ထူးဆန်းသော စွမ်းအား
Vol. 100 Ch. 1389
ချက်ချင်းပင် ဝူယု၏ စိတ်တစ်ခုလုံးမှာ သတိပေး အချက်ပြသံများနှင့် ပြည့်နှက် သွားခဲ့၏။ ၎င်းက ဧကရာဇ် တစ်ယောက် အတွက် ရှားရှားပါးပါး ဖြစ်ရပ်မျိုး ဖြစ်သည်။ သို့သော်လည်း ဝူယုမှာ ထိုကဲ့သို့ စိတ်ထိန်းချုပ်သည့် အစီအရင် တစ်ခု အတွင်း ကျရောက်ခံလိမ့်မည် မဟုတ်ပါချေ။ သူက မတုန့်မဆိုင်းပင် တတိယမြောက် မဟာ အသွင်ပြောင်းခြင်းကို ထုတ်ဖော်လိုက်၏။
မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် သူ့မျက်လုံးများမှာ ကြယ်တာရာများနှင့် အဆုံးမဲ့ ဟင်းလင်းပြင် အဖြစ် အသွင်ပြောင်းသွားသည်။ သူ၏ ဆံပင်များက ပိုမို၍ ရှည်လျားလာကာ မဟူရာ အလား နက်မှောင် လာခဲ့၏။ ထိုအခိုက်၌ အာရုဏ်ဦး အဂ္ဂိရတ် သူရဲကောင်း၏ အသွင် သဏ္ဌာန်မှာ ကောင်းကင်၊ မြေကြီး၊ ဟင်းလင်းပြင်နှင့် ကြယ်တာရာ အားလုံး၏ အုပ်စိုးသူ တစ်ယောက်နှင့်ပင် တူနေသေးတော့သည်။
တဒင်္ဂ အတွင်းမှာပင် ဝူယု၏ အင်ပါယာ ကောင်းကင် အော်ရာမှာ အထွတ်အထိပ်ကို ရောက်ရှိ သွားခဲ့ပြီ ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်း အခြေခံက ဟိန်းဟောက်လာကာ လျှို့ဝှက် သင်္ကေတ ကိုးခုမှာ လျှို့ဝှက် ဝိညာဉ် အတွင်း၌ ဟိန်းဟောက်လာခဲ့၏။ ၎င်းတို့မှာ သွေးရောင် လွှမ်းနေသည့် လောက သင်္ကေတကို လှည့်ပတ်နေကာ လျှို့ဝှက် စွမ်းအင်များ၏ ခွန်အားကို ပိုမို တိုးမြင့်လာအောင် တွန်းအားပေး နေခဲ့လေသည်။
"အား...”
ဝူယုက ဟိန်းဟောက်ရင်း ခရမ်းရောင် အလင်းကို ခုခံဖို့ ကြိုးပမ်းလိုက်၏။ သို့သော်လည်း လမ်းစဉ်ကိုးခု မြေကြီး ရှန့်ထို တစ်ယောက်၏ စွမ်းအားဖြင့်ပင် ၎င်းကို ပယ်ဖျက်ရန် မဖြစ်နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ ထိုစွမ်းအားက သူ့ ကျင့်ကြံခြင်း အခြေခံနှင့် နားလည်မှုတို့ထက် အများကြီး သာလွန်နေပေသည်။
“စိတ်အေးအေးထား...”
