← Chapters

မင်းကိုကျေးဇူးတင်ပါတယ်

Vol. 19 Ch. 257

မင်းကိုကျေးဇူးတင်ပါတယ်

Vol. 19 Ch. 257

ပန်ပန်က ရန်ကျောက်ကဲအနား ရုတ်တရက်ရောက်လာပြီး သူ၏ အမွှေးပွပွ ဝဝကစ်ကစ်ခန္ဓာကိုယ်ကြီးက လျှပ်စီးလက်သည့်အလား လျှင်မြန်စွာဖြင့် ရန်ကျောက်ကဲဘေးနားကျလာသည့် မိုးကြိုးလုံးကို ပါးစပ်ဖြင့် ကိုက်ချီလိုက်သည်။ ထို့နောက် အဝေးတစ်နေရာသို့ ထွက်ပြေးသွားတော့သည်။

ထို့နောက် ကြီးမားကျယ်လောင်သည့် ပေါက်ကွဲသံကြီးတစ်သံ ပဲ့တင်ထပ် ထွက်ပေါ်လာပြီး အနက်ရောင်လျှပ်စီးကြောင်းများ နေရာအနှံပေါက်ကွဲထွက်ကာ လေထုထဲတွင် ပျံ့နှံ့သွားသည်။

မြေပြင်ထက်ရှိ သွေးနီရောင်အက်ကွဲကြောင်းကြီးက မီးတောင်ဝတစ်ခုပမာ မီးခိုးငွေ့များ အလုံးအရင်းထွက်ပေါ်လာသည်ကို ရန်ကျောက်ကဲ စိုက်ကြည့်နေသည်။

ငရဲကိုးထပ်ယင်စွမ်းအားမိုးကြိုးက ရက်စက်ကြမ်းတမ်းမှုအပြည့်ဖြင့် ပေါက်ကွဲထွက်သွားပြီး ရန်ကျောက်ကဲ၏ အာရုံခံနိုင်စွမ်းကိုပင် အနှောက်အယှက်ဖြစ်သွားစေသည်။ ထို့ကြောင့် သူ စိတ်ရှုတ်ထွေးစွာဖြင့် စောင့်ဆိုင်းနေမိသည်။

မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစနှင့် ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကို ‌‌ရှေ့နောက်ဆက်စပ်ပြီး အပြင်းအထန် အသုံးပြုလိုက်သည့်အတွက် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ပင်ပန်းနွမ်းနယ်လျှက်ရှိသည်။

ရုတ်တရက် ဖန်းယွင်ရှန်းနှင့် အားဟူတို့ ဝမ်းသာအားရအော်ဟစ်လိုက်သံကို ကြားလို်ကရသည်။

ထူထပ်သည့် မီးခိုးငွေ့များထဲမှ လျှင်မြန်သွက်လက်စွာ ပြန်ပြေးထွက်လာသည့် ဝဝတုတ်တုတ်ပုံရိပ်တစ်ခုကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

မထုံတက်တေးနှင့် ဖြူစင်ဟန်အပြည့်ရှိသော ပန်ပန်သည် ရန်ကျောက်ကဲအနား ပြန်ရောက်လာပြီး သခင်ဖြစ်သူကို လျှာဖြင့်လျက်လိုက်သည်။

ပန်ပန်သည် ယင်စွမ်းအားမိုးကြိုးလုံးကို အဝေးတစ်နေရာတွင် အချိန်မီလွှင့်ပစ်နိုင်ခဲ့ပြီး သူကိုယ်တိုင် ဒဏ်ရာရခဲ့ခြင်း မရှိပေ။ မိုးကြိုးလုံးပေါက်ကွဲသွားသည့်အတွက် သူ့တစ်ကိုယ်လုံး မီးခိုးများပေကျံနေခြင်းသာ ရှိသည်။

ယခုမှ ရန်ကျောက်ကဲ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ပင်ပန်းနွမ်းနယ်မှုများက တစ်ကိုယ်လုံး လွှမ်းခြုံနေသဖြင့် သူ့မှာ လဲကျလုမတတ်ပင် ဖြစ်ရသည်။

