← Chapters

ခင်ဗျားကစံနှုန်းမပြည့်မီသေးဘူး

Vol. 19 Ch. 259

ခင်ဗျားကစံနှုန်းမပြည့်မီသေးဘူး

Vol. 19 Ch. 259

အကြီးအကဲ’လျို’ က ကန္တာဒေသမှ မိစ္ဆာချီစွမ်းအားများကို တောင်ကောင်းကင်ဒေသသို့ ကူးပြောင်းရန်အတွက် နောက်ကွယ်မှ ကြိုးကိုင်ခဲ့သူ ဖြစ်သည်။

အကြီးအကဲ’ဝမ်’ ပြီးသည့်နောက် အကြီးအကဲ’လျို’က ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်း ၊ ငရဲကိုးထပ်တို့နှင့် ပူးပေါင်းသည့် ဒုတိယမြောက် အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင် ဖြစ်သည်။

ယွင်ဝူစီရင်စုတိုက်ပွဲတွင် သူ မည်သူမည်ဝါဖြစ်ကြောင်း လူအများ သိရှိသွားပြီးနောက် ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ရန်ကျောက်ကဲ၏ဖခင် ရန်တိလက်မှ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။

ထိုအဘိုးအို ရန်ကျောက်ကဲနှင့် နောက်တစ်ကြိမ် ပြန်ဆုံသည့်အခါ စိတ်ဓာတ်ကျနေသည့်တိုင် သူ့အကြည့်များက ကြောက်ရွံ့ခြင်း အလျဉ်းမရှိခဲ့ပေ။ သူက ရန်ကျောက်ကဲနှင့် ရန်တိကို အေးစက်စွာ ခနဲ့ပြုံးပြုံးရင်း စိုက်ကြည့်နေခဲ့သည်။

ဝါဒတောင်ဂိုဏ်းချုပ် “ယွမ်ကျန်းဖုန်း” ၊ ဖန်ကျွင်းနှင့် ရှီတိတို့အပါအဝင် အားလုံးက အကြီးအကဲ’လျို’ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်ကြသည်။

ယွမ်ကျန်းဖုန်းက ဖြည်းညင်းသည့်လေသံဖြင့်...

“ဂိုဏ်းတူအစ်ကို’ဝမ်’ အတွက်ကတော့... အသက်ရှည်ချင်တဲ့ ပြဿနာပဲ ၊ ဂိုဏ်းတူညီလေး’လျို’က ရော ဘာအကြောင်းပြချက်နဲ့ ဒီလိုမျိုးလုပ်ခဲ့ရတာလဲ”

အကြီးအကဲ’လျို’က ယွမ်ကျန်းဖုန်းကို မော့ကြည့်သည်။ သူ့မျက်ဝန်းများတွင် ထူးဆန်းသည့်အရိပ်အယောင်များ ထင်ဟပ်နေသည်ကို တွေ့မြင်ရသည်။

အချိန်အတန်ကြာပြီးမှ အကြီးအကဲ’လျို’က...

“ဂိုဏ်းတူအစ်ကို’ယွမ်’... မင်း ဂိုဏ်းချုပ်ဖြစ်လာပြီးကတည်းက ငါ မင်းကို ဒီလိုမခေါ်ခဲ့တာ ကြာပါပြီ ၊ အမြဲတမ်း ဂိုဏ်းချုပ်လို့ပဲ ခေါ်ခဲ့တာပါ”

ယွမ်ကျန်းဖုန်း မျက်နှာအမူအရာက ပြောင်းလဲသွားခြင်း မရှိသော်လည်း အကြည့်များကတော့ အနည်းငယ် လှုပ်ရှားသွားသည်။

ပြင်ပလောကရှိ လူသားများအမြင်တွင် ဝါဒတောင်မှ မျိုးဆက်တိုင်းသည် ကောင်းကင်ဘုံမှ မျက်နှာသာပေးခံရသူများ ဖြစ်ကြသည်။ ထို့ကြောင့် ဝါဒတောင်မှ အကြီးအကဲ’လျို’ သည်လည်း ဝါဒတောင်တွင် စွမ်းအားအကြီးမားဆုံးမဟုတ်သည့်တိုင် ပြင်ပလောကတွင်တော့ အလွန်တရာ ခမ်းနားကြီးကျယ်သူတစ်ယောက် ဖြစ်သည်။

အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်များဆိုသည်က ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ဂိုဏ်းမှာပင် လူဦးရေ အလွန်နည်းပါးသည်။

ထို့ကြောင့် အမတလက်ဖွဲ့အဆင့်သို့ရောက်ရှိအောင် ကျင့်ကြံနိုင်ခဲ့သော အကြီးအကဲ’လျို’ ၏ အောင်မြင်မှုသည် မရေမတွက်နိုင်သော လူများကို လွှမ်းမိုးအုပ်စိုးနိုင်သည်မှာ အမှန်ပင်။

သို့ပေသိ အမြဲတမ်း တောင်တစ်တောင်ထက် ပိုမိုမြင့်မားသော အခြားတောင်တစ်တောင်က ရှိနေဆဲပင်။ အားလုံးက ပါရမီရှင်များဖြစ်ကြသော်လည်း သူတို့ကြားတွင် စွမ်းအားနှင့်အရည်အချင်း ကွဲပြားမှုရှိကြသည်။ ယွမ်ကျန်းဖုန်းနှင့် ရှင်းတုန်းဖင်းကတော့ သူတို့မျိုးဆက်တွင် စွမ်းအားအမြင့်မားဆုံး ထိပ်တန်းပါရမီရှင်များ ဖြစ်ကြ၏။

အခြားသူများနှင့် နှိုင်းယှဉ်ကြည့်လျှင် အကြီးအကဲ’ဝမ်’ နှင့် အကြီးအကဲ’လျို’ တို့က ပါရမီရှင်များကြားတွင် ထူးချွန်သူများဟု ယူဆနိုင်သော်လည်း ယွမ်ကျန်းဖုန်းနှင့် နှိုင်းယှဉ်လျှင်တော့ အလွန်တရာ မှေးမှိန်သွားပေမည်။

အကြီးအကဲ’ဝမ်’က ယွမ်ကျန်းဖုန်းထက်‌စောပြီး ဝါဒတောင်သို့ ဝင်ရောက်ခဲ့သူဖြစ်ပြီး အကြီးအကဲ’လျို’ကတော့ နောက်ကျပြီးမှ ဝင်ရောက်ခဲ့သူ ဖြစ်သည်။

သူ့အရှေ့မှ ဆံပင်ဖြူဖြူနှင့် အဘိုးအိုကိုကြည့်ရင်း အတိတ်တစ်ချိန်က သိုင်းတာအိုနှင့်ပတ်သက်သော ခက်ခဲသည့်ပြဿနာများကို အတူတကွတိုင်ပင်ခဲ့ကြသည့် ထူးချွန်ထက်မြက်သည့် လူငယ်တစ်ယောက်ပုံစံက ယွမ်ကျန်းဖုန်း မျက်လုံးထဲ နောက်တစ်ကြိမ်မြင်ယောင်လာသည်။

ထိုစဉ် အကြီးအကဲ’လျို’က ထူးဆန်းသည့်လေသံဖြင့် စကားဆက်ပြောလာသည်။

“ဒါပေမဲ့ ဂိုဏ်းတူအစ်ကို ‘ယွမ်’... ၊ အဲဒါကို ထူးဆန်းတယ်လို့ ငါအမြဲတမ်း ခံစားရတယ် ၊ အချိန်တွေက အရမ်းလျှင်မြန်နေတယ်လို့ မင်း မထင်မိဘူးလား”

ထိုစကားကိုကြားတော့ ယွမ်ကျန်းဖုန်းမျက်လုံးများ တင်းမာသွားကာ သူ့ကိုကြည့်နေသည့် အကြီးအကဲ’လျို’ကို ပြန်လည်စိုက်ကြည့်လိုက်သည်။

အကြီးအကဲ’လျို’က...

“မင်း သိုင်းတော်စင်ဖြစ်လာရင် ရရှိလာမယ့် စွမ်းအားနဲ့ အခြေအနေကို မပြောနဲ့ဦး... အရင်ဆုံး နေသူတော်စင်ဂိုဏ်းက ဟွမ်ကွမ်လီပေးလာမယ့် ဖိအားတွေကို ထည့်စဉ်းစားရမယ် ၊ အဓိကအချက်ကတော့... ဂိုဏ်းတူအစ်ကိုကြီး’ယွမ်’ ... မင်းရဲ့ ဒဏ်ရာဟောင်းကြောင့် မင်း သေရတော့မှာ မဟုတ်ဘူးလား”

အကြီးအကဲ’လျို’ က ရယ်မောလိုက်ရင်း...

