← Chapters

အိမ်တော်စည်းကမ်းဆိုတာ ငါကိုယ်တိုင်ပဲ

Vol. 19 Ch. 270

အိမ်တော်စည်းကမ်းဆိုတာ ငါကိုယ်တိုင်ပဲ

Vol. 19 Ch. 270

ရန်ကျောက်ကဲရောက်လာသည့်အချိန် တတိယအဘိုးနှင့် စတုတ္ထအဘိုးတို့က အချင်းများနေသဖြင့် သူ့ကို အာရုံမစိုက်နိုင်ကြပေ။

သို့သော် ရန်ကျောက်ကဲက ထိုသူကို တစ်ချက်တည်းလွင့်ထွက်သွားအောင် ပိတ်ကန်လိုက်သည့်အခါ ညာဘက်တွင်ရပ်နေသည့် စတုတ္ထအဘိုးက မနေနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။

“ရန်ကျောက်ကဲ... မင်းက ဝါဒတောင်မှာ ဘာကောင်ကြီးပဲ ဖြစ်နေပါစေ ၊ ဘိုးဘွားတွေရဲ့အိမ်တော်မှာ ဒီလိုမိုက်ရိုင်းရဲသလား ၊ အိမ်တော်စည်းကမ်းတွေနဲ့ မင်းကိုအရေးယူလို့မရဘူးလို့ ထင်နေတာလား”

ရန်ကျောက်ကဲက ထိုအဘိုးအိုအား တည်ငြိမ်စွာကြည့်ရင်း...

“ရန်ဝမ်တောက် ၊ ဝါဒတောင်နဲ့ ငါ့အဖေအတွက် ဒီလောက်အရေးကြီးနေတဲ့ အချိန်မှာ မင်းတို့လိုပြဿနာရှာတဲ့လူတွေအပေါ် ငါ ဘယ်လိုသ‌ဘောထားသင့်သလဲ ဟမ်... တွေးကြည့်စမ်းပါဦး”

ရန်ကျောက်ကဲက သူ့နာမည်ကို တိုက်ရိုက်ခေါ်လိုက်သည့်အခါ စတုတ္ထအဘိုးမှာ ဒေါသထွက်လွန်းသဖြင့် စွေ့စွေ့ခုန်သွားသည်။

“ဒီကောင်စုတ်လေးကတော့”

အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်အနေဖြင့် သူ၏ဒေါသက တောင်များပြိုကျသည့်ပမာ ပြင်းထန်လွန်းသည်။

သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရများ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး များပြားလှစွာသော အလင်းတန်းများ ထွက်ပေါ်လာကာ အကြေးခွံပါရှိသည့် နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

ထို့နောက် သူက ရန်ကျောက်ကဲရှေ့သို့ ခုန်ဝင်လာပြီး လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

သို့ပေသိ ဘေးနားတွင် စွမ်းအားတစ်ခု ချက်ချင်းမြင့်တက်လာပြီး တတိယအဘိုး ရန်ဝမ်ကျန်းက ရန်ဝမ်ကျန်းက ရန်ကျောက်ကဲကို ကာကွယ်ပေးလိုက်သည်။ သူ၏ပတ်ဝန်းကျင်တွင်လည်း အကြေးခွံပါရှိသည့် နဂါးတစ်ကောင် ဖြစ်တည်လျှက် ရှိ၏။

‘ရန်’ အိမ်တော်၏ဝါရင့်အကြီးအကဲများဖြစ်သော အမတဝိညာဉ်အဆင့် သိုင်းဆရာသခင် (၂)ယောက် ထိပ်တိုက်ရင်ဆိုင်မိကြသည်။

သို့ရာတွင် ‘ရန်’ အိမ်တော်၏ အကြီးအကဲ (၂)ယောက်က သူတို့၏စွမ်းအားများကို အပြည့်အဝ ထုတ်ဖော်အသုံးမပြုကြပေ။ သူတို့ (၂)ယောက်တိုက်ပွဲက သာမန်မျှသာဖြစ်ပြီး စွမ်းအားလှိုင်းလုံးများ ထွက်ပေါ်လာခြင်း မရှိပေ။ အိမ်တော်ဝင်းအတွင်း မတ်တတ်ရပ်နေကြသူအားလုံး စူးရှသည့်အလင်းတန်းများ ထွက်ပေါ်လာသည်ကို တွေ့မြင်ရပြီး သူတို့မျက်စိရှေ့မှ ကမ္ဘာကြီးသည် လုံးဝအဖြူရောင်အတိ ပြောင်းလဲသွားသည်။