အသံတစ်ခုမှာ သူ့နံဘေးမှ ထွက်ပေါ်လာခဲ့၏။ ဝူယု၏ စိတ်က ချက်ချင်း ပြန်လည် တည်ငြိမ်လာကာ စိုးရိမ် ပူပန်မှုများက တဒင်္ဂ အတွင်း မှေးမှိန်သွားခဲ့သည်။ ဝေ့ဝူယင် ရောက်ရှိလာပြီး နောက်တွင် ဝူယု၏ စိတ်အခြေအနေက အလွန်အမင်း ကြည်လင်သွားခဲ့သည်။ ဤသည်မှာ အဂ္ဂိရတ် သူရဲကောင်း တစ်ဦးက သူ၏ အဂ္ဂိရတ် သခင် အပေါ် ထားရှိသည့် အကြွင်းမဲ့ ယုံကြည်မှုပင် ဖြစ်သည်။
ဝေ့ဝူယင် ဝူယု၏ ပခုံးကို ညင်သာစွာ တို့ထိလိုက်၏။ သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးများက ခရမ်းရောင် အလင်းကို စစ်ဆေး နေခဲ့သည်။ အကြောင်းတစ်စုံတစ်ရာကြောင့် ထိုခရမ်းရောင် အလင်းက ရင်းနှီးနေသလို ခံစားရသည်။ သို့သော်လည်း မည်သည့် နေရာတွင် ဖြစ်ကြောင်း စဉ်းစားလို့ မရပါချေ။ ဤဘဝတွင် ဖြစ်နိုင်သလို ဝတ်စုံနက် ဝေ့ဝူယင်၏ ဘဝတွင်လည်း ဖြစ်နိုင်သည်။ သို့တည်းမဟုတ်... သူ ဖတ်ဖူးခဲ့သည့် သန်းပေါင်းများစွာသော စာအုပ်ထဲတွင်လည်း ဖြစ်နိုင်ပေသည်။ ထို့ကြောင့်ပင် မရေရာသည့် အရာကို မစဉ်းစားတော့ပဲ ဝေ့ဝူယင် ဝူယုကိုသာ အာရုံစိုက်လိုက်၏။
နှစ်စက္ကန့်လောက် ကြာမြင့်ပြီးနောက် ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်သည်။
“အဲဒီ စွမ်းအားကို မခုခံနဲ့...”
သူက ခပ်တိုးတိုး ပြောလိုက်၏။ ထို့နောက် အာကာသ ရွှေ့ပြောင်းခြင်း ကျင့်စဉ်ကို အသုံးပြုကာ ပျောက်ကွယ်သွားခဲ့သည့် လရောင်ဖြာ ဧကရီ ရှိရာ အရပ်ကို လှမ်းကြည့်လိုက်လေသည်။
“သွား...”
ဝေ့ဝူယင် လက်ဝါးကို သူမ ရှိရာ အရပ်သို့ ဆန့်ထုတ်လိုက်၏။ ဖီဆန်ပေါက်စလေး၏ ရောင်စဉ်များမှာ နောက်တစ်ဆင့်သို့ မြင့်တက်သွားသည်။ အာကာသ လမ်းစဉ် အပေါ် သာမည အာဏာမှာ အဆိုပါ နေရောင်ခြည်များကို ဆက်သွယ်ကာ ဟင်းလင်းပြင် အလွှာ သုံးခုလုံးကို ရွှေ့ပြောင်း ပစ်လိုက်သည်။
ဘုန်း...
တဒင်္ဂ အတွင်းမှာပင် အာရုဏ်ဦး ကြယ်တာရာ နယ်မြေ တစ်ခုလုံး ချိပ်ပိတ် သွားခဲ့ပြီ ဖြစ်သည်။ ၎င်းက လောကချည်နှောင် ကြယ်တာရာ နယ်မြေတစ်ခု၏ စွမ်းအားပင် ဖြစ်လေ၏။
ဂျစ်... ဂျစ်...
ထူးဆန်းသော အသံများ ဖြစ်ပေါ်လာက မိန်းကလေး၏ ပုံရိပ်မှာ လောက အတွင်း နောက်တစ်ကြိမ် ပြန်လည် ပေါ်လာခဲ့၏။
ထိုအခိုက်၌ ထိပ်တန်း အဆင့် ရုပ်ရည်နှင့် ဆွဲဆောင်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည့်တိုင် မိန်းကလေး၏ အမူအရာက အလွန် ရုပ်ဆိုး အကျည်းတန် နေခဲ့ပြီ ဖြစ်သည်။ ဝူယုကို စတေးခံ ရုပ်သေးရုပ် အဖြစ် အသုံးပြုကာ အရှုပ်အထွေးများကို ဖန်တီး၍ သူမ လွတ်မြောက်ဖို့ ကြိုးစားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း လက်ရှိ အချိန်အထိ အရာအားလုံးက မျှော်လင့်ထားသလို ဖြစ်မလာခဲ့သေးပါချေ။ ပထမဆုံး အကြိမ် အဖြစ် သူမ၏ နှလုံးသားက စတင်ကာ ထိတ်လန့် လာခဲ့သည်။
"..."