“မင်းက သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်တစ်ယောက်ဆိုပေမယ့် မင်းက အခြားအဆင့်တူ သိုင်းဆရာသခင်တွေထက် အသက်တိုမယ့်သူလေ ၊ မင်း အသက်ရှင်ဖို့ ဘယ်လောက်ကျန်တော့လို့လဲ ၊ (၁၀)နှစ်လား ၊ အနှစ် (၂၀)လား...”

ယွမ်ကျန်းဖုန်းက တည်ငြိမ်သည့်မျက်ဝန်းများဖြင့် အကြီးအကဲ’လျို’ကို အေးဆေးစွာ ကြည့်လိုက်သည်။

“တွက်ကြည့်ရရင်တော့... သိုင်းသူတော်စင်အဆင့်ကို မတက်ရောက်နိုင်ဘူးဆိုရင် (၁၀)နှစ် ၊ (၁၅)နှစ်လောက်ပဲ ငါ့မှာအချိန်ရှိပါတော့တယ်”

ထိုစကားကိုကြားတော့ အကြီးအကဲ’လျို’ မျက်နှာထက်တွင် ဝမ်းနည်းရိပ်များ ယှက်သန်းလာသည်။

“ဟုတ်တယ်... ငါ့မှာလည်း နောက်ထပ် အချိန် (၁၀)နှစ်လောက်ပဲ ကျန်တော့တယ်”

သူက ဆက်ပြောသည်။

“လွန်ခဲ့တဲ့နှစ်တွေက ဂိုဏ်းတူအစ်ကို’ဝမ်’ နဲ့ စကားတွေပြောဖြစ်တော့... သူဆိုရင် အချိန် (၁၀)နှစ်တောင် မကျန်တော့ဘူးတဲ့ ၊ သူ့ရဲ့ ကျင့်ကြံခြင်းက ငါ့ထက်အဆင့်ပိုမြင့်တာမှန်ပေမယ့် သူက ငါ့ထက်အသက်အများကြီး ကြီးတယ် ၊ သူ့အတွက် အချိန်သိပ်မကျန်တော့ဘူးလေ”

အကြီးအကဲ’လျို’က ယွမ်ကျန်းဖုန်းကို ကြည့်လိုက်ရင်း...

“ဂိုဏ်းတူအစ်ကို’ယွမ်’ ၊ မင်းလည်း ဒီလမ်းကို ဖြည်းဖြည်းချင်း လျှောက်လှမ်းလာပြီး လမ်းဆုံးရောက်ခါနီးတော့ ဘယ်လိုခံစားရမလဲ”

ယွမ်ကျန်းဖုန်းက...

“ဒါက မင်းရဲ့ အကြောင်းပြချက်လား”

အကြီးအကဲ’လျို’ က...

“ငါ ဓားတွေလှံတွေကြားမှာ တိုက်ပွဲတစ်ရာနွှဲရလည်း နောက်ပြန်ဆုတ်မယ့်သူမျိုး မဟုတ်ပါဘူး ၊ ငါ့ထက်စွမ်းအားမြင့်မားတဲ့သူနဲ့ တိုက်ခိုက်ရလည်း အခွင့်အလမ်းနည်းပေမယ့် ငါ့အတွက် နိုင်ခြေရှိတယ် ၊ တိုက်ပွဲတစ်ပွဲမှာ နောက်ဆုံးစက္ကန့်ပိုင်းအထိ ဘယ်သူအနိုင်ရမလဲဆိုတာ မသိနိုင်ပါဘူး”

စကားပြောရင်း အကြီးအကဲ’လျို’၏ မျက်နှာက ပြတ်သားစူးရှသွားသည်။

“ဒါပေမဲ့ အခု ငါ့ပြိုင်ဘက်က ကောင်းကင်ဘုံပဲ”