သို့သော် သူက သတိလွတ်မသွားအောင် စိတ်ကိုတင်းထားရင်း ဘေးသို့လှည့်ကြည့်လိုက်သည်။

ထိုနေရာတွင် ရှီတိ ၊ ကန္တာဒေသ၏ပထမအဆင့် ထိပ်တန်းအကြီးအကဲတို့က ဝါဒတောင်သိုင်းသမားများနှင့်အတူပူး သွေးနီရောင်အက်ကွဲကြောင်းကို အောင်မြင်စွာဖိနှိပ်ထားနိုင်ပြီ ဖြစ်သည်။

ရန်ကျောက်ကဲ အသက်ပြင်းပြင်းတစ်ချက်ရှူရင်း အားတင်းမတ်တတ်ရပ်လိုက်ပြီး ဘယ်ဘက်လက်ကို ခါးဆီသို့ပြန်ဆွဲလိုက်ကာ ညာဘက်လက်သီးကို ထိုးစိုက်ချလိုက်သည်။

သူ၏လက်သီးသိုင်းဝိညာဉ်ပေါင်းစပ်လိုက်သည်နှင့် မူလက ငြိမ်သက်ပျောက်ကွယ်သွားပြီဖြစ်သော မိစ္ဆာနယ်မြေမဟာအစီအရင်က ရုတ်တရက် တောက်ပလာပြီး စွမ်းအားကလည်း အထွတ်ထိပ်အဆင့်သို့ ရောက်ရှိသွားသည်။ အစီအရင်၏ အဖွံ့ဖြိုးဆုံးအခြေအနေဟု ဆိုနိုင်သည်။

ရန်ကျောက်ကဲက လေးနက်သည့်လေသံဖြင့်...

“ပထမဆရာဦးလေး... အသင့်ပြင်ထားပါ”

ရှီတိ ခေါင်းညိတ်လိုက်သည်။ ထို့နောက် မရေမတွက်နိုင်သော အနက်ရောင်ဝိညာဉ်သင်္ကေတများက သံကြိုးများပမာ သူ့ခန္ဓာကိုယ်ကို ရစ်ပတ်သွားပြီး ရှီတိက ဝိညာဉ်သင်္ကေတများ အလယ်ဗဟိုတွင် ရှိနေသည်။

အနက်ရောင်ဝိညာဉ်သင်္ကေတများက ၎င်းတို့၏ အလယ်ဗဟိုတွင် ရှိနေသည့် ရှီတိနှင့် တဖြည်းဖြည်း ပေါင်းစပ်သွားသည်။

ထိုအချိန်...

ရန်ကျောက်ကဲက မြေပြင်ထက် ဒူးတစ်ဖက်ထောက်ကာထိုင်ချလိုက်ပြီး ညာဘက်လက်သီးကို မြေပြင်ထက် ထိုးစိုက်ချလိုက်သည်။

မိစ္ဆာနယ်မြေမဟာအစီအရင်က ပြင်းထန်စွာ ပြောင်းပြန်စီးဆင်းသွားပြီး ရှီတိကို ဗဟိုပြုထားသည့် အနက်ရောင်ဝိညာဉ်သင်္ကေတများသည်လည်း ပြောင်းပြန်စီးဆင်းသွားကာ အကန့်အသတ်မဲ့သော သွေးနီရောင်ချီစွမ်းအား အလင်းတန်းများက ရှီတိဆီသို့ အရှိန်ပြင်းစွာဖြင့် ဦးတည်ဝင်ရောက်လာသည်။

ရှီတိ၏ မျက်နှာအမူအရာက မပြောင်းလဲဘဲတည်ငြိမ်နေသလို သူ့ခန္ဓာကိုယ်ကလည်း ထာဝရတည်တန့်ခိုင်မာပြီး မတုန်လှုပ်သည့် ရွှေခန္ဓာအသွင်ဖြင့် ဖြစ်သည်။

ပင်လယ်လှိုင်းလုံးကြီးများ မည်မျှတိုက်စားပါစေ ဘယ်သောအခါမှ ရွေ့လျားပျက်ဆီးသွားမည်မဟုတ်သော ကျောက်ဆောင်တစ်ခုအလား ထင်မှတ်ရသည်။

