← Chapters

ဓါးတရားတောင်

Vol. 016 Ch. 1541

ဓါးတရားတောင်

Vol. 016 Ch. 1541

နတ်ဘုရားနန်းတော်အတွင်းမှ တပည့်များအားလုံးသည် သူတို့ကျင့်ကြံရာနေရာများသို့ ပြန်သွားကြသည်။ ထိုအချိန်တွင် ကျင့်ကြံခြင်းခန်းမတစ်ခုအတွင်းတွင် လူတစ်စုသည် တီးတိုးဆွေးနွေးနေကြသည်။ သူတို့ထဲမှ တစ်ဦး သည် ထူးခြားစွာလှပပြီးသူမထံမှ ကောင်းကင်အငွေ့အသက်များ ထွက်ပေါ်နေသည်။ သူမမှာ လုချင်းယောင် ဖြစ်သည်။

“သူကအသက်စမ်းရေနဲ့ လမ်းစဉ်သစ်သီးနှစ်ခုလုံးကို လုယူသွားတာလား” လူငယ်တစ်ယောက်သည် လုချင်းယောင်ကို ထရပ်ကာအရိုအသေပြုရင်း မေးလိုက်သည်။

လုချင်းယောင် ခေါင်းညိတ်လိုက်သည်။ “ အင်း ငါ့ရဲ့ ကျင့်ကြံခြင်းဟာ အရမ်းနိမ့်လွန်းသေးတယ် ငါ အချိန်တစ်ခု အထိ တံခါးပိတ် ကျင့်ကြံတော့မယ်”

“အဲဒီလူက နတ်ဆိုးတစ်ကောင်လိုပဲ သူတစ်ယောက်တည်းနဲ့ ကျင့်ကြံသူအားလုံးကို အနိုင်ယူပြီး ထိုးထွင်းသိမြင်မှု သစ်ပင်ကိုသိမ်းယူသွားခဲ့တာ။ ဒီကိစ္စက အစ်မလုရဲ့ကျင့်ကြံခြင်းအဆင့်နဲ့ မဆိုင်ပါဘူး” အောက်ဘက်တွင် မတ်တပ်ရပ်နေသော မိန်းကလေးတစ်ဦးကပြောလိုက်သည်။ ထိုအချိန်တွင် လူတစ်ယောက်ဝင်ရောက်လာပြီး သူတို့ကိုကြည့်ကာ မေးလိုက်သည်။ “ တစ်ယောက်ယောက်က ထိုးထွင်းသိမြင်မှုသစ်ပင်ကို တစ်ယောက်တည်း သိမ်းယူလိုက်တယ်လား”

“ဟုတ်တယ်၊ သူက ထိုက်ရွှမ်တောင်ကဓါးသမား ရှန်ကျင်းပဲ။ သူကရောက်လာတဲ့သူအားလုံးကို တစ်ယောက် တည်း တိုက်ခိုက်ပြီး အနိုင်ယူသွားခဲ့တယ်။ သူ့ကို ဘယ်သူမှ မယှဉ်နိုင်ခဲ့ကြဘူး။ ရွှေရောင်နတ်ပြည်ထောင်က ကိုက်ရှီ၊ လီနတ်ဓါးမိသားစုက လီရွှင်း နဲ့ ကောင်းကင်မြှုပ်နှံနတ်ဘုရားကလန်က ချင်ကျန်းတို့ အားလုံး သူ့ရှေ့မှာ မရပ်တည်နိုင်ဘဲ ရှုံးနိမ့်ခဲ့ ကြတယ်။” “ဒါ...အမှန်ပဲလား” ၀င်လာသောသူသည် လုချင်းယောင်ကို တုန်လှုပ် ချောက်ချားစွာ ကြည့်လိုက်သည်။

