ့ ခွန်အားက တခြား တိုက်ရိုက်တပည့်တွေ အားလုံးနဲ့ လုံးဝ မတူဘူး။ သူတို့က အဆင့်တစ်ခုတည်းမှာ ရှိနေကြတာ မဟုတ်ဘူး” ရီဖူရှင်းသည် ထိုစွမ်းအားကို ခံစားမိသည့်အချိန်၌ သူ့ကိုယ်သူ မှတ်ချက်ပြုလိုက်သည်။ နောက်ဆုံးတွင် ကိုက်ရှီသည် လမ်းစဉ်သစ်သီးကို ခွဲတမ်းဖြင့် ရရှိသော ကောင်းကင်အာဏာစက်ဘုံ အိမ်ရှေ့စံ ရီထျန်းယွိကဲ့သို့ လူမျိုးနှင့် အဆင့်တူပင် ဖြစ်သင့်ပေသည်။ ရီထျန်းယွိသည် ကိုက်ရှီထက် အားကောင်းလိမ့်မည် မဟုတ်သည်မှာ သေချာပေသည်။
ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်းမှ အရှိန်အဝါက ပို၍ မြင့်မားလာပြီး သူ့ခန္ဓာကိုယ်အထက်တွင် အားကောင်းသော ဓားစွမ်းအားများထွက်ပေါ်လာကာ ကောင်းကင်နှင့် မြေကြီးရှိ ဓားစွမ်းအားများနှင့် စီးဆင်းသွားသည်။
ဘန်း…
ပြင်းထန်သည့် ဆူညံသံက လေထုထဲမှ ထွက်ပေါ်လာခဲ့သည်။ ချန်းဖုန်းလဲ့၏ ခန္ဓာကိုယ်က ဓားဖြင့် ထိုးဖောက်ခံလိုက်ရသည်။ သူက သွေးများဖြင့် ဖုံးလွှမ်းသွားပြီး သူ၏ အသက်ဓာတ်ကလည်း အားနည်းသွားခဲ့သည်။ ချင်ကျန်းသည်လည်း ထို့အတူပင် ဓားကြောင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။
နားလည်ခြင်းနတ်သစ်ပင်၏ ရှေ့တွင် အားလုံးသော ပါရမီရှင်များက ရီဖူရှင်း၏ ဓားချက်ကြောင့် တစ်ယောက်ပြီးတစ်ယောက် ရှုံးနိမ့်သွားခဲ့ကြသည်။
***