← Chapters

ကံကြမ္မာများ စုစည်းခြင်း

Vol. 100 Ch. 1400

ကံကြမ္မာများ စုစည်းခြင်း

Vol. 100 Ch. 1400

အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ ကျင်းပမည့် အချိန် နီးကပ်လာသည်နှင့်အမျှ လူအများအပြား၏ နှလုံးသားများထဲတွင် စိတ်လှုပ်ရှားမှုများက ပြင်းပြစွာ ထွက်ပေါ်လာခဲ့သည်။

သာမန်ပြည်သူများ၊ ရိုးရှင်းသော အလုပ်အကိုင်များဖြင့် ရှင်သန်နေကြသူများ၊ အထူးသဖြင့်… ဤနေရာကို ရောက်ရှိနိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မှတ် မထားခဲ့ကြသူများမှာ သူတို့ ဘဝ တစ်လျှောက်လုံး မှတ်မိနေမည့် အတွေ့အကြုံ အတွက် ရင်ခုန်နေကြသည်။ တစ်ချိန်တည်း၌ ကမ္ဘာ လောက၏ စီးဆင်းမှု နောက်တစ်ကြိမ် ပြန်လည် ပြောင်းလဲတော့မည် ဖြစ်ကြောင်း သိရှိထားသော ထိပ်သီး ကျင့်ကြံသူများမှာလည်း ပို၍ပင် စိတ်လှုပ်ရှား နေခဲ့သည်။

သို့သော်လည်း အချိန်များ ကုန်လွန်လာသည်နှင့်အမျှ မေးခွန်းများ ပျံ့နှံ့လာခဲ့သည်။ ကျင့်ကြံသူများစွာမှာ သူတို့ အတွက် ဖန်တီးပေးထားသည့် နေအိမ်များ၊ လေ့ကျင့်ရေးကွင်းများတွင်ပင် ရှိနေဆဲဖြစ်ပြီး ပွဲကျင်းပမည့်နေရာနှင့် ပတ်သက်၍ မည်သည့်ကြေညာချက်မှ ထွက်ပေါ်မလာသေးချေ။ သူတို့က အချိန်တစ်ခုကိုသာ သတ်မှတ်ထားခြင်းဖြစ်သည်။

ထိုအကြောင်းအရာနှင့် ပတ်သက်ကေ အသေးစိတ် အချက်အလက်များကို မေးမြန်းသောအခါ ဝေ့ဝူယင်၏ လက်အောက်ငယ်သားများနှင့် ဧည့်သည်များကို ကြီးကြပ်ရန် တာဝန်ယူထားရသော လူများမှာ ပြုံးရုံသာ ပြုံးကာ ဖြေဆိုဖို့ ရှောင်လွှဲခဲ့ကြသည်။

ထိုအရာကပင် လူများ၏ သိလိုစိတ်ကို ပိုမို၍ ပြင်းထန်လာစေခဲ့လေသည်။

''အဂ္ဂိရတ် ကုန်စည်ပြပွဲ ကို ဘယ်မှာ ကျင်းပမှာလဲ''

''ဘယ်သူက ဒီပွဲကို လက်ခံကျင်းပမှာလဲ''

“ငါတို့ကရော ဒီနေ့ ထွက်ခွာရမှာလား… ဒါမှမဟုတ် ကုန်စည် ပြပွဲ ကျင်းပမယ့် နေ့မှာလား… နေရာကောင်းရော ရပါ့မလား… ဒါမှမဟုတ် သာမန်လူတွေနဲ့အတူ ထိုင်ရမှာလား… အဲဒီလိုတော့ မဖြစ်ပါစေနဲ့”

မေးခွန်းပေါင်း များစွာမှာ ပျံ့လွင့် နေခဲ့သော်လည်း မည်သည့် ဖြေရှင်းချက်မှ ထွက်မလာခဲ့ချေ။ သူတို့က ရိုးရှင်းသော မှတ်ချက်ကိုသာ ထပ်ခါတလဲလဲ ပြောဆိုခဲ့ကြ၏

''အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲက လူတိုင်း ပါဝင်နိုင်တဲ့ ပွဲတစ်ခုဖြစ်ပြီးတော့ အသေးစိတ် အချက်အလက်တွေကို ပွဲကျင်းပမယ့်နေ့မှာ ထုတ်ဖော်ပြသသွားမှာပါ…''