အနက်ရောင်သင်္ကေတများလှည့်ပတ်သွားပြီး သွေးနီရောင်မိစ္ဆာချီစွမ်းအားများက သူ့ခန္ဓာကိုယ်ထဲသို့ ဦးတည်ဝင်ရောက်လာသည့်အခါ ရှီတိက သူ့လက်များကို စက်ဝိုင်းပုံစံ လှည့်ပတ်လိုက်ပြီး အောက်ဘက်မှ သွေးနီရောင်ချောက်နက်ကြီးကို ရိုက်ချလိုက်သည်။

များပြားလှစွာသော သွေးနီရောင်မိစ္ဆာချီအလင်းတန်းများက သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းပြီး အက်ကွဲကြောင်းကြီးအတွင်းသို့ မရပ်မနားစိမ့်ဝင်သွားကြသည်။

ရန်ကျောက်ကဲ အသက်တစ်ချက် ရှူထုတ်လိုက်သည်။ ထို့နောက် ဝေလငါးကြီးတစ်ကောင် ရေများကို စုပ်ယူသည့်အလား နောက်တစ်ကြိမ် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။

ပြီးနောက် ဒူးတစ်ဖက်ထောက်ထားရာမှ မတ်တတ်ရပ်လိုက်ပြီး ရှီတိဆီသို့ ခုန်ဝင်လိုက်ပြီး ခါးဆီသို့ ပြန်လည်ရုတ်သိမ်းထားသည့် ဘယ်ဘက်လက်သီးဖြင့် ရှီတိ၏ ကျောပြင်ကို ထိုးစိုက်ချလိုက်သည်။

ရှီတိက လက်သီးချက်ကို ခံယူလိုက်ပြီး သူ၏လက်သီးဝိညာဉ်နှင့် ရန်ကျောက်ကဲ၏ လက်သီးဝိညာဉ်ပေါင်းစပ်ကာ မိစ္ဆာနယ်မြေအစီအရင်ကို ပြေင်းပြန်စီးဆင်းစေလိုက်သည်။ ဝိညာဉ်သင်္ကေတကြိုးများအားလုံး ရှီတိနောက်ကျောသို့ မြင့်တက်သွားပြီးရန်ကျောက်ကဲ ဘယ်ဘက်လက်ကို ဗဟိုပြုဝန်းရံလိုက်ကြကာ လေထဲတွင် မှော်ဆန်ပြီး ရှုတ်ထွေးသော သင်္ကေတတစ်ခု ထွက်ပေါ်လာသည်။

အောက်ဘက်မှ သွေးနီရောင်အက်ကွဲကြောင်းကြီးက ပိတ်တော့မည့်ဆဲဆဲဖြစ်သည့်တိုင် အတွင်းထဲမှအရာများက အပြင်ထွက်လာရန်အတွက် နောက်ဆုတ်သွားခြင်း မရှိကြသေးပေ။

အစိတ်စိတ်အမွှာမွှာကွဲအက်နေသည့် မြေပြင်ကတော့ မူလအတိုင်း အကောင်းပကတိဖြစ်သွားခဲ့ပြီး ပုံပျက်နေသည့် လေထုသည်လည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ဝင်ရောက်လာတော့မည့် ငရဲကိုးထပ်သည် အတင်းအကျပ် ပြန်လည်တွန်းချခံခဲ့ရပေပြီ။

ရန်ကျောက်ကဲ၏ ဘယ်ဘက်လက်နှင့် ရှီတိ၏ကျောပြင်ကြားတွင် ထူးဆန်းစွာဖြစ်ပေါ်လာသော သင်္ကေတ စတင်ပြောင်းလဲလာသည်နှင့် ရန်ကျောက်ကဲက ကြုံးဝါးသံတစ်ချက် ပြုလုပ်လိုက်သည်။

ထိုသင်္ကေတက အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး အလင်းတန်းက နှစ်ပိုင်းကွဲထွက်သွားကာ ရှီတိနှင့် ရန်ကျောက်ကဲ ခန္ဓာကိုယ်ထက်သို့ ကျရောက်သွားသည်။

