← Chapters

ဂိုဏ်းချုပ်နေရာ

Vol. 19 Ch. 261

ဂိုဏ်းချုပ်နေရာ

Vol. 19 Ch. 261

သိုင်းသူတော်စင်အဆင့်သို့ တက်ရောက်ရန် ယွမ်ကျန်းဖုန်းက တံခါးပိတ်ကျင့်ကြံမည်ဟု စိတ်ပိုင်းဖြတ်လိုက်သည့်စကားကို ကြားရသည့်အခါ ခန်းမကြီးအတွင်းရောက်နေကြသော အကြီးအကဲများအားလုံး ရင်ထဲလေးလံသွားကြသည်။

ဝါဒတောင်၏ ပထမအဆင့် မိန်းကလေးကျင့်ကြံသူလည်းဖြစ် ၊ ယွမ်ကျန်းဖုန်းနှင့်မျိုးဆက်တူညီသူလည်းဖြစ်သော ဆရာဘွားဘွား အကြီးအကဲ’ဟယ်’က လေးနက်စွာ စကားဆိုသည်။

“ဒါပေမဲ့... ဂိုဏ်းချုပ်ရဲ့ ဒဏ်ရာဟောင်းက...”

ယွမ်ကျန်းဖုန်းက တည်ငြိမ်သည့်မျက်နှာအမူအရာဖြင့်...

“တံခါးပိတ်ကျင့်ကြံဖို့ အချိန်ဆွဲထားတာလည်း ကြာလှပြီလေ ၊ အခုမှ မလုပ်ရင် နောင်အနာဂတ်မှာ အခွင့်အရေး မရှိနိုင်တော့ဘူး ၊ ဒီကာလတစ်လျှောက်လုံး ပြင်ပအခြေအနေတွေကလည်း တင်းမာတော့ ဒီအဘိုးကြီး ကြိုးစားကြည့်ချင်ပေမယ့် စိတ်လက်ပေါ့ပေါ့ပါးပါးနဲ့ တံခါးပိတ်ကျင့်ကြံဖို့ အချိန်ရှိမနေခဲ့ဘူး”

သူက ဆက်ပြောသည်။

“အခုတော့ လက်ရှိကမ္ဘာ့အခြေအနေကလည်း ပြီးခဲ့တဲ့နှစ်ပိုင်းတစ်လျှောက် ငါတို့အတွက် အကောင်းဆုံးအခြေအနေဖြစ်ခဲ့တယ် ၊ အခုမှ မလှုပ်ရှားရင် နောက်ထပ်အချိန်မရှိတော့ဘူး ၊ ဟုတ်တယ်... ဒီအဘိုးကြီး မအောင်မြင်ဘဲ နေသူတော်စင်ဂိုဏ်းက ဟွမ်ကွမ်လီ အောင်မြင်သွားခဲ့မယ်ဆိုရင် အခြေအနေတွေက အကောင်းကနေ အဆိုးကိုချက်ချင်းပြောင်းလဲသွားပြီး ငါတို့ဂိုဏ်းလည်း ပြုတ်ကျသွားနိုင်တယ် ၊ မကြုံစဖူးဆောင်းရာသီဆိုသလို လှိုင်းနက်ဂေဟက ငါတို့ဘက်က ရပ်တည်ပေးမှသာ မျှော်လင့်ချက် အနည်းအကျဉ်းရှိနိုင်မယ် ၊ မဟုတ်လို့ကတော့... အခုလို အေးအေးဆေးဆေး စကားပြောနေလို့တောင် ရမှာမဟုတ်ဘူး”

ယွမ်ကျန်းဖုန်းက သက်ပြင်းတစ်ချက်ချရင်း...