မရေမတွက်နိုင်သော ကျင့်ကြံသူ ဧည့်သည်များမှာ ကြိုတင်ပြင်ဆင်ထားသော သို့မဟုတ် အသစ်ဆောက်လုပ်ထားသော နေအိမ်များတွင် နေထိုင်ရင်း စိုးရိမ်ပူပန်မှုများကို စတင်ခံစားလာကြရ၏။ အာဏာရှင် အင်ပါယာဝေ့ အပေါ် သူတို့ ယုံကြည်ကြသည့်တိုင် ဤမျှ ကြီးကျယ်ခမ်းနားသည့် စီမံကိန်းကြီး တစ်ခုကို သုံးလ ဆိုသည့် အချိန်တို အတွင်း အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့ခြင်းသည်တော့ ရူးမိုက်လွန်းသည်ဟု ယူဆခဲ့ကြသည်။

မကြာမီမှာပင်… အဂ္ဂိရတ် ကုန်စည် ပြပွဲကျင်းပမည့်နေရာမှာ မပြီးစီးသေးဘဲ အချိန်မီ ပြီးမြောက်ရန် အတွက် အလျင်စလို လုပ်ဆောင်နေရသည် ဆိုသော ကောလာဟလများပင် ပျံ့နှံ့လာခဲ့သည်။

ဆိုလိုသည်က… အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲမှာ မူလ သတ်မှတ်ထားသည့် နေ့ထက် နောက်ကျသွားနိုင်ပေသည်။

သို့သော်လည်း ၎င်းက လူအများစု အတွက် မည်သည့် ပြဿနာမှ မရှိခဲ့ပေ။ အာရုဏ်ဦး ကြယ်တာရာနယ်မြေ၏ အလွှာ နှစ်ခုဖြစ်သော ဖီဆန် အာရုဏ်ဦး နယ်မြေ နှင့် လောက အာရုဏ်ဦး နယ်မြေ တို့၏ ပတ်ဝန်းကျင်မှာ အံ့မခန်း ကောင်းမွန်လှသည်။ သူတို့ အနေဖြင့် ဖီဆန် အာရုဏ်ဦး နေကြယ်မှ ထွက်ပေါ်လာသည့် ကြွယ်ဝလှသော ကြယ်တာရာနှင့် လျှို့ဝှက် အမတေများကို တိုက်ရိုက် စုပ်ယူ ကျင့်ကြံ နေနိုင်ပေသည်။ ထို့အပြင် လောက အာရုဏ်ဦး နယ်မြေ အတွင်းရှိ ကုန်းမြေတိုက်ကြီး အများစုမှာလည်း ယခင်ပိုင်ရှင်များ ကြိုတင် တည်ဆောက်ထားသည့် ကျင့်ကြံခြင်း အကျိုးကျေးဇူးများ ရှိသော နေရာများဖြစ်ပြီး ဖီဆန် နေကြယ်မှ ပေးအပ်သည့် ပတ်ဝန်းကျင်ကြောင့် ယခင်ကထက် အဆပေါင်း များစွာ ပိုမို ကောင်းမွန်ပေသည်။ ဒြပ်စင်သစ်ပင် နယ်မြေကို ဥပမာ အဖြစ် ကြည့်ပြပါစို့…။

၎င်း၏ ကျောရိုးမကြီးဟု ဆိုနိုင်သည့် ဒြပ်စင် သစ်ပင်ကြီးမှာ ယခင်က အဆင့်နိမ့် ရည်ရွယ်ချက် တစ်ချို့ ပါဝင်သည့် သစ်သီးများကိုသာ ပြုစု ပျိုးထောင် နိုင်ခဲ့သော်လည်း… ယခုအခါတွင်တော့ အဆင့်မြင့် ရည်ရွယ်ချက် ပါဝင်သည့် သစ်သီး ထောင်ပေါင်းများစွာနှင့် အတူ ဝေဝေဆာဆာ သီးပွင့် နေခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့်ပင် အချို့သော ဧည့်သည်များမှာ ပိုမို ကြာရှည်စွာ နေထိုင်နိုင်ရန် အတွက် နှောင့်နှေးမှုများ ဖြစ်ပေါ်လာရန်ပင် လိုလားခဲ့ကြသည်။ အချို့ကလည်း ဤနေရာတွင် နေထိုင်ရခြင်းမှာ ကောင်းချီး မင်္ဂလာဟု နှလုံးသားထဲတွင် တိတ်တဆိတ် ခံယူ နေကြသည်။ သူတို့ ဘယ်သောအခါမှ မထွက်ခွာလို တော့ချေ။