လုချင်းယောင်က ခေါင်းကိုဖြည်းညင်းစွာငြိမ့်ပြရင်း ပြောလိုက်သည်။ “ ငါက အစွမ်းထက်ဆုံးမဟုတ်ပေမယ့် နန်းတော်ထဲက လက်ရင်းတပည့်တော်တွေကလွဲပြီး ရွေးချယ်ခံရသူတွေထဲမှာတော့ အစွမ်းအထက်ဆုံးသူ ဖြစ်လာနိုင်တယ်လို့ အရင်က ထင်ခဲ့မိတယ်။ ဒါပေမယ့် ငါတို့ကြားကကွာဟချက်တွေ အများကြီး ရှိလိမ့်မယ် လို့တော့ လုံးဝမထင်ထားမိခဲ့ဘူး။ ရှန်ကျင်းက မယုံနိုင်လောက်အောင် အားကောင်းတာမှန်ပေမယ့် ငါရှုံးခဲ့တာက ငါ့ရဲ့အမှားကြောင့်ပဲ။ တိုက်ပွဲမစခင်ကရှန်ကျင်းရဲ့အဆင့်က ပြန်လည်ရှင်သန်ခြင်းအဆင့်တောင် မဟုတ်သေးဘူး။”

“မင်းပြောတဲ့အတိုင်းဆို သူကသစ်သီးတွေအများကြီးကို သူတစ်ယောက်တည်း သိမ်းယူသွားတာတောင် ရန်ဟောင် အဆင့်ကိုမရောက်သေးဘဲ ပြန်လည်ရှင်သန်ခြင်းအဆင့်ကိုပဲ ရောက်သေးတာလား” ထိုမိန်းကလေး၏ မျက်နှာတွင် အံ့အားသင့်ဟန်တို့ပေါ်လာသည်။ လမ်းစဉ်သက်သေနယ်မြေသို့သွားသောလူများသည် အခွင့်အရေးကို အသုံးချကာ ရန်ဟောင်အဆင့်သို့ ရောက်သွားခဲ့ကြကြောင်း မကြာခဏကြားဖူးလေသည်။ သို့သော် ဤတစ်ကြိမ်တွင် သစ်သီးအများစုကို လူတစ်ယောက်က သိမ်းယူသွားခဲ့သည်။

“အင်း” လုချင်းယောင် ထပ်ပြီး ခေါင်းညိတ်လိုက်ပြန်သည်။ “ ထိုးထွင်းသိမြင်မှုသစ်ပင်ကို သိမ်းယူပြီးတော့ သူက အဲဒီမှာ နှစ်လကျော်ကျင့်ကြံခဲ့တယ်။ လမ်းစဉ်စွမ်းအားတွေက တစ်ချိန်လုံးသူ့အပေါ်အဆက်မပြတ် စီးဆင်း နေတာကို အသုံးချပြီးတော့ လမ်းစဉ်ခန္ဓာတစ်ခုကို တည်ဆောက်ဖို့ကြိုးစားခဲ့တယ်။ ပြီးတော့ သူပိုပြီး အစွမ်း ထက်လာခဲ့တယ်။ သူရခဲ့တဲ့ လမ်းစဉ်သစ်သီးတွေနဲ့သာဆို ပြန်လည်ရှင်သန်ခြင်းအဆင့်ကို တည်ငြိမ်အောင် ဆောင်ရွက်နိုင်မဲ့အပြင် နှစ်ပေါင်းများစွာ ကျင့်ကြံရမဲ့အချိန်တွေကိုလျော့ချပြီး မဟာလမ်းစဉ်ခန္ဓာကိုယ်ကို  စတင် တည်ဆောက်ဖို့ လုံလောက်လိမ့်မယ်။”  “ဒီအတိုင်းသာဆို ငါတို့နတ်ဘုရားနန်းတော်ကို ပါရမီရှင်တစ်ဦး ရောက်လာပြီပဲ” သူမ၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှုများ ထင်ဟပ်နေသည်။

ထိုနေရာတစ်ခုတည်းတွင်သာ ထိုအကြောင်းကို ပြောနေကြခြင်းမဟုတ်ဘဲ နတ်ဘုရားနန်းတော် တစ်ခုလုံးတွင် ပျံ့နှံ့နေပြီဖြစ်သည်။ တစ်နည်းအားဖြင့် ဓါးနန်းတော်တွင်ရှိနေသောလီရွှင်းသည် ထိုအဖြစ်အပျက်များအားလုံးကို တစ်စုံတစ်ယောက်အား ပြောပြခဲ့သည်။ ထိုလူငယ်သည် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး သူ၏နောက်တွင် ဓါးစွမ်းအားများ ပျံ့လွှင့်နေကြသော အစွမ်းထက်ဓားသမားများ ရပ်နေကြသည်။