ဝူယုက ဝေ့ဝူယင်ကို ကြည့်လိုက်၏။ ခရမ်းရောင် အလင်းများက သူ့ခန္ဓာကိုယ်ကို ဆက်လက် ဝန်းရံထားဆဲ ဖြစ်သည်။ သို့သော်လည်း... သူ့ မျက်ဝန်းများထဲ၌ ကြောက်ရွံ့ တုန်လှုပ်သည့် အငွေ့အသက် တစ်ခုမှ မရှိချေ။ မှန်သည်။ ထိုစွမ်းအားက သူ့နားလည်မှုကို ကျော်လွန်နေသည်။ သို့သော်လည်း ဝေ့ဝူယင်မှာ ကိုင်တွယ်နိုင်လိမ့်မည်ဟု သူ ယုံကြည်သည်။
“အော်ရာက ခင်ဗျားရဲ့ သွေးအမတေထဲမှာ ရှိတဲ့ တစ်ခုခုကို ရှာဖို့ ကြိုးစားနေသလိုပဲ... အဲဒါက ခင်ဗျားရဲ့ အင်ပါယာ ကောင်းကင် မျိုးရိုး အမတေနဲ့ အင်ပါယာ ကောင်းကင် အော်ရာတေထဲမှာ ကပ်ညိနေတာ...”
ဝေ့ဝူယင်က ရှင်းပြလိုက်၏။ သူ၏ ငွေရောင် မျက်လုံးများက စိတ်ဝင်စားမှု အလင်းတန်းများနှင့် တဖျပ်ဖျပ် တောက်ပနေသည်။
“အင်ပါယာ ကောင်းကင် မျိုးရိုး အမတေ ...”
ဝူယု၏ အမူအရာက အနည်းငယ် ပြောင်းလဲ သွားခဲ့သည်။ ထိုအရာက သူ့ မျိုးရိုးမှ ဆင်းသက်လာသူများအား အင်ပါယာ ကောင်းချီ နည်းလမ်းကို ကျင့်ကြံစေနိုင်ခဲ့သည့် အခြေခံ အရည်အသွေးပင် ဖြစ်သည်။
“စိတ်မပူနဲ့... အဲဒါက ခင်ဗျားရဲ့ ကျင့်ကြံခြင်း အခြေခံကို မထိခိုက်စေဘူး... အချက်ပြမှု တစ်ခုကို လက်ခံရရှိနေသလိုမျိုးပဲ ရှိတယ်... နောက်ပြီး စွမ်းအင်မှာ အသိစိတ် မရှိဘူး... ပြင်ပ စွမ်အား တစ်ခုရဲ့ ရလဒ်တို့ ပြောလို့ရတယ်”
ဝေ့ဝူယင် ဝူယု အနားသို့ ရောက်ရှိလာခဲ့ချိန်က စတင်၍ ရေတွက်လျှင် သုံးစက္ကန့်မျှသာ ကြာမြင့်ပေသေးသည်။ သူတို့ နှစ်ယောက် အကြားရှိ စကားဝိုင်းမှာ အလွန် လျှင်မြန်သည့် အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်နေခြင်း ဖြစ်လေ၏။
"ရည်ရွယ်ချက်က ဘာလဲ... ကျုပ်စိတ်ကို ထိန်းချုပ်ဖို့လား”
ဝူယုက မေးလိုက်၏။ သူ၏ လေသံက ပြင်းထန်သည့် အမျက်ဒေါသများနှင့် အေးစက် နေခဲ့သည်။ အင်ပါယာ လျှို့ဝှက် ဝိညာဉ်နှင့် အင်ပါယာ ကောင်းကင်ချီ နည်းလမ်းကို ကျင့်ကြံထားသည့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် ကျွန်ပြုခံရခြင်းကို သူ အလွန်ပင် မုန်းတီးပေသည်။
“ကျုပ်လည်း မသေချာဘူး... အဲဒီလို ဖြစ်မယ့်ပုံတော့ ရတယ်... ဒါပေမဲ့ အဲဒီ စွမ်းအားကို ထိန်းချုပ်နိုင်တဲ့ ဆန္ဒကတော့ မရှိနေဘူး”
ဝေ့ဝူယင်က တည်ငြိမ်စွာပင် ရှင်းပြလိုက်၏။ ထို့နောက် သူက လရောင်ဖြာ ဧကရီ ရှိရာသို့ အေးစက်သည့် မျက်ဝန်းများနှင့် လှမ်းကြည့်လိုက်သည်။
“ခင်ဗျား ဒီမှာ နေဦး...”