“အခုတော့ ငါတို့ကို လေဒဏ်မိုးဒဏ်က ကာကွယ်ပေးမယ့် ဆရာကလည်း အနားမှာ မရှိတော့ဘူးလေ”

ခန်းမထဲမှ တစ်ယောက်တည်းသော လူငယ်မျိုးဆက်တပည့်ဖြစ်သော ရန်ကျောက်ကဲကတော့ အကြီးအကဲများ၏စကားဝိုင်းကို တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။

ယွမ်ကျန်းဖုန်း၏ ဆရာဆိုသူမှာ ရန်တိ၏ ဆရာဘိုးဘိုး ၊ ရန်ကျောက်ကဲ၏ ဘိုးဘေးဆရာ ၊ ဟန်ထျန်းပုဂ္ဂိုလ်မြတ် ကျန်းဒေါင်ဂီနှင့် ကောင်းကင်ခန့်မှန်းသူ ကျန်းရှီလော့တို့နောက်ပိုင်း ဝါဒတောင်၏ဂိုဏ်းချုပ် ဖြစ်သည်။

အစဉ်အဆက်သက်တမ်းအရတွက်ချက်မည်ဆိုလျှင် ကျန်းဒေါင်ဂီသည် ရန်ကျောက်ကဲ၏ ဘေးတော်ဆရာကြီးဖြစ်ပြီး ရန်တိ ၊ ရှီတိနှင့် အခြားသူများ၏ ဘိုးဘေးဆရာ ဖြစ်သည်။

သို့သော် ကျန်းဒေါင်ဂီနှင့် ကျန်းရှီလော့တို့၏ ဒဏ္ဍာရီဆန်သောပုံရိပ်များကြောင့် ရန်တိနှင့် ရှီတိတို့က သူတို့ကို ဘိုးဘေးဆရာဟု မခေါ်ကြတော့ဘဲ ဘိုးဘေးဟန်ထျန်းပုဂ္ဂိုလ်မြတ် ၊ ဘိုးဘေးကောင်းကင်ခန့်မှန်းသူဟူ၍သာ ခေါ်ဆိုကြသည်။

ထိုသို့ခေါ်ဆိုခြင်းက ဝါဒတောင်၏ နောက်ပိုင်းမျိုးဆက်များအားလုံးဆီသို့ လက်ဆင့်ကမ်းသွားပြီး အစဉ်အဆက် တပည့်ငယ်များအားလုံး ထိုသို့ပင် ခေါ်ဆိုကြတော့သည်။

ကောင်းကင်ခန့်မှန်းသူ ကျန်းရှီလော့က ဝါဒတောင်တွင် နောက်ဆုံးပေါ်ထွန်းခဲ့သည့် သိုင်းသူတော်စင် ဖြစ်သည်။ သူ သေဆုံးသွားပြီးနောက် ဝါဒတောင်တွင် နောက်ထပ်သိုင်းသူတော်စင် ထွက်ပေါ်မလာတော့ပေ။ ယွမ်ကျန်းဖုန်းနှင့် ရှင်းတုန်းဖင်းတို့က သိုင်းသူတော်စင်အဆင့်နှင့်အလွန်နီးကပ်သော သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်များဖြစ်ကြသည့်တိုင် အဆင့်တက်ရန်အတွက် ကျင့်ကြံခြင်းအဆင့် တစ်ဆို့နေခဲ့ကြသည်။

အကြီးအကဲ ‘ဟယ်’ ဘေးတွင်ထိုင်နေသည့် အကြီးအကဲ’ကျန်း’က ရှင်းတုန်းဖင်းကို လှမ်းကြည့်ရင်း....

“ဂိုဏ်းတူအစ်ကို’ရှင်း’ ရော ဘယ်လိုလဲ...”

ငြိမ်သက်စွာထိုင်နေသည့် ရှင်းတုန်းဖင်းက ရိုးရှင်းစွာပင် ဖြေသည်။

“အလျင်စလိုလုပ်စရာ မရှိသေးပါဘူး”

အကြီးအကဲ’ဟယ်’ နှင့် အကြီးအကဲ’ကျန်း’ တို့ (၂)ယောက်လုံး သက်ပြင်းချလိုက်ကြသည်။

ယွမ်ကျန်းဖုန်းက...