ပထမအလင်းတန်းက ရန်ကျောက်ကဲလက်ဖမိုးထက်ကျရောက်သွားပြီး အမှတ်သင်္ကေတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ကျန်အလင်းတန်းကတော့ ရှီတိကျောပြင်ထက်မှ အဝတ်အစားများကို ဖောက်ထွင်းဝင်ရောက်သွားပြီး ရန်ကျောက်ကဲ လက်ဖမိုးမှ အမှတ်သင်္ကေတအတိုင်း ရှီတိ၏ကျောထက်တွင် သင်္ကေတတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထိုခဏတွင် မဟာငရဲကိုးထပ်တံခါးကို ချိတ်ပိတ်ခြင်း အောင်မြင်သွားသဖြင့် ရန်ကျောက်ကဲသည်လည်း စိတ်သက်သာရာရသွားခဲ့သည်။

ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်တော့ မိစ္ဆာနယ်မြေတစ်ခုလုံးက သဲလွန်စမကျန် ပျောက်ကွယ်သွားပြီ ဖြစ်သည်။

လူသားများ၏စိတ်နှလုံးကို ပြုစားနိုင်စွမ်းရှိသော ကြောက်မက်ဖွယ်ရာရောင်ဝါသည်လည်း လွင့်စင်သွားပေပြီ။

သူတို့ဦးခေါင်းထက်တွင် ကြည်လင်သည့်ကောင်းကင်ပြာကြီး ပြန်လည်ထွက်ပေါ်လာပြီး နေရောင်ခြည်လည်း ထွန်းလင်းလာပြီ ဖြစ်သည်။ အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

ကန္တာဒေသ၏ပထမအဆင့် ထိပ်တန်းအကြီးအကဲက ရန်ကျောက်ကဲနှင့် ရှီတိအနားသို့ အလျှင်အမြန်ရောက်လာပြီး...

“အကြီးအကဲ’ရှီ’ ၊ ကျောက်ကဲ... မင်းတို့ ဘာဖြစ်သွားသေးလဲ”

ရှီတိက ခေါင်းခါယမ်းရင်း...

“ငါ အဆင်ပြေပါတယ်”

ရန်ကျောက်ကဲက...

“ကျွန်တော်လည်း ဘာမှမဖြစ်ပါဘူး”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ နောက်ရက်တွေကျရင်တော့ ပထမဆရာဦးလေးနဲ့ ကျွန်တော် ဒီမိစ္ဆာသင်္ကေတအမှတ်အသားကို ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားအောင် လုပ်ရမယ် ၊ အဲဒါ ပျောက်ကွယ်သွာရင် ဘာပြဿနာမှ မရှိနိုင်တော့ပါဘူး”

ယခုတော့ သူတို့ခန္ဓာကိုယ်ထက်တွင်ရှိနေသည့် ထိုသင်္ကေတကြောင့် ရန်ကျောက်ကဲနှင့် ရှီတိတို့ မဟာငရဲကိုးထပ်တံခါး၏ ဖိအားကို ခံစားနေကြရသည်။

ထိုမိစ္ဆာသင်္ကေတ ပျောက်ကွယ်မသွားခင် ရန်ကျောက်ကဲနှင့် ရှီတိ တစ်ယောက်ယောက် သေဆုံးသွားခဲ့ပါက ကျန်ရှိသည့်တစ်ယောက်က ဖိအားကို ပိုမိုခံစားရမည် ဖြစ်သည်။

မိစ္ဆာသင်္ကေတအမှတ်အသား အပြည့်အဝ မပျောက်ကွယ်သွားခင် သူတို့ (၂)ယောက်လုံး အသက်သေဆုံးသွားမည်ဆိုပါက ကန္တာဒေသ ၊ ယွင်ဝူစီရင်စုမှ မဟာငရဲကိုးထပ်တံခါးက နောက်တစ်ကြိမ် ပြန်ပွင့်လာပေလိမ့်မည်။

ကန္တာဒေသ၏ ပထမအဆင့် ထိပ်တန်းအကြီးအကဲက...

“မင်းတို့ကို တတ်နိုင်သမျှ အမြန်ဆုံး ဂိုဏ်းဌာနချုပ်ကို ပြန်ပို့ပေးပါ့မယ် ၊ ဒီမှာ ကျန်ခဲ့တဲ့ကိစ္စတွေကိုတော့ ဒီအဘိုးကြီးတာဝန်ထားလိုက်ပါ”

ရန်ကျောက်ကဲက...