သူတို့နားထဲတွင် ဆူညံသည့်ကြုံးဝါးသံများကို ပဲ့တင်ထပ်ကြားနေရသဖြင့် အခြားအသံများကိုလည်း ကြားရခြင်း မရှိတော့ပေ။

ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသည့် ‘ရန်’ အိမ်တော်မှ သိုင်းသမားအချို့မှာ မတ်တတ်မရပ်နိုင်တော့ဘဲ လဲပြိုကျကုန်ကြသည်။

ရန်ဝမ်တောက်က ရန်ဝမ်ကျန်းကို ဒေါသတကြီး စိုက်ကြည့်ရင်း...

“လူက လက်တောင့်လောက်လေးနဲ့ ဒီအဘိုးကြီးကို ဒီလိုစကားမျိုးပြောရဲတာ ၊ ဒီနေ့ အိမ်တော်စည်းကမ်းက ဘယ်လိုရှိတယ်ဆိုတာကို သိစေရမယ် ၊ ရန်တိတောင် ဒီကောင့်ကို ကာကွယ်မပေးနိုင်စေရဘူး”

ရန်ဝမ်ကျန်းက တည်ငြိမ်အေးဆေးသည့်အမူအရာဖြင့်...

“ညီ (၄) ၊ မင်းနောက်ကွယ်မှာ ရှိနေတဲ့သူတွေက ဘယ်သူတွေလဲဆိုတာ ငါလည်း အရမ်းစိတ်ဝင်စားနေပြီ ၊ နေသူတော်စင်ဂိုဏ်းလား ၊ ဝါဒတောင်က အကြီးအကဲ’ဖန်ကျွင်း’ လား ၊ ကျောက်ကျိုးနယ် ‘ရန်’ အိမ်တော်နဲ့ ကောင်းကင်မိုးကြိုးခန်းမလား ၊ ဒါမှမဟုတ် ချောက်နက်ဖျက်ဆီးရေး အဖွဲ့အစည်းလား”

နှစ်ယောက်သားနောက်တစ်ကြိမ် တိုက်ကွက်ဖလှယ်လိုက်ကြပြီးနောက် သူတို့ နဖူးများထက်တွင် ဝိညာဉ်သင်္ကေတပုံစံတစ်ခု ပြိုင်တူလင်းလက်လာသည်။

တစ်ချိန်တည်းမှာပင် ‘ရန်’အိမ်တော် ပင်မစံအိမ်ကြီး တုန်လှုပ်သွားပြီး ဝိညာဉ်သင်္ကေတများစွာ လေထဲတွင် ပျံ့လွင့်ထွက်ပေါ်လာသည်။

မရေမတွက်နိုင်သော အဖြူရောင်အင်းသေင်္ကတများသည် လေထဲတွင် နဂါးများပျံသန်းနေသည့်အလား ထင်မှတ်ရသည်။

ထို့နောက် ‘ရန်’ အိမ်တော်တစ်ခုလုံးကို လွှမ်းခြုံကာကွယ်ပေးထးသည့် အစီအရင်တစ်ခု ထွက်ပေါ်လာလေ၏။

သို့ပေသိ အစီအရင်လည်ပတ်မှုများက မတည်မငြိမ်ဖြစ်နေပြီး အချိန်မရွေးနှစ်ပိုင်းကွဲသွားတော့မည်ကို ရှင်းလင်းစွာ တွေ့မြင်နေရသည်။

ရန်ဝမ်တောက်နှင့် ရန်ဝမ်ကျန်းတို့ နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် စူးစူးရဲရဲကြည့်နေကြသည်။

အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်များဖြစ်ကြသလို  ‘ရန်’ အိမ်တော်၏ ဝါရင့်အကြီးအကဲများလည်းဖြစ်သော ရန်ဝမ်တောက်နှင့် ရန်ဝမ်ကျန်းတို့က ‘ရန်’အိမ်တော်ပင်မအစီအရင်ကို အတူတကွ ထိန်းချုပ်ထားကြသည်။ ယခု သူတို့ (၂)ယောက် တိုက်ပွဲဖြစ်ကြလေရာ အစီအရင်ကို ကောင်းစွာအသုံးမပြုနိုင်တော့ပေ။ သူတို့ (၂)ဦး ကြားတွင် အစီအရင်က ပဋိပက္ခာဗဟိုချက်သဖွယ် ဖြစ်လာသည်။

ခဏမျှတိုက်ခိုက်ပြီးနောက် ရန်ဝမ်တောက်က ရန်ဝမ်ကျန်းကို ခဏမျှ ထိန်းချုပ်လိုက်နိုင်သည်။ သူ့မျက်နှာက ရုတ်ချည်းတောက်ပသွားပြီး ရန်ကျောက်ကဲရှိရာသို့ ခုန်ဝင်လာသည်။

ရန်ဝမ်တောက်က ရန်ဝမ်ကျန်းကို သတ်ဖြတ်ပစ်ချင်နေပြီး ရန်ဝမ်ကျန်းကတော့ ကာကွယ်ပေးလိုသည်။ သို့သော် တိုက်ပွဲတွင် ရန်ဝမ်တောက်က ရန်ဝမ်ကျန်းကို အသာစီးရယူလိုက်နိုင်သည်။

“ကောင်စုတ်လေး ၊ မင်းရဲ့ မောက်မာမှုအတွက် ပြန်ပေးဆပ်ရမယ်”

ရန်ဝမ်တောက်က အေးစက်စွာ ကြုံးဝါးလိုက်၏။

ရန်ဝမ်တောက်ကို တိတ်တဆိတ်ကြည့်ရင်း ရန်ကျောက်ကဲက ရုတ်တရက် ရယ်မောလိုက်သည်။

“ရန်ဝမ်တောက်... မင်းတော့ တစ်ခုခုမှားနေပြီထင်တယ်”

ထိုသို့ပြောရင်း သူက နဖူးကိုလက်ဖြင့်တစ်ချက်ထိလိုက်ရာ ဝိညာဉ်သင်္ကေတတစ်ခု ထွက်ပေါ်လာသည်။

“အခုလောလောဆယ်မှာ အိမ်တော်စည်းကမ်းဆိုတာ ငါကိုယ်တိုင်ပဲ”

ရန်ကျောက်ကဲနဖူးထက်မှ ဝိညာဉ်သင်္ကေတ ထွန်းလင်းလာသည်နှင့် ‘ရန်’အိမ်တော်ကို ကာကွယ်ထားသည့် ပင်မအစီအရင်ကြီး ချက်ချင်း တုန်လှုပ်သွားသည်။

ထို့နောက် ရန်ဝမ်တောက်နှင့် ရန်ဝမ်ကျန်းတို့၏ နဖူးထက်မှ ဝိညာဉ်သင်္ကေတများက ပျောက်ကွယ်သွားတော့၏။

ရန်ဝမ်ကျန်းက အဆင်ပြေသော်လည်း ရန်ဝမ်တောက်၏စိတ်ထဲ နင့်နဲစွာ ခံစားလိုက်ရသည်။

တကယ်တော့ ‘ရန်’ အိမ်တော်၏ အိမ်တော်သခင် ‘ရန်တိ’ သည် ပင်မအစီအရင်ကို ထိန်းချုပ်သူ အစစ်အမှန် ဖြစ်သည်။

ရန်တိ၏အကူအညီဖြင့် ရန်ကျောက်ကဲသည်လည်း အစီအရင်ကို ထိန်းချုပ်နိုင်စွမ်း ရှိသည်။

ပြီးတော့ သူက အစီအရင်ပညာကို အောင်မြင်မှုတစ်ခုရရှိသည်ထိ လေ့လာထားသူဖြစ်လေရာ သူ၏ အစီအရင်ပညာက အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်များထက်ပင် သာလွန်သည်။

ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး သူ့လက်များကို ရှေ့သို့ တွန်းထုတ်ပြီး လက်ဖဝါးကို အောက်သို့ အသာအယာနှိမ့်ချလိုက်သည်။

ထိုအခါ ‘ရန်’ အိမ်တော် ပင်မစံအိမ်ကြီးက ချက်ချင်းပင် တုံပြန်လာပြီး ခြံဝင်းတစ်ခုလုံး အဖြူရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားသည်။ အလင်းတန်းများက နဂါးများအသွင်ပြောင်းလဲကာ အားလုံးက ရန်ဝမ်တောက်ထံသို့ ဦးတည်ဝင်ရောက်သွားကြ၏။

ရန်ဝမ်တောက်မှာ မည်သို့မှမတတ်နိုင်ဘဲ ပြန်လည်ခုခံလိုက်ရသည်။

တစ်ချိန်တည်းပင် ကျယ်လောင်သည့်ကြုံးဝါးသံတစ်ချက်ပြုရင်း ရန်ဝမ်ကျန်းက သူ့နောက်ကျောကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ပင်မအစီအရင်နှင့် ရန်ဝမ်ကျန်းတို့၏ ပေါင်းစပ်အင်အားကို ရင်ဆိုင်ရသည့်အခါ ရန်ဝမ်တောက်သည် အခြေအနေကို မထိန်းနိုင်တော့ဘဲ ရပ်တည်ရန် ခက်ခဲသွားသည်။

အံ့အားသင့်စရာကောင်းသည့်အချက်မှာ ရန်ကျောက်ကဲ၏ ထိန်းချုပ်မှုအောက်တွင် ‘ရန်’အိမ်တော် ပင်မအစီအရင်မှ အထွတ်ထိပ်စွမ်းအး ထွက်ပေါ်လာခြင်း ဖြစ်သည်။ သူ၏ထိန်းချုပ်မှုက အမတဝိညာဉ်သိုင်းဆရာသခင်များ ထိန်းချုပ်ထားခြင်းထက် နိမ့်ကျမှုမရှိပေ။

ပင်မအစီအရင်က ရန်ဝမ်တောက်ထင်ထားသည်ထက် ပိုမိုအားကောင်းလာသည်။ ရန်ဝမ်ကျန်းကလည်း သူ့ကိုတိက်ခိုက်နေလေရာ သူ့မှာ အစီအရင်၏စွမ်းအားကို ခံနိုင်ရည်ရှိရန်အတွက် အချိန်အတန်ကြာအောင် တစ်ယောက်တည်း ရုန်းကန်နေခဲ့ရသည်။

ရန်ကျောက်ကဲက ညင်သာစွာဖြင့်...

“ကဲ... ပြောပါဦး ၊ ငါ့ကိုဖမ်းဖို့ ဘာထောင်ချောက်တွေ ဆင်ထားသေးလဲ ၊ အလစ်ချောင်းတိုက်ခိုက်မယ့်သူတွေရော အခုထိ ထွက်မလာသေးဘူးလား ၊ လုပ်တော့လေ... မဟုတ်ရင် ငါးစာကုန်တော့မယ် ငါးမမိသေးဘူးဖြစ်မယ်နော်”

သူ့စကားမဆုံးခင်မှာပင် လူအုပ်များကြားမှ အနက်ရောင်လူရိပ်အချို့ ထွက်ပေါ်လာပြီး ရန်ကျောက်ကဲကို ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။

“ဆိုတော့... ဒါက ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းပေါ့”

ရန်ကျောက်ကဲက မျက်နှာပျက်သွားခြင်းမရှိဘဲ သူ့လက်များကို ဆန့်ထုတ်ကာ လက်ဖဝါးနှစ်ဖက်ကို လက်အုပ်ချီသည့်သဏ္ဌန် ပြုလုပ်လိုက်သည်။

ရန်ကျောက်ကဲ လက်ဖဝါးနှစ်ဖက်ယှဥ်လိုက်သည်နှင့် ‘ရန်’ အိမ်တော်ပင်မအစီအရင်က အရှိန်အဟုန်ပြင်းစွာ မြင့်တက်လာပြီး များပြားလှစွာသောအလင်းနဂါးများ ပေါင်းစည်းသွားကာ ကြီးမားသည့် နဂါးခေါင်းကြီးတစ်ခုဖြစ်ပေါ်လာသည်။ ထိုနဂါးခေါင်းကြီးက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း စူးစမ်းလေ့လာလျှက်ရှိ၏။