သူသည် လီနတ်ဓါးမိသားစုမှ အစွမ်းအထက်ဆုံး မျိုးဆက်တစ်ဦးဖြစ်သည့် လီတောက်စီ ဖြစ်သည်။ သူသည် ယခုအချိန်တွင် ဓါးနန်းတော်တွင် ရန်ဟောင်အဆင့်အောက်တွင် အစွမ်းအထက်ဆုံးသူဖြစ်သည်။ သူ၏ ဓါးအဆင့် သည် ပြည့်စုံလုနီးပါးရှိနေပြီး လူအများစုက သူသည် ရန်ဟောင်အဆင့်အောက်ရှိ မည်သူ့ကိုမဆို သူ၏ဓါးဖြင့် သတ်ဖြတ်နိုင်စွမ်း ရှိသည်ဟု ဆိုကြသည်။

နတ်ဘုရားနန်းတော်အတွင်းတွင်ပင် ဓါးစွမ်းရည်တွင် သူ့အားယှဉ်ပြိုင်နိုင်သူ အများအပြားမရှိပေ။

“အစကတော့ မင်းနတ်ဘုရားနန်းတော်ကို ဝင်လာပြီးရင် ရန်ဟောင်အဆင့်မရောက်မချင်း တံခါးပိတ် ကျင့်ကြံဖို့ ရည်ရွယ်ထားခဲ့တာ အခုအတိုင်းဆို ကြည့်ရတာ ငါအဆင့်မတက်ခင် ငါ့ရဲ့ဓါးပညာအဆင့်ကို စမ်းသပ် လို့ရမဲ့လူတစ်ယောက် ရှိလာပုံပဲ” လီတောက်စီက ညင်သာသိမ်မွေ့စွာပြောလိုက်သည်။ သူသည် ပြန်လည် ရှင်သန်ခြင်းအထွပ်အထိပ်အဆင့်တွင် သူ၏လမ်းစဉ်ခန္ဓာကို တည်ဆောက်ခဲ့ပြီး မကြာမီအချိန်တွင်  အဆင့်တက် တော့မည်ဖြစ်သည်။ ယခုတွင် အခြားအစွမ်းထက်သော ဓါးသမားတစ်ဦးသည် နတ်ဘုရားနန်းတော်သို့ ရောက်ရှိ လာခဲ့သည်။

လီတောက်စီ ထရပ်ကာ  ထွက်သွားသည်။  “မင်း ဘယ်သွားမလို့လဲ” လီရွှင်းက မေးလိုက်သည်။  လီတောက်စီသည် ရီဖူရှင်းကို သွားရောက်ရှာဖွေတော့မည်လား။ “ ငါ ဓါးတရားတောင်ကိုသွားမလို့။” လီတောက်စီက ပြန်လှည့် မကြည့်ဘဲ ဖြေလိုက်သည်။  “သူ့ကိုငါ အဲဒီမှာ သွားစောင့်နေမယ်။” ရီဖူရှင်းသည် ထိုက်ရွှမ်တောင်၏ ဓားသမားဖြစ်ပြီး သူသည် ဓားရေးကျွမ်းကျင်သူဖြစ်သည်။ ယခု သူသည် နတ်ဘုရားနန်းတော်သို့ ဝင်ရောက်လာပြီ ဖြစ်သောကြောင့် သူသွားရမည့်နေရာ တစ်နေရာသာရှိသည်။ ထိုနေရာမှာ ဓါးတရားတောင်သာ ဖြစ်သည်။ ထို့ကြောင့် လီတောက်စီသည် ထိုနေရာတွင် သူ့ကိုစောင့်နေရန် ပြင်ဆင်လိုက်ခြင်းဖြစ်သည်။