“အခုတစ်ကြိမ် တံခါးပိတ်ကျင့်ကြံတာမှာ ကံကြမ္မာကိုလည်း ခန့်မှန်းလို့မရသလို ဘယ်လိုဘေးအန္တရယ်ကြုံတွေ့ရမလဲဆိုတာလည်း မသိနိုင်ပါဘူး ၊ အချိန်ဘယ်လောက်ကြာမလဲဆိုတာလည်း မသိနိုင်ဘူး ၊ ဒါကြောင့် ဒီအဘိုးကြီးက ဂိုဏ်းရဲ့ကိစ္စအဝဝကို အားလုံး စီစဉ်ခဲ့ပါ့မယ်၊ တံခါးပိတ်ကျင့်ကြံခြင်းမဝင်ရောက်ခင် ဒီအဘိုးကြီးနေရာကို ခေတ္တနေရာယူဖို့ တစ်ယောက်ယောက်ကို တာဝန်ပေးခဲ့မယ် ၊ ဒါမှ ဒီအဘိုးကြီးလည်း စိတ်ချလက်ချနဲ့ သိုင်းသူတော်စင်အဆင့်ကို တက်ရောက်နိုင်မယ်”

ပြောပြီးသည်နှင့် သူက ရှင်းတုန်းဖင်း ၊ အကြီးအကဲ’ဟယ်’ ၊ အကြီးအကဲ’ကျန်း’ တို့ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

“ဒီတော့ ငါ တံခါးပိတ်ကျင့်ကြံနေစဉ်အတွင်း ဂိုဏ်းကို တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက်နိုင်အောင် ဂိုဏ်းတူညီလေးတွေနဲ့ ဂိုဏ်းတူညီမလေးက ငါခန့်အပ်ခဲ့မယ့် ယာယီဂိုဏ်းချုပ်ကို ကူညီပေးကြပါ”

ရှင်းတုန်းဖင်းက အေးဆေးစွာပင် ခေါင်းညိတ်သည်။

“ကောင်းပါပြီ”

ခဏမျှစဉ်းစားပြီးနောက် အကြီးအကဲ’ဟယ်’ နှင့် အကြီးအကဲ’ကျန်း’ တို့ကလည်း ခေါင်းညိတ်လိုက်ကြသည်။

“ဂိုဏ်းချုပ်ပြောတဲ့အတိုင်း လုပ်ပါ့မယ်”

သိုင်းသူတော်စင်အဆင့်သို့တက်ရောက်ရန်အတွက် အကြောင်းပြချက်အမျိုးမျိုးကြောင့် တံခါးပိတ်ကျင့်ကြံခြင်းမပြုလုပ်နိုင်သည့် ယွမ်ကျန်းဖုန်းသည် တံခါးပိတ်ကျင့်ကြံရန် စီစဉ်နေသည်မှာ ကြာပြီဖြစ်သည်။ ဤအချက်က လူတိုင်းသိရှိထားသည်ဟု ယူဆနိုင်သည်။

လက်ရှိ ကမ္ဘာ့အခြေအနေက ယခင်ကနှင့်နှိုင်းယှဉ်လျှင် အန္တရယ်ကင်းနေသော်လည်း နေသူတော်စင်ဂိုဏ်းကလည်း ခရမ်းရောင်အမြုတေကျောက်စိမ်းကို ရရှိသွားသောကြောင့် ငုပ်လျှိုးနေသည့်ခြိမ်းခြောက်မှုများ ပိုမိုကြီးထားလာနိုင်သည်။ ထို့ကြောင့် ယွမ်ကျန်းဖုန်းအနေဖြင့် တံခါးပိတ်ကျင့်ကြံခြင်း ပြုလုပ်သင့်ပြီဖြစ်ကြောင်း လူတိုင်းသိရှိကြသည်။

ယာယီဂိုဏ်းချုပ်ဆိုသော်လည်း တကယ်တော့ ဝါဒတောင်၏ ဂိုဏ်းချုပ်အသစ်ရောကို အမှတ်တကယ် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

အကယ်၍ ယွမ်ကျန်းဖုန်း ကျင့်ကြံခြင်းအဆင့်မတက်နိုင်ဘဲ ကျရှုံးသွားခဲ့ပါက ဂိုဏ်းချုပ်နေရာကို ယာယီဂိုဏ်းချုပ်က ဆက်လက်ထမ်းဆောင်မည်ဖြစ်သလို ဤသည်က ယွမ်ကျန်းဖုန်း၏ နောက်ဆုံး ဆန္ဒလည်း ဖြစ်သည်။