“တိုက်ပွဲကြောင့် ကျွန်တော့်စွမ်းအားတွေ အတော်လေးလျော့နည်းသွာတာကလွဲရင် ဒီမိစ္ဆာသင်္ကေတက အခြားပြဿနာ မရှိပါဘူး ၊ ရန်သူနဲ့တိုက်ခိုက်တဲ့အခါ ကျွန်တော့်သိုင်းစွမ်းကို အများကြီးထိခိုက်မှာ မဟုတ်ပါဘူး ၊ ပြီးတော့ ကျွန်တော် မသေသရွေ့ ငရဲကိုးထပ်တံခါးလည်း ပြန်ပွင့်လာမှာ မဟုတ်ဘူး”

ယွင်ဝူစီရင်စုတိုက်ပွဲ အောင်မြင်ပြီးသည့်နောက် လူတိုင်းစိတ်ထဲ ပျော်ရွှင်နေကြသည်။

ရှီတိက ရန်ကျောက်ကဲကို လှည့်ကြည့်လာသည်။ အမြဲတမ်းအေးစက်တည်ငြိမ်နေတတ်သော သူ့မျက်နှာထက် ရှားရှားပါးပါး နွေးထွေးသည့်အပြုံးတစ်စကို တွေ့မြင်ရသည်။

“ကျောက်ကဲ... ဒီတစ်ခေါက်တော့ မင်းကိုပဲ အပြည့်အဝ ကျေးဇူးတင်ရမှာပဲ”

ရိုးရှင်းသည့်စကားတစ်ခွန်းဖြစ်သော်လည်း ပတ်ဝန်းကျင်မှ လူတိုင်းကို ထခုန်မိမတတ် အံ့အားသင့်သွားစေသည်။

ရှီတိ လူတစ်ယောက်ကို ချီးမွမ်းခြင်းက အလွန်တရာ ရှားပါးကိစ္စဖြစ်သည်။ ယခုလိုမျိုး ကျေးဇူးတင်စကား ထုတ်ဖော်ပြောသည်အထိကတော့ ပို၍ပင် ရှားပါးသေးသည်။

အထူးသဖြင့် သိုင်းပညာရှင်အဆင့် ၊ လူငယ်မျိုးဆက်ကျင့်ကြံသူတစ်ယောက်ကို ထိုသို့ ချီးကျူးကျေးဇူးတင်ခြင်းက ဆိုဖွယ်ရာမရှိသည့်ကိစ္စပင်။

ဤသတင်းသာ ပျံ့နှံ့သွားပါက ကြားရသူတိုင်း အလွန်တရာတုန်လှုပ်အံ့သြပြီး မယုံကြည်နိုင် ဖြစ်ရပေလိမ့်မည်။

လူအများက ရှီတိကို လှမ်းကြည့်လိုက်ကြပြီးနောက် ရန်ကျောက်ကဲကို ကြည့်လိုက်ကြသည်။ ရန်ကျောက်ကဲကို ကျေးဇူးတင်စကားပြောသည်မှ သဘာဝကျသည်ဟု ခံစားရသည့်အတွက် အားလုံး စိတ်သက်သာရာ ရသွားကြသည်။

ရန်ကျောက်ကဲက ပြုံးရင်း...

“ပထမဆရာဦးလေးက အရမ်းချီးကျူးနေပြန်ပါပြီ ၊ တကယ်တော့ ပထမဆရာဦးလေးကို ကျေးဇူးတင်ရမှာ ၊ ပြီးတော့ အတူတူတိုက်ပွဲဝင်ခဲ့တဲ ဝါဒတောင်သိုင်းသမားတစ်ယောက်ချင်းစီကို ကျေးဇူးတင်ရမှာပါဗျာ”

သူက ဆက်ပြောသည်။

“တကယ်တော့ ဒီတိုက်ပွဲက အန္တရယ်များလွန်းတယ် ၊ တစ်ချက်လေးမှားသွားတာနဲ့ မဟာငရဲကိုးထပ်တံခါးပွင့်လာပြီး နတ်ဆိုးတွေနဲ့ သူသေကိုယ်သေ တိုက်ခိုက်ရမှာ ၊ ဂိုဏ်ဌာနချုပ်က စစ်ကူရောက်လာဖို့အချိန်စောင့်ရင်း ငါတို့အသက်တွေက သေမင်းနှုတ်ခမ်းဝမှာ ရောက်နေမှာ ၊ ဒါက အားလုံးရင်ဆိုင်ခဲ့ရတဲ့ စွန့်စားရမှုပါပဲ”

ရန်ကျောက်ကဲက သိုင်းသမားများနှင့် အကြီးအကဲများအားလုံးထံ လက်နှစ်ဖက်ဆုပ်အရိုအသေပေးရင်း...