ခဏရပ်နားပြီးမှ သူက ဆက်ပြောသည်။

“ငါ လုံ့လဝီရိယအပြည့်နဲ့ အချိန်အကြာကြီး ကျင့်ကြံခဲ့တာ ၊ ဒါပေမဲ့ အခုတော့ ငါ့ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး နော်ကထပ်အောင်မြင်မှုတွေရဖို့ မျှော်လင့်ချက်မရှိတော့ဘူးဆိုတာ ရှင်းရှင်းလင်းလင်း မြင်နေရတယ် ၊ ကောင်းကင်ဘုံကို ဆန့်ကျင်ပြီး ထာဝရအသက်ရှင်ဖို့ ဒီတိုက်ပွဲကို ငါဆင်နွှဲခဲ့တာပဲ ၊ ဒါပေမဲ့ ငါ မနိုင်ခဲ့ပါဘူး ၊ အနိုင်ရဖို့ အခွင့်အရေးတောင်မရခင် ရှုံးနိမ့်ခဲ့ရတယ်”

ယွမ်ကျန်းဖုန်းကိုကြည့်ရင်း အကြီးအကဲ’လျို’က ဝမ်းနည်းနာကျင်စွာ ရယ်မောလိုက်သည်။

“ဂိုဏ်းတူအစ်ကို’ယွမ်’ ၊ မင်းရဲ့ဒဏ်ရာကြောင့် သိုင်းသူတော်စင်အဆင့်ကိုတက်ဖို့ ယုံကြည်ချက် အပြည့်အဝမရှိပေမယ့် မင်းက ဝါဒတောင်ရဲ့ လက်ရှိဂိုဏ်းချုပ်ဖြစ်သလို စွမ်းအားအမြင့်မားဆုံး ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်လည်း ဖြစ်တယ် ၊ ပြင်မလောကမှာ စွမ်းအားကြီးမားတဲ့ရန်သူတွေ ဝိုင်းနေတော့ မင်းအနေနဲ့ တံခါးပိတ်ကျင့်ကြံခြင်းကို မပြုလုပ်နိုင်ဘူး ၊ ဘာလို့လဲဆိုတော့... မင်း သိုင်းသူတော်စင်အဆင့်မတက်နိုင်ဘဲ ကျရှုံးသွားခဲ့ရင် ဝါဒတောင်တစ်ခုလုံး ပြိုလဲသွားနိုင်လို့ပဲ”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ အနည်းဆုံးတော့ မင်းမှာ မျှော်လင့်ချက် ရှိသေးတယ် ၊ မင်း အစွမ်းကုန်ကြိုးစားမယ်ဆိုရင် အောင်မြင်နိုင်ခြေ ရှိတယ်လေ ၊ စွမ်းအားမြင့်မားတဲ့ ရန်သူတစ်ယောက်နဲ့ ရင်ဆိုင်ရသလိုပေါ့ ၊ မင်း အသတ်ခံရနိုင်ပေမယ့် အနိုင်ရသွားတာလည်း ဖြစ်နိုင်တာပဲ ၊ ဒါပေမဲ့ ငါနဲ့ ဂိုဏ်းတူအစ်ကို’ဝမ်’ ကရော... ၊ ငါတို့က သေဖို့ထိုင်စောင့်နေရမှာလား”

အကြီးအကဲ’လျို’က နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း...

“သေခြင်းတရားဆိုတာ တကယ်တော့ ကြောက်စရာမဟုတ်ပါဘူး ၊ ဒါပေမဲ့ မျှော်လင့်ချက်ကုန်ဆုံးသွးတာကတော့ ကြောက်စရာပဲ ၊ မျှော်လင့်ချက်မဲ့ပြီး သေဖို့ထိုင်စောင့်နေရတာက အတော်လေးကို ကူရာကယ်ရာမဲ့စေတယ် ၊ မျှော်လင့်ချက်မဲ့လို့ပဲ အရင်ကမကြောက်တဲ့ သေခြင်းတရားကိုတောင် ကြောက်ရွံ့လာခဲ့တယ် ၊ နှလုံးသားထဲမှာ အကြောက်တရားတွေ ဖုံးလွှမ်းလာတယ်”

ယွမ်ကျန်းဖုန်းက သူ့ကို စူးစိုက်ကြည့်ရင်း...