ဝူယုကို မှာကြားပြီးနောက် သူက ခြေတစ်လှမ်း လှမ်းလိုက်၏။ သူ၏ ခန္ဓာကိုယ်က အမှောင် ဟင်းလင်းပြင်နှင့် ပေါင်းစပ်ကာ နောက်တစ်ကြိမ် ပျောက်ကွယ်သွားခဲ့ပြန်သည်။ ထိုအရာကို အဆုံးသတ်ဖို့ အချိန် ရောက်ခဲ့ပြီ ဖြစ်သည်။
“…”
လှပသည့် ကျူးကျော်သူ မိန်းကလေးမှာ ပုံသေ အာကာသ၊ တည်ငြိမ် အာကာသနှင့် အပျက်အစီး အာကာသ တည်းဟူသော အာကာသ အလွှာ သုံးခု အကြားတွင် ပိတ်မိနေကြောင်း သတိထားလိုက်မိ၏။ သူမ၏ အစွမ်းထက် အာကာသ ကျင့်စဉ်မှာ မျက်တောင် တစ်ခပ်စာမျှ အတွင်းမှာပင် ပယ်ဖျက်ခံလိုက်ရပြီ ဖြစ်သည်။ သို့သော်လည်း အစွမ်းထက်ပါသည် ဆိုသည့် ကြယ်တာရာ နယ်မြေ ဝင်္ကပါများပင် သူမကို အဘယ်မှာ တားဆီးနိုင်စွမ်း ရှိခဲ့လို့နည်း။
လရောင်ဖြာ ဧကရီက လက်ဟန် ချိပ်စည်းများကို အဆက်မပြတ် ဖန်တီးလိုက်၏။ ချက်ချင်းပင် ရောင်စုံ အလင်းတန်းများက ခန္ဓာကိုယ် ပတ်လည်တွင် ဝန်းရံလာခဲ့သည်။ ယခုအခါတွင်တော့ သူမမှာ သာမန် ရိုးရိုး အာကာသ ကျင့်စဉ် တစ်ခုကို ဖော်ထုတ်နေခြင်း မဟုတ်ပါချေ။ ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်းကို အသက်သွင်းနေခြင်း ဖြစ်ပေသည်။ ထိုစွမ်းအားကို ထုတ်လုပ်ရန် အတွက် သူမမှာ အသက် အင်အားများကိုပင် လောင်ကြွမ်းပစ် နေရ၏။
ဂျစ်... ဂျစ်...
ရုတ်တရက် ထူးဆန်းသော အသံများ ဖြစ်ပေါ်လာကာ ရောင်စုံအလင်းတန်း အားလုံးမှာ တိုက်စားခံရကာ ပြန်လည် ပျောက်ကွယ် သွားခဲ့၏။ သူမ၏ ခရမ်းရောင် မျက်ဝန်းများက ဖီဆန်ပေါက်စလေး ရှိရာ အရပ်ကို လှမ်းကြည့်လိုက်သည်။ အဆိုပါ နေကြယ်မှာ သူမကို ချိပ်ပိတ်နေကြောင်း ရှင်းလင်းစွာ ခံစားနိုင်ပေသည်။ ကြည့်ရသည်က ထိုနေကြယ်အသစ်မှာ သူမ မူလက ထင်မှတ်ထားသည်ထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်နေသည့်ပုံ ရသည်။
ကံမကောင်းစွာပင် အရာအားလုံးက နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
“ဟမ်...”