သို့သော်လည်း… ဤကြယ်တာရာ နယ်မြေအသစ် မည်မျှ အဖိုးထိုက်တန်သည်ကို ထောက်ချင့်ခြင်း အားဖြင့် ထိုအရာက လုံးဝ မဖြစ်နိုင်ဟု သူတို့ ယူဆ ခဲ့ကြသည်။

မည်သို့ပင် ဆိုစေကာမူ… ကံကြမ္မာကို မည်သူသိနိုင်မည်နည်း။

…

လူအများ ထိုကဲ့သို့ ဝေဝေဝါးဝါး ဖြစ်နေကြချိန်တွပ် မဟာစက်ဝန်း ကြယ်ကွင်းပြင် ထိပ်တန်း အင်အားစုများထဲမှ တစ်ခု ဖြစ်သည့် မြင့်မြတ်သော ရွှေရောင် ဂိတ်တံခါး နန်းတော်မှာ အံ့မခန်း ထင်ရှားပေါ်လွင်သော ပုံစံဖြင့် ရောက်ရှိလာခဲ့သည်။ သူတို့၏ ဟင်းလင်းပြင် သင်္ဘော ဖြစ်သည့် “ရွှေရောင် ကံကြမ္မာ” မှာ ကျယ်ပြန့်လှသော အမှောင် ဟင်းလင်းပြင်ကိုပင် တောက်ပသော ရွှေရောင်ဖြင့် ဆေးခြယ်ထားကာ၊ တွေ့မြင်ရသူတိုင်းအား လေးစား ကြည်ညိုစိတ်များ ဖြစ်ပေါ်စေနိုင်သည့် နတ်ဘုရား အရှိန်အဝါတစ်မျိုးကို ထုတ်လွှတ် နေခဲ့သည်။

၎င်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်၌ ရွှေရောင် အလင်းတန်း တစ်ခု ကျန်ရစ်ကာ ထိုအလင်းရောင်များမှာ အမှောင် ဟင်းလင်းပြင် အတွင်း အချိန်အကြာကြီး ဆက်ရှိ နေခဲ့သည်။

တစ်ချို့က ထိုအလင်းတန်းကို ကံကြမ္မာ၏သွေး ဟု တင်စား ခေါ်ဝေါ်ကြပြီး ရွှေရောင် ဂိတ်တံခါး နန်းတော်မှာ သူတို့ ဖြတ်သန်း သွားလာရာ နေရာများကို ကံကောင်းခြင်း သို့မဟုတ် ကံဆိုးခြင်းဖြင့် ကောင်းချီးပေးခဲ့သည့် လက္ခဏာ အဖြစ် ယူဆကြသည်။

ရွှေရောင် ဂိတ်တံခါး နန်းတော် သည် မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် လူလေးစားခံရသော အဖွဲ့အစည်းဖြစ်ပြီး လူအများစုက ကြောက်ရွံ့ကြသည်။ သူတို့၏ လျှို့ဝှက် ဆန်းကြယ်သော နည်းလမ်းများကြောင့် အင်ပါယာ ကလန်နှင့် အစစ်အမှန် မွေးဖွားခြင်းတို့ ကဲ့သို့သော အင်အားစုများပင် စော်ကားရန် မဝံ့ရဲကြချေ။

ထို့အပြင် မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် ကောင်းကင် တာအိုကို ကိုယ်စားပြသည့် ပုရောဟိတ်များကို စော်ကားပါက ဘေးဥပဒ် သင့်သည် ဆိုသည့် အယူ တစ်ခုလည်း ရှိသည်။ ၎င်းမှာ ဖန်ခွက် ကွဲခြင်း၊ နှင်းကျသည်ကို အိပ်မက်မက်ခြင်းတို့ကဲ့သို့ အယူသည်းမှု တစ်ခု ဖြစ်ကာ ကံဆိုးသော အဖြစ်အပျက်များ၊ ယုတ်စွ အဆုံး သေဆုံးခြင်း၏ ရှေ့ပြေးနိမိတ်ပင် ဖြစ်သည်ဟု ယူဆကြသည်။

လက်ရှိကို ပြန်သွားရပါက… ရွှေရောင် ကံကြမ္မာ ဟင်းလင်းပြင် သင်္ဘောကြီးမှာ ကောင်းကင် နိမိတ်ဖတ် ပညာရှင်များ၊ ပရောဟိတ်များ အများအပြားကို အာရုဏ်ဦး ကြယ်တာရာနယ်မြေသို့ တင်ဆောင်လာခဲ့သည်။