“ဒီတော့ မင်းရဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ငရဲကိုးထပ်နဲ့ ပူးပေါင်းလိုက်တယ် ဆိုပါတော့...”

အကြီးအကဲ’လျို’က ရူးကြောင်ကြောင်ပုံစံဖြင့် ရယ်မောလိုက်ရင်း...

“သိုင်းသူတော်စင်တွေတောင်မှ အသက်ဘယ်လောက်ရှည်နိုင်မလဲဆိုတာ အကန့်အသတ်ရှိတယ်လေ ၊ ဒါပေမဲ့ ငရဲကိုးထပ်ကနတ်ဆိုးတွေကတော့ ဘယ်တော့မှ မသေဆုံးနိုင်တဲ့အသက်ကို ပိုင်ဆိုင်ထားတယ်”

ရန်တိက သိမ်မွေ့သည့်လေသံဖြင့်...

“နတ်ဆိုးတွေလည်း သေတာပါပဲ ၊ မြေကမ္ဘာနယ်မြေထဲကို တစ်ခါတစ်ရံထွက်လာတဲ့ နတ်ဆိုးတွေကို ကျွန်တော် သတ်ပစ်ဖူးပါတယ်”

အကြီးအကဲ’လျို’က လှောင်ပြောင်ရယ်မောရင်း...

“မင်း သတ်လိုက်တဲ့နတ်ဆိုးက ငရဲကိုးထပ်က နတ်ဆိုးအစစ်အမှန် ဟုတ်ချင်မှ ဟုတ်မှာပေါ့ ၊ နတ်ဆိုးအစစ်အမှန်ဆိုရင် မင်း သူတို့ကို သတ်ပစ်နိုင်မယ်များထင်သလား ၊ သူတို့ကို သတ်လိုက်မယ်ဆိုရင်လည်း ငရဲကိုးထပ်ရဲ့အနက်ရှိုင်းဆုံးနေရာမှာ သူတို့က ပြန်လည်မွေးဖွာလာကြတယ် ၊ သူတို့ရဲ့ ဖြစ်တည်မှုက ဘယ်တော့မှ သေဆုံးမသွားဘူး”

သူက နှလုံးသားတည်ရှိရာ ဘယ်ဘက်ရင်ဘတ်ကို လက်ဖြင့်တစ်ချက်ပုတ်ရင်း ထူးဆန်းစွာ ရယ်မောလိုက်သည်။

“လူတွေရဲ့ စိတ်နှလုံးထဲမှာ ခေါင်းမာမှုတွေ ၊ မကောင်းစိတ်ထားတွေ ၊ လောဘအလိုဆန္ဒတွေ ရှိနေသရွေ့ နတ်ဆိုးတွေလည်း ဘယ်တော့မှ မသေဘူး ၊ လူသားတွေမှ မဟုတ်ပါဘူး ၊ စိတ်နှလုံးထဲမှာ ခေါင်းမာမှုနဲ့ ဒေါသအလိုရမ္မကတွေရှိနေတဲ့ သက်ရှိတွေရှိနေသရွေ့ နတ်ဆိုးတွေဟာ အသတ်ခံရလည်း ပြန်လည်မွေးဖွားလာကြမှာပဲ”

ထိုစဉ် ဘေးနားတွင်ငြိမ်သက်နေပြီး တစ်ချိန်လုံးစကားဝင်မပြောသည့် ရန်ကျောက်ကဲက ရုတ်တရက် ရယ်မောလိုက်သည်။

“ဒါဖြင့် ပြန်လည်မွေးဖွားခြင်းအကြောင်းကို ခင်ဗျားသိထားတာပေါ့ ၊ နတ်ဆိုးတွေက အသစ်ပြန်လည်မွေးဖွားလာတဲ့အပေါ်မှာ ခင်ဗျားက မျှော်လင့်ချက်ကိုင်ဆွဲပြီး ထာဝရအသက်ရှင်သန်တဲ့ဘဝကို ရယူချင်ခဲ့တာလား ၊ ဒါပေမဲ့ ခင်ဗျားက နတ်ဆိုးမဟုတ်တာ ၊ ခင်ဗျားက ခင်ဗျားပဲဆိုတာ တစ်ခါမှ မတွေးမိဘူးလား”