ထို့နောက် နဂါးဦးခေါင်းကြီးက ရုတ်တရက် ပါးစပ်ဟလိုက်ပြီး ကြောက်မက်ဖွယ်ရာ ကြုံးဝါးသံတစ်သံ ထုတ်လွှတ်လိုက်ရာ ရန်သူ့ဘက်မှ တိုက်ခိုက်နေကြသည့်သိုင်းသမားများအားလုံး ဆက်လက်မတိုက်ခိုက်နိုင်ကြတော့ဘဲ အရက်မူးသလိုမူးဝေကာ ယိုင်နဲ့လဲပြိုကုန်ကြသည်။

ရန်ကျောက်ကဲက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ သူ့လက်ထဲတွင် ကျောက်သားတုတ်တိုင်တစ်ခု ထွက်ပေါ်လာပြီး ချကချင်းပင် ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးအဖြစ် ပြောင်းလဲသွားကာ ရန်သူများကို ဖိနှိပ်ထားသည်။

သူ့ဘေးတွင်တော့ အားဟူက ရန်သူများကို တိုက်ခိုက်သတ်ဖြတ်ရင်း သိုးများအလယ်မှကျားတစ်ကောင်ပမာ သွားဖြဲကာ ကြောက်မက်ဖွယ်ရာ ပြုံးလျှက်ရှိ၏။

ရန်သူက နောက်ကျောဘက်မှ တိုက်ခိုက်လာသည့်အခါ ရန်ကျောက်ကဲက အမတကြိုးကြာတောင်ပံများကို ဖြန့်ထုတ်ပြီး လှိုင်းထန်သည့်မုန်တိုင်းများပမာ ငှက်မွှေးများဖြင့် ခုခံကာကွယ်လိုက်သည်။

‘ရန်’ အိမ်တော်ပင်မအစီအရင်ဖြင့် ဖိနှိပ်ခံထားရသူများအားလုံးမှာ ရန်ဝမ်တောက်ဘက်မှလူများဖြစ်ကြသည်။ ရန်သူများမဟုတ်သည့် ရန်ကျောက်ကဲ၏ သတ္တမအဘိုးနှင့် ရန်ဟယ်တို့အပေါ် အစီအရင်က သက်ရောက်ခြင်း မရှိပေ။

ရန်ကျောက်ကဲက ဆောင်းဦးရွက်ကြွေများကို တံမြက်စည်းဖြင့် လှဲလိုက်သည့်အလား အိမ်တွင်းပုန်ကန်မှုကို ဖြေရှင်းနေကြောင်း တွေ့မြင်သည့်အခါ ‘ရန်’ အိမ်တော်မှ သိုင်းသမားအချို့ စိတ်ထဲတွင် အငြင်းပွားမှုများရှိနေသည့်တိုင် ရန်ကျောက်ကဲဘက်မှ ဝိုင်းဝန်းထိုးစစ်ဆင် တိုက်ခိုက်ကြသည်။ လျှပ်စီးလက်သည့်ပမာ အခြေအနေကိုလည်း သူတို့ ရှင်းရှင်းလင်းလင်း သိမြင်နေပြီ မဟုတ်ပါလား။

ရန်ဝမ်တောက်နှင့် ပူးပေါင်းသူက အခြားသောစွမ်းအားစုများဆိုလျှင် အဆင်ပြေနိုင်သော်လည်း ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းဆိုသည်က လူသားတိုင်း၏ ဘုံရန်သူ ဖြစ်သည်။ အားလုံးက ကိုယ့်မိသားစုဝင်များကို အသေမသတ်ဘဲ အရှင်ဖမ်းဆီးခဲ့ကြပြီး ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သိုင်းသမားများကိုတော့ ညှာတာမှုမရှိ အသေသတ်ဖြတ်ခဲ့ကြသည်။