…

အချိန်တိုအတွင်းမှာပင် ရှန်ကျင်း၏နာမည်သည် နတ်ဘုရားနန်းတော်တစ်ခွင်လုံး ပြန့်နှံ့သွားခဲ့သည်။ နန်းတော်မှ တပည့်များအားလုံးသည် သူသည် မြင့်မားသောကောင်းကင်ဘုံမှ အစွမ်းထက်သော ကျင့်ကြံသူများအားသူကို တစ်ယောက်တည်းအနိုင်ယူပြီး ထိုးထွင်းသိမြင်မှုသစ်ပင်ကို သိမ်းယူခဲ့သည်ကို သိသွားကြသည်။

လမ်းစဉ်သက်သေနယ်မြေသို့ မသွားခဲ့ကြသော နတ်ဘုရားနန်းတော်မှ တပည့်ပေါင်းများစွာတို့သည် သူနှင့် တွေ့လိုခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် လီတောက်စီသည် ရှန်ကျင်းကိုစောင့်ရန် ဓါးတရားတောင်သို့ သွားခဲ့သည် ဟူသော သတင်းကိုကြားရသော သူတိုင်းသည် စိတ်လှုပ်ရှားနေကြသည်။ ထိုက်ရွှမ်တောင်မှ ဓါးသမားသည် လီရွှင်းကို အလွယ်တကူအနိုင်ယူနိုင်ခဲ့သည်ဆိုသော်လည်း နတ်ဘုရားနန်းတော်မှ ရန်ဟောင်အဆင့်အောက်တွင် အတော်ဆုံး ဓါးသမား လီတောက်စီနှင့် မည်သို့နှိုင်ယှဉ်းနိုင်ပါမည်နည်း။

လီတောက်စီသည်  မကြာမီ နောက်တစ်ဆင့်သို့ တက်ရောက်တော့မည်ဖြစ်ပြီး ဓါးအင်ပါယာတစ်ဦး ဖြစ်လာမည်ဟု ဆိုနိုင်လေသည်။ သူသည် နတ်ဘုရာနန်းတော်မှ ရန်ဟောင်အဆင့်အောက်တွင် အကောင်းဆုံးဓားသမားဖြစ်ပြီး မြင့်မားသော ကောင်းကင်ဘုံတွင် သူနှင့်ယှဉ်နိုင်မည့် ဓါးသမားတစ်ဦးကို ရှာဖွေရန်ခက်ခဲပေလိမ့်မည်။

ရီဖူရှင်းသည် လီတောက်စီ ဓါးတရားတောင်သို့သွားသည်အားမသိသလို နတ်ဘုရားနန်းတော်တွင် ဓါးတရားတောင် ရှိသည်ကိုလည်း သိရှိခြင်းမရှိပေ။

အခြားသူများကို ထွက်ခွာရန် ပြောပြီးနောက် နတ်ဘုရားနန်းတော်အတွင်းတွင် စိတ်လက်ပေါ့ပါးစွာဖြင့် ခြေဦးတည့်ရာ လျှောက်သွားနေခဲ့သည်။ နတ်ဘုရားနန်းတော်သည် စည်းကမ်းမတင်းကျပ်သလို အခမ်းအနားများ တက်ရောက်ရန်လည်းမလိုအပ်ပေ။ ကျွန်းပေါ်တွင် ကောင်းကင်စွမ်းအားများသည် အလွန်ထူထပ်လွန်း သောကြောင့် ကျင့်ကြံရန်အတွက် ကောင်းမွန်သောနေရာများစွာ ရှိပေမည်။ သူ့ကို နောက်အဆင့်ကျော်ဖြတ် နိုင်စေမည့် နေရာအား ရှာဖွေလိုက်သည်။