သူတို့ထဲတွက် ထင်ရှား ကျော်ကြားသည့် ပုဂ္ဂိုလ်သုံးဦး ပါဝင်သော အဖွဲ့ငယ် တစ်ဖွဲ့ ရှိ၏။ သူတို့ အားလုံးမှာ လူငယ် မျိုးဆက်မှ ဖြစ်ကြကာ ရွှေရောင် ဂိတ်တံခါး နန်းတော် အတွင်း တစ်မူ ထူးခြားသော မူလ ရင်းမြစ်များနှင့် နောက်ခံများ ရှိကြသည်။ သူတို့ထဲ၌ မိန်းကလေး တစ်ဦး၊ လူငယ် တစ်ဦးနှင့် ကျားမ ခွဲခြားရန် မဖြစ်နိုင်သော ပုဂ္ဂိုလ်တစ်ဦးတို့ ပါရှိသည်။ ဆိုလိုသည်က ထိုပုဂ္ဂိုလ်မှာ အမျိုးသားနှင့် အမျိုးသမီး နှစ်မျိုးစလုံး၏ လက္ခဏာရပ်များကို တူညီစွာ ပိုင်ဆိုင် ထားပေသည်။

လူငယ် သုံးယောက်လုံးမှာ အရောင် မတူညီသည့် ဝတ်စုံများကို ဝတ်ဆင် ထားကြ၏။ ဝတ်စုံ၏ အစွန်းတွင် ရွှေရောင် အနားကွပ်များ ပါရှိခြင်း တစ်ခုသာလျှင် ဆင်တူပေသည်။

လူငယ်မှာ ကောင်းကင်ပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူက မိမိကိုယ်ကို အလွန် ယုံကြည်မှုရှိသည့် အမူအရာကို ဆင်မြန်းထားသော်လည်း အရပ်ငါးပေ သုံးလက်မမျှသာ ရှိကာ ထိုသုံးဦးအဖွဲ့တွင် အရပ်အပုဆုံး ဖြစ်သည်။

မိန်းကလေးကတော့ သွေးရောင် ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူမ၏ မျက်နှာအမူအရာမှာ ပျင်းရိနေသည့်ပုံ ရကာ ကမ္ဘာလောကကို စိတ်မဝင်စားဟန် ရလေသည်။

သူတို့ နှစ်ဦး အကြားတွင်တော့ ပတ္တမြားရောင် ဝတ်ရုံဝတ်ဆင်ထားကာ အမြဲတစေ ပြုံးနေဟန်တူသော ကျားမ ခွဲခြား၍ မရနိုင်သည့် လူငယ်တစ်ဦး ရှိနေသည်။ သူ့ကို မြင်ပါက ကျားဖြစ်သည် မဖြစ်သည်ကို ဆုံးဖြတ်ရန် ခက်ခဲသော်လည်း မည်သည့် လိင်စိတ်ကို တိမ်းညွှတ်သူ ဖြစ်စေကာမူ သူတို့ လိုချင်သည့် အရည်အသွေးများကို သူ့ထံတွင် 'မြင်နိုင်' ပေလိမ့်မည်။

သူတို့ သုံးယောက်စလုံးမှာ မည်သူမျှ ကောင်းကင်ဘုံကို စိန်ခေါ်နိုင်သည့် ရုပ်ရည်မျိုးကို ပိုင်ဆိုင် မထားကြသော်လည်း နုပျိုသော အသွင်အပြင်နှင့် အံ့သြဖွယ်ကောင်းသော အရှိန်အဝါများကိုတော့ ပိုင်ဆိုင်ထားကြပေသည်။ သူတို့ကား အခြားလူများ မဟုတ်...။ ရွှေရောင် ဂိတ်တံခါး နန်းတော်၏ နာမည်ကျော် မင်းသား၊ သမီး ကိုးယောက် အနက်မှ သုံးဦးပင်။

မိုးပြာရောင် ဝတ်စုံဝတ် လူငယ်မှာ စတုတ္ထမြောက် မင်းသားပင် ဖြစ်ကာ မဟာ ပုရောဟိတ်၏ တိုက်ရိုက် မျိုးဆက် တစ်ယောက်လည်း ဖြစ်သည်။

သွေးနီရောင် ဝတ်စုံဝတ် မိန်းကလေးကတော့ ဒုတိယ မင်းသမီးပင် ဖြစ်သည်။ သူမ၏ နောက်ခံနှင့် မူလ ဇစ်မြစ်တို့မှာ စတုတ္ထမြောက် မင်းသားထက် အနည်းငယ် နိမ့်ကျပေသည်။ ပျင်းရိကာ စိတ်မဝင်စားတတ်သည့် သဘော သဘာဝကြောင့် သူမ၏ ကျင့်ကြံခြင်း အခြေခံမှာလည်း အလားတူပင် ဖြစ်သည်။