ရုတ်တရက် နောက်ကြောဆီမှ အေးစက်စက် ခံစားချက် တစ်ခုကို သူမ ခံစားလိုက်ရ၏။ ၎င်းက သူမ၏ အရိုးများကို ထွင်းဖောက်ကာ အသိစိတ် ပင်လယ်ကိုပင် ဝင်ရောက်လာခဲ့သည်။ အန္တရာယ် အချက်ပေးသံများက သူမ၏ ဝိညာဉ်ကို ဖုံးလွှမ်းလာခဲ့၏။ အလိုအလျောက်ပင် သူမ လျှို့ဝှက် အကာအကွယ် တစ်ခုကို ဖော်ထုတ် လိုက်သည်။ ထိုအကာအကွယ်မှာ လျှို့ဝှက် စွမ်းအားနှင့် လရောင် အာကာသ စွမ်းအင်များကို အသုံးပြုထားခြင်း ဖြစ်သည်။
လှပသည့် လရောင် အလင်းတန်းမှာ မိန်းကလေး၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံ သွားခဲ့၏။ ရုတ်တရက် ဖန်တီးလိုက်ခြင်း ဖြစ်သည့်တိုင် ၎င်းမှာ အလွန်ပင် ခိုင်ခန့်ကာ သာမန် မြေကြီး ရှန့်ထို တစ်ယောက်၏ တိုက်ခိုက်မှုကိုပင် ခုခံဖို့ လုံလောက်ပေသည်။ ထိုအရာက အကာအကွယ်ကို အာရုံစိုက်သည့် ဝိညာဉ် ကျင့်စဉ် တစ်ခု ဖြစ်ကြောင်း ထင်ရှားပေသည်။
“အိုး...”
ဝေ့ဝူယင်မှာ လရောင်ဖြာ ဧကရီ၏ နောက်ဖက် တိုက်ရိုက် တည်နေရာတွင် ရှိနေခဲ့၏။ ရန်သူမှာ သူ ရောက်ရှိလာမှုကို သတိထားမိခြင်း မရှိကြောင်း သိသာပေသည်။ သို့သော်လည်း သူမက အကာအကွယ် တစ်ခုကို အချိန်မှီ ဖော်ထုတ်လိုက်နိုင်သည်။ မြေကြီး ရှန့်ထို တစ်ယောက်၏ ဆဋ္ဌမ အာရုံကို ဘယ်တော့မှ လျှော့မတွက်သင့်ကြောင်း သက်သေပြနေသည့် နောက်ထပ် ဖြစ်ရပ် တစ်ခုပင်။
ပတ်ဝန်းကျင် ပေါင်းစပ်ခြင်း ကျင့်စဉ်ကို အသုံးပြုထားသည့်တိုင် အသေသတ် တိုက်ကွက်မျိုးကို ဝေ့ဝူယင် ထုတ်ဖော်နိုင်တော့မည် မဟုတ်ပါချေ။
မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် လရောင်ဖြာ ဧကရီ၏ ဆဋ္ဌမ အာရုံမှ ရှောင်ရှားရန် အတွက် တည်နေရာကို သုံးကြိမ်တိုင်တိုင် ပြောင်းလဲ လိုက်၏။ သို့သော်လည်း... သူမမှာ သူရှိသည့်ဘက်သို့ အတိအကျပင် လှည့်လာကာ နောက်သို့ လျှင်မြန်စွာ ဆုတ်ခွာ သွားခဲ့သည်။
တစ်ချိန်တည်း၌ သူမက လက်ဟန် ချိပ်စည်းများကို အဆက်မပြတ် ဖော်ထုတ်ကာ တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်သည်။ အာကာသ ကျင့်စဉ်များကို အသုံးပြု၍ မလွတ်မြောက်နိုင်သည့် အဆုံး၌ အတင်းအကြပ် ထွက်ခွာဖို့ တစ်ခုသာ ရွေးချယ်စရာ ရှိပေတော့သည်။
“အေးဆေးပေါ့... မင်း ဒါကို ရင်ဆိုင်နိုင်မလား ကြည့်ရအောင်...”
ဝေ့ဝူယင်က ထိတ်ထိတ်ပြာပြ မရှိလှပဲ သူမထံကိုသာ ရိုးရှင်းစွာသာ လက်ညိုးတစ်ချက် ထိုးလိုက်၏။ ရုတ်တရက် ကမ္ဘာလောကကြီး တစ်ခုလုံးမှာ စတင်ကာ တုန့်ပြန်လာခဲ့တော့သည်။
***