“တော်တော်ပြင်းထန်တဲ့ စွမ်းအားတွေပဲ” ထိုအချိန်တွင် ရီဖူရှင်းသည် တစ်စုံတစ်ရာကို သတိပြုမိသွားသည်။ သူသည် နေရာတော်တော်များများကို ဖြတ်သန်းပြီးနောက် မကြာမီမြင့်မားသော တောင်တန်းများအကြားမှ နေရာတစ်ခုသို့ရောက်သွားသည်။ ထိုနေရာအား ရှေးဟောင်းတောင်တန်းများက ဝိုင်းရံထားကြပြီး မယုံကြည်နိုင် လောက်အောင် ထူထပ်သော စွမ်းအားများသည် ထွက်ပေါ်နေလေသည်။ ရီဖူရှင်းသည် ထိုနေရာတစ်ဝိုက်နှင့် တောင်တစ်ဝိုက်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ ရုတ်တရက် သူသည်ထိုနေရာတွင် ကောင်းကင်ကိုပင် ဖိနှိပ်နိုင်စွမ်းသော မယုံကြည်နိုင်လောက်အောင် ပြင်းထန်သောဖိအားကို ခံစားလိုက်ရသဖြင့် သူ့ခန္ဓာကိုယ် တစ်ခုလုံး  တင်းကျပ်လာသည်။ သူရှေ့ရှိ ကြီးမားသောကျောက်တုံးပေါ်တွင် သူ့ကိုကျောပေးထားကာ ထိုင်နေ သော ဆံပင်တိုတိုနှင့် သေသပ်ရှင်းသန့်သောသူတစ်ဦးကို တွေ့လိုက်ရသည်။ သူသည် ကြီးမားရှည်လျားသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ရုပ်ထုတစ်ရုပ်ပမာ ထိုနေရာတွင်မလှုပ်မယှက်ထိုင်နေသည်။

“ကျွန်တော်က ထိုက်ရွှမ်တောင်က ရှန်ကျင်းပါ။ ခင်ဗျားရဲ့ ကျင့်ကြံမှုကို အနှောက်အယှက်ဖြစ်သွားစေတဲ့အတွက် တောင်းပန်ပါတယ်” ရီဖူရှင်းသည် ထိုသူကိုအရိုအသေပေးကာ ပြေလိုက်သည်။ ထိုလူသည် ပြန်လည်ရှင်သန်ခြင်း အဆင့်မှာပင် ရှိသေးလော်လည်း သူ၏စွမ်းအားများသည် အလွန်ပြင်းထန်ပေသည်။ သူ၏ အသက်ရှုသံသည်ပင် ပြင်းထန်လှပြီး မဟာလမ်းစဉ်စွမ်းအားများ ပြည့်နှက်နေပေသည်။

“ထိုက်ရွှမ်တောင်က ဓါးသမား” ထိုသူသည် ရီဖူရှင်းကို ကျောပေးထားလျက်အတိုင်းပင် ပြောလိုက်သည်။ “ မင်းဟာ မဟာလမ်းစဉ်ကို လျှောက်လှမ်းထိုက်သူဖြစ်ကြောင်း သက်သေပြဖို့လာခဲ့တာလား” ရီဖူရှင်းက “ ဟုတ်ပါတယ်  လမ်းစဉ်သက်သေနယ်မြေကို သွားပြီးတော့ နတ်ဘုရားနန်းတော်ကို ကျွန်တော်ရောက်လာခဲ့တာပါ။” “မင်းက ဓားသမားတစ်ယောက်ဖြစ်တာကြောင့် ဓါးတရားတောင်ကိုသွားသင့်တယ်။ ဒီနေရာက မင်းအတွက်မဟုတ်ဘူး” ထိုသူက အလေးမထားဟန်ဖြင့်ပြောလိုက်သည်။  ရီဖူရှင်းအံ့အားသင့်သွားစေခဲ့သည်။ “ ဓါးတရားတောင်လား”

“ဟုတ်တယ်၊ အဲဒါ ဓါးသမားတွေအတွက် ကျင့်ကြံဖို့နေရာပဲ” ဟုထိုလူကဆက်ပြောသည်။ သူသည်ဤနေရာတွင် တစ်ချိန်လုံးကျင့်ကြံနေခဲ့သောကြောင့် အပြင်ဘက်မှသတင်းမျာကို မကြားသိတော့ပေ။