“ဒါကြောင့် အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ”

အကြီးအကဲ’ချုန်း’က သက်ပြင်းတစ်ချက်ချရင်း စိတ်ခံစားချက်အပြည့်ဖြင့် စကားဆိုသည်။

“မဟုတ်ပါဘူးကွာ ၊ တကယ်တော့ မင်းကို ကျေးဇူးတင်ရမှာကွ... ကျောက်ကဲရ ၊ မဟုတ်ရင် ငါတို့ ဘာမှ ရွေးချယ်စရာမရှိဘဲ အဆိုးဆုံးဖြစ်ရပ်ကြီးဖြစ်လာမှာကို ဒီအတိုင်း ထိုင်ကြည့်နေရမှာ”

ရန်ကျောက်ကဲကိုကြည့်ရင်း သူ့စိတ်ထဲမှ အမှန်တကယ်ပင် သက်ပြင်းချမိသည်။

ဤလူငယ်လေးသည် အမှန်တကယ်ပင် ကြီးမားသည့်ဖိအားကို ခံစားခဲ့ရရှာသည်။ တောင်ကောင်းကင်ဒေသအခြေအနေ မည်သို့ပင်ရှိစေကာမူ ဤနေရာတွင် မိစ္ဆာနယ်မြေမဟာအစီအရင်ကို ပြန်လည်တည်ဆောက်ခြင်း မအောင်မြင်ပါက ငရဲကိုးထပ်က ဤကမ္ဘာသို့ အမှန်တကယ် ကျူးကျော်လာမည်ဖြစ်ပြီး ရန်ကျောက်ကဲသည်လည်း အပြစ်တင်ခံရမည်မှာ အသေအချာပင်။

အကာအကွယ်မဲ့သည့် တောင်ကောင်းကင်ဒေသကို ကယ်တင်နိုင်ခဲ့သည်ကို လူအများက လျစ်လျူရှုထားကြမည်သာပင်။ မူလဖျက်ဆီးထားပြီဖြစ်သော မိစ္ဆာနယ်မြေအစီအရင်ကို ပြန်လည်အသက်သွင်းပြီး ကန္တာဒေသတွင် မဟာငရဲကိုးထပ်တံခါး ဖွင့်လှစ်ခဲ့သော ရန်ကျောက်ကဲကိုသာ ပိုပြီအပြစ်ဆိုကြမည် ဖြစ်သည်။

အလုပ်လုပ်လေ ၊ အမှားများလေ ဖြစ်မည်ပင်။ အလုပ်မလုပ်သူကတော့ အမှားနည်းပေမည်။ ဘာမှမလုပ်သူကတော့ ဘာမှမှားမည် မဟုတ်ပေ။

စိုးရိမ်ရေအမှတ်အခြေအနေများတွင် ဆုံးဖြတ်ချက်ခိုင်မာရန်အတွက် သတ္တိရှိရန်လိုအပ်သလို ပြတ်သားရန်လည်း လိုအပ်သည်။

ဝါဒတောင်မှ သိုင်းဆရာသခင်များအားလုံး၏ မျက်နှာအမူအရာက တည်ကြည်လေးနက်နေသည်။

သူတို့က ရန်‌ကျောက်ကဲကို လက်နှစ်ဖက်ဆုပ်ပြန်လည်ဂါရဝပြုရင်း...

“ဒီတစ်ခါတော့... ငါတို့အားလုံးက ကျောက်ကဲကို ကျေးဇူးတင်ကြရမှာပါ ၊ အခြေအနေကို ပြောင်းပြန်လှန်ပစ်ခဲ့တဲ့သူက မင်းကိုယ်တိုင်ပါပဲ”

***

All Chapters