ကျားမဟုတ်၊ မမဟုတ် လူငယ်ကိုတော့ နဝမမြောက် နိုဘယ်ဟု ခေါ်ကြသည်။ သူတို့ သုံးယောက် အဖွဲ့တွင် အလယ်၌ နေရာယူထားလေရာ အခြားလူယ် နှစ်ယောက်ထက် အဆင့်အတန်း အားဖြင့် အနည်းငယ် ပိုမို သာလွန်ကြောင်း ထင်ရှားပေသည်။

ကျားမ မခွဲခြားနိုင်သော ပုံသဏ္ဌာန်သည် နဝမ သူကောင်း ဟု အမည်တွင်ပြီး၊ ၎င်းတို့သည် သုံးဦးအဖွဲ့၏ ဗဟိုတွင် ရှိနေကာ ၎င်းတို့၏ အဆင့်အတန်းသည် အခြားနှစ်ဦးထက် အနည်းငယ်မြင့်မားပြီး နက်နဲကြောင်း ပြသနေသည်။

“ဒီအဂ္ဂိရတ် ကုန်စည်ပြပွဲရဲ့ ကံကြမ္မာက အာရုဏ်ဦး ကြယ်တာရာ နယ်မြေထဲမှာတောင် မှန်းဆဖို့ ခက်တယ်...”

စတုတ္ထ မင်းသားက ဖြူရော်စွာ ပြုးရင်း မှတ်ချက်ချလိုက်လေ၏။

“ဒီလောက်ကြီး မခက်ပါဘူး... ကြီးကျယ်တဲ့ ကံကောင်းခြင်းက ခမ်းနားတဲ့ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေတယ်... ဒါက ကံကြမ္မာရဲ့ လမ်းကြောင်းပဲ မဟုတ်ဘူးလား...”

ဒုတိယမြောက် မင်းသမီးက စဉ်းစဉ်းစားသား လေသံဖြင့် ပြောလိုက်၏။

စတုတ္ထ မင်းသား က ရယ်မောရင်း သူမကို ကြည့်လိုက်သည်။

“နင့်စကားက အရမ်း ယေဘုယျ မဆန်ဘူးလား... ကြီးကျယ် ခမ်းနားတဲ့ ကံကောင်းခြင်းနဲ့ ပတ်သက်ရင် ကံကြမ္မာ လမ်းကြောင်းတိုင်းက အဲ့လိုပဲလေ... တစ်ယောက်ယောက်ကို ပြိုင်ပြီး ငြင်းဖို့ ကြိုးစားရင်လည်း နည်းနည်းလေး စေ့စေ့စပ်စပ်တော့ လုပ်သင့်တယ် မဟုတ်ဘူးလား...”

“...”

ဒုတိယမြောက် မင်းသမီးမှာ ငြင်းခုန်ဖို့ အတွက် အလွန် ပျင်းရိနေလေရာ တစ်ခွန်းမှ ပြန်မပြောတော့ချေ။

“မဟာ ပုရောဟိတ်က ကံကောင်းခြင်းတွေကို ဆုပ်ကိုင်ဖို့ ငါတို့ကို ဒီနေရာ ခေါ်လာတာဆိုတော့ ဘာပဲ ဖြစ်ဖြစ် ငါတို့ ဆက်ပြီး သဲလွန်စ ရှာရမှာပဲ...”

နဝမမြောက် နိုဘယ်က ကျားမ မခွဲခြားနိုင်သော လေသံဖြင့် ဝင်ရောက် ပြောလိုလိုက်သည်။ ထူးဆန်းစွာပင် ၎င်းမှာ နားထောင်သူ၏ တိမ်းညွှတ်မှု အပေါ် မူတည်ပြီး နူးညံ့၍ မိန်းမဆန်သော အသံနှင့် ကြမ်းတမ်းပြီး ယောက်ျားဆန်သော အသံ နှစ်မျိုး ကွဲလွဲ နေပေသည်။

“အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲက ကြီးမားတဲ့ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေမှာ သေချာတယ်... ဒါကြောင့် ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ငါတို့ အကျိုးအမြတ်ရအောင် ဆုပ်ကိုင်ရမယ်...”

သူက တည်ကြည် လေးနက်သည့် အသံဖြင့် ဆိုလိုက်လေ၏။

***

All Chapters