ရီဖူရှင်းသည် တောင်များကို လှည့်ပတ်ကြည့်ပြီးမေးလိုက်သည်။ “ ဓါးတရားတောင်က ဓါးသမားတွေ ကျင့်ကြံတဲ့နေရာကောင်းလား။ ဒါဆိုဒီနေရာကဘာလဲ။ ငါ့အထင်တော့ ဒီနေရာက ကျင့်ကြံဖို့နေရာကောင်းပဲ” ရီဖူရှင်း၏ စကားများကိုကြားသောအခါ ထိုသူသည် အနည်းငယ်မျှပင် အံ့ဩဟန်မပြဘဲ ဖြည်းဖြည်းချင်း ထရပ်ကာ ရီဖူရှင်းဘက်သို့ ဖြေးညင်းစွာလှည့်ကြည့်လိုက်သည်။

ရီဖူရှင်းသည် ထိုသူကိုကြည့်နေရင်း ရုတ်တရက် မဟာလမ်းစဉ်မှ ဆင်းသက်လာသော မယုံနိုင်လောက်အောင် ထူးခြားဆန်းကြယ်သော ဖိအားများကျဆင်းလာသည်ကို ခံစားလိုက်ရသည်။ ထိုသူသည် မယုံနိုင်လောက်အောင် စွမ်းအားကြီးမားသော နတ်ဘုရားရုပ်ထုကဲ့သို့ မတ်တပ်ရပ်နေသည်။ သူ့အပေါ်သို့ ဖိအားများကျဆင်းလာချိန်တွင် ရီဖူရှင်းသည် အလျော့ပေးနောက်ဆုတ်လိုက်သင့်သည်ဟု ခံစားလိုက်ရသည်။

“ဒါ….” ရီဖူရှင်းသည် တောင်များ ရွေ့လျားသွားသည်ဟု ထင်လိုက်ပြီး ထိုတောင်များထံမှ မဟာလမ်းစဉ်၏ မြင့်မြတ်သောစွမ်းအားသည် ပေါ်ထွက်လာသည်။ ထိုတွင်ရပ်နေသောသူသည် တောင်များနှင့် တသားတည်း ဖြစ်သွားသည်၊ သို့မဟုတ် ထိုသူ၏စွမ်းအားများသည် တောင်များနှင့်ပေါင်းစပ်သွားပုံပေါ်သည်။ သူ၏ မျက်လုံးများတွင် အဆုံးမဲ့စွမ်းအင်များကို တွေ့လိုက်ရသည်။

“မင်းကိုယ်တိုင်ကြည့်လိုက်။” ထိုသူသည် လက်ကို နောက်ပစ်ထားပြီး အေးဆေးစွာ ရပ်နေလေသည်။ ထိုတောင်များမှ ထွက်ပေါ်လာသောစွမ်းအားသည် ရီဖူရှင်းကိုဖိအားပေးခဲ့သည်။ ၎င်းတို့သည် အသက်ဝင်နေပုံရပြီး တောင်တစ်တောင်စီတိုင်းတွင် မဟာလမ်းစဉ်၏စွမ်းအားများ ပါဝင်နေသည်။

ခရက်!

သူ၏ခြေထောက်အောက်ဘက်ရှိ ကျောက်တုံးသည် အက်ကွဲသွားပြီး ဖုန်မှုန့်များဖြစ်သွားသည်။ “ငါသိပြီ” ရီဖူရှင်းသည် တောင်များက သူ့အပေါ်ဖိနှိပ်လာသည်ကို ခံစားမိပေသည်။ ထိုအချိန်တွင် သူသည် အရာများစွာအား တွေ့လိုက်ပုံပေါ်သည်။ ထိုတောင်တန်းများသည် မဟာလမ်းစဉ်၏စွမ်းအားများစွာ ပါဝင်နေပုံပေါ်ပြီဂ ၎င်းတို့၏ စွမ်းအားများသည် အမှန်တကယ်တုန်လှုပ်ဖွယ်ကောင်းလှသည်။ တောင်တိုင်းသည် ရုပ်ထုတစ်ခုကဲ့သို့ပင် ဖြစ်သည်။