ယွမ်ကျန်းဖုန်း အောင်မြင်ခဲ့ပြီး တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာလျှင်လည်း သူက နေသူတော်စင်ဂိုဏ်းမှ ဟွမ်ကွမ်လီကဲ့သို့ ဂိုဏ်းချုပ်ရာထူးကိုလက်လွှတ်လိုက်ဖွယ်ရှိသည်။ သူက ဂိုဏ်း၏အရေးကိစ္စများကို ဆက်လက်လုပ်ဆောင်ခြင်းထက် အောင်မြင်မှုများဆက်လက်ရရှိရန် ကျင့်ကြံခြင်းဖြင့်သာ အချိန်ကုန်လွန်သွားဖွယ်ရှိသည်။

ဤနေရာတွင် ပိုပြီးအရေးကြီးသည်မှာ ဝါဒတောင်တွင်ရှိသော အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သည့် “ကြယ်တာရာသန့်စင်ချီဝတ်ရုံ” ပင် ဖြစ်သည်။

အများစု တစ်ညီတစ်ညွတ်တည်းသဘောတူထားကြသည်မှာ ကြယ်တာရာသန့်စင်ချီဝတ်ရုံကို ဂိုဏ်း၏ ပထမအဆင့်ထိပ်တန်းသိုင်းကျင့်ကြံသူက အသုံးပြုရမည်ဟူ၍ဖြစ်သည်။ အမြင့်မားဆုံးစွမ်းအား (၂)ခုပေါင်းစပ်ပြီး ထိပ်တန်းအဆင့် စွမ်းအားမြှင့်ရန်သူကို တိုက်ရာတွင် အသုံးပြုရမည် ဖြစ်သည်။

ပထမအဆင့် ထိပ်တန်းသိုင်းကျင့်ကြံသူက တံခါးပိတ်ကျင့်ကြံနေပါက ၊ သို့မဟုတ် ခရီးလွန်နေပါက ထိုဝတ်ရုံကို ဂိုဏ်းချုပ်က ထိန်းချုပ်ခွင့်ရှိသည်။

ထို့ကြောင့် ယာယီဂိုဏ်းချုပ်က ကြယ်တာရာသန့်စင်ချီဝတ်ရုံကို ထိန်းချုပ်ခွင့် ရရှိမည် ဖြစ်သည်။

ထို့ပြင် ဝါဒတောင်၏ပင်မအစီအရင် အဓိကထိန်းချုပ်နိုင်မှုကိုလည်း ယာယီဂိုဏ်းချုပ်ထံသို့ လွှဲပြောင်းပေးရပေမည်။

ယွမ်ကျန်းဖုန်းအကြည့်က ရန်တိ ၊ ဖန်ကျွင်းနှင့် ရှီတိတို့ထံသို့ ကျရောက်သွားသည်။

ရှီတိ၏မျက်ဝန်းများက ခမ်းနားနေဆဲဖြစ်ပြီး တစ်ချက်လေးပင် တုန်လှုပ်ခြင်း မရှိပေ။ သူက အစကတည်းက ဂိုဏ်းချုပ်ရာထူးကို ရယူမည်မဟုတ်ဟု ပြောဆိုခဲ့ပြီးသား ဖြစ်သည်။

ဖန်ကျွင်း၏မျက်ဝန်းများကတော့ တွင်းနက်ကြီးတစ်ခုပမာ နက်မှောင်နေပြီး ပင်လယ်ပြင်ပမာ နက်ရှိုင်းလျှက် ရှိသည်။ မျက်ဝန်းများက တည်ငြိမ်လွန်းသဖြင့် သူ့စိတ်ထဲမှ အတွေးများကို မည်သူမှ သိရှိနိုင်မည် မဟုတ်ပေ။

ရန်တိ၏မျက်ဝန်းများကတော့ ကြည်လယ်ကျယ်ပြန့်သည့် ကောင်းကင်ပြင်ကြီးပမာ တည်ငြိမ်အေးဆေးနေသည်။

ရန်တိနံဘေးတွင် မတ်တတ်ရပ်နေသည့် ရန်ကျောက်ကဲ၏ မျက်နှာအမူအရာကတော့ နောက်ဆုံးရလဒ်ကို စောင့်မျှော်နေသည့်အလား တိတ်ဆိတ်ငြိမ်သက်လျှက် ရှိ၏။