အကြီးအကဲ’လျို’က ရန်ကျောက်ကဲကို စားတော့ဝါးတော့မတတ် စိုက်ကြည့်နေပြီးမှာ နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။

“မင်းက မိစ္ဆာနတ်ဆိုးတစ်ယောက်မဟုတ်သလို ငရဲကိုးထပ်ကိုလည်း ဘယ်တုန်းကမှ မရောက်ဖူးခဲ့ဘူး ၊ မင်းလိုအဆင့်နဲ့ စကားဝင်ပြောစရာမလိုဘူး”

ရန်ကျောက်ကဲက သူ့လက်များကို ဖြန့်ကားလိုက်ရင်း...

“ကောင်းပြီလေ ၊ ဒါဖြင့် ရှုတ်ထွေးတာတွေကို အရင်မပြောဘဲ ရိုးရှင်းတာတစ်ခုလောက်ကို ပြောကြည့်ရအောင်...”

ခဏနားပြီးမှ သူက ဆက်ပြောသည်။

“အကြီးအကဲ’လျို’က နတ်ဆိုးတွေ သေပြီးရင် ပြန်လည်မွေးဖွားလာတယ်ဆိုတဲ့အကြောင်းကို သိရှိထားတယ် ၊ ဆိုတော့... အဲဒီလိုပြန်လည်မွေးဖွားတယ်ဆိုတာဟာလည်း နတ်ဆိုးအားလုံးမဟုတ်ဘူးဆိုတာ သိထားသင့်တယ် ၊ အဲဒီငရဲကိုးထပ်က မိစ္ဆာနတ်ဆိုးတွေ ပြန်လည်မွေးဖွားနိုင်ဖို့ဆိုတာက သူတို့ရဲ့ တန်ခိုးစွမ်းအားအဆင့်တွေနဲ့ ဆက်နွယ်နေပါတယ်”

အကြီးအကဲ’လျို’ကိုကြည့်ရင်း ရန်ကျောက်ကဲက အလျင်လိုခြင်းမရှိဘဲ စကားဆက်ပြောသည်။

“ခင်ဗျားရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင်... အမှောင်ဘက်ခြမ်းကို ရောက်သွားပေမယ့် ပြန်လည်မွေးဖွားခြင်းအတွက် စံနှုန်းမပြည့်မီသေးပါဘူး”

အကြီးအကဲ’လျို’ သည် ရန်ကျောက်ကဲကို မုန်းတီးစွာစူးစိုက်ကြည့်ရင်း အသက်ရှူသံများ ကြမ်းတမ်းလာသည်။ သူ့မျက်ဝန်းများကတော့ ဒေါသကြောင့် မီးဝင်းဝင်းတောက်လျှက် ရှိသည်။

“အမှောင်ဘက်ခြမ်းကျတော့ရော ဘာဖြစ်လဲ ၊ အမှောင်ဘက်ခြမ်းကျရောက်ပြီးမှ ငါ့စွမ်းအားတွေ အများကြီးတိုးတက်လာတယ် ၊ ကာလရှည်ကြာအတားအဆီးဖြစ်နေတဲ့ ကျင့်ကြံခြင်းတစ်ဆို့တာကိုလည်း ဖြတ်ကျော်နိုင်ခဲ့တယ် ၊ ပိုပြီးအသက်ရှည်နိုင်မယ့် ကျင့်ကြံခြင်းအဆင့်တစ်ခုကိုတက်ဖို့တောင် ခြေတစ်လှမ်းပဲလိုတော့တယ် ၊ သိပ်မကြာခင် ထာဝရအသက်ရှင်သန်ခွင့်ကိုတောင် ရတော့မှာ ၊ အဲဒီအချိန်ကျ မင်းတို့အားလုံး သိုင်းသူတော်စင်တွေဖြစ်နေရင်တောင် အရေးစိုက်စရာမလိုတော့ဘူး”

ရန်ကျောက်ကဲက သိမ်မွေ့စွာဖြင့်...

“အိုး.. ဒါဆိုရင်တော့ အတော်ဆိုးတာပဲ ၊ အခုတော့ ခင်ဗျားမှာ အခွင့်အရေးမရှိတော့ဘူး မဟုတ်လား”

***

All Chapters