ရီဖူရှင်းသည် လေပေါ်သို့ ပျံတက်သွားသည်။ ထိုလူသည် ရီဖူရှင်းကိုကြည့်လိုက်ပြီး  ရှေ့သို့တစ်လှမ်းတိုး လိုက်သည်။ ထို့နောက်ကောင်းကင်နှင့်မြေကြီးကြားတွင် ပြင်းထန်သော မြည်ဟည်းသံကြီး ထွက်ပေါ်လာသည်။ သို့သော် ရီဖူရှင်းသည် ရှေ့သို့ဆက်လက် တက်သွားသည်။

ဘုန်း! ပြင်းထန်သော အားနှစ်ခုထိပ်တိုက်တွေ့ဆုံသွားပြီး လေထဲတွင်ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်သွားခဲ့ပြီး တောင်များအားလုံး တုန်ခါသွားသည်။ ထိုသူသည် ရီဖူရှင်းကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်ပြီး သူတို့ပတ်ပတ်လည်ရှိတောင်များကိုကြည့်သည်။

“မင်းက အတွေးတစ်ချက်တည်းနဲ့ တောင်တွေကိုနေရာရွေ့နိုင်တာလား” သူသည် ရီဖူရှင်းကို စိုက်ကြည့်လိုက် သည်။  “ မင်းကဓားသမားလား” “ ငါက ထိုက်ရွှမ်တောင်ရဲ့ဓါးသမား ရှန်ကျင်းပါ” ရီဖူရှင်းက ပြောလိုက်လျှင် ထိုထိုသူသည် အံ့အားသင့်သွားဟန်ပေါ်သည်။ ထိုလူသည် သူ့အား အလွန်ဖိအားပေးနိုင်လေသည်။ သူ၏ ယခင်တိုက်ပွဲတွင် သူ၏ပြိုင်ဘက်များအားလုံးကို အနိုင်ယူခဲ့ပြီး၊ နတ်ဘုရားနန်းတော်အတွင်းတွင်  မည်သူမျှ သူနှင့် ယှဉ်နိုင်မည်မဟုတ်ဟု ထင်ခဲ့သည်။ သို့သော် နတ်ဘုရားနန်းတော်ကို လှည့်ပတ်ကြည့်ရှုနေချိန်တွင် မယုံကြည်နိုင် လောက်အောင် အစွမ်းထက်သော ပြိုင်ဘက်တစ်ယောက်အား တွေ့လိုက်ရသည်။

“ ငါက နတ်ဘုရားနန်းတော်ရဲ့ ပင်မတပည့် ကျွမ်းဟုန်ပါ။” ထိုသူက ပြန်ပြောလိုက်သည်။  သူသည် ရီဖူရှင်းကို ကြည့်လိုက်သည်။ “ငါကြားတာတော့ အရှင်ထိုက်ရွှမ်က တပည့်အသစ် လက်မခံတော့တာ ကြာပြီဆို။ မင်းက အငယ်ဆုံးတပည့်လား။”

ရီဖူရှင်း ခေါင်းခါလိုက်သည်။ “အရှင်ထိုက်ရွှမ်က ဘယ်တော့မှ နောက်ထပ် တပည့်ထပ်လက်မခံတော့ဘူးလို့ ပြောခဲ့တယ်။ ငါက ထိုက်ရွှမ်တောင်မှာ ကျင့်ကြံတာ တစ်နှစ်လောက်ပဲ ရှိသေးတယ်။ ငါက ဘယ်လိုလုပ်ပြီး အရှင်ထိုက်ရွှမ်ရဲ့တပည့်ဖြစ်နိုင်မှာလဲ” “မင်းက ဒီလောက် ပါရမီရှိတာတောင် အရှင်ထိုက်ရွှမ်က မင်းကို လက်မခံဘူးလား” ကျွမ်းဟုန်က ပြုံးပြီးမေးလိုက်သည်။  “ နတ်ဘုရားနန်းတော်မှာရော ပင်မတပည့်ဖြစ်ချင်လို့ လာခဲ့တာလား ခဏတာကျင့်ကြံဖို့လား”