တပည့် (၃)ယောက်ကို အကဲခတ်ပြီးသည်နှင့် ယွမ်ကျန်းဖုန်းက တုံ့ဆိုင်းမနေဘဲ စကားဆိုသည်။

“ရန်တိ... မင်းက ဆရာ့ရဲ့ အငယ်ဆုံးတပည့်လည်းဖြစ်သလို နောက်ဆုံးလက်ခံခဲ့တဲ့တပည့်လည်းဖြစ်တယ် ၊ အခု ဆရာက ဒီတာဝန်ကြီးကို မင်းရဲ့ပခုံးပေါ်လွှဲပြောင်းပေးချင်တယ် ၊ မင်းခံနိုင်ရည်ရှိပါ့မလား”

ရန်တိက ထိုင်ရာမှထလိုက်ပြီး ယွမ်ကျန်းဖုန်းရှေ့သို့ ဖြည်းညင်းစွာ လမ်းလျှောက်လာရင်း ဦးညွှတ်ဂါရဝပြုလိုက်သည်။

“ဒီတပည့်က ဂိုဏ်းရဲ့ကောင်းကျိုးအတွက် ဆရာ့ရဲ့အပ်နှင်းမှုကို မစွန့်လွှတ်ပဲ အစွမ်းအစရှိသရွေ့ အကောင်းဆုံး လုပ်ဆောင်ပါ့မယ်”

ထိုင်ခုံတွင်ထိုင်နေသည့် ဖန်ကျွင်း၏ မျက်နှာအမူအရာကတော့ ပုံမှန်တိုင်းပင်။

ရှင်းတုန်းဖင်းသည် ယမ်ကျန်းဖုန်းရှေ့တွင် မတ်တတ်ရပ်နေသော ရန်တိကို တိတ်ဆိတ်စွာ ငေးစိုက်ကြည့်နေသည်။

ယွမ်ကျန်းဖုန်းက ရန်တိကိုကြည့်ရင်း...

“မင်း ယာယီဂိုဏ်းချုပ်ရာထူးနေရာကို လက်ခံလိုက်ပြီဆိုတာနဲ့ ဆရာက သိုင်းသူတော်စင်အဆင့်ကိုတက်ဖို့ တံခါးပိတ်ကျင့်ကြံမယ်ဆိုတာကို လူတိုင်းသိသွားကြလိမ့်မယ် ၊ ဒါပေမဲ့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး နေသူတော်စင်ဂိုဏ်း ဘယ်လိုပဲတွေးတွေး အရေးမကြီးပါဘူး ၊ ငါတို့ပဲဖြစ်ဖြစ် သူတို့ပဲဖြစ်ဖြစ် ဒါက အချိန်နဲ့အမျှတိုက်ပွဲဝင်ဖို့အတွက်ဆိုတာ ငါတို့အားလုံးစိတ်ထဲမှာ ကောင်းကောင်းသိကြပါတယ်”

ခဏနားပြီးမှ သူကဆက်ပြောသည်။

“ဒါပေမဲ့ ဒီသတင်းပျံ့သွားတာနဲ့ အဆုံးမဲ့တောင်တန်းနှင့် ကျောက်စိမ်းပင်လယ်မြို့တော်က ဘယ်လိုဆုံးဖြတ်မလဲ ခန့်မှန်းရခက်တယ် ၊ ဆိုတော့... ဒီကာလအတွင်းမှာ အခြေအနေက အရမ်းသိမ်မွေ့မှာမို့လို့ မင်းတို့အားလုံး ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့အပေါ်မှာ မူတည်တယ်”

ရန်တိက တည်ငြိမ်စွာဖြင့်...