ပြဿနာများအားလုံးက ရန်ကျောက်ကဲလက်တွင် မကြာမီပင် အဆင်ပြေသွားသည်။

သို့သော် ဤနေရာတွင်ရှိနေသောလူတိုင်း စိတ်မပြေနိုင်ကြသေးပေ။ အနည်းဆုံးတော့ အိမ်တော်တွင်း ပဋိပက္ခဖြစ်ခြင်းဆိုသည်မှာ အများအမြင်တွင် သိက္ခာကျစေသည့်ကိစ္စရပ် ဖြစ်၏။

ရန်ဟယ်က ရန်သူတစ်ယောက်ကို သုတ်သင်ပြီးနောက် ရန်ကျောက်ကဲအနားသို့ ရောက်လာသည်။

သူက ခပ်တိုးတိုးလေသံဖြင့်...

“ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက သိုင်းသမားတွေကိုတော့ အပြတ်ရှင်းပစ်လိုက်ပြီ ၊ စတုတ္ထဦးလေးနဲ့ တခြားသူတွေကို ဘယ်လိုလုပ်မလဲ... ကျောက်ကဲ”

“သူတို့အားလုံးကို ဖမ်းထားလိုက်”

ပြောရင်း ရန်ကျောက်ကဲက ရန်ဝမ်တောက်ရှိရာသို့ လှည့်ကြည့်လိုက်သည်။

ထိုစဉ် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အေးစိမ့်မှုက လွှမ်းခြုံသွားကြောင်း ရန်ကျောက်ကဲ သတိထားလိုက်မိသည်။

သူ့မျက်ဝန်းထောင့်တွင် သူ့ကိုအေးစက်စွာပြုံးရင်းစိုက်ကြည့်နေသည့် ရန်ဟယ်ကိုတွေ့လိုက်ရသည်။ သူ့လက်ထဲတွင် အဖုံးပွင့်နေသည့် သေတ္တာငယ်တစ်လုံးကိုင်ထားပြီး ထိုသေတ္တာအတွင်းမှ အေးစိမ့်သည့်ချီစွမ်းအားများ ထွက်ပေါ်နေခြင်းပင်။

အေးစိမ့်သောချီစွမ်းအားနှင့် ရင်ဆိုင်လိုက်ရသည့်အခါ ရန်ကျောက်ကဲ၏ ညာဘက်မျက်လုံးထဲမှ စူးရှစွာနာကျင်လာပြီး ခရမ်းရောင်လျှပ်စီးများက ယာယီမျှထုံကြဉ်သွားကာ ခဏမျှ တိတ်ဆိတ်သွားသည်။

ရန်ဟယ်က...

“ရန်ကျောက်ကဲ ၊ မင်းက အိမ်တော်စည်းကမ်းကိုထိန်းချုပ်ဖို့ အရည်အချင်းမမီသေးဘူးကွ...”

ရန်ဟယ်က အေးစက်စွာပြုံးလိုက်ပြီး သူ့လက်ထဲမှဓားဖြင့် ရန်ကျောက်ကဲထံသို့ အရှိန်ပြင်းစွာ ထိုးစိုက်ချလိုက်သည်။

အားဟူက အနည်းငယ်အလှမ်းဝေးသည့်နေရာတွင် ရောက်နေသဖြင့် ရန်ကျောက်ကဲကို အချိန်မီ မကာကွယ်နိုင်ခဲ့ပေ။ အေးစိမ့်ချီစွမ်းအားများကြောင့် ရန်ကျောက်ကဲသည်လည်း သူ၏ ရွှေသင်္ကေတခန္ဓာကို မထုတ်ဖော်နိုင်ဘဲ ရန်ဟယ်၏ဓားချက်ဖြင့် အသက်ပျောက်ရတော့မည့် အနေအထား ဖြစ်သည်။

သို့သော် သူက ခပ်ထေ့ထေ့တစ်ချက်ပြုံးရင်း...

“လောလောဆယ်မှာ အိမ်တော်စည်းကမ်းဆိုတာ ငါကိုယ်တိုင်ပဲ”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ပြင်းထန်သည့်လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် ရန်ဟယ်၏ဦးခေါင်းကို ရိုက်ချလိုက်လေတော့၏။

***

All Chapters