“ ငါက ကျင့်ကြံဖို့လာခဲ့တာ” ရီဖူရှင်းက ဖြေလိုက်သည်။ “ ကောင်းပြီလေ၊ မြင့်မားသောကောင်းကင်ဘုံမှာ နတ်ဘုရားနန်းတော်က ကျင့်ကြံဖို့ အကောင်းဆုံး နေရာပဲ။ အခု ငါတို့ရောက်နေတဲ့နေရာက နှစ်ပေါင်းများစွာ ကျင့်ကြံဖို့အတွက် နေရာကောင်းတစ်ခုပဲ” “ မင်း အရင်ကပြောတဲ့ ဓါးတရားတောင်ကရော” ရီဖူရှင်းက မေးလိုက်သည်။

“အဲဒါက ဓါးသမားတွေ ကျင့်ကြံဖို့ တော်ဝင်မြေတစ်ခုဖြစ်ပြီး ဓားတောင် ၈၁ လုံးက ဝိုင်းရံထားတယ်။ မင်းသာ ဓါးတရားတောင်မှာရှိတဲ့ ဓါးလမ်းစဉ်ကိုအပြည့်အဝနားလည်နိုင်မယ်ဆိုရင် မဟာလမ်းစဉ်ထဲက ဓါးကိုဖန်တီးနိုင်ပြီး ဓါးအင်ပါယာတစ်ယောက် ဖြစ်လာနိုင်တယ်” ကျွမ်းဟုန်က ပြောလိုက်သည်။ ဓါးတရားတောင်သည် နတ်ဘုရားနန်းတော်မှ ဓားသမားများ ကျင့်ကြံသည့်နေရာဖြစ်သည်။ ယခင်မျိုးဆက်များ၏ အကြီးအကဲ များစွာသည် ထိုနေရာတွင် နောက်တစ်ဆင့်သို့တက်လှမ်းခဲ့ကြသည်။

“ဒီလိုဆိုမှတော့ ငါအဲဒီကို သွားရမှာပေါ့” ရီဖူရှင်းက တီးတိုးရေရွတ်လိုက်သည်။

“ဟုတ်တယ် မင်းသွားသင့်တယ်” အသံတစ်သံ ထွက်ပေါ်လာသည့်နေရာသို့ လှမ်းကြည့်လိုက်လျှင် တောင်တစ်လုံး၏ ထိပ်တွင် ရပ်နေသည့်လူတစ်ယောက်ကို မြင်လိုက်ရသည်။ သူသည် ကျွမ်းဟုန်ကို ဦးညွှတ်ပြီး နှုတ်ဆက်လိုက် သည်။ “ အစ်ကိုကျွမ်း”

ကျွမ်းဟုန်က ခေါင်းညိတ်လိုက်ပြီးမေးလိုက်သည်။ “ မင်းဘာကိုဆိုလိုတာလဲ”

“လီနတ်ဓါးမိသားစုရဲ့ လီတောက်စီက ဓါးတရားတောင်မှာ သူကိုစောင့်နေတယ်” ထိုလူကပြုံးပြီး ပြောလိုက်သည်။ ထိုသူသည် ရီဖူရှင်းမည်သူဆိုသည်အား သိရှိပြီးဖြစ်ပုံပေါ်သည်။

“လီတောက်စီ” ရီဖူရှင်း ရေရွတ်လိုက်သည်။ ထိုနာမည်ကို ကြားရသည်မှာ ပထမဆုံးအကြိမ်မဟုတ်ပေ။

“သူက နတ်ဘုရားနန်တော်ရဲ့ ရန်ဟောင်အဆင့်အောက်က အတော်ဆုံးဓါးသမားပဲ နောက်ဆုံး ဓါးကွက် သုံးကွက်ကလွဲပြီး ကျန်တဲ့ဓါးကွက်တွေ အကုန်အောင်မြင်ခဲ့ပြီးပြီ”  ကျွမ်းဟုန်သည် ရီဖူရှင်းကိုကြည့်သည်။ လီတောက်စီသည် အမှန်တကယ် သူ့အား စောင့်နေသည်လော။

***

All Chapters