“ဆရာ စိတ်ချပါ ၊ ဒီတပည့်က ဆရာဦးလေးတွေ ၊ ဆရာဒေါ်လေးတွေ ၊ ဂိုဏ်းတူမောင်နှမတွေ ၊ ဝါဒတေင်ကတပည့်တွေအားလုံးနဲ့ အတူတကွပူးပေါင်းပြီး အရာအားလုံးကို သတိနဲ့ ဆောင်ရွက်မှာပါ”

ယွမ်ကျန်းဖုန်းက ရန်ကျောက်ကဲကို လှမ်းကြည့်ရင်း ရုတ်တရက် ပြုံးလိုက်သည်။

“ကျောက်ကဲက နောက်ထပ် ကြီးမားတဲ့အလုပ်တစ်ခုကို ထပ်လုပ်လိုက်တော့... သူ့အတွက် ဘာဆုချရမှန်းတောင် မသိတော့ဘူး ၊ ဒီတော့ သားအတွက် ဆုလာဘ်ကို ဖခင်က လက်ခံတယ်လို့ ပြင်ပလောကက တွေးထင်ကြပါစေ”

သူတို့အားလုံး ပြုံးလိုက်ကြသည်။

ရန်တိ ဂိုဏ်းချုပ်ရာထူးရရှိသည်မှာ ရန်ကျောက်ကဲက အလုပ်များစွာလုပ်ပေးသည့်အတွက်ဟု လူအချို့က အမှန်တကယ် ယုံကြည်ကြပေလိမ့်မည်။ သို့သော် ဂိုဏ်းချုပ်ရာထူးနေရာကို ဆက်ခံခြင်းသည် တကယ်တမ်းတွင် ထိုသို့သောအကြောင်းပြချက်များကြောင့် ဖြစ်ပေါ်လာသည့်အရာ မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ စေ့စေ့တွေးကြည့်လျှင်တော့ ရန်ကျောက်ကဲသည် ရန်တိအတွက် ကံကောင်းစေသောကြယ်ပွင့်တစ်ပွင့်ဖြစ်ကြောင်း အားလုံး ခံစားသိရှိနိုင်ကြသည်။

ထို့ပြင် ရန်ကျောက်ကဲ၏ လက်ရှိစွမ်းဆောင်ရည်များသည် ဝါဒတောင်၏ လူငယ်မျိုးဆက်များ လုံးဝမယှဉ်နိုင်သည့်လုပ်ရပ်များဖြစ်သည်။

ယွင်ဝူစီရင်စုတိုက်ပွဲမဖြစ်ခင်ကတည်းက ရန်ကျောက်ကဲကို ဝါဒတောင်၏ အနာဂတ်ဆက်ခံသူအဖြစ် အကြီးအကဲများက သတ်မှတ်ထားပြီး ဖြစ်သည်။ အကယ်၍ ထင်မှတ်မထားသော ကြီးကြီးမားမားပြဿနာများ မပေါ်ပေါက်ခဲ့ပါက ရန်ကျောက်ကဲသည် ဝါဒတောင်၏ အနာဂတ်ဂိုဏ်းချုပ် ဖြစ်လာဖွယ်ရှိသည်။

ယွမ်ကျန်းဖုန်းက ရန်တိကိုကြည့်ရင်း...

“ငါ့နောက် လိုက်ခဲ့ပါ”

ထို့နောက် သူက မတ်တတ်ရပ်လိုက်ပြီး ခန်းမ‌ဆောင်ကြီးအနောက်ဘက်သို့ လမ်းလျှောက်သွားသည်။ ရန်တိကလည်း ဆရာဖြစ်သူနောက်မှ လိုက်ပါသွား၏။

ရန်ကျောက်ကဲနှင့် အခြားသူများက သူတို့ (၂)ယောက်ထွက်ခွာသွာသည်ကိုကြည့်ရင်း ကျန်ရစ်ခဲ့ကြသည်။ ကြယ်တာရာသန့်စင်ချီဝတ်ရုံနှင့် ဝါဒတောင်၏ပင်မအစီအရင်ထိန်းချုပ်ခြင်းများကို လက်ဆင့်ကမ်းလွှဲပြောင်းပေးရန် ထွက်ခွာသွားခြင်းဖြစ်ကြောင်း အားလုံးသိရှိကြသည်။

ခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်လျှက်ရှိပြီး မည်သူမှ စကားမဆိုကြပေ။

အကြီးအကဲ’ဟယ်’နှင့် အကြီးအကဲ’ကျန်း’တို့၏အကြည့်များက ရှီတိကိုဖြတ်ကျော်ပြီး သူ့နံဘေးမှဖန်ကျွင်းထံသို့ ကျရောက်သွားလေ၏။

All Chapters